အပိုင်း ၈၅
Viewers 12k

ဧကရာဇ်ရဲ့ခေါင်းထဲမှာဘာတွေများရှိနေတာပါလိမ့်။
ဘယ်လိုနည်းနဲ့ရိုးသားမှုကိုပြချင်တာလဲ၊ ဘယ်လိုအမှန်တရားမျိုးကိုပြချင်တာလဲ၊
အတွေးပေါင်းစုံဖြင့်ပင် လင်းရှောင်တစ်ယောက် ကိုယ်လုပ်တော်ရှန်း၏နန်းဆောင်သ်ု့ရောက်လာခဲ့တော့သည်။
အစေခံတစ်ဦးကသူရောက်လာကြောင်းအသိပေးရန်၀င်သွားခဲ့သည်။
ကိုယ်လုပ်ရှန်း၏နန်းဆောင်ထဲတွင် ဧကရာဇ်မှာ အမြင့်ဆုံးနေရာတွင်ထိုင်လျက်ရှိနေပြီး ကိုယ်လုပ်တော်ရှန်းနှင့် ဟုန်ယဲ့တို့ကမူ ရှေ့တွင်ဒူးထောက်လျက်ပင်။
ကြည့်ရသည်မှာ ဧကရာဇ်သည်ထိုနှစ်ဦးအား ထခိုင်းရန်ရည်ရွယ်ချက်ရှိပုံမပေါ်ချေ။
လင်းရှောင်သူ့ကိုယ်ဟန်ကိုမပျက်ယွင်းစေရပဲ ဧကရာဇ္နံဘေးသို့လျှောက်သွားလိုက်သည်။
သူအရိုအသေမပေးနိုင်ခင်မှာပင် ဧကရာဇ်မှာသူ့အားဆွဲယူပွေ့ဖက်လိုက်တော့သည်။
"မင်းကဒါတွေလုပ်ဖို့မလိုအပ်ဘူး..."
ပြောရင်းနှင့်ပင် လင်းရှောင်ကို အားထည့်ကာခါးမွပွေ့လျက် ပေါင်ပေါ်တွင်ထိုင်စေလိုက်သည်။
လင်းရှောင်ခဏမျှအေးခဲသွားခဲ့ပြီး အနည်းငယ်ရုန်းကန်ချင်ခဲ့သော်လည်း ကြမ်းပြင်ပေါ်မှ နှစ်ဦး၏အကြည့်ကိုတွေ့လိုက်ရသည်။ ထိုအကြည့်မှာတောင့်တင်းလျက် မနာလိုမှုများယိုဖိတ်နေခဲ့သည်။
လင်းရှောင်တန့်သွားကာချက်ချင်းအတွေးက်ကိုပြောင်းလိုက်တော့သည်။ သူ၏ကိုယ်အားဖြေလျော့လျက် ဧကရာဇ်၏ပေါင်ပေါ်တွင်သက်တောင့်သက်သာထိုင်လျက် ရင်ခွင်တွင်လည်းနာခံစွာမှီလိုက်သည်။
ဧကရာဇ်သည်လည်း မျက်ခုံးပင်အသာပင့်မိလေသည်။သူ၏စူးရှသောအကြည့်များက လင်းရှောင်ထံမှတဆင့် ကိုယ်လုပ်တော်ရှန်းနှင့် ဟုန်ယဲ့တို့ထံဖြတ်ပြေးသွားပြီးနောက်တွင် လင်းရှောင်၏ရည်ရွယ်ချက်ကိုသဘောပေါက်သွားတော့သည်။
ဤအမျိုးသားငယ်၏ဘ၀င်မြင့်နေသော မျက်နှာလေး သူ၏ရင်ဘက်တွင်ကပ်လျက်မှီတွယ်နေပုံမှာ သခင်အားသူ့အပိုင်ဟုကြေညာနေသော ကြောင်ပေါက်လေးနှင့်တူလှသည်။
ဧကရာဇ်၏ခံစားချက်မှာပိုမိုကောင်းမွန်လာခဲ့ပြီး လင်းရှောင်အား ပွေ့ဖက်လျက် ထိုနှစ်ဦးရှေ့၌ပင် ညင်သာစွာနမ်းလိုက်တော့သည်။
လင်းရှောင်၏ကိုယ်မှာ အနည်းငယ်တောင့်သွားပြီး ဧကရာဇ်၏နူးညံ့သောမျက်နှာကိုဖြည်းညင်းစွာမော့ကြည့်လိုက်သည်။ သြဇာများပြည့်၀လျက် ခန့်ညားသောမျက်နှာမှာ နူးညံ့သောအပြုံးတစ်ပွင့်ကိုဆင်မြန်းလျက်သူ့အားကြည့်နေပုံမှာ ဆောင်းလလယ်တွင်တိုက်ခတ်သော နွေလေညင်းပမာ အေးစက်မှုတို့ကိုအရည်ပျော်ကျစေခဲ့သည်။
လင်းရှောင်၏နှလုံးသားမှာတဒုန်းဒုန်းခုန်လာခဲ့သည်။ မိမိတို့မွာ ဤထက်ရင်းနှီးသောကိစ္စမှန်သမျှကိုလုပ်ခဲ့ဖူးပြီးဖြစ်သည့်တိုင် အခိုက်အတန့်တွင်ရှက်နေမိဆဲ။
ကိုယ်လုပ်တော်ရှန်းမှာအလွန်အံ့အားသင့်သွားပြီးမှ သူမ၏အမူအယာကိုအလျင်အမြန်ဖုံးကွယ်လိုက်ရသည်။သူမမှာ ဧကရာဇ်အတူရှိခဲ့သည်မှာ ကြာပြီဆိုသော်ငြား မည်သူ့ကို မှဤမျှညင်သာစွာဆက်ဆံသည်ကိုမမြင်ဖူးပါချေ။
ဤအမျိုးသားမှ ဧကရာဇ်၏နှလုံးသားကို အမှန်တကယ်ပိုင်စိုးသွားချေပြီ။
တခြားမည်သူပဲဖြစ်ဖြစ် အခွင့်အရေးဟူ၍ တစိုးတစိမျှမရှိတော့တန်ရာ။
ကိုယ်လုပ်တော်ရှန်းမှာ နားလည်သဘောပေါက်မှုဖြင့် ခေါင်းကိုငုံ့လျက် အရိုအသေပေးလိုက်သည်။
"ဘုရင့်ကြင်ယာတော်ကိုဂါရ၀ပြုပါတယ်"
ဟုန်ယဲ့သည်လည်းနောက်မှအမြန်လိုက်ပြောလိုက်ရသည်။
"ဘုရင့်ကြင်ယာတော်ကိုဂါရ၀ပြုပါတယ်"
ထိုနှစ်ဦး၏အသံက လင်းရှောင်ကိုအတွေးများထဲမှလှုပ်နှိုးလိုက်ပြီး လင်းရှောင်၏အကြည့်ကလည်း ဧကရာဇ္ထံမွ ထိုနှစ်ဦးထံပို့လိုက်သည်။
ကိုယ်လုပ်တော်ရှန်း၏နာခံသောအပြုအမူကလွန်စွာမြင်သာသကဲ့သို့ ဟုန်ယဲ့၏လက်မခံလိုသောအမူအယာကလည်းလင်းရှောင်၏အာရုံမှပြေးမလွတ်ခဲ့ချေ။
"နှစ်ယောက်လုံးထနိုင်ပြီ" နောက်ဆုံးတွင်မှဧကရာဇ်သည် ထိုနှစ်ဦးအားအသိအမှတ်ပြုစွာဆိုလိုက်သည်။
လင်းရှောင်ကမူ ဧကရာဇ်၏ရင်ခွင်ထဲတွင်မှီလျက် နှုတ်ခမ်းကိုအသာကိုက်ကာ ဧကရာဇ်မည်သည်ကိုပြချင်သည်ကိုသာစိတ်၀င်စားနေမိသည်။
"ကျေးဇူးကြီးလှပါတယ် သခင်" ကိုယ်လုပ်တော်ရှန်းနှင့်ဟုန်ယဲ့တို့နှစ်ဦးလုံးမှာ အလွန်သဘာ၀ကျစွာပြိုင်တူဖြေလာခဲ့သည်။
လင်းရှောင်မျက်မှောင်ကျုံ့လိုက်မိသည်။ ဟုန်ယဲ့က ဧကရာဇ္ကို သခင်ဟုခေါ်ခြင်းမှာ ယခင်ကလျှို့၀ှက်သက်တော်စောင့်ဖြစ်ခဲ့ဖူး၍ပင်။ သို့သော် ကိုယ်လုပ်တော်ရှန်းကမူ အဘယ်ကြောင့်သခင်ဟုခေါ်ရပါသနည်း။
လင်းရှောင်တင်မကပဲဟုန်ယဲ့ကပါ ထိတ်လန့်သွားခဲ့တာပင်။ သူမသည်ကိုယ်လုပ်တော်ရှန်းအား နားမလည်နိုင်သောအမူအယာဖြင့်လှည့်ကြည့်လိုက်လေသည်။ ကိုယ်လုပ်တော်ရှန်းမှာထိုအကြည့်ကိုနားလည်နေပုံဖြင့်...
"ဒါကသခင့်ဆန္ဒပါ၊ညီမလေး ဘာမှထိတ်လန့်နေဖို့မလိုပါဘူး..."
ဟုန်ယဲ့နှင့်လင်းရှောင်မှာ ထိုစကားကိုကြားသည်နှင့်လဲကျတော့မတတ်၊ဧကရာဇ်ကမူကျေနပ်စွာမျက်လုံးကိုမှေးကျဉ်းလိုက်ကာ
"ကိုယ်တော်လိုချင်တာကိုသိသားပဲ..."
ပြောပြီးနောက် ဧကရာဇ်၏အမူအယာကပို၍ပြေလျော့သွားလျက် "ဒါကြောင့်လည်း ကိုယ်တော်က သူ့အစားမင်းကို ကိုယ်လုပ်တော်ရှန်းဖြစ်စေခဲ့တာ..."
ဧကရာဇ်သည်ဟုန်ယဲ့ကို အေးစက်စွာကြည့်လိုက်လျှင် ဟုန်ယဲ့လည်းအေးခဲသွားလျက် သူမ၏မျက်နှာတွင် ၀မ်းနည်းသောအမူအယာနှင် မျက်ရည်များလည်း၀ဲလာလေတော့သည်။
"ဒါပေမယ့် တကယ်တမ်းမှာအရှင်စေ့စပ်ထားတဲ့သူက ညီမလေးပါ..."
"ကိုယ်တော်က အဲဒီကတိက၀တ်တွေကိုဂရုစိုက်နေမယ့်လူနဲ့တူသလား..." ဧကရာဇ္ကထေ့ငေါ့လိုက်သည်။
ကိုယ်လုပ်တော်ရှန်းလည်း တိတ္သြားခဲ့ကာ သက်ပြင်းချလျက် စကားလမ်းကြောင်းကိုပြောင်းလိုက်ရသည်။
"သခင်က ကြင်ယာတော်ကို ညီမလေးနဲ့ ကျွန်မတို့ရဲ့အခြေမနေကိုသိစေချင်တာမလား..."
ဧကရာဇ်ကတိတ်နေခဲ့သော်လည်း ကိုယ်လုပ်တော်ရှန်းအဖို့နားလည်ရန်လုံလောက်လေသည်။
သူမကပြုံးလျက် "ဒါဆို ကြင်ယာတော်ကိုခဏခေါ်သွားရဖို့ သခင့်ကိုခွင့်တောင်းပါရစေ..."
ထိုစကား ကိုကြားလျှင် လင်းရှောင်လည်း ဧကရာဇ်အားလှည့်ကြည့်လိုက်မိသည်။ ဧကရာဇ္ကမူအသာအယာခေါင်းငြိမ့်လိုက်သည်။
လင်းရှောင်မှာမျက်မှောင်ကြုတ်လျက် ထရပ္ကာ ကိုယ်လုပ်တော်ရှန်း၏အရှေ့သို့လျှောက်သွားလိုက်သည်။
"မင်းငါ့ကိုဘာပြောချင်တာလဲ၊ ခုပြော"
ကိုယ်လုပ်တော်ရှန်းသည်ဖျော့တော့စွာပြုံးလျက်၊ လင်းရှောင်အတွက်လမ်းဖယ်ပေးလိုက်သည်။
"ကြင်ယာတော် ဒီမိန်းကလေးနဲ့ဥယျာဉ်ထဲလမ်းခဏလျှောက်ကြစို့လား။"
လင်းရှောင်နောက်သို့လှည့်လျက် ဧကရာဇ်အားကြည့်လိုက်မိသည်။ဧကရာဇ်မှာလက်ဖက်ရည်တစ်ခွက်ကိုငှဲ့ရင်းဖြင့် ပေါ့ပါးစွာဆိုလာသည်။
"သွားနှင့် ကိုယ်တော် ဟုန်ယဲ့ကိုပြောစရာရှိသေးတယ်"
လင်းရှောင်လည်း နှုတ်ခမ်းကိုတင်းတင်းစေ့လျက် ထွက်သွားလိုက်လျှင် ကိုယ်လုပ်တော်ရှန်းသည်လည်း နောက်မှလိုက်လာခဲ့လေသည်။
လင်းရှောင်သည် ကိုယ်လုပ်တော်ရှန်းမှစကားစလာမည်ကိုတချိန်လုံးစောင့်နေသော်ငြား သူမကလုံး၀စ၍မပြောလာချေ။ဥယျာဉ်အတွင်းပိုင်းသို့တဖြည်းဖြည်း၀င်လာသည့်တိုင် သူမမွစပြောမည့်ပုံမပေါ်။
လင်းရှောင်လည်းသည်းမခံနိုင်တော့ပဲ
"မင်းပြောမယ်ဆိုပြောလို့ရပြီ ဒီနေရာဆိုလုံလောက်ပြီ..."
ကိုယ်လုပ်တော်ရှန်းသည် ပေါ့ပါးစွာ ပြုံးလိုက်သည်၊
"ကြင်ယာတော်ဘယ်လောက်ထိများ တိတ်နေမှာလဲလို့တွေးနေမိတာ..."
သူမ၏စနောက်လိုသောလေသံကလင်းရှောင်အား မပျော်မရွှင်ဖြစ်သွားစေသည်။
ကိုယ်လုပ်ရှန်းဆက်ပြောလာခဲ့သည်။
"စိတ်မဆိုးလိုက်ပါနဲ့ ဒီမိန်းကလေးက ကြင်ယာတော်အပေါ်သခင်ဂရုစိုက်သလို သခင့်အပေါ်တကယ်ဂရုစိုက်ရဲ့လားဆိုတာ သိချင်ရုံပါ"
လင်းရှောင်၏နှုတ်ခမ်းတို့တွန့်သွားရသည်။
"ဒီလောက်အေ၀းကြီးလျှောက်လာတာနဲ့သိရောလား..."
ကိုယ်လုပ်တော်ရှန်းကခေါင်းငြိမ့်လျက်
"ကြင်ယာတော်ရဲ့မျက်နှာက ရတက်မအေးပဲ စိတ္ပူနေတာလေ၊ ဒီတော့ သခင့်အပေါ်သဘောထားကို သေချာမြင်နိုင်လိုက်ပါပြီ"
လင်းရှောင်မှာအနည်းငယ်စိတ်တိုလာမိသည်။
အဲလောက်တောင်သိသာနေလို့လား။
"သိပ်ကိုသိသာပါတယ်၊ ကြင်ယာတော်..." သူမကလင်းရှောင်၏အတွေးကိုဖောက်မြင်နိုင်သည့်အလားထပ်လောင်းဆိုလာခဲ့သည်။
လင်းရှောင်သူမထံအကြည့်ပို့လိုက်မ်သည်။
ကိုယ်လုပ်တော်ရှန်ကမူဆက်ပြောလာခဲ့သည်။
"မအံ့သြပါနဲ့၊ ဒီမိန်းကလေးရဲ့အကဲခတ်စွမ်းရည်က အမြဲတမ်းထက်မြက်ခဲ့တာပါ။ဒါကြောင့်လည်းသခင်က ဒီမိန်းကလေးကို ကိုယ်လုပ်တော်ရှန်းအဖြစ်ရွေးချယ်ခဲ့တာပါ..."
ပြောရင်းနှင့် သူမလင်းရှောင်ထံမှတဖြည်းဖြည်းအကြည့်လွှဲလိုက်သည်။
"ဒီမိန်းကလေးက သခင့်ရဲ့ အရိပ်သက်တော်စောင့်ပါ။ အရိပ်သက်တော်စောင့်တစ်ယောက်ကို မောင်းမဆောင်ထဲမှာထားရတဲ့အကြောင်းကို ကြင်ယာတော်နားလည်မယ်ထင်ပါတယ်၊ ဒီနည်းနဲ့ သခင်လည်း မောင်းမဆောင်ကိုပိုပြီးထိန်းချုပ်နိုင်မယ်လေ။"
"..."သူမတွေးမိသည်တော့မဟုတ်၊ သို့သော်နားနှင့်ကိုယ်တိုင်ကြားရပြန်တော့လည်း အံအားမသင့်ပဲမနေနိုင်ချေ။ ဧကရာဇ်၏အရိပ်သက်တော်စောင့်များမှာ နေရာတိုင်းတွင်ရှိနေသည်ဆိုလျှင် သူ၏အတိတ်ဘ၀တုန်းက မိုရွှီအတွက် လုပ်ပေးခဲ့သမျှလည်း ဧကရာဇ္မ်က္စိအောက်မှ မည်ကဲ့သို့လွတ်လိမ့်မည်နည်း။
ဧကရာဇ်သည် သိသိကြီးနှင့်မသိချင်ယောင်ဆောင်လျက် မိုရွှီကိုရွေးချယ်ခဲ့ခြင်းသာ။
လင်းရှောင်နှုတ်ခမ်းကိုကိုက်လိုက်မိစဉ် ကိုယ်လုပ်တော်ရှန်း၏လေသံကပို၍အတည်အတံ့ဖြစ်သွားခဲ့သည်။
"ဒီမိန်းကလေးကအရိပ်သက်တော်စောင့်ပဲမို့လို့ အရှင်နဲ့က သခင်နဲ့အစေခံဆက်ဆံရေးမျိုးပဲရှိတာပါ။ ကိုယ်လုပ်တော်ရာထူးကလည်း လူတွေကိုအရူးလုပ်ဖို့အပေါ်ယံလောက်ပါပဲ။ ကြင်ယာတော်နားလည်ပါပြီလား"
"..."လင်းရှောင်ခေါင်းငြိမ့်လိုက်သည်။
"ငါကလည်းမင်းကိုသံသယ၀င်နေတာမဟုတ်ပါဘူး
ဒါပေမယ့် ဟုန်ယဲ့.."
ကိုယ်လုပ်တော်ရန်က တခစ်ခစ်နှင့်ရယ်လိုက်သည်။
"မှန်ပါတယ်၊ ကျွန်မကကိုယ်လုပ်တော်ရှန်းဆိုပေမယ့် အရှင်ကကျွန်မအပေါ်တစ်ခါမှ စိတ်မ၀င်စားဖူးဘူး။ ကြင်ယာတော်ကလည်း သဘောထားသေးတဲ့သူမှမဟုတ်တာ"
ကိုယ်လုပ်တော်ရှန်းသက်ပြင်းချလိုက်သည်။
"ဟုန်ယဲ့ကကျွန်မရဲ့ ညီမရင်းပါ။ ကျွန်မတို့နှစ်ယောက်လုံး ကိုယ်လုပ်တော် ရှန်ဟွေ့နောက်ကို လိုက်ခဲ့တာ..."
ကိုယ်လုပ်တော်ရှန်း က လင်းရှောင်နားမလည်မှာကိုစိုးရိမ်သဖြင့်ခဏမျှရပ်သွားကာ ရှင်းပြလာသည်။
"ကိုယ်လုပ်တော်ရှန်ဟွေ့က သခင့်ရဲ့မယ်တော်လေ၊ ဟုန်ယဲ့ငယ်ငယ်တုန်းက သူမကိုတစ်ခါကယ်ခဲ့ဖူးတယ်၊ အဲဒီတုန်းကတော့သခင်က ပြည့်ရှင် ဧကရာဇ်မဖြစ်သေးဘူးပေါ့၊ ကိုယ်လုပ်တော်ရှန်ဟွေ့က သူမရဲ့ကျေးဇူးကိုထောက်ပြီး သခင့်ဆီဇနီးအနေနဲ့ပေးခဲ့တယ်၊ ဒါပေမယ့် သခင်က သူဖြစ်ချင်တာကိုသာလုပ်တဲ့သူမျိုးလေ၊ဒါကြောင့်ကိုယ်လုပ်တော်ရှန်ဟွေ့ကွယ်လွန်သွားတာနဲ့ အဲဒီကတိကိုဆက်မတည်ခဲ့ဘူး။အဲဒီအစား သခင်ကဒီမိန်းကလေးကိုပဲ မောင်းမဆောင်ထဲထည့်ပေးခဲ့တယ်..."
ထိုရှင်းပြချက်ကိုကြားလျှင်လင်းရှောင် မျက်မှောင်ကြုတ်လိုက်မိသည်၊ သူမစကားအရ ဧကရာဇ်မှာဟုန်ယဲ့ကိုအဘယ်ကြောင်အကြိမ်ကြိမ်လွှတ်ပေးခဲ့သည်ကို နားလည်သွားခဲ့သည်။ အဆုံးမွာတော့ ဟုန်ယဲ့သည် သူ၏အမေ၏ကယ်တင်ရှင်ပင်မဟုတ်ပါလော။
သို့သော် သူစိတ်၀င်စားမိသည်။ ဟုန်ယဲ့ကအဘယ်ကြောင့် အရိပ်သက်တော်စောင့်ဖြစ်လာရပါသနည်း။
"ဟုန်ယဲ့ရဲ့ စိတ်ကမရိုးရှင်းဘူး၊ သူကအရှင့်ကိုသဘောကျနေတာလေ။ အရှင် ထီးနန်းကိုမရခင်တုန်းက နောက်ခံအင်အားတွေစုနေခဲ့ရသေးတယ်၊ ဟုန်ယဲ့ကလည်း အရှင့်ကိုချက်ချင်းကူညီဖို့သွားခဲ့တယ်လေ။ သခင်ကလည်းအဲဒီအချိန်တုန်းက နောက်လိုက်တွေလိုအပ်နေတာမို့ သူမအကူအညီကိုမငြင်းခဲ့ဘူး။
ဒီလိုနဲ့ဟုန်ယဲ့ကသခင့်ဘေးမှာ ရှစ်နှစ်လောက်ကပ်တွယ်နေခဲ့တာ..."
နောင်တတရားတို့ဖြင့်သက်ပြင်းချလျက် ကိုယ်လုပ်တော်ရှန်းခါးသက်စွာပြုံးလိုက်သည်။
"သခင်ထီးနန်းရပြီးတဲ့နောက်ပိုင်း ဟုန်ယဲ့ကိုပြန်မခေါ်ခဲ့ဘူး။ အဲဒီအစားသူမကိုပိုေ၀းေ၀းကိုပို့ခဲ့တာ။ သူမကိုတခြားဘာမှမလုပ်ပဲ အထောက်အပံ့တချို့ပေးခဲ့ပေမယ့် အဲဒီထက္ကိုမပိုခဲ့ဘူး၊ ဒါကိုအရှင်ကလည်းရှင်းလင်းအောင်လုပ်ခဲ့သလို ကျွန်မရော ဟုန်ယဲ့ရောနားလည်ခဲ့ကြပါတယ်..."
"ကိုယ်လုပ်တော်ရှန်ဟွေ့ကွယ်လွန်ပြီးတော့ သူမအုတ်ဂူကိုတိတ်တဆိတ်စောင့်ရှောက်နေတဲ့ကျွန်မကို သခင်ကတွေ့ပြီး နန်းတွင်းခေါ်ပြီး ကိုယ်လုပ်တော်ရှန်းဂုဏ်ပုဒ်ကိုပေးခဲ့တယ်၊ ကျွန်မပဲဖြစ်ဖြစ်ဟုန်ယဲ့ပဲဖြစ်ဖြစ် အရှင့်ရဲ့သဘောထားကိုနားလည်ကြတယ်၊ အရှင်ကကိုယ်လုပ်တော်တွေကိုရွေးတဲ့အခါ သူသဘောကျလို့မဟုတ်ပဲ၊ သင့်လျော်လို့ပဲ..."
"အရှင်အမှန်တကယ်သဘောကျတဲ့သူမရှိလို့ ဟုန်ယဲ့ကငြိမ်နေခဲ့တာ၊ ကျွန်မမောင်းမဆောင်ထဲ၀င်လာတာပဲဖြစ်ဖြစ်၊ ကိုယ်လုပ်တော်လီပဲဖြစ်ဖြစ် ၊ ကိုယ်လုပ်တော်ရန်ပဲဖြစ်ဖြစ် တျခားဘယ္သူတွေကိုပဲဖြစ်ဖြစ်.."
သူမပြုံးလိုက်သော်လည်း သူမ၏မျက်လုံးများထဲတွင် ၀မ်းနည်းမှုအရိပ်အယောင်တို့ေ၀့၀ဲနေခဲ့သည်၊
သူမ၏လေသံမှာတည်ငြိမ်လျက် အတက်အကျမရှိသော်ငြား ထိုမျက်၀န်းတို့မှာ ၀မ်းနည်းမှုတို့က လင်းရှောင်၏နှလုံးသားက်ု ထုနှက်နေသည့်နှယ်၊
လင်းရှောင်နူးညံ့စွာသက်ပြင်းချလိုက်သည်။
ကိုယ်လုပ်တော်ရှန်းကြားလျှင် သူမအမူအယာမွာ ပုံမှန်ပြန်ဖြစ်သွားလျက် ညင်သာစွာဆိုလာသည်။
"ကြင်ယာတော်က ကြင်နာတတ်တဲ့သူလို့ ဟုန်ယဲ့ကပြောခဲ့ဖူးတယ်"
"ဟုန်ယဲ့ကလေ" လင်းရှောင်အံ့အားသင့်စွာဆိုသည်၊
ကိုယ်လုပ်တော်ရှန်းပြုံးလျက်ခေါင်းငြိမ့်လိုက်သည်။
"ဟုန်ယဲ့ကပြောတယ်၊ ရှင်နဲ့အတူရှိနေခဲ့ရတဲ့အချိန်တွေက အတော်ကောာင်းမွန်တယ်တဲ့၊ ရှင့်ရဲ့ကြင်နာမှုကိုလည်းသူခံစားမိတယ်တဲ့၊ ရှင့်ရဲ့အကစွမ်းရည်ကလည်းတမိုးအောက်မှာ ယှဉ်နိုင်တဲ့သူမရှိပါဘူးတဲ့"
လင်းရှောင်မျက်မှောင်ကြုတ်လျက် အကြည့်လွှဲလိုက်မိသည်။
"ဒါပေမယ့် သူ.."
ကိုယ်လုပ်တော်ရှန်း၏အပြုံးကပျောက်ကွယ်သွားလျက် နှုတ်ခမ်းကိုစေ့ကာဆိုသည်။
"ဟုတ္တာပေါ့၊ ဒီလိုဆိုရင်တောင် သူမ ရှင့်ကိုမကောင်းကြံမိတုန်းပဲလေ"
ကိုယ်လုပ်တော်ရှန်းမှာ အားလျော့စွာပြုံးလျက်
"မနာလိုတဲ့နှလုံးသားကိုထိန်းချုပ်ရခက်တယ်လေ"
"ကြင်ယာတော်.." သူမကသူ့အားလှမ်းခေါ်လျက် ကြည့်လိုက်သည်။
"သူမကအမှားတစ်ကြိမ်လုပ်ခဲ့တယ်ဆိုရင်တောင် သူမလုပ်ခဲ့တဲ့အပြစ်ကိုသိပါတယ်၊ သခင့်အတွက် သူမဘ၀ရဲ့အချိန်ရှစ်နှစ်လောက်ကို ဖြုန်းတီးခဲ့ရတာ၊
အခုအရှင်ကလည်းသူမကိုအပြစ်ပေးပြီးပြီ၊ ကြင်ယာတော်သူမကိုအငြိုးမထားဖို့မျှော်လင့်ပါတယ်"
"အပြစ်ပေးတယ်..."
လင်းရှောင်၏စိတ်မှာတုန်လှုပ်နေခဲ့ပြီးဖြစ်သည်။
ဟုန်ယဲ့ အရှင့်ဘေးတွင်ရှိနေပြီးကူညီပေးခဲ့သည်ကို သူ မနာလိုပါသော်ငြား၊ သူမကိုလည်းလေးစားမိရသည်၊ ခံစားချက်အားလုံးကိုတစ်ဦးတည်းအတွက် စုပြုံလျက် ပေးဆပ်ခဲ့သည်ကို မည်သူမဆို ဂရုဏာသက်မိမည်ပင်။
သို့သော် အပြစ်ပေးသည်ဟုကြားလျှင်လင်းရှောင်နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်မိသည်။ ဧကရာဇ်သည်သူမအားမည်သို့အပြစ်ပေးမည်နည်း။
ကိုယ်လုပ်တော်ရှန်းမှာ လင်းရှောင်၏ရှုပ်ထွေးနေသောအမူအယာကိုသတိထားမိလျင်
"ကြင်ယာတော်က ဟုန်ယဲ့ဘာလို့နန်းတွင်းမှာဆက်နေတာလဲလို့တွေးနေတာလား"
သူမကလင်းရှောင်၏တုန့်ပြန်မှုကိုမစောင့်ပဲ
"သခင်ကနေခိုင်းတာတော့မဟုတ်ပါဘူး။ ကျွန်မကသခင့်ကိုတောင်းပန်ထားတာပါ၊ ကျွန်မတို့အရိပ်သက်တော်စောင့်ဖြစ်လာပြီးကတည်းက သာမာန်ပျော်ရွှင်စရာဘ၀ကိုမရနိုင်တော့ဘူးလေ၊ ဒါကြောင့် ဟုန်ယဲ့ကိုကျွန်မအနားမှာခေါ်ထားခွင့်ရဖို့တောင်းဆိုထားတာပါ၊သခင်ကအချိန်တစ်လပေးခဲ့တယ်၊ ခုဆို ရက်နည်းနည်းပဲကျန်တော့တာပေါ့"
ထိုစကားကအရာအားလုံးကိုရှင်းလင်းပေးလိုက်သည်။ သို့ဆိုလျှင်ဧကရာဇ်မှာ ဟုန်ယဲ့ကိုတမင်လွှတ်ပေးထားခြင်းမဟုတ်ပဲ ကိုယ်လုပ်တော်ရှန်း၏တောင်းဆိုမှုအား လိုက်လျောပေးခဲ့ရုံသာ။
ကိုယ်လုပ်တော်ရှန်းက လင်းရှောင်အား တိတ်တဆိတ်ခိုးကြည့်လာပြီး သူ၏အမူအယာကပုံမှန်ပြန်ဖြစ်သွားသည်ကိုမြင်လျှင် ဆက်ပြောလာခဲ့သည်။
"သခင့်ရဲ့အပြစ်ဒဏ်က ဟုန်ယဲ့ကိုအရိပ်သက်တော်စောင့်အဖြစ်ဆက်လက်မခံတော့တာ၊ ပြီးတော့သူမနန်းတွင်းမှာလည်းဆက်နေလို့မရဘူး။ အထူးသဖြင့် သခင်နဲ့ကြင်ယာတော်ရဲ့ရှေ့မှာပေါ့၊ ဒါကြောင့်ဒီလကုန်ရင် ဟုန်ယဲ့ထွက်သွားတော့မှာ"
"ဒီလိုပေါ့လေ" လင်းရှောင်၏စိတ်မှာလည်းပို၍နေသာသွားခဲ့သည်။ ယခုတွင် သူ့မှာဧကရာဇ်အားတွေ့ချင်စိတ်သာရှိတော့သည်။
ဧကရာဇ်၏မျက်နှာအားတွေ့ချင်သည်။ သူ၏မျက်ခုံးကိုနမ်းလျက် ပိုပို၍သဘောကျမိနေကြောင်းပြောချင်မိသည်။
လင်းရှောင်လည်းစိတ်မရှည်တော့ပဲ နန်းဆောင်ဆီချက်ချင်းပြန်လှည့်သွားတော့သည်။
ကိုယ်လုပ်တော်ရှန်းက သူ၏နောက်ကျောအားကြည့်လျက် နောက်မှလိုက်လာလေသည်။