ကိုယ်လုပ်တော်ရှန်း၏နန်းဆောင်သို့ပြန်ရောက်သော်
ဧကရာဇ္ကထြက္လာနေပြီး ဟုန်ယဲ့ကနောက်မှာလိုက်လာနေစဉ်ဖြစ်သည်။လင်းရှောင်လည်းတန့်သွားပြီး အလျင်အမြန်အရိုအသေပေးလိုက်သည်။ ဧကရာဇ်ကိုကြည့်နေသောသူ၏အကြည့်မှာလည်းချစ်ခြင်းတို့ယိုဖိတ်လျက်၊
ဧကရာဇ်မှာ အနည်းငယ်အံ့အားသင့်လျက် နောက်မှလိုက်လာသောကိုယ်လုပ်တော်ရှန်းအားတစ်ချက်ကြည့်လိုက်သည်။ သူမက တိတ်တဆိတ်အရိုအသေပြုလိုက်သည်။
ဧကရာဇ်လည်း လင်းရှောင်ထံအကြည့်ပြန်ပို့လျက် ရယ်မောကာခေါင်းကိုပွတ်လိုက်သည်။
"ဒီတော့အားလုံးကိုရှင်းသွားပြီလား"
လင်းရှောင်ချစ်စဖွယ်အမူအယာနှင့်ခေါင်းငြိမ့်လိုက်သည်။
လက်နှစ်ဖက်အားနောက်ပစ်လျက် ဧကရာဇ်သည် နှုတ်ခမ်းကိုတွန့်ကွေးကာ ရှေ့မှလျှောက်သွားလိုက်သည်။
"ဒီလိုဆိုလည်းပြန်သွားရအောင်လေ"
"အင်း" လင်းရှောင်တက်ကြွစွာတုန့်ပြန်လျက် နောက်မှလိုက်သွားတော့သည်။
"အရှင်ကျွန်တော်မျိုးအခုအားလုံးကိုရှင်းလင်းသွားပြီ၊ ဒါပေမယ့် အရှင် ဟုန်ယဲ့ကိုဘာပြောခဲ့တာလဲ"
"ဘာလဲ ခုထိမယုံသေးဘူးလား" ဧကရာဇ်ကမျက်ခုံးကိုပင့်လျက်မကျေမနပ်ဆိုလာသည်။
"မဟုတ်ပါဘူး၊ ကျွန်တော်မျိုးဒီတိုင်းသိချင်ရုံပါ"
လင်းရှောင်လည်းသူ၏စိုစွတ်နေသောမျက်တောင်အားပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်၊ ထိုခ်စ္စရာကောင်းပြီး ယုံကြည်မှုတို့ပြည့်နှက်နေသော အကြည့်လေးက ဧကရာဇ်၏နှလုံးသားအား နွေးထွေးသွားစေသည်။ ဧကရာဇ်လည်းသက်ပြင်းကိုချလျက်
"ကိုယ်တော်သူမကိုထွက်သွားခိုင်းလိုက်ပြီ"
လင်းရှောင်မျက်လုံးပြူးသွားမိသည်၊
"ဒါပေမယ့် ကိုယ်လုပ်တော်ရှန်းကို တလနေခွင့်ပြုမယ်လို့ပြောထားတယ်မဟုတ်ဘူးလား"
ဧကရာဇ်ကတန့်သွားပြီး သူ့အားအပြစ်တင်သောအကြည့်ဖြင့်ကြည့်လိုက်သည်။ ဤသည်မှာ မည်သူ့အပြစ်နည်းဟူသောအဓိပ္ပါယ်
လင်းရှောင်ဇက်လေးကိုပုလိုက်ပြီးရှက်ရွံ့စွာရယ်လိုက်သည်။ မူလကတော့ ရက်အနည်းငယ်သာကျန်တော့သည်မို့ သူစိတ်မရှည်မဖြစ်ပါဘူးဟုပြောချင်ခဲ့တာပင်၊ သို့သော်ထိုမကြည်သာသောမျက်၀န်းများကိုမြင်လျှင် လင်းရှောင်တိတ်သာတိတ်နေလိုက်သည်၊
နောက်တစ်နေ့တွင် ဟုန်ယဲ့တကယ်ထွက်သွားခဲ့သည်။
နန်းတွင်းထွက်သွားသည်နှင့် လင်းရှောင်လည်းသူမကိုမမုန်းတီးနိုင်တော့ချေ။
ဟုန်ယဲ့ထွက်မသွားခင် ဧကရာဇ္အားတွေ့ခွင့်တောင်းသေးသည်။ သို့သော်ဧကရာဇ်မှာ လင်းရှောင်၏နန်းဆောင်ကိုရောက်နေခဲ့ပြီး မည်သည့်အစေခံကမှလည်းသူတို့အားမနှောင့်ယှက်ရဲသည်မို့ သူမမွာ သည်အတိုင်းထွက်သွားရုံသာတတ်နိုင်လေသည်။
ဧကရာဇ်အားအိပ်ရာမှနှိုးခဲ့သူမှာလင်းရှောင်မဟုတ်ပဲ ကိုယ်လုပ်တော်ရန်၏နန်းဆောင်မှ ကုန်းကုန်းတစ်ဦးဖြစ်ခဲ့သည်။
သူကကြောက်လန့်တကြားပြေး၀င်လာခဲ့ပြီး ထိတ်လန့်ဖွယ်သတင်းကိုသယ်ဆောင်လာခဲ့သည်။
ကိုယ်လုပ်တော်ရန်ကမိမိကိုယ်ကိုဆွဲကြိုးချသတ်သေသွားခဲ့သည်။
လင်းရှောင်မှာထိုသတင်းကိုကြားလျှင် ထိတ်လန့်သွားရသည်။
ကိုယ်လုပ်တော်ရန်မှာမိမိရုပ်ရည်ပျက်ဆီးသွားပြီးနောက်စွန့်ပစ်ခံရမည်ကိုကြောက်ရွံ့သဖြင့်မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့သည်ဟုဆိုကြပေသည်။
ဧကရာဇ် ထိုသတင်းကိုကြားလျှင် တစ်စုံတစ်ယောက်အားသူမကိုမြှုပ်နှံရန်သာခိုင်းလိုက်သည်။
အရေးမပါသောသူတစ်ဦးကဲ့သို့ ကိုယ်တိုင်သွားမကြည့်ခဲ့ချေ။
တဖက်တွင်လည်းလင်းရှောင်မှာကိုယ်လုပ်တော်ရန်သည်အပြစ်များစွာလုပ်ထားသည့်တိုင် ဤမျှဆိုးရွားစွာမသေသင့်ဟုတွေးမိသည်။ ထို့အပြင်သူမကိုယ်သူမသတ်သေသည်မှာမဖြစ်နိုင်ဟုလည်းတွေးမိလေသည်။
ဈာပနအခမ်းအနားမှာသုံးရက်ကြာခဲ့သည်။
သူမမွာဧကရာဇ္ပစားပေးခံရသော ကိုယ်လုပ်တော်မဟုတ်သည်မို့ သူမ၏ဈာပနမှာအလွန်ရိုးရှင်းလှသည်။ သုမကိုမြှုပ်နှံပြီးသည့်နောက် နေရာချထားရေးအမတ်ကြီးအိမ်တော်အား ဆုလာဘ်တချို့ချီးမြှင့်လိုက်လေသည်။
၎င်းမှာကိုယ်လုပ်တော်ရန်၏မိသားစုအတွက်လျော်ကြေးဟုဆိုနိုင်သည်။ထိုသုံးရက်အတွင်းတွင် သူမအတွက်၀မ်းနည်းကြောင်းဖော်ပြသည့်အနေနှင့် မနက်ခင်းညီလာခံကိုမတက်ခဲ့ချေ။ သို့သော်အမှန်တကယ်တွင် သူကလင်းရှောင်နှင့်သုံးရက်ခန့်လူးလိမ့်နေခဲ့ခြင်းပင်၊
သို့သော်လင်းရှောင်အတွက်မူထိုသုံးရက်မှာမလွယ်ကူခဲ့ချေ။
ဧကရာဇ္က လင်းရှောင်တစ်ယောက် ကိုယ်လုပ်တော်ရန်၏သေဆုံးမှုအတွက် သူ့ကိုယ်သူအပြစ်တင်နေမည်စိုး၍ နွေးထွေးစွာနှစ်သိမ့်ပေးလာသည်။
"သူ့အတွက်တွေးနေစရာမလိုဘူး၊ ဒါမင်းအမှားမဟုတ်ဘူး၊ သူ့အပြစ်အတွက် သူခံရတာပဲ"
လင်းရှောင်လည်း အပြောင်းအလဲမရှိသော ဧကရာဇ်၏မျက်နှာအားကြည့်လိုက်မိသည်။
လင်းရှောင်ခေါင်းကိုအမြန်ခါလျက် သူမကအပြစ်ပေးခံရဖို့ထိုက်တန်သည်ဆိုသည်မှာ မည်သည်ကိုဆိုလ်ုသနည်းဟုတွေးတောနေမိသည်။
လင်းရှောင်မေးရန်တွေးနေစဉ်မှာပင် ဧကရာဇ်သည်သူ၏ရှည်လျားသောဆံပင်ကိုပွတ်သပ်လျက် ထရပ်လ်ုက်သည်။
"ထကြစို့ ကိုယ်တော်တို့ညီလာခံသွားတက်ရအောင်"
လင်းရှောင်မှာအတော်ကြာ ကြောင်တောင်တောင် ကြည့်နေမိပြီးမှ ဤနေ့မှာ လေးရက်မြောက်နေ့ဖြစ်ကာ မိမိသည်လည်းဧကရာဇ်နှင့်အတူ ညီလာခံတက်ရန်သဘောတူထားသည်အား သတိရမိသွားရသည်။
သို့သော်လောလောဆယ်တွင် ကိုယ်လုပ်တော်ရန်ကွယ်လွန်သည်မှာလည်း မကြားသေးသည်မို့ ညီလာခံတွင်ဆန္ဒပြလိုသူများရှိလိမ့်မည်။
ဥပမာ ကိုယ်လုပ်တော်ရန်၏ဖခင်ဖြစ်သူ နေရာချထားရေးအမတ်ကြီး ရန်ရှန်းချိုးပင်။
လင်းရှောင်ထိုလူထံမှကောင်းကောင်းကြီးပစ်မှတ်ထားခံရမည်ကို သေချာနေခဲ့သည်။
"အရှင်အခြေအနေတွေကဒီလိုဆိုမှတော့ ကျွန်တော်မျိုးခဏငြိမ်မနေသင့်ဘူးလား..."
"မင်းကပုန်းနေချင်လို့လား..."
ဧကရာဇ်သည်ပြောင်းလဲမှုမရှိသောမျက်နှာထားဖြင့် သူ့အားအဓိပ္ပါယ်ပါပါစိုက်ကြည့်လာသည်။ လင်းရှောင်ထိုအကြည့်ကြောင့် နှလုံးသားပင်ပြောင်းပြန်လန်တော့မလိုပင်။ ဧကရာဇ်သည် သူ၏ရင်တွင်းမှဆန္ဒကိုဖောက်ထွင်းမြင်နိုင်သည်ပင်။
လင်းရှောင်လည်း အသက်ကိုပြင်းပြင်းတစ်ချက်ရှူ၍
"လင်းရှောင် အရှင်နဲ့အတူသေအတူရှင်မကွာရင်ဆိုင်ဖို့ဆုံးဖြတ်ပြီးပြီ၊ ဒီကိစ္စလေးကိုဘာကြောင့်ခေါင်းရှောင်ချင်ရမှာလဲ..."
"သိပ်ကောင်းတယ်" ဧကရာဇ်သည်လင်းရှောင်၏နဖူးအား ကြင်နာစွာတစ်ချက်နမ်းလိုက်ကာ ဦးဆောင်၍ခေါ်လာတော့သည်။
"..."လင်းရှောင်နှုတ်ခမ်းတို့တွန့်သွားမိသည်။
ယခုက သူပထမဆုံးအကြိမ်ညီလာခံတက်ခြင်းဖြစ်သည်။ ဧကရာဇ်သည်သူ့အတွက် အရာရှိ၀တ်စုံကိုလည်းပြင်ဆင်ပေးထားခဲ့သည်၊ ထို၀တ်စုံကို၀တ်ထားလျက် လင်းရှောင်မှာ အလွန်ထင်းလင်းနေခဲ့သည်။
သို့သော် ယနေ့ညီလာခံမှာလူအများအတွက် အငြင်းပွားဖွယ်ပင်။
နေရာချထားရေးအမတ်ကြီးမှ စတင်ကာ လင်းရှောင်အားကန့်ကွက်ကြောင်းထုတ်ဖော်လာသည်၊
"အရှင် ဒီငယ္သားမွာ ကြင်ယာတော်လင်းရှောင်ကိုမေးခွန်းထုတ်စရာရှိပါတယ်"
ထို့နောက်လင်းရှောင်အားအမှုန့်ချေပစ်တော့မည့်အကြည့်ကြီးနှင့်လှမ်းကြည့်လိုက်သည်။ ထိုအမူအယာမှာလင်းရှောင်ကိုနေရာမှာပင်တစစီဆွဲဖြဲပစ်ချင်သည့်အတိုင်းပင်၊
"နေရာချထားရေးအမတ်ကြီးတစ်ဦးအနေနဲ့ ကျွန်တော်မျိုးက သည်လိုမျိုးကိုယ်ကျင့်တရားမကောင်းမွန်တဲ့သူတစ်ယောက်ကို ညီလာခံမွာအလိုမရွိပါဘူး။ ကြင်ယာတော်တစ်ပါးအနေနဲ့ စောင့်ထိန်းရမယ့်ကျင့်၀တ်ကို မသိပဲ ကိုယ်လုပ်တော်ရန်ကို အရှက်ရစေတယ်၊ သူမရဲ့အသွင်အပြင်ကိုလည်းဖျက်ဆီးပြီး သေစေခဲ့တယ်၊ သနားစရာကောင်းတဲ့ ကိုယ်လုပ်တော်ရန်က ဒီလိုပဲနာကျင်ခံစားပြီးသေသွားရတယ်၊ အရှင် ၊ ဒီငယ်သားရဲ့မျက်နှာကိုထောက်ပြီးမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချပေးဖို့တောင်းဆိုပါတယ်..."
ရန်ရှန်းချိုးကမျက်ရည်များဖြင့်ဆိုလာသည်။ သို့သော်သူ၏မျက်လုံးမှာမူ ၀မ်းနည်းမှုများအစား အကြံအစည်များဖြင့်ပြည့်နေခဲ့သည်။
သူ၏သမီးဖြစ်သူသေသွားသော်လည်း သူသည်အား နောက်တစ်ယောက်ကို အချိန်မရွေး ဧကရာဇ္နံဘေးကိုပို့လိုက်လို့ရသည်။ သို့သော် ဧကရာဇ်သည် လင်းရှောင်ကို မျက်နှာသာပေးနေသ၍ သူ့တွင်နောက်ထပ်အခွင့်အရေးမရှိနိုင်တော့၊ ထို့ကြောင့်လင်းရှောင်အားဤသို့ ဆက္သြားနေဖို့ခွင့်မပြုနိုင်ချေ။ ထို့ကြောင့် လင်းရှောင်အားဆွဲချရန်တစ်ခုတည်းသော နည်းလမ်းမှာသူ့သမီးဖြစ်သူ၏သေဆုံးခြင်းကိုအသုံးချလျက် လင်းရှောင်အပေါ်အပြစ်ပုံချကာ ဧကရာဇ်၏ရင်ထဲတွင် လင်းရှောင်အားစိတ်ပျက်သွားစေရန်ပင်။ အောင်မြင်သွားလျှင် သူလင်းရှောင်ကိုမဆွဲချနိုင်လျှင်တောင် အပစ္ပယ္ခံရအောင်တော့လုပ်နိုင်လိမ့်မည်။
ထိုသို့အကြံအစည်ဖြင့် နေရာချထားရေးအမတ်ကြီးမှာပို၍ပင်ကျယ်ကျယ်လောင်လောင်ငိုလိုက်တော့သည်။
လင်းရှောင်၏နှလုံးသားမှာတုန်လှုပ်လျက် ဧကရာဇ္အားမော့ကြည့်လိုက်လျှင် ဧကရာဇ်မှာ အမတ်ကြီးအားတချက်မှမကြည့်သည့်အပြင် သူ့အားပြုံးလျက်ကြည့်နေသည်ကိုသာတွေ့လိုက်ရသည်။ သူကထိုစွပ်စွဲချက်ကိုမငြင်းဆန်သလို လက်လည်းမခံချေ။
သူ၏နှုတ်ခမ်းများမှာတင်းတင်းစေ့လျက် အမူအယာမှာလည်းဖတ်ရန်ခဲယဉ်းလှသည်။
၎င်းကိုမြင်လျှင်အမတ်ကြီးမှာ ပို၍စိတ်လှုပ်ရှားလာမိကာ ဘာကိုမျှမဆိုနိုင်တော့ချေ။
အမတ်ကြီးသည် ခါးကိုကိုင်းလျက် ဧကရာဇ်၏စူးရှသောအကြည့်အောက်ကပုန်းကွယ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်၊ သူကအရာရှိတချို့ကိုလည်းခိုးကြည့်ကာအချက်ပေးလိုက်လျှင် အရာရွိတို့ကတောင့်တင်းသွားပြီးနောက် တဖြည်းဖြည်းရှေ့သို့ထွက်လာကြကုန်သည်။ ၄င်းမှာဆန္ဒထုတ်ဖော်ရန်လူစုလိုက်ပုံပင်။
လတ္တလောအခြေအနေက စကားနည်းလေ အမွားနည်းလေပင်။ ထို့ကြောင့်မည်သူမှစကားမစရဲပဲ ငြိမ်ကုပ်နေကြသေးသည်။
"မင်းတို့ကဒါကို ကြင်ယာတော်ရဲ့အပြစ်လို့ထင်တာလား"
ဧကရာဇ္ကနောက်ဆုံးတော့ပြောလာခဲ့သည်။
သူ၏မတိုးမကျယ်သော အသံက နဂါးဘုရင်တစ်ပါးကဲ့သို့အရှိန်အဝါဖြင့်လူတိုင်း၏နားဆီပျံ့နှံ့ရောက်ရှိသွားခဲ့သည်။ လူတိုင်းမှာထိုအရှိန်အဝါကြောင့် ခေါင်းမှခြေအဆုံးတုန်ယင်သွားကြရသည်။
ဧကရာဇ်သည်အေးစက်စွာပြုံးလျက် ဆက်ပြောရန်ပြင်လိုက်စဉ် တစ်စုံတစ်ဦးမှရှေ့သို့ထွက်လာပြီး အရိုအသေပေးလိုက်သည်။
"အရှင် ဒီငယ္သားမွာပြောစရာရှိပါတယ်"
"ကြင်ယာတော်ဟာ ဂရုဏာ သဘောထားကြီးပြီး တည်ငြိမ်တဲ့သူပါ၊ ကိုယ်လုပ်တော်ရန်ကသာ စည်းမျဉ်းတွေကိုဦးစွာချိုးဖောက်ခဲ့တာပါ။ မျှတစွာ စဉ်းစားပေးတော်မူပါအရှင်..."
လင်းရှောင်အနည်းငယ်အံ့အားသင့်သွားမိလျက် ရှေ့မှလူအားကြည့်လိုက်မိသည်။ထိုသူက တော်၀င်ဦးရီးတော် အတိုင်ပင်ခံအမတ်ကြီး၀တ်ရုံကို၀တ်ဆင်ထားသော မူရွှီနင်ပင်ဖြစ်တော့သည်။
လင်းရှောင် ရှုပ်ထွေးသွားမိသည်။ မိမိတို့မွာ တစ်ကြိမ်ခန့်သာဆုံဖူးသည်မဟုတ်ပါလော ။ အဘယ်ကြောင့် မိမိကိုကူညီပေးရန်ဆုံးဖြတ်လိုက်ပါသနည်း။
"အရှင် ချင်ရဲ့စကားတွေက ဘက်လိုက်လွန်းပါတယ်၊ ဒီထက်တောင်ပိုမရှင်းနိုင်တော့ဘူး။ အရှင်က ကျွန်တော်မျိုးရဲ့သမီးကစည်းမျဉ်းတွေကိုအရင်ချိုးဖောက်တာတဲ့လား၊ အရှင့်မှာသက်သေများရှိလို့လား၊အရှင်ပြောသလိုကြင်ယာတော်လင်းရှောင်က ကြင်နာတတ်တဲ့သူသာဆိုရင် ကျွန်တော်မျိုးရဲ့သမီးကဘာလို့ ဒီလိုမျိုးမတရားသဖြင့်သေသွားရမှာတဲ့လဲ..."
"ဘာပဲဖြစ်ဖြစ် အဲဒါကဧကရာဇ်ရဲ့သဘောထားနဲ့ပဲဆိုင်တယ်၊ မင်းရဲ့သမီးအတွက်ခံစားနေရတာကို ငါနားလည်တယ်၊ ဒါပေမယ့်ဒါကြောင့်ပဲ သူမ်ားကို စြပ္စြဲပုတ္ခတ္စရာမလိုအပ္ဘူး..."
"ဟမ့်.. ဒီငယ္သားက တရားမျှတမှုကိုပဲတောင်းဆိုနေတာပါ၊ စြပ္စြဲပြောဆိုတယ်တဲ့လား၊ ဒီငယ္သားရဲ့သမီးကတော့သေသွားပြီ၊ အဲဒါကိုလင်းရှောင်မှာအပြစ်မရှိဘူးဆိုတော့ ဒီငယ္သားကို အကန်းတစ်ယောက်လိုများမှတ်ယူနေတာလား..."
ရန်ရှန်းချိုး လင်းရှောင်အားလက်ညှိုးငေါက်ငေါက်ထိုးလျက် စတင်ပေါက်ကွဲတော့သည်။
"..."လင်းရှောင် သူ့ကိုယ်သူမျက်လုံးမလှိမ့်မိစေရန်မနည်းထိန်းနေရသည်။ ကိစ္စကသည်လိုဖြစ်လာမှတော့ သူ သည်အတိုင်းမနေနိုင်တော့ချေ။
ထို့ကြောင့် သူကရှေ့သို့ထွက်၍ ပြောလိုက်သည်။
"ရန်အမတ်ကြီး၊ ကိုယ်လုပ်တော်ရန်ရဲ့ သေဆုံးမှုက လင်းရှောင်ကို၀မ်းနည်းစေပါတယ်၊ ဒါပေမယ့် သူမအရင်ကျွန်တော့်ဆီလာရောက်ပြီးစော်ကားပြောဆိုတာကတော့အမှန်ပါ..."
"ကြင်ယာတော်ဆီကိုလာပြီးစော်ကားတယ်ဟုတ်လား၊ ဒီငယ္သားရဲ့သမီးက အကျင့်စာရိတ္တကောင်းမွန်ပြီး သေချာသင်ပြခံထားရတဲ့သူ၊ ကြင်ယာတော် နန်းတွင်းကိုရောက်မလာခင်က မောင်းမဆောင်မှာဘာပြသနာမှ မရှိခဲ့ဖူးဘူး။ကြင်ယာတော်နန်းတွင်းကိုရောက်လာတော့မှ သူမကပစ်ပယ်ခံရပြီး စည်းမျဉ်းကိုချိုးဖောက်တယ်တဲ့လား..."
ရန်ရှန်းချိုးအလွန်ကြမ်းတမ်းစွာဆိုလာသည်။
လင်းရှောင်မျက်မှောင်ကြုတ်လိုက်မိသည်။
"ဘာလဲ၊ ဒါဆို ရန်အမတ်ကြီးက လင်းရှောင်အမှားလို့ထင်တယ်ပေါ့"
လင်းရှောင်သူ့အားတုန့်ပြန်ရန်အခွင့်အရေးမပေးပဲ ဆက်ပြောလိုက်သည်။
"ဒါဆို ရန်အမတ်ကြီးသိရဲ့လား၊ အရှင်ကမောင်းမဆောင်ကကိုယ်လုပ်တော်တွေကို လင်းရှောင်ကိုလာမနှောင်ယှက်ဖို့အမိန့်ပေးထားတာကိုလေ။ ဒါကို ကိုယ်လုပ်တော်ရန်က ကျွန်တော်မျိုးကို လာတွေ့သေးတယ်ဆိုတော့ စည်းမျဉ်းကိုချိုးဖောက်တာပဲမဟုတ်ဘူးလား..."
"မင်း..." ရန်ရှန်းချိုး ကအံကိုကြိတ်လျက် လင်းရှောင်အားလက်ညှိုးထိုးလိုက်သည်။
လင်းရှောင် သူ့အားထိပ်တိုက်ရင်ဆိုင်လျက် ဖိ၍ပြောလိုက်သည်။
" အရှင်ချမှတ်ထားတဲ့စည်းမျဉ်းတွေကိုချိုးဖောက်တယ်ဆိုတာ ကျွန်တော်မျိုးကိုစော်ကားတာထက်ပိုတောင်အပြစ်ကြီးသေးတယ်"
ရန်ရှန်းချိုးမှာ သူ့အားအရေခွံဆုတ်ပစ်ချင်သကဲ့သို့ စူးစိုက်ကြည့်နေခဲ့ပြီး ထိုအကြည့်ကြောင့် လင်းရှောင်နှလုံးသားအေးစက်သွားမိသည်အထိ။
"ကြင်ယာတော် ကအရှင့်ခွင့်ပြုချက်မပါပဲ လုပ်ချင်တာလုပ်ပြီး ဘယ်ကလာတဲ့ယုံကြည်ချက်တွေရှိနေတာလဲ၊ အရှင့်ကိုမျက်လုံးထဲရောထည့်သေးရဲ့လား"
"အရှင်ကကျွန်တော်နှလုံးသားထဲမှာအမြဲရှိပါတယ်" လင်းရှောင်ကဧကရာဇ်အားကြည့်လျက်တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"အရှင်ကိုနှလုံးသားထဲမှာအမြဲထည့်ထားလို့သာ ကိုယ်လုပ်တော်ရန်ကိုမထိန်းနိုင်ပဲအပြစ်ပေးမိရတာ။သူမက အရှင်ချမှတ်ထားတဲ့စည်းမျဉ်းကိုချိုးဖောက်ရဲတဲ့အတွက်၊ဒီငယ်သားကအရှင်စိုးရိမ်ပူပန်ရမှုသက်သာအောင် သင်ခန်းစာနည်းနည်းပါးပါးပေးလိုက်ရုံပဲ..."
"သင်ခန်းစာနည်းနည်းပါးပါးဟုတ်လား၊ ကြင်ယာတော်ကသူမကိုသေအောင်လုပ်ခဲ့တာ...."
ရန်ရှန်းချိုးမှာအလွန်သဘာ၀ကျစွာစွပ်စွဲလာခဲ့သည်။
"ရန်အမတ်ကြီး၊ ခင်ဗျားပြောခဲ့တဲ့စကားတွေလိုမျိုး လင်းရှောင်တသေ၀မတိမ်းပြန်ပြောပြမယ်၊ အဲဒီလိုစြပ္စြဲဖို့ အမတ်ကြီးမှာ သက်သေများရှိလို့လား"
ထို့နောက်သူ၏လေသံကပို၍မာလာခဲ့ပြီး
"လင်းရှောင်နောက်တစ်ကြိမ်ထပ်ပြီးစွပ်စွဲမယ်ဆိုရင် ကိုယ်လုပ်တော်ရန် လျှို့၀ှက်ကြံစည်ခဲ့တဲ့ကိစ္စတွေကို ထုတ်ပြောဖို့တွန့်ဆုတ်နေတော့မှာမဟုတ်ဘူး"
"ဒီငယ္သားရဲ့ သမီးက အမြဲလိမ္မာရေးခြားရှိပြီး အပြုအမူကောင်းတွေရှိတဲ့ကလေးပါ။ မောင်းမဆောင်ထဲမှာ သူမကအရှင်နှစ်သက်ခံရတဲ့ ကိုယ်လုပ်တော်တစ်ယောက်ဖြစ်ခဲ့တာ၊ ဒီငယ္သားရဲ့သမီးက ဘယ်လိုမျိုးဆိုတာ အရှင်အသိဆုံးပဲ၊ ဒါကိုမင်းက မဟုတ်မမှန်တဲ့စကားတွေနဲ့ စွပ်စွဲရဲတယ်"
"မဟုတ်မမှန်စွပ်စွဲနေတဲ့တစ်ယောက်က ရန်အမတ်ကြီးလို့ထင်တာပဲ..."
လင်းရှောင်တွန့်ဆုတ်မှုမရှိစွာဆိုလာခဲ့သည်။
"လင်းရှောင်ဘယ်တုန်းကမှ ကိုယ်လုပ်တော်ရန်ကိုမသေစေချင်ခဲ့ဘူး။ ဒါကို ခင်ဗျားက သူ့သေခြင်းတရားကို လင်းရှောင်အပေါ်ပုံချဖို့ကြိုးစားနေတယ်၊ အဲ့ဒီကိုယ်လုပ်တော်ရန်က စာရိတ္တမကောင်းမွန်တဲ့သူ၊ သူမကအရှင်ချမှတ်ထားတဲ့ စည်းမျဉ်းတွေကိုလည်းအကြိမ်ကြိမ်ချိုးဖောက်ခဲ့တယ်၊ ပြီးတော့အရှင့်ကိုလည်းဆေးခတ်ပြီး အကြိမ်ကြိမ်လုပ်ကြံဖို့ကြိုးစားခဲ့သေးတယ်၊ ဒါကိုတောင် ခင်ဗျားရဲ့သမီးက စာရိတ္တကောင်းမွန်ပြီးသိတတ်နေတုန်းလား..."
လင်းရှောင်နှာခေါင်းရှုံ့လျက် " အကယ်၍ရန်အမတ်ကြီးကစကားကိုလက်လွတ်စပါယ် ပြောနေတာမဟုတ်ဘူးဆိုရင်၊ ဘာလဲ၊ ကန်းနေလို့လား..."
"လင်းရှောင်၊ မင်းမျိုးမစစ်.."
ရန်ရှန်းချိုးမှာ အဆုံးတွင်သည်းမခံနိုင်အောင်ပေါက်ကွဲလာခဲ့ပြီး ညီလာခံလူအမ်ားရှေ့၌ပင် လင်းရှောင်ရှေ့သို့လျှောက်သွားကာ လက္ကိုမြှောက်လျက် ရိုက်ရန်ပြင်လိုက်သည်။
လင်းရှောင် ရန်ရှန်ချိုးတစ်ယောက် ဧကရာဇ်ရှေ့မှောက်၌ပင် ဤသို့လုပ်ရဲလိမ့်မည်မထင်ထားသဖြင့် ကြောင်အကာထိုအတိုင်းရပ်နေမိသည်။ ထိုလက္သီးက သူ့၏မျက်နှာကိုထိတော့မည့်အချိန်တွင် ဘေးဘက်မှာလက်တစ်စုံက ရန်ရှန်းချိုး၏လက်အား သန်မာစွာဖမ်းဆွဲထားလိုက်လေသည်။
လင်းရှောင်လည်းထိုတော့မှသက်ပြင်းချမိလျက် သူ၏ကယ်တင်ရှင်အားလှည့်ကြည့်လိုက်မိသည်။
ထိုသည်မှာ သူ၏ရန္သူဟောင်းလန်ေ၀့ပင်ဖြစ်ချေတော့သည်။