အပိုင်း ၈၇
Viewers 12k

လင်းရှောင်သူ့အားပြုံးပြလိုက်လျှင် လန်ေ၀့ကနှုတ်ခမ်းကိုတင်းတင်းစေ့လျက် ရန်ရှန်းချိုးအား လင်းရှောင်ထံမှာအေ၀းကိုဆွဲထုတ်လိုက်သည်။
လင်းရှောင်ထိုတော့မှာ အေးစက်စွာဆိုလိုက်သည်။
"ရန်အမတ်ကြီး ဒီနေရာကညီလာခံဆိုတာမမေ့နဲ့"
ရန်ရှန်းချိုး ရုတ်တရက်သတိပြန်၀င်လာလျှင် ချေွးအေးများကသူ၏နဖူးကိုစိုရွှဲသွားစေသည်။ သူကဧကရာဇ်အားချက်ချင်းလှည့်ကြည့်လိုက်မိသည်။
ဧကရာဇ်မှာ သူ့အားစူးရှစွာကြည့်နေခဲ့ပြီးထိုအကြည့်ကြောင်သူ့မှာအေးခဲသွားမိလေသည်။
"အမတ်ကြီးရန်က ကိုယ်တော့်ကို ရွိတယ္လို့တောင်သဘောမထားပုံပဲ..."
သူ၏ထေ့ငေါ့သောစကားလုံးတို့က ရန်ရှင်းချိုးအား တမဟုတ်ချင်းဖြူဖျော့သွားစေသည်။ သူကကြမ်းပြင်ပေါ်အသံမြည်သည်အထိဒူးထောက်ချလိုက်ပြီး တုန်ယင်စွာဆိုလိုက်သည်။
"ဒီ..ဒီ....ဒီငယ္သားက သမီးဖြစ်သူရဲ့မတရားမှုအတွက် ခံစားရလွန်းလို့ စိတ်မရှည်ဖြစ်သွားမိပါတယ်၊ ခွင့်လွှတ်မှုကိုတောင်းခံပါတယ်အရှင်"
သူကပြောရင်းနှင့်လင်းရှောင်ကိုဆွဲချရန်လည်းမမေ့ချေ။
"လင်းရှောင်က ဒီငယ္သားရဲ့သမီးကို မဟုတ်မမှန်စွပ်စွဲနေလို့ပါ။ သူကကျင့်ထုံးတွေကိုနားမလည်တဲ့အပြင် အရှင့်ကိုမျက်လုံးထဲမထည့်ပဲ အရှင့်နေရာကိုယူပြီး လက်လွတ်စပါယ်ဆုံးဖြတ်ရဲတယ်၊ သူကအင်မတန်အကြံကြီးတဲ့ မြေခွေးပါအရှင်၊ စဉ်းစားတော်မူပါ..."
လင်းရှောင် ရန်ရှန်းချိုးအားမုန်းတီးစွာကြည့်လိုက်သည်။ ဤလူမွာ အမွန္တကယ္ကို သူတပါးကိုစွပ်စွဲသည့်နေရာတွင်ဆရာတဆူပင်၊ သူကဧကရာဇ္အားဘယ္လိုတွေးပေးကြောင်း လင်းရှောင်ကမကောင်းသည့်လူဖြစ်ကြောင်း နည်းနည်းမှဟာကွက်မရှိအောင်ပြောသွားနိုင်သည်။ အကယ်၍ ဧကရာဇ်သာမိမိကိုအမှန်တကယ်မချစ်လျှင် ချက်ချင်းသံသယ၀င်စေလောက်သည်။
လင်းရှောင်လည်းဒူးထောက်ချလျက် အမြန်လျှောက်တင်လိုက်ရသည်။
"လင်းရှောင်ကို အရှင်သာအသိဆုံးပါ၊ မတွေးသင့်တဲ့မလျော်ကန်တဲ့အတွေးမျိုး လင်းရှောင်တစ်ခါမှမတွေးခဲ့ဖူးပါဘူးအရှင် လင်းရှောင်အပြစ်ကင်းကြောင်းလျှောက်တင်ပါတယ် အရှင် "
ဧကရာဇ်သည် နဂါးပလ္လင်ပေါ်တွင်ထိုင်နေသော ဧကရာဇ်၏မျက်နှာမှာအေးစက်လျက် ခန့်မှန်းရခက်လှသည်၊ ပါတ်၀န်းကျင်မှာလည်း အပ်ကျသံကိုပင်ကြားရလောက်အောင်တိတ်ဆိတ်လျက် အကြောက်တရားဖြင့်နှလုံးခုန်မြန်နေသော တဒုတ်ဒုတ်အသံများကိုပင်ကြားနိုင်လေသည်။
တစ်ချက် တစ်ချက်တိုင်းတွင် အချိန်ကတဖြည်းဖြည်းကျော်လွန်သွားခဲ့သည်။
အချိန်အတော်ကြာမှ ဧကရာဇ္က ရန်ရှန်းချိုးအားကြည့်လျက်ဆိုလာခဲ့သည်။
"အမတ်ကြီးက သမီးဖြစ်သူအတွက် ပူဆွေး၀မ်းနည်းနေရတာကို ကိုယ်တော်နားလည်တယ်၊ ဒါပေမယ့် လင်းရှောင်ပြောတာလည်းအမှန်တွေပဲ၊ ကိုယ်လုပ်တော်ရန်က နန်းတွင်းကစည်းမျဉ်းတွေကိုချိုးဖောက်တယ်၊ ကိုယ်တော့်ကို ဆေးခတ်ဖို့ကြိုးစားတယ် ဒါတွေကအမှန်တွေပဲ..."
ပြောပြီးနောက် ဧကရာဇ်သည် နောက်တွင်ရပ်နေသောကုန်းကုန်းတစ်ဦးအားကြည့်လိုက်ရာ ထိုကုန်းကုန်းလေးကရှေ့သို့ထွက်လာပြီးလက်ထဲမှတစ်စုံတစ်ခုကိုရန်ရှန်းချိုးအားကမ်းပေးလိုက်သည်။
"ဒါတွေက ကိုယ်လုပ်တော်ရန်သေဆုံးပြီးတဲ့နောက် စုဆောင်းထားတဲ့သက်သေတွေပဲ၊ အမတ်ကြီးဘာသာကြည့်နိုင်တယ်..." ဧကရာဇ်အေးစက်စွာဆိုလိုက်သည်။
ရန်ရှန်းချိုးခေါင်းကိုမော့လျက် ကုန်းကုန်းမှသူ့အားကမ်းပေးလာသည်တို့ကိုကြည့်လိုက်သည်။ ထိုသည်တို့ကိုမြင်သည်နှင့်သူ၏မျက်နှာမှာလည်း တမဟုတ်ချင်းဖြူဆုတ်သွားတော့သည်။ သူ၏လက်ထဲရှိ်နေသည်မှာမူးေ၀စေသောပန်းပင်တမျိုးပင်။
အမတ်ကြီးလည်း ဤပန်းမှာမည်သည့်ပန်းဖြစ်ကြောင်းတန်းသိသည်ပင်၊ ၎င်းမှာသူကိုယ်တိုင် ဧကရာဇ်၏နှစ်သက်မှုကိုရစေရန်ကိုယ်လုပ်တော်ရန်ကိုပေးခဲ့သောပစ္စည်းဖြစ်သည်။
သေစေနိုင်သည့်ဆေးတော့မဟုတ်သော်ငြား အသုံးများလျှင် ဧကရာဇ်၏နဂါးကိုယ်ကိုထိခိုက်စေမှာပင်။
နဂါးကိုယ်ကိုထိခိုက်စေခြင်းဆိုသည်မှာ ကောင်းကင်ဘုံ၏သားတော်ကိုလုပ်ကြံသော ပြစ်မှုကြီးဖြစ်နေဆဲပင်။
ရန်ရှန်းချိုး၏မျက်နှာမှာ သေလူကဲ့သို့ဖြူဖျော့သွားခဲ့ကာ အဆုံးမဲ့သောနောင်တများနှင့်ဒူးထောက်ကာထိုင်ချလိုက်တော့သည်။
"ညှာတာထောက်ထားတော်မူပါ အရှင်"
ဧကရာဇ္က တိတ်ဆိတ်နေဆဲဖြစ်သော်လည်း ရန်ရှန်းချိုးအားဖိနှိပ်နေသော အရှိန်အဝါများကမူတစ်ကိုယ်လုံးကိုတုန်ယင်စေသည်အထိ ။
"အရှင် ရန်အမတ်ကြီးက ညီလာခံနဲ့တိုင်းပြည်အတွက် အများကြီးစွန့်လွှတ်အနစ်နာခံထားတာပါအရှင်၊ ညှာတာထောက်ထားပေးတော်မူပါ..."
ရုတ်တရက်လူတစ်ယောက်ကထွက်လာပြီး တောင်းဆိုလျှင် တခြားမှူးမတ်တချို့ကလည်း ဒူးထောက်ကာ တောင်းပန်လာကြသည်။
လင်းရှောင် တိတ်ဆိတ်သွားမိသည်။ ညီလာခံတွင်းရှိအင်အားမှာ ရန်ရှန်းချိုးထံဦးတည်နေမှန်းကြားရသည်မှာ အမှန်ဖြစ်ကြောင်း အခုမှအတည်ပြုနိုင်လိုက်သည်။
ဧကရာဇ်ပင်လျှင် ရန်ရှန်းချိုးအားဖြုတ်မပစ်နိုင်မည်ကိုစိုးမိသည်။
"မင်းတို့ရဲ့စကားတွေကလည်းမမှားပါဘူး။ အမတ်ကြီးရန်ကအမှန်တကယ်ပဲ တိုင်းရေးပြည်ရေးအတွက် အများကြီးထမ်းဆောင်ပေးခဲ့သူပါ...ဒါပေမယ့် မင်းတို့အရှေ့ကကြင်ယာတော်က ကိုယ်တော်နဲ့တန်းတူပဲလို့ပြောခဲ့ပြီးသား။ ဒါကိုအမတ်ကြီးရန်ကညီလာခံအလယ်မှာကြင်ယာတော်အပေါ်ရိုင်းပြတာကိုကိုယ်တော်ကဘယ်လိုများခွင့်လွှတ်ပေးရမှာလဲ..."
ညီလာခံတွင်းမှမည်သူမျှ စကားတစ်ခွန်းသော်မျှမဆိုနိုင်တော့ချေ။
လင်းရှောင်ယခုတော့မှ ဧကရာဇ်သူ့အားညီလာခံအား ခေါ်လာရသည့်အကြောင်းကိုသိလိုက်ရသည်။
မိမိအား ရန်ရှန်းချိုးကိုရန်စစေသည်။ဤနည်းဖြင့် ရန်ရှန်းချိုးမှာ ပေါက်ကွဲလျက် မလျော်မကန်ပြုမူလာသောအခါ အလွယ်တကူအပြစ်ပေးလို့ရမည်ဖြစ်သည်။
လင်းရှောင် သူ့ကိုယ်သူမျက်လုံးမလှိမ့်မိစေရန် မနည်းထိန်းလိုက်ရပြန်သည်။
"ရဲမက်တွေ အမတ်ကြီးရန်ကိုကိုယ်တော်စီရင်ချက်ချတော်မူမယ်၊အကျဉ်းချစေ..."
ဧကရာဇ်ကသူ့ထံလှည့်ကြည့်လာကာ
"လင်းရှောင် ၊ မင်းကကိုယ့်တော်အတွက်လုပ်ပေးခဲ့တာဆိုပေမယ့် အမတ်ကြီးလည်းဒီလိုစကားကိုပဲပြောခဲ့တာဆိုတော့ မင်းလည်းပြစ်ဒဏ်ခံရမယ်၊ ကျေနပ်ရဲ့လား"
ဧကရာဇ် မိမိအားအပြစ်ပေးပြီးမဟုတ်ပါလော။
အရင်တစ်ခါအပြစ်ပေးသည်မှာ မောင်းမဆောင်အတွက်ဟန်ပြသက်သက်ဖြစ်ကာ ယခုသူကအရာရှိတစ်ဦး၏တာ၀န်ကိုယူရတော့မည်မို့ အပြစ်ထပ်ပေးခံရမည်လော။
လင်းရှောင်မကျေမနပ်တွေးလိုက်မိကာ ခေါင်းကိုသာငုံ့လျက် ရိုသေစွာပြန်ဖြေလိုက်ရသည်။
"လင်းရှောင်နာခံပါ့မယ်..."
"သိပ်ကောင်းတယ်"ဧကရာဇ်ကျေနပ်စွာမျက်လုံးကိုမှေးကျဉ်းလိုက်ကာ၊
"ဒါဆိုကိုယ်တော်မင်းကို မနက်ခင်းညီလာခံတက်ဖို့ပိတ်ပင်တယ်၊ အရင်၀န်ကြီးကပဲမင်းရဲ့တာ၀န်ကိုဆက်ယူလိမ့်မယ်"
"..."အပြစ်ပေးခြင်းမပေးခြင်းက ကွာခြားပုံမပေါ်ချေ။
သူသည်အစကတည်းမနက်ခင်းညီလာခံကိုတက်ချင်ခဲ့သည်မဟုတ်ချေ။ အထူးသဖြင့်အရှင်နှင့်တစ်ညတာအတူကုန်ဆုံးပြီးလျှင်ညီလာခံတက်ရန်အားအင်များပင်မကျန်ချေ။
လင်းရှောင်အရိုအသေပေးလျက် တုန့်ပြန်လ်ုက်သည်။
"ကျေးဇူးကြီးလှပါတယ်အရှင်"
"ထနိုင်ပြီ" ဧကရာဝ်၏ဆိုပြီးနောက် နောက်ထံပါးမှကုန်းကုန်းငယ်တစ်ယောက်အား မျက်လုံးဖြင့် အချက်ပေးလိုက်သည်။ သူကအလျင်အမြန်ရှေ့သို့ထွက်လျက် ကြေညာလိုက်တော့သည်။
"မနက်ခင်းညီလာခံပြီးဆုံးပါပြီ"
"အရှင်မင်းကြီးသက်တော်ရာကျော်ရှည်ပါစေ"
ဧကရာဇ်သည် လင်းရှောင်အားသူနှင့်အတူပြန်ရန်ခေါ်မသွားခဲ့သော်လည်း ဤအဖြစ်အပျက်ပြီးနောက်တွင် လူတိုင်းက အရှင့်ရင်ထဲတွင် လင်းရှောင်ကမည်မျှအရေးပါကြောင်းရှင်းလင်းသွားခဲ့သည်။
ထို့ကြောင်မည်သူမျှလင်းရှောင်ကိုရန်မစရဲချေ။
အားလုံးထွက်သွားကြသည်ကို စောင့်ပြီးနောက် လန်ေ၀့ကလျှောက်လာပြီးသူ့အားအလွန်မပျော်မရွှင်သောအမူအယာဖြင့်စိုက်ကြည့်လာခဲ့သည်။
"ကြင်ယာတော်ကတကယ်ကို ထူးကိုထူးရမွကျေနပ်ပုံပဲ"
သူ၏လေသံကထေ့ငေါ့နေသော်ငြား စိတ္ပူနေပုံလည်းပေါက်သည်ပင်။
"မင်းမကြားဖူးဘူးလား။ အပင်မြင့်လေလေတိုက်လေတဲ့" လန်ေ၀့ကဆိုလာသည်။
လင်းရှောင်နှုတ်ခမ်းတို့တွန့်သွားမိကာသူ့အားလှည့်ကြည့်လိုက်သည်။
"ငါ့ကိုသတိထားစေချင်တယ်ဆိုရင်လည်း ဒီတိုင်းရိုးရိုးပြောလို့ရပါတယ်၊ အဲလိုထူးထူးဆန်းဆန်းတွေလုပ်မနေပါနဲ့..."
ထို့နောက်လင်းရှောင်ထွက်သွားမည်ပြင်လိုက်လျှင် လန်ေ၀့နောက်မှအမြန်လိုက်လာပြန်သည်။
"တစ်ယောက်ယောက်က ကူညီတဲ့အခါအသိအမှတ်လေးတော့မပြုပေးနိုင်ဘူးလား၊ ငါသာရန်ရှန်းချိုးကိုမတားခဲ့ရင် မင်းမျက်နှာကလည်း သေသွားတဲ့ကိုယ်လုပ်တော်ရန်နဲ့တစ်ရုပ်တည်းဖြစ်နေလောက်ပြီ"
"မင်းငါ့ကိုကျိန်ဆဲနေတာလား..."
လင်းရှောင်ရပ်လိုက်သည်။ ဤနေရာမှသူနှင့် လန်ေ၀့ခွဲရမည်နေရာဖြစ်သည်။ မိမိမွာမောင်းမဆောင်ဘက်ကိုပြန်ရမည်ဖြစ်ပြီး။ လန်ေ၀့ကမူ နန်းတွင်းကထွက်ခွာရမည်ပင်
လန်ေ၀့လည်းရပ်တန့်သွားပြီးနောက် တိတ်ဆိတ်သွားခဲ့သည်။
"ငါမင်းကိုစိတ်ပူနေတယ်ဆိုတာကိုတော့ မင်းသိသားပဲ..."
လင်းရှောင်ထွေငေါ့လိုက်သည်။
"မင်းစိတ်ပူတာကြီးကလည်းအမြဲကြောင်တောင်တောင်နဲ့..."
"..."လန်ေ၀့ခေါင်းကိုလှည့်လိုက်သည်။
"ငါဒီနေ့မင်းကိုတွေ့ရလိမ့်မယ်မထင်ထားဘူး"
"ငါ့ကိုလွမ်းလို့လား"လင်းရှောင်စနောက်လိုက်သည်။
လန်ေ၀့၏မျက်နှာမှာ တမဟုတ်ချင်းနီရဲသွားလျက်
"ဘယ်သူကလွမ်းရမှာလဲ၊ ရူးနေလို့လား"
လင်းရှောင်၏နှုတ်ခမ်းတို့တွန့်သွားကာ
"ငါကရူးနေတာ..ဟုတ္လား"
လင်းရှောင်ခြေထောက်အားမြှောက်လျက် သူ့အားတချက်ကန်လိုက်သည်။
"ပြောရဲရင်ထပ်ပြောကြည့်စမ်း"
"မင်း" လန်ေ၀့မှာနာကျင်မှုကြောင့်ခြေထောက်ကိုပွတ်သပ်လျက် သူ့အားစိုက်ကြည့်လာခဲ့သည်။ လင်းရှောင်ကမူ ရန်မူလိုက်ရ၍ကျေနပ်နေသောကြောင်ရိုင်းလေးတစ်ကောင်သဖွယ်သူ့အား၀င်ွကြွားစွာကြည့်နေခဲ့သည်၊
လန်ေ၀့နှုတ်ခမ်းကိုတင်းတင်းစေ့လျက် သူ၏အခုန်မြန်လာသောရင်ဘတ်ကိုထိန်းချုပ်နေခဲ့သည်။ သူလင်းရှောင်၏မျက်နှာကိုမော့ကြည့်မိလျှင် သူ၏ရင်ထဲမှ မွန်းကြပ်သော ခံစားချက်ကိုမတားဆီးနိုင်ပါချေ။
"ဘာလဲ" လင်းရှောင်ကသူ့အားမေးဆတ်လျက်မေးလိုက်သည်။
"ရုတ်တရက်ကြီးဘာလို့တိတ်ဆိတ်သွားတာလဲ"
လန်ေ၀့လည်း လင်းရှောင်၏အကြည့်မှပုန်းကွယ်လိုက်ပြီး
"မင်းသွားသင့်ပြီ၊ အရှင်မင်းကိုစိတ်ပူနေလိမ့်မယ်"
"ဒါဆိုလည်းငါသွားတော့မယ်" လင်းရှောင်သူ၏တောင့်တင်းနေသောအမူအယာအားအကဲခတ်ရင်းဆ်ုလိုက်သည်။
လန်ေ၀့မှာထွက်သွားရန်ပြောသော်လည်း အမွန္တကယ္မသြားစေချင်သောအမူအယာဖြင့်တားရန်ပြင်လိုက်ပြီးမှ ရပ်တန့်လိုက်ပြန်သည်၊
လင်းရှောင်မျက်မှောင်ကြုတ်လိုက်မိသည်။ လန်ေ၀့ထူးဆန်းနေသည်ကိုခံစားမိသော်လည်း မည်သည်ကမှားယွင်းနေမှန်းမပြောနိုင်ချေ။
သူကသက်ပြင်းချလျက် လန်ေ၀့ကိုဆွဲကာ
"ကောင်းပြီပြောစရာရှိနေရင် ဒီအတိုင်းပြောလိုက်၊ သိပ်စဉ်းစားမနေနဲ့ ၊ငါ့ကိုမသြားစေချင်မှန်းသိသာနေတာပဲကို မင်းမှာပြောစရာတစ်ခုခုရှိနေတယ်မလား၊ ဘာလဲပြောလိုက်..."
"..."လန်ေ၀့ဖြစ်ညစ်ကာပြုံးလိုက်ရသည်။
"ငါ့မွာဘာမွပြောစရာမရှိပါဘူး"
"တကယ္လား" လင်းရှောင်မေးလိုက်သည်။
လန်ေ၀့ကခေါင်းငြိမ့်လိုက်လျှင် လင်းရှောင်နှုတ်ခမ်းကိုတင်းတင်းစေ့လျက်
"ပြီးရောလေ ဒါဆိုငါသွားပြီ..."
လင်းရှောင်ထရပ်ကာ လှည့်ထွက်သွားတော့သည်။
တွန့်ဆုတ်နေခြင်းမရှိတော့ချေ။
လန်ေ၀့မှာ၄င်းကိုမြင်လျှင် မနေနိုင်ပဲ သူ၏၀တ်ရုံလက်ကိုလှမ်းဆွဲလိုက်မိပြန်သည်။
"..."လင်းရှောင်ရှုပ်ထွေးစွာလှည့်ကြည့်လာခဲ့သည်။
လန်ေ၀့အမြန်လွှတ်လိုက်ကာ သူ၏အပြုအမူကို ဖုံးကွယ်ချင်ပုံဖြင့် တစ်စုံတစ်ခုကိုအလျင်အမြန်ပြောလာခဲ့သည်။
"ကိုယ်လုပ်တော်ရန်သေသွားတာကထူးဆန်းတယ်၊ မင်းဂရုစိုက်ပါ...."
"မင်းလည်းအဲလိုထင်တာပဲလား..." လင်းရှောင်လန်ေ၀့ကို အံ့အားသင့်စွာကြည့်လိုက်သည်။
လန်ေ၀့မျက်မှောင်ကြုတ်လျက် " သူမက သူ့ကိုယ်သူသတ်သေမယ့်ပုံစံမျိုးမှမဟုတ်တာ၊ ဒါပေမယ့်ဧကရာဇ်ကတမင်စုံစမ်းစစ်ဆေးတာမျိုးမလုပ်ခဲ့ဘူး။ အဲဒါကြောင့် ဒီတိုင်းသတ်သေမှုပဲဖြစ်သွားတာ"
"မင်းဘာကိုပြောချင်တာလဲ"
လင်းရှောင်မျက်ခုံးတို့တွန့်ကွေးသွားခဲ့သည်။
လန်ေ၀့ခဏမျှတွန့်ဆုတ်နေပြီးမှ
"နေရာချထားရေးအမတ်ကြီးအုပ်စုကတဖြည်းဖြည်းအင်အားကြီးလာတာလေ၊ ဧကရာဇ်ကဘယ်လိုခွင့်ပြုထားနိုင်မှာလဲ၊ ကိုယ်လုပ်တော်ရန်ရဲ့သေဆုံးမှုက အဲဒီအုပ်စုအတွက် ကြီးမားတဲ့နစ်နာမှုကြီးပဲ၊ ဒါဆိုသူမကိုအသေစေချင်ဆုံးကဘယ်သူဖြစ်လိမ့်မလဲ..."
"အရှင်.." လင်းရှောင်မျက်လုံးများကိုပြူးလိုက်မိသည်။
လန်ေ၀့လင်းရှောင်၏နှုတ်ခမ်းအားအမြန်ကာလိုက်သည်။
"လက်လွတ်စပါယ်လျှောက်မပြောနဲ့၊ ဧကရာဇ္ကဒီအကြောင်းကိုစုံစမ်းဖို့စိတ်ကူးမရှိမှတော့၊ သတ်သေတယ်ဆိုတာအမှန်ပဲ၊ ကြားလား..."
"လင်းရှောင် ခေါင်းငြိမ့်လိုက်သည်။
လန်ေ၀့မှာနူးညံ့ပြီး နွေးထွေးသောပါးပြင်ကိုထိတွေ့လိုက်ရစဉ် ပြန်လွှတ်ရန်ပင်တွန့်ဆုတ်နေမိသည်၊ သူကအလွန်ငြိုးငယ်စွာပြောလာသည်။
"ဧကရာဇ် နေရာချထားရေးအမတ်ကြီးကိုစီမံတာက ကောင်းတဲ့နည်းနဲ့တော့မဟုတ်ဘူး။ ဒါပေမယ့် ကြာလာရင်မင်းကိုထိခိုက်မှာစိုးလို့ သူလုပ္ဖို့ရွေးချယ်ခဲ့တာ။ ဒါကြောင့်ဧကရာဇ်ကမင်းကိုသိပ်ဂရုစိုက်တယ်..ဒါကြောင့်..."
ဒါကြောင့် ငါစိတ်ချပါပြီ။
လန်ေ၀့သူ၏ရင်ထဲမှသာထိုစကားကိုဆိုလိုက်သည်။
လင်းရှောင်ကသူ့အားကြည့်လျက် "ဒါကြောင့် ဘာဖြစ်လဲ"
"ဘာမှမဟုတ်ပါဘူး" လန်ေ၀့ခေါင်းကိုခါလျက် ကျောခိုင်းလိုက်သည်။
"မင်းမသွားသေးရင်လည်း ငါသြားတော့မယ်..."
ပြောပြီးနောက် နောက်မှတစ်ယောက်ယောက်လိုက်လာသကဲ့သို့ အျမန္ထြက္သြားတော့သည်။ မျက်စိတမှိတ်အတွင်းမှာပင် သူ၏ကျောပြင်မှာပျောက်ကွယ်သွားတော့သည်။
"..."လင်းရှောင်မှာဆွံ့အသွားရသည်။ ဒီလန်ဝေ့ကတကယ်နားလည်ရခက်တာပဲ...
ဒါဆိုရင် ကိုယ်လုပ်တော်ရန်က အရှင့်အမိန့်အရ အဆုံးစီရင်ခံရတာလား။
လင်းရှောင်လက်ခံသည်။ ဧကရာဇ်တွင်အမှန်ကို ထိုအကြံအစည်ရှိသည်ပင်။
ညီလာခံအရေးကိစ္စများမှာသူတွေးထားသည်ထက် ရှုပ်ထွေးလွန်းသည်။
ပြန်သည့်လမ်းတွင် လင်းရှောင်တစ်စုံတစ်ဦးနှင့်ဆုံခဲ့သည်။
၄င်းမှာ သူရင်နှီးနေပြီးဖြစ်သည့်မောင်းမဆောင်ထဲမှ ကိုယ်လုပ်တော်လီပင်ဖြစ်တော့သည်။
သူမ၏အစေခံမှ သူ့ကိုမြင်လျှင် ထိတ်လန့်ကာရှောင်ကွင်းသွားသည်မို့ လင်းရှောင်လည်းမသင်္ကာပဲနောက်မှလိုက်သွားတော့သည်။
"သခင်မ ကျွန်မတို့ဘာလို့ပြေးရမှာလဲဟင်..."
အစေခံမှသူမသခင်မနောက်မှပြေးလိုက်ရင်း မေးလိုက်သည်။
ကိုယ်လုပ်တော်လီမှာ အသက္ကိုအမောတကောရှူရင်း ဆိုလာသည်။
"အ..အရှင် မင်းကြီးရောက်နေပြီ"
"ရောက်နေတော့ပိုမကောင်းဘူးလား သခင်မရဲ့၊ ဒီလိုဆိုရင် ကြင်ယာတော်ကိုတွေ့ရင်း အရှင်မင်းကြီးနဲ့လည်းဆုံရမယ်လေ၊ ပိုကောင်းတဲ့ကိစ္စမဟုတ်ဘူးလား... "
ရင်အာမှာ သူမ၏သခင်မကိုဤမျှကောင်းသောအခွင့်အရေးကို မယူရကောင်းလားဟု မကျေမနပ်ပြောလာခဲ့သည်။
"ငါ.." ကိုယ်လုပ်တော်လီကမျက်မှောင်ကြုတ်ကာ ခေါင်းကိုခါယမ်းလိုက်သည်။
"ရင်အာ ပြန်ကြရအောင်..."
"သခင်မ၊ ကြင်ယာတော်ကိုမတွေ့တော့ဘူးလား...." ရင်အာက အံ့အားသင့်စွာမေးလိုက်သည်။
"အခုလောလောဆည် ကြင်ယာတော်က မျက်နှာသာပေးခံနေရတာ၊ သခင်မကသူ့ဆီသွားတောင်မလည်ပဲ အရိုအသေမပေးရင် ဒုက္ခမရောက်ပေဘူးလား..."
"ဒါပေမယ့် ရင်အာ အရှင်ကိုယ်တိုင်က ကြင်ယာတော်ကိုမနှောင့်ယှက်ဖို့ပြောထားတယ်လေ..."
"အဲဒါကအရင်တုန်းကလေ..."
ရင်အာကမျက်မှောင်ကြုတ်လျက်
"အခုစိတ်ပြောင်းသွားပြီဆိုရင်ဘယ်လိုလုပ်မလဲ၊ ကြင်ယာတော်က ကိုယ်လုပ်တော်ရှန်းဆီက ဟုန်ယဲ့ကို ေ၀းပို့ခိုင်းလိုက်တယ်၊ ပြီးတော့ကိုယ်လုပ်တော်ရန်ကိုလည်း ကြိုးဆွဲချခိုင်းလိုက်တယ်လေ။သူကအတော်နားလည်ရခက်တဲ့သူ။ သခင်မသူ့ဆီမသွားလို့မရဘူး"
"ဒါပေမယ်.."
"ဒါပေမယ့်ဆိုတာမရှိဘူး ၊ သခင်မ...လာကျွန်မတို့ကြင်ယာတော်ကိုသွားတွေ့မယ်၊ ကံကောင်းလို့အရှင်နဲ့တွေ့တော့လည်း သခင်မကိုသဘောကျချင်ကျသွားနိုင်တာပဲ...."
"ရင်အာ..."
ကိုယ်လုပ်တော်လီ၏အမူအယာမှာလွန်စွာမသက်မသာဖြစ်လျက်...
" ငါအရှင်နဲ့ နှစ်ယောက်တည်းအတူမရှိချင်ဘူး၊ ငါညီအစ္မတွေကြားမှာလည်း မျက်နှာသာရဖို့မပြိုင်ချင်ဘူး။ ပုံမွန္ဆို ကိုယ်လုပ်တော်ရှန်းကလည်းအေးဆေးပဲ၊ ကိုယ်လုပ်တော်ရန်ကလည်း ငါအရှင့်နားကပ်ဖို့မလုပ်တာတွေ့တော့ ငါ့ကိုလွှတ်ထားပေးတယ်လေ၊ ငါဒီတလျှောက်လုံးအဆင်ပြေနေတာပဲမဟုတ်ဘူးလား။ ကြင်ယာတော်လည်း.."
"သူနဲ့သွားမပြိုင်သ၍အဆင်ပြေနေတဲ့ကိစ္စမျိုးမဟုတ်တော့ဘူး သခင်မရဲ့..."
ရင်အာက ကိုယ်လုပ်တော်လီအားဖြတ်ပြောလိုက်သည်။
"ဒီကြင်ယာတော်ကအရင်လူတွေနဲ့မတူဘူး။ သခင်မဘက်ကအေးဆေးနေလဲ သူကအနှေးနဲ့အမြန် သခင်မကိုရှင်းပစ်ဖို့လုပ်ဦးမှာပဲ၊ သခင်မသာ အရှင့်ဆီကနှစ်သက်မှုလေးနည်းနည်းပါးပါးရရင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တာပေါ့၊ ဧကရာဇ္ကသာ သခင်မကိုလုံး၀ဂရုမစိုက်ရင် အခြေအနေကစိုးရိမ်ရတယ်နော်..."
"..."လင်းရှောင်မှာ ထိုနှစ်ဦး၏အပြန်အလှန်စကား၀ိုင်းကိုကြားလျှင်နှုတ်ခမ်းကိုတွန့်လိုက်မိသည်။
သူကရင်အာပြောသလောက်အမှန်တကယ် ကြောက်စရာကောင်းနေသည်လား။
လင်းရှောင်ချောင်းဟန့်သံပေးလိုက်သည်။
ရင်အာမှာချက်ချင်းသတိအနေအထားဖြင့် ကိုယ်လုပ်တော်လီအားကျောကိုပို့ကာ လှည့်ကြည့်လာသည်။
"ဘယ္သူလဲ"
လင်းရှောင်သည်အကွယ်မှ ထွက်လာခဲ့ပြီး ထိုနှစ်ဦးကို မထူးမခြားနားစွာကြည့်လိုက်သည်။
သည်နေ့တွင် ကိုယ်လုပ်တော်လီမှာ ပန်းရောင်စကပ်ကို၀တ်ဆင်လျက် ပန်းရောင်ဆံထိုးနှင့် ပေါ့ပါးသော မိတ်ကပ်ကိုသာလိမ်းကျံထားခဲ့သည်။ ထို့ကြောင့်သူမမှာအလွန်လှပကာချစ်စရာကောင်းလွန်းလှသည်။
သူမဘေးမှ မိန်းကလေးမှာမူ အစေခံအ၀တ်အစားများကို၀တ်ဆင်လျက် သူမအားနောက်ကွယ်ကာကွယ်ပေးထားခဲ့သည်။ ဤသည်ကြောင့်ပင် သူမမွာ သစ္စာရှိအစေခံဖြစ်ကြောင်းထင်ရှားနေခဲ့သည်။
လင်းရှောင်ဖျော့တော့စွာပြုံးလျက် "မင်းတို့အဲသလောက် စိတ်လှုပ်ရှားဖို့မလိုပါဘူး ငါက"
လင်းရှောင်မျက်တောင်တချက်ခတ်လျက် ထိုနှစ်ဦးမိမိကို ကြင်ယာတော်မှန်းသိလျှင် ကြောက်ရွံ့သွားမည်စိုးသဖြင့်
"ငါကလန်ေ၀့ပါ၊ ခုမွညီလာခံကထြက္လာတာ၊ အရှင်အခေါ်တော်ရှိလို့ဒီဘက်ကိုရောက်လာတာ၊ တွေ့ရတာ၀မ်းမြောက်မိပါတယ်..."
လင်းရှောင်ပိုင်နိုင်စွာသရုပ်ဆောင်လျက် သူမအား ဦးညွတ်လိုက်သည်။ သို့သော်စိတ်ထဲကမူမိမိကိုယ်မိမိကျိန်ဆဲနေမိလေသည်။