အပိုင်း ၈၈
Viewers 14k

သူပြောသည့်စကားမှာ အဖာရာဗလပွနှင့်ပင်၊ ဦးစွာသူကအရှင်မင်းကြီးထံမှအခေါ်ခံရလျှင်လည်း ညီလာခံပြီးသည်နှင့် စာကြည့်ဆောင်ကိုသာတန်းသွားသင့်သည်။ အဘယ်ကြောင့်တော်၀င်ဥယာျဉ်မှာရှိနေပါမည်နည်း။ နောက်တစ်ခုကတော့ ကိုယ်လုပ်တော်လီနှင့်လန်ေ၀့မှာ ယခင်ကဆုံဖူးပြီးသားပင်၊ ဒါကိုတောင်သူကအရိုအသေပင်ပေးလိုက်သေးသည်။အဓိပ္ပါယ်လုံး၀မရှိချေ။
သူတို့သာလိမ်နေမှန်းမသိလျှင် ပို၍ထူးဆန်းနေလိမ့်မည်။
သို့သော်ကိုယ်လုပ်တော် လီကမူ အလွန်ရိုးသားသောမျက်၀န်းများဖြင့် ကြည့်လာကာ
"ဒါကနာမည်ကျော်ကြားတဲ့ စစ်သူကြီးလန်ပေါ့၊ ကျေးဇူးပြုပြီးထပါ၊ အရှင်ကကြင်ယာတော်နန်းဆောင်မှာမရှိပါဘူး။ ရှင်သွားသင့်ပြီ"
"..."လင်းရှောင်မျက်လုံးအပြူးသားဖြင့်မယုံနိုင်ဖြစ်သွားမိသည်။
ကိုယ်လုပ်တော်လီကအဲဒါကိုယုံတယ်လား။
လင်းရှောင်ခေါင်းကိုမော့ကြည့်လိုက်လျှင် အစေခံမိန်းကလေးမှ ကိုယ်လုပ်တော်လီ၏၀တ်ရုံလက်ကိုဆွဲနေသည်ကိုတွေ့လိုက်ရသည်။ သူမသည် သူမ၏သခင်ကိုသတိပေးရန်ကြိုးစားနေပုံပင်၊ သိူ့သော်ကိုယ်လုပ်တော်လီကမူ မသိချင်ယောင်ဆောင်လျက် ရိုးသားသော မျက်လုံးရွဲကြီးများဖြင့် သူ့အားလမ်းညွှန်ပြနေသေးသည်။
မောင်းမဆောင်တွင်ရုန်းကန်ရပြီးနောက်အစေခံလေးမှာသူမသခင်ထက် ပို၍ထက်လှသည်။
ကြည့်ရသည်မှာ အတိတ္ဘ၀ကသူသိခဲ့သော ကိုယ်လုပ်တော်လီမှ ရင်အာဖန်တီးခဲ့သောပုံရိပ်ယောင်သက်သက်ပင်ဖြစ်လိမ့်မည်။
လင်းရှောင် ရင်ထဲမှသာတွေးလိုက်ပြီး သူမတို့အားထပ္မနှောင့်ယှက်ချင်တော့သဖြင့် ကျောခိုင်းကာထွက်ခွာလာခဲ့တော့သည်။
"သခင်မ" သူတို့အေ၀းကိုရောက်သွားတာတောင်မှ အစေခံမလေး၏သွားကြားမှထွက်လာသော ခေါ်သံကို လင်းရှောင်ကြားနိုင်သေးသည်ပင်။
ဘယ်လောက်တောင်စိတ်၀င်စားဖို့ကောင်းတဲ့အစေခံလဲ၊ လင်းရှောင်ပြုံးလိုက်မိသည်။
သူပြုံးနေမိစဉ် စားပြဲတွင်ထိုင်လျက် အရေးကိစ္စစာလိပ်များကိုဖြေရှင်းနေသော ဧကရာဇ္အားတွေ့လိုက်ရတော့သည်။
လင်းရှောင်ရောက်လာသည်ကိုမြင်လျှင် သူကသတိလက်လွတ်မေးလိုက်သည်။
"ဘာကြောင့်အဲသလောက်ပြုံးနေရတာလဲ"
"စိတ်၀င်စားဖို့ကောင်းတဲ့သူနှစ်ယောက်နဲ့ဆုံခဲ့လို့ပါ၊ "
နှစ်ဦးတည်းရှိချိန်တွင် လင်းရှောင် ဧကရာဇ္အားအရိုအသေမပေးသည်ကိုအကျင့်ဖြစ်နေခဲ့ပြီဖြစ်ကာ ဧကရာဇ္နံဘေးသို့တိုက်ရိုက်လျှောက်သွားလိုက်သည်။လင်းရှောင်မှာဖုံးကွယ်ထားဖို့ရည်ရွယ်ချက်မရှိပဲ ဧကရာဇ်အားပွင့်လင်းစွာပင်ပြောလိုက်သည်။
"သူတို့ထဲကတစ်ယောက်ကို အရှင်ကောင်းကောင်းရင်းနှီးပါတယ်..."
ဧကရာဇ္ကခေါင်းမော့မလာသော်လည်း အလုပ်လုပ်ရင်းကပင်ဆက်မေးလိုက်သည်။
"ဘယ္သူလဲ"
"ကိုယ်လုပ်တော်လီပါ" လင်းရှောင်ပြုံးလျက်ဆိုလိုက်သည်။
ဧကရာဇ်၏ စုတ်တံကိုင်ထားသောလက်မှာတန့်သွားပြီးသူ့အားကြည့်လာခဲ့သည်။
"မင်းကိုအနှောင့်အယှက်ပေးလို့လား"
လင်းရှောင်မျက်ခုံးပင့်မိလျက် ပြုံးကာ
"မဟုတ်ပါဘူး၊ ဘာလို့မေးတာလဲ..."
ဧကရာဇ်သည်ခေါင်းကိုပြန်ငုံ့လျက် စုတ်တံအားပြန်လည်လှုပ်ရှားလိုက်တော့သည်။
" သူမ မလုပ်ရင်ကောင်းတယ်"
လင်းရှောင် တန့်သွားမိကာ အရှင့်၏ပူပန်ပေးမှုလေးကြောင့် ရင်ထဲနွေးထွေးသွားရသည်။ သူသည် သတ္တိကိုစုစည်းလျက် ဧကရာဇ်၏ပါးပြင်အားရွှတ်ခနဲနမ်းလိုက်ပြီး အကြည့်ကိုရှောင်လွှဲကာဆိုလိုက်သည်။
"ကျွန်တော်မျိုး အရှင့်ရဲ့မနက်စာကိုသွားစစ်ဆေးလိုက်ဦးမယ်"
ဧကရာဇ်မှာ လင်းရှောင်ပါးပြင်မှနားဖျားလေးအထိပန်းရောင်သန်းနေမှုကိုမြင်ရလျှင်ထရပ်ကာ လက်းရှောင်ထွက်မသွားနိုင်ရန်ဆွဲထားလိုက်သည်။ ထို့နောက်ရင်ခွင်ထဲသို့ဆွဲဖက်လိုက်လေသည်။
"ကိုယ်တော်ကတော့ ကိုယ်တော့်ရှေ့ကလူကလွဲရင်တခြားဘာကိုမှမစားချင်ဘူးရော"
ပြောပြီးနောက် လင်းရှောင်၏ကိုယ်အားအောက်သို့ဖိချလိုက်ကာ အစားအသောက်ကိုအနံ့ခံသကဲ့သို့ပင် သူ့အားအနံ့ခံလာခဲ့သည်။
လင်းရှောင်၏မျက်နှာမှာ တမဟုတ်ချင်းလောင်ကျွမ်းသွားလျက် အနီရောင်သန်းလာခဲ့သည်။ နှလုံးမှာအခုန်မြန်လွန်း၍ လည်ချောင်းထဲမှပင်ခုန်ထွက်လာတော့မည့်အလား။
လင်းရှောင်တံတွေးကိုမြိုချလိုက်ကာ ခက်ခက်ခဲခဲအသံပြုလာခဲ့သည်။ "အ..အရှင် နေ့အချိန်ကြီးမှ ဒီလိုမျိုး မသင့်တော်ပါဘူး ၊ အာ့.."
သူ၏နောက်ဆုံးစကားလုံးတို့မှာ ဧကရာဇ်၏လက်မှအ၀တ်ထဲတိုး၀င်ပွတ်သပ်မှုတို့ကိုငြီးငြူရင်းပျောက်ရှသွားရတော့သည်။ လင်းရှောင်၏မျက်လုံးမှာ မျက်ရည်များ၀ဲလျက် သူ၏နောက်ဆုံးလက်ကျန် အသိစိတ်လေးကိုသုံး၍ ဧကရာဇ်အားငြင်းဆန်ကြိုးစားလိုက်သေးသည်။
သို့သော်သူ၏ကိုယ်ကမူရိုးသားစွာတုန့်ပြန်နေခဲ့ချေပြီ။
သူသည်ဧကရာဇ်၏အထိအတွေ့များအောက်တွင် သာယာမွုကြောင့်ရှက်ရွံ့စွာပျော့ခွေလျက်၊ သူမည်မျှပင် အသိ၀င်ဖို့ကြိုးစားသည့်တိုင် သူ၏ကိုယ်မှာသာယာမှုနောက်ကိုမစီးမျောပဲမနေနိုင်ချေ။
လင်းရှောင်အံကိုကြိတ်လျက် ၊ မျက်လုံးကိုအတင်းဖွင့်ကာ ဧကရာဝ်အားကြည့်လိုက်သည်။ သိူ့သော်သူ့ရှေ့မှမြင်ကွင်းက သူ၏မျက်လုံးကိုပို၍မှုန်ရီသွားစေသည်။
သူ၏မ်က္စိရှေ့မှဧကရာဇ်မှာ အစစ်အမှန်ဟုမထင်ရသောအိပ်မက်တစ်ခုလို အလွန်ခန့်ညားချောမောလွန်းလှသည်။
လင်းရှောင်၏နှလုံးခုန်သံကပို၍မြန်လာပြီး သူ၏မှုန်ဝါးသောအမြင်အာရုံကြောင့်ပို၍အထိမခံဖြစ်လာမိသည်။
အနည်းမျှ ထိထွေ့လ်ုက်ရုံဖြင့်ပင် သူ့မှာမထိန်းနိုင်ပဲ ညည်းသံသေးများပလုံစီထွက်လာရသည်၊
သူ၏အသိစိတ်မှာတဖြည်းဖြည်းအေ၀းကိုလွင့်ပျယ်လျက် သာယာမှုကတဖြည်းဖြည်းတိုး၀င်လာကာ သူ၏ဆန္ဒမှာလည်းပိုမိုအားကောင်းလာခဲ့သည်။ အဆုံးတွင်တော့လင်းရှောင်လက်နှစ်ဘက်ကို ဆန့်ထုတ်လျက် မည်သည်ကိုမျှမသိတော့ချေ။
ဧကရာဇ်မှာတိုးတိတ်စွာရယ္လိုက္ကာ ခေါင်းကိုငုံ့လျက် လင်းရှောင်၏ကိုယ်အနှံ့အား ငြင်သာစွာလျက်လိုက်သည်။
နူးညံ့သောနှုတ်ခမ်းလေးများကိုလျက်ပြီးနောက် သူ၏အနမ်းတို့ကတဖြည်းဖြည်းအောက်သို့ဆင်းလာလျက် အရသာရွိသောတစ်စုံတခုကိုမြည်းစမ်းနေသကဲ့သို့ လင်းရှောင်၏ကိုယ်က်ုမြညိူစမ်းနေခဲ့သည်။
"အင်း.. အ..အရှင်..ဟင့်"
လင်းရှောင်ကမျက်ခုံးကိုကျုံ့လျက် မျက်လုံးက်ုတင်းတင်းစေ့ကာ နာကျင်မှုနှင်သာယာမှုကြားလူးလွန့်နေရသော သီချင်းလေးတစ်ပုဒ်နှယ်၊
သူ၏ပုံစံလေးမှာ အရှင့်ကို မြူဆွယ်ဖို့ကြိုးစားနေသည့်နှယ်။ ဧကရာဇ်၏မျက်လုံးတို့ကမဲမှောင်သွားပြီး သူ့ကိုယ်သူကို လင်းရှောင်ထဲသို့တိုး၀င်လိုက်တော့သည်။
"အာ..."လင်းရှောင်ခက်ခက်ခဲခဲနိုးထလာချိန်တွင် ဧကရာဇ်မှာထွက်သွားနှင့်ပြီဖြစ်သည်။ ထိုအစား အစေခံနှစ်ဦးကသာစောင့်နေခဲ့သည်။
လင်းရှောင်သည်အနည်းငယ်မျှလှုပ်ရှားလိုက်ရုံဖြင့် ပြင်းစွာသောနာကျင်မှုက၀င်ရောက်လာသည်၊
အစေခံနှစ်ဦးမှာလည်းသူ့အားအမြန်ပင် အ၀တ်အစားလဲလှယ်ပေးလာသည်။
"အရှင်ဘယ်မှာလဲ" လင်းရှောင်မေးလိုက်သည်။
အစေခံတစ်ယောက်ကရိုသေစွာပြန်ဖြေလာခဲ့သည်။
" ဧကရာဇ်အရှင်က အမှုအခင်းတွေကိုဖြေရှင်းဖို့တော်၀င်စာကြည့်ဆောင်ကိုပြန်သွားပါပြီ၊ နေ့လည်စာမတ်ုင်ခင်ပြန်လာမှာဖြစ်ပြီးတော့ ကြင်ယာတော်ကိုလည်းကောင်းကောင်းအနားယူစေဖ်ု့ပြောသွားပါတယ်"
"အင်း" လင်းရှောင် နူးညံ့စွာတုန့်ပြန်လိုက်သည်။ သူကဖြစ်ခဲ့သည်တို့ကိုပြန်တွေးမိလျှင် မရှက်ရွံ့မိပဲမနေနိုင်ချေ။သူ၏နှလုံးခုန်သံတို့ကလည်းပြန်လည်မြန်ဆန်လာမိလေသည်။
"သခင်လေး" အ၀င်၀မှာတစ်စုံတစ်ဦး၏ခေါ်သံထွက်ပေါ်လာလျှင် လင်းရှောင်ခေါင်းကိုမော့လျက်ကြည့်လ်ုက်သည်။
ထိုသူက အန်ရှန်းပင်။ သူကအတော်ကြာစိုက်ကြည့်နေမိပြီးမှ သူမကိုအထဲသို့၀င်စေလိုက်သည်။
"၀င်ခဲ့ချေ"
"သခင်လေး ကိုယ်လုပ်တော်လီနဲ့သူမရဲ့အစေခံကသခင်လေးကိုတွေ့ချင်နေပါတယ်"
အန်ရှန်းကအနေခက်ဟန်ဖြင့်ပြောလာခဲ့သည်။
"သခင်ကတော့ သခင်လေးကိုကောင်းကောင်းအနားယူစေချင်တာ၊ ဒါပေမယ့်ကိုယ်လုပ်တော်လီကအခုတွေ့ဖို့ရောက်နေတယ်ဆိုတော့ ဒီငယ္သား..."
လင်းရှောင်ဆွံ့အသွားပြီးမှ ထိုသခင်နှင့်အစေခံအတွဲလိုက်ကိုသတိရမိသွားလျှင် မရယ်ပဲမနေနိိုင်ချေ။
ထိုရင်အာဟူသည့်အစေခံက သူမ၏သခင်မကို သူ့ကိုလာတွေ့စေရန် ပြောနိုင်လိုက်ပုံပေါ်သည်
တွေးရင်းနှင့်လင်းရှောင်အန်ရှန်းအားမေးလိုက်သည်။
"သူတို့ရောက်နေတာဘယ်လောက်ကြာပြီလဲ"
"အရှင်ထွက်သွားပြီးတာနဲ့ ရောက်လာတာပါပဲ" အန်ရှန်းကတုန့်ပြန်လိုက်သည်။
တိကျလှချည်လား။
လင်းရှောင်မျက်ခုံးပင့်လိုက်မိသည်။ ကြည့်ရသည်မှာသူတို့သည် အ၀င်၀တွင်ရပ်လျက် ဧကရာဇ်ထွက်လာမည်ကိုစောင့်နေခြင်းပို၍ဖြစ်နိုင်လိမ့်မည်။
ငါဘယ်လောက်ကြာကြာအိပ်လိုက်တာလဲ"
"သခင်လေး လေးနာရီလောက်အိပ်နေတာပါ"
ဒါဆိုဒီလောက်ကြာပြီးတာတောင်မှာ အဲဒီနှစ်ယောက်ကစောင့်နေတုန်းပေါ့လေ။
လင်းရှောင်အပြင်သို့ကြည့်လိုက်မိလျှင် တောက်ပသောနေရောင်ခြည်ကိုတွေ့လိုက်ရပြီး ထိုနှစ်ဦးအတော်ခက်ခဲနေမည်ကိုတွေးမိလေသည်။
ဂရုဏာသက်မှုတစ်ခုကသူ့နှလုံးသားထဲတိုး၀င်လာခဲ့တော့သည်။ သူကအမိန့်ပေးလိုက်သည်။
"အန်ရှန်း တစ်ယောက်ယောက်ကိုလွှတ်ပြီး သူတို့ကို နောက်ဖက်က ကြာကန်ဘေးကရှူမျှော်ခင်းအဆောင်မှာစောင့်နေဖို့ပြောလိုက်၊ ငါခဏနေရင်လာခဲ့မယ်လို့"
"သခင်လေးအတွက်အဆင်မပြေရင် သူတို့ကိုငြင်းလိုက်လို့ရတာပဲ" အန်ရှန်းကလင်းရှောင်၏နွမ်းနယ်နေသောအမူအယာကိုကြည့်ကာဆိုလာသည်။
လင်းရှောင်ခေါင်းကိုခါလိုက်ပြီး၊
"သူတို့လာတွေ့တာရှားတယ်၊ ပြီးတော့နားလည်မှုလည်းရှိတယ်၊ ငါသွားပြီးကြည့်လိုက်ဦးမယ်"
"ဟုတ်" လင်းရှောင်ကမိမိကိုယ်ကိုတွန်းအားပေးနေခြင်း မဟုတ်မှန်းသေချာတော့မှ။ အန်ရှန်းလည်းပြန်ဖြေကာထွက်သွားတော့သည်။
သူကိုယ်လုပ်တော်လီကိုတွေ့ချိန်တွင် သူမ၏မျက်နှာမှာနေပူထဲအတော်ကြာရှိနေခဲ့ရသဖြင့်ဖြူဖျော့နေခဲ့သည်။ လင်းရှောင်လည်းတစ်စုံတစ်ယောက်အား ဇီးစိမ်းဟင်းရည်အေးအေးကိုယူလာစေခဲ့ပြီး မိမိသာလျှင်ထိုနှစ်ဦးနှင့်ကျန်ခဲ့တော့သည်၊
လင်းရှောင်ကိုမြင်မြင်ချင်းတွင် ကိုယ်လုပ်တော်လီမှာအလန့်တကြားဆိုလာခဲ့သည်။
"စစ်သူကြီးလန်၊ ရှင်မပြန်သေးပဲဘာလုပ်နေတာလဲ၊ အရှင်ကထွက်သွားပြီလေ"
"သခင်မကလည်း ဒါလေးတောင်မသိဘူးလား၊ ဒီစစ်သူကြီးလန်က နန်းတွင်းထဲ၀င်လာပြီး ပြန်လည်းထွက်မသွားဘူး၊ ပြီးတော့ ဒီလိုထသြားထလာ၀တ္စုံတွေပဲနေ့တိုင်း၀တ်နေတာ၊ ပြီးတော့ သူကနန်းတွင်းနဲ့လည်းရင်းနှီးနေတယ်၊ သူကနန်းတွင်းအပြင်ကတစ်ယောက်ယောက်နဲ့တူကိုမတူတာ၊ ပြီးတော့ အရှင့်ဘေးမှာဆိုလဲ တစ်ယောက်ကပဲဒီလိုမျိုး၀တ်ဆင်ခွင့်ရှိတာလေ၊ ဒီအစေခံထင်တာကတော့ဒီစစ်သူကြီးလန်ဆိုတာက ဒီအစေခံတို့တွေ့ဖို့ကြိုးစားနေတဲ့ ကြင်ယာတော်ဖြစ်မယ်ထင်တာပဲ..."
ရင်အာမှာကိုယ်လုပ်တော်လီ၏၀တ်ရုံလက်ကိုဆွဲလျက် တီးတိုးဆိုလိုက်သည်။
ကိုယ်လုပ်တော်လီကသူ့အားစိုက်ကြည့်လာပြီး မျက်လုံးများ၀ိုင်းစက်ကာကြောက်လန့်သွားတော့သည်။
ရင်အာအမြန်ပြောလိုက်သည်။
"အမြန်အရိုအသေပေးပြီးတောင်းပန်လိုက်လေ..."
ကိုယ်လုပ်တော်လီမှာမြေပြင်၌အမြန်ဒူးထောက်ချလိုက်သည်။
"ကျေးဇူးပြုပြီး ဒီမိန်းကလေးကိုခွင့်လွှတ်တော်မူပါ ကြင်ယာတော်၊ ဒီမိန်းကလေး ကြင်ယာတော်ကို အပြစ်ပြုမိဖို့မရည်ရွယ်ပါဘူး"
ရင်အာတီးတိုးပြောနေသည်ကိုကြည့်၍ လင်းရှောင်သူတို့ဘာကိုပြောနေသလဲဆိုသည်ကိုခန့်မှန်းနိုင်လေသည်။
ဤခွင့်လွှတ်ဖို့တောင်းဆိုနေသော ကိုယ်လုပ်တော်လီ၏ပုံစံက လင်းရှောင်အားအတိတ်ဘ၀မှ ကိုယ်လုပ်တော်လီ ဒူးထောက်နေပုံကိုပြန်သတိရသွားစေသည်။ ထင်သည့်အတိုင်းပင် ထိုစဉ်ကပုံစံမှာ သူမ၏အစေခံသင်ပေးထားသော ပုံစံအတုပင်ဖြစ်လိမ့်မည်။
လင်းရှောင်တဖြည်းဖြည်းလျှောက်လာပြီး အမိန့်ပေးလိုက်သည်။
"ထကြတော့၊ ငါ့မှာမင်းတို့ကိုအပြစ်တင်လိုစိတ်မရှိပါဘူး..."
လင်းရှောင်ရင်းနှီးစွာပြောပြလိုက်ပြီး ကြာကန်ဘေးမှလရောင်ကြည့်သည့်အဆောင်၌ပင်ထိုင်ချလိုက်သည်၊ သို့သော်သူ၏နောက်မှနာကျင်မှုကြောင့် သူ၏အမူအယာမှာလည်းတောင့်တင်းသွားခဲ့သည်။
ကိုယ်လုပ်တော်လီက သတိအနေအထားဖြင့်၀င်ထိုင်လာပြီး သူမတံတွေးကိုမြိုချလိုက်သည်။ ရင်အာက သေတ္တာတစ်ခုကိုထုတ်ပေးလာသောအခါ သူမကယူလိုက်ပြီး သူ့အားအပြုံးဖြင့်ဆိုလာခဲ့သည်။
"အရင်ကဒီမိန်းကလေးရဲ့ကိုယ်က နေထိုင်မကောင်းတာကြောင့် ကြင်ယာတော်ဆီအလည်အပတ်မလာရောက်နိုင်ခဲ့ပါဘူး။ဒီမိန်းကလေးကို အပြစ်မတင်ဖို့မျှော်လင့်ပါတယ်၊ ဒါကသက်တမ်း၁၀၀ရှိတဲ့ ဂျင်ဆင်းပါ။ ကျေးဇူးပြုပြီးလက်ခံပေးပါ ကြင်ယာတော်..."
ကိုယ်လုပ်တော်လီသည် ထိုသေတ္တာအားလင်းရှောင်ရှေ့တွင်ထားလိုက်သည်။ လင်းရှောင်ကပြုံးလျက် လက်ခံကာဖွင့်ကြည့်လိုက်သည်။ ဧကရာဇ်သူ့အားချီးမြှင့်သည်တို့နှင့်စာလျှင် ဤသည်မှာ ဘာမှမဟုတ်ချေ။ သို့သော်ဤသည်မှာ ကိုယ်လုပ်တော်လီပေးနိုင်သမျှထဲတန်ဖိုးအကြီးဆုံးဖြစ်ကောင်းဖြစ်နိုင်လေသည်။ အဆုံးမွာတော့ ကိုယ်လုပ်တော်သုံးယောက်ထဲတွင် ကိုယ်လုပ်တော်လီကနှစ်သက်မခံရဆုံးမဟုတ်ပါလော။
လင်းရှောင် အပြုံးနှင့်လက်ခံလျက် သူတို့အားဆိုလိုက်သည်။
"ထိုင်ပါ"
ကိုယ်လုပ်တော်လီကတောင့်တင်းစွာပြန်ထိုင်လိုက်ပြီးသူမ၏ကြောက်ရွံ့နေသောအမူအယာကိုမူဖုံးကွယ်မထားနိုင်ချေ။
လင်းရှောင်သူမကိုကြည့်လျက် အပြုံးဖြင့်မေးလိုက်သည်။
"ငါကအဲလောက်တောင်ကြောက်ဖို့ကောင်းလား"
"ဟင့်အင်း မဟုတ်ပါဘူး..."
ကိုယ်လုပ်တော်လီဆက်မပြောနိုင်ခင် လင်းရှောင်ကစိတ်တိုသယောင်ဟန်ဆောင်၍ဖြတ်ပြောလိုက်သည်။
"အမှန်အတိုင်းပြောစမ်း..."
"ကြောက်ပါတယ်..."
ကိုယ်လုပ်တော်လီကခါးသက်စွာပြန်ဖြေလာသော်လည်း နောက်မှရင်အာက သူမ၏သခင်မအားတို့လျက် တားလိုက္ကာ
"ကြင်ယာတော်က ယုံကြည်ရတဲ့သူပါ..."
"ဟ" လင်းရှောင်မထိန်းနိုင်ပဲရယ်လိုက်မိတော့သည်။ ဤသခင်နှင့်အစေခံအတွဲမှာအမှန်တကယ်ကိုစိတ်၀င်စားဖွယ်ကောင်းလှသည်ပင်။
"သခင်လေး၊ ဇီစိမ်းဟင်းရည်အေးရပါပြီ' အန်ရှန်းက လင်ဗန်းကိုသယ်လာလျက်ဆိုလိုက်သည်။
လင်းရှောင်လည်းအမိန့်ပေးလိုက်သည်။
"သူတို့ကိုတစ္ခြက္စီပေးလိုက်..."
အန်ရှန်းတန့်သွားပြီး ကိုယ်လုပ်တော်လီနှင့် သူမအစေခံအားတစ်ချက်မျှကြည့်လိုက်သည်။ယခုက သခင်လေးတစ်ယောက် ကိုယ်လုပ်တော်တစ်ဦးနှင့်ရင်းနှီးသည်မှာပထမဆုံးအကြိမ်ပင်ဖြစ်သည်၊
အန်ရှန်း ကထိုခွက်များကို အသာအယာခ်ပေးပြီးနောက် တိတ်ဆိတ်စွာပြန်ထွက်သွားတော့သည်။
"ငါ့ရဲ့ဇီးစိမ်းဟင်းရည်ကိုမြည်းကြည့်ပါဦး ၊ အပူဒဏ်ကိုဖယ်ရှားတဲ့နေရာမှာ အကောင်းဆုံးပဲ"
"ဟုတ်ကဲ့" ကိုယ်လုပ်တော်လီကတံတွေးကိုမြိုချလိုက်သည်။ သူမမွာရေဆာနေပြီး ဤဟင်းရည်ကိုလည်းစိတ်၀င်စားနေသည်မှာ အသိသာကြီးပင်။
သို့သော် သူမအားရင်အာကအသာတို့လာပြန်ရာ ထို်ဟင်းရည်ပန်းကန်အားအေ၀းသို့တွန်းလိုက်ရပြန်သည်၊
သူမ ဖြစ်ညစ်ကာပြုံးလျက်ဆိုလာသည်။
"ဒီမိန်းကလေးက မဆာလောင်ပါဘူး၊ ကြင်ယာတော်သုံးဆောင်တော်မူပါ"
"..."လင်းရှောင် လည်းတိတ်ဆိတ်သွားပြီး ကိုယ်လုပ်တော်လီ၏နောက်မှအစေခံအားတချက်လှည့်ကြည့်လိုက်သည်။ သို့သော်သူမမှာအစကတည်းက ခေါင်းကိုနိမ့်နိမ့်ငုံ့ထားသဖြင့် သူမ၏အမူအယာကိုမူမမြင်နုင်ချေ။ သို့သော်သူမ၏ပြုမူပုံအရ သူ့ကိုလွန်စွာသတိထားနေကြောင်းတော့ပြောနိုင်လေသည်၊
လင်းရှောင် မကျေမနပ်ဖြစ်သွားလျက် အေးစက်စွာပြုံးလိုက်သည်၊ သု့ထံတွင် ဤနှစ်ယောက်အား ထိုဟင်းရည်ကိုအတင်းသောက်စေရန် နည်းလမ်းပေါင်းစုံရှိသည်။
သို့သော် သူကလက်ကိုလှမ်းလျက် ကိုယ်လုပ်တော်လီရှေ့မှပန်းကန်ကိုယူလျက်တစ်ငုံခန့်သောက်လိုက်သည်။ ထို့နောက်ပန်းကန်အားသူမရှေ့တွင်ပြန်ထားပေးလိုက်သည်။
"ငါအဆိပ္ခတ္ထားမွာကြောက်နေတာဆိုရင်တော့ အခုယုံလို့ရပြီလား..."
"..."ကိုယ်လုပ်တော်လီကတောင့်တင်းသွားကာ ရင်အာပင် မယုံနိုင်မှုကြောင့်ခေါင်းထောင်ကြည့်လာခဲ့သည်။ သူတို့နှစ်ဦးလုံးမှာမည်သို့တုန့်ပြန်ရမှန်းမသိပုံပင်။
လင်းရှောင် ကရင်အာအားကြည့်လိုက်ကာ စိတ်အနှောင့်အယှက်ဖြစ်နေပုံဖြင့်
"ဘာလည်း မင်းခွက်ကိုလည်းငါသောက်ပြရဦးမှာလား..."
ရင်အာမှာအနည်းငယ်တုန်သွားကာ ခေါင်းကိုအမြန်ခါလိုက်ပြီးနောက် ဟင်းရည်ပန်းကန်အားယူလျက် တခါတည်းမော့သောက်လိုက်တော့သည်၊ ထို့နောက်သုမကလင်းရှောင်ရှေ့တွင်ဒူးထောက်လိုက်ပြီးတောင်းပန်လာခဲ့သည်။
"ကျေးဇူးပြုပြီးခွင့်လွှတ်တော်မူပါ ကြင်ယာတော်"
"ထနိုင်ပြီ..."
လင်းရှောင်ကမျက်မှောင်ကြုတ်လိုက်ကာ
"ငါ့ရှေ့မှာ လာဒူးထောက်နေတာကိုမကြိုက်ဘူး"
"ကျေးဇူးကြီးလှပါတယ် ကြင်ယာတော်"
ရင်အာကကြောက်ရွံ့စွာထရပ်လိုက်သည်။ သူမ၏သခင်မမှာမူထိုဟင်းရည်အားသောက်သုံးနေပြီးဖြစ်ကာ တစ်ငုံချင်းပင်အရသာခံလျက် ကျေနပ်နေပုံပင်။
ထို့အပြင်သူမသောက်နေသည့်နေရာမှာလင်း ယခုလေးတင်လင်းရှောင်သောက်ခဲ့သောနေရာမှဖြစ်သည်။
ရင်အာမှာထိတ်လန့်သွားပြီး အော်လိုက်မိသည်။
"သခင်မ"
"ဟင်" ကိုယ်လုပ်တော်လီက ဘာမှမသိစွာဖြင့် သူမအစေခံအားလှည့်ကြည့်လိုက်သည်။
ရင်အာ၏နှုတ်ခမ်းတို့တွန့်လျက်ပင်
"အဲ..အဲ..ဒါကိုသောက်လို့မရဘူး"
ကိုယ်လုပ်တော်လီက မျက်တောင်ကိုခတ်လိုက်ကာ အဘယ်ကြောင့်မသောက်ရသည်ကိုနားလည်ပုံမပေါ်ချေ။ သို့သော် သူမကခြက္ကိုခ်ကာ ပြောသည်ကိုတော့နားထောင်လိုက်သေးသည်၊
လင်းရှောင်မှာမထိန်းနိုင်ပဲရယ်မိရပြန်သည်။
"တကယ်စိတ်၀င်စားဖို့ကောင်းတာပဲ ဟမ်..."
လင်းရှောင်အရယ်တ၀က်ဖြင့်ဆိုလိုက်သည်။
"မင်းရဲ့အစေခံက မင်းအတွက်အသနားခံပေးနေတာကို မင်းကဟင်းရည်ကိုသောက်လိုက်သေးတယ်၊ မင်းကဒီလိုကျ အစေခံလေးအပေါ်မတရားရာမကျဘူးလား"
ကိုယ်လုပ်တော်လီ၏မျက်နှာကနီရဲသွားတာ
"ကြင်ယာတော်က ဘာအန္တာရာယ်မှပေးမှာမှမဟုတ်တာ၊ ပြီးတော့ဒီမိန်းကလေးကတကယ်ပဲရေဆာနေတာလေ..."
"ဘာလို့စောစောမပြောတာလဲ၊ မင်းပဲပြောတော့မဆာဘူးဆို..."
လင်းရှောင်တမင်စကာမေးလိုက်သည်။
ကိုယ်လုပ်တော်လီမှာအလွန်ရှက်ရွံ့စွာပင်။
"အဲ..အဲဒါဒီမိန်းကလေးရဲ့အမှားပါ..."
"ဒီမိန်းကလေး ကြင်ယာတော်ကိုအထင်မှားခဲ့မိတယ်၊ ကြင်ယာတော်က လူတွေပြောနေတာနဲ့ကွဲပြားတာပဲ..."
ကိုယ်လုပ်တော်လီကရိုးသားစွာဆိုလာသည်၊
"သခင်မ" ရင်အာကမူစိုးရိမ်နေဆဲ။
လင်းရှောင်ကပြုံးလျက်ပြောလိုက်သည်။
"ဟုတ်ပါပြီ၊ ရင်အာ မင်းငါ့ကိုအဲလောက်သတိထားနေဖို့မလိုပါဘူး။ ငါ့မှာလည်းမင်းတို့နှစ်ယောက်အပေါ်မကောင်းတဲ့ရည်ရွယ်ချက်မရှိဘူး...မင်းကထက်တာပဲ၊ ငါသာမင်းတို့ ကိုအမှန်တကယ်မကြည်ဖြူဘူးဆိုရင်အစောကတည်းဆွဲထုတ်ပြီးနေပြီ..."
လင်းရှောင်ပြောလိုက်သည်၊
ရင်အာလည်းနားလည်သွားပြီမို့ အရိုအသေပေးလျက် " ကြင်ယာတော်ရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်မိပါတယ်"
လင်းရှောင်ကလက်ကိုေ၀့လျက် သူမအားကြည့်လိုက်ကာ "မင်းဒီလောက်တောင်တုံးနေပုံနဲ့ နန်းတွင်မှာ ဘယ်လောက်ကြာကြာနေနိုင်မှာလဲ...."
"..." ဤသည်မှာ သူမအားတုံးသည်ဟုပထမဆုံးအကြိမ်အပြောခံရခြင်းပေမို့ထင်၏ ကိုယ်လုပ်တော်လီ၏မျက်နှာမှာ တမဟုတ်ချင်းရှက်ရွံ့မှုများဖြင့် ဖုံးလွှမ်းသွားတော့သည်။
ထို့နောက်သူမအသံတိုးတိုးဖြင့်မကျေမနပ်ဆိုလာသည်။
"ကျွန်မကမတုံးပါဘူး"
လင်းရှောင်ပြုံးလိုက်လျှင် ကိုယ်လုပ်တော်လီကမေးလာသည်။
"ကျွန်မရှင်နဲ့မယှဉ်ပြိုင်ပါဘူး။ ဧကရာဇ်ဆီကနှစ်သက်မှုကိုလည်းမလိုချင်ဘူး။ ဒါကြောင့်လာမယ့်နေ့တွေမှာ ကျွန်မနဲ့ရင်အာကို အေးအေးချမ်းချမ်းနေခွင့်ပေးပါလား"
ကိုယ်လုပ်တော်လီကရုတ်ချည်းထရပ်ကာတောင်းဆိုလာသည်။
လင်းရှောင်တန့်သွားပြီး အနည်းငယ်မသင်္ကာဟန်ဖြင့်မေးလိုက်သည်။
"အရှင့်ရဲ့နှစ်သက်မှုကိုတကယ်မလိုချင်ဘူးပေါ့လေ..."
ကိုယ်လုပ်တော်က ခေါင်းကိုတဆတ်ဆတ်ငြိမ့်လိုက်သည်။ သူမ၏မျက်နှာမှာတည်ငြိမ်လျက် အတည်အတံ့ပြောနေပုံပေါက်သည်။ မည်သို့ပင်ကြည့်စေကာမူ သူမသည်လိမ်ညာမုသားပြောမည့် တစ်စုံတစ်ဦးနှင့် မတူချေ။ထို့ကြောင့် လင်းရှောင်ကသူမအား ထရပ်စေကာ
"ကောင်းပြီ၊ ငါကတိပေးတယ်၊ မင်းအရှင့်ရဲ့နှစ်သက်မှုကိုရဖို့မကြိုးစားသ၍ ငါမင်းကိုဘာမှမလုပ်ဘူး..."o
ကိုယ်လုပ်တော်လီ၏အမူအယာလည်းပြေလျော့သွားပြီးပြုံးလိုက်သည်။
ရုတ်တရက်မူးေ၀မှုကြောင့်သူမသည်အနီးရှိတိုင်လုံးကိုမှီလိုကိရလေသည်။ လင်းရှောင်တန့်သွားပြီး သူမကိုထိန်းပေးလိုက်ရသည်။
"ဘာဖြစ်တာလဲ"
ရင်အာသည်လည်း မသင့်တော်သောမြင်ကွင်းကြောင့် မျက်မှောင်ကျုံ့လျက် ရှေ့သိူ့ထွက်ကာ...
"ကြင်ယာတော် သခင်မက အပူရှပ်သွားတာပါ..."
"ဒါဆို တော်၀င်သမားတော်ကိုအမြန်ခေါ်ချေ။"
လင်းရှောင်လက်ကိုေ၀့လျက်အမိန့်ပေးလိုက်သည်။
"..."အန်ရှန်းမျက်မှောင်ကျုံ့မိကာလျှောက်လာခဲ့တော့သည်။
"သခင်လေးနောက်ကျနေပါပြီ ။ သမားတော်ကိုခေါ်မယ်ဆိုရင်တော် ကိုယ်လုပ်တော်လီကိုအရင်ပြန်ခိုင်းသင့်ပါတယ်၊ အရှင်ကပြန်လာတော့မှာပါ ၊ပြီးတော့ သခင်လေးနဲ့ ကိုယ်လုပ်တော်လီက ယောကျာ်းနဲ့မိန်းမဆိုတော့မသင့်တော်ပါဘူး..."
လင်းရှောင်လည်းတန့်သွားမိသည်။ အန်ရှန်းသည်သူ့စိတ်အားတမဟုတ်ချင်းရှင်းလင်းပေးလိုက်လေသည်။
ခဏမျှတွေးတောနေပြီးနောက် လင်းရှောင် လက်ကိုပြန်ရုတ်လျက် သက်ပြင်းချလိုက်မိသည်။
"ရင်အာ မင်းသခင်မကို ပြန်ပို့ပြီးစောင့်နေချေ။ ငါတစ်ယောက်ယောက်ကို သမားတော်ခေါ်ခိုင်းလိုက်မယ်..."
"ဟုတ်ကဲ့ပါ" ရင်အာ အမိန့်ကိုနာခံလျက် ကိုယ်လုပ်တော်လီအားတွဲကာထွက်သွားတော့သည်။
"အန်ရှန်းသူတို့အတွက် တော်၀င်သမားတော်ကိုသွားခေါ်ပေးလိုက်၊ အျမန္လာပါစေ..."
ကိုယ်လုပ်တော်လီထွက်သွားသည်နှင့် လင်းရှောင်လည်းအန်ရှန်းအားအမိန့်ပေးလိုက်သည်။
"..."အန်ရှန်း မျက်မှောင်ကျုံ့လိုက်မိသည်။ သို့သော်လည်းသွားခေါ်ပေးဆဲပင်။
စာကြည့်ဆောင်တွင်တော့ ဧကရာဇ်မှာ အန်းရုန်အားကြည့်လျက် အေးစက်စွာမေးလိုက်သည်။
"ကြင်ယာတော်က ကိုယ်လုပ်တော်လီနဲ့တွေ့ခဲ့တယ်ဟုတ်လား..."
"ဟုတ်ပါတယ် သခင်" အန်ရုန်ကခေါင်းငုံ့လျက်ပြန်ဖြေလာသည်။