သူတို့က ဇီစိမ်းဟင်းရည်တစ်ခွက်တည်းအတူသောက်ခဲ့တယ်ပေါ့... "
ဧကရာဇ်၏စကားလုံးများသည် အန်ရုံ၏ရင်ထဲသို့ ရေခဲတောင်ကြီးပြိုကျလာသလိုပင်။ သူမအံကိုကြိတ်လျက်ပြန်ဖြေလိုက်သည်။
"ဟမ့်" အေးစက်သောထေ့ငေါ့သံနှင့်အတူ ဧကရာဇ်၏လက်ထဲမှစုတ်တံပင်လျှင် နှစ်ပိုင်းကျိုးသွားခဲ့သည်။ထို့နောက် သူ၏၀တ်ရုံစကိုေ၀့ယမ်းလျက် ထရပ္ကာထြက္လာတော့သည်။
ကိုယ်လုပ်တော်လီအတွက်အမှန်တကယ်စိုးရိမ်မိသဖြင့် လင်းရှောင်လည်းဧကရာဇ်အလာကိုစောင့်လျက် ကိုယ်လုပ်တော်လီထံသွားလည်ခွင့်ပြုရန်ခွင့်တောင်းဖို့စဉ်းစားလိုက်သည်။
သူတွေးနေစဉ်မှာပင် ဧကရာဇ်လျှောက်လမ်းလာသည်ကို လင်းရှောင်တွေ့လိုက်ရသည်။ လင်းရှောင်အပြုံးကိုအလျင်အမြန်ဆင်မြန်းလျက် ထရပ်ကာကြိုဆိုလိုက်သည်၊
"အရှင့်ကိုသတိရနေတုန်းမှာပဲ အရှင်ရောက်လာတယ်နော်..."
ထိုစကားလုံးလေးများမှာ တိမ်တိုက်မည်းတို့ကိုထိုးခွဲလျက်ထွက်ပေါ်လာသော နေရောင်ခြည်လေးကဲ့သို့ပင်။ သူသည်လင်းရှောင်အားနူးညံ့စွာကြည့်လျက်မေးလိုက်သည်။
"ကိုယ်တော့်ကို သိပ်လွမ်းနေသလား"
လင်းရှောင်အပြုံးဖြင့်ခေါင်းငြိမ့်လိုက်ကာ
ထိုတောက်ပသောအပြုံးလေးက ဧကရာဇ်၏နှလုံးအား တစ်ချက်ဆောင့်ခုန်သွားစေသည်။ သူ၏နှလုံးသားထဲမှဒေါသများကလည်းပျော်ကျသွားတော့သည်။
ဧကရာဇ်တိုးဖျော့စွာသက်ပြင်းချလိုက်သည်။ သူကငူကယ်ရာမဲ့နေသောမျက်၀န်းများဖြင့် လင်းရှောင်၏လက်ကိုဆွဲလျက် စားပြဲသို့လျှောက်သွားလိုက်သည်။
"မင်းဗိုက်ဆာနေရောပေါ့ စားရအောာင်"
လင်းရှောင်ကခပ်သာသာလေးတွန်းကာဖယ်လိုက်ပြီး
ဧကရာဇ်သည်သူ့အားနားမလည်စွာကြည့်လာခဲ့သည်။
"အရှင်ကျွန်တော်မျိုးမဆာသေးပါဘူး"
လင်းရှောင်ကစကားကိုဆက်လိုက်သည်။
"အရှင်ညနေကဘယ်သူလာသွားလဲသိလား..."
လာလည်သူမှာထိုတစ်ဦးသာရှိသည်မို့ ဧကရာဇ်သေချာပေါက်သိသည်ပင်။ သို့သော်လင်းရှောင်ပြောလာမည်ကိုသာစောင့်လိုက်သည်။
ဧကရာဇ်တိတ်ဆိတ်နေသည်ကိုမြင်လျှင် လင်းရှောင်သူ့ဘာသူဆက်ပြောလ်ုက်သည်။
"ကိုယ်လုပ်တော်လီလေ၊ လင်းရှောင်ဟိုတလောက စိတ်၀င်စားဖို့ကောင်းတယ်ပြောတဲ့တစ်ယောက်ပေါ့"
ထို့နောက် အလြန္သဘောကျစွာရယ််လိုက်သည်။
ဧကရာဇ်၏မျက်နှာမှာချက်ချင်းအေးစက်သွားသည်။ လင်းရှောင်ကမူသူ့အတွေးနှင့်သူမို့ သတိမပြုမိချေ။
သူကဆက်ပြောလာသည်။ "အဲဒီကိုယ်လုပ်တော်လီက လင်းရှောင်နိုးအလာကို နေရောင်ထဲလေးနာရီလောက်ရပ်စောင့်ခဲ့တာ၊ တျခားလူသာဆို လင်းရှောင်ကိုသေမတက်မုန်းနေတော့မှာပဲ..."
သူကပြောရင်း ဂရုသက်စွာခေါင်းခါလိုက်သေးသည်။
"ဒါပေမယ့် ကိုယ်လုပ်တော်လီကတကယ်အရှာတယ်၊ လုံး၀စိတ်မဆိုးရှာဘူး။ အရှင့်ရဲ့မောင်းမတောင်မှာဒီလိုတုံးအတဲ့ကိုယ်လုပ်တော်မျိုးရှိမယ်တောင်မထင်ထားဘူး။ သူ့ဟာကတုံးအလွန်းလို့ ခ်စ္ဖို့တောင်ကောင်းသွားပြီ..."
ဧကရာဇ်မှာလက်သီးကိုတင်းတင်းဆုပ်လျက် ရင်ထဲတွင်လည်းမုန်တိုင်းထန်လျက်ပင် သူ၏နောက်ထပ်စကားလုံးများကိုစောင့်နေလိုက်သည်။
သူသည်အေးစက်စွာထေ့ငေါ့လျက် မသင်္ကာသည့်အမူအယာဖြင့်ပြောလာသည်။
"ကြည့်ရတာမင်းကကိုယ်လုပ်တော်လီကိုအတော်ကြိုက်ပုံပဲ..."
လင်းရှောင်ခေါင်းငြိမ့်လ်ုက်ကာ "ဒီနန်းတွင်းမှာ ရိုးသားပြီး တုံးအတဲ့သူမျိုးအတော်ရှားတယ်လေ။ ကိုယ်လုပ်တော်လီကတုံးအပေမယ့်လည်းသူမသဘောကိုကဖြူစင်တယ် လင်းရှောင်တကယ်သဘောကျမိတယ်..."
ပြောရင်းနှင့်ကိုယ်လုပ်တော်လီ၏ဖြူဖျော့နေသောမျက်နှာကိုမြင်ယောင်လာလျှင် လင်းရှောင် အပြုံးတို့ပျောက်ကွယ်သွားပြီး စိတွပူစွာဆိုလိုက်သည်။
"ဒါပေမယ့်သူမအပူရှပ်သွားတယ်၊ အခုတော့ဘယ်လိုနေမလဲမသိဘူး၊ တော်၀င်သမားတော်ကရော လာကြည့်ပေးပြီးပြီလားမသိဘူး..."
ပြောပြီးနောက် လင်းရှောင်တဆက်တည်းတောင်းဆိုလိုက်သည်၊ "နည်းနည်းနောက်ကျနေပြီဆ်ိုပေမယ့် လင်းရှောင် ကိုယ်လုပ်တော်လီအတွက်တကယ်စိတ်ပူမိတယ်၊ အရှင် ကျွန်တော်မျိုး သူမဆီသွားလည်လို့ရမလား"
"မသင့်လျော်လိုက်တာ" သူ၏စကားလုံးမ်ားမွာ ဧကရာဇ်၏နှလုံးသားကိုမီးဟုန်းဟုန်းတောက်စေသည့်အလားပင်။
ကျယ်လောင်သောအသံဖြင့် သူ၏လက်သီးမွအားမွာရှေ့မှစားပွဲကိုပင် တုန်ရီသွားစေခဲ့သည်။
သူ၏အကြည့်ကရေခဲတမျှအေးစက်နေပြီး လင်းရှောင်အားဝံပုလွေတစ်ကောင်ကဲ့သို့ စူးနစ္စြာ ကြည့်နေခဲ့သည်။ ထိုအကြည့်မှာ လင်းရှောင်အား အပိုင်းပိုင်းဆုတ်ဖြဲပစ်တော့မလိုပင်။
လင်းရှောင်ဧကရာဇ်၏ရုတ်တရက်အပြုအမူကြောင့် ထိတ်လန့်သွားမိတော့သည်။ သူ ဧကရာဇ်၏ဒေါသတကြီးအမူအယာကိုမေ့လျော့နေခဲ့သည်မှာမည်မျှကြာပြီလဲ။
ဤအချိန်တွင် ဧကရာဇ်၏ဒေါသက လင်းရှောင်အားကြောက်လန့်စေရုံသာမက၊ မယုံနိုင်ခြင်းနှင့်ရှုပ်ထွေးခြင်းတို့ကိုပင်သယ်ဆောင်လာခဲ့သည်။
လင်းရှောင်မှာ နားမလည်သော်လည်း ဒူးထောက်ကာအရိုအသေပေးလိုက်သည်။
"အရှင်ကျေးဇူးပြုပြီးစိတ်လျော့တော်မူပါ လင်းရှောင်အမှားကိုသိပါပြီ"
"အရှင်စိတ်လျော့တော်မူပါ" အတွင်းမှအသံကြောင့် အထဲသို့၀င်လာသော အန်ရှန်းနှင့်အန်ရုန်တို့ကလည်း ဧကရာဇ်၏ကြောက်မက်ဖွယ်ဖိအားအောက်တွင်လင်းရှောင်နှင့်အတူထိုင်ချကာတောင်းပန်လိုက်ကြတော့သည်။
"အားလုံးထွက်သွားစမ်း.." ဧကရာဇ်ကျယ်လောင်စွာဟိန်းဟောက်လိုက်လျင် အန်ရှန်းမှာ လင်းရှောင်အားစိတ်ပူစွာတစ်ချက်ကြည့်လိုက်သော်လည်း အန်ရုံကိုဆွဲလျက်ထွက်သွားရတော့သည်။
လင်းရှောင် တံတွေးကိုမြိုချလိုက်သည်။ ဧကရာဇ်ဤမျှစိတ်ဆိုးနေသည်ကိုသူမမြင်ဖူးခဲ့ချေ။
သို့သော် ဘာကြောင့်အခုလိုဖြစ်သွားရသည်ကိုမူနားမလည်ချေ။
မလွယ်ကူခြင်းတို့က နှလုံးသားတွင်ပြည့်နှက်လျက် လင်းရှောင်သတိအနေအထားနှင့်ဒူးထောက်နေခဲ့သည်၊
"လင်းရှောင်၊ ကိုယ်တော့်ကိုပြောစမ်း၊ မင်းဘာအမှားလုပ်ထားတာလဲ..."
ဧကရာဇ်သည်သူ၏မေးစေ့ကို ဖမ်းဆုပ်လျက် အတင်းအကြပ်မော့ကြည့်စေလိုက်သည်။
လင်းရှောင် မျိုးစုံစဉ်းစားကြည့်သော်လည်း သု့ရှေ့မှ ဒေါသမီးဟုန်းဟုန်းတောက်နေသော ဧကရာဇ်၏မျက်နှာကိုတွေ့လျင် သူ၏ခန့်မှန်းချက်မှာ မလုံလောက်ဟုခံစားမိလေသည်၊
လင်းရှောင်နှုတ်ခမ်းကိုကိုက်လျက်တုန်ရီစွာပြန်ဖြေလိုက်သည်။
"လင်း.လင်းရှောင် မသိပါဘူးအရှင်"
ဧကရာဇ်ထေ့ငေါ့လျက် မေးစေ့ကိုပို၍အားဖြင့်ဖြစ်လိုက်လျှင် လင်းရှောင်နာကျင်မှုကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။
"မင်းမသိဘူးဆိုတော့၊ ကိုယ်တော်ရှင်းအောင် လုပ်ပေးမယ်"
လင်းရှောင် အံ့အားသင့်လျက် ဧကရာဇ္ဘာကိုဆိုလိုသလဲဟုတွေးတောနေမိသည်။
ထိုစဉ်သူ၏နှုတ်ခမ်းမှာနွေးထွေးမှုကိုခံစားလိုက်ရပြီး ဧကရာဇ္က သူ့အားမပြောမဆိုပဲနမ်းလာလေသည်။
"အင်း.." လင်းရှောင်အာမေဋိတ်သံပြုလိုက်သည်၊
ဧကရါဇ်၏အနမ်းမှာငြင်သာမှုမရှိပဲ အေးစက်ကြမ်းတမ်းလှသည်။လင်းရှောင်၏ပါးစပ်မှာအတင်းအကြပ်အဖွင့်ခံလိုက်ရပြီး သူ၏လျှာမှာလည်းဧကရာဇ်နှင့်လုံးထွေးနေလေသည်။
သူ၏စိတ်ကမူလက်မခံလိုသော်လည်း သူ၏ကိုယ္ကမူ ဧကရာဇ်၏အထိအတွေ့တွင်လျင်မြန်စွာတုန့်ပြန်လာခဲ့သည်။ထိုသာယာမှုက သူ၏ကိုယ်အားနည်းသွားစေသည်။
သို့သော် ဧကရာဇ်၏လှုံ့ဆော်မှုအောက်တွင် သူ၏ငြင်းဆန်မှုမှာ အသုံးမ၀င်တော့ပဲ သူ၏လက်များကလည်းဧကရာဇ်အားတင်းတင်းကြပ်ကြပ်ဖက်မိလျက်သားဖြစ်နေခဲ့သည်။
ဧကရာဇ်ကလင်းရှောင်ကိုနမ်းနေရာမှ ဖယ်ခွာလိုက်ပြီးအေးစက်စွာပြုံးလျက်ဆိုလိုက်သည်။
"ဒီလိုခန္ဓာကိုယ်မျိုးနဲ့မင်းကကိုယ်လုပ်တော်လီကို ကျေနပ်အောင်လုပ်ပေးနိုင်မှာမို့လို့လား"
ဧကရာဝ်၏စကားလုံးနျားကထူးဆန်းလှသည်။ သူ၏အသိစိတ်လက်ကျန်ဖြင့်ခေါင်းမော့ကာကြည့်လိုက်မိသည်၊
သူ၏မှုန်ရီနေသော အမြင်အာရုံထဲတွင် ဧကရာဇ်၏ပုံရိပ်မှာမသဲကွဲချေ။ ၄င်းမှာ သူလက်လှမ်းမမှီနိုင်သောအရိပ်တစ်ခုလိုမျိုး လင်းရှောင်လက်လှမ်းကာဘထိတွေ့ချင်မိသည်။
လင်းရှောင်မျက်၀န်းထဲမှ မြတ်နိုးမှုများက ဧကရာဇ်၏မျက်လုံးကိုရောင်ပြန်ဟပ်စေသည်။ သို့သော်ကိုယ်လုပ်တော်လီအကြောင်းက်ုသတိရမိလျှင် သူ၏နှလုံးသားမှာပြန်လည်အေးစက်သွားရသည်။
ထိုပြောင်းလဲနေသောခံစားချက်ကဧကရာဇ်အားလွန်စွာမသက်မသာဖြစ်စေသည်။ သူကခေါင်းကိုငုံ့လျက် ထိုသို့ဖြစ်စေသောတရားခံကိုကြည့်လိုက်သည်။ ထိုယောကျာ်းပျို၏ကျောက်မျက်ကဲ့သို့မျက်လုံးလေးများ၊ နီရဲသောပါးပြင်တို့နှင့်အတူ တွန့်ချိုးနေသောမျက်ခုံးတို့က သာယာမှုတွင်နစ်မြုပ်နေကြောင်းပြောနေခဲ့သည်၊
လင်းရှောင်၏ကိုယ်ကသတိလက်လွတ်နှင့် သု့ထံလာရောက်ပွတ်သပ်နေခဲ့သည်။ အ၀တ်များကပြန့်ကျဲလျက် နေရာတချို့တွင်သာကပိုကရိုဖုံးကွယ်ထားပုံက ပို၍ပင် ချစ်စိတ်ကိုနိုးကြွစေသည့်နှယ်၊
သူ၏အကြည့်ကမဲမှောင်သွားပြီး ထိန်းချုပ်ထားမှုကြောင့်မသက်မသာဖြစ်စွာညည်းညူလ်ုက်မိသည်။
"အ..အရှင်.." သူ့ကိုယ်သူပွတ်သပ်နေပါသော်လည်း လုံလောက်သောသာယာမှုကိုမရသဖြင့် လင်းရှောင်မကျေမနပ်ခေါ်လိုက်သည်။
ထိုချိုမြိန်သောနှုတ်ခမ်းတို့ကသူ့ရှေ့၌ပင်ရှိနေသည်။အနည်းငယ်မျှလှုပ်ရှားလိုက်ရုံဖြင့် ထိုနှုတ်ခမ်းများကိုသူမြည်းစမ်းနိုင်လိမ့်မည်။
ထို့အပြင် သူသည်သာလျှင်ဤယောကျာ်းပျို၏ ရွုမညီးသောအလှတရားက်ုခံစားနိုင်သည်။ သူသည်သာလျှင် လင်းရှောင်အားသာယာမှုကိုပေးနိုင်သည်။
ပြုစားခံရသကဲ့သို့ ဧကရာဇ်မှာနှုတ်ခမ်းကိုဖွင့်လျက် လင်းရှောင်၏လျှာအား၀င်လာစေဖို့ခွင့်ပြုလိုက်သည်။ လင်းရှောင်မှာ ကျွမ်းကျင်မှုမရှိပဲ အရိုင်းဆန်ဆန်နမ်းနေသော်လည်း ၎င်းကပင် ဧကရာဇ်၏ဆန္ဒအားပို၍တောက်လောင်လာစေသည်။
အငြိုးဖြင့်ပင် ဧကရာဇ်သည် သူ၏နှုတ်ခမ်းအားကိုက်ချလိုက်သည်။
ထိုကိုက်ချက်မှာအားပါပြီးလျှင်မြန်လှသည်။ လင်းရှောင်နာကျင်စွာအော်လိုက်ပြီးသတိပြန်လည်လာခဲ့သည်။
"မင်းက မင်းကိုမင်းအရင်သာယာမှုယူနေတာပဲဟမ်..."
ဧကရာဇ္က သူ၏မေးကိုဆုပ်ကိုင်လျက် ခေါင်းမာစွာမေးလာသည်။
"ကိုယ်တော့်ကိုဖြေစမ်းပါ၊ ကိုယ်လုပ်တော်လီကရောမင်းကိုကျေနပ်စေပါ့မလား"
ဧကရာဇ်၏မျက်နှာမှာ အနည်းငယ်နီရဲလျက် ချေွးစတို့ကလည်းမေးဖျားမှတဆင့်စီးကျသွားခဲ့ပုံမှာ အလြန္ဆြဲဆောင်မှုရှိလှသည်။ ထိုချေွးစတို့က လင်းရှောင်၏အာရုံမှတဆင့် ရင်ဘတ်ပော်စီးကျလာခဲ့သည်။
လင်းရှောင်၏နှလုံးသားမှာတုန်ရီလျက် အမျိုးအမြည်မသိစွာယားယံလာမိလေသည်။သူ့ကိုယ်မထိန်းနိုင်ပဲခန္ဓာကိုယ်အား အနည်းငယ်လှုပ်ရှားလိုက်မိသည်။
ဧကရာဇ္ကမူ နည်းနည်းမှတုန့်ပြန်မှုမရှိပဲ လင်းရှောင်ကသာမပျော်မရွှင်ဖြင့် သူ့ကိုယ်သူ ဧကရာဇ္ထံထိတွေ့ပွတ်သပ်နေမိသည်။ ထို့နောက်ဧကရာဇ်၏မာနေသောအရာနှင့်ပွတ်သပ်လာခဲ့သည်။
ဧကရာဇ်၏ကိုယ်မှာတောင့်တင်းသွားပြီး လင်းရှောင်ကမူကျေနပ်သွားသကဲ့သို့ ဧကရာဇ်၏မာနေသောပစ္စည်းဖြင့် သူ၏အောက်ပိုင်းအားပွတ်သပ်နေခဲ့သည်။
"လင်းရှောင်" ဧကရာဇ်အံကိုကြိတ်လျက် လင်းရှောင်အားခါးမှထိန်းကိုင်ကာ မလှုပ်ရှားနိုင်အောင်ချုပ်ထားလိုက်သည်။
လင်းရှောင်နာကျင်မှုကြောင့်သတိ၀င်လာပြန်သည်။
သူ၏ကိုယ်မှမသက်မသာမှုက သူ့အားငိုကြွေးစေသည်။ ဧကရာဇ်မှာ သူ့အားဖြေလျော့ပေးရန် လုံး၀ဆန္ဒမရှိချေ။
လင်းရှောင် သနားစဖွယ်ကြည့်လိုက်ကာ
"အရှင် ကျွန်တော့်ကိုနှိပ်စက်နေတာပဲ..."
သူ၏နူးညံ့သောစကားလုံးတို့က ညှို့ငင်မျိုးတမျိုးဖြင့် နားထဲသာယာစွာစီးဆင်းသွားစေရာ
ဧကရာဇ် မျက်မှောင်ကျုံ့လျက် အခုချက်ချင်းပင် သူ့အောက်မှယောကျာ်းပျိုအားတိုး၀င်ပစ်ချင်စိတ်ကိုထိန်းချုပ်မရတော့ချေ။
သူ ပြင်ဆင်မှုမရှိပဲ လင်းရှောင်၏ကိုယ်ထဲတိုး၀င်လိုက်ရာ လင်းရှောင်မှာ နာကျင်မှုကြောင့်အော်လိုက်မိသည်။ သူ၏မျက်နှာမှာလည်းဖြူဖျော့သွားခဲ့သည်
ဧကရာဇ်မှာမူတင်းကြပ်မှုကြောင့်ငြီးတွားလိုက်သည်။
"အ..အရှင်" လင်းရှောင်ပြောရန်ပြင်လိုက်စဉ်
ဧကရာဇ်ကဦးစွာဖြတ်ပြောလာခဲ့သည်။
"ကိုယ်တော့်ကိုပြောစမ်း ကိုယ်လုပ်တော်လီကမင်းကိုကျေနပ်အောင်လုပ်ပေးနိုင်လား"
လင်းရှောင်တောင့်တင်းသွားကာ မျက်တောင်ခတ်၍ ဧကရာဇ်အားကြည့်လိုက်သည်။ သူ၏မျက်နှာမှာမူ နာကျင်မှုကြောင့်ဖြူဖျော့လျက် ပြန်ဖြေဖို့ကိုမူခေါင်းမာစွာငြင်းဆန်ဆဲပင်။
အဖြေတစ်ခုကလင်းရှောင်၏နှလုံးသားအောက်ခြေမှထွက်ပေါ်လာခဲ့သည်။ ဧကရာဇ်အားကြည့်လိုက်ကာ စနောက်လိုဟန်ဖြင့်
"အရှင် မဟုတ်မှလွဲ ကျွန်တော်မျိုးကို သ၀န္တိုနေတာများလားနော်..."
ဧကရာဇ်မှာ တန့်သွားပြီး လင်းရှောင်အား အပြစ်ပေးသည့်အနေနှင့်တစ်ချက်ထိုးသွင်းလိုက်ရာ လင်းရှောင်တုန်ရီလျက် ငိုကြွေးလာသည်။
ဧကရာဇ်ကနှုတ်ခမ်းကိုတင်းတင်းစေ့လျက် သူ၏မေးစေ့ကိုဆုပ်ကိုင်ကာ အေးစက်စွာမေးလိုက်သည်။
ဧကရာဇ်မှာ အလွန်ခေါင်းမာသော ကလေးငယ်ကဲ့သို့ အဖြေမရမချင်းကျေနပ်မည့်ပုံမပေါ်ချေ။
လင်းရှောင်မှာ ထိုပုံစံနှင့်ဧကရာဇ်မှာအနည်းငယ်ချစ်စရာကောင်းသည်ဟု ခံစားမိလျက် စတင်ရယ်မောလိုက်တော့သည်။
"မင်းမှာရယ်ရဲတဲ့သတ္တိရှိ သေးတယ်ပေါ့" ဧကရာဇ္အလြန္မကျေမနပ်ဆိုလိုက်သည်။
လင်းရှောင်ရယ်ခြင်းကိုထိန်းချုပ်လျက် လည်ချောင်းကိုရှင်းလိုက်ကာ...
"ကျေးဇူးပြုပြီးခွင့်လွှတ်ပါ အရှင် ၊ အရှင့်ရဲ့ သဝန္တိုနေတဲ့ပုံစံလေးကချစ်ဖို့ကောင်းလွန်းနေလို့ပါ..."
"ခ်စ္ဖို့ကောင်းတယ်ဟုတ်လား"
ဧကရာဇ်သည်အန္တရာယ်ရှိစွာ သူ့အားအုပ်မိုးလာခဲ့သည်။
လင်းရှောင်လည်းလန့်သွားပြီးအမြန်တွန်းထုတ်လိုက်ကာ
"အရှင် ကျွန်တော်မျိုး ကိုယ်လုပ်တော်လီနဲ့ ဘာမှမပါတ်သတ်ပါဘူး..."
"ဟင်းရည်တစ်ခွက်တည်းအတူသောက်တာ ဘာမွမပါတ္သတ္ဘူးပေါ့..."
ဧကရာဇ်၏မျက်နှာမှာမဲမှောင်လျက်ဆိုလာသည်၊
လင်းရှောင်ထိတ်လန့်သွားသည်။
"အန်ရုန်နဲ့အန်ရှန်းပဲဖြစ်ရမယ်" လင်းရှောင်သဘောပေါက်သွားခဲ့သည်။
အန်ရုန်နှင့်အန်ရှန်းမှာဧကရာဇ်လွှတ်ထားသောလူများဖြစ်ကာ သူ မလုပ်သင့်သည်တို့မလုပ်မိအောင် စောင့်ကြည့်နေခဲ့ခြင်းဖြစ်လိမ့်မည်။
ဧကရာဇ်ကဲ့သို့ယောကျာ်းမှာတစ်စုံတစ်ဦးကိုလွယ်လွယ်ယုံရန်မဖြစ်နိုင်ချေ။
လင်းရှောင်နှုတ်ခမ်းကိုတင်းတင်းစေ့လျက် ဆိုလိုက်သည်။
" ဒီလိုတွေလုပ်နေဖို့မလိုပါဘူးအရှင် လင်းရှောင်ကအရှင့်အပိုင်ဖြစ်နေပြီးပြီပဲ "
"ဒီတော့ မင်းကငါ့အပိုင်ဆိုတာတော့မှတ်မိသေးသားပဲ" ဧကရာဇ်ရွဲ့လိုက်သည်။ "မင်းသိတယ်ဆိုမှတော့ ယောကျာ်းနဲ့မိန်းမကြားမှာ စည်းလေးထားသင့်တာကိုရော မှတ်မိသေးရဲ့လား..."
လင်းရှောင်မျက်မှောင်ကြုတ်လိုက်မိသည်။
"ကိုယ်လုပ်တော်လီကလည်း အရှင့်ရဲ့ ကိုယ်လုပ်တော်ပဲလေ...."
"အဲလိုဆို မင်းကပိုလို့တောင်ေ၀းေ၀းရှောင်ရမှာ"
"ကျွန်တော်မိတ်ဆွေတစ်ယောက်ပဲလိုချင်တာပါ" လင်းရှောင်မကျေမနပ်ဆိုလိုက်သည်။
"အရှင့်မှာကိုယ်လုပ်တော်ထောင်ပေါင်းများစွာရှိတယ်၊ လင်းရှောင်မှာမရှိဘူး။ လင်းရှောင်အခုမှသူငယ်ချင်းလေးတစ်ယောက်ရတာပါ..."
သူသည်ဤလောက၌ သက်ဦးဆံပိုင်ဘုရင်ကသာအုပ်စိုးသည်ကိုသိပြီးမျှတမှုအတွက်တောင်းဆိုမရမှန်းလည်းသိသည်ပင်။ သို့သော်ဧကရာဇ်က အရင်စလာမှတော့ လင်းရှောင်အထွန့်မတက်ပဲမနေနိုင်ချေ။
ဧကရာဇ်တိတ်ဆိတ်စွာထရပ်လိုက်သည်။
"မင်းကကိုယ်တော့်သည်းခံနိုင်စွမ်းကိုစမ်းသပ်နေတာပဲ"
ဧကရာဇ်အေးစက်စွာပြောလိုက်သည်။ထိုအကြည့်တွင် လင်းရှောင် စိတ်ပျက်မှုတို့အားခံစားမိလေသည်။ ထိုအကြည့်ကသူ့အားနာကျင်စေသည်။
လင်းရှောင်မှာ စိတ်ကိုအဆွခံလိုက်ရပြီး နာကျင်မှုကိုသည်းခံလျက် ထရပ်လိုက်သည်။ မည်သည်ကသတ္တိများရလာသည်မသိ ၊ သူမုန်းတီးစွာဆိုလိုက်မိသည်။
"အရှင် ကိုယ့်ကိုယ်ကိုတကိုယ်ကောင်းဆန်လွန်းတယ်လို့ မထင်ဘူးလား"
ဧကရာဇ္မ်က္လုံးကိုမှေးကျဉ်းလျက် လင်းရှောင်အား အန္တရယ်ရှိစွာကြည့်လိုက်သည်။
လင်းရှောင် အံကြိတ်လိုက်ကာ "အရှင်ကလင်းရှောင် ကိုကျမိန်းမတွေနဲ့ေ၀းေ၀းနေခိုင်းတယ်၊ ဒါပေမယ့်အရှင်ကရော။ အရှင့်မောင်းမဆောင်မှာ မိန်းမတွေအများကြီးရယ်၊ အရှင့်ကိုယ်အရှင် လင်းရှောင်အတွက် သန့်စင်အောင်ထားနိုင်လား"
"လင်းရှောင်အခုမှ မိတ်ဆွေတစ်ယောက်ရတာ ၊ အရှင်ကစိတ်ဆိုးတယ်ဆိုတော့၊ အရှင်တခြားမောင်းမတွေအဆောင်ကိုသွားတဲ့အခါကျ လင်းရှောင်စိတ်ဆိုးလို့ရလား"
"မင်းစိတ်မဆိုးခဲ့ရလို့လား" ဧကရာဇ်အေးစက်စွာတုန့်ပြန်လိုက်သည်၊
လင်းရှောင်ခေါင်းခါလိုက်သည်။
"အရှင့်မှာ ကိုယ်လုပ်တော်ပေါင်းများစွာရှိတယ်၊ လင်းရှောင်လည်း အရှင်စိတ်ရှိသလိုအများကြီးရွေးချယ်နိုင်တာကို မကျေနပ်ဘူး။ ဒါပေမယ့် လင်းရှောင်မှာတော့ဒီမိတ်ဆွေလေးတစ်ယောက်ပဲရှိတာ"
လင်းရှောင်သူ၏နှလုံးအားမာစေလျက် ဆက်ပြောလိုက်သည်။
"အရှင်ကလင်းရှောင်ကို ကိုယ်လုပ်တော်လီနဲ့မပါတ်သတ်စေချင်ရင် ရတယ်လေ၊ ဒါဆိုအရှင်လည်း အရှင့်ရဲ့မောင်းမဆောင်ထဲကမိန်းမတွေကိုအကုန်စွန့်လွှတ်လိုက်"
ဧကရာဇ်၏မျက်နှာမှာအံ့အားသင့်လျက်၊ လင်းရှောင်၏စကားကိုမယုံနိုင်သလိုပင်။ ထိုသည်ကိုမြင်လျှင် လင်းရှောင့်ထေ့ငေါ့လျက် "အရှင်တောင်အဲလိုမလုပ်နိူင်မှတော့ လင်းရှောင်က ကိုယ်လုပ်တော်လီကိုဘာလို့ရှောင်နေရမှာလဲ၊ အရှင်ပဲအရင်ကကျတော့ လင်းရှောင်ကို အရှင့်လိုပဲကိုယ့်ကိုယ်ကိုဆက်ဆံဖို့မပြောထားဘူးလား၊ ခုတော့ရယ်စရာသက်သက်လား..."
ဧကရာဇ်ဒေါသထွက်စွာရယ်လိုက်သည်။ ထိုရယ္သံမွာ အမှောင်ထုကိုပင်သယ်ဆောင်လာသကဲ့သိူ့ လင်းရှောင်အားတုန်ယီသွားစေသည်။လင်းရှောင်သူ့ကိုယ်သူထိန်းချုပ်လိုက်ပြီး ခေါင်းမာစွာမော့ကြည့်လိုက်သည်။
သူ၏စကားလုံးမ်ားက ဧကရာဇ်တစ်ပါးအတွက် စိတ်ခေါ်မှုတစ်ခုမှန်းသိပါသည်။ ဤသည်မှာ သူမပြောသင့်သောစကားပင်ဖြစ်သည်။ အရင်ကမိမိဆိုလျှင် လုံး၀ပြောလိမ့်မည်မဟုတ်။
သို့သော် ဧကရာဇ်ထံမှအချစ်ခံရပြီးသည့်နောက် ယခင်ကကဲ့သို့ကြောက်ရွံ့မှုတို့မရွိတော့ချေ။သို့တည်းမဟုတ် ဘ၀တစ်လျှောက်လုံး နှစ်ဦးတည်းသာကုန်ဆုံးသွားနိုင်မည့်အဖော်မွန်မျိုး
လိုချင်၍လည်းဖြစ်နိုင်သည်။
ထို့ကြောင့် သတ္တိကိုစုစည်းကာပြောလိုက်သည်။
ဧကရာဇ်မည်သို့ဆုံးဖြတ်မည်နည်း။ လင်းရှောင်မျှော်လင့်ချက်ဖြင့်မော့ကြည့်လိုက်သည်၊
ဧကရာဇ်အေးစက်စွာထေ့ငေါ့လိုက်ပြီး ရုတ်ချည်း လင်းရှောင်၏လည်ပင်းကိုဖမ်းဆုပ်လိုက်သည်။ လင်းရှောင်မှာသေခြင်းတရားကိုခံစားမိလျှင် ခေါင်းထဲ၌အချက်ပေးသံများဆူညံသွားလေသည်။
"အရှင့်ရဲ့ သေဒဏ်ကင်းလွတ်ခွင့်တံဆိပ်ပြားကအလုပ်မလုပ်တော့ဘူးလား..."