အပိုင်း ၉၀
Viewers 12k

"ဒီတော့မင်းကကိုယ်တော့်စကားကိုနားမထောင်တဲ့အပြင် ကိုယ်လုပ်တော်လီနဲ့လည်းဆက်ပါတ်သတ်မယ်ပေါ့ ဒီအတွက်နဲ့မင်းက သေခြင်းကင်းလွတ်ခွင့်တံဆိပ်ပြားကိုတောင်သုံးမယ်ပေါ့၊ ကိုယ်တော့်ကိုတောင် မောင်းမဆောင်ကိုဖြုတ်ဖို့ပြောရဲတယ်ပေါ့။"
အတော်ရဲတင်းနေတာပဲဟမ်၊ သူသိပ်အလိုလိုက်ပေးမိသွားပုံပဲ
အေးစက်သောအပြုံးဖြင့် ဧကရာဇ်မှာ စိတ်မထိန်းနိုင်ပဲ လင်းရှောင်၏လည်ပင်းအားပို၍အားသုံးကာညစ်လိုက်မိသည်၊ လင်းရှောင်မှာ မွန်းကြပ်နာကျင်ခြင်းဖြင့်အသက်ရှူမ၀တော့။
လင်းရှောင်အားရှိသမျှဖြင့်ရုန်းကန်ပါသော်လည်း ဧကရာဇ္ကမူမ်က္လုံးကိုမှေးကျဉ်းလျက် သေခြင်းတရားကိုပင်သယ်ဆောင်လာသည့်ဖိအားများဖြင့် လင်းရှောင်အားတင်းကြပ်စွာဆုပ်ကိုင်ထားခဲ့သည်။
သူ၏လက်ထဲမှလည်တိုင်မှာ သေးသွယ်လွန်း၍ သူအားနည်းနည်းမျှသုံးလိုက်ရုံဖြင့် ချိုးပစ်နိုင်သည်။တစ်စုံတစ်ဦးကမှ သူ့အားဤမျှစိတ်တိုအောင်မလုပ်ဖူးခဲ့။ လင်းရှောင်မှာပထမဆုံးနှင့် နောက်ဆုံးဖြစ်လိမ့်မည်။
ဧကရာဇ်လက်ကိုပိုတင်းကြပ်လိုက်သည်။ သူတကယ်လင်းရှောင်အား သည်အတိုင်းပျောက်ကွယ်သွားစေချင်သည်။
လင်းရှောင်၏မျက်နှာမှာတဖြည်းဖြည်းမှိန်ဖျော့လာပြီး အသက်ကောင်းကောင်းမရှူတော့စဉ် ဧကရာဇ်သည်ယခင်က သူ့အား၀င်တိုက်သည့် ကုန်းကုန်းငယ်လေးတစ်ယောက်ကို သတိရသြားမိလေသည်၊
ထိုစဉ်ကကုန်းကုန်းလေးမှာ ဝံပုလွေတစ်အုပ်ကြားပစ်ချခံလိုက်ရသော သိုးငယ်လေးသဖွယ်ပင်။ လင်းရှောင်သည် ဧကရာဇ်နှင့်အကြည့်ချင်းဆုံမိလျှင် အားနည်းစွာခေါ်လိုက်သည်။
"အရှင်..."
ဧကရာဇ်ရုတ်ချည်း သတိ၀င်လာခဲ့ပြီး သူ၏မျက်လုံးအိမ်တို့တုန်လှုပ်သွားခဲ့သည်။ သူလက်အားလွှတ်ပေးလိုက်သည်၊
"အဟွတ်..အဟွတ်.." လင်းရှောင်ပြင်းထန်စွာချောင်းဆိုးလိုက်ကာ မျက်ရည်များဖြင့် မယုံနိုင်စွာဆိုလာသည်။
"အရှင်လင်းရှောင်ကို တကယ်သတ်ချင်နေတာပဲ"
လင်းရှောင်၏စကားလုံးမ်ားက ဧကရာဇ်၏နှလုံးသားမဲ့မှုကိုညွှန်ပြနေသယောင်။
ဧကရာဇ်မှာ သူ၏တုန်ယင်နေသောလက်များကို နောက်သို့ပစ်လိုက်ပြီး ၀တ်ရုံလက်ကိုခါလျက် ထြက္သြားတော့သည်။
"ကြင်ယာတော်ကိုစောင့်ကြည့်ထား ၊ ဘယ်မှမသွားစေနဲ့"
"မှန်လှပါ"
လင်းရှောင် လည်ပင်းကိုဖိကိုင်ရင်း အိပ်ယာပေါ်လဲကျသွားတော့သည်။
"ပြည့်ရှင်တိုင်းကနှလုံးသားမဲ့တယ်လို့ဆိုကြတယ်၊ ငါအစကတော့မယုံခဲ့မိဘူး။ အရှင်ကတော့ချွင်းချက်လို့ထင်ခဲ့မိတယ်၊ ခုကြည့်ရတာတော့ .."
လင်းရှောင်မျက်ရည်များဖြင့် နီရဲနေသောလည်ပင်းကို မကျေမနပ်ပွတ်သပ်ရင်းဆိုလိုက်သည်။
နောက်တစ်နေ့တွင် ကြင်ယာတော် စွန့်ပစ်ခံရသည့်သတင်းက နန်းတွင်းတွင်ပျံ့နှံ့သွားတော့သည်။
ထိုနေ့ညတွင် ဧကရာဇ်မှာအ၀တ်အစားများမသေမပ်ဖြင့်ပြန်ထွက်လာခဲ့သည်မို့ ကြင်ယာတော်မှာ ကောင်းစွာမခစားနိုင်သည်မို့ ဧကရာဇ်အားအမျက်တော်ရှသွားစေသည်ဟု။
မူလတွင်လင်းရှောင်ကိုမနာလိုဖြစ်နေကြသူများလည်း ၀မ်းသာစွာသက်ပြင်းချမိကြလေသည်။
သူအပစ္ပယ္ခံရပုံမွာ ပုံမှန်ထက်မြန်လွန်းလှသည်ပင်မဟုတ်ပါလား။
သို့သော်လည်း ဧကရာဇ်ကိုအမျက်တော်ရှစေပြီးနောက်တွင် ကွပ်မျက်မခံရသည်ကပင် ဆန်းကြယ်နေပြီဖြစ်သည်။
ထို့ကြောင့် ကြင်ယာတော်မှာ အရှင့်ရင်ထဲတွင်ရှိနေဆဲဖြစ်ကာ အနာဂါတ်တွင် နှစ်သက်မှုကိုပြန်ရခြင်းလည်းဖြစ်ကောင်းဖြစ်နိုင်ပေသည်၊
ထိုသတင်းများကလည်း လင်းရှောင်နားထဲမရောက်နိုင်တော့၊ လင်းရှောင်မှာအခန်းထဲတွင်အပိတ်ခံထားရပြီး မည်သည့်နေရာကိုမျှမသွားနိုင်ချေ။
ထို့အပြင် လင်းရှောင်လည်ပင်းမှနီရဲသောအမှတ်အသားကလည်းရှိနေဆဲပင်။
အန်ရှန်းသည် သမားတော်ကိုခေါ်လျက် ကုသစေရာလင်းရှောင်တွင်အဖော်ပြုရန်ဆေးဝါးများသာရှိလေသည်၊
အရှင်သည် လင်းရှောင်အား အခန်းတွင်းအကျဉ်းချထားသော်လည်း အစားအစာနှင့် အ၀တ်အထည်တို့ကိုမပြတ်လပ်စေရအောင်ပို့ဆဲ။
သိူ့သော်လင်းရှောင်၏စိတ်အခြေအနေကယခင်လိုမဟုတ်တော့ချေ။
"သခင်လေး နည်းနည်းပါးပါးတော့စားသင့်တယ်..."
အန်ရှန်းကအိပ်ယာထဲမှ လင်းရှောင်အားဆိုလိုက်သည်။
လင်းရှောင်ခေါင်းခါလျက် "ငါ့မှာစားချင်စိတ်မရှိဘူး။ ပြန်ယူသွားလိုက်တော့"
"ဒါပေမယ့်" အန်ရှန်းဆက်ပြောလိုသော်လည်း လင်းရှောင်ကသူမအားကျောခိုင်းလျက်လှဲလျောင်းလိုက်တော့သည်။
အန်ရှန်းသက်ပြင်းချလျက် ဆန်ပြုတ်အားသယ်လျက် ထြက္သြားတော့သည်။
"သခင်လေးမစားပြန်ဘူးလား" အန်ရှန်းစိတ်ပျက်လက်ပျက် ခေါင်းခါလိုကိသည်။
အန်ရုန်ကမူမျက်မှောင်ကြုတ်လျက်
"ငါ့အပြစ်ပဲ ငါအရှင့်ကိုမပြောလိုက်သင့်ဘူး..."
အန်ရှန်းကသက်ပြင်းချလျက်"ဒါကငါတို့တာ၀န်ပဲလေ၊ အရှင်ကအနှေးနဲ့အမြန်သိမှာပဲ"
အန်ရုန်နှုတ်ခမ်းကိုကိုက်လိုက်ကာ
"အရှင်ကသခင်လေးကိုအရမ်းချစ်တာပဲကို ဘာလို့ခုက်..."
"သခင်လေးရောပဲ ခါတိုင်းအရမ်းထက်ရဲ့သားနဲ့ သူ့ကိုယ်သူမှားမှန်း၀န်ခံလိုက်ရင်ရနေပြီကို၊ ကိုယ်လုပ်တော်လီနဲ့လည်းမပါတ်သတ်နဲ့တော့ပေါ့၊ သခင်လေးကလည်းဘာကိုမကျေနပ်မှန်းနားကိုမလည်ဘူး..."
အန်ရှန်းစိတ်ပူစွာဆိုလိုက်သည်၊
အန်ရုန်ရုတ်တရက်တစ်စုံတစ်ခုကိုတွေူမိသွားကာ အလန့်တကြားဆိုလာသည်။
"သ..သခင်လေး မဟုတ်မှလွဲရော ကိုယ်လုပ်တော်လီကို.."
"..."အန်ရှန်းလည်းအန်ရုန်၏ပါးစပ်ကိုအမြန်ကာလိုက်ကာ စိုးရိမ်စွာပြောလိုက်သည်။
"ဒါလက်လွတ်စပါယ်ပြောသင့်တဲ့စကားလား"
"သခင်ကအမြဲ သခင်လေးအပေါ် စိတ်နှစ်ပြီးဆက်ဆံတာ၊ သခင်လေးကအဲလိုဖြစ်စရာအကြောင်းမရှိဘူး..."
အန်ရှန်းခိုင်မာစွာပြောလိုက်သည်။
ပြောပြီးနောက် ဘေးပါတ်၀န်းကျင်တွင်ကြားသွားသောသူရှိမရှိအတည်ပြုပြီးမှသက်ပြင်းချနိုင်လေသည်။ထို့နောက် အန်ရှန်းမှာ အန်ရုန်ကိုဆွဲလျက် အျမန္ထြက္သြားတော့သည်။
လန်ေ၀့တစ်ယောက် အန်ရှန်းနှင့်အန်ရုန်ထွက်သွားသည်ကိုကြည့်လျက် နှုတ်ခမ်းကိုကိုက်လိုက်သည်၊ထို့နောက်အစောင့်ရဲမက်များကိုရှောင်လျက် လင်းရှောင်အခန်းထဲသိူ့၀င်သွားလိုက်သည်။
"ဘယ္သူလဲ"
လင်းရှောင်ထလျက်အစောင့်များကိုခေါ်ရန်ပြင်လိုက်စဉ် လန်ေ၀့မှာ လင်းရှောင်၏ပါးစပ်ကိုအမြန်ကာလိုက်ရသည်။
"ငါပါလန်ေ၀့".
လင်းရှောင်တအံ့တသြကြည့်လိုက်ကာ
"မင်းခုထိနန်းတွင်းကိုဖောက်၀င်နေတုန်းလား..."
လင်းရှောင် သူ့အားစနောက်နိုင်သေးသည်ကိုမြင်မှသူစိတ်အေးသွားမိသည်။
"ငါဘယ်သူ့ကြောင်ဖောက်၀င်လာရတာတဲ့လဲ..."
ထို့နောက်လင်းရှောင်အားကြည့်လိုက်ရာ လည်ပင်းမှအနီရောင်အမှတ်ကြီးကြောင့်ထိတ်လန့်သွားခဲ့သည်။သူမထိန်းနိုင်ပဲ လက်က်ုဆန့်လျက် ညင်သာစွာပွတ်သပ်လိုက်သည်။
"ဒါက"
လင်းရှောင်လန်ေ၀့၏လက်ကိုရှောင်လျက်ပြန်ဖြေလိုက်သည်။
"မြင်တဲ့အတိုင်းပဲ ငါစွန့်ပစ်ခံလိုက်ရပြီ..."
သူကအပြုံးလေးဖြင့်ပေါ့ပေါ့ပါးပါးပြောလာပုံမှာ သူ့ကိစ္စမဟုတ်သည့်အတိုင်းပင်။
သို့သော် လန်ေ၀့ကမူ လင်းရှောင်မျက်လုံးများထဲမှ အထီးကျန်မှုနှင့် ၀မ်းနည်းမှုတို့ကိုမြင်နိုင်လေသည်၊
သူ၏နှလုံးသားမှာနူးညံ့သွားလျက် စိတ်မကောင်းလည်းဖြစ်သွားမိသည်။
"မင်းကဉာဏ်ထက်တယ်မဟုတ်ဘူးလား၊ အခြေအနေကိုဘာလို့ရှုပ်ထွေးအောင်လုပ်လိုက်ရတာလဲ..."
လန်ေ၀့ဆူငေါက်လိုက်သည်။
"ဒီတိုင်းအပြစ်က်ု၀န်ခံပြီး ပြောသလိုလုပ်လိုက်ရင်ရပြီပဲမဟုတ်ဘူးလား၊မင်းဒါတွေကိုကျွမ်းကျင်တယ်မဟုတ်ဘူးလား၊ ဘာလို့ဧကရာဇ်ကိုသွားပြီးဆန့်ကျင်ရတာလဲ"
လန်ေ၀့အံကိုကြိတ်လျက် သူ၏မျက်လုံးမှနီရဲစိုစွတ်လာမှုကိုထိန်းချုပ်လိုက်သည်။
လင်းရှောင်မည်သို့ပြောရမှန်းမသိချေ။ လန်ေ၀့ကရင့်ကျက်ပြီးဖြစ်သည့်တိုင် စစ်သည်ပေါင်းထောင်သောင်းခန့်ကိုဦးဆောင်နိုင်သူဖြစ်သည့်တိုင် ယခုမူ ယခင်က လောကကြီးကိုအရွဲ့တိုက်နေသော သခင်ငယ်လေးသဖွယ်ပင်ပြန်လည်ခံစားလိုက်ရသည်၊
လင်းရှောင်သည် လန်ေ၀့၏ငိုမဲ့မဲ့မျက်လုံးတို့ကိုမြင်လျှင် ရယ်ချင်သွားမိသည်။
"စွန့်ပစ်ခံရတာငါပါ၊ လည်ပင်းညစ်ခံရတာလည်းငါလေ၊ မင်းကဘာလို့ငိုနေတာလဲ"
လင်းရှောင်ရယ်လိုက်သည်ကိုမြင်လျှင် လန်ေ၀့မျက်စောင်းထိုးလျက် "ငါမငိုဘူးဘူးကြ၊ မင်းလိုမြေခွေးကောင်အတွက်ငိုစရာလား၊ မင်းရှောင်နိုင်ရက်နဲ့မရှောင်လို့သေသွားတာ မင်းအပြစ်ပဲ"
လန်ေ၀့ကကြမ်းတမ်းစွာပြောနေသော်လည်း ဆေးဘူးအားထုတ်လျက် လင်းရှောင်လက်ထဲထည့်ပေးလိုက်သည်၊
လင်းရှောင်မူလကမူ သူ့အားသမားတော်လာကြည့်ပေးကြောင်းပြောလိုခဲ့သော်လည်း တဖက်လူ၏စိတ်ရင်းကိုခံစားမိလျှင် တိတ္တိတ္သာနေနေလိုက်သည်၊
"ဒါကြောင့် ငါ့ကိုပြော မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ"
ဆေးဘူးကိုပေးပြီးနောက် လန်ေ၀့ကတည်ငြိမ်စွာမေးလာခဲ့သည်။
"ဟ" လင်းရှောင်ကရယ်လိုက်ကာ
"ဘာလုပ်ရမှာလဲ ငါအစွန့်ပစ်ခံလိုက်ရပါပြီဆို"
"သောက်ပိုတွေ" လန်ေ၀့ကျိန်ဆဲလိုက်ပြီးမှ ရှက်ရွံ့စွာမျက်နှာတို့နီရဲသွားသည်၊
လင်းရှောင် ပြုံးလျက် စနောက်လိုက်သည်ာ
"မင်းစရိုက်အမှန်ကပေါ်လာတာပဲနော်"
"..."လန်ေ၀့သူ့အား စူးစိုက်ကြည့်လိုက်ကာ
"စကားလမ်းကြောင်းလွှဲဖို့မစဉ်းစားနဲ့ မင်းကဒီတိုင်းထိုင်နေပြီးကံတရားကိုလက်ခံမယ့်သူမျိုးမှမဟုတ်တာ၊ ဧကရာဇ်ကလည်း ကိုယ်လုပ်တော်လီအတွက်နဲ့တော့ မင်းကိုသတ်ချင်စရာအကြောင်းမရှိဘူး"
"မင်းဘာများလုပ်ခဲ့တာလဲ" လန်ေ၀့မေးလိုက်သည်။
လင်းရှောင် နှုတ်ခမ်းဆူလျက် မပြောချင်ပြောချင်ဖြင့်ပြောလိုက်သည်။
"ငါ့ကိုကိုယ်လုပ်တော်လီနဲ့မပါတ်သတ်စေချင်ရင်၊ သူ့ကိုလည်းမောင်းမဆောင်ကိုဖြုတ်ပေးဖို့ပြောလိုက်တာ..."
"အဟွတ် အဟွတ်" လန်ေ၀့မှာ ထိုစကားကြောင့်တံတွေးပင်သီးသွားရသည်။ ထို့နောက်သူ့အား မယုံနိုင်စွာကြည့်လာခဲ့သည်၊
"လင်းရှောင် သူကပြည့်ရှင် ဧကရာဇ်နော်"
လင်းရှောင်ထေ့ငေါ့လိုက်ကာ
"ဒီတော့မင်းလည်းငါကမထိုက်တန်ဘူးလို့ထင်တာပေါ့၊ ငါကသူ့အတွက် ငါ့ကိုယ်ငါသန့်စင်အောင်ထားရပြီး သူကက်တော့ ကိုယ်လုပ်တော်အများကြီးနဲ့..."
လန်ေ၀့သက်ပြင်းချလိုက်ကာ
"ဧကရာဇ်တွေကအမြဲအဲလိုပဲလေ မင်း.."
"ဟုတ်ပြီ" လင်းရှောင် စိတ်တိုစွာဖြတ်ပြောလိုက်ကာ
"ငါမင်းနဲ့ဆက်မပြောချင်တော့ဘူး။ မင်းမှာကိစ္စမရှိရင်ပြန်သွားလိုက်တော့"
လင်းရှောင် သည်ဤလောကမှလူအားလုံး ဤသို့တွေးသည်ကိုသိပြီးသားပင် သို့သော်သူစွန့်စားလိုက်ပြီမို့အဆုံးထိသွားကြည့်လိုသည်။
လန်ေ၀့သက်ပြင်းချကာ ခေါင်းကိုခါလိုက်သည်။
"ဒီတစ်ခါတော့မင်းတကယ်လွန်သွားပြီ၊ဧကရာဇ်ရဲ့မောင်းမဆောင်ဆိုတာ မိန်းမတွေအများကြီးယူထားရုံသက်သက်မဟုတ်ဘူး၊ အဲဒါက ညီလာခံအတွက် အခြေခံကျတဲ့အင်အားအရင်းအမြစ်လည်းဖြစ်သေးတယ်။ မင်းကမောင်းမဆောင်ကိုဖြုတ်ပစ်ဖို့ပြောတယ်ဆို ပုန်ကန်တာနဲ့အတူတူပဲ၊ ပြီးတော့ ဧကရာဇ်ရဲ့လုပ်ပိုင်ခွင့်အာဏာတွေလည်းမတည်မငြိမ်ဖြစ်သွားလိမ့်မယ်။ ဧကရာဇ်မင်းကိုသတ်ချင်တာလည်းမထူးဆန်းတော့ပါဘူး။မင်းမသေသေးတာတောင်ထူးဆန်းလှပြီ"
"မင်းကဒီလိုလူမျိုးမဟုတ်ပါဘူး။ မင်းမှာတွေးထားတဲ့ကိစ္စတစ်ခုခုရှိတယ်မလား"
"..."လင်းရှောင် ၀န်မခံသလို ငြင်းလည်းမငြင်းချေ။
သူကမပျော်ရွှင်စွာဆိုလာသည်။
"မင်းဘာလို့မသွားသေးတာလဲ"
လန်ေ၀့သူ့အားရှုပ်ထွေးစွာကြည့်လိုက်သည်။ သူ၏နှလုံးသားကမူနာကျင်လျက်
'မင်းသာမင်းနဲ့အတူနှစ်ယောက်တည်းဘ၀ကို ကုန်ဆုံးမယ့်သူကိုလိုချင်ရင် ဘာလို့ ပြည့်ရှင်ဧကရာဇ်ကိုရွေးခဲ့တာလဲ ဖူယွီကျွင်းဒါမှမဟုတ် ငါ့ကိုရွေးခဲ့ရင် မင်းလိုချင်တဲ့အနာဂါတ်ကိုပေးနိုင်မှာပဲလေ။ဒါကိုမင်းက မူတိုင်းပြည်အင်ပါယာကိုမှရွေးခဲ့တယ်လေ'
လန်ေ၀့ထိုစကားလုံးတို့ကိုပြောလိုသော်လည်းပြောမထွက်ခဲ့ချေ။
"ဒါဆို မင်းအဆင်ပြေသလိုလုပ်ပါ"
ပြောပြီးနောက် သူကအခန်းတွင်းမှ အရိပ္တစ္ခုလိုထြက္ခြာသြားတော့သည်။
လင်းရှောင်အိပ်ယာပေါ်ပြန်လှဲလိုက်သည်။
လန်ေ၀့ကတောင် သူလွန်တယ်လို့ထင်သွားတာလား။
"အစေခံတွေ"
လင်းရှောင် ခေါင်းမော့ကာ ခေါ်လိုက်သည်။
အန်ရှန်းလည်းခေါ်သံကိုကြားသည်နှင့် အခန်းထဲ၀င်လာပြီးဒူးထောက်လိုက်သည်။
"ပြောပါ သခင်လေး..."
"အရှင့်ကိုသွားပြောလိုက်၊ ငါလမ်းလျှောက်ထွက်ချင်တယ်လို့ ၊ ပျင်းဖို့ကောင်းလွန်းတယ်"
အန်ရှန်းတိတ်ဆိတ်သွားပြီးမှ
"သခင်လေး အခုထိအခန်းထဲအကျဉ်းချခံနေရတုန်းနော်"
"ရတယ် သြားသာပြောလိုက်" လင်းရှောင် စိတ်မပါစွာပြောလိုက်သည်၊
ဧကရာဇ်ကသူ့ကိုသတ်တောင်မသတ်ခဲ့မှတော့ အပြင်ထွက်ခွင့်လေးလောက်တော့ပိတ်ပင်နေမည်မထင်ချေ။
ထို့အပြင် ထိုနေ့ကသွေးအေးစစ်ပွဲသည်လည်း ယခုတွင်နွေးလောက်ပြီ။
လင်းရှောင် လည်ပင်းမှဒဏ်ရာအားပွတ်သပ်လိုက်ကာ ထိုစဉ်ကကြောက်ရွံ့မှုကိုပြန်ခံစားမိလိုက်သည်။ဤသည်မှာ အသေးအမွှားကြောက်ရွံ့မှုသာဖြစ်ပြီး ဧကရာဇ်အားမိမိတစ်ဦးတည်းပိုင်ဆိုင်ချင်စိတ်ကတော့မပြောင်းလဲချေ။
"..." အန်ရှန်းသွားခဲ့ပြီးနောက် ဧကရာဇ်လည်း သူ့အား တော်၀င်ဥယျာဉ်ထဲလမ်းလျှောက်ရန်ခွင့်ပြုလိုက်သည်။ သို့သော် တခြားဘယ်ကိုမျှသွားခွင့်မပြုချေ။
လင်းရှောင် ပေါ့ပါးစွာသက်ပြင်းချလိုက်ပြီး အန်ရှန်းနှင့်အန်ရုန်အား နောက်မှလိုက်ပါစေလျက် တော်၀င်ဥယျာဉ်သို့လျှောက်သွားရန်သဘောတူလိုက်သည်။
အန်ရှန်းပြန်ရောက်လာချိန်တွင် သူမအမူအယာကထူးဆန်းနေပြီး ဧကရာဇ်ဘက်တွင်တစ်ခုခုဖြစ်နေပုံပင် သို့သော်မေးတော့မမေးလိုက်ချေ။
သို့သော် မသိရလေ ပို၍သိချင်လေမှာ လူ့စိတ်ပင်မဟုတ်ပါလော။ လင်းရှောင်မှာ မိမိနှလုံးသားအားတစ်စုံတစ်ခုကလာရောက်ကုတ်ခြစ်နေသလိုခံစားနေရသည်။ဧကရာဇ်ဘာလုပ်နေမလဲ သိချင်မိသည်။
နောက်ဆုံးတွင်သူမနေနိုင်တော့ပဲ မေးလိုက်သည်။
"အန်ရှန်း မင်းသွားတော့အရှင်ကဘာပြောသေးလဲ"
အန်ရှန်းအေးခဲသွားပြီးခေါင်းကိုခါလိုက်သည်။
"အရှင်ဘာမှမပြောခဲ့ပါဘူး သခင်လေး"
"တကယ္ဘာမွမပြောခဲ့ဘူးပေါ့" လင်းရှောင်မျက်မှောင်ကြုတ်လိုက်သည်။
အန်ရှန်း ခေါင်းငြိမ့်လျက် "ဧကရာဇ္ကအရေးအခင်း စာလိပ်တွေကိုဖြေရှင်းနေတာပဲ၊ သူကမနေ့ကလောက်တော့စိတ်မတိုတော့ပေမယ့် တခြားဘာအမူအယာမှလည်းမရှိဘူး။ သခင်လေးတောင်းဆိုတာကိုပြောလိုက်တော့လည်း ဘာမွမပြောပဲ ခွင့်ပေးလိုက်တာပဲ"
လင်းရှောင်မျက်ခုံးပင့်လိုက်မိသည်။
"သခင်လေးဘာလို့အလျော့မပေးလိုက်တာလဲ သခင်ကချက်ချင်းခွင့်လွှတ်မယ့်ပုံပါ..."
"..."လင်းရှောင်ဘာမှမဆိုချေ။ အန်ရှန်းမျက်မှောင်ကျုံ့လိုက်ကာ အန်ရုန်လည်း၀င်ပြောလာသည်။
"သခင်လေးဘာကိုစောင့်နေတာလဲ အကယ်၍ သခင့်နှလုံးသားကပြောင်းလဲသွားရင်ဘယ်လိုလုပ်မလဲ..."
လင်းရှောင် ကလှောင်ရယ်လိုက်သည်။ ဧကရာဇ်သည်နှစ်တွေအကြာကြီးသူကလွဲမည်သူ့ကိုမှရင်ထဲမရှိခဲ့သည်မို့ သူနည်းနည်းမှမစိုးရိမ်ချေ။
"သခင်လေးပေါ့ပေါ့မတွေးပါနဲ့...သခင်ကမနေ့ညက ကိုယ်လုပ်တော်ရှန်းအဆောင်ကိုသွားခဲ့တာ..."
လင်းရှောင်အလွန်ထိတ်လန့်သွားလျှင် အန်ရှန်းမှာ အန်ရုန်၏ပါးစပ်ကိုအမြန်ကာလိုက်သည်။
သို့သော်သူကြားခဲ့ပြီးပြီဖြစ်သည်။
"အရှင်ကကိုယ်လုပ်တော်ရှန်းအဆောင်မှာ တစ်ညကုန်ခဲ့တယ်ပေါ့..."
လင်းရှောင် မယုံနိုင်စွာမေးလိုက်သည်။
"ဟ.." လင်းရှောင် အေးစက်စွာရယ်လိုက်ပြီး သူ၏အတွေးထဲတွင် ကိုယ်လုပ်တော်ရှန်းနှင့်အရှင်အတူရှိနေမည့်ပုံရိပ်များကိုမြင်ယောင်လာမိသည်။
အန်ရုန် အလန့်တကြားဒူးထောက်လိုက်ကာ
"သခင်လေးစိတ်လျှော့ပါ ဒီအစေခံက မစဉ်းစားပဲ လျှောက်ပြောမိတာပါ"
"စိတ်လျှော့ရမယ်" လင်းရှောင်လှောင်ပြုံးဖြင့်ဆိုလိုက်သည်။
"ဟင့်အင်း၊ ငါနည်းနည်းမှစိတ်တိုမနေပါဘူး"
"ငါအရမ်းပျော်နေတာ" လင်းရှောင်အံကိုတင်းတင်းကြိတ်လျက် ထြက္ခြာသြားတော့သည်။
အန်ရှန်းမှာ ထိတ်လန့်စွာ သု့အားအမြန်တားလိုက်သည်။
"သခင်လေး တော်၀င်ဥယျာဉ်ကထွက်သွားလို့မရပါဘူး"
"ဖယ်စမ်း" လင်းရှောင်အလွန်ပြင်းထန်စွာဆိုလိုက်သည်။
အန်ရှန်းတုန်ယင်သွားကာ အန်ရုန်နှင့်အတူ သူ့ရှေ့တွင် ဒူးထောက်ချလိုက်တော့သည်။
"အိုး..ဒီမှာဘာဖြစ်နေတာပါလိမ့်.." ရုတ်တရက် ပျော်ရွှင်နေသောအသံတစ်ခုက ဖြတ်၀င်လာခဲ့သည်။
လင်းရှောင်လှည့်ကြည့်လိုက်လျှင် ထသွားထလာ၀တ်စုံကို၀တ်ဆင်ထားသော ဧကရာဇ်၏တော်၀င်ဦးလေးဖြစ်သူမူရွှီနင်ကိုတွေ့လိုက်ရသည်။
လင်းရှောင်အသက်ကိုပြင်းပြင်းရှူလျက် သူ့ကိုယ်သူတည်ငြိမ်စေရန်ကြိုးစားလိုက်တာ
"တော်၀င်ဦးလေးကို ဂါရ၀ပြုပါတယ်"
"ငါမင်းကိုတွေ့တဲ့အခါတိုင်း မင်းကအစေခံတွေကိုခက်ခဲအောင်လုပ်နေတာပဲ၊ ဘာလို့လဲ..."
မူရွှီနင်ကညင်သာစွာပြောရင်း အစေခံများကိုထွက်သွားရန် လက်ကိုေ၀့ယမ်းရင်းအချက်ပြလိုက်သည်။