အပိုင်း ၉၁
Viewers 12k

ထိုနှစ်ဦးတွန့်ဆုတ်နေသည်ကိုမြင်လျှင် မူရွှီနင်ကပြောလိုက်သည်။
"သြားပါ။ ငါမင်းကြီးကိုပြောလိုက်မယ်"
"ငယ်သားသိပါပြီ"
မူရွှီနင်ကထိုသို့ပြောလာလျှင် ထိုနှစ်ဦးလည်းနာခံလျက်ထွက်သွားရတော့သည်၊
လင်းရှောင်ကအေးစက်စွာပြုံးလျက် ထွက်သွားရန်ပြင်လိုက်လျှင် မူရွှီနင်ကသူ့အားဖမ်းဆွဲထားလိုက်သည်။
လင်းရှောင်သည် မူရွှီနင်၏လက်ကိုကြည့်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။
"ဦးရီးတော်ကျွန်တော်မျိုးကို တားဖို့ကြိုးစားနေတာလား"
မူရွှီနင်လည်းသူ့လက်ကိုဖယ်လိုက်ပြီး ပြုံးလျက်
"အဲလိုလည်းမဟုတ်ဘူးပေါ့၊ ဒါပေမယ့်မင်းကဘယ်ကိုများသွားမလို့လဲ၊ မင်းကလောလောဆယ် အကျယ်ချုပ်ခံထားရတုန်းလေ တော်၀င်ဥယျာဉ်ပြင်ပကိုထွက်တာက အမိန့်ကိုဖီဆန်ရာကျတယ်၊ ဧကရာဇ်ကမင်းကိုအကြိမ်ကြိမ်ကာကွယ်ပေးနေရင်တော့၊ မင်းကဒီလိုခဏခဏ အာဏဖီဆန်နေတာကဘာဖြစ်လာနိုင်လဲသိလား"
"ဦးရီးတော်ရဲ့သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ဒီနေ့ကတော့ လင်းရှောင်ဒီလိုလုပ်မှကိုရမှာ"
သူ၏မူလ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းများပျောက်ဆုံးလျက် ယခုလောလောဆယ်တွင် ဧကရာဇ္ထံအပြေးသွားလျက် ကိုယ်လုပ်တော်ရှန်းနှင့်အတူနေခဲ့သလားသာမေးလိုက်ချင်မိသည်။ သူအမွန္တကယ္ကို တခြားမိန်းမရင်ခွင်ထဲကိုများ၀င်ခဲ့သလား။
ထိုမေးခွန်းများက သူ့ရင်ထဲဆို့နှစ်နေခဲ့သည်။
မူရွှီနင် သက်ပြင်းချလျက် "မင်းစာကြည့်ဆောင်သွားပြီး မင်းကြီးကိုတွေ့မလို့လား"
လင်းရှောင်တိတ်ဆိတ်နေပါသော်လည်း သူ၏ဦးတည်ရာမှာ စာကြည့်ဆောင်ဘက်ကိုဖြစ်သည်မို့ ခန့်မှန်းရန်မခက်ချေ။
"ဒါပေမယ့် အရှင်က စာကြည့်ဆောင်မှာမရှိဘူး။ ကိုယ်လုပ်တော်ရှန်းနန်းဆောင်မှာ..." မူရွှီနင်မှာ မတော်တဆပြောမိသွားသကဲ့သို့ ပြုံးလိုက်သည်။
လင်းရှောင်၏ကိုယ်မှာ အေးခဲသွားပြီး သွေးများကပြောင်းပြန်စီးဆင်းသွားသလိုပင်။ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းလည်း လုံး၀ပျောက်ပျက်သွားတော့သည်။
သူ၏တောက်လောင်နေသောမျက်လုံးများဖြင့် တိတ်တဆိတ်ပင် ကိုယ်လုပ်တော်ရှန်းနန်းဆောင်ထံဦးတည်လိုက်သည်။
မူရွှီနင်ကမူသူ့အားတားလိုက်သည်။
"မင်းဘယ်ကိုသွားမလို့လဲ၊ ကြင်ယာတော်ကအတော်လေးသ၀န်တိုတတ်တာပဲ၊ အဲဒါကိုအားလုံးတောင်သိနေပြီ၊ ကြင်ယာတော်အတွက် ဧကရာဇ္က အရာရွိတွေအများကြီးကိုဖြုတ်ပစ်ခဲ့ရတယ်၊ အခုထပ်ပြီး မောင်းမဆောင်ကိုဖြုတ်ပစ်ဖို့တောင်းဆိုနေပြန်ပြီ။
မင်းရဲ့တကိုယ်ကောင်းဆန်မှုကြောင့်ဘာတွေဖြစ်လာမယ်ဆိုတာတွေးမိရဲ့လား"
"ဘယ္လိုပဲပြောကြပါစေ" လင်းရှောင်နောင်တရစွာဆိုလာသည်။
"အရှင့်ကိုလင်းရှောင်မှအပိုင်မရရင် လင်းရှောင်သူ့လက်ထဲသေရတာကိုမှပိုကြိုက်ဦးမယ်"
မူရွှီနင်အနည်းငယ်တွေးသွားမိသည်။ သူသည်လင်းရှောင်သေရမှာမည်မျှကြောက်ကြောင်း သိထားသော်လည်း ယခုသူ့အားကြည့်လျှင် သေရမည်ကိုကြောက်ရွံ့သောတစ်စုံတစ်ယောက်နှင့်မတူချေ။
မူရွှီနင်ပြုံးလိုက်ကာ ထွက်သွားမည်ပြင်နေသော လင်းရှောင်ကိုအားထည့်၍ထပ်မံဆွဲထားလိုက်ပြန်သည်၊
"ဧကရာဇ်အတွက်ပြသနာတွေရှာမလာနဲ့၊ "
မူရွှီနင်က ခြိမ်းခြောက်သော အရှိန်အဝါအပြည့်ဖြင့်ဆိုလာရာ လင်းရှောင်လည်းအန္တရာယ်ကိုအနည်းငယ်ခံစားမိသွားရသည်။
"ချုံအာကိုပြသနာတွေမပေးနဲ့" မူရွှီနင်သည် ဧကရာဇ္အးအခေါ်အေဝါ်ပြောင်းလျက် မဲမှောင်သောအမူအယာဖြင့်ဆိုလာသည်။
မူရွှီနင်ကရယ်လိုက်ကာ" မင်းရဲ့တုန့်ပြန်မှုကမြန်သားပဲ"
သူရှေ့သို့လျှောက်လာရာ မာကျောသောတစ်စုံတစ်ခုကိုနင်းမိသဖြင့်ငုံ့ကြည့်လိုက်ရာ ကျောက်စိမ်းလက်ကောက်အားတွေ့လိုက်ရသည်။
မူရွှီနင်သည် ဗလာအမူအယာဖြင့်ထိုကျောက်စ်မွးအားကောက်ယူလိုက်သည်။သူ၏မျက်နှာတွင် အံ့အားသင့်ဖွယ် ရင်းနှီးနေသောအမူအယာရှိသည်။
လင်းရှောင်မျက်တောင်ခတ်လိုက်ကာ သူ့ကိုယ်သူအမြင်မှားနေသယောင်ခံစားလိုက်ရသည်
မူရွှီနင်သည်ထိုကျောက်စိမ်းကိုပွတ်သပ်ရင်း တိုးတိတ္စြာမေးလိုက်သည်။
"ဒါကမင်းဆီဘယ်လိုရောက်နေတာလဲ"လင်းရှောင်နှုတ်ခမ်းကိုတင်းတင်းစေ့လျက်
"အရှင်ကကျွန်တော်မျိုးကိုပေးထားမှတော့ ကျွန်တော့်ဆီမရှိပဲ ဦးရီးတော်ဆီမှာရှိနေသင့်တာလား"
လင်းရှောင်အေးစက်စွာပြောလျက် ကျောက်စိမ်းအားပြန်ယူရန်ပြင်လိုက်သော်လည်း မူရွှီနင်ကရှောင်လိုက်သည်၊
လင်းရှောင်အလွန်မကျေမနပ်ဖြစ်သွားမိသည်။
"ပြန်ပေးပါ"
လင်းရှောင်၏မကျေနပ်သောအကြည့်မှာ အရေးပါသောတစ်စုံတစ်ခုအား လုယူခံလိုက်ရသလိုမို့ သူမေးလိုက်မိသည်။
"ဒါကမင်းအတွက်အရေးကြီးလား"
"ဦးရီးတော်နဲ့ဘာဆိုင်လို့လဲ" လင်းရှောင်စိတ်တိုစွာပြောလိုက်ပြီး မူရွှီနင်သတိလက်လွတ်ဖြစ်နေစဉ်တွင် ကျောက်စိမ်းအားပြန်လုယူလိုက်သည်။
မူရွှီနင်လည်းကျောက်စိမ်းကိုတင်းနေအောင်ကိုင်ထားသော လင်းရှောင်၏လက်ကိုကြည့်လျက်ပြုံးလိုက်လေသည်။
"မေ့လိုက်တော့"
သူကကျောက်တုံးတုတစ်ခုဆီလျှောက်သွားပြီးထိုင်ထျလိုက်ကာ
"ဒီကိုလာ စကားပြောရအောင်"
"လင်းရှောင်မှာ ဦးရီးတော်နဲ့ပြောစရာဘာအကြောင်းမှမရှိဘူး"
မူရွှီနင်ကမူသူ့အားဖြတ်ပြောလာခဲ့သည်၊
"အရှင်က ကိုယ်လုပ်တော်ရှန်းနန်းဆောင်ကို မောင်းမဆောင်ကိုဘယ်လိုဖြုတ်ချရမလဲဆိုတာ တိုင်ပင်ဖို့သွားတာ"
"..."လင်းရှောင်တောင့်တင်းသွားလျက် လှည့်ကြည့်လိုက်သည်။
မူရွှီနင်၏တည်ငြိမ်နေသောမျက်နှာမှာလိမ်ညာနေပုံမပေါ်ချေ။သို့သော် ဧကရာဇ်ဤမျှမြန်မြန်ဆုံးဖြတ်လိုက်လိမ့်မည်ဟု မထင်ထားသဖြင့်ရှေ့သိူ့တိုး၍ မယုံနိုင်စွာမေးလိုက်သည်။
"ဘယ္လိုအထောက်အထားနဲ့ပြောနေတာလဲ"
"ဟ" ရယ္စရာကောင်းသောတစ်ခုခုက်ုကြားလိုက်ရသကဲ့သို့ မူရွှီနင်ကရယ်လျက်
"ယုံတာမယုံတာမင်းအပိုင်း၊ ငါကရောဘာလို့ပြောနေရဦးမှာလဲ"မူရွှီနင်၌သူ့အားလိမ်စရာမကြောင်းပြချက်အမှန်တကယ်ပင်မရှိချေ။
ဤသည်ကိုတွေးမိသည်နှင့် လင်းရှောင်၏ဒေါသတို့အရည်ပျော်ကာ မျက်နှာမှာလည်းနီရဲလာခဲ့သည်။
သူတကယ်ပဲတုံးအသောမေးခွန်းမျိုးမေးလိုက်မိသည်။
လင်းရှောင်မှာရှက်ရွံ့နေသောဟမ်းစတားတစ်ကောင်ကဲ့သိူ့ သူ့ကိုယ်သူကျင်းထဲပြေးပုန်းချင်မိသွားရသည်။
မူရွှီနင်လည်းပြုံးလိုက်ကာ
'လင်းရှောင်ကတကယ့်ကို ချုံအာအကြိုက်ပဲ'ဟုတွေးမိကာ သက်ပြင်းချလိုက်မိသည်။
"ကျောက်စိမ်းက အရင်ကငါ့ဟာပဲ"
လင်းရှောင်အံ့အားသင့်စွာမော့ကြည့်လာခဲ့သည်။
မူရွှီနင်ဖြည်းညင်းစွာစပြောပြလိုက်သည်။
"ချုံအာငယ်ငယ်ကမွေးနေ့လက်ဆောင်အဖြစ် ငါပေးထားတာ၊ "
"ချုံအာက သူငယ်ငယ်ကတည်းက သူ့အမေကိုဆုံးရှုံးထားတာ ၊ငါကပဲသူ့ကိုစောင့်ရှောက်ခဲ့ရတာ ဒီတော့ သူငါ့ကိုအရမ်းမှီခိုခဲ့တာ၊ ဒါပေမယ့်"
မူရွှီနင်မျက်လုံးတို့တွင်၀မ်းနည်းရိပ်တို့ဖုံးလွှမ်းလာကာ "ဘယ်တော်၀င်သားတော်တွေကများကြီးလာတာနဲ့အမျှ မပူပင်ပဲနေနိုင်မှာလဲ၊ သူကပြသနာမရှာရင်တောင် သူ့ဆီပြသနာတွေကအမြဲရောက်လာနေခဲ့တာ၊ပြီးတော့ချုံအာက ရည်မှန်းချက်သိပ်ကြီးတဲ့ကလေး"
"..."လင်းရှောင်မှာမူရွှီနင်တစ်ယောက် ရုတ်တရက် ဒါတွေကိုအဘယ်ကြောင့်စပြောလာမှန်းမသိသော်လည်းအရှင့်၏အတိတ်ကိုစိတ်၀င်စားသည်မို့ တိတ်တိတ်လေးနားထောင်နေမိသည်။
သူလျှောက်သွားကာပင် ဘေးတွင်ထိုင်လျက် နားထောင်နေမိသည်။
သို့ဆိုလျှင် ဧကရာဇ်မှာငယ်စဉ်ကတည်းက အေးဆေးနေသူဖြစ်ပုံပင်၊ သိုသော် ဧကရာဇ်ဟူသောနေရာကို ရဖို့ရာယှဉ်ပြိုင်တိုက်ခိုက်ကြရာတွင် အရှုပ်အထွေးထဲသူပါဆွဲထည့်ခံခဲ့ရသည်၊ထို့ကြောင့် အားလုံး၏မျက်စိထဲတွင် နတ်ဆိုးတစ်ကောင်ကဲ့သို့ပြုမူကာ သူ၏အကိုအရင်းကိုပါသတ်ခဲ့ရသည်၊
သူ့တွင်ကြီးမားတော့ရည်မှန်းချက်ရှိသည်။ သူက မူတိုင်းပြည်အားသူ့လက်ထက်တွင်သာမက ခေတ်အဆက်ဆက်တွင် အသန်မာဆုံးတိုင်းပြည်ဖြစ်စေချင်ခဲ့သည်၊
သူ့မှာရှိသမျှနည်းလမ်းပေါင်းစုံဖြင့် ထိုဆန္ဒကိုလည်းအကောင်အထည်ဖော်ခဲ့သည်၊ မောင်းမဆောင်မှာ လည်းအချက်အချာကျသော အာဏာတစ်ခုဖြစ်လေသည်။ ကျန်သည့်ခံစားချက်များမှာမူသူ့အတွက်အရေးမပါ။
ဤသည်မှာလင်းရှောင်ကိုမတွေ့ခင်အထိသာဖြစ်သည်၊
မူရွှီနင်၀မ်းနည်းစွာသက်ပြင်းချလျက်ဆိုလိုက်သည်။
"ငါ့အနေနဲ့မင်းက ချုံအာနဲ့မလိုက်ဖက်ဘူးလို့ပဲထင်ခဲ့တာ၊ဒါပေမယ့် ခုကြည့်ရတာတော့"
"ဒါပေမယ့် ဘာဖြစ်လဲ" လင်းရှောင် ခြိမ်းခြောက်သော လေသံဖြင့်မေးလိုက်သည်
၊မူရွှီနင်ကမူ ထိုခြိမ်းခြောက်မှုကို ဂရုပင်မစိုက်ပဲ
"ခုတော့ မင်းတို့လိုက်ဖက်တယ်လို့ထင်ပါတယ်"
"..."လင်းရှောင်ကမူစိတ်တိုလွန်း၍ ထကာထိုလူအား တစစီမလုပ်ပစ်နိုင်သည်ကိုမကျေမနပ်ဖြစ်နေမိသည်။
လင်းရှောင်အစွယ်များကိုပြလျက်
"လျှောက်ပြောမနေနဲ့၊ ကျွန်တော်မျိုး အရှင်နဲ့လိုက်ဖက်တယ် မလိုက္ဖက္ဘူးက ဦးရီးတော်နဲ့မဆိုင်ဘူး"
မူရွှီနင်အကူအညီမဲ့စွာခေါင်းကိုခါယမ်းလျက်
"ချုံအာကိုယ်တိုင်လည်းသိပါတယ်၊ မင်းကသူ့အတွက်မသင့်တော်ဘူးဆိုတာ"
"..."လင်းရှောင်အံကိုကြိတ်လိုက်မိသည်။
သူခွန်းတုံ့မပြန်နိုင်ခင် မူရွှီနင်ကဆိုလာသည်။
"ချုံအာရဲ့ရည်မှန်းချက်က မူတိုင်းပြည်ကိုကြီးထွားလာစေဖို့ပဲ၊ အဲဒီအချိန်တုန်းက ရှောင်တိုင်းပြည်ကိုလွယ်လွယ်နဲ့ရနိုင်ပာရဲ့သားနဲ့ မင်းကြောင့်ပြသနာတွေဖြစ်သွားရတယ်၊ မောင်းမဆောင်ဆိုတာကလည်း အာဏာကိုထိန်းချုပ်ဖို့အကောင်းဆုံးပစ္စည်းတစ်ခုပဲ ဒါပေမယ့် ခုကျမင်းကြောင့်သူစွန့်လွှတ်ရတော့မယ်"
"မင်းပြောသလိုမင်းကသင့်တော်ပါတယ်ဆို ငါ့ကိုပြောပါဦး မင်းကချုံအာကိုတစ်ခုပြီးတစ်ခု ဆုံးရွုံးအောင်လုပ်နေတာ၊ မင်းဘာများသူ့အတွက်လုပ်ပေးနိုင်လို့လဲ"
"..."လင်းရှောင်တိတ်ဆိတ်သွားကာ သေချာတွေးတောလိုက်သည်၊သူဦးရီးတော်ပြာသောစကားများကိုလက်မခံနိုင်သော်လည်း မငြင်းဆန်နိုင်ပြန်ချေ၊
မူရွှီနင်ကထေ့ငေါ့လိုက်သည်။
"သိပ်တွေးမနေနဲ့ ၊ ငါအမွန္ကိုပဲပြောနေတာ ၊ တွေးနေလဲအပိုပဲ၊ "
လင်းရှောင်ကမူအံကြိတ်လျက်" ကျွန်တော်အရင်ကအသုံးမကျဖြစ်ကောင်းဖြစ်ခဲ့လိမ့်မယ်၊ ဒါပေမယ့်အနာဂါတ်မှာအရှင့်ကိုအကူအညီမပေးနိုင်ဘူးလို့မဆိုလိုဘူး"
မူရွှီနင် မျက်ခုံးပင့်လျက် "ဒါဆို ငါစောင့်ကြည့်နေမယ်"
လင်းရှောင်ကမူအေးစက်စွာကြည့်လျက် "ဒီလောက်အများကြီး ပြောနေတာ ကျောက်စိမ်းအကြောင်းကိုရှောင်ချင်လို့လား"
လင်းရှောင်ကလက်ထဲမှကျောက်စိမ်းကိုပွတ်သပ်လျက်
"ကျွန်တော်မျိုးနားမလည်ဘူး"
"ဒီကျောက်စိမ်းကနန်းတွင်းမှာသတင်းဆိုးကြီးတစ်ခုရှိတယ်၊ထိတဲ့သူဘယ်သူမဆိုခေါင်းဖြတ်ခံရမယ်တဲ့ ဒီကျောက်စိမ်းက ဦးရီးတော်ပေးခဲ့တာဆိုတော့၊ ဦးရီးတော်ဘာများလုပ်ခဲ့တာလဲ"
မူရွှီနင်မှာ မပြောချင်သလိုမျက်မှောင်ကြုတ်နေပါသော်လည်း အတော်ကြာတွင် သက်ပြင်းချလိုက်ကာ
"ငါအစကတော့ ချုံအာကို လွတ်လပ်ပြီးအပူအပင်ကင်းတဲ့မင်းသားတစ်ပါးပဲဖြစ်သေချင်ခဲ့တာ၊ သူ့ကို ထီးနန်းလုပွဲလိုအရှုပ်အထွေးထဲမှာမပါစေချင်ခဲ့ဘူး။
မူရွှီနင်မှာသူ့ကိုယ်သူလှောင်ရယ်လိုက်ကာ "အဲဒါကပဲသု့အတြက္ပိုကောင်းလိမ့်မယ်လို့ ငါထင်ခဲ့တယ်လေ၊ အဲဒါကြောင့်လည်း ငါကသူနဲ့ ဆန့်ကျင်ဘက်မှာရပ်တည်ပြီး သူ့ကိုထီးနန်းကိုစွန့်လွှတ်အောင်ကြိုးစားခဲ့တာ၊ ငါထင်ခဲ့တာက သူအရွုံးပေးပြီး မပါတော့ရင် အေးအေးဆေးဆေးနေနိုင်လိမ့်မယ်ပေါ့..."
လင်းရှောင်နှလုံးသားကအေးစက်သွားခဲ့သည်။
"အရှင်ထီးနန်းအတွက် တိုက်ခိုက်နေရတုန်းက ဦးရီးတော် ထောက်ခံပေးတာက အရှင်မဟုတ်ခဲ့ဘူးပေါ့"
"ဒါဆို အရှင်က အကူအညီမရွိပဲ တစ်ယောက်တည်း ရုန်းကန်ခဲ့ရတာပေါ့..."
လင်းရှောင်မှာတွေးပင်မတွေးရက်ချေ။ အရှင်တစ်ယောက် ဘယ်လောက်များ ခက်ခဲခဲ့မည်လဲ။
လင်းရှောင်နှလုံးသားမှာတင်းကြပ်သွားပြီး အံကိုကြိတ်လိုက်သည်။
"ပြောရရင်တော့ ငါလည်းမင်းလိုပါပဲ၊ စံပြပုဂ္ဂိုလ်မျိုးမဟုတ်ခဲ့ဘူးပေါ့..."
မူရွှီနင်ကနာကျင်စွာဆိုလိုက်သည်။
"အဲဒါကငါနောင်တအရဆုံးအရာပါပဲ"
"..."လင်းရှောင်တိတ်ဆိတ်နေခဲ့သည်၊
မူရွှီနင်အသက်ရှင်နေသည်ကပင် ဧကရာဇ်မှာလွန်စွာသဘောထားကြီးလှပြီဖြစ်သည်။ သို့သော် သူသည် လွန်စွာစိတ်နာလွန်းရကား ကျောက်စိမ်းအား ရတနာခန်းမတွင် ပိတ်ပင်ထားလျက် မည်ကိုကိုမျှမထိခိုင်းခဲ့ခြင်းပင်။
လင်းရှောင် သက်ပြင်းချလိုက်မိသည်။
သူ၏နှလုံးသားမှာ အပ္ကလေးများနှင့်ထိုးဆွခံရသကဲ့သို့နာကျင်လှသည်။
ဧကရာဇ်သည်ဤအကြောင်းများကိုမဘည်သူကိုသေည်မျှတစ်ခါမျှမပြောခဲ့ဖူးချေ။
လင်းရှောင်၏အမူအယာကမဲမှောင်လာပြီး
"ဒီတော့မင်းနားလည်သွားပြီမလား။ ချုံအာကမင်းကိုတန်ဖိုးထားပေမယ့် ဒါတွေကိုတစ်ခါမှမပြောပြခဲ့ဘူးလေ။ မင်းကသူ့ရဲ့တစ်ဦးတည်းသောဖြစ်ချင်တယ်ဟုတ်စ ၊ မင်းမှာအရည်အချင်းရှိရဲ့လား"
မူရွှီနင်ကပြုံးလျက်ဆိုလိုက်သည်။
လင်းရှောင်မှာအံကိုကြိတ်လျက် ခေါင်းကိုလွှဲလိုက်မိသည်။
မူရွှီနင်ကရယ်မောလျက် ထရပ္လိုက္ကာ
"ပြောစရာရှိတာတွေအကုန်ပြောပြီးပြီဆိုတော့ မင်းစဉ်းစားပေါ့"
ပြောပြီးနောက် မူရွှီနင်သည် လက္ကိုနောက်ပစ်လျက် ထွက်သွားရန်ပြင်လိုက်သည်။ သို့သော် လင်းရှောင်ကခေါင်းမော့ကာ အော်ခေါ်လိုက်သည်။
"တော်၀င်ဦးရီးတော်"
မူရွှိနင်သူ့အား လှည့်ကြည့်လိုက်သည်။
လင်းရှောင်သူ့အားစူးနစ်စွာကြည့်လာပြီး မူရွှီနင်မှာထိုကဲ့သို့ကြည်လင်နေသော မျက်လုံးမျိုးတခါမှမမြင်ခဲ့ဖူးချေ။
"ဦးရီးတော်က ပြောစရာရှိတွေအကုန်ပြောပြီး လင်းရှောင်ကို ကိုယ့်နေရာကိုယ်သိအောင် လုပ်ခဲ့တယ်ဆိုတော့၊ ပြောချင်တာက အရှင်ကလင်းရှောင်ကို သူ့နှလုံးသားတစ်ခုလုံးဖွင့်လှစ်မပေးခဲ့ဘူးလို့ လင်းရှောင်က အရှက့်အတွက် ပိုသိတတ်သင့်တယ်လို့လေ"
မူရွှီနင်ကပြုံးလိုက်ပြီး "မင်းကသဘောပေါက်လွယ်သားပဲ ဘာလုပ်ရမလဲသိမှာပါ"
မူရွှီနင်၏စကားလုံးများကြောင့် လင်းရှောင် ရယ်မောကာ ထရပ်လိုက်သည်။
"လင်းရှောင်သိပါတယ်၊ ဒီထက္သာပိုစောစောသိခဲ့ရင် စောစောကတည်းက မောင်းမဆောင်ကိုဖြုတ်ပစ်ဖို့ပြောခဲ့မှာ"
မူရွှီနင်မျက်နှာကပျက်ယွင်းသွားခဲ့သည်။
လင်းရှောင်ကမူရယ်လျက် " ညီလာခံကအရာရွိတွေကိုစီမံရတာတင်ပင်ပန်းနေပြီ၊ ပြန်လာရင်လည်း မောင်းမဆောင်က ကိုယ်လုပ်တော်တွေကိုလည်းစီမံရသေးတယ် အရှင့်ကိုပင်ပန်းစေတာပေါ့"
"အရှင်ကကျွန်တော်တစ်ယောက်တည်းအပေါ် အာရုံစိုက်ရင်ရပြီ၊ ကိုယ်လုပ်တော်တွေရဲ့နေရာကို ကျွန်တော်မျိုးယူနိုင်တယ်၊ သူတို့ထက်လည်းပိုအသုံး၀င်တယ်"
ဘယ်လောက်တောင်မောက်မာလိုက်သလဲ၊
မူရွှီနင်အသက်ကိုပြင်းပြင်းရှူလျက် မယုံနိုင်စွာမေးလိုက်သည်။
"မင်းက ညီလာခံရဲ့အင်အားကို မျှတစေမှာမို့လို့လား"
"ဟင့်အင်း.ကျွန်တော့်ရဲ့ အရည်အချင်းကတခြားတစ်ခု..."
မူရွှီနင်ကခေါင်းကိုခါလျက် ဆက်မမေးတော့ချေ။
သူကထေ့ငေါ့လျက် "ငါထပ်ပြောမယ်၊ မင်းကိုစောင့်ကြည့်နေမယ်"