အခန်း ၂၈
Viewers 8k

Chapter 28

(အစ်ကိုကြီး၏လျှို့ဝှက်အနမ်း)


လင်းယောင်ယောင် အဖွဲ့သားသုံးယောက်နှင့် မည်သို့ပူးပေါင်းဆောင်ရွက်နေသည်ကို သူစောင့်ကြည့်ခဲ့သည်။သူမ၏စိတ်ပင်ပန်းမှုကြောင့်အဖွဲ့၏အမှတ် လျော့သွားမှာကိုလိုလားမည်မဟုတ်ကြောင်း သူသိသည်။


အစားအသောက်အလွန်အကျွံစားခြင်းက ပြဿနာကြီးကြီးမားမားမဟုတ်ပေ။ထိုအရာကို ကိုင်တွယ်မဖြေရှင်းလျှင်တောင် ခဏတာ နာကျင်ရ၍ စိတ်မသက်မသာဖြစ်စေပြီး အချိန်တစ်ခုကြာလျှင် သက်သာသွားလိမ့်မည်။သို့သော် သူ သူမကို မည့်သည့် နာကျင်မှုမျိုးမှ မဖြစ်စေချင်။သူမအစား နာကျင်ခွင့်ရလျှင်ကောင်းမည်။


ခဏအကြာ လင်းယောင်ယောင်က ဗိုက်မှာ သိပ်မနာတော့ဘဲ ရုတ်တရက် သူမတစ်ကိုယ်လုံး နာကျင်လာသည်။အအေးမိပြီး အဖျားတက်သွားသလို ခံစားလိုက်ရသည်။အဆင်မပြေဖြစ်လွန်း၍ တကိုယ်လုံး လှိမ့်ချင်လာသည်။


လင်းရွှမ်က မျက်မှောင်ကြုတ်ပြီး ကလေးမလေး၏ နဖူးကို ထိလိုက်သည်။အလွန်ပူနေသည်။ သူမ ဘာကြောင့် ရုတ်တရက် အဖျားတက်လာတာလဲ။ဆေးသေတ္တာထဲက စမတ်ထောက်လှမ်းကိရိယာကို ရှာတွေ့ပြီး လင်းယောင်ယောင်၏ လက်ချောင်းထိပ်များမှ သွေးအနည်းငယ်ကို ထုတ်ယူလိုက်သည်။


ဉာဏ်ရည်ဥာဏ်သွေး ရှာဖွေရေးကိရိယာသည် အီလက်ထရွန်းနစ်ဒေတာဘေ့စ်မှ ကိုက်ညီသော ရောဂါဖြစ်ပွားမှုများကို ရှာဖွေခြင်းဖြင့် လျင်မြန်စွာအလိုအလျောက် ခွဲခြမ်းစိပ်ဖြာပေးသည်။အီလက်ထရွန်းနစ်အသံဖြင့် အစီရင်ခံသည်-

"ပဏာမ စီရင်ချက် လူနာ၏ ခန္ဓာကိုယ်သည် အလွန်တက်ကြွသော အခြေအနေတွင် ရှိနေသည် ကိုယ်လုံးကိုယ်ထည်မှာ D+ အဆင့်မှ C အဆင့်သို့ ပြောင်းလဲနေသည်..."


ဆိုးသွမ်းစွာပြုမူပြီးနောက် ထိုမိန်းကလေးက C အဆင့်သို့ တက်သွားလိမ့်မည်ဟု လင်းရွှမ် မထင်ထားခဲ့ပေ။


ခန္ဓာကိုယ်တွင်းရှိ အကောင်းဆုံးအပူချိန်ကို ချိန်ညှိရန်အတွက် အောက်ခြေအဆင့် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုရှိလာသောအခါ အဖျားတက်ခြင်းသည် သဘာဝလက္ခဏာဖြစ်သည်။ကုသရန်မလိုအပ်ပေ။မဟုတ်ပါက ရှေ့လုပ်ငန်းစဉ်ကို ထိခိုက်စေမည်ဖြစ်သည်။


ထိုသို့ မသက်မသာဖြစ်မှုမျိုးက သွားများကို ကိုက်ထားရုံနှင့် ခံနိုင်ရည်ရှိနိုင်သည်။လင်းယောင်ယောင် က စိတ်ရှုပ်ထွေးမှုအထိ လောင်ကျွမ်းသွားသည်။ သူမ လင်းရွှမ် ၏လက်မောင်းကို ပွေ့ဖက်ထားပြီး တစ်ကိုယ်လုံးဖြင့်တင်းတင်းကြပ်ကြပ် ဖိထားကာ ငိုရင်း ခေါင်းအုံးတစ်ခုလို ညှစ်လိုက်ထားကာ...


"အစ်ကိုကြီး အေးတယ်..."


လင်းရွှမ်တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ သူ့လက်ကို ရုတ်လိုက်ရန် ကြိုးစားသော်လည်း ၀န်လေးနေသည်။ကလေးမလေးက သူ့လက်မောင်းကိုဖက်၍ အိပ်ရသည်ကို နှစ်သက်၏။ သို့သော် သူမ၏ သိက္ခာအား ငဲ့ညှာသည့်အနေဖြင့် မည်သည့်အခါကမှ တစ်ကိုယ်လုံးပစ်မမီဖူးချေ။


ခဏအကြာတွင် လင်းယောင်ယောင် မနှစ်မြို့ဖွယ်ဖြင့် လက်မောင်းကို ခါလိုက်ပြီး သူမ၏ လေ့ကျင့်ရေးဝတ်စုံကို ချွတ်လိုက်ပြီး... "အရမ်းပူတယ်"


လင်းရွှမ် မျက်ခုံးလှုပ်သွားသည်။သူမ ကြယ်သီးတစ်လုံးဖြုတ်လျှင် သူက ကြယ်သီးတစ်လုံး ပြန်တပ်ပေးနေသည်။လင်းယောင်ယောင် စိတ်ရှုပ်ထွေးသွားသည်။ သူမ အရမ်းပူပြီး အင်္ကျီ ချွတ်ချင်သော်လည်းကြယ်သီးတွေက ဘာလို့ ဖြုတ်လို့မပြီးနိုင်ရတာလဲ...


ခဏအကြာတွင် လင်းယောင်ယောင်က အအေးနှင့် အပူဖြင့် စိတ်မသက်မသာဆုံး ခံစားနေရပြီး သူမတစ်ကိုယ်လုံး နာကျင်လာကာ ယားယံလာသည်။ သူမ အောက်နှုတ်ခမ်းကို သွေးထွက်လုမတတ်ကိုက်ထားသည်။


လင်းရွှမ်က သူမကိုယ်သူမ နာကျင်အောင်လုပ်နေမိတာကြောင့် သူ မကြည့်ရက်နိုင်တော့ဘဲသူမ နှုတ်ခမ်းကို အသာအယာ ဆွဲခွာကြည့်လိုက်သည်။သို့သော်၊သူမက သူ့လက်မကို ဆတ်ကနဲဆွဲကိုက်ပစ်လိုက်လေ၏။


သူမ၏ ဖြူဖျော့ဖျော့ဖျော့ နှုတ်ခမ်းများ၊ ချွန်ထက်သော သွားဖြူဖြူလေးများ၊နူးညံ့စိုစွတ်သော လျှာ... တစ်ချက်ထိရုံဖြင့် အရာအားလုံးကို ခံစားလိုက်ရသည်။လင်းရွှမ် မျက်လုံးများ လေးလံလာပြီး ထုံထိုင်းသွားသည် ။

'...ကြောက်စရာကောင်းတဲ့ နတ်သမီးလေးပဲ'


သူမ အဆင့်မြင့်ဖို့အတွက် ဝေဒနာအပြင်းအထန်ခံစားနေရသော်လည်း ပိုရင်းနှီးလာသောကြောင့် သူ့စိတ်ထဲမှာ ပျော်နေမိတာ‌ကတော့ အမှန်ပင်။


အဖျားကြောင့် လင်းယောင်ယောင်၏ အရေပြားတစ်ခုလုံး နီရဲဖျော့ဖျော့ဖြင့် နီမြန်းလာသည်။


ရုပ်ပိုင်းဆိုင်ရာ မသက်မသာမှုက သူမကို မူးနောက်သွားစေပြီး သူမ၏ လုပ်ဆောင်ချက်အားလုံးမှာ အသိစိတ်လွတ်သွားသည်။


လင်းယောင်ယောင် လွှတ်လိုက်သောအခါ လင်းရွှမ် ၏ လက်ချောင်းများတွင် အနည်းငယ်သွေးထွက်နေသော သွားရာထင်သွားသည်။လင်းရွှမ် SS plus ကိုယ်လုံးကိုယ်ပေါက်သာ မဟုတ်ပါက သူ့လက်ချောင်းများ ကိုက်၍ပြတ်နိုင်ဖွယ်ရှိသည်။


ပိုဆိုးသည်က လင်းယောင်ယောင် ပါးစပ်ထဲသွေးအနည်းငယ် မြည်းကြည့်ပြီးမှ သတိပြန်ရလာပုံရသည်။သူမ သက်တောင့်သက်သာရှိပုံရပြီး ပန်းနုရောင် လျှာဖျားလေးကို ဆန့်ထုတ်ကာ ကိုက်ထားသည့် လက်ချောင်းများမှ သွေးများကို စို့နေသည်။ထိုခံစားချက်သည် အနည်းငယ် နာကျင်ပြီး တရွရွဖြစ်စေကာ ယားယံနေသည်။ အလွန်နေရခက်သည်။


လင်းရွှမ် လည်စိအောက်သို့ဆင်းလာပြီး သူ့အသံ ပျောက်သွားသည်။ သူအသံတိုးတိုးလေးဖြင့် လေးလေးနက်နက်ပြောသည်။


"နတ်သမီးလေး အစ်ကိုကြီး တစ်ယောက်အပေါ်မလုပ်သင့်တာတွေ ငါ့အပေါ် အများကြီးလုပ်ခဲ့ပြီးပြီ နောက်ကျရင် မင်းတာဝန်ယူရမယ်..."


လင်းယောင်ယောင်က "နတ်သမီးလေး" စကားလုံးကိုကြားပြီး သူမဘယ်လိုသဘောပေါက်သွားသည်မသိ ရုတ်တရက် ဒေါသထွက်သွားပြီး ပြဿနာရှာတော့သည်။သူမကို စောင့်ကြပ်နေသော လင်းရွှမ်အား လက်သီးနှင့် ထိုးလိုက် ကန်လိုက်လုပ်နေပြီး...


"သွား သွားတော့...အစ်ကိုကြီးရဲ့ နတ်သမီးလေးဆီပဲ သွားလိုက် ညီမလေးက အရေးမကြီးဘူး..."


သက်တောင့်သက်သာ အိပ်ပျော်ဖို့အတွက် လင်းယောင်ယောင် ဖိနပ်ကို ချွတ်ထားပြီးသားဖြစ်သည်။ထို့ကြောင့် လင်းရွှမ်က သူ့အား လက်တစ်ဖက်တည်းဖြင့် တွန်းနေသော အသားဖြူဖြူနူးနူးညံ့ညံ့ ခြေဖဝါးလေးကို ဆုပ်ကိုင်လိုက်သည်။


ယခုတစ်ခါမှာတော့ သူလက်အိတ်မဝတ်ထားသောကြောင့် သူမ အသားအရည်က ထင်ထားသလိုပင် နူးညံ့ချောမွေ့နေသည်။မကြာခင်မှာပဲ သူမ၏ ခပ်ကြမ်းကြမ်းစိမ်းနုနုလက်တစ်စုံကိုလည်း သူ့လက်ဖဝါးကြီးနှင့် ချုပ်နှောင်ထားလိုက်သည်။


လက်နှစ်ဖက်စလုံး ထိန်းထားပြီး မလှုပ်ရှားနိုင်တော့သောအခါ ယခု သူမငြိမ်လိမ့်မည်ဟု

လင်းရွှမ် ထင်မိသော်လည်း သူမ မျက်ရည်များနှင့် ကုန်းအော်နေသည်။


"ဝိုး...ညီမလေးကိုအနိုင်ကျင့်နေတာပဲ"


သူမကို ဖြည်းဖြည်းလေးသာချုပ်ကိုင်ထားပြီးလုံးဝမနာကျင်စေပေ။လင်းရွှမ် ထိုစွပ်စွဲချက်ကြောင့် မိမိကိုယ်ကို ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ပြီး "အနိုင်ကျင့်ခြင်း" အစစ်ကို သူမအား သိမြင်စေလိုသည်။


သို့သော် သူ့ကလေးမလေးမျက်ရည်များ ကျ‌ေနသည်ကို မြင်လိုက်ရသော လင်းရွှမ် က စိတ်မကောင်းဖြစ်သွားသည်။


သူက ကလေးမလေးအား ဆွဲပွေ့လိုက်ကာ ရင်ခွင်ထဲဖိထားလိုက်သည်။သူမကို သူ့ပေါင်ပေါ်ထိုင်စေ၍ မျက်ရည်များကို ညင်သာစွာ သုတ်ပေးလိုက်ပြီး လက်ဖဝါးနှင့် ကျောကိုအသာလေးပုတ်ပေးနေသည်။


"မငိုနဲ့ မငိုနဲ့ မင်းလိုချင်သမျှရစေရမယ်လို့ ကတိပေးတယ်နော်"


လင်းယောင်ယောင်က ဟင်းချက်တာကလွဲ၍ တခြားလှုပ်ရှားမှုမလုပ်ရဘဲ ချွေးထွက်လုနီးပါး ဖြစ်နေသည်။သူမ အဝတ်အစားတွေက ဖုန်မှုန့်များတက်နေပြီဖြစ်သည်။နေ့တိုင်း တဲထဲတွင် အိပ်ယာမဝင်ခင် စိုစွတ်နေသော မျက်နှာသုတ်ပုဝါနှင့် သုတ်ပြီး ခြေထောက်ကို ဆေးကြောပြီးမှ လတ်ဆတ်သောအပင်အခြေခံ အနံ့ရေမွှေး ဖြန်းပေးသည်။သူမ အနံ့အသက် လုံးဝမဆိုးပေ။ကျန်နေသော အသားကင်နံ့ အနည်းငယ်သာရှိနေသည်။လင်းယောင်ယောင် သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အသားကင်နံ့ကို ရှူမိရင်း ရုတ်တရက် ဗိုက်ဆာလာကာ...

"ဗိုက်ဆာလာပြီ... အသားစားချင်တယ်"


အစောပိုင်းက လင်းရွှမ် သူမအား စွမ်းအင်စုပ်ယူမှုကို အားပေးသည့် ဆေးတစ်မျိုးဖြင့် ထိုးထားသောကြောင့် ခရမ်းရောင်လျှပ်စီးငှက်မှ ကယ်လိုရီအားလုံးကို လောင်ကျွမ်းသွားပြီးဖြစ်သည်။


သာမာန်အားဖြင့် လူသားတစ်ဦး၏ ကိုယ်လုံးကိုယ်ပေါက်အဆင့်မြင့်လာသောအခါတွင် အထောက်အကူအဖြစ် ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးအေးဂျင့်ကို ထိုးသွင်းရန် လိုအပ်ာသည်။ ဆဲလ်များ ဆက်တိုက်ခွဲဝေခြင်းနှင့် ကြွက်သားဆဲလ်များ ပြန်လည်ဖွဲ့စည်းခြင်းတို့ကြောင့် ကြီးမားသောစွမ်းအင်သုံးစွဲမှုမှ ရုပ်ပိုင်းဆိုင်ရာနာကျင်မှုကို သက်သာစေရန် အာဟာရဆိုင်ရာဖြေရှင်းချက်အနည်းငယ်ကို သောက်ရန်လည်း အကြံပြုထားသည်။


အာကာသခလုတ်မှ လင်းရွှမ်က ကလေးမလေးနှစ်သက်သည့် စတော်ဘယ်ရီအရသာ အာဟာရဖျော်ရည်ကို ထုတ်ယူလိုက်သည်။ သူက ပြွန်ချောင်းကိုဖွင့်ပြီး တိုက်ရန် သူမနား ကပ်ပေးလိုက်သည်။


"အသားတော့မရှိဘူး ဒါပဲ အရင်စားနော်"


လင်းရွှမ် သူမပါးစပ်ထဲ လက်တစ်ဖက်ဖြင့် တေ့ပေးလိုက်ပြီး လင်းယောင်ယောင်က သောက်လိုက်သည်။အလောတကြီးဖြစ်သွားသောကြောင့် နှုတ်ခမ်းပေါ် ပန်းရောင် အာဟာရရည် အနည်းငယ် ပေသွားသည်။သူမသောက်ပြီးသည်နှင့် မသိစိတ်က နှုတ်ခမ်းကို လျှာဖြင့်လျက်လိုက်သည်။သူမ၏ ဖြူဖျော့ဖျော့ဖျော့နှင့် သွေးမထွက်သော နှုတ်ခမ်းများက စိုစွတ်တောက်ပသော နီညိုရောင်ဖြင့် အနည်းငယ်ပေကျံသွားသည်။


လင်းရွှမ်က ထိုမြင်ကွင်းကိုမြင်ပြီး ပို၍မငြိမ်မသက်ဖြစ်သွားသည်။သူက သူမ၏ နီမြန်းသော ပါးပြင်နှင့် ပန်းရောင်ဖျော့ဖျော့ နှုတ်ခမ်းတို့ကို အချိန်အကြာကြီး စိုက်ကြည့်နေမိသည်။အအေး၊ အပူနှင့် နာကျင်မှုတို့ သူမ ခန္ဓာကိုယ်ပေါ်မှ ပျောက်ကွယ်သွားသည်။ယခု လင်းယောင်ယောင် ခေါင်းလေးပြီး ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်နေသည်ဟုသာ ခံစားရတော့သည်။


စားသောက်ပြီးနောက် သူမ ပိုငြိမ်သက်လာသည်။သူမက ဗိုက်ပေါ်လက်တစ်ဖက်ကိုတင်လိုက်ပြီး ကျန်လက်တစ်ဖက်က လင်းရွှမ်ကို ပေါ့ပေါ့ပါးပါး ကိုင်လိုက်သည်။သူမလက်က အဓိကနေရာပေါ်ရောက်နေပြီးနောက် သူ၏ကျယ်ဝန်းသော ရင်ဘတ်ပေါ်တွင် သက်တောင့်သက်သာဖြင့် မှိန်းခနဲ အိပ်ပျော်သွားသည်။


... သူမ ငြိမ်သက်စွာ ဟောက်နေသည်။


လင်းရွှမ်၏အမူအရာမှာ အလွန်ရှုပ်ထွေးနေသည်။ သူက အာဟာရပုလင်းအလွတ်ကို ချလိုက်ပြီးနောက်ကလေးမလေး၏ လက်များကို အငယ်ကောင်ပေါ်မှ ဂရုတစိုက် ဖယ်လိုက်သည်။


အတွေးထဲအမြဲရောက်နေသော နဖရိုက်ကျောက်စိမ်းအမျိုးသမီးလေးက နွေးထွေးပြီး မွှေးကြိုင်နေသော်လည်း ကြည့်ရုံသာ ကြည့်နိုင်သည်။ သူမအားစောင့်ကြည့်ပြီး တစ်ချို့အရာများကို တွေးတောနိုင်သော်လည်း စည်းကျော်သွားစေမည့်လုပ်ရပ်မျိုး အနည်းငယ်မျှ မလုပ်ဝံ့ပေ။


ချိုမြိန်သော်လည်း နာကျင်စရာပင်။


ကလေးမလေး သတိလွတ်နေသောအခြေအနေ၌ အခွင့်ကောင်းယူရန် ခွင့်မပြုနိုင်။အချိန်အတော်ကြာအောင် တွေးထားသော အရာတစ်ခုက သူမအပေါ် ပြစ်မှုဖြစ်စေလိမ့်မည်ဟု ခံစားရသောကြောင့် မလုပ်နိုင်...တစ်နေ့ သူမ နှုတ်ခမ်းကို နမ်းလိုက်ချိန်ဟာ သူ့သတို့သမီးဖြစ်နေချိန်မှ ရမည်။


ထိုအရာကို သည်းခံနေသော်လည်း သူတကယ်ကို မခံမရပ်နိုင်ခံစားနေရသည်။လင်းရွှမ် နောက်ဆုံး သည်းမခံနိုင်တော့ဘဲ ငြိမ်ငြိမ်လေးစဉ်းစားလိုက်သည်..။


သူမ အသိစိတ်လွတ်နေတုန်းက သူ့ကို ဘယ်လောက်ထိ လုပ်ခဲ့လဲ...သူဖြစ်ချင်တဲ့အရာကလဲ သိပ်မများပါဘူး...


တွေးရင်းတွေးရင်း လင်းရွှမ် က ခေါင်းကိုဖြည်းညှင်းစွာငုံ့လိုက်ပြီး အိပ်ပျော်နေသော ကောင်မလေးမျက်နှာနားကို ချဉ်းကပ်လိုက်သည်။


ယောက်ျားတစ်ယောက်၏ ပါးလွှာပြီး နူးညံ့သော နှုတ်ခမ်းက အဖျားကြောင့်ပန်းနုရောင်သန်းနေသော ကောင်မလေး၏ ပါးပြင်ပေါ် ညင်သာစွာ ထိကပ်သွားသည်..။


"ဘုတ်" တဲတံခါးမှ မြေပြင်ပေါ်သို့ တစ်စုံတစ်ရာ ပြုတ်ကျသံ ထွက်ပေါ်လာသည်။


လင်းရွှမ် ရုတ်တရက်ခေါင်းမော့ပြီး နောက်ကိုကြည့်လိုက်သည်။သူ၏ ထက်မြက်သော မျက်လုံးများက သိသိသာသာ လူသတ်နိုင်သော အရောင်အဝါအဖြစ်ပြောင်းသွားသည်။


လင်းရွှမ်က နွယ်ပင်ထူထူပေါ်တွင် အမှတ်စာရင်းကတ်များစွာ ချိတ်ဆွဲထားသည့် အနီရောင်အဆင့်-လေး သွေးစပျစ်နွယ်ပင်ဖြစ်နေသည်ကို တွေ့လိုက်မှ စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်။


မီတာဝက်မြင့်သော သွေးစပျစ်နွယ်ပင်က တဲတံခါးဝတွင် ရပ်တန့်သွားသည်။ဘယ်ကမှန်းမသိပေါ်လာသော ယောကျာ်းထံမှ တန်ခိုးကြီးပြီး ကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအားကြောင့် ကြောက်ရွံ့တုန်လှုပ်နေသည်။အချိန်ကိုက်ရောက်သောကြောင့် အမှတ်စာရင်းကို အမြန်ကောက်ယူပြီး မြေကြီးပေါ်မှ အမြစ်တွေကို ဆွဲထုတ်ကာ ထွက်ပြေးချင်နေသည်။


သို့သော် လင်းရွှမ် က... "ပြန်လာခဲ့"


သွေးစပျစ်ပင်သည် လူသားဘာသာစကားကို အမှန်တကယ် နားမလည်သော်လည်း ထက်မြက်သော ထိုးထွင်းဉာဏ်ရှိပုံရသည်။ရှေ့သို့ခြေတစ်လှမ်းထပ် လှမ်းလိုက်လျှင် လေထဲတွင် ထင်ပေါ်နေသော ထိုယောကျာ်း၏ စိတ်စွမ်းအား စက်ကွင်းကြောင့် သူ၏ အမြစ်များကို ပြင်းထန်စွာ ခုတ်ထစ်သွားမည်ကို ကြောက်နေသည်။


သွေးစပျစ်ပင်က ဖြည်းညင်းစွာ ပြန်ရွေ့လာသည်။အလယ်အလတ်နှင့် အဆင့်မြင့်သော ဂြိုလ်သားရဲများထံသင်ယူလာသော အဆင့်နိမ့် ဂြိုလ်သားရဲများ၏ လက်နက်ချလှုပ်ရှားမှုဖြင့် သွေးစပျစ်နွယ်ပင်က ခန္ဓာကိုယ်ကို နိမ့်ချလိုက်ပြီး နွယ်ပင်များပေါ်မှ အမှတ်စာရင်း "ဂုဏ်ပြုခြင်း" ကို လင်းရွှမ်သို့ ကမ်းပေးလိုက်သည်။


အဓိပ္ပာယ်က ရှင်းပါသည်- 'ဒီမှာယူလိုက်ပါ ကျေးဇူးပြုပြီး ငါ့ကို သွားခွင့်ပြုပါ'


လင်းရွှမ် က ထိုအပင်သည် တကယ်ကို ဉာဏ်ကောင်းပြီး မျက်မှောက်ရေးရာကို နားလည်သည်။အလွန်ပါးနပ်သည်။အနည်းဆုံး လင်းရွှမ်က သူ့ကိုသတ်ရန် ရည်ရွယ်ချက် မရှိပေ။


ထိုသွေးစပျစ်ပင်က ယောင်ယောင် ကို မှတ်မိပုံပေါ်နေသည်ကို ထူးထူးဆန်းဆန်း သိလိုက်ရသည်။ထိုအပင်ကရမှတ်အချို့ကို ယူဆောင်လာသည်။ဒါကို သူမ လိုအပ်တယ်လို့ ထင်ပါသလား...

မြင့်မြတ်သောမျိုးရိုးဖြစ်သော အစိမ်းရောင်ကြယ်များက အသိဥာဏ်ပြောင်းလဲလာသော အဆင့်မြင့်ဂြိုလ်ပင်များနှင့် ဆက်သွယ်နိုင်ကြောင်း လင်းရွှမ် သတိရမိသည်။


အချို့သော အစိမ်းရောင်ကြယ်ပွင့်များက လူသားများ တိရစ္ဆာန်ငယ်များကို စောင့်ရှောက်သကဲ့သို့ အဆင့်မြင့်ဂြိုလ်သားအပင်များကို အိမ်မွေးတိရစ္ဆာန်များအဖြစ် ထားရှိကြသည်။


ထိုအဆင့်မြင့်သော ဂြိုလ်သားအပင်များသည် သူတို့၏သခင်အဖြစ် အသိအမှတ်ပြုလိုသောအစိမ်းရောင်ကြယ်ပွင့်များကို ရွေးချယ်ပိုင်ခွင့်ရှိကြသည်။

ထိုသို့ဆိုလျှင် ဤသွေးနွယ်ပင်က သူ့မိသားစုအဖြစ် ယောင်ယောင် ကို ရွေးချယ်ခဲ့တာလား...

လင်းရွှမ်က အလွန်စိတ်အားထက်သန်စွာ သွေးစပျစ်ပင်၏ လှုပ်ရှားမှုတစ်ခုတည်းမှ အရာအားလုံးကို သူမှန်းဆနိုင်ခဲ့သည်။


သို့သော် အပင်က ယောင်ယောင်အား တိတ်တဆိတ်နမ်းနေပုံကို တွေ့သွားလိမ့်မည်ဟု မထင်ထားခဲ့‌ေပ အကယ်၍ ဒါကိုထုတ်ဖော်လိုက်ပါက ဘာဆက်ဖြစ်နိုင်မလဲ... သူက အေးစက်စွာပြောလိုက်သည်။


"အမှတ်စာရင်းကို ထားခဲ့ပြီး သွားတော့"


သို့သော် ထိုအခိုက်တွင် လင်းယောင်ယောင်က မျက်လုံးများကိုပွတ်သပ်ရင်း နိုးလာသည်။ သူမက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာမဟုတ်ဘဲ စိတ်ထဲတွင် အနည်းငယ်ရင်းနှီးသော ကလေး၏ အသံကို ကြားလိုက်ရသည်။

"ထပါ.. ကူညီပါဦး အား... ကြောက်စရာကောင်းတဲ့ လူသားအရှင်သခင်ကြောင့် ကလေး သေရတော့မယ် သူက ကလေးကို သတ်ချင်နေတာ..."


တစ်စုံတစ်ယောက်နှင့် စကားပြောနေသကဲ့သို့ လင်းရွှမ်အသံတိုးတိုးကို သူမ နားက ယောင်ဝါးဝါးကြားလိုက်သောကြောင့် နိုးလာသည်။လင်းယောင်ယောင် စိတ်က ထိုင်းမှိုင်းနေသေးသော်လည်း ယခင်ကထက် အနည်းငယ် ပိုကောင်းလာသည်။ သူမ အနည်းငယ် ကြည်ကြည်လင်လင်ဖြစ်လာပြီး...

"အစ်ကိုကြီး ဘာတွေဖြစ်နေတာလဲ"... ဟု မေးသည်။


"ဘာမှမဟုတ်ပါဘူး ဆက်အိပ်ပါ"

ဟု လင်းရွှမ်လေးနက်သော အသံဖြင့်ပြောလိုက်သည်။ သွေးစပျစ်နွယ်ပင်က အကိုင်းအခက်များနှင့် အရွက်များက တုန်လှုပ်လျက် ငိုကြွေးကာ...


"ကူညီပါ ကူညီပါဦး ငါ့ကိုကြည့်ပါဦး ကလေးကဒီမှာပါ ဟူးးးးး"




xxxxxx

Ei Thet Hmue