အခန်း ၃၀
Viewers 8k

Chapter 30

Chapter 30

( အစ်ကိုကြီးရွှမ်၏ မနာလိုမှု)


လင်းယောင်ယောင် ၏ ယခုတစ်ကြိမ် တိုးတက်မှုသည် ယခင်လက စုဆောင်းထားသော လေ့ကျင့်မှုတို့ပေါင်းစပ်ခြင်းနှင့် စွမ်းအင် အလွန်အကျွံ စားသုံးခြင်း၏ ခန္ဓာကိုယ်တုန်လှုပ်ခြင်း တို့ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ D+ မှ C အဆင့်သို့ တိုးရန် ခက်ခဲသည်မဟုတ်ပေ။ သူမသည် နှစ်နာရီကျော်ကြာမျှ မသက်မသာခံစားခဲ့ရပြီး ယခုအခါ သူမ ခန္ဓာကိုယ်အပူချိန်သည် ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်တွင် နာကျင်မှုများ ပျောက်ကွယ်သွားသော်လည်း အနည်းငယ် အားနည်းနေသေးသည်။ သူမ မတ်တပ်ထရပ်ပြီး လှည့်ကြည့်လိုက်သည်။


"အစ်ကိုကြီး... အရပ်ပိုမြင့်လာတယ်ထင်လား"


လင်းရွှမ်သည် ယခုဆို အနမ်းတိုက်ခိုက်မှုမှ ပြန်လည်သက်သာလာပြီဖြစ်သည်။ သူမကသာ လုံးဝအလေးအနက်ထားပုံမပေါ်သော်လည်း သူ့နှလုံးသားကမူ တုန်လှုပ်သွားခဲ့သည်။ထို့အပြင် သူမ အနမ်းကို နောက်ထပ်ပြန်ရနိုင်မလားဟုလည်း တွေးနေမိသည်။ သူ့ရှေ့က သေးသွယ်သည့် မိန်းကလေးကို ဂရုတစိုက်ကြည့်ပြီး


"... အရပ်က ၁စင်တီမီတာ ၊၂စင်တီမီတာလောက် ပိုမြင့်လာတယ်…စပါးရိတ်သိမ်းပွဲတော်ကျရင် အိမ်မှာနေပြီး အားရှိတာတွေ များများစားသင့်တယ်…ဒီတိုးတက်မှုရဲ့ သက်ရောက်မှုက တည်ငြိမ်သွားချိန်က နောက်နှစ်ရက်၊ ဒါမှမဟုတ် ပိုကြာနိုင်သလို အဲ့ဒီအခါကျမှ Biying အသီးကို စားသင့်တယ်"


အရင်ကတော့ သူက လင်းယောင်ယောင် ၏ ကိုယ်လုံးကိုယ်ပေါက်ကို အဆင့်မြှင့်ရန် လေ့ကျင့်ဖို့ စဉ်းစားနေခဲ့ရခြင်းမှာ၊နောက်ဆိုလျှင် အဆင့်မီပါဝင်ပစ္စည်းများကို ဆက်ဆံသည့်အခါ သူမကို ရုပ်ပိုင်းဆိုင်ရာ အားနည်းမှုမဖြစ်ရအောင် ဖြစ်သလို လက်ထောက်ကုသရေးသမားတစ်ယောက်အနေနှင့်လည်း အထူးလိုအပ်တာကြောင့်ဖြစ်သည်။


ယခု သူမ၏ ကိုယ်လုံးကိုယ်ထည်သည် Biying အသီးကိုစားပြီး အဆင့် B သို့ အဆင့်မြှင့်နိုင်သည်ဆိုလျှင်တောင် မလုံလောက်သေးဟု ထင်ရသည်။ထို့အပြင်၊ သူ့ခန္ဓာကိုယ်က SS+ ဖြစ်တာကြောင့် ကလေးမလေးကို အထိတ်တလန့်မဖြစ်စေချင်တာကြောင့်လည်း ပါသည်။သို့သော်၊ သူ့အတွေးက အလွန်အမြော်အမြင်ကြီးပြီး သူမအတွက် ရေရှည်သက်သာချောင်ချိရေးကိစ္စကိုလည်း ထည့်သွင်းစဉ်းစားခဲ့ခြင်းဖြစ်သည်။


လင်းယောင်ယောင် သည် သူမ၏ ကိုယ်လုံးကိုယ်ပေါက် ကြီးမြင့်လာသောအခါ ယခင်က ခံစားခဲ့ရသော ကွဲပြဲသွားသလိုမျိုး နာကျင်မှုကို သတိရမိသည်။ ယခုလည်း Biying အသီးကို စားချင်စိတ်မရှိနေသေး၍ သူမမျက်နှာကို ရှုံ့လိုက်မိသည်။


"အာ…အရပ်က တစ်စင်တီမီတာ၊ နှစ်စင်တီမီတာ လောက်လေး ရှည်လာဖို့အတွက် အရမ်းနာကျင်ရမှာမလား"


လင်းရွှမ် သူမကို တစ်ချက်ကြည့်လိုက်၏။


"မင်း စားစရာမလိုဘူး"


'...မင်းမစားချင်ရင်တောင် စားရမယ်'


သူပြန်သွားသည့်အခါ သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကို A အဆင့်အထိ မြှင့်တင်ဖို့ နည်းလမ်းကို ဆက်လက်ရှာဖွေရမည်။


သူမ စိုးရိမ်နေမိသည်။


"ဘယ်လိုလုပ် မစားလို့ ရမှာလဲ…အရပ်အမြင့်အတွက်ဆို၊ လက်မတိုင်းက အရေးကြီးတယ် မလား"


ထိုစဉ် လတ်လတ်ဆတ်ဆတ် မွေးထားသော ဂြိုလ်သားအိမ်မွေးတိရစ္ဆာန် 012 သည် သူမ ခြေဖဝါးကို ရုတ်တရက်ထိလိုက်ကာ မီတာဝက်အောက်အရှည်ရှိသည့် အကိုင်းအခက်များကို ဆန့်ထုတ်ရင်း ပြောလိုက်သည်။


"မဟုတ်ဘူး... အရပ်က အရမ်းအရေးကြီးတယ်... အမြင့်ငါးမီတာဆဆိုရင်တောင် မဆိုးသေးဘူး...ကလေးလေး အရပ်ပုတုန်းကဆို စားလောက်သောက်လို့လည်း တစ်ကယ်ကို မကောင်းဘူး"


012 အတွက်မူ၊ လင်းယောင်ယောင် နှင့် လင်းရွှမ်တို့၏ စကားများကို ဦးနှောက်လှိုင်းမှတစ်ဆင့် နားလည်ရန် လွယ်ကူလှသည်။ သို့သော်၊ စကားအဓိပ္ပါယ်ကို အနည်းငယ် ခန့်မှန်း၍သာ ပြောသည်။

012 ပါလာသောအခါမောင်နှမနှစ်ယောက် စကားစပြတ်သွားကြသည်။ထိုအချိန်မှာပင်၊ အပြင်ဘက်တွင် စစ်ဘက်ဆိုင်ရာသုံး ယဉ်သံများနှင့် အရှိန်ပြင်းပြင်း ချဉ်းကပ်လာသော စက်သံများကို ကြားနေရသည်။ ထိုအခါ လင်းယောင်ယောင် မျက်နှာသည် အသက်ဝင်လာပြီး စိတ်လှုပ်ရှားနေပုံဖြင့် ပြောလိုက်သည်။


"အာ..ဝေ့ယွမ် ၊ချောင်းလေး နဲ့ စစ်သည် ယဲ့တို့ ပြန်လာတာဖြစ်ရမယ်"


ထို့နောက် အမှတ်ကတ်တွေ ယူလာပြီး သူမနောက်ကို လိုက်ဖို့ 012 ကို အမိန့်ပေးလိုက်သည်။သူမတို့ တဲတံခါးဝနားရောက်ခါနီးမှ သူမ လင်းရွှမ်အား မနှုတ်ဆက်ခဲ့ကြောင်း သူမ သတိရသွားသည်။ ထို့နောက် သူမ ချက်ချင်းနောက်လှည့်လိုက်ပြီး fly kissတစ်ပွင့်ပေးလိုက်သည်။


"အစ်ကိုကြီး..အိမ်မှာတွေ့မယ်နော်"


လင်းရွှမ် ငိုချင်လာသည်။


"......အာ"


သူမသည် သူငယ်ချင်းများရှိရာ အပြာရောင်ကောင်းကင်ထဲသို့ လွတ်လွတ်လပ်လပ် ပျံသန်းနေသော ငှက်တစ်ကောင်နှင့်တူသည်။ထို့ကြောင့်၊ သူကမူ သူမကို ခဏခဏ ပြန်ကြည့်ဂရုစိုက်ဖို့နှင့် ပင်ပန်းနေချိန်မှာ သူမ အိမ်ပြန်လာဖို့ကိုပဲ သူစောင့်နေနိုင်၏။ ပိုကြောက်စရာကောင်းသည်က သူမသည် တစ်နေ့နေ့မှာ သူမကို ချစ်မြတ်နိုးသည့် လက်တွဲဖော်ကို ခေါ်လာပြီး အမှီအခိုကင်းစွာဖြင့် မိသားစုဘဝထူထောင်လိုကြောင်း ပြောပြလာနိုင်သည်။ထိုအရာမျိုးကို သူဘယ်တော့မှ ခွင့်မပြုပေ။


လင်းယောင်ယောင် တဲထဲက ထွက်လာလျှင် ဝေ့ယွမ်နှင့် တစ်ခြားသူတွေက စိတ်ဓာတ်ကျနေပုံနှင့် တဲအနီးကို လျှောက်လာနေကြသည်။သို့သော်၊ သူမ အသက်ရှင်နေသေးတာကို မြင်လိုက်ရလျှင် အားလုံးက ပျော်ရွှင်သွားကြသည်။ သူမ နောက်လိုက်လာသော 012 သည် အဝေးမှ ကြည့်လျှင်တောင် ထင်ရှားလွန်းသည်။အထူးသဖြင့် ၎င်း၏ နွယ်ပင်များရှိ အမှတ်ကတ်များပင်ဖြစ်သည်။ ဝေ့ယွမ် အံ့အားသင့်သွားပြီး ကိစ္စ၏ အကြမ်းဖျင်းကို လျင်မြန်စွာ ခန့်မှန်းမိလိုက်သည်။


"သွေးစပျစ်နွယ်ပင်က မင်းကို မြှူဆွယ်ဖို့ ဒီအမှတ်ကတ်တွေကို သုံးခဲ့တာလား... အိမ်မွေးတိရစ္ဆာန်လိုမျိုး ဂြိုလ်သားအပင်တစ်ပင် မွေးရတာ ဆိုးတော့ မဆိုးပါဘူး...အနည်းဆုံး သူတို့က ခုခံတိုက်ခိုက်နိုင်တယ်"


ချောင်းမင်ယောင် သည် 012 ၏လက်ထဲရှိ အမှတ်ကတ်များကို ဖမ်းဆုပ်ရန် ဟန်ပြင်လိုက်သည်။


"ငါတို့ ပထမအဆင့်ကို ရဖို့က ၁၀မှတ်ပဲကွာတယ်....ဒီ့ထက်အမှတ်နည်းနည်းများလိုက်လျှင် လက်ရှိ နံပါတ်တစ်အဖွဲ့ကို ကျော်ဖြတ်နိုင်မှာ"


012 သည် ၎င်း၏ ရတနာများကို အလွန်ကာကွယ်လိုသောကြောင့် သူ၏ အကိုင်းအခက်များနှင့် အရွက်များနောက်တွင် အမှတ်ကတ်များကို ဖွက်ထားလိုက်ပြီး လင်းယောင်ယောင် ခြေရင်း၌ ပုန်းနေခဲ့သည်။


လင်းယောင်ယောင် သည် ခါးကိုကိုင်းကာ 012 ၏ အကိုင်းအခက်များနှင့် အရွက်များကို ထိလိုက်၏။


"သူ့ကို ပေးလိုက်ပါ... ဆက်ကိုင်ထားရင် မင်း ပင်ပန်းနေလိမ့်မယ်... စိတ်မပူပါနဲ့...မင်းကို ငါတို့ စားစရာတွေ ပေးမှာပါ"


"မင်းပြောပြီးပြီဆိုတော့ လိမ်လို့မရဘူးနော်"


ထိုအခါ 012 က သူမ ကို အမှတ်ကတ်များ လက်ဆင့်ကမ်းလိုက်တာကြောင့် သူ့သဘောက သူမကိုသာပေးခြင်းဖြစ်ပြီး တစ်ခြားသူများကို ပေးတာမဟုတ်ဟု ဆိုခြင်းဖြစ်သည်။ သွေးစပျစ်နွယ်ပင်သည် ရင်ထဲက မုန်းတီးမှုကို မမေ့သေးပေ။ ဤသုံးယောက်က ယခင်က သူ့ကို ရိုက်နှက်ဖူးသည်။ထိုအချိန်မှာ ယဲ့ရှီးက ဝင်ပြောလာခဲ့သည်။


"ယောင်ယောင် ရဲ့ အိမ်မွေးတိရစ္ဆာန်က တစ်ကယ်ချစ်ဖို့ကောင်းတာပဲ…ငါတို့ မင်းကို ဘာမှလုပ်မှာမဟုတ်ဘူးနော်"


သွေးစပျစ်နွယ်ပင် စုဆောင်းထားသော ရမှတ်ကတ်အများအပြားတွင် မြင့်မားသော ရမှတ်များနှင့် နိမ့်ကျသော ရမှတ်များလည်းရှိသည်။ အားလုံးပေါင်းလိုက်လျှင် လေးဆယ့်ငါးမှတ်အထိရှိသည်။ ထိုလေးဆယ့်ငါးမှတ်ဖြင့် သူတို့၏အုပ်စုရမှတ်သည် ရုတ်တရက် ပထမနေရာသို့ ခုန်တက်သွားနိုင်သည်။အချိန်နှင့်တစ်ပြေးညီ ရမှတ်များနှင့် စာရင်းဇယားများကို လွယ်ကူချောမွေ့စွာ သိနိုင်ပြီး သူတို့၏ ကိုယ်ပိုင်ရမှတ်များကို စကင်န်ဖတ်ရန်အတွက် ဝေ့ယွမ် သည် နောက်လိုက် တိုက်ခိုက်ရေးသမားများထံမှ ယာယီဆက်သွယ်ရေးကိရိယာအသစ်တစ်ခုကို တောင်းဆိုခဲ့သည်။ ဤအချိန်မှာ ပွဲပြီးဖို့ တစ်မိနစ်သာကျန်တော့သည်။


ပွဲပြီးဆုံးခါနီးအချိန်တွင် စုချင်းဟယ် တို့အသင်းသည် ရမှတ် 20 ရရှိကာ ဒုတိယနေရာဖြစ်လာခဲ့သည်။ သို့သော်လည်း လင်းယောင်ယောင် တို့ အသင်း၏ရမှတ် သည် ပထမနေရာ တွင်သာ ရှိနေမြဲဖြစ်သည်။ ထို့ကြောင့် အားလုံးက သူမတို့ကို လက်ခုပ်တီးပြီး ဂုဏ်ပြုလိုက်ကြသည်။ဤသည်မှာ သုံးရက်တာ ကွင်းဆင်းရှင်သန်ရေးလေ့ကျင့်မှု၏ အဆုံးဖြစ်သည်။


ကယ်ဆယ်ရေးအဖွဲ့သည် ပထမနေရာကို ကြေငြာပြီးပြီးချင်း သူမတို့အတွက် တိုက်လေယာဉ်နှစ်စင်းကို လွှတ်ပေးလိုက်သည်။ အမြန်ကားအသစ်တစ်စီးရရန် အချိန်ပိုယူရလိမ့်မည်။


ယဲ့ရှီး တို့မိသားစုသည် သူမကို တိုက်လေယာဉ်များ မောင်းနှင်ရန် ကန့်သတ်ထား၍ တစ်ခါမှ တိုက်လေယာဉ်မစီးဖူးသော်လည်း ဝေ့ယွမ် နှင့် ချောင်းမင်ယောင် တို့သည် ငယ်စဉ်ကတည်းက စက်ပစ္စည်းပေါင်းစုံနှင့် ကစားခဲ့ကြသည်။


လူလေးယောက်အဖွဲ့ကို အုပ်စုနှစ်စုခွဲထားသည်။


ဝေ့ယွမ် သည် လင်းယောင်ယောင် ကို သူနှင့်အတူ ခေါ်သွားခဲ့ပြီး ချောင်းမင်ယောင် သည် ယဲ့ရှီး ကို ခေါ်လာခဲ့သည်။ ချောင်းမင်ယောင် သည် အလွန်ပျော်နေသဖြင့် မြင့်မားသော တိုက်လေယာဉ်ကို အရှိန်ဖြင့် အသားကုန်မောင်းနှင်လိုက်၏။ သူသည် လေထဲတွင် သုံးရာ့ခြောက်ဆယ်ဒီဂရီ လှည့်ပတ်ပြခဲ့ပြီး အခြားသော လေ့ကျင့်မှုအမျိုးမျိုးကိုလည်း ထုတ်ပြသခဲ့၏။ထို့နောက် သူက တွဲဖက်မောင်းနှင်သူ ထိုင်ခုံမှာထိုင်နေပြီး လုံခြုံရေးခါပတ်နှင့်ကြိုးအသွယ်သွယ်ကို တင်းတင်းကြပ်ကြပ် ကိုင်ထားသည့် ယဲ့ရှီး ကိုလည်း စိတ်လှုပ်ရှားစွာ မေးလိုက်သည်။


"ရုပ်ဆိုးမ ယဲ့...ငါ အရမ်းချောတယ်မလား... ဘာလို့ စကားမပြောတာလဲ…နင် ဖျားနေပြီလား..ဟားဟား!"


ယဲ့ရှီး ပြုံးလိုက်သည်- " ဖျားနေတယ် ဟုတ်လား...အလကား....နင့်ကို ဂရုမစိုက်ချင်ဘူး... နင့်ဆီကနေ ဉာဏ်ရည်မမီတဲ့ ရောဂါ ကူးစက်လာမှာစိုးလို့"


ချောင်းမင်ယောင် ရင်တွေ တဆတ်ဆတ်တုန်နေရသည်။


"ငါ လင်းယောင်ယောင် ကို ခေါ်ခဲ့ရမှာ..နင်က ပျင်းစရာကြီး"


"ဒါဆို သူ့အစ်ကိုက နင် ငိုပြီး အသနားခံတဲ့အချိန်အထိ နင့်ကို ရိုက်လိမ့်မယ်.... အဲဒါက ပိုပျော်စရာကြီးနော်"


လင်းရွှမ် ကသာ သူ့ကို တစ်ကယ်ရိုက်လျှင် သူ့အစ်ကိုကြီးက လက်ခုပ်တီးပြီး "အရိုက်ခံရတာ ကြိုက်လိုက်တာ" ဟု ထအော်ပေလိမ့်မည်။သူချက်ချင်း စိတ်ပျက်သွား၏။


"သူတို့က မောင်နှမတွေပဲ...ဒါပေမယ့် ငါ့အစ်ကိုက ငါ့ကိုဆို ဘယ်တော့မှ ဂရုမစိုက်ဘူး...သူတို့နဲ့များ ကွာလိုက်တာ"


ယဲ့ရှီးက သူ့ကို မော့ကြည့်လိုက်သည်။


"နင်က ညီမမို့လို့လား...နင်ဘာလို့ လိင်ပြောင်းဖို့ မကြိုးစားတာလဲ...မင်းမျက်နှာနဲ့သာဆို ယောင်ယောင် ထက်တောင်အချစ်ခံရမယ်ထင်တယ်"


ချောင်းမင်ယောင် တုန်လှုပ်သွားပြီး ချက်ချင်းပင် နာခံလာခဲ့သည်။


"...မဟုတ်ဘူး…ငါအဆင်ပြေတယ်...ငါ ယောက်ျားလေး ဖြစ်ရတာ အရမ်းကျေနပ်တယ်"


တစ်ဖက်တွင် ဝေ့ယွမ် နှင့် တိုက်လေယာဉ်တစ်စင်းတည်းတွင် အတူရှိသော လင်းယောင်ယောင် သည် သူတို့လိုမဟုတ်ပေ။ဝေ့ယွမ်၏ မောင်းနှင်မှုပုံစံသည် အလွန်တည်ငြိမ်သည်။


012 သည် လူသားတို့၏ နည်းပညာမြင့် သယ်ယူပို့ဆောင်ရေးယာဉ်ကို ပထမဆုံးအကြိမ်အဖြစ် မြေပြင်မှအတူတူ လိုက်ပါစီးနင်းခဲ့ခြင်းဖြစ်သည်။သို့သော်၊ယခုမှ စပြီး စီးဖူးခြင်းဖြစ်၍ သူ အမြင့်ကို အနည်းငယ်ကြောက်သည်။ထို့ကြောင့်၊ ၎င်းသည် လင်းယောင်ယောင် ၏ လက်ကောက်ဝတ်တွင် ရေဘဝဲတစ်ကောင်ကဲ့သို့ နွယ်ပင်များနှင့် အမြစ်များကို ရစ်ပတ်ထားလိုက်သည်။ သူမသည် အကိုင်းအခက်များနှင့် အရွက်များကို အေးအေးဆေးဆေး ကိုင်လိုက်သည်။


"မကြောက်နဲ့...ဘာမှမဖြစ်ပါဘူး"


012 အသံက တုန်လှုပ်နေသည်။


"ကလေး... ကလေးမကြောက်ပါဘူး!"


ဝေ့ယွမ် သည် သွေးစပျစ်နွယ်ပင်ကို တစ်ချက်ကြည့်လိုက်ပြီး "လူရဲ့စကားတွေကို သူက နားမလည်နိုင်ဖြစ်နေတာပဲ...ဘာဖြစ်ဖြစ် လင်းယောင်ယောင်နဲ့ သူတို့ချင်းတော့ နားလည်ကြသားပဲလေ"


သူသည် လင်းယောင်ယောင် ကို အမှတ်မထင် မေးလိုက်သည်။


" ယောင်ယောင်လေး... လင်း မိသားစုက ညီမကို မမွေးစားခင် ဘယ်မိဘမဲ့ဂေဟာမှာနေခဲ့လဲ "


လင်းမိသားစု၏သမီးကို မိဘမဲ့ဂေဟာမှ ခေါ်လာရခြင်းမှာ တခြားသူများအတွက် ကြီးကြီးမားမား လျှို့ဝှက်ချက်မဟုတ်ပေ။ လင်းယောင်ယောင် အနည်းငယ် အံ့သြသွားသည်။


သဘောကောင်းတဲ့ ဝေ့ယွမ် က သူမကို ဘယ်လို မေးလိုက်တာလဲ...


သို့သော်၊ သူမ သေသေချာချာ စဉ်းစားပြီး


"မသိဘူး၊ အဲဒါ နယ်စပ်နားက ကန်လာစတားမှာ ရှိခဲ့တယ်ဆိုတာပဲ သိတယ်... အဲဒီတုန်းက ငါ့အသက်က တစ်နှစ်အောက်ပဲ ရှိသေးတာ"


အဲ့ဒီမှာ သူ့ညီမ အသတ်ခံခဲ့ရတာ မဟုတ်ဘူးလား...


ထိုဒေသသည် ကီလာစတား အနီးရှိ ကြယ်တာရာ သူခိုးများစုဝေးရာနေရာများထဲမှ တစ်ခုဖြစ်သည်။


ဝေ့ယွမ် နှလုံးသားထဲတွင် သံသယစိတ်က အနည်းငယ်ပို၍ သေချာလာကာ သူ မနေနိုင်တော့။


"ဒါဆို ညီမရဲ့ မိသားစုအရင်းကို ရှာဖို့ စဉ်းစားဖူးလား...ညီမကို သူတို့က ရှာလာမယ်ဆိုရင် သူတို့နဲ့ပြန်လိုက်သွားမလား"


လင်းယောင်ယောင် သည် ရုတ်တရက် ပို၍ပင် ထူးဆန်းသွားသလို ခံစားလိုက်ရသည်။ ဝေ့ယွမ် သည် သူမ အလွန်စိတ်မရှည်ဖြစ်နေကြောင်း သတိပြုမိကာ တောင်းပန်သည့်အမူအရာဖြင့် ရှင်းပြလေသည်။


"အစ်ကို့ရဲ့ ကြယ်သူခိုးပြန်ပေးဆွဲခံရတဲ့ ညီမလေးက မသေနိုင်သေးဘဲ သနားတဲ့လူတစ်စုက သူမကို မွေးစားထားတာကို ငါ သိထားတယ်လေ...ငါက မင်းအထင်ကို မေးချင်ရုံပါ"

လင်းယောင်ယောင် သည် ရုတ်တရက် နားလည်လိုက်သော်လည်း ဝေ့ယွမ် တစ်စုံတစ်ခုကို ဖုံးကွယ်ထားပုံရသည်ကို ဖျတ်ခနဲ ခံစားလိုက်ရသည်။ သူမ ခဏလောက်စဉ်းစားပြီး


“အဲဒီတုန်းက ညီမကို မိဘမဲ့ဂေဟာမှာ တမင်သက်သက် ပစ်ထားတာမဟုတ်ခဲ့ရင်၊ သူတို့ကို အသိအမှတ်ပြုဖို့ ညီမလည်း ကြိုးစားပါမယ်.... ဒါပေမယ့် တမင်တကာတော့ ရှာမကြည့်မိပါဘူး... သူတို့က ညီမကို မလိုချင်တာလည်း ဖြစ်နိုင်တယ်လေ... အခု ညီမကိုအရမ်းချစ်တဲ့ မိသားစုရှိတယ်...သွေးသား ဆက်ဆံရေး ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဟာ ညီမရဲ့ ဆွေမျိုးတွေပဲ....တစ်နေ့ကျရင် ညီမရဲ့ ဆွေမျိုးအရင်းတွေက ညီမကိုတွေ့ရင် မှတ်မိချင်မှတ်မိလိမ့်မယ်...သူတို့ကို ‌ညီမကို မွေးပေးတဲ့အတွက် သားဖွားခြင်းကျေးဇူးကိုဆပ်ချင်ပေမယ့်လည်း ကျွေးမွေးပြုစု စောင့်ရှောက်ရတာက မွေးဖွားရတဲ့ ကျေးဇူးထက် ပိုကြီးနေတော့ ညီမရဲ့ လက်ရှိ မိသားစုကို မဝမ်းနည်းစေချင်ပါဘူး"


ဝေ့ယွမ် က ခေါင်းညိတ်ပြီး ပြောလိုက်သည်။


"နားလည်ပါတယ်..အစ်ကို့ရဲ့ ညီမလေး ပြန်လာတယ်ဆိုလို့ရှိရင်လေ ငါတို့မိသားစုက ဝမ်းပန်းတသာ လက်ခံကြမှာပဲ..."


ဝေ့ယွမ်၏ လှုပ်ရှားမှုသည် အလွန်ပင် ထင်ရှားနေသည်။ ထုံးစံအတိုင်း သူမအပေါ်ထားရှိသော ဂရုစိုက်မှုနှင့် သဘောထားကို သူမ တွေးလိုက်သောအခါတွင် လင်းယောင်ယောင်သည် သူမရင်ထဲက စိတ်ထက်သန်သော မှန်းဆချက်များအား တုံ့ဆိုင်းစွာ မျိုသိပ်လိုက်သည်။


သူမထင်သလို ဖြစ်မလာဘူးလား...


မူရင်းဝတ္ထုတွင် မူရင်းပိုင်ရှင်၏ ဘဝအတွေ့အကြုံကို ထုတ်ဖော်ပြသခြင်း မရှိခဲ့ပေ။သို့သော်လည်း နောက်ဆုံး လင်း မိသားစု ဒုက္ခရောက်ချိန်မှာ ဝေ့ မိသားစုက လင်း မိသားစုကို ကူညီသည့်အတွက် မူလပိုင်ရှင် ရူးသွားပြီး၊ လင်းရွှမ် စိတ်ဓာတ်ပြိုလဲကာ လင်းထျန်းယွဲ့ ၏ စိတ်ပိုင်းဆိုင်ရာ နယ်ပယ် ပြိုလဲသွားခဲ့သည်။ သို့ရာတွင်၊လင်း မိသားစုကြီး ဆုတ်ယုတ်သွားခဲ့သော်လည်း ဘယ်သူကမှ မစော်ကားရဲခဲ့ပေ။


" အစ်ကို့ညီမက မသေဘူးဆိုတာ ဘယ်လိုသိတာလဲ.. အတည်ပြုပြီးပြီလား"


ကလေးမလေးက အတော်လေးဉာဏ်ကောင်းတာကြောင့် သူ့အရိပ်အမြွက်ကို သူမ နားလည်ပုံရသည်။ သူက သူမကိုကြည့်ရင်း ညင်သာစွာပြုံးပြီးပြောလိုက်၏။


"သူမက ဒေါ်လေးနဲ့ ၃၀ ကနေ ၅၀% အထိတူတယ်လေ...ပြီးတော့ အဒေါ်က အဆင့်အတန်းမြင့်တဲ့ Green Star မျိုးရိုးဆိုတော့ သူမကလည်း အဲ့ဒီလို မျက်နှာပေါက်ရှိတယ်.... သူမနဲ့ အချိန်တစ်ခုထိ ခင်မင်ခဲ့တော့ စိတ်ထဲက အလိုလိုရင်းနှီးနေသလို ခံစားရတယ်.. ပြီးတော့ သူမနာမည်ကလည်း နည်းနည်း တိုက်ဆိုင်မှုတစ်ခုပါပဲ...အစ်ကို့ ဦးလေးနာမည်က ဝေ့လင်းတဲ့..…အဒေါ်နာမည်က ချမ့်ယောင်ပါ"


ခေတ္တနားပြီးနောက် သူက ဆက်လက်၍ ပြောလာပြန်သည်။


"သူမက ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားတုန်းက ကန်လာ စတားနားလေးက ကီလာစတားမှာရှိတဲ့ ကြယ်ပွင့်နယ်ပယ်မှာ ရှိနေခဲ့တာလေ"


'ဝေ့လင်း၊ ချမ့်ယောင်...'


ထိုနာမည်များကြောင့် သူမ အမြဲဆွဲထားလေ့ရှိသော "လင်း&ယောင်" ဆိုသည့် လည်ဆွဲကို သတိရမိသည်။ စစ်ရေးလေ့ကျင့်မှုအတွင်း အဆင်ပြေစေရန် ထိုလည်ဆွဲကို သူမ၏ နေရာလွတ်ခလုတ်အတွင်း၌ ထည့်ထားခဲ့ခြင်းဖြစ်သည်။ မူရင်းဝတ္ထုမှာ ဘာ့ကြောင့် ယခုလိုအဖြစ်အပျက်မျိုး မရှိခဲ့ရသည်ကိုလည်း သူမ နားလည်သည်။ မူလပိုင်ရှင်နှင့် ဝေ့ယွမ်သည် မူရင်းဝတ္ထုတွင် တွေ့ဆုံခဲ့ရပုံမပေါ်ပေ။ မူလပိုင်ရှင်သည် လူရှေ့သူရှေ့တွင်ပေါ်လာတိုင်း အမိုက်စား မိတ်ကပ်ထူထူကို လိမ်းခြယ်ထားတတ်သည်။


သူမ မျက်နှာအစစ်ကို ဘယ်သူက မြင်နိုင်မလဲ..


သို့သော် သူမရောက်လာသောအခါ၊ လင်းရွှမ် နှင့်လည်း ရင်းနှီးလာခဲ့တာကြောင့် သူမ၏ဝမ်းကွဲအစ်ကိုဖြစ်နိုင်လောက်သော ဝေ့ယွမ် လည်း ပေါ်လာတော့သည်။ သူမစိတ်ရှုပ်သွားရကာ လင်းရွှမ် အတွက် အပြစ်ရှိသည်ဟုပင် ခံစားခဲ့ရသည်။


သူ့ညီမကို ဂရုတစိုက် ပြုစုပျိုးထောင်ဖို့ ဘယ်သူက ဆန္ဒရှိပေမယ့် ရုတ်တရက် သူမက တခြားသူရဲ့ညီမ ဖြစ်သွားမှာလား…


သို့သော် ဝေ့ယွမ်၏ အမြင်အရ ဝေ့မိသားစုသည် ထိုအချိန်က သူမအား ရည်ရွယ်ချက်ရှိရှိ စွန့်ပစ်ခဲ့တာ မဟုတ်ခဲ့ပေ။


"ဒါဆို အစ်ကို့ရဲ့ ဦးလေးရော အဒေါ်ရော အခုဘယ်မှာလဲ... သူတို့ အကြောင်းကို မကြားမိဘူး..."


ဝေ့ယွမ် သက်ပြင်းချလိုက်သည်။


"အဲဒီတုန်းက အစ်ကို့အဒေါ်နဲ့ ညီမကို ကင်းမြီးကောက်နီ လို့ခေါ်တဲ့ ကြယ်တာရာသူခိုးအဖွဲ့အစည်းက ပြန်ပေးဆွဲသွားတယ်... အကြောင်းအရင်းကတော့ ဦးလေး ဝေ့လင်း ဦးဆောင်တဲ့အဖွဲ့တစ်ဖွဲ့ဟာ သူတို့ရဲ့တရားမဝင်လက်နက်မှောင်ခိုရောင်းဝယ်မှုတွေကို အကြိမ်ပေါင်းများစွာ ကြားဖြတ်တားဆီးနှောင့်ယှက်လို့ပဲ...ပြီးတော့ သူတို့အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင်ဖြစ်တဲ့ ခေါင်းဆောင်ရဲ့ ချစ်သူကိုလည်း ဖမ်းခဲ့တယ်...ဒါကြောင့် ကင်းမြီးကောက်နီအဖွဲ့ ခေါင်းဆောင် က အဒေါ်နဲ့ ညီမလေးကို ပြန်ပေးဆွဲဖို့ တစ်ယောက်ယောက်ကို စေလွှတ်ပြီး ဦးလေးရဲ့ ဇနီးနဲ့ သမီးကို သူ့မိန်းမနဲ့ လဲချင်တာ...နောက်တော့ အမျိုးသမီးကို ကျွန်တော့်ညီမကို အာကာသ အလုံပိတ်အခန်းထဲကိုထည့်ပြီး သူ့မိန်းမနဲ့ လဲလှယ်ကြတော့ ကင်းမြီးကောက်နီ အဖွဲ့အစည်းရဲ့ လျှို့ဝှက်မဟာမိတ်ဖြစ်တဲ့ ကြယ်တာရာသူခိုး အဖွဲ့အစည်း "မုတ်ဆိတ်မည်း" က ရုတ်တရက် အစ်ကိုတို့ဘက်ကို တိုက်ခိုက်ခဲ့တယ်... ရုန်းရင်းဆန်ခတ် ဖြစ်နေတုန်းမှာ ကင်းမြီးကောက်နီ က သူတို့ရဲ့ ဒုတိယ ခေါင်းဆောင်ကို ကယ်တင်နိုင်ခဲ့တယ်...ဒါပေမယ့် အစ်ကို့ရဲ့ ညီမလေးကိုထည့်ပေးလိုက်တဲ့ အာကာသအခန်းက ပေါက်ကွဲသွားတယ်လေ... ပြီးတော့အဒေါ်ကလည်း ဓားစာခံဖြစ်ပြီး အစအနတောင်ရှာမရတော့ဘူး... ဝမ်းနည်းပူဆွေးရင်းနဲ့ ဦးလေးဖြစ်သူက အဒေါ်ရှိတဲ့နေရာကို စုံစမ်းဖို့ဆိုပြီး သူ့မက်ခါအဖွဲ့ကို လွှတ်ခဲ့တယ်....ဒါပေမယ့် အခုအချိန်အထိ သူတို့နှစ်ယောက်ရဲ့ ဘဝရော၊သေသလား၊ရှင်သလားကိုရော မသ်ိရသေးဘူး"


ထိုအဖြစ်အပျက်အပြီးမှာ ဝေ့မိသားစုသည် သူတို့၏ ချစ်လှစွာသော ဝေ့လင်း ၊သူ့ဇနီးနှင့် သမီးဖြစ်သူတို့ကို ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် သူတို့ ခွန်အားတွေ လျော့နည်းသွားသည်။ ကင်းမြီးကောက်နီ နှင့် မုတ်ဆိတ်မည်း ကြယ်တာရာသူခိုး အဖွဲ့များကို တတ်နိုင်သမျှရှောင်ရှားခဲ့ကြသည်။


ဝေ့ဟန့် ၏ အရည်အချင်း နှင့် စရိုက် ဖြင့် သူတို့တပ်ဖွဲ့ကို ထိန်းထားနိုင်သည်။ဝေ့လင်း သာ မပျောက်ဆုံးသွားပါက S အဆင့် စိတ်စွမ်းအားနှင့် S အဆင့် ကိုယ်လုံးကိုယ်ပေါက်ရှိသူ ဝေ့ယွမ် သည် ဝေ့ မိသားစု၏ အမွေဆက်ခံသူတစ်ပိုင်း ဖြစ်လာမည် မဟုတ်ပေ။ သို့သော် ဝေ့ယွမ်သည် အမွေဆက်ခံသူ ဖြစ်ဖို့ထက် သူ့ဆွေမျိုးတွေ ဘေးကင်းစွာ ပြန်လာဖို့သာ မျှော်လင့်သည်။




xxxxxxx

Ei Thet Hmue