ယူမင်းတစ်ယောက်ဆိုဖာထောင့်လေးမှာကပ်ထိုင်ရင်း နောက်တစ်ကြိမ် အဆော်ခံရမယ့်သူ့ဖျင်လေးအတွက် ကြိုတင်ပြီးဖယောင်းတိုင်ထွန်းပေးနေမိသည်။
ဂျောင်ဂုကတော့ မျောက်အုန်းသီးရသလို တဟီးဟီးဖြင့်။
ခဏအကြာတော့ တံခါးခေါက်သံသဲ့သဲ့နှင့်အတူ လူတစ်ယောက်ဝင်လာသည်။
မော့ကြည့်လိုက်မိတဲ့တစ်ခဏ ဂျောင်ဂုသတိမေ့ချင်သွားသည်။
အဝါရောင် ရှပ်လေးကို ကြယ်သီးနှစ်လုံးဖြုတ်ဝတ်ထားတဲ့မမ ညှပ်ရိုးထင်းထင်းနှင့်အတူ ဘယ်ဘက်ပုခုံးကအင်္ကျီစကို အနည်းငယ်ဆွဲချထားတာမို့ မြင်လိုက်ရတဲ့အနက်ရောင်ကြိုးလေး။ ပြီးတော့ ပေါင်လယ်ကျော်ကျော်လောက်သာရှိတဲ့ အဝါဖျော့ရောင်ဘောင်းတီတိုပွပွ။
မမရဲ့ခြေတံတွေက တကယ်လှ၏။
ဖြောင်း~
"ဟေ့ကောင် မင်းမျက်လုံးတွေမှိတ်ထား"
သူ့လိုပဲပြူးကြည့်နေတဲ့ယူမင်းရဲ့ နောက်စေ့ကိုတစ်ချက်ရိုက်ကာ ဂျောင်ဂုဆိုလိုက်သည်။
ယူမင်းမှာ ပြန်ပြောချင်ပေမယ့် သူ့ဘော်ဒါကြီးကအတည်ပေါက်ဖြစ်နေသဖြင့် အံကြိတ်ကာသည်းခံလိုက်၏။
တွေ့ကြသေးတာပေါ့ ဂျောင်ဂုရာ။
ထယ်ယောင်းနှုတ်ခမ်းတစ်ချက်ကိုက်ကာ ထိုကောင်လေးအနားကိုထိုင်လိုက်ရသည်။
"မမ အဟီး... လှတယ်နော်ဗျ"
ထယ်ယောင်းမျက်မှောင်ကြုတ်လိုက်သည့်အခါ တဟဲဟဲရယ်နေတဲ့ဂျောင်ဂု အရယ်ရပ်သွားသည်။
"မမ မမကို မေးစရာရှိတယ်"
"ပြော..."
"မမမှာ အမွှာတွေဘာတွေများရှိလား"
ထယ်ယောင်းရင်ထဲ ဒိန်းခနဲပင်။
နေ့လည်ကအဖြစ်ကိုသူသတိရသွား၏။
"ဒီမှာဗျ"
သူ့မျက်နှာကိုစေ့စေ့ပေါက်ပေါက်လိုက်ကြည့်ပြီးခေါ်တဲ့အကောင်ပေါက်။
ထယ်ယောင်းမျက်မှန်ထူထူကြီးကို ပင့်တင်ရင်း ဟိုသည်အကြည့်လွှဲရသည်။
"ခင်များ... ခင်များသွားမှာ ရေညှိဖတ်ကြီး"
ထိုစကားပြောပြီး သူ့ဆီကချက်ချင်းအကြည့်လွှဲသွားသည်။
ထိုအခါမှ ထယ်ယောင်းမှာသက်ပြင်းချရတော့သည်။
လူကြားထဲ သွားမှာရေညှိဖတ်ကပ်နေတာကို ထုတ်ပြောရကောင်းလားဟူ၍ စိတ်လည်းမဆိုးနိုင်တော့ပါ။
မျက်မှောင်လေးကိုသာမကျေမနပ်ကြုတ်ထားမိတော့သည်။
သို့ပေသိ တစ်ချိန်လုံး ဒီကောင်လေး ကွက်ကြည့်ကွက်ကြည့်လုပ်နေခဲ့တာကိုတော့ သတိထားမိခဲ့သည်။
ဒီတော့ သူကအမွှာတွေလို့ထင်နေခဲ့တာကိုး။
ပုံမှန်ဆို မျက်မှန်တပ်ထားရင် အစ်ကိုဒုံဟွန်းတောင် သူ့ကိုမမှတ်မိတဲ့ဟာကို။
"မရှိပါဘူး"
"ဟို အစ်ကိုတွေဘာတွေရောဗျ"
"ဟင့်အင်း "
"ဝမ်းကွဲရော"
"နေပါဦး မင်းကဧည့်စာရင်းစစ်လား"
"မဟုတ်ပါဘူးသိချင်လို့ပါ ဒီနေ့မမနဲ့နည်းနည်းဆင်တဲ့လူတွေ့ခဲ့တယ်"
ဂျောင်ဂုပြောရင်း မျက်မှောင်ကြုတ်နေတဲ့မမကိုကြည့်မိသည်။ ဒီလိုအချိန်ဆို မမကတကယ်ပဲ သူဒီနေ့ကျောင်းမှာတွေ့ခဲ့ရတဲ့ စီနီယာအစ်ကိုနှင့်တူ၏။
"နာမည်တူမရှားလူတူမရှားတဲ့ ဘာထူးဆန်းလဲ"
"မတူပါဘူး သေချာကြည့်ရင်မတူတော့ဘူး သူမှမဟုတ်ဘူး အခြားဘယ်သူကမှမမနဲ့တူမှာမဟုတ်ဘူး မမအလှကတကယ့်ပြိုင်စံရှား ဟိုလူကတကယ့်ပုံတုံးတုံး ရုပ်ဆိုးဆိုးလူရယ် မျက်နှာကလည်း စူပုပ်နေတာပဲ"
ထယ်ယောင်းမှာ ရင်ဝကိုဆောင့်ကန်ခံလိုက်ရသလိုပင်။
နှုတ်ပြန်လှန်ထိုးခွင့်ရယ်လည်းသူ့မှာမရှိ။
အောင့်သက်သက်ဖြင့်ရယ်မိသည်။
ထိုအကြောင်းမရောက်ခင် စကားလွှဲဖို့ကြိုးစားရတော့သည်။
"မင်း အသက်မပြည့်သေးဘူးမလား"
"ပြည့်ပြီးပါပြီဆိုမမကလည်း"
အစ်ကိုဒုံဟွန်းကမျက်နှာငယ်လေးနှင့် လုပ်ပါထယ်ယောင်းရာဆိုပြီး တောင်းဆိုလာကတည်းက ထယ်ယောင်းမှာဒေါသထွက်နေတာဖြစ်သည်။
ဒီလိုနှင့်ဒီကလေးပျက်စီးသွားရင်ဘယ်လိုလုပ်မလဲ။
ပြီးတော့ ဒီကောင်လေးက သူ့ကိုမှတ်မိသွားရင် ဒီအလုပ်ဆက်လုပ်ဖို့လွယ်မည်မဟုတ်။
သူများတွေကိုလိမ်တာမကောင်းမှန်းသိပေမယ့် သူ့အတွက် ဒီအလုပ်ကအဆင်ပြေသည်။
"မလိမ်နဲ့ ကလပ်မန်နေဂျာပြောပြီးပြီး ထပ်လိမ်နေရင် မင်းကိုမုန်းပစ်လိုက်တော့မယ်"
"မလိမ်တော့ပါဘူး ကျွန်တော်မမကိုတွေ့ချင်လို့ပါ မမကကျွန်တော့်ကို ဖုန်းနံပါတ်လည်းအမှားကြီးပေးလိုက်တယ်လေ ဟိုဘက်အန်တီကြီးကကျွန်တော့်ကို ဆူသွားတယ် "
စူပုပ်ပုပ်ဖြင့်ဆိုလာသည့်အကောင်ပေါက်။ ထယ်ယောင်းမှာ အူယားသွားရရင်း အုံထူထူဆံပင်တွေထဲ ထိုးဖွလိုက်မိတော့သည်။ ထိုအခါ ငြိမ်ခံနေပုံက တကယ့်ကို golden retrieverတစ်ကောင်နဲ့တူလေ၏။
ထယ်ယောင်း စိတ်ထင်ရာရိုက်ထည့်ပေးလိုက်တဲ့နံပါတ်က သူ့အဒေါ်ရဲ့နံပါတ်ပင်။
သို့ပေမယ့် သူရှင်းပြမနေတော့။
ဆံပင်အဖွခံလိုက်ရတဲ့ဂျောင်ဂုမှာတော့ မှင်သက်လျက်သား။
သူ့ကိုမမက touchလုပ်လိုက်တယ် အား ! ! !
နောက်ဆုံးတော့ မမလက်ကလေးနှင့် ထိတွေ့ခွင့်ရလိုက်ပြီ..
သူက ကမ္ဘာကြီးပေါ်မှာ အချစ်နှင့်ပတ်သက်ရင်တော့ ကံအကောင်းဆုံးလူသားပဲ ဟီးဟီး ! !
"နောက်နေ့ကစပြီး ဒီကိုမလာနဲ့တော့ ကလေးကကလေးလိုနေ ဟုတ်ပြီလား"
"ဟုတ်... ဟမ်? ! !"
အပျော်လွန်နေပြီး ဂျောင်ဂုမှာ မမဘာပြောပြော လိုက်လုပ်ပေးဖို့အသင့်ဖြစ်နေခဲ့ရာ စကားတွေလွန်ကုန်၏။
တိတ်တဆိတ်နားထောင်နေတဲ့ယူမင်းကတော့ ဝမ်းသာအားရဖြင့် စိတ်ထဲမှ ကောင်းတယ်ဟူ၍ထောက်ခံရင်း။
"လိမ္မာတယ် "
"ဒါဆို မမကျွန်တော့်ကို အပြင်မှာလာတွေ့ပေး"
"ဟင်"
"ဟုတ်တယ်လေ... ကျွန်တော်က မမကိုတွေ့ချင်လို့ဒီကိုလာတာ မမကမလာနဲ့ဆိုမှတော့ အပြင်မှာကျွန်တော်နဲ့ဒိတ်ပေး"
ဒီကလေး စကားကိူဘယ်လိုတွေပြောနေတာလဲ...
ထယ်ယောင်းမှာ ခေါင်းကိုက်လာ၏။
"တကယ်ပြောနေတာမမ ကျွန်တော်မမကို နှလုံးသားကြီးတစ်ခုလုံးနဲ့ သဘောကျတယ် "
အာသွက်လျှာသွက်ဖြင့် ဖွင့်ပြောလာသည့်အခါ ငယ်သေးလို့ စိတ်ကစားနေမှန်းသိတာတောင် ထယ်ယောင်းမှာရှက်သွားရသည်။
ဘဝမှာပထမဆုံး ဒီလိုအရိုးသားဆုံးဝန်ခံခြင်းကို ခံရတာမို့ထင်။.စိတ်မလှုပ်ရှားဘူးဟုဆိုလျှင် သူလိမ်တာဖြစ်၏။
ထယ်ယောင်းမျက်နှာကို တင်းပစ်သည်။
"ပေါက်ကရမပြောနဲ့"
"ပေါက်ကရတွေမဟုတ်ဘူး စိတ်ကစားတာလည်းမဟုတ်ဘူး အသက်မပြည့်သေးပေမယ့် သဘောကျတယ်ဆိုတာကို နားလည်တဲ့အရွယ်ရောက်နေပါပြီ"
"ဟေ့ကောင်! !"
ယူမင်းမှာ ထပ်ငြိမ်မနေနိုင်တော့ပဲ ဝင်တားဖို့ပြင်ရတော့သည်။ သို့ပေမယ့် ဂျောင်ဂုကသူ့ကိုရှိတယ်ဟူ၍ပင်သဘောမထား။
"ဒီနေရာကဘာလဲ မင်းသိရဲ့လား"
"ကလပ်လေ"
"အေး ငါကဒီကလပ်မှာအလုပ်လုပ်နေတာ သဘောကျတယ်လို့မပြောခင် မင်းဦးနှောက်လေးနဲ့သေချာစဥ်းစားဦးချာတိတ်"
ပြောရင်းထယ်ယောင်းမှာ သွေးတိုးချင်လာသဖြင့် နားထင်ကိုဖိကိုင်ထားရသည်။
"ကျွန်တော်သိတယ် ဘာပဲဖြစ်ဖြစ် ကျွန်တော်မမကိုကြိုက်တယ် မမကဒီလိုမိန်းကလေးမဟုတ်တာလည်းသိတယ်"
"တော် တော်... ပြန်တော့ မင်းကြောင့်ငါခေါင်းကိုက်လာပြီ"
"ဟင် တော်တော်ဆိုးလားဗျ ကျွန်တော်နှိပ်ပေးမယ်လေနော်မမ"
ယူမင်းမှာ ဘေးကကြည့်ရင်း ပြောစရာစကားပင်ရှာမတွေ့တော့ချေ။
"ဒီကလေး တကယ်ပဲပြောလေကဲလေပါလား ငါကိုင်ပေါက်မိတော့မယ်..."
"ကိုင်ပေါက်မယ့်လူက မမသာဆို ကြည်ဖြူပါတယ်ဗျ"
လခွမ်း! !
ထယ်ယောင်းမှာ ဘုရားတမိဖို့နည်းနည်းသာလိုတော့သည်။
ကိုင်ပေါက်တာကို ဗလက္ကာရပြုခံရသလိုပြောနေတာပဲ ဒီအကောင်စုတ်လေးက။
"သေချာနားထောင်နော်ကောင်လေး"
"ဂျောင်ဂုဂီပါဗျ"
"အင်း ဂျောင်ဂုဂီ မင်းအသက်မပြည့်ပဲဒီလာတာ ဖမ်းမိသွားရင် မမပါပြဿနာတက်လိမ့်မယ် နားလည်လား"
"ဟုတ်..."
"ဒါဆိုပြန်တော့ ထပ်မလာနဲ့"
"ဒါဆို မမဖုန်းနံပါတ်ပေး အစစ်နော် အတုဆိုကျွန်တော်ထပ်လာမှာ"
ထယ်ယောင်းမှာ မတတ်သာပဲ ပေးလိုက်ရတော့သည်။
ကံကောင်း၍သူက social networkတွေတစ်ခုမှမသုံး။
သုံးရင် သူဟာယောက်ျားလေးပါဆိုတာ တန်းပေါ်သွားတော့မှာ။
ဖုန်းနံပါတ်ရသွားတော့ ကျေနပ်နေတဲ့ရုပ်ဖြင့် သူ့သူငယ်ချင်းကိုခေါ်ကာ ပြုံးပြုံးကြီးထွက်သွားတော့သည်။
"ဒီကောင်လေး တကယ်မလွယ်ဘူးဟ"
ဘေးနားလာရပ်ကာ ခွေးပေါက်လေးထွက်သွားရာဘက်ကြည့်ပြီး ပြောတဲ့အစ်ကိုဒုံဟွန်း..။
ထယ်ယောင်းမကျေမနပ်ဖြင့် ပေစောင်းစောင်းသာကြည့်လိုက်မိတော့သည်။
ခဏအကြာ ထယ်ယောင်းဖုန်းထံမှ ကတောင်ဟူ၍ message တစ်ကြောင်းဝင်လာသည်။
*မမ မနက်ဖြန် ဒိတ်ကြရအောင်ဗျ*
စာနှင့်တင် ဘယ်သူဆိုတာသိသွားပြီး ထယ်ယောင်းရယ်လိုက်မိတော့သည်။
ဒီကောင်လေး အိမ်ပြန်ရောက်တဲ့အထိတောင် မစောင့်ဘူးပဲ။
ထယ်ယောင်း ကောင်လေးရဲ့ဖုန်းနံပါတ်ကို contactထဲထည့်လိုက်သည်။
သူ့စာမပြန်ဘဲနေလိုက်ပေမယ့် ခဏအကြာmessageကထပ်ဝင်လာပြန်သည်။
Golden Retriever>>
*ငြင်းရင် ကျွန်တော်ထပ်လာမှာနော်* ဟူ၍။