အချိန်ကား မနက်၉နာရီ။
"ဂျွန်ဂျောင်ဂု "
"ရှိ!"
"ဂျွန်ဂျောင်ဂု! !"
"ရှိ! !"
"ဂျွန်ဂျောင်ဂု မတ်တပ်ရပ်ထူးစမ်း"
"ဂျောင်ဂုမလာပါဘူးဗျ"
ယူမင်းမျက်နှာက ငိုမဲ့မဲ့။ သူ့ကိုမိသွားချေပြီ။
Mathဆရာက မျက်မှန်အောက်ကနေ မကျေမနပ်စိုက်ကြည့်သည်။
"ဂျောင်ယူမင်း ဘောလုံးကွင်းကို ငါးပတ်ပြေး"
ငရုတ်သီးဝါးမိသလို ယူမင်းမျက်နှာလေး ရှုံ့မဲ့သွားခဲ့ရသည်။
ဘော်ဒါမကောင်းသူကောင်းမဖြစ်တဲ့။
သူ့ဘဝကဇာတ်နာလွန်းသည်။
ထိုအချိန်ဂျောင်ဂုတစ်ယောက်မှာတော့ ကော်ဖီဆိုင်၌ရောက်နေ၏။ လက်တွင်လည်း နာရီကိုမပတ်စဖူး ပတ်ထားသေးသည်။
သူမျှော်နေတဲ့လူကတော့ သိကြတဲ့အတိုင်း နှစ်ယောက်မရှိတဲ့ သူ့ရဲ့မမပင်။
"ဘာသောက်မလဲရှင့်"
"ခဏစောင့်ပေးလို့ရမလား"
ယုန်သွားလေးတွေပေါ်အောင်ပြုံးကာပြောတော့ waitressမလေးပါးပြင်တွေ ပန်းသွေးခြယ်ကုန်၏။
ဂျောင်ဂုကတော့ အာရုံမရ သူ့မမဘယ်လိုလာမလဲကိုသာ ကြိုတွေးရင်း ရင်ခုန်နေမိသည်။
မမမေ့သွားမှာစိုးစိတ်ဖြင့် ငါးမိနစ်ခြားတစ်ခါ message ပို့ဖို့လည်း သူမမေ့။
တောင်.. တောင်...
Presentation လုပ်နေတုန်း ဆက်တိုက်တက်လာတဲ့အသံတွေ။
ထယ်ယောင်း အားနာပြုံးလေးပြုံးပြလိုက်ကာ ဖုန်းကို silentလုပ်လိုက်သည်။
ပြီးနောက် အာရုံစိုက်ကာ ပြန်နားထောင်၏။
Presentation ကတစ်ဖွဲ့ကို နာရီဝက်တစ်နာရီခန့်ကြာသည်။ ၉ဖွဲ့ရှိတာမို့ အားလုံးပြီးသွားတဲ့အခါ ညနေစောင်းသွားချေပြီ။
"ရား ကင်မ်ထယ် နင်ရည်းစားရနေတာလား"
"မဟုတ်ပါဘူးဟနင်ကလည်း"
"လူလိမ် "
ဂျူဟီးက မကျေမနပ်ဖြင့် စူးစူးရဲရဲကြည့်သည်။
"မရှိရင် စောနက စာတွေဆက်တိုက်ပို့နေတာဘယ်သူလဲ"
ထိုအခါမှ ထယ်ယောင်း ဟိုအူတူတူချာတိတ်လေးကို သတိရတော့သည်။
အလန့်တကြားဖုန်းကို ထုတ်ကြည့်မိတော့ ညနေသုံးနာရီခွဲ။
နောက်ဆုံးပို့ထားတဲ့စာက ၁၁နာရီကဖြစ်ပြီး "မမ မလာမချင်း စောင့်နေမှာ"ဟူ၍။
ဒီကောင်လေး စောင့်မနေလောက်ပါဘူးနော်..
ထယ်ယောင်းအတွေးနှင့်အတူ စိတ်မကောင်းဖြစ်သွားရသည်။
"ရုပ်ကိုက ရည်းစားပူမိနေတဲ့ရုပ်"
"ပေါက်ကရတွေမပြောစမ်းနဲ့ ဂျူဟီးရယ် မဟုတ်ပါဘူးဆိုမှ"
"အေးပေါ့ မဟုတ်ဘူးဆိုလည်း မဟုတ်ဘူးပေါ့ နင်နော် ရည်ရွယ်ချက်တွေမပြည့်မချင်းရည်းစားမထားဘူးဆိုပြီး ငါ့ထက်အရင်ရည်းစားထားရင် လုပ်သတ်ပစ်မယ်"
ထယ်ယောင်းရယ်လိုက်မိသည်။
"နင်ဟာလေတကယ်ပါပဲ... ငါ့ကိုပဲပြဿနာလိုက်ရှာသလိုမျိုး ရည်းစားရှာတာတော်ရင် နင်လိုချင်တဲ့ကောင်လေးရနေလောက်ပြီ"
"ငါကလည်း ငါ့Idolလို typeမှလိုချင်တာပါဆို"
"ဘယ်သူလဲ ဟိုနာမည်ကြီးနေတဲ့ artist RMလား"
"အင်းဆို ငါ့လူကြီးကမိုက်လိုက်တာ... ငါနဲ့ဆို လိုက်ဖက်နေမှာကြီး"
"ဝေါ့..."
ထယ်ယောင်း အန်ချင်သလိုလုပ်ပြလိုက်သည်။ ဒီကလေးမ တန်ရာတန်ရာဘယ်တော့မှမမှန်းဘူး။
"ဘဲ့ဂယွန်း နင့်ကို propose လုပ်ထားတယ်မလား"
"တော်ပါ သူ့ကိုငါငြင်းပြီးပြီလေ အီး... ပြောရင်း ကြက်သီးထလာပြီ အိမ်မက်ဆိုးတွေပါဟယ်"
လက်မောင်းနှစ်ဖက်ကိုပွတ်ကာ ဂျူဟီးမျက်နှာရှုံ့မဲ့ကုန်၏။ ရည်းစားလိုချင်တယ်လို့အော်နေပေမယ့် ဂျူဟီးက romantic allergy ရှိသူပင်။
သူ့ကို publicမှာ ပန်းခင်းလမ်းနှင့် propose လုပ်တော့ မျက်နှာတစ်ချက်ပင်မထောက်ပဲ ချက်ချင်းငြင်းပစ်၏။
Overလုပ်တာတွေကို သူမမုန်းသည်ဟုဆိုသည်။
အဲဒါကအရေးမကြီး အခု ဘဲ့ဂယွန်းက သူ့ကိုတွေ့တိုင်း မသိမသာရန်စောင်နေချေပြီ။
"ငါပြန်တော့မယ်"
"ဟင် စာကြည့်တိုက်မသွားတော့ဘူးလား"
"အင်း မသွားတော့ဘူး "
"အလိုတော် ထူးထူးဆန်းဆန်း "
ထိုအခါ ဂျူဟီးက သူ့ကို ဤသို့ခပ်ရွဲ့ရွဲ့လေး ဆိုလာတော့၏။
ဘာရယ်မသိ ဒီနေ့မှ ထယ်ယောင်း စောစော ပြန်ချင်နေမိသည်။
ပြန်သွားလောက်ပြီလားဆိုတာ မသေချာပေမယ့် ထယ်ယောင်းစိတ်ထဲထင့်နေမိသည်။
အနက်ရောင်ဆံပင်တုကို စွပ်ကာ ပုံကျအောင်ပုံသွင်းလိုက်၏။
BB creamနည်းနည်းလေးလိမ်းပြီး နှုတ်ခမ်းနီကိုခပ်ပါးပါးလေးဆိုးလိုက်ရုံမျှဖြင့် သူ့အတွက်တော့ ပြည့်စုံသွားချေပြီ။
ပြီးတော့ ဂျောင်ဂုပြောတဲ့ဆိုင်ကို ထွက်လာခဲ့သည်။
ထိုကောင်လေးကို ရှိနေစေချင်သလို တစ်ဖက်ကလည်း ပြန်သွားလိုက်ဖို့ မျှော်လင့်နေမိသည်။
ဆိုင်ထဲဝင်လိုက်သည်နှင့် ကြိုဆိုပါတယ်ဟု၍ နှုတ်ခွန်းဆက်ကြသည့် waiterလေးများကို ထယ်ယောင်းပြုံးပြကာ ဆိုင်ထဲတစ်လျှောက်ဝေ့ကြည့်မိသည်။
စားပွဲထိုးလေးများ၏အကြည့်များက သူ့ခြေလှမ်းတစ်လျှောက်ကပ်ပါလာသည်။
ဧည့်သည်ဟူ၍ တစ်ဦးစနှစ်ဦးစမျှသာရှိပြီး ဂျွန်ဂျောင်ဂုဆိုတဲ့ကောင်လေးကိုမူ မတွေ့ရ။
စိတ်အေးသွားရသလို မကျေမနပ်စိတ်ကလေးလည်းဝင်သွားရသည်။
ထယ်ယောင်း ဝင်ထိုင်မနေတော့ဘဲ ပြန်ထွက်လာခဲ့သည်။
ဆိုင်နှင့်ခပ်လှမ်းလှမ်းရောက်တော့မှ မည်းမှောင်လာတဲ့ကောင်းကင်နှင့်အတူ ဗြုန်းစားကြီးရွာချလာတဲ့မိုး။
ထယ်ယောင်းပြာယာခတ်သွားရသည်။
"မမ..."
ရင်းနှီးစပြုလာတဲ့ခေါ်သံနှင့်အတူ သူ့ခေါင်းပေါ်လွှမ်းခြုံလာတဲ့အရိပ်တစ်ခု။
အပေါ်လွှာကို သူ့ခေါင်းပေါ်က ကာပေးလာတဲ့ကောင်လေး။
"ဂျောင်ဂုဂီ..."
"တော်သေးတာပေါ့ မမ မလာတော့ဘူးထင်နေတာ"
ဂျောင်ဂုအပြုံးတွေကဖြူစင်လွန်းသည်။
မုန်းတရိပ်မရှိ။ စိတ်ပျက်ခြင်းတို့မရှိ။
မျှော်လင့်ချက်နှင့် ပျော်ရွှင်မှုတွေဖြင့်သာ သူ့မျက်ဝန်းထဲ လွှမ်းခြုံထားသည်။
ထိုမျက်ဝန်းတွေထဲမှာ ကူကယ်ရာမဲ့မှုတွေကို ထယ်ယောင်းမြင်နေရသည်။
"မမ ကျွန်တော့်ကိုဒီလိုဆက်ကြည့်နေရင် ကျွန်တော်..."
သူ့နှုတ်ခမ်းတွေကိုစိုက်ကြည့်နေရင်း ဂျောင်ဂုရဲ့လည်ဇလုတ်လေးက ထက်အောက်ရွေ့လျားသွားသည်။
"စည်းကျော်မိတော့မယ်"
ထယ်ယောင်း အယောင်ယောင်အမှားမှားဖြင့်ခေါင်းကို ငုံ့ချလိုက်သည်။
ဂျောင်ဂုသည်လည်း မမဆီကနေအကြည့်လွှဲရသည်။
သူတကယ်ကို မမကို နမ်းလိုက်မိတော့မလို့.. အသိစိတ်ဝင်တာမြန်သွားလို့ တော်ပါသေးတယ်။
"ကျွန်တော် ဒီနားပတ်လည်ကဆိုင်တွေမှာ ပြောင်းထိုင်ရင်း မမကိုစောင့်နေတာ ကော်ဖီတစ်ခွက်ပဲမှာပြီး အကြာကြီးထိုင်နေရင်မကောင်းလို့လေ"
ဂျောင်ဂုက သူဆိုင်မှာမရှိရတဲ့အကြောင်းကို မမေးပေမယ့် အလိုက်တသိရှင်းပြလာသည်။
"မမကိုမြင်တော့ ဟုတ်ပါ့မလားလို့ မမကိုဒီလိုပုံနှင့်မတွေ့ဖူးဘူးလေ"
ထယ်ယောင်း မလုံမလဲဖြစ်သွားရသည်။
သူလည်း ဒီလိုပုံစံမျိုး တစ်ခါမှမဝတ်ဖူးချေ။
" ဘာလို့စောင့်နေရတာလဲ ငါမလာရင်ဘယ်လိုလုပ်မလဲ"
"ဘာမှမဖြစ်ပါဘူး မမကလာမယ်လို့ ကတိပေးမထားဘူးလေ မလာရင်လည်း မမအပြစ်မဟုတ်ပါဘူး"
ထယ်ယောင်းမှာ ကောင်လေးရဲ့စာတွေကို သူပြန်စာပင်မပို့ဖူးတာကို တွေးမိရင်း အနည်းငယ်စိတ်မကောင်းဖြစ်သွားရသည်။
"ငါ့ကိုစိတ်မဆိုးဘူးလားဂျောင်ဂုဂီ"
"မဆိုးပါဘူး တကယ်တော့ မမမလာတော့ဘူးထင်ပြီး စိတ်ဓာတ်တော့ကျသွားသေးတယ် ဘာပဲဖြစ်ဖြစ် ကျွန်တော်လက်မလျော့ပါဘူး မမမလာရင် ညကျရင်ကလပ်ကိုလာဖို့တွေးပြီးသား"
"မရဘူးနော် ကလေးတွေမလာရဘူးလို့ပြောပြီးပြီ"
"ဒါဆို မမက ကျွန်တော့်ကိုလာတွေ့ပေးလေနော်"
"ဂျောင်ဂုဂီ~"
"တကယ်ပါ ကျွန်တော်မမကို အများကြီးသဘောကျတာမို့ ဒီအတိုင်းလေး တွေ့နေရရုံလေးပဲဆိုရင်လည်း အဆင်ပြေပါတယ် "
ကောင်လေးက သူ့ရင်ထဲကစကားတွေကို ပထမဆုံးအနေနှင့်ဆိုလာခဲ့သည်။
"ကျွန်တော့်ခံစားချက်တွေကို တုန့်ပြန်ပေးဖို့မလိုပါဘူး သဘောကျခွင့်လေးရရုံနဲ့ ကျေနပ်ပြီမလို့"
"ချာတိတ်ရာ မင်းကတော့လေ တကယ်ပါပဲ"
"ချစ်လို့ပါဗျ"
ပြုံးဖြဲဖြဲလုပ်နေတဲ့ သူ့ရှေ့ကကောင်လေးကိုကြည့်ရင်း ပထမဆုံးအနေနှင့် ထယ်ယောင်းကြောက်ရွံ့လာခဲ့သည်။
ဒီလိုနှင့် နိယာမသဘောတရားကြီးကိုကျော်လွန်ပြီး သူတကယ်ကြီး ဒီကောင်လေးအပေါ် သဘောကျမိသွားရင် ဘယ်လိုလုပ်ရပါ့မလဲ။
ဂျောင်ဂုက သူ့ရဲ့ဖြစ်တည်မှုအမှန်ကိုတောင် သိတာမဟုတ်ဘူးလေ။