အခန်း ၃၆
Viewers 8k

Chapter 36

(ပထမဆုံးအနမ်း)



စကားပြောအပြီးတွင် လင်းယောင်ယောင် သည် ချိုက်ယူဟုန် အတွက် Star Network ၏သိုလှောင်မှုနေရာမှ နောက်ထပ်အစပ်ဟင်းလျာတစ်မျိုးကို ထုတ်လိုက်သည်။ ပါဝင်ပစ္စည်းများ၏ အနှစ်သာရပမာဏမှာ တူညီခြင်းမရှိသောကြောင့် ပစ္စည်းတစ်ခုစီအတွက် အပိုပစ္စည်းများကို သူမပြင်ဆင်ထားသော်လည်း အရသာမှာ ချိုက်ယူဟုန် အတွက်ပြင်ဆင်ထားသော ပထမဆုံးဟင်းပွဲနှင့် ဆင်တူမည်ဖြစ်သည်။ အရသာက အနည်းငယ်ကွဲပြားသော်လည်း အရသာမှာ ငြင်းရက်စရာမရှိပေ။ထိုအရသာက လူတွေကို မခံမရပ်နိုင်ဖြစ်စေသည့် မွေးနေ့ကိတ်လေးလိုပင်။


ချိုက်ယူဟုန် သည် သူ့ရှေ့တွင် ပေါ်လာသော virtual ဖြည့်စွက် အစားအသောက်များကို ကြည့်လိုက်သည်။ တရုတ်ရှေးဟောင်း အစားအစာများသည် သူ့လျှာနှင့် အလွန်ရင်းနှီးနေပြီဖြစ်သည်။


ဒီပွဲက သူ့ကို တစ်လလုံးလုံး ညတိုင်း စဉ်းစားစေခဲ့တဲ့ အစပ်ပွဲမဟုတ်လား...


သူချင်ချင်း "accept" ခလုတ်ကို နှိပ်လိုက်ပြီး ဒေါသပါ မထွက်နိုင်တော့‌ေပ။


“သူများ အစားကိုစားရင် လက်ကတွန့်ဆုတ်တတ်ပေမယ့် လျှာက အတော်လေး အရသာခံတတ်တယ်”


ဟူသော ဆိုရိုးစကားအတိုင်း၊ သူသည် ထိုမိန်းကလေးအား စိတ်ဆိုးပြေချင်သွားရသည်။ သူမသည် သူလက်ခံလိုသော တတိယမြောက် အတွင်းလူယုံတပည့်ဖြစ်ပြီး နောက်ဆုံးတပည့်လည်း ဖြစ်နိုင်သည်။


"ငါ မင်းကို တပည့်အဖြစ် လက်ခံရင် ငါ မင်းကို ကိုယ်တိုင် သဘာဝကျကျ သင်ပေးမှာပါ....မင်း ဘယ်လိုထင်လဲ ကောင်မလေး...မင်းရဲ့ အနာဂတ်ဆရာသမားကိုတောင် မချေမငံပြောဝံ့ပါလား...ကလေးမစုတ်ရ... ကျောင်းသား ဖလား အသစ်" ကို မင်း အနိုင်ယူ ရမယ်...မင်းမလုပ်နိုင်ရင် မင်းကို မလက်ခံဘူး...မင်းပြောတဲ့ သာမာန်စားဖိုမှူးသင်တန်းကဘာလဲ... ငါဘာလို့မကြားဖူးတာလဲ"


"မဟုတ်ဘူး၊ ကျွန်မပြောတာက သာမာန်စားဖိုမှူးလေ့ကျင့်ရေးသင်တန်းအကြောင်း ပြောနေတာပါ"


လင်းယောင်ယောင် သည် ကိစ္စကြီးကြီးငယ်ငယ် သူ့ကို လိမ်ညာမပြောဝံ့ပေ။ သူနှင့်ဆက်သွယ်ကြည့်ပြီးနောက်ချိုက်ယူဟုန် သည် သူမ စိတ်ကူးထားသလို အလွန်လေးနက်သော အဘိုးကြီးမဟုတ်သော်လည်း အလွန်ကလေးဆန်သော ဦးလေးတစ်ယောက်ဖြစ်တာကြောင့် ပြောင်ရဲနောက်ရဲ ဖြစ်နေသည်။ ထိုအခါ၊ဆရာ-ကျောင်းသား ဆက်ဆံရေးက ပိုမိုရင်းနှီးလာမည်ဖြစ်သည်။ နောက်ပိုင်းမှာလည်း တစ်ခုခု စိတ်အနှောင့်အယှက်ဖြစ်လာလျှင် သူ့ကို ဟင်းများချက်ကျွေးလိုက်လျှင် အဆင်ပြေသွားနိုင်၏။ချိုက်ယူဟုန်သည် ဟင်းချက်သိပ်မကျွမ်းကျင်သော်လည်း ဖြည့်စွက်အစားအစာဌာနမှာ အလွန်အဆင့်မြင့်သူ ဖြစ်၏။


ချိုက်ယူဟုန် သည် လင်းယောင်ယောင် ၏ ဟင်းချက်နည်းလမ်းများစွာကို သူ့အား ပြောပြရန် တွန်းအားပေးလိုက်သည်။ သူသည် သူမ ထံမှ အစပ်ဟင်းလျာများကို လက်ဆောင်အဖြစ်ရရှိထား၍ အရသာရှိရှိ စားသောက်ခဲ့ဖူးသည်။ထို့နောက် ကဏ္ဍပေါင်းစုံမှနေ၍ သူမ၏ အားသာချက်နှင့် အားနည်းချက်တို့ကို ခွဲခြမ်းစိတ်ဖြာလိုက်သည်။


"ဖြည့်စွက် အစားအသောက်က ဒီလိုလုပ်လို့မရဘူး... ကျောင်းသားတစ်ယောက်ချင်းစီရဲ့ စိတ်အခြေအနေက မတူဘူးမလား..."


ချိုက်ယူဟုန် သည် ထိုမိန်းကလေးမှာ သူမဘာသာသူမ လေ့လာ၍ ဟင်းချက်ထားကြောင်း သက်သက် ဆုပ်ကိုင်ထားသည်ကို တွေ့ရှိခဲ့သည်။အခြေခံအချက်များစွာကို သူမနားမလည်သော်လည်း ထိုအချက်ကသာ သူမ၏ ဖြည့်စွက်အစားအစာများကို အလွန်ဆန်းသစ်ပြီး ကွဲပြားစေခြင်းဖြစ်သည်။ သို့သော်လည်း သူမမှာ နားလည်မှု လွဲမှားနေသည့်အရာများစွာ ရှိခဲ့သည်။ ထိုအချက်များကို သူ ထောက်ပြပြောဆိုသောအခါ သူမက အသာတကြည်လက်ခံပြီး နားထောင်ပေးလေသည်။


ချိုက်ယူဟုန် သည် သူမအား တပည့်တစ်ဦးအဖြစ် အမှန်တစ်ကယ်လက်ခံထားသည်ကို သူမသိသည်။ မဟုတ်လျှင် သူမကို လမ်းပြမှာမဟုတ်ပေ။ထို့ကြောင့် သူ့ကို သူမ လေးစားလာခဲ့သည်။


ကလေးမလေးမှာ ရုတ်တရက် နာခံတတ်သည့် ကျောင်းသားတစ်ယောက် ဖြစ်သွားပြီး ခဏခဏ ခေါင်းညိတ်ပြသည်ကို ချိုက်ယူဟုန် အသုံးမချပေ။


"ငါတို့နှစ်ယောက်တည်းရှိနေချိန် ကြီးကြီးကျယ်ကျယ်တွေ ခေါ်ပြောမနေနဲ့...အဲ့ဒါဆို ငါ့ကိုယ်ငါ အဘိုးကြီးလို့ ထင်‌ေနမိလိမ့်မယ်...အရင်လိုပဲ ရင်းရင်းနှီးနှီးပြော..မင်းဆီမှ တစ်ကယ်သင်ယူထိုက်တဲ့အရာတွေ အများကြီးရှိတာပဲ... လူတွေက ငါ့ကို ဆရာလို့ ပြောဆိုကြပေမယ့် မင်းကလည်း ဆရာလို့မခေါ်နဲ့... ငါတို့ အချင်းချင်း ဆွေးနွေးပြီး သင်ယူကြရအောင်"


အရှင်သခင်အင်ပါယာရှိ တစ်ဦးတည်းသော မဟာအဆင့် အစားအစာ လက်ထောက်ဖြစ်သူ ချိုက်ယူဟုန် သည် ဤရာထူးတွင် အချိန်အတော်ကြာရှိနေခဲ့၍ အနည်းငယ် အထီးကျန်ဆန်နေသူဖြစ်သည်။ သူ့မှာ တိုးတက်ရန် လိုအပ်ချက်များစွာရှိနေသေးကြောင်း သိသော်လည်း လမ်းကြောင်းမှန်ကို ရှာမတွေ့နိုင်ခဲ့‌ေပ။ လင်းယောင်ယောင် နှင့် ဆုံလိုက်မှသာ လမ်းကြောင်းမှန်ကို ရှာတွေ့ပြီဟု တွေးလိုက်မိသည်။သူတို့နှစ်ဦးကြားက အသက်ကွာခြားချက်မှာ အလွန်များပြားသော်လည်း အစားအသောက် အကြောင်းများကိုတော့ အတိုင်အဖောက်ညီညီ ပြောဖြစ်ခဲ့ကြသည်။ သူတို့သည် ဆရာနှင့် ကျောင်းသားလို မဟုတ်တော့ဘဲ ကာလရှည်ကြာ ပျောက်ဆုံးနေခဲ့သော သူငယ်ချင်းများလို ဖြစ်လာသည်။


လင်းယောင်ယောင် နှင့် အဘိုးကြီး ချိုက် တို့သည် ညဥ့်နက်သည်အထိ ဤအကြောင်းအရာကို ဆွေးနွေးခဲ့ကြသည်။ သူမ လိုင်းပေါ်က ဆင်းချိန်မှာ ညဆယ့်တစ်နာရီရှိနေပြီ။ ထို့နောက် သူမသည် အခန်းထဲရှိ စမတ်အိမ်ထိန်းစနစ်အား လင်းရွှမ် ပြန်ရောက်ပြီလားဟု မေးမြန်းကြည့်လိုက်ရာ အီလက်ထရွန်းနစ်အသံက ဖြေလာသည်။


"သခင်မလေး... သခင်ငယ်လေးက လွန်ခဲ့တဲ့ ဆယ်မိနစ်ကတည်းက အခန်းထဲကို ပြန်ရောက်နေတာပါ"


သူမသည် နားကပ်အတွက် စိတ်ပူပြီး လင်းရွှမ် ကို မေးချင်မ်ိသည်။ ရှင်းရှင်းလင်းလင်း မမေးရလျှင် တစ်ညလုံး အိပ်နိုင်မှာ မဟုတ်ပေ။ထို့ကြောင့် သူမ၏ အာကာသခလုတ်မှ နားကပ်များထည့်ထားသည့် အနက်ရောင်သေတ္တာလေးကို ထုတ်ယူလိုက်သည်။


သူမ အပြင်ထွက်ခါနီးတွင် တံခါးနားရောက်သောအခါ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး အခန်းထဲသို့ပြေးဝင်ကာ နံရံပေါ်ရှိဝှက်ထားသော ဗီရိုကို ဖွင့်လိုက်သည်။ညဝတ်အကျီက အနည်းငယ်ဟိုက်နေသဖြင့် ချစ်စရာ ပန်းရောင် အင်္ကျီလက်ရှည်လေးတစ်ထည်ကို ထပ်ဝတ်ထားလိုက်သည်။ ထို့နောက် ဒုတိယထပ်ရှိ မိဘများကြားမည်ကို စိုးရိမ်သောကြောင့် ခြေလှမ်းဖွဖွနင်းကာ အခန်းထဲမှ ထွက်လာခဲ့သည်။ လှေကားမှဆင်းလာသောအခါ နောက်ဆုံးအကြိမ်က လင်းရွှမ် အခန်းထဲကို ဝင်သွားစဉ် ဖြစ်ပျက်ခဲ့သော အဖြစ်ကို မှတ်မိသွား၏။ထိုစဉ်က သူမသည် စစ်နတ်ဘုရား အစ်ကိုကြီး၏ ကြီးမားသော တတိယခြေထောက်ကို မတော်တဆ သွားဖက်မိခြင်းဖြစ်သည်။ ထို အဖြစ်လိုမျိုး ထက်မဖြစ်ပွားစေရန် သူမသည်ယခုကတည်းက ခပ်ခွာခွာနေထားရမည်ဖြစ်သည်။


သူမ စတုတ္ထထပ်သို့ရောက်သောအခါ လင်းရွှမ် ၏ အခန်းတံခါးသည် တစ်ဝက်တစ်ပျက်ပွင့်နေပြီး သော့လုံးဝမခတ်ထားသည်ကို တွေ့လိုက်ရသည်။ အခန်းအတွင်းရှိ အလင်းရောင်သည် မှိန်မှိန်လေးဖြစ်နေပြီး အိပ်ရန်ဖွင့်ထားပုံပေါ်၏။သူမ အခန်းထဲ ပြေးဝင်သွားလိုက်လျှင် ယခင်တစ်ခါကလို ဝင်တိုက်မိမှာစိုး၍ တံခါးမှာရပ်နေပြီး တိုးတိုးလေး မေးလိုက်၏။


"အစ်ကိုကြီး ရှိလား...ညီမလေး ဝင်လာလို့ရမလား"


သူမ မေးပြီးနောက် အခန်းထဲမှာ လုံးဝအတိ တိတ်ဆိတ်နေသည်။ ထို့နောက် လင်းရွှမ် ၏ ဝိုးတဝါးအသံကို တံခါးနားမှ ကြားလိုက်ရ၏။


"အထဲဝင်"

အစ်ကိုကြီးအသံက တစ်ခုခု မှားနေသလိုပင်။


လင်းယောင်ယောင် သည် သူမလက်ထဲရှိ အနက်ရောင်သေတ္တာလေးကို တစ်ချက်ဖျစ်ညှစ်လိုက်ပြီး ဖြည်းညှင်းစွာ ဝင်လာခဲ့သည်။လောလောဆယ် ဘာကိုကြောက်မှန်းမသိတော့။သူမ အခန်းထဲ ဝင်ဝင်ချင်း လင်းရွှမ်ကိုကြည့်လိုက်သည်။သူသည် တံခါးနှင့်မနီးမဝေးက ကော်ဇောပေါ်မှာ အိပ်နေပြီး သူ့စစ်ယူနီဖောင်းကလည်း ကြယ်သီးများ တစ်လုံးစ၊နှစ်လုံးစ ပြုတ်နေသေးသည်။


လင်းရွှမ် သည် အမြဲတမ်း အနေအထိုင် စည်းကမ်းရှိသူဖြစ်၍ ထိုကဲ့သို့တစ်ခါမှ မလုပ်ဖူးပေ။သူမ စိတ်ပူသွားပြီး ရှေ့သို့ ကမန်းကတန်း တိုးလိုက်သည်။


"အစ်ကိုကြီး... ဘာဖြစ်နေတာလဲ"


သို့သော် သူမ မေးရန်ပင်မလိုအပ်ပေ။ အနားကပ်လာသောအခါ အလွန်ပြင်းထန်သော အရက်နံ့ကို သူ့ကိုယ်ပေါ်‌မှနေ၍ စူးရှပြင်းထန်စွာ ရလိုက်သည်။


သူ မူးနေတာလား....


ထို့နောက် သူမ လက်ထဲမှ သေတ္တာကို ကော်ဇောပေါ် တင်လိုက်ပြီး သူ့လက်ကို ကိုင်ထား၍ကူညီရန်ကြိုးစားလိုက်သည်။


"အစ်ကိုကြီး ဒီမှာအိပ်လို့မရဘူးလေ...အိပ်ရာထဲမှာ အိပ်လေ"


လင်းရွှမ် ကို နှိုးရန် ကြိုးစားသောအခါတွင်မူ မျက်လုံးများကို မူလကမှိတ်ထားရာမှ မျက်လုံးများပွင့်လာကြသည်။နက်မှောင်ပြီး ထူးခြားအေးစက်သော မျက်လုံးတစ်စုံဖြင့် သူမကို တည့်တည့်ကြည့်နေသည်။ ထိုလူ၏ အသံသည် တိုးလျလွန်းပြီး သူမပြောခဲ့သည့် နောက်ဆုံးစကားသုံးခွန်းကို ထပ်ခါတလဲလဲ ပြောလာသည်။


"အိပ်ရမယ် ဟုတ်လား"


ချက်ချင်းပင် လင်းယောင်ယောင် သည် လင်းရွှမ် ၏လက်ရှိအခြေအနေက မူမမှန်ကြောင်း အလိုလို ခံစားလာရသည်။ သူမ သူ့လက်ကို လွှတ်လိုက်ပြီး ဉာဏ်ရည်ထက်မြက်သည့် စက်ရုပ်ကို ခေါ်ဖို့ ပြင်လိုက်သည်။ သို့သော် မကြာမီလင်းရွှမ် သည် သူမ လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့ရင်ခွင်ထဲကို ဆွဲသွင်းလိုက်လေတော့သည်။


လင်းယောင်ယောင် မျက်နှာသည် လင်းရွှမ် ၏ကြယ်သီးနှစ်ခု သုံးခုဖွင့်ထားသော သူ့ရင်ဘတ်ကို အပ်မိသွား‌ေသာကြောင့် သူ့ရင်အုံတစ်ပိုင်းတစ်စကို မြင်လိုက်ရသည်။ သူ၏ ဂျုံနှစ်ရောင် ကြွက်သားများသည် ခိုင်ခံ့တင်းကျပ်နေပြီး ပြတ်ပြတ်သားသားရှိသော muscle lineလည်း ရှိသဖြင့် အလွန် sexy ကျသည်။ သူမ သည့်ထက်ပိုပြီး အနီးသို့ ရောက်သွားပါက သူမ၏ နှာသီးဖျားသည် ရင်ဘတ်ကျယ်ကြီးကို ထိမှာစိုး၍ အသက်ကိုအောင့်ထားလိုက်မိသည်။ ငါးဆားနယ်ကဲ့သို့ ပက်လက်ကလေး လဲလျောင်းနေသော သူမကို ထိုအမျိုးသားသည် ခါးမှနေ၍ လက်တစ်ဖက်တည်းဖြင့် တင်းကျပ်စွာပွေ့ဖက်ထားသည်။ သူမကို လက်တစ်ဖက်နှင့် သပ်သပ်ရပ်ရပ်မလိုက်ပြီး မတ်တပ်ထရပ်လိုက်ရာ သူမ တစ်စက်မှမလှုပ်နိုင်တော့ပေ။ထို့နောက် သူမကို မင်းသမီးလေးတစ်ပါးလို ထိုင်လျက်ပုံစံဖြင့် ပွေ့သွားပေးလေသည်။ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူမကို တံခါးနှင့် မီတာအနည်းငယ်အကွာရှိ အနက်ရောင်အိပ်ယာကြီးပေါ်တွင် ချထားလိုက်သည်။ သူမ ပြောသည့်အတိုင်း အိပ်ရာပေါ်ကို လာချခြင်းဖြစ်သည်။


ထို့အပြင် သူ့လုပ်ရပ်များက မြန်လွန်းလှ‌ေသာကြောင့် သူမ ဘာမှမပြောနိုင်ခဲ့ပေ။ သူမ ဘယ်လောက်ပင် လန့်နေပါစေ၊ အန္တရာယ်ကို နားလည်လိုက်သဖြင့် အတင်းရုန်းထရန် အပြင်းအထန် ကြိုးစားကြည့်သည်။ သို့ရာတွင်၊ အရက်ပြင်းပြင်း သောက်ထားပုံရသည့် ထိုလူ၏ အသက်ရှူသံအောက်မှာ သူမ ကောင်းစွာမရုန်းကန်နိုင်ခဲ့ပေ။မကြာမီ၊သူ၏ အရပ်ရှည်ပြီး ကြံ့ခိုင်သည့် ခန္ဓာကိုယ်က သူမကို ရုတ်တရက် လာစီးမိုးထား၏။သူ၏ ရှည်လျားသော ခြေတံကြီးနှစ်ချောင်းသည် သူမ၏ ခြေထောက်တိုတိုလေးများကို တင်းတင်းကြပ်ကြပ် ညှပ်ထားပြီး ခုခံရန် ကြိုးစားနေသော သူမ၏ လက်နှစ်ဖက်ကိုလည်း ဘေးတစ်ဖက်တစ်ချက်စီမှာ ဖိချုပ်ထားလိုက်သည်။ဤအနေအထားက ဒရာမာများနှင့်anime ကားများတွင် ရိုက်ပြလေ့ရှိသော romantic kiss sceneအနေအထားပင်။


နေ့ခင်းဘက်တုန်းက စစ်သင်္ဘောပေါ်က မြင်ကွင်းနဲ့ ဘယ်လောက်ဆင်တူလိုက်သလဲ...


သို့သော်၊ယခုအနေအထားက ပို၍ရင်ခုန်စရာကောင်းနေသည်။သူမ ငိုသံဝဲဝဲဖြင့် ပြောလိုက်သည်။


"အစ်ကိုကြီး၊ မလုပ်နဲ့... အစ်ကိုကြီး အရက်မူးပြီး လူမှားနေတာမလား"


လင်းရွှမ် သည် သားကောင်ကို စိုက်ကြည့်နေသော သားရဲတစ်ကောင်ကဲ့သို့ သူ၏နက်မှောင်သော မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်နေသည်။ သူမကိုစားဖို့ အချိန်ခဏလေးတောင် မစောင့်နိုင်တော့သလိုဖြစ်‌နေသည်။ ထိုလူ၏ ပါးလွှာပြီး နီမြန်းသော နှုတ်ခမ်းများက ဆွဲဆောင်မှုရှိစွာညွတ်ကွေး၍ ပြုံးလိုက်သည်။


“ဟုတ်တယ်.... မင်းက ငါ့နတ်သမီးပဲ”


ပြောပြီးသည်နှင့် ခေါင်းကို ငုံ့ပြီးနောက် သူ့နှုတ်ခမ်းများက သူမ၏ နှုတ်ခမ်းများကို လျင်မြန်စွာ ဖိပိတ်ထားလိုက်သည်။သူမ၏ မက်မွန်သီးမျက်လုံးများ ပြူးကျယ်သွားပြီး အံ့သြထိတ်လန့်ကာ မျက်ရည်များရစ်ဝဲလာ၏။ ဖြူစင်နုပျိုသော မျက်နှာသည် ဒေါသကြောင့်လား ရှက်စိတ်ကြောင့်လားမသိ၊နီရဲနေသည်။


"အား"


လင်းရွှမ် မျက်လုံးထဲမှာ ဘယ်လောက်ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိနေမှန်း သူမ သိပုံမပေါ်ပေ။ အစပိုင်းမှာတော့ အဆိုးဆုံးက၊ နှုတ်ခမ်းချင်း ပွတ်ခြင်း၊ နမ်းခြင်း တို့ပင်။သို့သော်၊ မကြာခင်မှာ သူက နူးညံ့အိစက်သည့် သူမ နှုတ်ခမ်းနှစ်လွှာကို တစ်လွှာချင်းစုပ်ယူနမ်းရှိုက်ကာ လျှာချင်းလည်း ရစ်ပတ်စပြုလာသည်။သူမကို ယခုလိုနမ်းချင်နေသည်မှာအတော်ကြာနေပြီဖြစ်သည်။ယခု စတင်ပြီးနမ်းလိုက်ချိန်မှာ သူထင်ထားတာထက်ပင် ပို၍ ချိုမြိန်ပြီး အိမ်မက်ဆန်နေသေးသည်။


လင်းရွှမ် စွဲလန်းပြီးရင်း စွဲလန်းသွားပြီး သူမကို ကိုက်စားချင်စိတ်ပါ ဖြစ်လာရသည်။ သူ ဘယ်လောက်တောင် ဝိုင်သောက်ထားမိမှန်းမသိ၊ အလွန်ကောင်းမွန်သော ကိုယ်လုံးကိုယ်ပေါက်ရှိတာတောင်မှ ခေါင်းမူးနေရလေပြီ။ အရက်သည် သူ့စိတ်ထဲတွင် ကာလကြာရှည်စွာ ဖိနှိပ်ထားသော အတွေးများကို အကောင်အထည်ဖော်ပစ်လိုက်ခြင်းပင်။ သူသည် သူမပြောခဲ့သလို နှာဘူးတစ်ယောက်ပင်။ညီမဖြစ်သူအား ယခုလိုလုပ်မည်ဟု တွေးထားသည်မှာအတော်ကြာနေခဲ့ပြီဖြစ်သည်။ နှုတ်ကပင် ဖော်မပြနိုင်သော နှာဘူးဆန်သည့် အရာများကိုပင် သူလုပ်ချင်နေမိသည်။


လင်းယောင်ယောင် အသက်ရှူမဝ ဖြစ်ကာ အနမ်းများကို တုံ့ပြန်နေရသည်။ သူမ၏ ပထမဆုံးအနမ်းသည် ရိုမန့်တစ်ဖြစ်ပြီး၊ နူးညံ့သိမ်မွေ့သော၊ လန်းဆန်းပြီး ပန်းရောင်ပူဖောင်းများ ပြည့်နှက်နေမည်ဟု သူမ စိတ်ကူးထားသော်လည်း ယခုမူ တခြားစီဖြစ်နေရလေသည်။သို့သော်၊အဓိကအချက်က သူမ၏ ပါတနာက လုံးဝ မှားနေရခြင်းပင်။ လင်းရွှမ် က သူမ၏ အစ်ကိုဖြစ်ပြီး ရုတ်တရက် ယခုလို ကြောက်စရာကောင်းပြီး အရိုင်းဆန်သူ ဖြစ်လာခဲ့သည်။


ပိုအရေးကြီးသည့်အချက်က လင်းရွှမ် ပါးစပ်ထဲမှ အရက်များက သူမလျှာဖျားအထိ စွန်းထင်းသွားပြီးနောက် သူမပါ မူးချင်သလိုဖြစ်လာသည်။သို့သော်လည်း၊သူမ တွေးထားသလို ပျို့လည်းမပျို့ချင်သလို ရွံရှာစိတ်လည်း မဖြစ်လာပေ။သူမစိတ်ထဲမှာ နာကျည်းမှုအပြည့်ရှိနေလျက်နှင့်၊ ဘယ်လိုမှမနေသည့်အတွက် တစ်ခုခု မှားနေသလို ခံစားမိသည်။


သူမ စိတ်ထဲမှာ ပြောမပြတတ်အောင် ရှုပ်ထွေးနေပြီး ငိုချင်စိတ်များပေါက်လာတော့သည်။ မျက်လုံးအိမ်များသည် မျက်ရည်စ,များဖြင့် ပြည့်နှက်နေပြီး လက်နှင့် ခြေများမှာလည်း အားအင်တို့မရှိကြတော့ပေ။နောက်ဆုံး သူမ အတင်းရုန်းထွက်လိုက်ပြီး...


"ညီမလေးက ခင်ဗျားရဲ့ နတ်သမီးမဟုတ်ဘူး… အာ့"


သူမ စကားမဆုံးမီတွင် သူမကို လင်းရွှမ် က တင်းကြပ်စွာ ‌ချုပ်ဖက်ထားလိုက်သည်။ယခုဆို အရသာကို သူသိသွားပြီဖြစ်၍ သူမ ခြေထောက်များကို ဆွဲယူကာ ဒူးထောက်ထိုင်နေသည့် သူ့ပေါင်ပေါ် တင်လိုက်သည်။ သူ့လက်ဖဝါးကြီးများက သူမခေါင်းနောက်ကနေ အုပ်ကိုင်ထားရင်း ရှောင်လွှဲလို့မရအောင် တားပြီး နောက်တစ်ကြိမ် ထပ်နမ်းလိုက်သည်။ ခုနက ကြမ်းတမ်းပြင်းထန်သည့် အနမ်းနှင့် နှိုင်းယှဥ်လိုက်လျှင် ဤအနမ်းက နူးညံ့ပြီး ရှည်လျားသော်လည်း ပိုလေးနက်လှသည်။


လင်းယောင်ယောင် တွေးမိလိုက်သည်။ သူမ၊ သူမ.. ည၀တ်အင်္ကျီဝတ်ထားတာပဲ... သေရော...


ခြေထောက်များ ခွာပြီး သူ့ပေါင်ပေါ် တင်ထားသည့် အနေအထားဖြင့် သူမသည် ခြေထောက်အောက်မှ တင်းမာပြင်းထန်သော အထိအတွေ့တစ်ခုကို အသေအချာ ခံစားလိုက်ရသည်။ သူမ လျစ်လျူရှု၍ မရတော့ဘဲ အပြင်းအထန် ရုန်းကန်လိုက်သည်။အချိန်အတော်ကြာအောင် မျက်ဝန်းထဲတွင် ရစ်ဝဲနေသော မျက်ရည်စက်များသည် သူမ မျက်နှာပေါ်သို့ ကျဆင်းလာသည်။ လင်းရွှမ် သည် ထိုမျက်ရည်စက်များကို နမ်းလိုက်ပြီး သူမကို ပိုတင်းကျပ်စွာ ပွေ့ဖက်ထားပြန်သည်။ ထို့နောက် သူမ နားရွက်ကို စုပ်ယူလိုက်ရင်း...


"နတ်သမီးလေး... မင်း အတင်းရုန်းနေမယ်ဆိုရင် ဒီည မင်းကို ငါမလုပ်ဘူးလို့ ငါ အာမ မခံနိုင်ဘူး"


သူမ ထိတ်လန့်သွားပြီး တစ်ကိုယ်လုံး အေးခဲသွားသည်။


"အစ်ကိုကြီး... အစ်ကိုကြီး... ညီမလေးက ယောင်ယောင် လေ...လူမှားနေပြီ...ညီမလေးကို လွှတ်ပေးပါ"


လင်းရွှမ် သည် သူမ၏ နားရွက်ကို ဂရုတစိုက် စုပ်နမ်းရင်း


"ဟင့်အင်း… ငါက မင်းအစ်ကိုမဟုတ်ဘူး…ရွှမ်လေးလို့ခေါ်"


လင်းယောင်ယောင် အံ့သြသွားသည်။ သူ ပြောနေသည့် "နတ်သမီးလေး" မှာ သူမကလွဲပြီး တခြားဘယ်သူ မဟုတ်နိုင်ပေ။


"အစ်ကိုကြီး"


လင်းရွှမ် သည် သူ နှိပ်စက်ထား‌ေသာကြောင့် အနည်းငယ်နီပြီး ရောင်နေသော သူမ၏ ပန်းနုရောင်နှုတ်ခမ်းကို ပြင်းထန်စွာ ဖိပိတ်ထားလိုက်ပြန်သည်။ သူ့ကို အစ်ကိုကြီးဟု ခေါ်နေသေးသဖြင့် ဒဏ်ခတ်နေပုံရသည်။ သူမ နှုတ်ခမ်းတွေပါ ပူထူလာပြီဖြစ်၍ နောက်ဆုံး ကြံရာမရဖြစ်ကာ


" အစ်ကိုရွှမ်"


လင်းရွှမ် ကျေနပ်သွားပုံရသည်။ သူက သူမ နောက်ကျောကို ညင်သာစွာ ပွတ်သပ်ပြီး နှုတ်ခမ်းကို ညင်သာစွာ နမ်းလိုက်သည်။


"မင်း ငါ့ကို အခုကစပြီး ဒီလိုမျိုး ခေါ်ရမယ်..ဒါပဲ!"


သူမ လွတ်မြောက်ချင်သော်လည်း လွတ်မြောက်အောင် မလုပ်နိုင်ခဲ့ပေ။ သူမ တွန်းလှန်ချင်သော်လည်း မတွန်းလှန်နိုင်ပေ။ မကြာမီ သူမ အိပ်ပျော်သွားပါတော့သည်။ ညဥ့်နက်နေ၍ သို့မဟုတ် အရက်ကြောင့်လည်း ဖြစ်နိုင်သည်၊ သို့တည်းမဟုတ် သူ့ကို စိတ်အနှောက်အယှက်မဖြစ်သောကြောင့် ရင်ထဲမှာ နွေးထွေးပြီး သက်တောင့်သက်သာအိပ်ပျော်သွားတာလည်း ဖြစ်နိုင်၏။


လင်းရွှမ် သည် သူ့ပုခုံးပေါ်မှာ အိပ်ပျော်သွားသည့် သူမကို မြင်လိုက်လျှင် သူမကို ပုတ်သိပ်လိုက်သေး၏။ သူမ၏ သွယ်လျသော မျက်တောင်များပေါ်တွင် မကျေနပ်မျက်ရည်များ စီးကျနေသည်။ သူမ နှုတ်ခမ်းများသည် အနည်းငယ်နီမြန်းရောင်ရမ်းနေပြီး သူ့သွားရည်စတို့က စိုလက်တောင်ပြောင်နေသဖြင့် နောက်ထပ် အနမ်းတစ်ခုကို စတင်ချင်စိတ်ပေါက်လာသည်။ သို့သော် နောက်ဆုံးတွင် သက်ပြင်းတစ်ချက်သာ ချလိုက်လေသည်။


ထိုညမှာ သူမ သူ့ကိုကြောက်နေသော်ငြား နောင်တမရခဲ့ပေ။ သူ့စိတ်ထဲမှာ ပျော်ရွှင်မှုနှင့် ကျေနပ်မှုတို့ကိုသာ အပြည့်အဝ ခံစားခဲ့ရသည်။ ယခင်က သူမကို နမ်းချင်သော်လည်း ယခု သူမကို နမ်းလိုက်သောအခါတွင် မတင်းတိမ်နိုင်သော စက်ဆုပ်ဖွယ် ဆန္ဒများ မွေးဖွားလာခဲ့သည်။ ပိုကြောက်စရာကောင်းတာက ချုပ်နှောင်မထားချင်သော်လည်း ဆန္ဒကို ချုပ်တည်းဖို့ သူ့စိတ်က အစွမ်းကုန် ကြိုးစားခဲ့ရသည်။




xxxxxx


Ei Thet Hmue