အခန်း ၄၂
Viewers 8k

Chapter 42

(လင်းရွှမ်၏ အချစ်)


သူမသည် လင်းရွှမ် ၏ နဂိုအတိုင်းဖြစ်နေသည့် ခြေထောက်ကို တစ်ချက်ရိုက်ရင်း ပြောလိုက်သည်။


"ကျေနပ်ပြီလား…သား ဘာလုပ်နေတာလဲ...သားက စစ်ဗ်ိုလ်ချုပ်တစ်ယောက်ဆိုတာမေ့နေပြီလား… "


" S-အဆင့် မစ်ရှင်တစ်ခုကလေးကို ဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာတွေ ခံစားခဲ့ရတာလား...ဒါက ဒုတိယအဆင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုလေ...ဒီထက် ပိုပြင်းထန်သွားရင် စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းမှု(memtal disabaility) ဖြစ်သွားမှာ.... ခြေထောက်ကလည်း အပေါ်ယံ ဒဏ်ရာဆိုပေမယ့် ဒီလောက်သွေးတွေထွက်နေတာကို အလင်းအရှိန်ကိုသုံးပြီး အမြန်ပြန်လာသင့်တယ်...(light speed)... သား အမေပေးထားတဲ့ ခြေထောက်ကို မလိုချင်တော့ဘူးလား"


လင်းရွှမ် က ဒေါသတကြီးဟန်ဖြင့်မျက်လုံးမှိတ်ပြီး ရေရွတ်လိုက်သည်။


"အမေက ကျွန်တော့်ကို မြန်မြန်ပြန်လာဖို့ ပြောတာလေ.... ဝေ့မိသားစုထဲက ကလေးက ယောင်ယောင် အတွက် မသင့်တော်ဘူးဆို…သူက ယောင်ယောင် လို အစားအသောက်လက်ထောက် ကုထုံးပညာရှင်တစ်ယောက်ကို တင်မှန်းနေလို့ အတင်းချဉ်းကပ်နေတာမလား"


လင်းရွှမ် ၏ မစ်ရှင်သည် မူလက နှစ်ရက် ၊ သုံးရက်ခန့် ကြာမည်ဖြစ်သော်လည်း သူကိုယ်တိုင် အရှိန်မြှင့်လုပ်လိုက်သည်နှင့် တစ်ရက်၊ နှစ်ရက်အတွင်း အပြီးသတ်နိုင်မည်ဖြစ်သည်။ ရက်အနည်းငယ်အကြာမှသာ၊ ဝေ့ယွမ် တရားဝင် လင်းအိမ်ကို လာရောက်လည်ပတ်မည်ဟု သူ မျှော်လင့်ထားသော်လည်း ကောက်ရိတ်သိမ်းပွဲတော်၏ ပထမဆုံးနေ့ကတည်းက ‌ေခြလှမ်းသွက်နေပြီဖြစ်၏။


ရှန်းယွင်ကျင်း ၏ မက်ဆေ့ချ်ကို လက်ခံရရှိပြီး အကြောင်းပြန်ပြီးနောက် သူ တစ်ခုခုကြံရတော့သည်။အခွင့်အရေးရမည့်အချိန်ကိုစောင့်ပြီး ပြန်မည်ဆိုလျှင် အန္တရာယ်မရှိနိုင်သော်လည်း အိမ်ပြန်ဖို့ အချိန်ပိုကြာပါလိမ့်မည် ဖြစ်သည်။ထို့ကြောင့် ဧကရာဇ်မြို့တော်သို့ ပြန်သွားရန် မစောင့်နိုင်တော့ဘဲ ထိပ်တိုက်တိုက်ပွဲဝင်ဖို့သာ ရွေးချယ်ခဲ့သည်။ သူနှင့်တိုက်ရသည့် ပြိုင်ဘက်များမှာ အတော်လေးများသဖြင့် သူ့ဘက်က ဆုတ်ယုတ်လျက်ရှိသည်။ ကံကောင်းစွာနှင့်၊ သူ၏ဝိညာဉ်ရေးနယ်ပယ်တွင် ဒဏ်ရာများ သိပ်မပြင်းထန်ဘဲ ရသွားကာ ခြေထောက်မှာလည်း ဒဏ်ရာ ရရှိခဲ့သဖြင့် နောက်ဆုံးတွင် သူသည် တာဝန်မှကင်းလွတ်ခွင့်ရသွား၏။


သူ မပြန်မီ X-312 ကြယ်တာရာတွင် ခြေထောက်ဒဏ်ရာကို ကုသရန် ရွေးချယ်နိုင်သော်လည်း အချိန်ပိုကြာမည်ဖြစ်သည်။ လင်းရွှမ် သည် မက့်ဆေ့ခ်ျထဲတွင်


"မနက်ဖြန်မှပြန်လာမယ်"


ဟုပြောခဲ့သော်လည်း မနက်ဖြန်ကို သူ မစောင့်နိုင်တော့ပေ။ တစ်နေ့ သူ အဝေးရောက်နေခိုက်၊ ဝေ့မိသားစုထဲက ကလေးက ချိုသာသည့်စကားလုံးလေးတွေနှင့် ယောင်ယောင် ကို သိမ်းပိုက်လိုက်မည်ဆိုလျှင် သူ နေစရာတောင်ရှိမှာမဟုတ်တော့‌ေပ။ အတိအကျပြောရလျှင်၊ သူ ယောင်ယောင်နှင့်ဝေးသထက် ဝေးသွားရမည်ဖြစ်၏။ ယခုလောလောဆယ်မှာ၊သူ့လျှို့ဝှက်ချက်တွေကို ရှန်းယွင်ကျင်း အား ပြောမပြောသင့်ပေ။


သူမရဲ့မွေးစားသမီးကနေ ချွေးမဖြစ်အောင် လုပ်မယ့်ကိစ္စကို သူဘယ်လိုမျိုး ပြောထွက်မှာလဲ...


"ဝေ့ယွမ်က ယောင်ယောင် ရဲ့ ချစ်သူလို့ သား ထင်နေတာလား"


ယောင်ယောင် သည် ဝေ့ မိသားစု၏သမီး ဖြစ်နေတာကြောင့် မဟုတ်ပါက ဝေ့ယွမ် သည် ထူးချွန်သော သားမက်လောင်းတစ်ဦးဟု ဆိုနိုင်သည်။ လင်းရွှမ် ကန့်ကွက်ရခြင်း၏ အကြောင်းပြချက်မှာ အမှန်ပင် အဓိပ္ပါယ်မရှိနိုင်ပေ။


အခုခေတ်မှာ အရည်အချင်းတွေကို လုံးဝမကြည့်ဘဲနဲ့ အိမ်ထောင်ဖက်ကို ဘယ်သူက ရွေးချယ်မှာလဲ..


ရှန်းယွင်ကျင်း စကားကို လင်းရွှမ် ကြားရသည့်အခါ တစ်ခုခုမှားနေသလိုခံစားလိုက်ရသဖြင့် မျက်ခုံးပင့်ပြီး သူ့အမေကို ကြည့်လိုက်သည်။


"မဟုတ်ဘူးလား... ဘာဖြစ်လို့လဲ"


ရှန်းယွင်ကျင်း က ရယ်မောရင်း


"မဟုတ်ဘူး...သား မနေ့ညက ညစာစားဖို့ မဆင်းလာဘူးလေ…ပြီးတော့ အစောကြီးထွက်သွားတယ်... အဲ့ဒီတော့ အမေတို့ သားကို ပြောဖို့အချိန်မရှိလိုက်ဘူး..."


လင်းယောင်ယောင် နှင့် ဝေ့ယွမ် သည် သူထင်ထားသလို ဆက်ဆံရေးမဟုတ်ကြောင်း သိလိုက်ရသဖြင့် လင်းရွှမ် ၏ မျက်ခုံးများသည် အနည်းငယ် ပြေလျော့သွားပြီး ပို၍ပင် စိတ်မရှည်လာသည်။


"အမကလည်း ဒဲ့ပြောလိုက်ပါ"


ရှန်းယွင်ကျင်း က သူ့ခြေထောက်ကို ထပ်ပြီး ပုတ်လိုက်ရင်း


"အမေကို ဘယ်လိုပြောလိုက်တာလဲ.... ဝေ့ယွမ်က သားညီမရဲ့ အစ်ကိုဝမ်းကွဲအရင်းလေ... ယောင်ယောင် က နှစ်ပေါင်းများစွာ ပျောက်ဆုံးနေတဲ့ ဝေ့ယွမ်ရဲ့ဦးလေး ဗိုလ်ချုပ်ဝေ့လင်းရဲ့သမီး... ဝေ့ယွမ် က ယောင်ယောင် ရဲ့ ဝမ်းကွဲ အစ်ကို "

လင်းရွှမ် သည် သွေးထွက်နေသော ဘယ်ခြေသလုံးကို ဆွဲရုတ်လိုက်ပြီး ကုတင်ပေါ်မှာ ထိတ်လန့်စွာ ထထိုင်လိုက်သည်။


"ယောင်ယောင် က ဝေ့ မိသားစုရဲ့သမီး ဟုတ်လား...ဘယ်လိုဖြစ်ရတာလဲ"


ရှန်းယွင်ကျင်း က အဒေါ်ဖြစ်သူနှင့်တူနေသည့် ယောင်ယောင် မျက်နှာကစ၍ ဝေ့ယွမ် မှတ်မိသွားပုံကို ရှင်းပြပြီး သူမကလည် ဝေ့အိမ်ကို မသွားလိုသည့်ကိစ္စကိုပါ ပြောလိုက်သည်။ ဝေ့ယွမ် ၏ မျက်နှာသည် အေးစက်နေပြီး မည်သည့်ခံစားချက်ကိုမျှ သေချာမမြင်နိုင်ပေ။ မိန်းကလေးသည် ဝေ့ယွမ်ကို အမှန်တကယ် မကြိုက်ကြောင်း သိပြီးနောက် သူ့စိတ်ထဲတွင် အလွန်ပူလောင်သွားရသည်။ ကလေးမလေးတွင် ညီအစ်ကို အပိုတစ်ယောက်ရှိလာခြင်းကြောင့် သူ အလွန်စိတ်မကောင်းဖြစ်မိရသည်။အစကတည်းက၊ သူကသာ သူမကို ညီမလေးအဖြစ် မှတ်ယူထားလျှင်လည်း၊ ဝေ့ယွမ် လုယူသွားခြင်းကြောင့် အမှန်ပင် ဒေါသဖြစ်ပေလိမ့်မည်။


ဝေ့ယွမ်ကိုလည်း သူမက “အစ်ကို” ဟုခေါ်သေးသည်။ သို့သော်၊ သူကတော့ သူမအား ညီမလေးတစ်ယောက်ပမာ မဆက်ဆံခဲ့ပေ။ ဝေ့ မိသားစုက သူမကို ဆွေမျိုးအဖြစ် အသိအမှတ်ပြုလျှင် ယောင်ယောင် သည် ဝေ့မိသားစု၏ သမီးဖြစ်လာမည်။ ထိုအခါကျလျှင် သူမအား သေချာပေါက် စွန့်လွှတ်လိုက်ရမည်ဖြစ်တော့၏။


ဝေ့မိသားစုမှ သမီးဖြစ်သူ ယောင်ယောင်ကို လင်းမိသားစုထဲက လင်းရွှမ် မှ လက်ထပ်ခြင်းသည် တရားမျှတသည်။ ထို့ကြောင့် ရှန်းယွင်ကျင်း သည် ဒေါသစိတ်နှင့် ညီမဖြစ်သူကို အူတိုနေသော သားဖြစ်သူကို နားမလည်နိုင် ဖြစ်သွားရ၏။


"သူတို့ ဘယ်နည်းနဲ့မှ သူမကို မခေါ်စေရဘူး"

"သား ဆေးကုသခန်းထဲကို မ၀င်သေးဘူးလား.... ဒီခြေထောက်က မနာဘူးပေါ့လေ... ယောင်ယောင် အမြန်ပြန်လာရင်တောင် နာရီဝက်လောက် စောင့်ရမှာ....ဒီလို ဒဏ်ရာတွေရနေတာကို သူမမြင်ရရင် အရမ်းစိတ်ပူသွားမှာပဲ"


လင်းရွှမ် တစ်ခါ ပက်လက်လှဲအိပ်လိုက်ပြန်သည်။


"မနာပါဘူး...ကျွန်တော် သူမကို စကားနည်းနည်းလောက်မေးစရာရှိတယ်"


လင်းရွှမ် က သူ့ခြေထောက်ကို ကုသဖို့ ဆန္ဒမပြခင် ယောင်ယောင် ကို တွေ့ချင်နေသည်မှာ ထူးဆန်းသည်ဟု ရှန်းယွင်ကျင်း ခံစားရသည်။


မေးစရာရှိရင်လည်း အခုမေးမှရမှာလား…


"သား စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဘာ‌ေတွဖြစ်နေတာဆိုတော့ ဖြည့်စွက်ဆေးဝါးတွေနဲ့ အစားအသောက်တွေစားရုံနဲ့တော့ ပြန်ကောင်းဖို့ရာ အရမ်းကြာနေမှာပဲ...... ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ကိုက်ညီမှု (mental match) 80% ကျော်ရှိတဲ့ လက်ထောက် ဆရာဝန်တစ်ယောက် ရှာကြည့်ရအောင်...ဒု-ဗိုလ်ချုပ်လင်းဟွေရဲ့မြေးကလေ သားနဲ့ဆို 83% လိုက်ဖက်တယ်လို့ သား အဘိုးဆီက အမေ ကြားတယ်"

လင်းရွှမ် စိတ်မရှည်တော့ပေ။


"မလုပ်ဘူး"


တိုက်ရိုက် စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်ပေးခြင်းသည် 80% ထက်ပိုသော စိတ်ပိုင်းဆိုင်ရာ ကိုက်ညီမှုရှိရန် လိုအပ်သည်သာမက အလွန်ရင်းနှီးပြီး တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုရှိသူများကြားမှာသာ လုပ်ဆောင်ရမည်ဖြစ်သည်။ မဟုတ်ပါက၊ကုသခံရသော စစ်သည်သည် အရန်ကုထုံးဆရာ၏ ဝိညာဉ်ရေးရာနယ်ပယ်(spiritual realm)က တိုက်ခိုက်လိုက်တာကြောင့် နှစ်ဖက်စလုံး ဆုံးရှုံးရမည်ဖြစ်၏။


ရှန်းယွင်ကျင်း ကလည်း သူ့ကို ဂရုစိုက်သည်။ သူ့မွေးစားသမီးကို သိပ်ဂရုမစိုက်ဘူးလို့ သူမခံစားရပေမယ့် ဒီနေ့မှာတော့ သူမရဲ့သားလေး လင်းရွှမ် ကိုတောင် ဂရုမစိုက်မိကြောင်း သူမတွေ့ရှိခဲ့‌ေလသည်။

"မင်း ဘာဖြစ်ချင်နေတာလဲ အမေ့ကို မပြောချင်ဘူး... မင်းဘာတွေတွေးနေတာလဲဆိုတာ ငါဘယ်လိုသိမှာလဲ"


"ယောင်ယောင်"


တစ်ကယ်တမ်းမှာလည်း သူလိုချင်တဲ့အရာ၊ သူတွေးနေတဲ့အရာက သူမပဲလေ...


ရှန်းယွင်ကျင်း အံ့အားသင့်သွားသည်။


"သူမ ခဏနေမှ ပြန်လာမှာ…"


"ဒါဆို အမေ ဧည့်ခန်းထဲသွားပြီး စောင့်နေလိုက်...သူမ ပြန်လာရင် ချက်ချင်းတွေ့ရအောင်လို့"


'ဒီစောက်ကလေးက ငါ့ကိုအတင်းမောင်းထုတ်ချင်‌နေတာပဲ"


ထို့နောက် သူမသည် စိတ်မချမ်းသာစွာဖြင့် ထွက်သွားလေ၏။ သို့သော် ခဏအကြာတွင် သူမသည် အိမ်ထိန်း အမ်ဘာ ကို လင်းရွှမ် ဆီသို့ သူမကိုယ်တိုင် ပြုလုပ်ထားသော စိတ်ပိုင်းဆိုင်ရာ ဖြည့်စွက်စာ နှစ်မျိုး ပို့လိုက်သေးသည်။


လင်းရွှမ် ဖျော်ရည်များကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ အာကာသခလုတ်အတွင်း ထည့်လိုက်၍ တစ်စက်မှ မသောက်လိုက်ပေ။ဘယ်လိုပင်ဖြစ်ဖြစ်၊ သူ့မှာ အလုပ်လည်းလုပ်စရာမရှိတာကြောင့် သူ၏ စိတ်ပိုင်းဆိုင်ရာလုပ်ဆောင်မှုများက နှေးကွေးနေလျှင်တောင် အရေးမကြီးသေးပေ။ ဘေးထွက်ဆိုးကျိုးလုံးဝမရှိသည့် ဖြည့်စွက်အစားအစာကို စားခြင်းက ပိုကောင်းနိုင်သည်။ ထိုဖြည့်စွက်အစားအစာများကို ပြုလုပ်မည့်သူကလည်း ဘယ်သူမှန်း ပြောနေစရာတောင်မလိုတော့‌ေပ။


လင်းယောင်ယောင် သည် လင်း မိသားစု၏ အဓိကနေအိမ်သို့ ပြန်ရောက်သောအခါတွင် မိခင်ဖြစ်သူသည် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ပျားရည်စပျစ်သီးလက်ဖက်ရည်နှင့် ကွတ်ကီးများအား အေးအေးဆေးဆေးစားနေသည်ကို တွေ့လိုက်ရသည်။ သူမ ပြန်လာတာကိုမြင်လျှင် ရှန်းယွင်ကျင်းက ပြုံးပြီးမေးလာသည်။


"ယောင်ယောင် မြန်မြန်ပြန်လာတာပဲ… တစ်နေ့လုံး ပြပွဲခန်းမကို လျှောက်ပတ်နေရလို့ ပင်ပန်းနေပြီလား...ရော့...အမောပြေအောင် လက်ဖက်ရည်လေးသောက်လိုက်"


"အစ်ကိုကြီးက ဒဏ်ရာအပြင်းအထန်ရထားတယ်ဆို…အမေ သူ့ကို ဆေးကုသခန်းထဲကို ဘာလို့ အတင်းမဝင်ခိုင်းရတာလဲ...ဆေးစက်ရုပ်ကို ခိုင်းလိုက်ရင်ရနေတာကို"


လင်းရွှမ် ဒဏ်ရာအပြင်းအထန်ရနေသည်ဟု ရှန်းယွင်ကျင်း ဖုန်းခေါ်ဆိုလာခြင်းသည် ယခုတော့ နောက်ပြောင်ပြီး ဆင်တာလားဟု သူမ သံသယဝင်လာရ၏။


သားက ဒဏ်ရာအပြင်းအထန်ရနေရင် ဘယ်အမေက အေးအေးဆေးဆေး နေမှာလဲ...သူမနဲ့ဝေ့ယွမ် တို့ အတူရှိနေတာကို မကြိုက်တာလား...


ရှန်းယွင်ကျင်း သည် သမီးဖြစ်သူ၏ အမေးကို ကြားလိုက်ရသော် စိတ်ထိခိုက်သွားသလိုမျိုး ဖြစ်သွား၏။


"အမလေး သမီးအစ်ကိုက အမေ့ကို မောင်းထုတ်လိုက်တာလေ…ဆေးကုသခန်းထဲမဝင်ချင်ဘူးတဲ့… ဆေးစက်ရုပ်ကလည်း သူ့ကို ဘယ်လိုလုပ် အတင်းဝင်ခိုင်းလို့ရမှာလဲ...အခု အပေါ်ထပ်မှာ...သမီးကို မေးစရာရှိတယ်ဆိုပဲ..သွားလိုက်ဦး သမီး"


ရှန်းယွင်ကျင်း သည် သူမကို မလိမ်ညာကြောင်း ယခုမှယုံသွား၏။ သူမ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ တိုးလာကာ ချက်ချင်း အပေါ်ထပ်ဆီကို ပြေးသွားလိုက်သည်။


ရှန်းယွင်ကျင်း သည် သားဖြစ်သူအား ဂရုမစိုက်သလိုမျိုး ဟန်ဆောင်နေသော်လည်း လင်းယောင်ယောင် ထွက်သွားပြီးနောက် သူမလည်း ဒုတိယထပ်သို့ ချက်ချင်း ပြေးတက်ခဲ့သည်။ ထို့နောက် သူမသည် ခင်ပွန်းဖြစ်သူ၏ စာကြည့်ခန်းထဲဝင်ပြီး ဆေးကုသအခန်း၏ စောင့်ကြည့်ကိရိယာကို ချိတ်ဆက်လိုက်သည်။ဤအိမ်ရှိ စောင့်ကြည့်ရေးကိရိယာများသည် အဆင့်မြင့်ဆုံး လျှို့ဝှက်စောင့်ကြည့် ကိရိယာများဖြစ်သည်။ ထို့ကြောင့်၊အခန်းတွင်း ဖြစ်ပျက်နေသည်များကို ရုပ်သာမက၊ အသံလည်း ကြားရပေသည်။


ကောင်စုတ်လေး လင်းရွှမ် ဘာလုပ်မလို့လဲ...

ယောင်ယောင် ကို စောင့်နေရလောက်အောင် အရေးတကြီးပြောစရာရှိလို့လား…


လင်းယောင်ယောင် သည် ဆေးကုသခန်းထဲသို့ ဝင်လိုက်သည်နှင့် ရွှေ့ပြောင်းနိုင်သော ကုတင်ပေါ်တွင် လဲလျောင်းနေသည့် လင်းရွှမ်ကို တွေ့လိုက်ရသည်။ သူ၏ ဘယ်ဘက်ခြေထောက်တစ်ခုလုံးနီးပါးမှာ ကြောက်စရာကောင်းအောင်ပင် သွေးများဖြင့် ဖုံးလွှမ်းထားသည်။ ဆေးကုသခန်းထဲသို့ အလွယ်တကူဝင်နိုင်စေရန်အတွက် သွေးများကို အကြမ်းသုတ်ထားသော်လည်း ယခုထိ တစိမ့်စိမ့်ယိုကျနေဆဲပင်။ ဆေးဝါးများလည်း တစ်ခုမှ လိမ်းထားပုံမပေါ်ပေ။


လင်းယောင်ယောင် ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားသည်။ သူမကို မနေ့ညက အကြမ်းပတမ်း ဆက်ဆံခဲ့သည့် လူဆိုးကြီး၊ လူယုတ်မာ လင်းရွှမ် ကို ဘယ်လိုရင်ဆိုင်ရမှန်း သူမ မသိခဲ့ချေ။ယနေ့တစ်နေကုန်လည်း သူမ စိတ်ကို အတင်းစုစည်းထားခဲ့ရ၏။ မထင်မှတ်ပဲ၊ ဤလူစုတ်ကို ထပ်တွေ့ပြီဖြစ်သော်လည်း ရိုက်နှက်ကန်ကျောက်ပြီး ရန်ထောင်၍မရသေးချေ။ နောက်ဆိုလည်း ဆင်ခြင်၍သာ ရပေမည်။လင်းရွှမ် ထံမှ "မနေ့ညက အရမ်းမူးသွားတယ်...တောင်းပန်ပါတယ်"ဟု ပြောလာလျှင် သူမ ခွင့်လွှတ်နိုင်လိမ့်မည် ထင်သည်။ မောင်နှမကြားက ဆက်ဆံရေးမှာ အရင်ကလို ရင်းနှီးမှာမဟုတ်သော်လည်း...အခြေအနေတစ်ခုကိုမူ ပြန်သွား၍ ရသေးသည်။


ထိုအကြောင်းကို ပြောရလျှင် လင်းရွှမ် သည် ယခုလိုပင် မပြောင်းမလဲ သူမကို လစ်လျူရှုထားဆဲ ဖြစ်နိုင်ပြီး သူမကမူ အရင်ကလိုမျိုး အတင်းကြီးသူ့ကိုလိုက်ရောမနေတော့ဘဲ ယောက်ျားနှင့် မိန်းမကြားမှ အကွာအဝေးတစ်ခု အမြဲထားရှိမည်ဖြစ်သည်။ သို့သော်လည်း လင်းရွှမ် သည် ယခုအခါ ဒဏ်ရာအပြင်းအထန်ရနေသည်။ ထို့ကြောင့် သူ့ကိုခပ်တန်းတန်း ဆက်ဆံ၍မရသေးချေ။


သူမ ဖြေးဖြေးချင်း သူ့အနားကို လျှောက်သွားလျှင် သူက သူမအား စူးစိုက်ကြည့်နေ၏။ စူးရှအေးစက်သော သူ့မျက်လုံးများက နက်မှောင်နေပြီး သူမကို ကြည့်နေသည်။ သူမနှင့် ရင်းနှီးနေသော သူ့မျက်နှာသည် တင်းမာပြီး ချောမောနေသေးသော်လည်း သွေးထွက်ထားတာကြောင့် ဖြူစုတ်ဖြူလျော်ဖြစ်နေသည်။ လင်းယောင်ယောင် ထမ်းစင်ကုတင်မှ နှစ်မီတာအကွာတွင် ရပ်လိုက်ပြီး


"အစ်ကိုကြီး ခြေထောက်ဒဏ်ရာ သက်သာလာတဲ့အထိ ညီမလေး စောင့်နေမယ်"


ညီမတစ်ယောက်အနေနှင့် သူ့အတွက် စိတ်ပူနေမိသည်။ သူ့ခြေထောက်က ဒဏ်ရာကို မြင်လိုက်ရ၍ သူမ စိတ်ထဲက နာကျင်သွားရသော်လည်း သူ့အတွက် မျှော်လင့်ချက်တွေ ထပ်ပြီးဖြစ်လာကာ မဖြစ်သင့်သော ပတ်သက်မှုတွေ ထပ်ဖြစ်လာမှာ စိုးရိမ်မိသဖြင့် ဘာမှ ထုတ်ဖော်မပြရဲပေ။ သူတို့နှစ်ယောက်ကြားက ရှုပ်ထွေးပွေလီသည့် ဆက်ဆံရေးကြောင့် သူ့ကို မျက်နှာချင်းတောင်မဆိုင်ဝံ့သေးပေ။


လင်းရွှမ် က သူ့လက်ကို လှမ်းလိုက်ပြီး အမိန့်ပေးသံဖြင့် ပြောလိုက်သည်။


"လာခဲ့"


သူ့လက်မောင်းမှာ ဒဏ်ရာတွေ အများအပြားရှိနေသော်လည်း သူ့ခြေသလုံးက ဒဏ်ရာလောက် မပြင်းထန်ပေ။ သူသည် သူမအား နိုင်စားနေခဲ့သည်မှာ အတော်ကြာပြီဖြစ်သောကြောင့်၊ သူမ၏ မသိစိတ်ကနေပြီး သူ့စကားကို အလိုလို နာခံနေမိသည်။


လင်းယောင်ယောင် အသိစိတ်ပြန်လည်ကောင်းမွန်လာသောအခါတွင် သူမသည် လင်းရွှမ် အိပ်ရာဘေးတွင်ရပ်ကာ နွေးထွေးသော သူ့လက်ဖဝါးပေါ်မှာ သူမ လက်ကလေးဖြန့်တင်ထားပြီးသား ဖြစ်နေတော့သည်။သူမ တုန်လှုပ်သွားပြီး သူ့ကို တွန်းထုတ်ရန် သတ္တိကို စုစည်းလိုက်သည်။


"ဘာပြောချင်တာလဲ မြန်မြန်လုပ်..ခြေထောက်က မနာဘူးလား..."


လွန်ခဲ့သည့်လအနည်းငယ်က သူတို့နှစ်ဦး အတူတကွနေထိုင်လာခဲ့ရာ လင်းရွှမ် သည် သူမအား ပြုစုစောင့်ရှောက်ခဲ့ခြင်းကြောင့် စာနေမိနေသလားမပြောတတ်ပေ။


လင်းရွှမ် သည် ကလေးမလေး၏ ဖြူဖွေးနူးညံ့သော လက်ကလေးများကို ဖျစ်ညှစ်လိုက်ရာ သူ့နှလုံးသားတစ်ခုလုံး ပျော့ပျောင်းသွားသည်ဟု ခံစားလိုက်ရသည်။ မနေ့ညက သူမကို ရူးရူးမိုက်မိုက်နှင့် ရက်စက်စွာ နမ်းခဲ့သည်က၊ အရှက်မဲ့သည့် လူယုတ်မာတစ်ယောက်လိုပင်။ သို့ရာတွင်၊ သူ့ဒဏ်ရာသတင်းကိုကြားကြားချင်း၊ ဒေါသဖြစ်နေတာတောင် ချက်ခြင်းပြန်ပြေးလာခဲ့သည်။ ထို့ကြောင့် သူ့ကို တစ်ခါလောက် ခွင့်လွှတ်ပေးနိုင်သဖြင့် သူ ရှေ့ကို တစ်လက်မခန့်တိုးရမည်ဖြစ်သည်။ ချက်ချင်းပင်၊ လင်းရွှမ် အသံက နှေးကွေးတိုးလျသွားပြီး


"မင်း ကိုယ့်ကိုနမ်းရင် ဆေးကုသခန်းထဲဝင်မယ်"


လင်းယောင်ယောင် အံသြသွားကာ သူမနားကိုသူမ မယုံနိုင်လောက်အောင် ဖြစ်သွားသည်။


'ဟင့်အင်း..သူ တစ်ကယ်ကို ရူးနေတာပဲ'


မနေ့ညက ဤလူယုတ်မာသည် အရက်အလွန်အကျွံသောက်ပြီး အသိစိတ်ပျောက်သွားသည်ဟု ပြော၍ရသည်။သို့သော်လည်း၊ ယခု ဒဏ်ရာရနေတာတောင် သူ့ဦးနှောက်က အခုထိ မကောင်းသေးပေ။ သူမ၏အစ်ကိုကြီးသည် နှာဘူးကြီးဖြစ်သွားရသည်။ သူ နာကျင်နေရသော်လည်း အသိစိတ်ကပ်သေးပုံမရချေ။


သူမ လက်ကို ချက်ချင်းရုတ်ချင်သော်ငြား လင်းရွှမ် က သူမလက်ကို ပိုတင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး စူးစူးရဲရဲ စိုက်ကြည့်နေသည်။


"မင်း ကိုယ့်ကိုမနမ်းရင် ကိုယ် အထဲဝင်မှာမဟုတ်ဘူး"


ဆေးကုသခန်း၏ အကောင်းဆုံးအကျိုးသက်ရောက်မှုသည် ဒဏ်ရာရထားပြီးချိန်မှစ၍ ၂၄ နာရီအတွင်းဖြစ်သည်။ လင်းရွှမ် ၏ ဒဏ်ရာသည် သွေးထွက်နေသေးသောကြောင့် ၂၄ နာရီ မပြည့်လောက်သေးပေ။ သို့သော် တစ်စက္ကန့်မျှသာ နှောင့်နှေးနေပါက၊ သိသိသာသာ နာကျင်နေမှာဖြစ်၏။ လင်းရွှမ် က သူ့နှုတ်ခမ်းတွေကို လျှာနှင့်တစ်ချက် ပွတ်သပ်ပြီး တိုးတိုးလေးပြောလိုက်သည်။


"ခြေထောက်က နာနေတာ....ကိုယ် မင်းကို စောင့်နေတာကြာပြီ"


ထိုယောက်ျား၏အသံသည် တယောအိုကြီးလို အီချွဲချွဲဖြစ်နေသဖြင့် သူမ စိတ်ထဲက တုန်လှုပ်သွားရသည်။ သိသာထင်ရှားသည်မှာ၊ သူ့အကြံက ခါးသီးသော လှည့်ကွက်တစ်ခုဖြစ်သော်လည်း သူမ စိတ်ထဲက မမုန်းမိပေ။ အရင်ကလည်း သူ့ကို မနမ်းဖူးတာ မဟုတ်သဖြင့် အနမ်းတစ်ပွင့်လေးနှင့်တော့ အသားပဲ့ပါသွားမှာမဟုတ်ပေ။ထို့ကြောင့် သူမ နောက်ကိုခြေတစ်လှမ်းဆုတ်၍ အရှိန်ယူလိုက်ကာ သူ့မျက်နှာကိုမှီအောင် ငုံ့၍ သူ့ပါးကို နမ်းရန် ပြင်လိုက်သည်။


သူမ၏ နှုတ်ခမ်းများက သူ့ပါးပြင်ဆီသို့ ဖိကပ်တော့မည့်အချိန်မှာ သူ ခေါင်းကိုတစ်ဖက်ဆတ်ကနဲ လှည့်လိုက်သောကြောင့် ပန်းနုရောင် နှုတ်ခမ်းဖူးဖူးကလေးက သူ၏ ပါးလျပ်လျပ် နှုတ်ခမ်းများကို ထိမိသွားလေ‌ေတာ့သည်။ လင်းယောင်ယောင် အံ့သြပြီး မျက်လုံး ပြူးသွားသည်။သူမ ယခုချက်ချင်း ပြန်သွားချင်သော်လည်း လင်းရွှမ် သည် သူမ လက်ကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။သူ၏ တင်းမာသော မျက်နှာသည် ချက်ချင်း အပြုံးတစ်ချက်ဝင့်ကာ ကျေနပ်အားရစွာဖြင့် ပျော့ပြောင်းသွားသော်လည်း သူ့လေသံက လေးနက်နေသည်။


"မင်း ကိုယ့်ကိုနမ်းလိုက်ပြီဆိုတော့ မင်းတာဝန်ယူရမယ်"


သူမ မျက်နှာသည် နီမြန်းနေပြီး ရှက်စိတ်နှင့် ဒေါသစိတ်တို့ ရောယှက်နေသည်။


"...ခင်ဗျား တော်တော် အရှက်မရှိဘူး...နှာဘူးကျနေတာပဲ"


လင်းရွှမ် က သူမလက်ဖဝါးကို ထပ်ညှစ်ပြီး သူတစ်ကယ် အရှက်မရှိသူဖြစ်ကြောင်း ဝန်ခံလိုက်သည်။


"ဟုတ်တယ်...နှာဘူး...ကိုယ်က မင်းကို လိုချင်တာကိုး"


သူမ ဒေါသတကြီးနှင့် သူမလက်ကို ပြန်ရုတ်လိုက်သည်။ လင်းရွှမ် သည် ယခုတစ်ကြိမ်တွင် အင်အားမသုံးတော့ဘဲ သူမ လက်ကို လွှတ်ပေးလိုက်၏။သူမလည်း နီမြန်းနေသော လက်များကို ပွတ်သပ်ပြီး ဒေါသတကြီးပြောလိုက်သည်။


"...အရမ်းနာတယ် သိလား...ဒီ ကိစ္စတွေကို ကျွန်မ တစ်သက်လုံး မှတ်ထားတော့မှာ"


ပြီးနောက် သူမ လှည့်ကြည့်ကာ ဆေးခန်းထဲမှ ပြေးထွက်လာပြီးနောက် အချိန်အတော်ကြာ စောင့်ဆိုင်းနေသော ဆေးစက်ရုပ်နှစ်ရုပ်ကို လင်းရွှမ်အား ဆေးကုသခန်းထဲသို့ ထည့်ရန် အမိန့်ပေးလိုက်သည်။


လင်းရွှမ် သည် ယောင်ယောင် အတော်လေး အရမ်းချစ်စရာကောင်းသည်ဟု တွေးလိုက်မိ၏။ သူမ၏ နှုတ်ထွက်စကားများက မာရေကျောရေနိုင်သော်လည်း နှလုံးသားလေးက နူးညံ့နေသည်။မဟုတ်သေး၊ သူမ ပါးစပ်လေးက နူးညံ့နေတာဖြစ်သည်။ ဆေးကုသခန်းထဲ မဝင်ခင် လင်းရွှမ် က အော်ပြောလာသည်။


"ကိုယ်က အဆင့်-၂ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်နေတာဆိုတော့ ဒီရက်ပိုင်း အဲ့ဒီ အစ်ကိုအသစ်နဲ့ရော၊ သူငယ်ချင်းတွေနဲ့ပါအပြင်ထွက်ပြီး တစ်နေ့လုံး ဆော့ကစားလို့ မရဘူးနော်... ကိုယ့် အနားမှာနေပြီး ဖြည့်စွက်စာ ကောင်းကောင်း ချက်ကျွေးရမယ်"


ခေတ္တနားပြီးနောက် လင်းရွှမ် က ဆေးကုသခန်းတံခါးကြီး မပိတ်ခင် ပြောလိုက်သည်။


“ကိုယ် အပြင်ကို ထွက်လာတဲ့အခါ မင်းချွတ်ထားတဲ့ နားကပ်ကို ကိုယ်ကိုယ်တိုင် ပြန်ဝတ်ပေးမယ်နော်"


လင်းယောင်ယောင်: "......"


ရှန်းယွင်ကျင်း သည် ထောက်လှမ်းရေးကင်မရာ၏ မော်နီတာစခရင်ရှေ့တွင် ထိုင်နေသည်။ အဖြစ်အပျက်တို့ကြောင့် သူမ အံ့အားသင့်နေရစဉ် ဆေးကုသခန်းအတွင်း၌ လဲလျောင်းနေသည့် လင်းရွှမ်က လျှို့ဝှက်ထောက်လှမ်းရေးကင်မရာဘက်ကို လှမ်းကြည့်လိုက်သည်ကို သူမ ခံစားလိုက်ရသည်။


သွားပြီ... လင်းရွှမ် က သူမ ချောင်းကြည့်နေသည်ကို တွေ့သွားလေပြီ။


မဟုတ်ဘူး...လုံးဝ မဖြစ်နိုင်ဘူး...ချီးထုပ်...ဖာ့ခ်..


သားဖြစ်သူက သူမ အသက်တမျှ ချစ်ရသူ သမီးလေးကို မတော်မတရားစိတ်တွေ ထားနေပါ့လား...


ယခုမှပင် စောစောက ပြောခဲ့သော လင်းရွှမ် ၏ ယုတ္တိမရှိသော စကားလုံးများနှင့် လုပ်ရပ်များအားလုံးသည် ယခုတော့ အကြောင်းပြချက်ရှိမှန်း သူမ သဘောပေါက်သွားရ၏။



xxxxxx

Ei Thet Hmue