အခန်း ၅၀
Viewers 8k

Chapter 50

(Star Network တွင်တွေ့ဆုံခြင်း)



မမျှော်လင့်ဘဲ ချဉ်းကပ်လာသူ ရှောင်ချီ သည် သူ့ညီမကို အမှန်တစ်ကယ်ကြိုက်ပြီး လိုက်နေကြောင်း ဝေ့ယွမ် တွေ့ရှိခဲ့သည်။ ပျက်စီးသွားသည့် စိတ်ပိုင်းဆိုင်ရာ ခွန်အားကြောင့် ရှောင်ချီ သည် သူတို့မိသားစု၏ ယောင်ယောင် နှင့် မထိုက်တန်သလို သူခံစားခဲ့ရသည်။ ထို့အပြင် သူ့ညီမကို တစ်ခြားကောင်လေးများ လုယူသွားမှာကို အထူးပင်ကြောက်နေမိ၏။သူ ယခင်က ယောင်ယောင် နှင့်အတူရှိနေသည့်အခါဆိုလျှင် ဘာကြောင့် လင်းရွှမ် ဒေါသထွက်နေခဲ့မှန်း သူ ကိုယ်ချင်းစာသွားရ၏။

လင်းယောင်ယောင် ကိုကြည့်နေသော၊ရှောင်ချီ၏ မျက်လုံးများသည် ကောင်လေးတစ်ယောက်က သူ စိတ်ဝင်စားသော မိန်းကလေးကို ကြည့်တတ်သော အကြည့်နှင့် တူနေသည်ကို ဝေ့ယွမ် မြင်လိုက်ရသောကြောင့် တမင်တကာ သူတို့နှစ်ယောက်ကြားမှာ ဖြတ်၍ ဝင်လိုက်ပြီး နေရာခြားထားလိုက်ခြင်းဖြစ်သည်။


ဝေ့ယွမ်သည် တမင်အာဏာလာပြနေသဖြင့် ရှောင်ချီ ဆက်နေ၍မဖြစ်တော့မှန်းသဘောပေါက်ကာ လင်းယောင်ယောင်ကို fly kissတစ်ချက်ပေးရင်း ပြောလိုက်သည်။


"ယောင်ယောင်လေး... ကိုယ်က မင်းရဲ့ ပထမဆုံး ‌ဖောက်သည် ဆိုတာကို သတိရနော်.... ဖြည့်စွက်စာတွေ လုပ်တဲ့အခါ ကိုယ့်ကို မေ့မထားနဲ့..."


ထို့နောက် သူသည် ချာကနဲ လှည့်ထွက်သွားတော့သည်။


ဝေ့ယွမ် က တိတ်ဆိတ်နေပြီး အလိုမကျဟန် ဖြစ်နေ‌ေသာကြောင့် သူမနှင့် ရှောင်ချီ က ဘာမှမမပတ်သတ်ကြောင်း လင်းယောင်ယောင် ရှင်းပြခဲ့ရသည်။သူမသည် "ရှေးတရုတ်စားစရာအိမ်" ဆိုင်ကို အကြံပြုချက်များစွာပေးရန်အတွက် ရှောင်ချီကို စကားအနည်းငယ် ပြောခဲ့ခြင်းသာဖြစ်ပြီး သူမ ချက်ပြုတ်သော အစားအသောက်များကို မြည်းခိုင်းရန် သူ့ကို ဖောက်သည်ဖြစ်အောင် မိတ်ဖွဲ့ထားခြင်းသာဖြစ်သည်။ ထို့အပြင် ရှောင်ချီ သည် ရှောင်မိသားစုမှမဟုတ်တာကြောင့် ဤအဆင့်ဆိုလျှင် ရင်းနှီးဖို့ဖြစ်နိုင်သေးသည်ဟု ထင်မိသည်။


သူမသည် ရှောင်ချီနှင့် ပတ်သက်၍ ဆက်ပြီးရင်းနှီးဖို့မည်သည့် အကြံအစည်မျှ မရှိနေသည်ကို ဝေ့ယွမ်မြင်လိုက်ရပြီးနောက် သူ့စိတ်ထဲမှ မှန်းဆချက်ကိုလည်း အတည်ပြုခဲ့သည်။ Star Network ရှိ လူသိများသော ရှေးဟောင်း တရုတ်အစားအစာ လက်ထောက်ကုထုံးပညာရှင် "Eleven" သည် အမှန်တစ်ကယ်ပင် ယောင်ယောင် ဖြစ်နေသည်။ သူ ချက်ချင်း စိတ်လျှော့လိုက်ပြီး သူမ ခေါင်းကလေးကို ပွတ်သပ်လိုက်သည်။


"ငါတို့ ယောင်ယောင် က အရမ်းကောင်းတာပဲ...နောက်ဆို ညီမကို ပိုပိုပြီး လူကြိုက်များလာမယ်...ပြီးတော့ သူတို့ရဲ့ အစားအစာ ဖြည့်စွက် ကုထုံးပညာရှင်ဖြစ်စေချင်တဲ့ စစ်သည်တွေလည်း ရှိလာမယ်...ဘာပဲဖြစ်ဖြစ် အကူအညီလိုရင် အစ်ကိုအမြဲရှိမယ်နော်"


လင်းယောင်ယောင် ၏ နှလုံးသားသည် နွေးထွေးသွားသည်။ မောင်နှမနှစ်ယောက်ကြားက၊ ကြည်နူးဟန်လေးနှင့် လိုက်ဖက်ညီပြီး ဖော်ရွေသည့် အငွေ့အသက်တွေကြောင့် သူတို့နှစ်ယောက်ကို စုံတွဲများဟု တခြားသူများက ထင်သွားကြသည်။ ကျောင်းဝင်းထဲက ဖြတ်သွားဖြတ်လာများကလည်း သူမတို့ကို မနာလို မုန်းတီးမှုတွေနှင့် ကြည့်နေကြသည်။ထို့ကြောင့် ဝေ့ယွမ်က


" ယောင်ယောင် ကို အခက်အခဲဖြစ်စေတယ်ဆိုရင် ကိုယ် အင်တာနက်စာမျက်နှာမှာ ကိုယ်တို့ရဲ့ဆက်ဆံရေးကို လူသိရှင်ကြားကြေငြာလိုက်ရမလား.."


သို့သော်လည်းလင်းယောင်ယောင် က ပြုံးပြီး ခေါင်းခါလိုက်သည်။


"လောလောဆယ်တော့ မလုပ်နဲ့ဦး...ဒီတိုင်းလေးဆို တခြားကောင်းလေးတွေ ညီမအနားကို ကပ်ကြမှာမဟူတ်ဘူး... ပြီးတော့ အစ်ကိုလည်း ရည်းစားထားလို့မရအောင်လို့လေ"


ဝေ့ယွမ်က ပြုံးလိုက်သည်။


"ကိုယ် အလုပ်လုပ်ပြီးမှပဲ မိသားစုကို ထူထောင်ဖို့ စိတ်ကူးထားတယ်... ကျောင်းမှာ ရည်းစားမထားချင်သေးဘူး"

ဝေ့ မိသားစုသည် ဝေ့ယွမ် ကို အားကောင်းတဲ့ မိသားစုတစ်ခုထဲမှ ကောင်မလေးတစ်ယောက်နှင့် လက်ထပ်ဖို့ ဆန္ဒရှိနေလျှင် သူတို့ မိသားစု၏ လက်ရှိအကျပ်အတည်းကို သက်သာစေနိုင်သည်။သို့သော်လည်း၊ဝေ့ယွမ် သဘောကသာ အရာရာဖြစ်နေတော့သည်။


မကြာမီတွင်၊မောင်နှမနှစ်ယောက်သည် ကျောင်းဝင်းအတွင်းရှိ ဝေ့ယွမ် ၏အိပ်ဆောင်ဆီသို့ ရောက်လာခဲ့သည်။ ဤသည်မှာ ကွင်းဆင်းရှင်သန်ရေးလေ့ကျင့်မှုမှ ရရှိခဲ့သော ဝေ့ယွမ်၏ ဆုဖြစ်သည်။


သူသည် လောလောဆယ် အမှီအခိုကင်းသည့်ဘဝတစ်ခုကို ဦးဆောင်လိုသောကြောင့် သူ၏ အလုပ်ကိစ္စများနှင့်၊လူမှုရေးရာများအတွက် အသင်းဖော်များနှင့်တွေ့ဆုံနိုင်ရန် ပိုမိုသင့်လျော်သော နေရာတစ်ခု ရှိရမည်ဖြစ်သည်။ ချောင်းမင်ယောင် နှင့် ယဲ့ရှီး တို့သည် ဟင်းပွဲများနှင့် အဆောင်ထဲမှာ စောင့်နေပြီဖြစ်သည်။ ကြယ်ငါးပွင့် စားသောက်ဆိုင်မှ ပြုလုပ်သော အစားအစာမှာလည်း အလွန်ကောင်းမွန်ပြီး အထက်တန်းဆန်သည်။ သို့သော် ပါဝင်ပစ္စည်းများနှင့် ဟင်းခတ်အမွှေးအကြိုင်များစွာကို သိသိသာသာထည့်ထားသောကြောင့် အလွန်အကျွံစားပြီးနောက် မောပန်းလွယ်မည်ဖြစ်သည်။ သို့သော်၊မြည်းကြည့်ရုံဆိုလျှင် အဆင်ပြေနိုင်၏။လင်းယောင်ယောင်သည် အစားအသောက်ကြီးနေသော ချောင်းမင်ယောင်ကိုကြည့်ပြီး အနည်းငယ် စိတ်တိုသွားသည် ။


"အိုး...ဒီဟင်းက ကောင်းသားပဲ...ဒါပေမယ့် ငါတို့ ယောင်ယောင် ချက်တာ လောက်တော့ အရသာမရှိဘူး"


ယဲ့ရှီးက သူ့ခေါင်းကို ခေါက်လိုက်သည်။


"နင့်မှာ စားစရာရှိတာပဲ တော်တယ် ပြောရမှာ... မကြိုက်ရင် ကော်ဖီဆိုင်သွားပြီး မုန့်သွားစားလေ"


ခဏအကြာတွင် ချောင်းမင်ယောင်သည် မျှော်လင့်ချက်နှင့် ညှိုးငယ်နေသော မျက်လုံးများဖြင့် သူမကို ကြည့်လိုက်သည်။


"Star Network မှာ မင်းချက်ပြုတ်ထားတဲ့ အစားအစာတွေ ငါ အများကြီးမစားဖူးပါလားကွ..."


ချောင်းမင်ယောင် မှာ လှပသန့်ပြန့်သော မျက်နှာရှိသော်လည်း အစားအသောက်မက်လှသဖြင့် သိပ်လည်း ဆွဲဆောင်မှာရှိမနေတော့သလိုဖြစ်နေသည်။ ယခုမှ လင်းယောင်ယောင် သည် သူမ၏ အေးစက်စက် မျက်နှာထားကြောင့် လူတွေက သူမကို မကြောက်တော့တာဖြစ်နိုင်သည်ဟုရုတ်တရက် နားလည်သွားသည်။


"ကျောင်းက အခုမှစပြီးသင်ရတာဆိုတော့ သီအိုရီ အတန်းတွေ အများကြီးသင်ရတယ်....ဟင်းချက်ဖို့ အချိန်သိပ်မရှိဘူး ဖြစ်နေတာ...တနင်္ဂနွေ ပိတ်ရက်တွေမှာပဲ ဟင်းချက်ဖြစ်မယ်"


စစ်ရေးလေ့ကျင့်မှုတွင် သူမသည် အာဟာရ ဖျော်ရည်များကို နေ့စဉ်သောက်ပြီး အသက်ရှင်သန်နိုင်ခဲ့သည်။ ယခုလည်း ကြယ်ငါးပွင့်စက်ရုပ်စားဖိုမှူး၏ လက်ရာကို စားသောက်ပြီးနောက် သူမ မကျေမနပ်ဖြစ်ခဲ့ရသည်။ အဓိကအားဖြင့်၊ သူမသည် အိမ်ချက်ဟင်းလျာများကို ပိုနှစ်သက်သောကြောင့် သိပ်အကြိုက်မတွေ့ဘဲ ဖြစ်နေ၏။ အဘိုးဝေ့ ပေးသော စစ်ပညာရေးအကယ်ဒမီ ကျောင်းဝင်း၏ စီးပွားရေးလမ်းပေါ်ရှိ အစားအသောက်ဆိုင်ကို အမြန်ယူပြီး အရည်အချင်းရှိသော အလုပ်သင်အနည်းငယ်ကို စုဆောင်းထားသင့်သည်။ အရသာရှိသော ဖြည့်စွက်အစားအစာများ မချက်မီ ကျောင်းတွင် သူမအတွက် နေ့စဉ်စားရေးသောက်ရေးပြဿနာကို ပြေပျောက်စေရန် အာဟာရပြည့်ဝပြီး အရသာရှိသော သာမန်အစားအစာများကို အရင်လုပ်မည်ဟု တွေးထား၏။


နေ့လည်ပိုင်းတွင်လင်းယောင်ယောင် သည် "Eleven" ဆိုသော ကိစ္စမှာ ကျောင်းဖိုရမ်တွင် ပျံ့နှံ့ခဲ့သော်လည်း လူအများက မယုံခဲ့ကြပေ။သူမကိုယ်သူမ ကာကွယ်နေခြင်းဖြစ်သည်ဟု လူတချို့ကတောင် ထင်ခဲ့ကြသည်။ဖြစ်နိုင်သည်က၊သူမသည် "Eleven" ဆိုသည့် အကောင့်ကို ပိုက်ဆံအများကြီးနှင့် ဝယ်ခဲ့တာဖြစ်နိုင်၏။


"အတုဆိုတာ အစစ်အမှန်မဖြစ်နိုင်ပါဘူး... သူမက ဘယ်လိုလုပ် ရှုပ်ထွေးပြီး အရသာရှိတဲ့ ဖြည့်စွက်အစားအစာတွေကို လုပ်နိုင်မှာလဲ...အဆင့်ကဖြင့် မရှိဘဲနဲ့.. ဟားဟား


လင်းယောင်ယောင်သည် ယခုလို သူမအား အရှင်ခွဲသည့် ပို့စ်မျိုးကို ရေးသူမှာ မည်သူမည်ဝါမှန်း မျက်စိမှိတ်ပြီးတောင် အလွတ်ပြောနိုင်သည်။


ဝူလီလီ ကလွဲပြီး တခြား ဘယ်သူဟုတ်နိုင်မှာလဲ...


ဝူလီလီသည် သူမကို အရှက်လာခွဲသည့် အခါတိုင်း မျက်နှာပျက်သွားခဲ့ရသည်ချည်း ဖြစ်သော်လည်း အခုထိ လက်မလျှော့သေးပေ။


'အင်း..သူမကတော့ နာမည်ကြီးချင်လို့ ပေါ်ပင် ဆက်လုပ်နေမှာပဲ"


တစ်နေ့တွင် လင်းယောင်ယောင်သည် ကိုယ်တိုင် ချက်ပြုတ်စရာမလိုဘဲ နေရာတိုင်းတွင် အရသာရှိလှသော တရုတ်ရှေး‌ေခတ်အစားအစာများကို စားသုံးနိုင်စေရန် သူမ တစ်ခုခုစီစဉ်မည်ဟု ဆုံးဖြတ်ချက်ချခဲ့သည်။ ထိုညက သူမ အဆောင်ကို ပြန်ရောက်သောအခါ ပထမဆုံး တရုတ်ရှေးဟောင်းဟင်းချက်နည်း ဗီဒီယိုကို စတင်ရိုက်ကူးခဲ့သည်။ထို ဗီဒီယိုသည် အရသာရှိသော ခရမ်းချဉ်သီး ကြက်ဥမွှေကြော် ပြုလုပ်ခြင်း ဖြစ်သည်။ အခုမှ ဟင်းစချက်မည့် စားဖိုမှူးများအတွက်လည်း လေ့လာထားသင့်သောအရိုးရှင်းဆုံးဟင်းလျာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အရသာက သိပ်ဆိုးရွားမှာမဟုတ်ပေ။ သူတို့ကိုယ်တိုင် ချက်ပြုတ်ပြီး လူတွေကလည်း ဟင်းချက်ဝါဿနာပါလာသောအခါတွင်၊ အရှင်သခင် အင်ပါယာရှိ စက်ရုပ်ချက်ပြုတ်ခြင်း ဖြစ်စဉ်သည် တဖြည်းဖြည်း ပြောင်းလဲလာမည်ဟု သူမ ယုံကြည်မိသည်။


ဖြည့်စွက်ကုထုံး၏ အကျိုးသက်ရောက်မှုများကလည်း တိုးတက်လာသည့်အပြင်၊ အရသာပိုမို ကောင်းမွန်လာပြီး ဖြည့်စွက်အစားအစာများ၏အဆင့်အတန်းကလည်း မြှင့်တက်လာမည်ဖြစ်သည်။ သင်ကြားနေစဉ်အတွင်း သူမ မျက်နှာကို ချစ်စရာ အီမိုဂျီဖြင့် ဖုံးအုပ်ထားသည်။သို့သော်၊သူမကို လက်တွေ့မှာ သိသူတွေကမူ သူမ၏ အသံ၊ ခန္ဓာကိုယ်ပုံသဏ္ဍာန်နှင့်၊ အဝတ်အစားများကနေ သူမကို မှတ်မိနိုင်မှာ ဖြစ်သည်။


ပထမဆုံး သင်ကြားရေးဗီဒီယိုကို မှတ်တမ်းတင်ပြီးနောက် လင်းယောင်ယောင် သည် အဆိုပါဗီဒီယိုကို တည်းဖြတ်ကာ သူမ၏ ကိုယ်ပိုင် Weibo ပင်မစာမျက်နှာတွင် တင်ခဲ့သည်။


ဤဗီဒီယိုကို လွှင့်တင်လိုက်သည်နှင့် တပြိုင်နက် Star Network ရှိ "ရှေးတရုတ်စားစရာအိမ်" တွင် သင်ကြားပြသသည့် ဗီဒီယိုတွင် ပါရှိသည့်အတိုင်း အတိအကျနီးပါးဖြစ်သည့် ခရမ်းချဉ်သီးကြက်ဥမွှေကြော်အသစ်ကိုလည်း အပ်ဒိတ်လုပ်ထားလိုက်သည်။ သူမကို မယုံကြည်သူများအတွက် အထူးတလည် ရှင်းပြဖို့ကြိုးစားမနေတော့ချေ။အပြင်မှာ ထိပ်တိုက်တွေ့ပါက ပါးကိုဖြောင်းကနဲမြည်အောင် ရိုက်လိုက်လျှင် ပါးစပ်ပေါက်ပိတ်သွားမည်ဖြစ်သည်။


ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် သူမသည် Star Network မှ ထွက်ခွာတော့မည်ဖြစ်သော်လည်း SS အဆင့် ပုဂ္ဂိုလ်တစ်ဦးထံမှ သူငယ်ချင်းဖြစ်ရန်တောင်းဆိုမှုကို လက်ခံရရှိခဲ့သည်။ "ရွှမ်" ဟူသော အကောင့်နာမည်အား ကြည့်ပြီး သူမ ဘယ်သူမှန်း သိလိုက်သည်။သူမ ဤလူကို တစ်လခန့်အကြာတွင် ပြန်တွေ့နိုင်ရန် စိတ်အခြေအနေကို ပြင်ဆင်ထားပြီးဖြစ်သည်။ယခုမှ ကျောင်းတက်ရသည်မှာ တစ်ရက်သာရှိသေးသော်လည်း ထိုလူက အခုကတည်းက လွမ်းနေပုံရသည်။


သူမသည် လက်ခံရမလား၊ငြင်းပယ်ရမလားဆိုသည်ကို ဝေခွဲမရဖြစ်နေ၏။ သူမသည် အချိန်အတော်ကြာ တွန့်ဆုတ်ခဲ့သော်လည်း "လက်ခံသည်" ကိုနှိပ်လိုက်မိသည်။ သူမ ငြင်းရမှာလည်း ကြောက်နေမိသည်။ ထို့နောက် မျက်နှာချင်းဆိုင် စကားပြောဆိုရန် တစ်ဖက်မှ ဖိတ်ခေါ်လိုက်လေသည်။ သူမ သည် ဤတစ်ကြိမ်တွင် "ငြင်းပယ်" ဖို့ရာ မတွန့်ဆုတ်ခဲ့ပေ။


"ဘာကိစ္စရှိလို့လဲ... အရမ်းအိပ်ချင်နေပြီ"


"ဒီမှာ တစ်ခုခုရှိနေတယ်...ပြမလို့လေ"

ဆိုသည့် စကားနှစ်ခွန်းက တစ်ဖက်ကနေ ပြန်ထွက်လာပြီး မျက်နှာချင်းဆိုင် တွေ့ဆုံဖို့အတွက် နောက်ထပ် ဖိတ်ကြားချက်တစ်ခုကို ပေးပို့လိုက်ပြန်သည်။သူမ ချက်ချင်းပင် "မင်းကို နမ်းလို့ရမလား" ဆိုသည့် အိပ်မက်ဆိုးကို သတိရသွား၏။ လင်းရွှမ် မှာ တစ်ကယ်ပဲ အရေးကြီးကိစ္စ တစ်ခုခုရှိမှာကြောက်သလို၊ သူမ လက်မခံမချင်း စာတွေဆက်ပို့နေမှာကြောင့် သူမ လက်ခံလိုသည့် ခလုတ်ကို နှိပ်လိုက်ရ၏။


ချင်ချင်းပင်၊ သူမ အနောက်မှ မြင်ကွင်းက ပြောင်းသွားပြီး ကမ္ဘာကြီးက လည်ပတ်နေသလိုဖြစ်သွားသည်။သူမ အသိစိတ်ပြန်ကပ်လာသောအခါ ကြယ်တွေပြည့်နေသည့် ကောင်းကင်ပြင်ကျယ်ကြီးထဲမှာ သူမ ရောက်နေမှန်း ရုတ်တရက် တွေ့လိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်သည် အလေးချိန်မဲ့သော အရာတစ်ခုလို ရုတ်တရက် လွင့်မျောသွားသည်။ ဤမြင်ကွင်းမျိုးကို သူမ ပထမဆုံးအကြိမ် ကြုံဖူးတာဖြစ်သည်။ Star Network တွင် မတော်တဆမှု ဖြစ်မှာ မပူရသော်လည်း သူမ မသိစိတ်တွင် ထိတ်လန့်သွားပြီး ခြေလက်များကိုယက်ကန်ယက်ကန် လုပ်နေမိ၏။ ခဏအကြာတွင် သူမ လက်သည် ဆုပ်ကိုင်နိုင်သော အရာတစ်ခု၊တစ်နည်းဆိုရသော် ခန္ဓာကိုယ်ကို တည်ငြိမ်စေသော အရာတစ်ခုနှင့် ထိမိသည်ကို သူမ တွေ့ရှိရသည်။


သူမ ခေါင်းကို လှည့်ကြည့်လိုက်‌ေသာအခါ ထိုအရာက လင်းရွှမ် ၏ လက်မောင်း ဖြစ်နေသည်။ လင်းရွှမ် က သူမကို တစ်ချက်ကြည့်လိုက်သည်။


“မင်းကို ကြယ်တွေကြည့်ဖို့ ခေါ်သွားပေးမယ်”


ကြယ်ကြည့်ခြင်း ဆိုသည်မှာ အချစ်ဝတ္ထု၊ idol ဒရမ်မာများတွင် ပုရိသတ်မိန်းကလေးများ အသည်းယားပြီး ရင်ခုန်သွားစေဖို့အတွက် အမျိုးသားဇာတ်ဆောင်များ သုံးလေ့ရှိသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ သို့သော် လင်းရွှမ် ကမူ တစ်ကယ့်ကြယ်များကို ကြည့်ခြင်းအား ဆိုလိုပေသည်။ မက်ခါတိုက်ပွဲဖြစ်ရာ အာကာသသရုပ်ဖော်မြင်ကွင်းတွင် ကြယ်များကြည့်ရန် ဘယ်အစ်ကိုကြီးကမှ ညီမလေးများကို ပြောမည်မဟုတ်ပေ။


Star Network ရှိ အာကာသ သရုပ်ဖော်မြင်ကွင်းနှင့် အဝေးရှိ လှပ ခမ်းနားသော ဂလက်ဆီမှ အနက်ရောင် ဥက္ကာခဲများသည် တိုက်ပွဲမြင်ကွင်းများကို ပိုပြီးအသက်ဝင်သွားစေ၏။ဥက္ကာခဲများသည် အရွယ်အစားမျိုးစုံဖြစ်နေကာ အတော်လေးကြောက်စရာကောင်းနေသည်။


လင်းယောင်ယောင် ဒေါသထွက်သွားရပြီး လင်းရွှမ် ကို မောင်းထုတ်ပစ်ချင်သည်။သို့သော်လည်း၊ သူ ဥက္ကာပျံတစ်ခုနှင့် မတော်တဆတိုက်မိသွားမှာကို ကြောက်သွားမိသည်။ တစ်ကယ် ဒဏ်ရာရမှာ မဟုတ်သော်လည်း နာကျင်မှုက တစ်ကယ့်လက်တွေ့လိုပင် ခံစားရမှာဖြစ်သည်။သူမ သူ့လက်ကို ဆုပ်ကိုင်ထားပြီး


"အစ်ကို လင်းရွှမ်...တစ်ခြားနေရာမှာ စကားပြောရအောင်လေ..."


လင်းရွှမ် သည် ကလေးမလေးက အားကိုးအားထားပြုပြီး မေးလာသည်ကို သဘောကျမိသလိုရှိသော်လည်း အနည်းငယ် စိတ်ပျက်မိသည်။


ယောင်ယောင်က ကြယ်တွေကိုကြည့်ရတာ မကြိုက်ဘူးလား...


သို့သော်လည်း၊"အစ်ကိုကြီး လင်းရွှမ်" ဆိုသည့် စကားလုံးကို သူကြားလိုက်လျှင် ချက်ချင်း သူ့စိတ်က ပျော့ပျောင်းလာပြီး "ကောင်းပြီ" ဟု ပြောလိုက်၏။


ထို့နောက် မြင်ကွင်းများက ထပ်ခါထပ်ခါ ပြောင်းသွားပြီး နောက်ခံမှာ ကြီးမားကျယ်ပြန့်သော ကြယ်ရောင်ကောင်းကင် ဖြစ်နေရာမှ မက်ခါလေ့ကျင့်ရေးအခန်းသို့ ပြောင်းလဲသွားသည်။


လင်းရွှမ် သည် Star Network သို့သွားသည့်အခါတိုင်း၊ အပျော်သဘောမဟုတ်ဘဲ မက်ခါလေ့ကျင့်မှုအတွက်သာသွားခြင်းဖြစ်သည်။ Star Network တွင် စိတ်ဝင်စားစရာ နေရာပေါင်း သောင်းနှင့်ချီရှိသော်လည်း သူ နေရာအနည်းငယ်သာ ရောက်ဖူးသည်။ သူ့အမြင်အရ အကောင်းဆုံးနေရာများမှာ သူ၏ ချပ်ဝတ်တန်ဆာများထားရာ နေရာနှင့် လင်းယောင်ယောင် ရှိသည့် နေရာပင်။


လင်းယောင်ယောင် ခြေဖဝါးက မြေပြင်ကိုထိလိုက်သည်နှင့် လင်းရွှမ် လက်မောင်းကို ခါထုတ်လိုက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့်ပြောလိုက်သည်။


"ဒီလို ကြယ်တွေကိုကြည့်ဖို့ ဘယ်လိုလူက ခေါ်သွားလို့လဲ... ညီမလေး နှလုံးက ကောင်းနေလို့ တော်သေးတာပေါ့... မဟုတ်ရင် ကြောက်လွန်းလို့ နှလုံးရောဂါရနိုင်လောက်တယ်"


ကြယ်တာရာခေတ်တွင် နှလုံးရောဂါသည် အသေးစားရောဂါတစ်ခုမျှသာဖြစ်သည်။ ဆရာဝန်များသည် နှလုံးဆဲလ်များ၏ သေးငယ်သော အစိတ်အပိုင်းကို ထုတ်ယူကာ နှလုံးအသစ်ကို မွေးမြူ၍ နှလုံးအစားထိုး ခွဲစိတ်မှု ပြုလုပ်နိုင်သည်။


လင်းရွှမ် သည် သူမ ဘာကြောင့် ဒေါသထွက်နေမှန်း လုံးဝနားမလည်နိုင်ပေ။ထို့ကြောင့်၊သူ စိတ်မရှည်ဖြစ်နေရကာ...

"မင်းပြောတာလေ...ကိုယ်က အရမ်းတုံးအလွန်းပြီး အမြင်မရှိဘူးဆို"


သူမ Star Network မှနေ၍ တမင်တကာပင် "မိန်းကလေး ရယ်မောစေရန် ပြုလုပ်နိုင်သော နည်းဗျူဟာ ၃၆မျိုး" နှင့် " အချစ်ပုံစံ ၁၀၈မျိုး"စသည့်...စာအုပ်များကို ဒေါင်းလုဒ်ဆွဲခဲ့သည်ဟု သူမအား ပြောမနေတော့ပေ။ သို့သော်လည်း သူတို့နှစ်ယောက်သည် မတူညီသော နေရာနှစ်ခုတွင် ရှိနေကြပြီး၊ သူ၏ အေးစက်စက်ပုံပန်းသွင်ပြင်မှာလည်း ထိုသို့ ကလေးဆန်ဆန် အမူအရာပြုလုပ်၍ မကောင်းသဖြင့် စစ်ဗိုလ်ချုပ်ကြီး လင်းရွှမ် အခက်တွေ့နေခဲ့သည်။


သူ သေချာစဉ်းစားပြီးနောက်၊ Star Network အာကာသသရုပ်ဖော်မှုမြင်ကွင်းတွင် ကြယ်များကို သူမအား လိုက်ပြရန် စဉ်းစားခဲ့သည်။ထိုသို့တွေးမိရင်း သူ့ကိုယ်သူ ဟုတ်လှပြီဟု ထင်လိုက်သေးသည်။ ကံမကောင်းစွာဖြင့်၊သူ မျှော်လင့်ထားသလောက် အကျိုးသက်ရောက်မှု ရှိပုံမပေါ်ပေ။လင်းယောင်ယောင် ကလည်း မကြိုက်ပေ။

မည်သို့ပင်ဆိုစေ၊ သူမသည် သူ့လက်ကို နောက်တစ်ကြိမ် ပြန်ကိုင်ခဲ့ပြီဖြစ်သည်။


'အဲဒါက ဘာမှမဖြစ်တာတော့ မဟုတ်ဘူးထင်တယ်...'


လင်းရွှမ် တွေးလိုက်မိသည်။


လင်းယောင်ယောင် ၏ ဒေါသသည် သုံးမိနစ်မျှသာကြာမြင့်ပြီး စိတ်ဆိုးပြေသွား၍ လင်းရွှမ် ၏ အထူးမက်ခါလေ့ကျင့်ရေး ဧည့်ခန်းကို ကြည့်လိုက်သည်။


(မက်ခါ=လူက အထဲဝင်မောင်းပြီးတိုက်ခိုက်လို့ရတဲ့ စက်ရုပ်အကြီးတစ်မျိုး)


"လင်းယွင်" ၏ virtual version သည် ဧည့်ခန်းအလယ်တွင် ရပ်နေသည်။ သူ့ကိုယ်လုံးက ငွေရောင်နှင့် အနက်ရောင်ရောထားခြင်း ဖြစ်သည်။ အရပ်မြင့်မားသော သံမဏိဘီလူးကြီးသည် ပြတ်သားပြီး လှပသေသပ်နေကာ အေးစက်စက်ဖြင့် တောင့်တောင့်ကြီးရပ်နေလျက်ရှိသည်။ သူမ မက်ခါကို ယခုမှ အနီးကပ်ကြည့်ဖူးခြင်းဖြစ်၍ မထိန်းထားနိုင်ဘဲ ပြောလိုက်မိသည်။


"အရမ်းလှတာပဲ... အထဲမှာ ထိုင်လို့ရရင် အရမ်းကောင်းမှာပဲ"


လင်းရွှမ် သည် လင်းယွင် ကို သူမ စိတ်ဝင်စားလိမ့်မည်ဟု အမှန်တစ်ကယ် မမျှော်လင့်ခဲ့ပေ။ မက်ခါတိုက်ခိုက်ရေးသမားတိုင်းအတွက်၊ မက်ခါ ဆိုသည်မှာ အသက်နှင့်သေခြင်းကြားက တိုက်ပွဲဝင်ဖော် ရဲဖက်ဖြစ်သည်။ စစ်သည်များက သူတို့ကိုယ်ပိုင် မက်ခါများအား ချစ်ဇနီးလေး သို့မဟုတ်၊ချစ်ချစ်လေးဟုတောင် ခေါ်ဆိုကြသည်။


မက်ခါမောင်းသူအခန်းသည် သီးသန့်နယ်မြေဖြစ်‌၍ ပိုင်ရှင်နှင့် အလွန်ရင်းနှီးပြီး ယုံကြည်ထိုက်သူမဟုတ်ပါက မည်သူကိုမှ ဝင်ခွင့်မပြုကြချေ။ စစ်မြေပြင်မှ ကယ်တင်ခဲ့သည့် ရဲဘော်များကိုပင် ဤမက်ခါထဲမှာ ခဏတောင် မထားတတ်ကြဘဲ ယာယီနေနိုင်ရရန် အထူး "ကယ်ဆယ်ရေး တဲများ"မှာသာ သွားထားလေ့ရှိကြ၏။



xxxxxx