အခန်း ၅၂
Viewers 8k

Chapter 52

(သခွားသီးထောင်း)



လင်းယောင်ယောင် က ပြောလည်းပြောသလို အားလုံးကိုလည်း သရုပ်ပြ၍ ချက်ပြခဲ့သည်။ သို့သော်၊ ဖြည့်စွက် အစားအသောက်ကုထုံးဌာနမှ ကျောင်းသားများသည် သူမကို tagတွဲပြီး သူတို့စမ်းကြော်ကြည့်ထားသော အနီရောင်အနှစ်တွေနှင့်ဖရိုဖရဲ ကြက်ဥကြော်များကို ပို့စ်တင်လိုက်ကြ၏။


လင်းယောင်ယောင် သည် မူလက တခြားသူများနှင့် ခပ်ကင်းကင်းနေဖို့ ဆုံးဖြတ်ခဲ့သော်လည်း အတန်းပြီးသည်နှင့် သူမကိုလာပြီး ဟင်းချက်နည်း အကြံများလာလာတောင်းသူ အများအပြားရှိပေသည်။

သူတို့ထဲက အနည်းစုမှာ ကြက်ဥ မွှကြော်ကို နည်းနည်း ပိုကောင်းအောင် ကြော်ပြီး စာသင်ခန်းထဲအထိ ဘူးများနှင့် ထည့်ယူလာကြသည်။ ထို့နောက် သူမကို အတင်းမြည့်ခိုင်းပြီး ဆုံးဖြတ်စေချင်ကြသည်။ ထို့ကြောင့် သူမသည် အတန်းတစ်ခုနှင့်တစ်ခုကြားတွင် အဆာပြေစားရန်ပင် အခက်တွေ့ခဲ့ရသည်။ ဗိုက်ဆာနေပြီဖြစ်သော သူမသည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ မတ်တပ်ထရပ်ကာ စားပွဲပေါ်ဘုန်းကနဲ မြည်အောင် ပုတ်လိုက်ပြီး ဒေါသတကြီးနှင့်ပြောလိုက်သည်။


"ငါက ဆရာ မဟုတ်ဘူး...ငါ့ချက်ပြုတ်နည်းကို သင်ချင်ရင် ဗီဒီယိုကို ကြည့်လိုက်ပြီး ကိုယ့်ဘာသာ စဉ်းစားကြည့်... ငါက နင်တို့အစားအသောက်တွေကို မြည်းပေးရအောင် ကြွက်လည်းမဟုတ်ဘူး... အရသာ ဘယ်လိုရှိလဲ မေးမနေနဲ့...ငါ အစားစားတာကို နှောင့်ယှက်ရင် ငါ နောက်ထပ် သင်ကြားရေး ဗီဒီယိုတွေ မရိုက်တော့ဘူး"


တစ်ဖက်မှ ရှန်းရွှယ် က အံ့ဩဟန်ဖြင့် မေးလာသည်။


"Wow ...ယောင်ယောင်က သင်ကြားရေး ဗီဒီယိုတွေ ဆက်လုပ်မှာလား... ကောင်းတယ်..."


နောက်တန်းက ကောင်လေး- "အရမ်းမိုက်တာပဲကွာ...အတန်းဖော် ယောင်ယောင် က ငါတို့ရဲ့ ဆရာဖြစ်နိုင်စွမ်းအင် အပြည့်ရှိတယ်လို့ ခံစားရတယ်"


ရှေ့ဆုံးတန်းက ကောင်လေး- " ယောင်ယောင် က အရမ်းကြီး မိုက်နေပြီပဲ…ကိုယ်တို့ကတော့ မင်းရဲ့ပုရိတ်သတ်ဖြစ်သွားပြီ"


လင်းယောင်ယောင် အနားက ကျန်းရို့ က လည်း ပြောလာပြန်၏။


"အဟမ်း...ဒါဆို ငါက နင့်ရဲ့ နံပါတ်တစ် ဖော်လိုဝါ ပေါ့ဟယ်"


"ဘာ…ဘာ,မဟုတ်ဘူး...ငါက နံပါတ်တစ် ဖြစ်သင့်တာ"


ဒေါသ ဘယ်လောက်ပင်ထွက်ပြစေကာမူ၊တစ်ခါတ‌ေလလေး အစားမက်ပြလိုက်သည်နှင့် သူမ၏ပုံရိပ်မှာ ညှိုးနွမ်းသွားပြီဖြစ်ကြောင်း သူမ သိလိုက်ရသည်။


ထို့နောက် ဆရာမက အတန်းရှိ မော်နီတာကို ရွေးခိုင်းသောအခါ တစ်တန်းလုံးက လင်းယောင်ယောင် ကို တညီတညွတ်တည်း ရွေးချယ်ခဲ့ကြသည်။ သူမလည်း မော်နီတာ လုပ်ရတာမိုက်သည်ဟု ထင်မိသည်။ အနည်းဆုံး သူမ စကားကို ကျန်လူများက နားထောင်ကြမည်ဖြစ်သည်။


ယနေ့ညနေမှာ သူမ သင်ကြားပြသပေးမည့် ဗီဒီယိုက- သခွားသီးထောင်းသုပ် ဖြစ်သည်။


ဤဟင်းပွဲသည် မည်သို့ပင် ရိုးရှင်းစေကာမူ၊ မြင်သာထင်သာရှိသော ဖြည့်စွက်အစားအစာဖြစ်သည်။ သခွားသီးသည် လင်းယောင်ယောင် အကောင်းဆုံးလုပ်ဆောင်နိုင်သည့် ပါဝင်ပစ္စည်းများထဲမှ တစ်ခုဖြစ်သည်။ ထိုသခွားသီးဗီဒီယိုသည် ၁မိနစ်သာ ကြာမြင့်ခဲ့သည်။အကြောင်းမှာ၊ သူမသည် မက်ခါ မောင်းနှင်ပုံကိုလေ့လာရန် StarNet သို့သွားချင်နေတာကြောင့် ဖြစ်သည်။


ရှောင်မင် သည် "ရွှမ်" မက်ခါ၏ အထောက်အထားအချက်အလက်ကို စစ်ဆေးချင်သော်လည်း ရွှမ်ကလည်း သူ့လိုပင် SS အဆင့်အထောက်အထားဆိုင်ရာ privacy ရှိသဖြင့် သူ့၏အချက်အလက်များကို အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ခြင်းမရှိချေ။ သို့သော်လည်း လင်းရွှမ် ၏ ပရိုဖိုင်တွင် စစ်တပ်လိုဂိုကို သူ မြင်တွေ့လိုက်ရသည်။


အဓိက တပ်ကြီးခြောက်ခုတွင် စွမ်းရည်ရှိသူများစွာရှိပြီး အရည်အချင်းနှင့် တိုက်ပွဲအတွေ့အကြုံများရှိသူ လူများစွာက သူ့ကိုအနိုင်ယူပစ်နိုင်သည်။ သို့ရာတွင်၊ 99.999% အနိုင်နှုန်း ရှိနိုင်သူ အများကြီးမရှိပေ။ ထို့အပြင် အဆိုပါ မက်ခါ၏ virtual version သည် လက်တွေ့ဘဝက လင်းယွင်နှင့် အနည်းငယ် ကွဲပြားသော်လည်း 70-80% တူညီနေသေးသည်။ Star Network ပေါ်ရှိ လင်းယွင်နှင့် ဆင်တူသည့် မက်ခါအများအပြားရှိသော်လည်း ဤမျှ အနိုင်ရနှုန်းကို ပိုင်ဆိုင်ထားနိုင်သော နတ်ဘုရားတစ်ပါးတည်းသာ ရှိသည်။


လင်းရွှမ် ...


ရှောင်မင် သည် လင်းရွှမ် ရှေ့တွင် စက္ကန့်သုံးဆယ်မျှသာ တိုက်နိုင်လိုက်မည်ဟု မမျှော်လင့်ထား၍ ယူကျုံးမရဖြစ်နေမိသည်။ ပထမ ၅မိနစ်တွင် လင်းရွှမ် လုံးဝမကစားနိုင်ခဲ့ပေ။ ထို့ကြောင့် သူ့ကို နည်းနည်းလေး လျှော့တွက်ပြီး ပေါ့ပေါ့ပါးပါး ကစားနေခဲ့ခြင်းပင်။ထို့အပြင်၊ သူနှင့် လင်းရွှမ် ကြားက အင်အားကွာဟချက်ကို ပထမဆုံးအကြိမ် သဘောပေါက်ခဲ့သည်။


လင်းရွှမ် ၏ တွဲဖက်မောင်းနှင်သူထိုင်ခုံကိုရနိုင်သည့်လက်ထောက်ကုထုံး ပညာရှင်ကို ကြည့်ရန် ရှောင်မင် သည် ပြိုင်ဘက်၏ ID ကို စစ်ဆေးကြည့်လိုက်သည်။ လက်ထောက်ကုထုံး ပညာရှင်က "Eleven" ဟုခေါ်သူဖြစ်သည်။ ကံမကောင်းစွာနှင့် ၊ယနေ့ ကျောင်းဖိုရမ်မှာ သူ ဤနာမည်ကို မြင်လိုက်ရပြီး တစ်ခြားလူတွေက လင်းယောင်ယောင် ဟု ပြောနေကြ၏။


ရှောင်မင် သည် ယခင်က လင်းယောင်ယောင် အကြောင်း လွန်စွာသိသောကြောင့် မကြာသေးမီက သူမ၏ ပြောင်းလဲမှုများကို သူ့မျက်စိဖြင့် တပ်အပ်မြင်ခဲ့ရသော်လည်း သူမသည် လုံ့လဝီရိယရှိပြီး တိတ်တဆိတ်နေလိုသူ ဉာဏ်ကြီးရှင် အစားအသောက်လက်ထောက် ကုထုံးပညာရှင်မှန်း သူ မယုံနိုင်သေးပေ။လင်းယောင်ယောင် သည် အကောင့်အတုလုပ်ရန်အတွက် "Eleven" ကို ပိုက်ဆံများစွာပေးခဲ့သည် ဆိုသည့်စကားကို သူသဘောတူမိသည်။ ထို့ကြောင့် အမှန်တရားကို ဖုံးကွယ်ရန်အတွက် "Eleven" အကောင့်သည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားနိုင်မည်ဖြစ်သည်။


ယခုလောလောဆယ်၊ ရှောင်မင် မျက်နှာတွင် ဒေါသရိပ်တို့က အထင်းသား ပေါ်နေကြသည်။


"Eleven" က လင်းယောင်ယောင် မဟုတ်ဘူးဆိုရင် လင်းရွှမ် ရဲ့ တွဲဖက်ထိုင်ခုံမှာ သူမ ဘယ်လိုပေါ်လာနိုင်မှာလဲ...."


"Eleven" လို မျိုးဆက်သစ် လက်ထောက်ကုထုံးပညာရှင်က လင်းယောင်ယောင် ဟု သူ ‌ဖြည့်တွေးကြည့်လိုက်သောအခါ သူမ အဘယ်ကြောင့် ဤကဲ့သို့ ပြောင်းလဲသွားရသည်ကို သူ ရုတ်တရက် နားလည်သွားသည်။


ဤအရာအားလုံးသည် သူကိုယ်တိုင်ကြောင့်ဖြစ်၏။ လင်းယောင်ယောင်သည် Weibo မှာ လူသိရှင်ကြား သူ့ကို ချစ်ရေးဆိုခဲ့သူ "ဝူလီကန်ဟွာ" ကို အရှက်ခွဲတုံ့ပြန်ခဲ့ဖူးသည်။ ထို့အပြင်၊သူ့ဆီကို ချဉ်းကပ်လာသူ မိန်းကလေးများအား တစ်နည်းနည်းဖြင့် ပ,ထုတ်ခဲ့သူပင်။ နောက်ပိုင်းတွင်၊သူသည် ဝူလီကန်ဟွာ၏ စရိုက်အမှန်ကိုသိသွားပြီး သူမအား blacklist သွင်းခဲ့သော်လည်း သုံးမိနစ်တိုင်း သူ့ကို နှောင့်ယှက်လေ့ရှိသော လင်းယောင်ယောင် သည် ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့သည်။ သူ့နောက်ကို လိုက်နေပုံရသော်လည်း သူ အာရုံစိုက်လာစေရန် သူမ၏ ပြင်ပပုံသဏ္ဍာန်ကို ပြောင်းလဲပြီး အတွင်းပိုင်းစိတ်ထားကိုလည်း ပိုကောင်းအောင် ကြိုးစားခဲ့ပုံရသည်။


လင်းယောင်ယောင် ၏ ပြောင်းလဲမှုသည် သူ့ကို အလွန်စိတ်ဝင်စားစေ‌မိကြောင်း ဝန်ခံရမည်ဖြစ်သည်။ လူ့သဘာဝကိုက ထိုသို့ပင် ဖြစ်တတ်၏။ မိန်းကလေးတစ်ယောက်က သူ့အိမ်တံခါးဝအထိလာပြီး အပြေးအလွှား ချစ်ရေးဆိုလာသောအခါ၊ သူမကို လျစ်လျူရှုလိုက်မည်ဖြစ်သော်လည်း ၊ ထိုမိန်းကလေးကပင် သူ့ကို လျစ်လျုရှုပြလိုက်သည်နှင့် သူပြန်ကြိုက်အောင်တမင်တကာ ဆွဲဆောင်နေသည်ဟု ထင်လာရသည်။


ရှောင်မင် ယခင်က လင်းယောင်ယောင် ကို မကြိုက်ပေ။ သူမ၏ မိတ်ကပ်ထူထူကြီးနှင့် မာနကြီးသော ကိုယ်ရည်ကိုယ်သွေးအပြင်၊ သူ၏ပြိုင်ဘက်ဖြစ်သော ပထမမင်းသား သည် လင်း မိသားစုနှင့် တော်ဝင်သွေးသားများအား ဘယ်သောအခါမှ လက်ထပ်ခွင့်မပြုကြောင်းကိုလည်း သူကောင်းကောင်းသိထားတာကြောင့်ဖြစ်သည်။ သူ့မိခင်မိသားစုဘက်မှ မျက်နှာသာမရခဲ့သော သူ့အတွက်၊ သူနှင့် ဝိညာဉ်ရေးအရ ကိုက်ညီသော အလယ်တန်းအဆင့်ရှိသူ ကုထုံးပညာရှင်ကို ရှာခြင်းကသာ အကောင်းဆုံးဖြစ်သည်။ ထိုမိန်းကလေးသည် လူအများ၏ အာရုံကို အလွန်အကျွံ မဆွဲဆောင်မိစေရန်လည်း သူ့အပေါ် အလွန်ကောင်းနေရမည်။ ထိုအခါ သူ့ကိုယ်ပိုင်စွမ်းအားကိုလည်း မြှင့်တင်နိုင်မည်ဖြစ်၏။


ရှောင်မင် သည် စုချင်းဟယ် ဟုခေါ်သော ဉာဏ်ကြီးရှင် ဆေးဝါး လက်ထောက်ကုထုံး ပညာရှင်တစ်ဦးကို မကြာသေးမီကတွေ့ရှိခဲ့ပြီး သူနှင့်လည်း ဝိညာဉ်ရေးအရ လိုက်ဖက်လွန်းလှသည်။ သူမသည် လှပပြီး စမတ်ကျသူဖြစ်သည်။ လင်းယောင်ယောင် က သူ့အတွက် လုံးဝသင့်လျော်သော သတို့သမီးလောင်း မဟုတ်ပေ။ သို့သော် လင်းယောင်ယောင် ၏ လက်ရှိပြောင်းလဲမှုများသည် သူ့အာရုံကို ဖမ်းစားနိုင်ရန် သူမက တမင်တကာ အကွက်ချထားခြင်းဟု သူထင်နေမိသည်။


ခရမ်းချဉ်သီးနှင့် ကြက်ဥမွှေကြော်ကို လင်းယောင်ယောင်က ဗီဒီယိုထဲမှာ ကျွမ်းကျင်စွာ လုပ်ပြခဲ့သည်။သို့သော်၊ထူးခြားသည်က ဤရိုးရှင်းလှသော ဟင်းပွဲကလေးကို ကြယ်ငါးပွင့်စားသောက်ဆိုင်က စားဖိုမှူး၏လက်ရာကဲ့သို့ အလှဆင်ထားခြင်းဖြစ်သည်။


သခွားသီးထောင်းသုပ်...


ဗီဒီယိုထဲက ကလေးမလေးသည် လက်အိတ်ဝတ်ကာ သခွားသီး၏ အညစ်အကြေးများကို စိတ်စွမ်းအားနှင့် ထုတ်ယူပြီးနောက် မီးဖိုချောင်သုံးဓားနှင့် သခွားသီးကို ဆတ်ကနဲ ထုထောင်းပစ်(ဓားပြားနဲ့ရိုက်လိုက်)လိုက်သည်။ထို့နောက် ငရုတ်သီးအနှစ်များနှင့် နှယ်ဖတ်လိုက်သည်ကို သူ ဗီဒီယိုထဲမှာ ကြည့်ရှုခဲ့ရသည်။


ဖျတ်...ဖျတ်


မကြာမီ၊အားလုံးကွဲသွားသည်အထိ သခွားသီးများအားလုံးကို ချေမွပစ်လိုက်တော့သည်။


ရှောင်မင် ဘာကြောင့်မှန်းမသိသော်လည်း ရုတ်တရက် နာကျင်မှုကို ခံစားလိုက်ရသည်။ သူ၏ လျစ်လျူရှုမှုနှင့် ငြင်းဆန်မှုများက မာနကြီးသည့် မိန်ကလေးအဖြစ်မှ စားဖိုမှူးကောင်းတစ်ယောက်အဖြစ် ဘယ်လိုပြောင်းသွားမှန် သူနားမလည်ခဲ့ပေ။


သူမ မကျေနပ်မှုတွေကို ပြေပျောက်အောင် ဒီသခွားသီးကို အတင်း‌ေချမွှပစ်လိုက်တာ ဖြစ်မလား...


ရှောင်မင် ရုတ်တရက်ခံစားလိုက်ရသည်မှာ သူ့နှလုံးသားလေးက... ထူးဆန်းစွာ တုန်လှုပ်သွားခြင်းကိုပင်။


သို့သော် သူ၏ ကြီးမြတ်သော အကြံအစည် မအောင်မြင်မီတွင် သူ့စိတ်ဆန္ဒအရ အိမ်ထောင်ရေးကို လုံးဝရွေးချယ်ရန် မဖြစ်နိုင်ပေ။ အသင့်တော်ဆုံးတစ်ယောက်ကို ဘယ်အချိန်မဆို ရွေးနိုင်သော်လည်း သူ၏ ကြီးကျယ်သည့် အကြံကိုသာ ချက်ချင်းအကောင်အထည်ဖော်မှ ဖြစ်ပေမည်။ထိုအခါမှ သူလိုချင်တာကိုစိတ်ကြိုက် ရနိုင်သည်။


ဒါပေမယ့် သူက ဘယ်သူ့ကို လိုချင်တာလဲ...


စုချင်းဟယ် က တစ်ကယ်တော်ပြီး လင်းယောင်ယောင် သည် ပိုပိုပြီးချစ်စရာကောင်းသည်။


"စုချင်းဟယ် ကလည်း လင်းယောင်ယောင် က တော်တယ်လို့ ချီးမွမ်းခဲ့တယ်မလား... အခွင့်အရေးရရင် သူမ ချက်တဲ့ဟင်းတွေကို မြည်းချင်ပါတယ်လို့ ပြောခဲ့ဖူးတယ် မလား... "


ရှောင်မင် သည် နောင်တစ်ချိန်တွင် မိန်းမနှစ်ယောက်နှင့်အတူတူ ပေါင်းသင်းနေမည့် မြင်ကွင်းကို အိပ်မက်မက်နေပြီဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော်၊ဧကရာဇ်တွင် ပထမမင်းသား၏ အမေဖြစ်သော ဧကရီ ရှိသော်ငြား သူ့အမေ ဒုတိယဧကရီကိုလည်း ချစ်မြတ်နိုးဆဲဖြစ်ခဲ့သည်။ သို့သော် သိပ်မကြာခင်မှာ သူမကို ငြီးငွေ့လာသည်။ သူ့မိခင်၏ ကျန်းမာရေးကလည်း ပိုဆိုးလာကာ လက်ရှိ ဧကရီဖြစ်သည့် သူ၏ တတိယမြောက် ဇနီးနှင့် ပေါင်းဖက်ခဲ့သည်။

ယခင်က ရှောင်မင် သည် ဤအပြုအမူမျိုးကို မထီမဲ့မြင်ပြုခဲ့ဖူးသည်။ထို့ကြောင့်၊ သူ့အိမ်ထောင်ရေးက အချစ်ကြောင့် လက်ထပ်ခြင်းမဟုတ်လျှင်တောင် ဆုံးခန်းတိုင်သည့်အထိ ပေါင်းသင်းမည်ဟု သူ တွေးခဲ့ဖူးသည်။

ယခုတော့ သူထင်သလို မဟုတ်တော့‌ေပ။ နှင်းဆီအဖြူနှင့် နှင်းဆီအနီကြားမှာ ရွေးရခက်‌ေနမိသည်။ နှစ်မျိုးလုံးရှိလျှင် ပိုကောင်းမည်ဟု ထင်မိသည်။


တစ်သက်လုံး မိန်းမတစ်ယောက်သာရှိသည့် ရာထူးကြီးကြီးနှင့် ယောက်ျားဘယ်နှစ်ယောက်ရှိမှာလဲ....


ထိုဘဝမျိုးကလည်း ပျင်းစရာကောင်းလွန်းလှသည်။ ဤကဲ့သို့တွေးပြီးနောက် ရှောင်မင် သည် လင်းယောင်ယောင် သည် သူ့ကို သေချာပေါက် ကြိုက်နေကြောင်း ဆုံးဖြတ်ခဲ့သည်။ သူမကို အနည်းငယ်ချော့ပေးလိုက်ပါက၊သူ့ဆီ ပြန်လာမှာ သေချာသည်။ ယခင်က သူ မနာလိုဖြစ်အောင် ဝေ့ယွမ် နှင့် ကောလဟလများတမင်တကာ ထွက်အောင်လုပ်ခဲ့ခြင်းလည်း ဖြစ်နိုင်၏။


လင်းယောင်ယောင်သည် ရှောင်မင် ၏လျှို့ဝှက်အကောင့်ကို star network တွင် အနိုင်ယူမိသောကြောင့် ရှောင်မင် သည် သူမအား အာရုံစိုက်လာပြီး အကြံများထုတ်လာသည်ကို သူမ လုံးလုံးမျှပင် မသိခဲ့ပေ။ သူမသည် သခွားသီးကို ထုထောင်းပြီး အသုပ်သုပ်လိုက်ကာ Star Network မှာရှိသည့် သူမ၏ ကိုယ်ပိုင်ဆိုင်မှာ ထားပြီးနောက်မကြာမီ လင်းရွှမ် က အွန်လိုင်းမှာတွေ့ဖို့ ဖုန်းခေါ်လာ၏။


သူမလည်း လက်ခံရန် နှိပ်လိုက်ပြီး နောက်မကြာမီတွင် ယမန်နေ့က မက်ခါလေ့ကျင့်ရေး ဧည့်ခန်းသို့ ရောက်သွားခဲ့သည်။ မနေ့ကနှင့်မတူဘဲ အရပ်မြင့်မြင့်နှင့် သန်မာသော လင်းယွင် လေးမှာ အလွန်ရိုးရှင်းသော အခြားမက်ခါတစ်ခုရှိသည်။ ထိုမက်ခါ၏ အရေပြားသည် စံတည်ဆောက်မှုအတိုင်း တည်ဆောက်ထားခြင်းဖြစ်ပြီး အရောင်က မီးခိုးရောင်ဖြစ်သည်။ လင်းယွင် နှင့်ယှဉ်လိုက်လျှင် လုံးဝမမိုက်ပေ။


လင်းယောင်ယောင် မယုံနိုင်စွာ စိုက်ကြည့်နေမိသည်။


"ဒီရုပ်ဆိုးတဲ့ မက်ခါကို ညီမလေးကို မောင်းခိုင်းမှာ မဟုတ်ဘူးမလား"


တင်းကျပ်သော လေ့ကျင့်ရေးနည်းပြဆရာအဖြစ် ပြောင်းလဲသွားသော လင်းရွှမ် က မျက်မှောင်ကြုတ်ကာ


"B-XI က စစ်ဘက်ရေးရာမှာ စစ်သည်တွေအတွက် စွယ်စုံအရဆုံး စက်ရုပ်လေ... ပြီးတော့ အခုမှ စသင်မယ့်သူအတွက်လည်း အဆင်ပြေတယ်....ဒီ မက်ခါကို Star Network မှာ မောင်းနှင်ပြီးလို့ မင်းရဲ့ ကိုယ်လုံးကိုယ်ပေါက်က စံနှုန်းပြည့်သွားပြီဆိုရင်၊ မင်း လက်တွေ့ဘဝမှာလည်း ဘယ် မက်ခါကိုမဆို မောင်းနှင်နိုင်တယ်"


လင်းယောင်ယောင် က သဘောမကျဟန်ဖြစ်နေသည်ကို မြင်လိုက်သောအခါ သူ ဆက်ပြောလာ၏။


"တစ်ကယ် ခွန်အားရှိတဲ့ လူတွေအတွက် စက်ရုပ်က သိပ်ပြီး အရေးမကြီးပါဘူး....တစ်ကယ် ခွန်အားကြီးတဲ့သူဆိုရင် B-အတန်းစား မက်ခါကို မောင်းရင်တောင် SS-အတန်းစား မက်ခါ ကို အနိုင်ယူနိုင်သေးတယ်"


လင်းယောင်ယောင် ခဏတုံ့ဆိုင်းသွားပြီး


"အစ်ကိုကြီးက တော့ ရချင်ရမှာပေါ့...ညီမလေးကတော့ မလုပ်နိုင်ဘူး"


"ဒါဆို သင်ယူရမယ်... တစ်နေ့ မင်းလည်း ကိုယ့်ကို အနိုင်ယူနိုင်မှာပါ"


သူမ ခါးသီးသည့် မျက်နှာနှင့်ပြောလိုက်သည်။


"ဒါဆို SS-အတန်းစားမက်ခါကို အနိုင်ယူနိုင်တဲ့တစ်နေ့အထိ ဒီမက်ခါ ကို ဆက်မောင်းရမှာလား"


လင်းရွှမ် ခဏစဉ်းစားပြီး ကလေးမလေး၏ စိတ်အားထက်သန်မှုအတွက် ရန်လိုလွန်းမနေသင့်ဟု ခံစားမိသဖြင့် သူက စိတ်လျှော့ပြီးပြောလိုက်သည်။


"မင်း S အဆင့်ကို အနိုင်ယူနိုင်ရင် တော်ပြီလေ... ပြီးတော့ လင်းယွင်လို SS အဆင့် အမျိုးသမီး မက်ခါကို ကိုယ် ပေးမယ်"


Star Net တွင် လင်းယွင် ၏ အသွင်အပြင်ကို အတုယူပြီး ပြုလုပ်ထားသည့် မက်ခါ များစွာရှိသော်လည်း လင်းယွင် ၏ အမျိုးသမီးဗားရှင်းမှာ တရားဝင်မထုတ်ပြန်သေးပေ။ လင်းယောင်ယောင် မျက်လုံးများသည် ချက်ချင်းပင် တောက်ပသွားသော်လည်း သူမ ပါးစပ်က


"ဟင့်အင်း... ဘယ်သူက လိုချင်မှာလဲ"


ကံကောင်းစွာနှင့်၊ သင်ကြားရေး မက်ခါသည် မီးခိုးရောင်၊ B-XI စီးရီးအနိမ့်စား ဖြစ်သော်လည်း လင်းရွှမ် က သူမနှင့်အတူ လိုက်လာပေးသည်။ သူက ခရီးသည်ထိုင်ခုံမှာထိုင်ပြီး သူမက အဓိက မောင်းနှင်သူထိုင်ခုံမှာ ထိုင်လိုက်သည်။ ပင်မခလုတ်တွေကို ခွဲခြားသိနိုင်ရန်နှင့်၊မက်ခါ ကို ချိတ်ဆက်ဖို့အတွက် စိတ်စွမ်းအား အသုံးပြုနည်းကို မြန်မြန်ဆန်ဆန် သင်ပေးခဲ့သည်။


လင်းယောင်ယောင် သည် မက်ခါဌာနမှ ကျောင်းသူတစ်ဦးမဟုတ်သဖြင့် သီအိုရီများစွာကို သိရှိရန် မလိုအပ်ချေ။ တိုက်ရိုက်အသုံးပြုနည်းကို လေ့လာရန် အနည်းငယ်ခက်ခဲသော်လည်း လင်းရွှမ်လို ဆရာကောင်း၊သမားကောင်းက သင်ပေးနေ‌ေသာကြောင့် ပိုမိုလွယ်ကူသလိုခံစားရ၏။သူမ၏ လက်စွမ်းသည် အလွန်ညံ့ဖျင်းသော်လည်း စိတ်ပိုင်းဆိုင်ရာ ခွန်အားချိတ်ဆက်မှုဆိုင်ရာ လုပ်ဆောင်ချက်များကို အသုံးပြု၍ ကောင်းမွန်စွာ လုပ်နိုင်ခဲ့သည်။


လင်းရွှမ်ကလည်း သူမအား ကောင်းကောင်းလုပ်ရန် လောဘကြီးပြီးအတင်းအကျပ် မခိုင်းခဲ့ပေ။ အရေးအကြီးဆုံးအရာများသည် စတင်ခြင်း၊ တိုက်ခိုက်ခြင်း၊ ခုခံခြင်း၊ ခုန်ပျံခြင်း၊ အရှိန်မြှင့်ခြင်း၊ ဆင်းသက်ခြင်း နှင့် မတော်တဆမှုတစ်ခုဖြစ်ပွားသောအခါတွင် သူမ စိတ်ပင်ပန်းနွမ်းနယ်မှာစိုး၍ အလိုအလျောက်မောင်းနှင်သူစနစ်အား ဘယ်လိုဖွင့်ရမည်ဆိုတာကိုသာ အထပ်ထပ်အခါခါ သတိပေးသည်။


အချိန်တွေက မြန်လွန်းလှပြီး မသိခင်မှာပင် ညဆယ့်တစ်နာရီ ထိုးနေပြီဖြစ်သည်။


"မင်းကို ငါ့ရဲ့ မက်ခါလေ့ကျင့်ရေးခန်းသုံးဖို့ ကိုယ် ခွင့်ပြုထားတယ်... မနက်ဖြန်ညကျ မင်းနဲ့တွေ့ဖို့ အချိန်မရှိဘူး ဆိုတော့ မင်းကိုယ်တိုင်ပဲ အခြေခံကျတဲ့ လေ့ကျင့်ခန်းတွေကို လေ့ကျင့်လို့ရတယ်"


သူက သူမကို အရေးအကြီးဆုံး လုပ်ဆောင်ချက်တွေကို သင်ပေးပြီးနောက်၊ သူမ လက်ကို အမြန် လွှတ်လိုက်သည်။သူ့စကားပြောပုံကလည်း ခပ်တန်းတန်းဖြစ်နေ၍ သူ သူမကိုဆက်ကြိုက်နေသးသည်ဟုတောင် မထင်ရတော့ပေ။သူမ ထိုသို့တွေးမိပြီး စိတ်ပူသွားရသည်။


သူမ သူ့ကို စိတ်ဆိုးလိုက်လို့ သူက ညီမလေးလို ဆက်ဆံလိုက်တာလား...


သူမ အိပ်ချင်နေမှန်း လင်းရွှမ် သတိပြုမိသော်လည်း သူမက အခုထိ လိုင်းပေါ်က မဆင်းသေး‌ေသာကြောင့် သူ အံ့အားသင့်သွားသည် ။


"ဘာပြောစရာရှိသေးလဲ"


"ကျောင်းမှာ ဘယ်လိုတွေ နေနေတယ်ဆိုတာ အစ်ကိုကြီး မသိချင်ဘူးလား...ညီမလေး မကြာသေးခင်ကလေ…"


လင်းရွှမ် က အနည်းငယ်ပြုံးပြီး


"ဘာလို့ ဂရုမစိုက်ရမှာလဲ...မင်းသခွားသီးကို လက်နဲ့ ‌ထုထောင်းလိုက်တဲ့ ဗီဒီယိုကို ကိုယ် ကြည့်ပြီးပြီ... ကိုယ်သာ အနေအထိုင်မတတ်ရင် သခွားသီးလိုမျိုး ကိုယ့်ကို လုပ်လိုက်မှာကိုတောင် ကြောက်မိတယ်"

သူ၏ SS-အတန်းစား ကိုယ်လုံးကိုယ်ပေါက်ကြောင့်၊ တတိယခြေထောက်မှလွဲ၍ သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးသည် ကြမ်းတမ်းပြီး ထူထဲသည်။ သေချာသည်က၊သူ့အလိုကြောင့်သာ မဟုတ်လျှင် တစ်စုံတစ်ယောက်က သူ့အားနည်းချက်နေရာ(ဟိုဟာ)ကို တိုက်ခိုက်ခံရဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပေ။သို့သော် ပြိုင်ဘက်က လင်းယောင်ယောင် ဆိုလျှင်တော့ သူ...


လင်းရွှမ် သည် သခွားသီး‌ထောင်းအသုပ်၏ ထက်မြက်မှုနှင့် ရက်စက်မှုကို မြင်လိုက်ရသည်။ အရင်က သူ့ကို ရက်စက်ကြမ်းကြုတ်သည့် အပြုအမူများလုပ်ခဲ့သော မိန်းကလေးက ယခု အတော်လေး ကြင်နာနေသလိုမျိုး ရုတ်တရက် ခံစားလိုက်ရသည်။


လင်းယောင်ယောင် ရုတ်တရက် နားလည်သွားသည်။ သူမသည် မက်ခါ ကိုသင်ယူရန်အလျင်စလိုနေသောကြောင့် သခွားသီးကို ပိုမိုမြန်ဆန်စွာ လက်ဖြင့်ထုရိုက်ခဲ့တာဖြစ်သည်။ သူမ တွေးကြည့်မိပြီး ရှက်ကိုးရှက်ကန်း ဖြစ်သွားကာ ခြေထောက်ကို ဆောင့်အောင့်ပြီး ဒေါသတကြီးအော်လိုက်၏။


"ဘာတွေပြောနေတာလဲ"


ထို့နောက် သူမ အမြန်ပြေးသွားခဲ့သည်။


သူမသည် သူ၏ တစ်စတစ်စ ရင်းနှီးလာမှုကို မတွန်းလှန်ဘဲ ရံဖန်ရံခါ သူ့ကိုစိုက်ကြည့်နေတတ်သည်။ သို့သော် ဒီလောက်လေးနှင့် မလုံလောက်သေးပေ။ စေတနာနည်းနည်းလေး သူ လိုချင်တာမဟုတ်ဘဲ သူ့အတွက် သူမ နှလုံးသားက ကြွေကျလာကာ သူမကိုယ်သူမ မရုန်းထွက်နိုင်အောင် ဖြစ်စေချင်မိ၏။ ရှောင်မင် ကို ကိုင်တုန်းကလို အတင်းလိုက်တွယ်ကပ်နေရုံမျှနှင့် မကျေနပ်ပေ။ သူမထံမှ အရာအားလုံးကို လိုချင်ပြီး တစ်သက်လုံး သူမကို လိုချင်သည်။

သို့နှင့်၊ သူသည် ဤမျှလေးလံသော ချစ်ခြင်းမေတ္တာနှင့် ပြင်းပြသော ဆန္ဒများကို ဂရုတစိုက် ထိန်းချုပ်ထားလေသည်။



xxxxx

Ei Thet Hmue