အခန်း ၅၃
Viewers 8k

Chapter 53

(စာသင်ခန်းထဲမှ ဟင်းချက်ပွဲ)


လင်းယောင်ယောင် သည် အော့ဖ်လိုင်းဖြစ်ပြီးနောက်တွင် ဗိုက်ဆာလာသောကြောင့် အိပ်မပျော်နိုင်သဖြင့် ငါးဂျုံယာဂုကို သူမဘာသာသူမ ချက်ပြုတ်ခဲ့သည်။ အိပ်ပျော်နေသော သွေးစပျစ်နွယ်ပင်သည် အစားအသောက်နံ့ကြောင့် နိုးလာပြီး သူ့ပန်းအိုးသေးသေးလေးကို ကိုင်ပြီးပြောလိုက်သည်။


"သခင်...က‌လေးလည်း စားချင်တယ်!"


012 ကို လင်းယောင်ယောင် က ကောင်းမွန်စွာ ကျွေးမွေးခဲ့ပြီး မကြာသေးမီက သူ့ခန္ဓာကိုယ်သည် အရပ် 60 စင်တီမီတာခန့် ပိုမြင့်လာခဲ့သည်။သူမသည် အတန်းထဲတွင်လည်း သူ့အား ဖမ်းစားနိုင်သော ကြိမ်လက်ကောက်အဖြစ် ဝတ်၍ ရနေပြီဖြစ်သည်။ ထို့အပြင် 012 သည် မကြာသေးမီက အဆင့်-၅ အနားသို့ ချဉ်းကပ်လာသောကြောင့်၊ တိတ်ဆိတ်စွာအိပ်စက်ခြင်း၊ နွေးထွေးသောနေရောင်ခြည်နှင့် အစိုဓာတ်များများရနေရသည်ကို နှစ်သက်လာသည်။သူမ နောက်ကို တစ်နေ့လုံး အစာလိုက်တောင်းမနေတော့ပေ။

မွန်းတည့်ချိန်တွင် လင်းယောင်ယောင် သည် တစ်ခါတစ်ရံ အစာကျွေးဖို့ ပြန်မလာနိုင်သော်လည်း အာဟာရဖျော်ရည်ပုလင်းကို သူ့ဖာသာ ယူသောက်တတ်သည်။ အသားမစားရသော်လည်း ဗိုက်အဆာခံနိုင်မည်ဖြစ်သည်။ တခါတရံ ဗိုက်ပြည့်သော်လည်း တစ်ခါတစ်ရံ အကြာကြီးဗိုက်ဆာလာလျှင် တောင်ကျရေကိုသာ သောက်ပြီး နေရလေ့ရှိသည်။


ထို့ကြောင့် လင်းယောင်ယောင် သည် 012 ကို ဂရုစိုက်သော်လည်း အမှီအခိုကင်းပြီး မိမိကိုယ်မိမိ အားကိုးတတ်သော အိမ်မွေးတိရစ္ဆာန်အပင်တစ်ပင်ဖြစ်ဖို့ ကြိုးစားအားထုတ်ရမည်ဟု သွေးစပျစ်နွာ်ပင်ကလေး ခံစားလိုက်ရသည်။ သူသည် ယခုဆိုလျှင် အသားကို ရံဖန်ရံခါ စားရုံမျှဖြင့် အလွန်ကျေနပ်နေပြီဖြစ်သည်။


ထို့ကြောင့် လင်းယောင်ယောင် သည် 012 အတွက် လတ်ဆတ်ပြီး အရသာရှိသော အာဟာရ ဖျော်ရည်ဘူးအနည်းငယ်ကို မှာယူထားပေးပြီး သူမ ဟင်းချက်ပြုတ်သည့်အခါ ဟင်းလည်းကျွေးမည်ဖြစ်သည်။ ထိုအိမ်မွေးအပင်မျိုးသည် မွေးမြူရန် အလွန်လွယ်ကူပြီး စိတ်ပူစရာမရှိပေ။


ပြီးလျှင် လင်းယောင်ယောင်သည် Weibo မှာ ငါးဂျုံယာဂုပုံတင်ဖို့ အချိန်ယူခဲ့သည်။ ထို့နောက် လွန်ခဲ့သည့် သုံးနာရီကျော်က သူမ၏ "လက်ရိုက်သခွားသီးထောင်း" ဗီဒီယိုသည် ရင်ခုန်စရာကောင်းသော ဆွေးနွေးမှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း သူမ တွေ့ရှိခဲ့သည်။ အကြောင်းမှာ၊ ဖြည့်စွက် အစားအသောက် ကုထုံးပညာရှင်အများအပြား ‌ထွက်‌ေပါ်လာပြီး သူမ၏ ဗီဒီယိုကို မှတ်ချက်ပေးခဲ့ကြသည်။


"ဖာ့ခ်.…"


"သူမ သခွားသီး ကိုင်တွယ်ပုံကလည်း ကြမ်းလိုက်တာ..."


"ဒီလိုဆို အညစ်အကြေးတွေကို ဘယ်လိုလုပ်ဖယ်လို့ရမှာလဲ…တစ်ကယ်က သခွားသီးဆိုတာ ငြင်ငြင်သာသာလေးကိုင်ရတာ"


" အရန်ကုထုံးရဲ့ အကျိုးသက်ရောက်မှုကတော့ ကြောက်စရာပဲ"


သို့သော်၊ သူမကို အရှက်လာခွဲကြသည့် ပညာရှင်များသည် Star Network ရှိ "ရှေးတရုတ်စားစရာအိမ်" ရှိ သူမ၏ သခွားသီဟင်းပွဲကို တစ်ပုံစံတည်းတုပပြီး ရောင်းချသူတို့ကိုမူ တညီတညွတ်တည်း ချီးမွမ်းကြသည်။ သခွားသီးမှာ ကြွပ်ဆတ် လန်းဆန်းပြီး စားချင်စရာကောင်းကြောင်း လူတွေက ပြောကြသည်။ သူတို့အားလုံး ညစာစားပြီးပြီ ဖြစ်သော်လည်း ဗိုက်ဆာလာကြကြောင်းဆိုထားသည်။ ပိုအရေးကြီးသည်မှာ၊ ဤပထမအဆင့် အရန်အစားသောက်၏ ကုသရေးအာနိသင်သည် ပထမအဆင့် အရန်ဆေးဝါးများစွာထက် ပိုကောင်းနေခြင်းဖြစ်သည်။


လင်းယောင်ယောင် သည် မှတ်ချက်များကို အတိုချုံး ကြည့်လိုက်ပြီး ထပ်ဖတ်ဖို့ စိတ်မ၀င်စားတော့ပေ။သူမ နည်းလမ်းက "အမှန်ကန်ဆုံး" ၊ "အကောင်းဆုံး"ဟု ဘယ်တုန်းကမှ မပြောခဲ့ဘဲ သူမ စိတ်ကြိုက်ကိုယ်ပိုင်နည်းလမ်းကိုသာ မျှဝေခဲ့ခြင်းဖြစ်သည်။ အရသာရှိမှုကို အာမခံသော်လည်း ကုသမှုအကျိုးသက်ရောက်မှုကို အာမ မခံနိုင်ပေ။ သို့သော်၊သူမ ဘယ်သူ့ကိုမှ သူမ နည်းလမ်းကို သင်ယူဖို့ အတင်းအကြပ် မခိုင်းခဲ့ပေ။


ဤသို့ဖြင့် လူသားနှင့် အိမ်မွေးအပင်လေး နှစ်ယောက်သား ငါးဂျုံယာဂုကို စားသောက်ကြပြီး နှစ်ယောက်လုံး ပျော်ရွှင်စွာ အိပ်ပျော်သွားကြသည်။ သို့သော် သူမ ပေးလိုက်သော ငါးဂျုံယာဂုဓာတ်ပုံသည် ညဉ့်နက်ပိုင်းအထိ လူအများကို အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။သို့သော်၊စားလို့မရသည့်အတွက် လူတွေက သူမကို Weibo မှာ "ကျူတိုရီရယ်" နှင့် ရှေးတရုတ်စားစရာအိမ် မှာ အပ်ဒိတ်လုပ်ခိုင်းဖို့သာ တောင်းဆိုနေကြ၏။


ယနေ့သည် လင်းယောင်ယောင် ၏ ပထမဆုံး လက်တွေ့သင်တန်းဖြစ်သည်။ သီအိုရီအမျိုးမျိုးကို နှစ်ရက်ကြာသင်ကြားပြီးနောက်၊ ဖြည့်စွက် အစားအသောက်ကုထုံးဌာနမှ ကျောင်းသားများသည် ဖြည့်စွက်အစားအစာများကို လက်တွေ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် စတင်ကြိုးစားကြမည်ဖြစ်သည်။ အတန်းတစ်ခုလုံးတွင် လူ 25 ဦးရှိသော်လည်း ဖြည့်စွက်အစားအစာများကို အောင်မြင်စွာပြုလုပ်နိုင်သူ အများအပြားမရှိချေ။ လင်းယောင်ယောင် အပါအဝင် လူ5ဦးသာ ပြုလုပ်နိုင်သည်။


အစားအသောက် အရန်ကုထုံးဌာနရှိ ကျောင်းသားငယ်များအတွက် အဓိကသင်တန်းများစွာမှ ဆရာမ တစ်ဦးဖြစ်သူ ဝမ့်ချိုးရှား သည် ယခင်က ကွင်းဆင်းရှင်သန်ရေးလေ့ကျင့်ခြင်းတွင် လင်းယောင်ယောင် ၏ စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ဖူးသည်။ လင်းယောင်ယောင် ကို အစားအသောက် အရန်ကုထုံးဆရာ အဘိုးကြီးချိုက် က အလွန်အကောင်းမြင်ပေးကြောင်း သူမ သိထားသည်။


ဝမ့်ချိုးရှား သည် လင်းယောင်ယောင် ၏ အကြမ်းပတမ်း သခွားသီး ပြုပြင်နည်းကို အမှန်တစ်ကယ် သဘောမတူသော်လည်း၊ ဤကလေးမလေးသည် အဘိုးကြီးချိုက် ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သောကြောင့် သူမမှာ ထူးထူးခြားခြား တစ်ခုခုတော့ ရှိရမည်ဟု သိထားသည်။


ဆရာမ ဝမ့် က


"လင်းယောင်ယောင်...မင်းက ကွင်းဆင်းရှင်သန်ရေး လေ့ကျင့်မှုမှာ ဖြည့်စွက်စာ ကျွေးနိုင်တဲ့ ငါတို့အတန်းထဲက တစ်ဦးတည်းသော ကျောင်းသားပဲ...မင်း ကျေးဇူးပြုပြီး ပဲပင်ပေါက်ကို ဘယ်လိုစိတ်စွမ်းအားနဲ့ ကိုင်တွယ်ရမယ်ဆိုတာကို သရုပ်ပြနိုင်မလား"


ပဲပင်ပေါက်ကို စိတ်ပိုင်းဆိုင်ရာ စွမ်းအားဖြင့် ပြုပြင်ပြီးလျှင် ပွက်ပွက်ဆူနေသည့်ရေနှင့် ပြုတ်ပြီး အသုပ်သုပ်ဖို့ အစာပလာထည့်ပေးရမည်ဟု ဆရာမက ဆိုလိုခြင်းဖြစ်သည်။ အလွန်ရိုးရှင်းသည်။ သို့သော်လည်း လင်းယောင်ယောင် သည် ထိုစကားကိုကြားလိုက်သောအခါ သူမ အကြိုက်စားစရာမဟုတ်သလို ခံစားလိုက်ရသည်။


"ဆရာမ ကျွန်မ အဲ့ဒီလိုမလုပ်ဘဲ ပြောင်းလို့ရမလား"


ဤဆရာမ ဝမ့် သည် စည်းကမ်းတင်းကျပ်သော်လည်း အစားအသောက် လက်ထောက်ကုထုံးပညာရှင်တစ်ဦးစီ၏ ချက်ပြုတ်နည်းသည် တူညီမှာ မဟုတ်ကြောင်းကို သူမ နားလည်သည်။


ထို့အပြင် သူမသည် သခွားသီးလိုမျိုး ဘယ်လိုမျိုး ထူးဆန်းသည့် အစားအစာ ပြုပြင်ခြင်းနည်းလမ်းများဖြင့် မည်သို့သော ကုထုံးအကျိုးသက်ရောက်မှုနှင့် အရသာတို့ကို ချက်ပြုတ်နိုင်ကြောင်း သိနိုင်ရန် လင်းယောင်ယောင် အား သရုပ်ပြခိုင်းချင်လာမိသည်။


"ပဲပင်ပေါက်ကို အဓိကပါဝင်ပစ္စည်းအဖြစ် သုံးနေသရွေ့ ဘာမဆို လုပ်နိုင်ပါတယ်"


အတန်းထဲရှိ အခြားကျောင်းသား24ယောက်ကလည်း တိုးတိုးလေးပြောနေကြသည်- "ကွင်းဆင်းရှင်သန်မှုလေ့ကျင့်ရေးမှာကတည်း ယောင်ယောင် က ဖြည့်စွက်စာတွေ လုပ်နိုင်နေပြီဆိုပါလား...သူမ အရမ်းမိုက်တာပဲ"


"အခု ငါတို့ ဘော့စ် ချက်တာကို ကြည့်ရတော့မယ်ဟေ့"


"အရမ်းစိတ်လှုပ် ရှားနေပြီ"


"တိတ်တိတ်လေး ငါ့ကင်မရာကို ဖွင့်ထားလိုက်မယ်"


လူတိုင်းက အတော်လေး မျှော်လင့်ခဲ့ကြပြီးလင်းယောင်ယောင် ကို စောင့်ကြည့်နေခဲ့သည်။


လင်းယောင်ယောင် သည် အသံဗလံများကို ကြားပြီး လူအုပ်ကြီးကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်သည်။ သူမ မျက်လုံးတွေက အေးစက်နေသဖြင့် အားလုံးက စကားဆက်မပြောတော့ပေ။ကြားထဲက ဆရာမ ဝမ့်သည်ပင် ဤကလေးမလေးက အတန်းထဲတွင် နာမည်ကြီးလာမည်ဟု သူ မမျှော်လင့်ထား၍ အံ့ဩနေမိလေသည်။


"စာသင်ခန်းမှာ လေ့ကျင့်နေတဲ့ အချိန်မှာ ဗီဒီယို မှတ်တမ်း တင်ထားရင် ကိုယ့်ဘာကိုယ်ပဲ ကြည့်လို့ရမယ်နော်… အဲဒါကို တင်ခွင့် မပြုပါဘူး"


ထို့နောက် သူမသည် ပဲပင်ပေါက်များကို ရေဆေးရန် ဇလုံထဲသို့ ထည့်လိုက်သည်။ အသီးအရွက်များအတွက်၊ ရေစိမ်ထားရင်း အညစ်အကြေးများကို ထုတ်ယူရန် စိတ်စွမ်းအင်ကို အသုံးပြုရပြီး ထိုသို့ရေးဆေးနေရင်း လုပ်ပါက အညစ်အကြေးများကို ဖယ်ရှားရသည်မှာ ပိုမိုလွယ်ကူစေသည်။

အသီးအရွက်တွေကို ရေဆေးပြီးသည်နှင့်၊ အညစ်ကြေးများလည်းတစ်ခါတည်း ထွက်သွားမည်ဖြစ်သည်။ အညစ်အကြေးများကို ဖယ်ထုတ်လျှင်လည်း အများကြီးထုတ်၍မရပေ။မဟုတ်ပါက အရသာမရှိဘဲ ဖြစ်တတ်သည်။


ထို့နောက် လင်းယောင်ယောင် သည် ဆရာမ၏ တောင်းဆိုချက်အရ ပဲပင်ပေါက်များကို ရေနွေးပူပူထဲတွင် ပြုတ်လိုက်သည်။


လင်းယောင်ယောင် ပြုလုပ်သော ပဲပင်ပေါက်များအကြောင်း၊ လူတိုင်းအစိုးရိမ်ဆုံးမှာ အရန်အကျိုးသက်ရောက်မှုမဟုတ်သော်လည်း သူတို့ မစားလိုက်ရမှာကို စိုးရိမ်နေတာဖြစ်သည်။


ကံကောင်းစွာနှင့်၊ ဆရာမ ဝမ့် သည် ဤပွဲ၏ ရည်ရွယ်ချက်ကို မှတ်မိနေသေးသည်။ သူမသည် စင့်မြင်တစ်ဖက်ကို လျှောက်သွားကာ လင်းယောင်ယောင် ပြင်ဆင်ထားသော ပဲပင်ပေါက်များကို ဘေးရှိ စမ်းသပ်ကိရိယာထဲသို့ ထည့်လိုက်သည်။ စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု ကို စမ်းသပ်သည့် ကိရိယာသည် အမှန်တစ်ကယ် အရန်အကျိုးသက်ရောက်မှုကို တိကျစွာ မပြသနိုင်သော်လည်း အနီးစပ်ဆုံး ပမာဏကို ပြသနိုင်သည်။ အစားအသောက်တွင် စိတ်စွမ်းအင် မရှိပါက၊ အရန်ကုထုံးအကျိုးသက်ရောက်မှု မရှိဟုဆိုလိုခြင်းဖြစ်သည်။ထိုကိရိယာလေးသည် အပြာရောင်လင်းပြီး ပီပီအသံ မြည်နေ၏။


စက်ကလေးသည် အကြိမ်အနည်းငယ် အပြန်ပြန်အလှန်လှန် စကန်ဖတ်ပြီး ရလဒ်များကို ထုတ်လိုက်သည်—စိတ်ပိုင်းဆိုင်ရာ စွမ်းအင်က ပထမတန်းစားဖြစ်ပါတယ်....


အစားအသောက်ပါဝင်ပစ္စည်းများ သို့မဟုတ် ဆေးဖက်ဝင်ပစ္စည်းများ၊ ဖြည့်စွက်အစားအစာ သို့မဟုတ် ဆေးဝါးများ၏ ကုသရေးအာနိသင်ကို ပထမတန်းစား၊အမြင့်ပိုင်း၊ အမြင့်-အလယ်၊ အလယ်အလတ်အဆင့်၊ အောက်-အလယ်၊ အောက်- အောက်နှင့် အောက်အဆင့် ဟူ၍ အဆင့်၇မျိုး ခွဲခြားထားသည်။ ဆေးပညာတွင် ထိပ်တန်းအဆင့်အထိ အောင်မြင်ရန် လွယ်ကူသော်လည်း အလယ်အလတ် ကုထုံးအာနိသင်လေးရဖို့တောင်ပင် အစားအသောက်အတွက် ခက်ခဲလှသည်။


လင်းယောင်ယောင် သည် ပါဝင်ပစ္စည်းများကို ကိုင်တွယ်ဖြေရှင်းရန် သူမ၏ စိတ်စွမ်းအားကို အသုံးပြုခဲ့ပုံမှာ ယခုအခါ သတိလက်လွတ်ဖြစ်သွားပုံရသည်။ သူမသည် အခြားအဆင့်မြင့်သူများ၊ မာစတာအဆင့် လက်ထောက်ကုထုံးပညာရှင်များကဲ့သို့ ဂရုတစိုက် ချက်ပြုတ်နေခြင်း မရှိပေ။ သို့သော် ထိုကဲ့သို့ စိတ်ပိုင်းဆိုင်ရာစွမ်းအင်များ အတော်များနေလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။ ဆိုလိုသည်မှာ သူမ၏ စိတ်စွမ်းအားသည် သူမ၏ ပစ်မှတ်တိုက်ခိုက်ရေးစစ်သည်များနှင့် မဆန့်ကျင်နေသရွေ့၊ အရန်အကျိုးသက်ရောက်မှုက လုံးဝဆိုးရွားမှာ မဟုတ်ပေ။


လူတိုင်းက စိတ်လှုပ်ရှားစွာဖြင့် "ဝိုး"ကနဲ အသံထွက်လိုက်ကြသည်-


"ဘော့စ် ယောင်ယောင် က အရမ်းတော်တာပဲ"


"ဘော့စ်က ငါတို့ မျှော်လင့်ထားတဲ့အတိုင်းပဲ"


"ငါတို့ဆို ဖြည့်စွက်စာတောင် မလုပ်နိုင်ပေမယ့် ဘော့စ်က ပထမအဆင့် ဖြည့်စွက်စာတောင် လုပ်တတ်နေပြီလား"


"အဆင့်မြင့်တဲ့သူဆိုရင် အရသာက ဘယ်သူက ပိုဂရုစိုက်လဲ..."


ဆရာမ ဝမ့်၏ မျက်နှာမှာလည်း အံ့အားသင့်မှုအပြည့်ရှိသည်။ သူမသည် အရန်ကုထုံးသက်ရောက်မှုမရှိဟု ထင်မိပြီး အရသာရှိအောင် အတင်းချက်‌ချင်သည့် လင်းယောင်ယောင်ကို အပြစ်တင်ဖို့ အစက ချောင်းနေခဲ့ခြင်းပင်။


ရလဒ်က စိတ်စွမ်းအင်ကြီး မြင့်မားနေမယ်ဆိုတာ ဘယ်သူသိမှာလဲ....


ဆရာမ ဝမ့် သည် ပန်းကန်ပြားတစ်ချပ်နှင့် တူတစ်စုံကို ယူလိုက်ပြီး စောင့်ကြည့်နေသူများ‌ရှေ့မှာ ပဲပင်ပေါက်ကို မြည်းစမ်းလိုက်သည်။ အဆိမ့်အရသာရှိပြီး စပ်လည်း စပ်နေသဖြင့် ပဲပင်ပေါက်များ၏ လန်းဆန်းသော ချိုမြိန်မှုတို့ကို အချိုးကျကျ ပေါင်းစပ်ထားခြင်းဖြစ်သည်။ ဆရာမ ဝမ့်၏ မသာမယာဖြစ်နေသော မျက်နှာသည် လန်းဆန်းသွားပြီး


"အရမ်းကောင်းတယ်"


လင်းယောင်ယောင် ၏လက်ရာမှာ သာမန်ပဲပင်ပေါက်ကတောင် ကြယ်ငါးပွင့်စားဖိုမှူး၏ လက်ရာထက် အရသာ ထူးကဲနေ၏။ ပိုရှားပါးသည်က အရန်ကုထုံးအကျိုးသက်ရောက်မှုကို ထိန်းသိမ်းထားနိုင်တာကိုပင်။ ပထမတန်းရှိ မိန်းကလေးသည် စင်မြင့်နှင့် အနီးဆုံးခုံက ဖြစ်သည်။ ပြင်းပြသောရနံ့ကြောင့် သူမစိတ်ကို စွဲဆောင်ထားသော်လည်း မစားနိုင်ဖြစ်နေရသည်။ သူမမျက်လုံးတွေက လောဘကြီးလွန်းနေပြီး သည်းမခံနိုင်တော့ဘဲ လက်ကို မြှောက်ကာ အော်ပြောလိုက်သည်။


"ဆရာမ အရသာရှိတယ်လို့ ပြောရုံနဲ့ မရဘူး…ကျွန်မတို့လည်း စားချင်တယ်"


"ကျွန်တော်လည်း စားကြည့်ချင်တယ်!"


"ဟုတ်တယ်"


ယေဘူယျအားဖြင့်၊ ကျောင်းသား၏ လက်ရာက အလွန်ကောင်းနေလျှင် ဆရာမသည် ကျောင်းသားအနည်းငယ်ကို မြည်းကြည့်ရန် ကျပန်းရွေးချယ်ရမည်ဖြစ်သည်။ သို့ရာတွင်၊ ဆရာမ ဝမ့် အောက်ကိုငုံ့ကြည့်လိုက်သောအခါ တစ်တန်းလုံး လက်ထောင်ပြနေကြပြီး နောက်တန်းကသူများကလည်း မတ်တပ်ရပ်ထားကြသည်။အတန်းထဲတွင် လူ ၂၅ယောက်ရှိသည်။ လင်းယောင်ယောင် ကို ထည့်မတွက်လျှင် ကျောင်းသား ၂၄ယောက် ရှိသေးသည်။ ထို့ကြောင့် ပဲပင်ပေါက် တစ်ပန်းကန်နှင့် မလုံလောက်နိုင်ပေ။


သူမ ဘယ်လိုမျိုး ခွဲပေးရမလဲ...


ဆရာမ ဝမ့် သည် လင်းယောင်ယောင် ကို ရှက်ရွံ့စွာ ကြည့်နေသည်။ သူမသည် စားဖိုမှူးဖြစ်သောကြောင့် သူမ သဘောအတိုင်းသာဖြစ်သည်။ တစ်ကယ်တမ်းတွင်၊ ဆရာ ဝမ့် သည် ဤပဲပင်ပေါက်ဟင်းကို သူမ တစ်ယောက်တည်း အပြီးစားပစ်ချင်တာဖြစ်သည်။


တစ်လုတ်တည်းနဲ့ သူမ ဘယ်လိုလုပ်ပြီး ဝမှာလဲ...


ပန်းကန်တစ်ချပ်ဆိုလျှင်တောင် ဝမှာမဟုတ်သေး။


ထိုစဉ် လင်းယောင်ယောင် က ဝင်ပြောလာသည်။


"အတူတူလုပ်တဲ့ ၄ယောက်ရော မြည်းစမ်းကြည့်နိုင်ပါတယ်... အချင်းချင်း ဗဟုသုတမျှဝေကြတာ ကောင်းမယ်ထင်တယ်"


ကံထူးရှင်လေးယောက်ကလည်း ဝမ်းသာအားရနှင့် ချက်ချင်း ပြေးလာကြသည်။ ကျန်ကျောင်းသားများ မစားနိုင်သည်က ကိစ္စမရှိသော်လည်း သူတို့ လေးယောက်ကတော့ ဗဟုသုတရဖို့ စားကိုစားမှဖြစ်ပေမည်။


"ဒါက ငါ စားဖူးသမျှထဲမှာ အရမ်းကောင်းတဲ့မုန့်ပဲ"


"ဒါက ငါစားဖူးသမျှထဲမှာ အကောင်းဆုံး အကောင်းဆုံးပဲ"


"အရမ်းနည်းတာပဲ..."


"ဘော့စ်ယောင်ယောင်က အရမ်းအံ့သြဖို့ကောင်းတာပဲ"


အစားအသောက်ကို မမြည်းလိုက်ရသော ကျန်လူများမှာ စိတ်ဓာတ်ကျသွားသော်လည်း မာနမရှိ၊ ဒေါသမရှိသော လင်း‌ေယာင်ယောင်၏ မျက်နှာလေးကို မြင်သောအခါတွင် ငြင်းဆန်ခြင်း မပြုဝံ့ကြပေ။ ဤတစ်ကြိမ်မစားနိုင်လျှင် နောက်တစ်ခါကျလျှင် စားရမည်ဖြစ်၏။


လင်းယောင်ယောင် နဲ့အတူ အတန်းထဲမှာ ရှိနေသရွေ့ သူတို့ နောက်ကို အခွင့်အရေး မရမှာ ဘာလို့ ကြောက်နေမှာလဲ...


နောက်တစ်ကြိမ်တွင် လင်းယောင်ယောင် ၏ အစားအစာကို မြည်းစမ်းခွင့်ရရှိရန်အတွက် သူတို့ကိုယ်တိုင် ဖြည့်စွက်အစားအစာများကို တတ်နိုင်သမျှ အမြန်ဆုံးပြုလုပ်နိုင်ရန် လျှို့ဝှက်စွာ စိတ်ကူးထားကြသည်။ ဆရာမ ဝမ့် က လက်ခုပ်တီးပြီး ကြေငြာလိုက်သည်။


“အခု ဆရာမ ပေးခဲ့တဲ့နည်းအတိုင်းပဲပင်ပေါက်တွေကို ချက်ပြုတ်လို့ရသလို... အတန်းဖော် လင်းယောင်ယောင် သရုပ်ပြတဲ့နည်းလမ်းလည်း ရပါတယ်... ဒါမှမဟုတ် ပဲပင်ပေါက်ကို သုံးနေသရွေ့ ဘယ်လိုဟင်းမျိုးမဆို ချက်နိုင်ပါတယ်နော်.... အဓိကပါဝင်ပစ္စည်းတွေကိုသေချာကိုင်တွယ်ကြပါ.. ဒါ မင်းတို့ရဲ့ ပထမဆုံး စမ်းသပ်မှု အတန်းတာဝန်ပါ...အတန်းမပြီးခင် အခုပဲ စလိုက်ကြတော့ ..မိနစ်ငါးဆယ် ကျန်ပါသေးတယ်...စလိုက်ကြမယ်"


ချက်ချင်း စာသင်ခန်းသည် တက်ကြွလာပြီး စက်ရုပ်များက ပါဝင်ပစ္စည်းများကို လူတိုင်းအား ခွဲဝေပေးလိုက်သည်။ အခြားပါဝင်ပစ္စည်းများ လိုအပ်ပါက စာသင်ခန်းအရှေ့နှင့်အနောက်ဘက်ရှိ ရေခဲသေတ္တာများနှင့် ဟင်းခတ်အမွှေးအကြိုင်စင်များမှ စိတ်ကြိုက် ရွေးချယ်နိုင်သည်။ လင်းယောင်ယောင် ၏ သရုပ်ပြမှုကို သူမအတွက် တစ်ခါတည်း အမှတ်ထည့်ပေါင်းပေးသွားမှာဖြစ်ပြီး ထပ်လုပ်ပြစရာမလိုတော့‌ပေ။ လင်းယောင်ယောင် က ဆရာမ ဝမ့် ကို မေးလိုက်သည်။


"ဆရာမ ရေခဲသေတ္တာထဲမှာ ရှားပါးတဲ့ ပါဝင်ပစ္စည်းတွေ ရှိတယ်ထင်တယ်၊ တခြား ဖြည့်စွက်စာတွေလုပ်ကြည့်မလို့ ရမလား"


ကျောင်းသားတစ်ဦးစီ၏ သင်ယူမှုတိုးတက်မှုမှာ မတူညီပေ။ စာသင်ပြီးပါက အခြားပါဝင်ပစ္စည်းများကို အသုံးပြုခွင့်ရှိသည်။ ထို့ကြောင့်လည်း စာသင်ခန်းထဲရှိ ရေခဲသေတ္တာထဲတွင် ပါဝင်ပစ္စည်းများ ထားပေးခြင်းဖြစ်သည်။ ဖြည့်စွက် အစားအစာများကို ပိုကောင်းအောင် ပြုလုပ်နိုင်လျှင် အပိုဆုကြေးများ ရနိုင်သည်။ လင်းယောင်ယောင်အပေါ် ဆရာမဝမ့် ၏ အထင်ကြီးမှုသည် သိသိသာသာ မြင့်တက်လာပြီး ထောက်ခံလိုက်သည်။


"ရတယ်လေ..."


စမ်းသပ်ခန်းသည် အခန်းနှစ်ခန်း ချိတ်ဆက်ထား‌ေသာကြောင့် တခြားအခန်းကို သွားပြီးလေ့ကျင့်လျှင် ပို၍အဆင်ပြေသည်။ လင်းယောင်ယောင် သည် Biying အသီး၏ အာနိသင်ကြောင့် ဗိုက်ဆာနေရပြီး ပဲပင်ပေါက်ဟင်းကိုလည်း နည်းနည်းသာ စားလိုက်ရသည်။


"ကျွန်မ ဗိုက်နည်းနည်းဆာနေပြီ... ဟင်းချက်ပြီး ကိုယ်တိုင်စားလို့ရမလား"


ထိုစကားမျိုးဘယ်သူမှ မပြောခဲ့ဖူးပေ။ အစားအသောက် ဖြည့်စွက်ကုထုံးဌာနမှ ကျောင်းသားများမှ ပေးဆောင်သော ကျူရှင်ခများမှာ စာသင်ခန်းအတွင်း အသုံးများသော ပါဝင်ပစ္စည်းများ၏ ကုန်ကျစရိတ်များ ပါဝင်ပြီးဖြစ်သည်။ ဆရာမ ဝမ့် သည် အတန်းပြီးသည့်နောက် ကျောင်းသားများနှင့် သိပ်မရောနှောတတ်သော်လည်း လင်းယောင်ယောင် သည် အတန်းတစ်ခုနှင့် တစ်ခုကြားတွင် စားသောက်နေသည်ကိုလည်း သူမ သတိပြုမိသည်။ အေးစက်ပြီး လူအများနှင့် မရင်းနှီးသော မိသားစုကြီးမှ မိန်းကလေးတစ်ယောက်ကု အစားမက်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။


ထိုအခါ၊ လင်းယောင်ယောင် သည် သူမ၏ မျက်နှာကလေးနှင့် မလိုက်ဖက်စွာပင် ဘာကြောင့် ဟင်းကောင်းကောင်းချက်နေတတ်ရသည်ကို သဘောပါက်သွားသည်။ အကြောင်းမှာ သူမသည် ဗိုက်ခဏခဏဆာတတ်၍ ကိုယ့်ဘာသာစိတ်ကြိုက်ချက်စားချင်၍ သင်ထားခြင်းဖြစ်ရမည်။သူမလည်း လင်းယောင်ယောင် ကို ကြည့်နေပုံက ရုတ်တရက် ပိုကြင်နာလာပြီး ချစ်ခင်လာ၍ ပြုံးပြီးပြောလိုက်သည်။


"အရသာကို ဆရာမလည်း မြည်းကြည့်ဖို့ များများလုပ်ပေးနိုင်မလား...ပါဝင်ပစ္စည်းတွေကို ပိုက်ဆံ ပေးစရာမလိုပါဘူး"


လင်းယောင်ယောင် သည် ရေခဲသေတ္တာထဲတွင် နာနတ်သီးများကို‌ေတွ့ပြီး ချက်ချင်းကြိုက်မိသွားသည် ။ နာနတ်သီးနှင် ချိုချဉ်စပ်ဝက်သားဟင်း ချက်မည်ဟု စိတ်ကူးထားသည်။ထို့အပြင်၊ သူမသည် အခြားသော သပွတ်သီးနှင့် ကြက်ဥစွပ်ပြုတ်လည်း လုပ်ချင်မိသည်။ တစ်မျိုးက ရှုပ်ထွေးပြီး တစ်မျိုးက ရိုးရှင်းလှသည်။ အရသာကလည်း လိုက်ဖက်ညီသည်။ဖြည့်စွက် အစားအသောက် ကုထုံးသင်တန်းတွင် ယောက်ျားလေးများနှင့် မိန်းကလေးများသည် သူမကို "ဘော့စ်" ဟု နာခံစွာ ခေါ်ထားသောကြောင့် သူတို့အားလုံးအတွက်ပါ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။အသားကို နည်းနည်းစားခိုင်းပြီး စွပ်ပြုတ်သောက်ခိုင်းလိုက်လျှင် ဗိုက်ပြည့်သွားမှာပင်။


သူမသည် လက်တွေ့ဘဝတွင် အသားများကို စိတ်ပိုင်းဆိုင်ရာစွမ်းအင်ဖြင့် ပြုပြင်ရာတွင် အလွန်ကောင်းမွန်ခြင်းမရှိသောကြောင့် နာနတ်သီး၊ အချဉ်ဆော့စ်အတွက် ခရမ်းချဉ်သီးများနှင့် သပွတ်သီးတို့ကို စိတ်စွမ်းအားဖြင့် စီမံဆောင်ရွက်လိုက်သည်။ မီးအရှိန်ပြင်းပြင်းဖြင့် ချက်ပြုတ်ရန်အတွက် ဆရာမဝမ့်၏ အိုးတစ်လုံးကိုလည်း တောင်းယူလိုက်သည်။



xxxxx

Ei Thet Hmue