အခန်း ၅၅
Viewers 8k

Chapter 55

(နစ်ကို နှင့်မက်ခါတိုက်ပွဲ)


Star Network တွင် အရန်ကုထုံးပညာရှင်များသည် မက်ခါဘများကို မောင်းနှင်နိုင်သော်လည်း အများစုမှာ manual မုဒ်ကိုသာ အသုံးပြုကြသည်။သူတို့၏ ပျော့ပျောင်းပြီး ငြိမ်းချမ်းသော စိတ်ပိုင်းဆိုင်ရာ တင်းမာမှုစက်ဝန်းများသည် ပြင်းထန်သော တိုက်ပွဲများတိုက်ရန် မက်ခါများကို ထိန်းချုပ်ဖို့အတွက် မသင့်တော်ပေ။


မက်ခါ တိုက်ပွဲပလက်ဖောင်းတွင် ပုံမှန်အားဖြင့် Star Network မှာ အကာအကွယ်ယန္တရားတစ်ခု ရှိပြီး အထူးသဖြင့် အရန်ကုထုံးနောက်ခံရှိသော အတွေ့အကြုံမရှိသေးသူများ အတွက်ဖြစ်သည်။ သို့သော်လည်း လင်းရွှမ် လို အဆင့်မြင့် ကစားသမားများသည် တစ်သက်တာ အခမဲ့ ဇိမ်ခံ မက်ခါလေ့ကျင့်ရေးခန်းကို ရသလိုမျိုး အခွင့်ထူးများ ရှိသည်။ အခြားဥပမာတစ်ခုအနေနှင့်၊ ကစားသမားသည် လင်းရွှမ် ၏ မက်ခါ လေ့ကျင့်ရေးခန်းသို့ ချိတ်ဆက်ထားသော တိုက်ပွဲဝင်သူစာရင်းမှ ပြိုင်ဘက်ကို ရွေးချယ်နိုင်သည်။ မည်သည့်အဆင့်ပဲရှိရှိ ထိပ်တန်းမာစတာတွေနှင့်သာ ကျပန်းဆက်သွယ်နိုင်သည်။ ထိုအခွင့်အရေးက တစ်နေ့ကို တစ်ကြိမ်သာ ရသော်လည်း တစ်ကယ့် မာစတာတွေနှင့် ယှဉ်ပြိုင်လိုသူများအတွက် အကောင်းဆုံး အခွင့်အရေးတစ်ခုလည်း ဖြစ်သည်။


သို့သော်လည်း၊ ဤစည်းမျဥ်းတွေကို လုံးဝမသိရှာသည့် လူသစ် လင်းယောင်ယောင် အတွက် အမှားတစ်ခုပင်။ လင်းယောင်ယောင် နှင့် ကျပန်းယှဉ်ပြိုင်ရမည့် ပြိုင်ဘက်သည် "နစ်ကို" ဟုခေါ်သော မက်ခါတိုက်တွဲ ပလက်ဖောင်း၏ ထိပ်တန်း 100 ထဲမှ အဆင့်9ဖြစ်သည်။ သူသည် သနားညှာတာမှုမရှိသည့် လူသစ်တစ်ယောက်ဖြစ်သည်။ သူမကလည်း လမ်းကြမ်း လျှောက်ရတာကို ကြိုက်နေသည်။


လင်းယောင်ယောင် သည် မည်သည့်တိုက်ခိုက်ရေးနည်းစနစ်ကိုမျှ အသုံးမပြုနိုင်သေးပေ။ အနိုင်ရဖို့တောင် မတွေးထားဘဲ လေ့ကျင့်ပေးချင်ရုံသာဖြစ်သည်။ တိုက်ပွဲတွင် တိုးတက်အောင်မြင်ရန် တိုက်ကွက်များကို ခံရဖို့ လိုအပ်သည်ဟု သူမ ထင်မိသည်။ သူမသည် ရိုက်နှက်ရန် စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားသော်လည်း အနီရောင် S-အတန်းအစား ရှိသူ "နေရောင်" (နစ်ကိုရဲ့ မက်ခါနာမည်)၏ အနီရောင် အလင်းတန်းများကိုတွေ့မြင်ရပြီး သူမ၏ မီးခိုးရောင် ဖျော့တော့ ညစ်နွမ်းနေသော B-အတန်းစား မက်ခါ B-XI နှင့် နှိုင်းယှဥ်ကြည့်သောအခါ မနာလိုစိတ်အား ပြင်းထန်စွာ ခံစားလိုက်ရသည်။ မနာလိုမှု၊ မုန်းတီးမှုတို့ ရောထွေးလာရသည်။သူမသည် လူသစ်တစ်ယောက်ဖြစ်၍ အနိုင်ကျင့်ခံရဖွယ်ရှိသော်လည်း တစ်ဖက်သားကို လွယ်လွယ်ကူကူ အနိုင်ပေးလိုစိတ်မရှိပေ။


ထိုသို့ တွေးပြီးနောက် လင်းယောင်ယောင် သည် သူမ၏ SS အဆင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအားကို အသုံးပြုကာ မက်ခါစက်ရုပ်ကို ခြယ်လှယ်လိုက်ပြီး သူမ ရန်သူဆီပြေးသွားလိုက်သည်။ B-အတန်းစား မက်ခါ များသည် ထိုးစစ်နှင့် ခံစစ်စွမ်းရည်တွင် သိပ်ပြီး မကောင်းသော်လည်း ပေါ့ပါးမှုနှင့် သွက်လက်မှုတွင် ကောင်းမွန်လှသည်။ သူမ၏ SS-အတန်းစား စိတ်စွမ်းအားထိန်းချုပ်မှုဖြင့် ပေါင်းစပ်လိုက်ရာ အတော်‌ေလး အားကောင်းသွားပြီဖြစ်သည်။


နစ်ကို ၏ အရည်အချင်းမှာ S plus ဝိညာဉ်စွမ်းအားနှင့် SS ကိုယ်လုံးကိုယ်ပေါက်ဖြစ်သည်။ သူသည် ဝိညာဉ်စွမ်းအားအရ လင်းယောင်ယောင် ထက် အနည်းငယ် နိမ့်ကျသည်။ ထို့အပြင် သူ့ မက်ခါသည် ကြီးမားလွန်းနေသဖြင့် တိုက်စစ်နဲ့ ခုခံစစ် ကောင်းသော်လည်း အရှိန်ကတော့ မကောင်းပေ။ နစ်ကို သည် Star Network ၏ မက်ခါ တိုက်ပွဲတွင် အမြန်နှုန်းသည် အရေးမပါကြောင်း သူက ခံယူထားသည်။


ပြိုင်ဘက်သည် မည်မျှပင် အားကြီးနေပါစေ၊ အနှေးနှင့်အမြန်ဆိုသလို တိုက်ခိုက်ရတော့မည်ဖြစ်သည်။ များလှစွာသော အခြေအနေများကြားတွင်၊ သူ၏ ခွန်အားသည် ပြိုင်ဘက်ကို လုံးလုံးလျားလျား ချေမှုန်းနိုင်လျှင် အနိုင်ရနိုင်သည်။ သေချာသည်က၊သူ့ ပြိုင်ဘက်မှာ လွတ်မြောက်ရန် အခွင့်အလမ်း မရှိတော့ပေ။


အစပိုင်းမှာ နစ်ကို က ဤအမည်မသိလက်ထောက်ကုထုံးပညာရှင်အသစ်သည် သူနှင့်ကျပန်း ကျသွားရခြင်းမှာ ကံဆိုးတာကြောင့်ဟု ထင်ခဲ့သည်။ထို့ကြောင့် တစ်မိနစ်အတွင်း တိုက်ပွဲက ပြီးမည်ဟု သူထင်ခဲ့သည်။ သို့သော်၊ သူမကို သုံးမိနစ်ကြာသည်အထိ ဖမ်းမမိသေးသောအခါ၊ နစ်ကို ကြောက်သွားရသည်။


"မင်းဘာလို့ ပြေးနေတာလဲ...မင်းဒီကို တိုက်ဖို့ လာတာမဟုတ်ဘူးလား.. မင်းသေတော့... မြန်မြန်လာ"


လင်းယောင်ယောင် လည်း ပြေးရတာ နည်းနည်း ပင်ပန်း‌ေန၍ ခဏရပ်ပြီး အနားယူချင်သည်။ သို့သော်လည်း သူ့ပြိုင်ဘက်၏မောက်မာသည့် စကားတွေကို သူမ မြင်လိုက်ရသည့်အခါ ပိုပိုပြီး စိတ်လှုပ်ရှားလာခဲ့သည်။ ထို့နောက် သူမ၏လက်ချောင်းများသာ် လှုပ်ခါနေကြပြီး virtual dialog box တွင် စာရိုက်နေလျက်နှင့် တစ်ဖက်လူကိုခဏပုန်း‌‌နေပြီး မက်ခါကို စိတ်ပိုင်းဆိုင်ရာ စွမ်းအင်ဖြင့် ထိန်းချုပ်ခဲ့သည်။


"လာ...ရိုက်နိုင်ရင် လာရိုက်ပါ"


သူမ၏ ကဲ့ရဲ့သံက အတော်မထီမဲ့မြင်နိုင်လှပြီး အောက်ကျို့သံများပါမနေပေ။ B-XI မက်ခါ သည် နစ်ကို မက်ခါ ၏ တာဝေးပစ်တိုက်ခိုက်မှု အကွာအဝေးအပြင်ဘက်တွင်သာရှိသည်။ နစ်ကို သည် အစက ဒေါသကြောင့် သူ့ကိုယ်သူ ငြိမ်သက်သွားအောင်ပြန်ကြိုးစားလိုက်သည်။ သူ၏ "နေရောင်" က မည်မျှပင်ဆိုးရွားနေပါစေ၊ S-အတန်းစား မက်ခါဖြစ်သည်။ အမြန်နှုန်းသည် သူလို အတန်းစား တူသူများထက် နှေးသော်လည်း B-အတန်းစား မက်ခါ ကို ချေမှုန်းရန် လုံလောက်သည်။


B-XI ၏အမြန်နှုန်းသည် ဤထိပ်တန်းအဆင့်သို့ရောက်ရန် လုံးဝမဖြစ်နိုင်ပေ။ ပိုင်ရှင်သည် မက်ခါကို လည်ပတ်ဖို့ သူမ၏ စိတ်စွမ်းအားကို အသုံးပြုလျှင်တော့ ဖြစ်နိုင်သည်။ သူသည်အစက ဤပြိုင်ဘက်မှာ ဘာမှမတတ်နိုင်သော လူသစ်တစ်ဦးဟု ထင်ခဲ့သည်၊


သို့သော် သူမကတစ်ကယ်ကြီး အမှန်တကယ် ဝိညာဉ်ရေးရာ နယ်ပယ်မှာ ဆရာတစ်ခု ဖြစ်နေတာလား...


သို့သော်လည်း အရန်ကုထုံးပညာရှင်၏ စိတ်စွမ်းအားကို အကောင်းဆုံးဖြစ်အောင် အရှိန်မြှင့်ရန်သာ အသုံးပြုနိုင်ပြီး တစ်ကယ့် တိုက်ခိုက်ရေးသမားကို အနိုင်ယူနိုင်မှာမဟုတ်ပေ။ အခွင့်အရေး လုံးဝမရှိ‌ေပ။


နစ်ကို သည် သူ၏ ကျွမ်းကျင်မှုနှင့် စိတ်စွမ်းအား အားလုံးကို အသုံးပြုကာ အဆင့်သုံးဆင့် ခုန်ပျံသွားလိုက်ရာ နောက်ဆုံးတွင် B-XI မက်ခါသည် သူ၏ တာဝေးပစ်တိုက်ခိုက်မှု၏ အကွာအဝေးအပြင်ဘက်ကို လွင့်ထွက်သွားသည်။ အချိန်အတော်ကြာ ပတ်ပြေးခဲ့ရ၍ သူ ရှက်သွားသောကြောင့် ရေခဲရောင်ခြည်များ ထုတ်လွှတ်ကာ တစ်ဖက်ကို ရိုက်လိုက်သည်။အရင် ဦးစွာ၊ သူသည် ပြိုင်ဘက်ကို အရှိန်လျှော့အောင် လုပ်ရမည် ဖြစ်သည်။


"တိုက်စစ်" နှင့် "ခံစစ်" ကို မကျွမ်းကျင်သော လင်းယောင်ယောင် အတွက် တိုက်ရိုက် တိုက်ခိုက်ခြင်းသည် သူမအား စွမ်းအားမဲ့သွားစေလောက်အောင် အားပြင်းမှန်း နစ်ကို မသိချေ။ရေခဲရောင်ခြည် သည် သူမ၏အရှိန်ကို နှေးကွေးစေသော်လည်း၊သူမအတွက် စဉ်းစားချိန်နှင့် တုံ့ပြန်ချိန် ပိုရသွား၏။သူမ ဘယ်လိုတိုက်ခိုက်ရမှန်းမသိသော်လည်း သူမ၏ပြင်းထန်သောစိတ်ပိုင်းဆိုင်ရာ တင်းမာမှုစက်ဝန်းသည်အချို့သော အကျိုးသက်ရောက်မှုရှိသည်။ မက်ခါ မောင်းနှင်ခြင်းကို သင်ယူခြင်း၏ အဓိကရည်ရွယ်ချက်မှာ သူမ၏ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ရေးပုံစံကို လေ့ကျင့်ရန်ဖြစ်သည်။ မည်သို့ပင်ဆိုဆို၊ သူမသည် ဤပြိုင်ပွဲတွင် အမည်ဝှက်ဖြင့် ပါဝင်ရန် ရွေးချယ်ခဲ့ပြီးဖြစ်သည်။ Star Network စနစ်၏ လုံခြုံရေးသည် အလွန်မြင့်မားနေပြီး သူမရွေးချယ်သည့် မက်ခါသည် လုံးဝအထင်ကရ နာမည်ကြီးသူမဟုတ်ပေ။

လင်းရွှမ် နှင့် လင်းထျန်းယွဲ့ နှစ်ယောက်စလုံးက သူမသည် စိတ်ပိုင်းဆိုင်ရာ တင်းမာမှု စက်ဝန်းကို ဖုံးကွယ်ထားရန် မလိုအပ်ကြောင်း နှစ်ယောက်စလုံးက ပြောခဲ့ဖူးသည်။ သုံးရမည့် အချိန်ဆိုလျှင် သုံးပါဟုလည်း ပြောလိုက်သည်။


သူမ ဤသို့တွေးပြီးနောက်၊လင်းယောင်ယောင် သည် သူမထံသို့ ချဉ်းကပ်လာသော အနီရောင်မက်ခါကို မမြင်နိုင်သော စိတ်စွမ်းအင် လှိုင်းများဖြင့် ရုတ်တရက် စတင်တိုက်ခိုက်လိုက်သည်။


တစ်ဖက်လူ၏ စိတ်စွမ်းအင် အတက်အကျ လှိုင်းများကို ပထမဆုံးတွေ့လိုက်ရသောအခါ နစ်ကို ရယ်မောလိုက်သည်။ ဤလက်ထောက်ကုထုံးပညာရှင်သည် ဆေးဝါး၊ဂီတ နှင့် အချက်ပြုတ် ပညာမှာသာ အချိန်များစွာကုန်ဆုံးခဲ့ဟန်တူပြီး အတော်လေး တုံးအလွန်းနေ၏။


အရန်ကုထုံးပညာရှင်က စစ်သည်ကို လာပြီး စိတ်ပိုင်းဆိုင်ရာ တင်းမာမှုစက်ဝန်းနဲ့ တိုက်ခိုက်နေတာလား... ကျောက်တုံးကို ကြက်ဥနဲ့ ရိုက်သလိုပဲ နေမှာပေါ့…


ထိုစဉ် တစ်ဖက်က စိတ်စွမ်းအင် လှိုင်းများသည် သူ၏ စိတ်ပိုင်းဆိုင်ရာ စက်ဝန်းအထိ တဟုန်ထိုး ရောက်ရှိလာ တော့သည်။ထို့ကြောင့် သူကလည်း ပြိုင်ဘက်၏ စိတ်စွမ်းအင် ပူဖောင်းလေးကို ထိုးဖောက်ရန် ရည်ရွယ်လိုက်သည်။


သို့သော်လည်း မကြာမီ ဤတိုက်ခိုက်မှုသည် ပူဖောင်းလေး တစ်ခုမဟုတ်ကြောင်းတွေ့ရှိသွားသည်။ ၎င်းစက်ဝန်းသည် တိုက်ခိုက်သူ၏ စိတ်စွမ်းအားဖြင့် ပေါက်ဖွားလာသော ထက်မြက်သောဝိညာဉ်ရေးဓားတစ်လက်ဖြစ်သည်။


လင်းယောင်ယောင် ၏ စိတ်စွမ်းအင် တိုက်ခိုက်မှု လှိုင်းများက သူ၏ စိတ်ပိုင်းဆိုင်ရာ နယ်ပယ်ကို ရုတ်တရက် ထိမှန်သွားခဲ့သည်။ သူ၏ ဝိညာဉ်ရေးဆိုင်ရာ နယ်ပယ်တစ်ခုလုံးသည် ဇောက်ထိုးဖြစ်သွားကာ အပြင်းအထန် နာကျင်သွားရသည်။တိုက်ခိုက်မှုသည် ဘေးကင်းရေး သတ်မှတ်ချက်ကို ကျော်လွန်သွားသောကြောင့်၊ လက်တွေ့တွင် သုံးစွဲသူ၏ ဝိညာဉ်ရေးဆိုင်ရာ ဒိုမိန်းကို ထိခိုက်ခြင်းမှ ကာကွယ်ရန်အတွက်၊ "နေရောင်" ကို ကာကွယ် ပေးရန်အတွက် အလိုအလျောက် အော့ဖ်လိုင်း လုပ်ပေးလိုက်၏။


မက်ခါ တိုက်ခိုက်ရေးပလက်ပ်ဖောင်း ... အရန်ကုထုံးဌာနမှ အမည်မဖော်လိုသည့် မက်ခါကို ကိုင်သူ လင်းယောင်ယောင် သည် ဤပွဲကို အနိုင်ရသည့်အတွက်ဂုဏ်ယူမိလိုက်သည်။


"... ဟာ...ဒါ နိုင်သွားတာလား...အင်း…ဒီပြိုင်ဘက်က အရမ်း ခံနိုင်ရည်ရှိလွန်းတယ်....ဒါပေမယ့် ငါက သူ့ထက်တော့ ပိုတော်တာပဲ"


ကံကောင်းစွာနှင့်၊ နစ်ကို သည် လင်းယောင်ယောင် ၏ စကားကို မကြားလိုက်ရပေ။ကြားသွားလျှင်လည်း သူ သွေးအန်နေပေဦးမည်။ သူသည် မိုးကြိုးစစ်ပညာရေးအကယ်ဒမီရှိ မက်ခါ ဌာနတွင် နံပါတ်တစ်ကျောင်းသားသစ်ဖြစ်သည်။ Star Networkရှိ မက်ခါပြိုင်ပွဲပလက်ဖောင်း တွင်၊ သူ၏ စိတ်စွမ်းအားသည် အလွန်ကြီးမားခြင်းမရှိသော်လည်း အဆင့်သတ်မှတ်ချက်တွင် 9 မှာရှိနေသည်။ သို့သော်လည်း လက်ထောက်ကုထုံးပညာရှင် လင်းယောင်ယောင်၏ မျက်လုံးထဲတွင် သူ့ကို အားနည်သူဟုသာ မြင်နေတော့သည်။


တစ်ကယ်တမ်းတွင်လည်း ကျောက်ချင်းယွင် ဟုခေါ်သည့် ဆံပင်နီနီကောင်လေး တစ်ဖြစ်လဲ၊ နစ်ကို မှာအတော်လေး ဒေါသထွက်နေပြီဖြစ်သည်။


"လက်ထောက်ကုထုံးပညာရှင် တစ်ယောက်ဖြစ်ပြီး မက်ခါ ကစားသမားအသစ်က SS အဆင့် တိုက်ခိုက်ရေးပိုင်းဆိုင်ရာ စွမ်းအားတိုက်ခိုက်မှုကို ဘာကြောင့် သုံးနိုင်တာလဲ..."


သူ အစကတည်းက သိထားလျှင် နည်းနည်းတော့ ခံနိုင်ရည်ရှိပြီး၊ လွယ်လွယ်နှင့် ရှုံးမှာမဟုတ်ပေ။


လင်းယောင်ယောင် သည် သူမ၏ ပထမဆုံးကစားပွဲကို အနိုင်ရခဲ့ပြီး သူမ မျှော်လင့်ထားသည့် "အနာခံမှ တိုးတက်ရမည်"ဟူသော သူမ မျှော်လင့်ထားသည့်ပန်းတိုင်ကို မအောင်မြင်ခဲ့၍ ဝမ်းနည်းနေမိသည်။ သို့သော် ယခုပင် ထိုစိတ်စွမ်းအားလှိုင်းများ၏ ထိုးနှက်မှုကို သူမ ကောင်းစွာမထိန်းနိုင်တော့ပေ။ ခွန်အားက ပြင်းထန်လွန်းသဖြင့် သူမ၏ ဝိညာဉ်ရေးဆိုင်ရာ နယ်ပယ်တစ်ခုလုံးမှာ အခေါင်းပေါက်ကြီး ဖြစ်လုနီးပါး ဖြစ်နေရသည်။ စိတ်စွမ်းအားတွေ ကုန်ဆုံးသွားသည့်အခါ လူတစ်ကိုယ်လုံး ပင်ပန်းနွမ်းနယ်လာမည်ဖြစ်သည်။


လင်းယောင်ယောင် သည် ရုတ်တရက် မောပန်းလာသဖြင့် သူမ မျက်လုံးများကို ပွတ်သပ်ကာ Star Network မှ ဆင်းပြီး ရေချိုး၍ အိပ်ရန် အသင့် ပြင်လိုက်သည်။ သို့သော် သူမ အော့ဖ်လိုင်းဖြစ်သွားပြီးနောက်တွင် သူမ အနိုင်ယူခဲ့သော နစ်ကို သည် သူ့အခြေအနေကို အမြန်ပြုပြင်ပြီး အွန်လိုင်းပြန်တက်လာသည်ကို သူမ မသိခဲ့ပေ။နစ်ကိုသည် စနစ်က ပေးပို့လာသည့် ရှုံးနိမ့်ကြောင်း စာကို ကြည့်ပြီး စိတ်ပျက်သွားမိသည်။ တစ်ကယ့် SS အဆင့်စိတ်ပိုင်းဆိုင်ရာ စွမ်းအား တိုက်ခိုက်ရေး သခင်နဲ့ ရင်ဆိုင်ရချိန်မှာတောင် သူ လွယ်လွယ်နှင့် မရှုံးခဲ့ပေ။


ဥပမာအားဖြင့်၊ သူသည် နံပါတ် 5 နေရာရှိ "ကမ္ဘာကျော်" ကို အကြိမ်ပေါင်းများစွာ ရင်ဆိုင်တိုက်ခဲ့ဖူးသည်။ ကမ္ဘာကျော်သည် SS အဆင့် စိတ်စွမ်းအားရှိပြီး Star Network ၏ မက်ခါပြိုင်ပွဲပလက်ဖောင်း တွင် သူထက် နှစ်နှစ် သို့မဟုတ် သုံးနှစ်ကြာအောင် အချိန်ပိုကြာ ကျင်လည်ခဲ့သူဖြစ်သည်။ယခုလည်း သူ့မှာ 30-40% အနိုင်ရနှုန်းရှိနေတုန်းပင်။


ဒါပေမယ့် မထင်မှတ်ပဲ သူက အရန်ကုထုံးပညာရှင် တိုက်ခိုက်ရေးသမားကို တစ်ကယ်ရှုံးသွားတာလား...


နစ်ကို သည် သူ၏ S-အဆင့် အဆင့်အတန်းနှင့် Star Network တွင် ပြိုင်ဘက်ကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် Green Star တော်ဝင်မိသားစုမှ ဆင်းသက်လာသူများသည် ဤစိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကို မျိုးနှင့်ရိုးနှင့် အတော်လေး ပြင်းထန်စွာ ကိုင်တွယ်အသုံးချနိုင်ကြောင်း သိရှိခဲ့သည်။ သို့သော် ထိုဖြစ်ရပ်မှာ လွန်ခဲ့သောနှစ်ပေါင်း ၈၀၀ ခန့်ကဖြစ်နေသည်။ နစ်ကို စိတ်ထဲတွင် ပေါ့ပေါ့ပါးပါး တွေးတောနေမိသည်။


ဒါကြောင့်များ သူက နာမည်မဖော်ထားတာလား...


တစ်ခုတည်းသော သတင်းကောင်းသည် သူ့ကစားပုံတိုးတက်မှုကို သေချာသိရသည်။သူသည် အရေးကြီးသော ပွဲလမ်းသဘင်များတွင် မပါဝင်ပါက ပုံမှန်အားဖြင့် ပရိသတ်များ ကြည့်ရှုနိုင်သည့်မုဒ်ကို ပိတ်ထားတတ်သည်။ ထို့ကြောင့် ဘယ်သူမှ မသိနိုင်သလို ထိုလက်ထောက်ကုထုံးဆရာကိုလည်း ဘယ်သူမှသိကြမှာမဟုတ်။


ဒါပေမယ့် ဒီအထူးလက်ထောက်ကုထုံးက ဘယ်သူလဲ...


နစ်ကို သည် သူ၏ ပြိုင်ဖက်မှတ်တမ်းမှတစ်ဆင့် အမည်မသိပြိုင်ဘက်ထံ သူငယ်ချင်း ဖြစ်ခွင့်မက်ဆေ့ခ်ျကို ပေးပို့ခဲ့သော်လည်း ပြိုင်ဘက်သည် အော့ဖ်လိုင်းဖြစ်နေခဲ့သည်။နစ်ကို အနည်းငယ် သက်သာရာရသွားသည်။ ယခုပြိုင်ပွဲကလည်း ပြိုင်ဘက်၏ ပထမဆုံးအကြိမ် စိတ်စွမ်းအင်သုံးခြင်းဖြစ်နိုင်သည်။ထို့ကြောင့်၊သူ စောစောအနားယူသွားခြင်းဖြစ်ရမည်။


တစ်ဖက်တွင် အော့ဖ်လိုင်းဖြစ်နေသော လင်းယောင်ယောင် သည် ပုံမှန်အတိုင်း လင်းရွှမ် ထံမှ Goodnight စာတစ်စောင်ကို ရရှိခဲ့သည်။ Star Network တွင် သူမ၏ ပထမဆုံးအောင်ပွဲအကြောင်းကို ကြွားချင်မိတာကြောင့် သူမ အမြန်ပင်အသံမက်ဆေ့ခ်ျပို့လိုက်၏။သူမလည်း အသံမက်ဆေ့ခ်ျများ အတော်လေး ပို့ပြီးနောက် သူ့ကို လျစ်လျူရှုထားဖို့ စီစဉ်ထားပြီး နှစ်လနီးပါးကြာအောင် သူမစာကို ပြန်မဖြေခဲ့သည့် အပြစ်ဒဏ်ကို ပေးရမှာဖြစ်ကြောင်း သူမ ရုတ်တရက် သတိရလိုက်မိသည်။


သို့သော်လည်း၊နေ့ခင်းဘက်က သူမ စာမပြန်သည့်အကြောင်းပြချက်ကို ပြောထားပြီးဖြစ်သော်လည်း လင်းရွှမ် သည် ဆက်ပြီး Goodnight ဟု ပို့ပေးနေဆဲဖြစ်သည်။ လက်စားချေ ချင်သော်လည်း တစ်ခုခုပြောချင်နေလျက်နှင့် မပြောနိုင်လျှင် အတော်ကြာအောင် စိတ်မသက်မသာဖြစ်နေရမှာပင်။ ထိုသို့တွေးရင်း လင်းယောင်ယောင် ချက်ချင်းစိတ်သက်သာရာရသွားသည်။


နှစ်မိနစ်အကြာတွင် လင်းရွှမ် ဆီမှဖုန်းဝင်လာခဲ့သည်။ လင်းရွှမ် သည် လျှို့ဝှက်မစ်ရှင်ကြောင့် အသံဖြင့်သာ ဆက်သွယ်ရသည်။


"မင်းရဲ့ စိတ်စွမ်းအားက လုံး၀ လုံး၀ကို အလွတ်ကြီးနီးပါး ဖြစ်နေပါလား...မင်းရဲ့ ဝိညာဉ်နယ်ပယ်က အဆင်မပြေဘူးလား"


"ညီမ ခန္ဓာကိုယ်က ရှုံ့မဲ့သွားသလို ခံစားရတယ်… ဒါပေမယ့် အဆင်ပြေပါတယ်…နောက်ကျရင် များများလေ့ကျင့်ရမှာပေါ့"


"နောက်တစ်ခါဆို ဒီလို မမိုက်စမ်းနဲ့...Star Network မှာ မင်းကိုယ်တိုင် အရင်လေ့လာကြည့်သင့်တယ်…နောက်တစ်ခါ မင်းအားတဲ့အခါ မင်းကို စစ်သည်ရဲ့ စိတ်စွမ်းအားကို ဘယ်လိုသုံးရမလဲဆိုတာ ကိုယ် သင်ပေးမယ်"


ခေတ္တနားပြီးနောက် လင်းရွှမ် က


"မင်းပြောခဲ့တဲ့ 'နစ်ကို' ဆိုတာ ကျောက်ချင်းယွင် လေ… သူ့အဘိုးက အရပ်သားမိသားစု နောက်ခံရှိတဲ့ စစ်ဗိုလ်ချုပ် သုံးယောက်ထဲက တစ်ယောက် အထက်တန်းအရာရှိ ကျောက်ပိုဟိုင် လေ...နေရောင်က အရမ်းလည်းအားကောင်းတယ်...ကိုယ်သူ့ကို တစ်ခါ တိုက်ဖူးတယ်… ဒီရက်တွေမှာ ကိုယ် အွန်လိုင်းမတက်ဖြစ်ရင်၊ သူနဲ့ လေ့ကျင့်လို့ ရပေမယ့် ပရိသတ်မုဒ်ကို မဖွင့်ခိုင်းနဲ့..."


ကျောက်ချင်းယွင်....


သူမ စိတ်ထဲမှာ ထိုနာမည်က နည်းနည်းရင်းနှီးနေသလို ခံစားရသည်။ခဏကြာမှ သူမ ရုတ်တရက် သတိရသွား၏။


'ဖာ့ခ်....သူက မူရင်းမင်းသမီး စုချင်းဟယ် ရဲ့အစ်ကိုမဟုတ်လား'


တစ်ဖက်တွင်၊ ထိုလူ၏အသံက


"မင်း သူ့ မက်ခါအရောင်ကို ကြိုက်ချင်ရင် ကြိုက်လို့ရတယ်…ဒါပေမယ့် သူ့ကိုမကြိုက်နဲ့"


မူရင်းဝတ္ထု၏ သူရဲကောင်းနှင့် ဝေးဝေးနေပါက သူမလည်း ဒုက္ခမရောက်နိုင်ဟု လင်းယောင်ယောင် ယူဆထားခဲ့သည်။ ထို့ကြောင့်စုချင်းဟယ် ၏အစ်ကိုနှင့် ခပ်ကင်းကင်းနေမည်မှာ သေချာသည်။ သူမသည် ဤဘဝတွင် စုချင်းဟယ် ကို ဒုက္ခမပေးသော်လည်း စုချင်းဟယ် သည် သူမကိုမြင်တိုင်း စိတ်ရင်းမှန်ဖြင့် အမြဲပြုံးပြနေခဲ့သည်။


သို့သော်လည်း ဤအရာများကို လင်းရွှမ် အား ပြောပြ၍မရပေ။ ထို့ကြောင့် လင်းယောင်ယောင် သူမ၏ ပင်ပန်းနွမ်းနယ်နေသည့် မျက်လုံးတွေကို ပွတ်သပ်ရင်း


" အိုး၊ ဒီလိုမျိုး ပြောလို့ ဘယ်ရမလဲ.... ငါ သူ့ကို ကြိုက်တယ်ဆိုရင်လည်း အစ်ကိုကြီး ထိပ်တန်းအရာရှိ ကျောက် ရဲ့ မြေးကို သွားတိုက်လို့မရတာတော့ သေချာတယ် "


တစ်ကယ်တမ်းတွင် ကျောက်ချင်းယွင် ၏ပုံစံကို သူမ တစ်ခါမှ မမြင်ဖူးပေ။ လင်းရွှမ် ကို လှည့်စားချင်ရုံ သက်သက်ပင်။ လင်းရွှမ် က အနည်းငယ် စိတ်မချမ်းသာသလို ဖြစ်နေသည်။


"ဘာလို့ မရိုက်ရဲရမှာလဲ..."


သူစကားမဆုံးခင်မှာ တစ်စုံတစ်ယောက်က လင်းရွှမ် ကို ခေါ်နေသလိုမျိုး ဆူညံသည့်အသံတစ်ခု ထွက်ပေါ်လာသည်။ သူကလည်း အလောတကြီးဟန်ဖြင့် ပြောလာ၏။


"ကိုယ် ကိစ္စလေးတစ်ခုဖြစ်နေလို့... မင်းအိပ်တော့...ကောင်းကောင်းအိပ်နော်"


ထို့နောက် လိုင်းပေါ်ကဆင်းသွားခဲ့သည်။ လင်းယောင်ယောင် သည် စခရင်ပေါ်က ရင်းနှီးနေသော နာမည်ကိုကြည့်ကာ ခဏတုံ့ဆိုင်းနေပြီး


"ဟိုမှာ အဆင်ပြေရဲ့လား...ပြီးရင် စာပြန်ဦး... ကောင်းသောညပါ"


သူမကို သူက စိတ်ပူရုံတင်မကဘဲ တစ်ကယ်လည်း သူ့ကို စိတ်ပူနေမိသည်။



xxxxx


Ei Thet Hmue