အခန်း ၅၆
Viewers 8k

Chapter 56


Chapter 56



နောက်တစ်နေ့မနက်တွင် လင်းယောင်ယောင် သည် အားလူံနှင့်အတူ ဖြည့်စွက်အစားအသောက်ဌာန၏ ရုံးခန်းကို သွားသော်လည်း ဆရာမ ဝမ့်ချိုးရှား က သူမနှင့် ဆွေးနွေးစရာတစ်ခုရှိနေသည်ဟု ဆိုသည်။


ကြယ်တာရာခေတ်ကျောင်းများတွင် အတန်းပိုင်ဆရာ မရှိသဖြင့် ကျောင်းသားများသည် ပိုလွတ်လပ်သည်။ ပုံမှန်အချိန်များတွင် ပြဿနာတစ်စုံတစ်ရာရှိပါက၊ ပညာရေးစီမံခန့်ခွဲမှုစနစ်သို့ တိုက်ရိုက်သတင်းပို့နိုင်သည်။ သို့သော်လည်း အဓိက ဘာသာရပ်အများစုကို သင်ကြားပေးသည့် ဆရာမအနေနှင့် ဆရာ ဝမ့် ကသာ အားလုံးကို ဂရုစိုက်လေ့ရှိ၏။ လင်းယောင်ယောင်သည် စိတ်ဝင်တစား မေးလိုက်သည်။


"ဆရာမ ဘာပြောစရာရှိလို့လဲ"


ဆရာမ ဝမ့် : "နေ့လည်ခင်းတွေက အစားအသောက် ချက်ကြတဲ့ စမ်းသပ်မှုတွေပါ...လက်‌ေတွ့လုပ်ရတာပေါ့... မင်း အတန်းတက်စရာ မလိုဘူးထင်တယ်... လင်းယောင်ယောင်"


လင်းယောင်ယောင် စိုးရိမ်သွားသည်။


"အာ... ဘာလို့လဲ"


"ဒီအပတ်မှာ သမီးရဲ့ တိုးတက်မှုကို ဆရာမ သေသေချာချာ လေ့လာခဲ့ပြီးပြီ...ချို့ယွင်းချက်တွေအများကြီးရှိတယ်... သီအိုရီအခြေခံကနေ သင်ယူဖို့လိုတယ်…ဒါပေမယ့် လက်တွေ့လုပ်တဲ့ စွမ်းရည်အရဆိုရင်တော့ မင်းက သူတို့ထက် အများကြီးသာနေတယ်...ဒီလို အတန်းမျိုးတက်ရင်လည်း သမီးအတွက် ဘာအကူအညီမှ မဖြစ်နိုင်ဘူးလေ… ဆရာမ သိထားတာကတော့ ဆရာမတို့ အစားအသောက်ကုထုံးဌာနရဲ့ ဂုဏ်ထူးဆောင် လက်ထောက်ကျောင်းအုပ်နဲ့ အဆောင်မှူးတွေထဲက တစ်ဦးဖြစ်တဲ့ အဘိုးကြီးချိုက်က သမီးကို တပည့်အဖြစ်ခေါ်ထားတယ် လို့ သိရတယ်… ဒါနဲ့ သမီးရဲ့ အခြေအနေကို မစ္စတာ ချိုက်ကို တိုက်ရိုက် တင်ပြခဲ့တယ်...ဒါ‌ကြောင့်သမီး ဆက်ပြီး စမ်းသပ်မှုတွေ လုပ်ချင်ရင် အနောက်ကမ်းပက်စ် မှာရှိတဲ့ အစားအသောက်လက်ထောက်ကုထုံး သုတေသနအခြေစိုက်စခန်းကိုသွားပြီး သူနဲ့ တွေ့နိုင်တယ်”


ထို့နောက် ဆရာမ ဝမ့် သည် တည်နေရာနှင့် အီလက်ထရွန်းနစ် ခွင့်ပြုချက် ဆိုင်ရာ အတည်ပြုအချက်အလက်များအား သူမ၏ ကျောင်းသားအကောင့်ထဲကို ပို့ပေးလိုက်သည်။


သူမ တုံ့ဆိုင်းသွားသည်။ "ကျောင်းသားသစ်ဖလား" အရန်ကုထုံးပြိုင်ပွဲသည် နှစ်ပတ်အကြာတွင် စတင်မည်ဖြစ်သည်။ယခုထိ သူမသည် ချိုက်ယူဟုန် ကို ဆရာအဖြစ် မသတ်မှတ်ရသေးပေ။ ယခု သူမသည် ဖြည့်စွက်အစားအစာ သုတေသန အခြေစိုက်စခန်းသို့ ဝင်ရောက်ခွင့် ရခဲ့သည်။


လူတွေက အတင်းပြောကြမှာလား....


သူမသည် အဘိုးကြီးချိုက် ကို Star Network မှ ဆရာတစ်ဦးအဖြစ် တိုက်ရိုက်မကိုးကွယ်ခဲ့ပေ။ သူမ၏ကိုယ်ပိုင်အရည်အချင်းနှင့် သက်သေပြပြီးကာမှ အဘိုးကြီးချိုက် က သူမကို ပိုအာရုံစိုက်လာခဲ့ခြင်းဖြစ်သည်။ ထိုကိစ္စအား လူအများကပြောလာမှာ သူမ ကြောက်ရွံ့ခဲ့သည်။


"အဲဒါက အစကတည်းက ဆရာကောင်းကို ကိုးကွယ်လို့ပဲ"


အကယ်၍ သူမသည် အဘိုးကြီးချိုက် ၏ တပည့်အဖြစ် ပြိုင်ပွဲတွင်ပါဝင်ပြီး ပထမနေရာမရပါက သူမကို လူတိုင်းက လှောင်ပြောင်ပြီး မစ္စတာ ချိုက် ကို ဂုဏ်သိက္ခာမဲ့စေမည်ဖြစ်သည်။


ဆရာမ ဝမ့် သည် သူမ၏ စိုးရိမ်ပူပန်မှုများကို မြင်ပုံရပြီး


"အတန်းတစ်ခုစီက ဆရာဆရာမများကိုကူညီဖို့ဆိုပြီး ထူးချွန်ကျောင်းသားတစ်ယောက်၊ နှစ်ယောက်ကို သုတေသနအခြေစိုက်စခန်းကို လွှတ်လေ့ရှိတယ်ကွဲ့.. ကျောင်းသားသစ်ဖလားပြိုင်ပွဲရဲ့ ရလဒ်တွေမထွက်ခင်အထိ၊ သမီးကို ဘယ်ဆရာကမှ သင်ပေးမှာ မဟုတ်သေးဘူး....ဒါပေမယ့် သမီးရဲ့စီနီယာဖြစ်တဲ့ ချိုက်မူပိုင် လေ...သူက မစ္စတာ ချိုက် ရဲ့ တပည့်...သူ့ဆီကနေ သင်လို့ရတယ်"


လင်းယောင်ယောင် သက်သာရာရသွားသည်။


"ကျွန်မ စီနီယာအစ်ကို ချိုက် ကို သိပါတယ်...တစ်ကယ် သူနဲ့က ရေစက်ပါတာပဲ"


"ပြီးတော့ အစားအသောက်ကုထုံးသုတေသန အခြေစိုက်စခန်းက အရန်ဆေးဝါးကုထုံး သုတေသနလည်း အတူလုပ်ကြတယ်...ဒီနေ့ဆို စုချင်းဟယ် ဆိုတဲ့ ကျောင်းသားသစ်ကလေးကိုလည်း ခေါ်ထားတယ်တဲ့... သမီး ကြိုးစားရမယ်နော်...ကျောင်းသားသစ်ဖလားပြိုင်ပွဲက တခြားကျောင်းက ဖြည့်စွက် အစားအသောက် ဖြည့်စွက်ကုထုံးဌာနတွေနဲ့ ပြိုင်ဆိုင်ရရုံတင်မဟုတ်ဘူး… ကျောင်းရဲ့ ဖြည့်စွက် ဆေးဝါးကုထုံးဌာ၊ဂီတ ဖြည့်စွက်ကုထုံးဌာနတွေလည်း ပါကြမှာ… ပြီးတော့ ဒီတစ်နှစ်လုံးအတွက် resource တွေ ခွဲပေးရင်လည်း ဒီပြိုင်ပွဲကို ကြည့်ပြီး ပေးမှာ..ဘတ်ဂျတ်တွေ၊ဘာတွေပေါ့.... အရင်တုန်းကတော့ အနိုင်ယူဖို့ မျှော်လင့်ချက်မရှိခဲ့ဘူး...ဆရာမတို့က နှစ်တိုင်း အောက်ဆုံး အဆင့်ပဲ… ဒီနှစ်တော့ သမီး ရှိနေတော့ မျှော်လင့်ချက်တွေ ရှိတယ်လို့ဆရာမ ထင်တယ်"


သူမ ရှက်သွားမိရသည်။ထိုသို့ ဆုပေး၊ဒဏ်ပေးစနစ်မျိုးရှိမှန်း သူမ မသိခဲ့ပေ။


မူရင်းဝတ္ထု၏ အဓိကအကြောင်းအရာက အရန်ဆေးဝါးပညာဖြစ်ပြီး၊ ထိုဆေးဝါးပညာသည် အရန်ကုထုံးတွေထဲမှာ အထူးခြားဆုံးလည်း ဖြစ်သည်။ကုသလိုသူများသည် "ဆေးဝါး" သို့မဟုတ် "သီချင်းနားထောင်ခြင်း" ကိုနှစ်သက်ပါက သူမ ကန့်ကွက်မှာ မဟုတ်သော်လည်း ဘေးထွက်ဆိုးကျိုးများရှိသည့် ဆေးဝါးကုထုံးနှင့် အကျိုးနည်းသော ဂီတကုထုံးသည် အစားအသောက်ကုထုံးထက် ကောင်းမွန်သည်ဟု ပြောလာပါက သူမ လုံးဝ သဘောတူနိုင်မှာမဟုတ်ပေ။


ဆရာမ ဝမ့်၏ စကားကို နားထောင်ပြီးနောက် လင်းယောင်ယောင် ၏ ရည်မှန်းချက်သည်လည်း နိုးကြားလာခဲ့သည်။


"ကောင်းပါပြီ ကျွန်မ ကြိုးစားပါ့မယ်"


ဖြည့်စွက်အစားအစာများတွင် ရှိသော သူမ၏ အောင်မြင်မှုများသည် မူရင်းမင်းသမီး စုချင်းဟယ် လောက် မကောင်းနိုင်သော်လည်း ကိစ္စမရှိပေ။ သူမ လုပ်ချင်သည်က အစားအသောက်ကို ပိုအရသာရှိပြီး ပိုစိတ်လှုပ်ရှားစရာကောင်းအောင် လုပ်ချင်တာဖြစ်သည်။


စုချင်းဟယ် သည် တစ်နေ့တွင် သူမ ချစ်ခင်နှစ်သက်သော လင်းယောင်ယောင် နှင့် အတူတကွ ကုထုံးများကိုသင်ယူနိုင်မည်ဟု မျှော်လင့်ထားသော်လည်း မကြာခင် အခွင့်အလမ်းရှိလာမည်ဟု သူမ မမျှော်လင့်ထားပေ။


လင်းယောင်ယောင် သည် နေ့လည်ပိုင်းတွင် ချိုက်ယူဟုန် ကိုရှာဖွေရန် အရန်‌အစားအသောက်သုတေသနအခြေစိုက်စခန်းသို့ သွားခဲ့သည်။ သူတို့ မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ပြီး ချိုက်ယူဟုန် က သူမကို အခြေစိုက်စခန်းသို့ ခေါ်သွားခဲ့သည်။ သူသည် စိတ်ကောင်းရှိပုံရပြီး ဖော်ရွေပျူငှာသူဖြစ်ကာ ချောမောသော ဦးလေးတစ်ယောက် ဖြစ်နေဆဲပင်။သူမအပေါ် ထားသည့် သူ့သဘောထားက Star Network နှင့် အတူတူပင်။သူက ဆရာလုပ်တတ်သူမဟုတ်ပေ။


လင်းယောင်ယောင် သည် ချိုက်ယူဟုန် နောက်သို့ လိုက်သွားပြီး မေးလိုက်သည်။


"အဘိုးကြီးချိုက်.... အရန် ဆေးဝါးကုထုံး သုတေသန အခြေစိုက်စခန်းကို ဘာသွားလုပ်ကြမှာလဲ"


ချိုက်ယူဟုန် သည် ကလေးမလေးအား စိုက်ကြည့်နေသည်။ လူရှိန်စေဖို့အတွက် အထူးမွေးစားထားသည့် သူ့နှုတ်ခမ်းမွေးကို ထိပြီး စိတ်ဆိုးသံနှင့် ဆိုလာသည်။


"မင်းမသိဘူးလား... ငါက မာစတာအဆင့် ဆေးဆိုင်လက်ထောက်ကုထုံးပညာရှင် တစ်ယောက်လည်း ဖြစ်တယ်လေ... ဆေးဝါးသုတေသနစခန်းကို ဘာလို့ မသွားနိုင်ရမှာ လဲ"


ဥာဏ်ရည်ထက်မြက်သော စက်ရုပ်လက်ထောက်မှလွဲ၍ မည်သူမျှ ဤနေရာတွင် မရှိသည်ကို လင်းယောင်ယောင် မြင်လိုက်သောကြောင့် သူမ သူ့ကို အလိုမကျဖြစ်သွားကာ သံသယဖြင့် ကြည့်လိုက်သည်။သူမနှင့်ဆုံဖူးသူက အရသာရှိသည့် အစားအသောက်မျိုးစုံကို တောင်းစားနေသူဖြစ်သည်။ သူက သူမပို့ပေးလိုက်သည့် အစပ်ဟင်းပွဲကို အတော်လေးကြိုက်၍ တောင်းစားနေသူပင်။ ထို့ကြောင့် သူ့လို အစားသရဲတစ်ယောက်ကို ကြီးမြတ်သော ဆရာအဖြစ် ကိုးကွယ်ဖို့ သူမအတွက် အမှန်တစ်ကယ် မဖြစ်နိုင်ပေ။


သူကလည်း စိတ်မဆိုးဘဲ ပြုံးပြီး သူမ အနားကို ချဉ်းကပ်လာသည်။


"ဆေးဝါးဌာနက အဘိုးကြီး ကျန်းရှန်း က အရမ်းကောင်းတဲ့ ပျိုးပင်လေးတစ်စေ့ကို မျက်စိကျနေတာ.. မနက်တုန်းကမှ ငါ့ကို လာပြတာ...ကျောင်းသားသစ် ဖလားပွဲအပြီးမှာ သူမကို အလုပ်သင်အဖြစ် တရားဝင်လက်ခံမယ်တဲ့…အဲဒီမိန်းကလေးက တစ်ကယ်တော်တယ်...သူမက ပထမတန်းစား အရန်ဆေးဝါးကို တစ်နေရာတည်းမှာ လုပ်နိုင်ခဲ့တာ…တော်တော်လည်း အရည်အချင်းရှိတယ်..ငါ သူ့ကို အကြောမခံနိုင်ဘူးလေ..ငါလည်းထက်မြက်ပြီး ထူးခြားတဲ့ မင်းကိုတွေ့ခဲ့တာမလား"


သူမ လက်ပိုက်ထားလိုက်ပြီး...


"ဒါဆို ဦးလေးက ကျွန်မကို အဲ့ဒီ ရှင့်ရဲ့ ပြိုင်ဘက်ဟောင်း အဘိုးကြီးကို ပြဖို့ ဟိုကို ခေါ်သွားတာလား"


ချိုက်ယူဟုန် : "အင်း..မင်းလက်ရာကိုပြဖို့ မမေ့နဲ့နော်... အရသာကောင်းလွန်းတဲ့ ဟင်းတစ်ခု ချက်ပြလိုက်ဟာ...ဟိုလူကြီး ဒူးပဲထောက်ထောက်၊ အစားအသောက်သရဲပဲ ဖြစ်သွားသွား"


လင်းယောင်ယောင် စကားမပြောနိုင် ဖြစ်သွား၏။ ဆေးဝါးအရန်ကုထုံးသုတေသနစခန်းသို့ မကြာခင် သူတို့ရောက်ရှိတော့မည်ကို သူမ သိသောအခါ နောက်ပြန်လှည့်၍ပြောလိုက်သည်။


"ဦးလေး လုပ်ချင်တာက နည်းနည်းလွန်သွားပြီ...ကျွန်မ မလုပ်နိုင်ဘူး...ပြန်တော့မယ်"


ချိုက်ယူဟုန် က သူမ အင်္ကျီလက်ကို အမြန်ဆွဲကိုင်လိုက်သည်။


"မသွားနဲ့ဦး...‌ဒါသာ အိုကေရင် စိတ်ကူးယဉ်ရုံနဲ့ မင်းလုပ်ချင်တာမှန်သမျှ လုပ်လို့ရတယ်... ဘယ်လို ဟင်းမျိုးမဆို အရသာရှိပြီး စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်က ပထမတန်းစားထက် မနိမ့်ရင် ရပြီလေ...ကြိုက်တာချက်ပြလိုက်လို့"


အစားအသောက် ဖြည့်စွက်ကုထုံးဌာနသည် နှစ်ပေါင်းများစွာ ဖိနှိပ်ခံထားရပြီး ခေါင်းမထောင်နိုင်သောကြောင့် ချိုက်ယူဟုန်မှာ ထိုသို့သော ရည်မှန်းချက်များ ရှိခြင်းဖြစ်နိုင်သည်။


ချိုက်ယူဟုန် သည် မာစတာအဆင့် ဆေးဝါးလက်ထောက်ကုထုံးပညာရှင်နှင့်ဌာန၏ ခေါင်းဆောင်မဟုတ်ပါက၊ မဟာအဆင့် ဆေးဝါးကုထုံးပညာရှင် ကျန်းရှန်းသည် သူ့ကို အတည့်တောင်ကြည့်မှာမဟုတ်ပေ။


မကြာမီ ဆရာ၊ဆရာမများနှင့် အလုပ်သင်များသည် အရန်ဆေးဝါးကုထုံးသုတေသနစခန်း၏ တံခါးပေါက်သို့ ရောက်လာကြသည်။ သူတို့သည် ပြဿနာရှာဖို့ လာနေမှန်း သိသာသော်လည်း ချိုက်ယူဟုန်၏ အကြောင်းပြချက်ကမူ။


"မင်းတို့ရဲ့ ရှားပါးဆေးဖက်ဝင်ပစ္စည်းတွေကို သုံးပြီး ဆေးဖက်ဝင်ဖြည့်စွက်စာတွေ လုပ်ခိုင်းဖို့ ကလေးမလေးတစ်ယောက်ကို ငါခေါ်လာတာ"


အစားအသောက်အရန်ကုထုံးပညာရှင်များနှင့် အရန်ဆေး၀ါးကုထုံးပညာရှင်များက အချင်းချင်းပါဝင်ပစ္စည်းများအလာတူရှိနေခြင်း ကြောင့် နှစ်ခုကြားတွင် ဆက်စပ်မှုများရှိနေသည်။မကြာသေးမီနှစ်များအတွင်း မစ္စတာချိုက်က "ဆေးဝါးအစားအသောက်များ" ကို သုတေသနပြုကာ ထောက်ခံအားပေးခဲ့ပြီး အစားအသောက်လက်ထောက်ကုထုံးပညာရှင်များသည်လည်း ဆေး၀ါးလက်ထောက်ကုထုံးများဖြစ်လာသည်။


ဆေးဝါးနှင့် အစားအစာအရန်ကုထုံး သုတေသန စခန်းနှစ်ခုကြား လှုပ်ရှားမှုသည်လည်း တိုးလာခဲ့သည်။လူအများစုသည် စခန်းတွေကြားမှာ အများကြီးရွှေ့ပြောင်းသွားကြလျှင် ရုန်းရင်းဆန်ခတ်မှုတွေ ပိုများလာနိုင်သည်။ဥပမာအားဖြင့် ဖြည့်စွက်အစားအစာအရန်ကုထုံးဌာနမှ ထူးချွန်ကျောင်းသားများသည် ဆေး၀ါးအရန်ကုထုံးကို သင်ယူလိုက်လျှင် ဖြည့်စွက်စာကုထုံးကို သင်ယူလိုခြင်းမရှိကြတော့ဘဲ ဆေး၀ါးကုထုံးဌာနသို့ ပြောင်းချင်ကြသည်။


သို့မဟုတ် မစ္စတာချိုက်အား ဖြည့်စွက်ဆေး၀ါးလုပ်ရာတွင်ကူညီရန် ဆေး၀ါးအရန်ကုထုံးဌာနမှ ထူးချွန်ကျောင်းသားရှိခြင်းက ကောင်းသော်လည်း တစ်ခါတစ်ရံ သူ့ဆီကနေ ဖြည့်စွက်စာကုထုံး သင်ယူရန်လဲ ဖျောင်းဖျကြည့်သေးသည်။ဆေးဆရာကြီး ကျန်းရှန်း နှင့် ချိုက်ယူဟုန် တို့က တစ်ယောက်နှင့်တစ်ယောက် သဘောထားကွဲလွဲမှုအချို့ဖြင့် မသက်မသာ ကြည့်နေကြပြီး သူတို့က တစ်ဖက်အဖွဲ့ ရှုံးနိမ့်စေရန် အချင်းချင်းချနင်းရန် ၀န်လေးကြသူများမဟုတ်‌ေပ။


ချိုက်ယူဟုန်က အစားအသောက် နှင့် ဆေး၀ါးဖြည့်စွက် ကုထုံးဌာန၏ နှစ်ထပ်ကွမ်းမာစတာ တစ်ဦး ဖြစ်ပြီး အင်ပါယာ တစ်ခုလုံးတွင် တစ်ဦးတည်းသော အစားအသောက်ကုထုံး ပညာရှင် ဖြစ်သည်။သူသည် ဆေး၀ါးကုထုံးပညာရှင် မိသားစုမှ မွေးဖွားလာသော ကျန်းရှန်း ထက် အဆင့်အတန်း မြင့်သည်။သို့သော်လဲ ဖြည့်စွက်စာစျေးကွက်က ပုံမှန်အားဖြင့် အရန်ဆေးဝါးလောက် မကောင်းပေ။ထို့ကြောင့် အချိန်အများစုမှာ

ချိုက်ယူဟုန်ဟာ ဝေဒနာခံစားနေရသူဖြစ်သည်။


ကံကောင်းထောက်မစွာ မစ္စတာကျန်း က အစားအသောက်ကုထုံးမှာ မရှိမဖြစ်လိုအပ်သည်ကိုသိသည်။သူနှင့် ချိုက်ယူဟုန် အချင်းချင်း မတည့်ကြသော်လည်း ဆေးထက် ဘေးထွက်ဆိုးကျိုးမရှိသော "ဆေး၀ါးဓာတ်ဓာ"ကို မကြာခဏ အတူတကွ လုပ်ဆောင်လေ့ရှိကြသည်။အရသာရှိလျှင် ပိုကောင်းသည်။


ဆေးဖက်ဝင်ပစ္စည်းများကို ဆေး၀ါးဓာတ်စာထဲ ထည့်သွင်းထားသော်လည်း ဆေးမဟုတ်ပဲ အစားအသောက်တစ်ခုပင်ဖြစ်သည်။


မစ္စတာချိုက်၏ဂုဏ်ယူရသော တပည့်တူလေး ချိုက်မူပိုင်မှာ အသက်ကြီးသော်လည်း အဆင့်မြင့် အစားအသောက် ကုထုံးနှင့် ဆေးဖက်ဝင် ကုထုံးများ အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။သူက ဆေးဝါး အစားအသောက် ကုထုံးတွင်လည်း အဓိက အထူးပြုသူဖြစ်သည်။


ဆေးဝါးနှင့် အစားအသောက်ကုထုံးဆိုင်ရာ သုတေသနတွင် သူ့အားကူညီပေးနိုင်ရန်အတွက် မစ္စတာကျန်းကပင် အရည်အချင်းရှိသော သူ့မိသားစု၏ တူမဖြစ်သူ ကျန်းရို့ကို အစားအသောက်အရန်ကုထုံးဌာနတွင်ပညာသင်ကြားစေသည်။


သို့သော်လည်း ကျန်းရို့ က သူမရဲ့ ဖွံ့ဖြိုးမှုကို မသိရသေးသော်ကြောင့် လတ်တလောသူ့အားကူညီပေးနိုင်မည် မဟုတ်။ကျန်းမိသားစုအတွက် အရေးကြီးဆုံးအချက်မှာ ဆေး၀ါးပြုဓာတ်စာများကို သုတေသနပြုရာတွင် အခြေအနေကို သေချာစေရန်ဖြစ်သည်။


ကျန်း မိသားစု၏ ဆေးဝါးကုထုံးတွင် တပည့်ကောင်းစွာရှိသော်လည်း အငယ်ဆုံးမျိုးဆက်တွင် ထိပ်တန်းအဆင့်တပည့်များမရှိသေးပေ။သို့သော် မစ္စတာကျန်း ကတပည့်တွေကို အရည်အချင်းရှိသော ဆေးဝါးပညာရှင်အဖြစ် သင်ပေးနိုင်သရွေ့ သူ့အတွက် ဂုဏ်ယူစရာပင်ဖြစ်သည်။


မစ္စတာကျန်း မစ္စတာချိုက်အား မနက်က မိတ်ဆက်ပေးခဲ့သော တပည့်အသစ် စုချင်းဟယ်မှာ ဆေး၀ါးအရန်ကုထုံးဌာန၏ အထူးချွန်ဆုံး ကျောင်းသားတွေထဲက တစ်ယောက်ဖြစ်သည်။


မနက်ခင်းပိုင်းတုန်းက မစ္စတာကျန်းသည် စုချင်းဟယ် လုပ်ထားသော ဆေးသောက်လာပြီး ဒီကောင်မလေး ဘယ်လောက်တော်ကြောင်း ၀ံ့ကြွားနေမိသည်။သူမသည် အတန်းစပြီး တစ်ပတ်အကြာပထမတန်းစား အရန်ဆေးဝါးများကို လုပ်နိုင်ခဲ့သည်။ သူမ၏ ဆေးဖက်ဝင်ပစ္စည်းများကလဲ ကုသခြင်းတွင် အလွန်ထူးခြားသည်...


မစ္စတာချိုက် က မထိန်းနိုင်တော့ဘဲ မကျေနပ်စွာဖြင့်... "ငါ့ရဲ့ အဖိုးတန်လင်းယောင်ယောင်လေးက ဟိုးအရင်ထဲက star net ပေါ် ကြိုးစားနေတာ Weibo မှာတောင် ကျူတိုရီရယ်ဗီဒီယို တင်လိုက်သေးတယ် စုချင်းဟယ် က ဘာမှမလုပ်ပဲ လိုက်ကူးနေတာကြီးကို..."


ဆေး၀ါးနှင့် အစားအသောက် ဖြည့်စွက်ကုထုံးနှင့် ပတ်သက်သော ဤဂုဏ်သတင်းမျိုးက အပြိုင်အဆိုင်ဖြစ်သည်။မစ္စတာကျန်းက ချက်ခြင်းပင် စိတ်ပျက်လက်ပျက်ဖြင့်....

“အစားအသောက်ပစ္စည်းကနေ ဆေးဖက်ဝင်ပစ္စည်းတွေအဖြစ် ဒါမှမဟုတ် ဆေးဖက်ဝင်ပစ္စည်းကနေ အစားအသောက်အဖြစ် ပြောင်းတာကို အရင်က ငါစမ်းသပ်ဖူးတယ် ကုသတဲ့အာနိသင်က မူရင်းကုသမှုလောက်မကောင်းလို့သုတေသနတောင် ထပ်မလုပ်ဖြစ်တော့ဘူး ငါတို့ရဲ့ ဆေးဝါးဗေဒဌာနရဲ့စုချင်းဟယ်က လင်းယောင်ယောင် ထက်အရင် အရန်ဆေးဝါးကိုလုပ်ခဲ့တာ ပြီးတော့ ရမှတ်ကလဲ ပထမဆုံးပဲလေ လင်းယောင်ယောင်ရဲ့စိတ်ကူးစိတ်သန်းကနေရခဲ့တာဆိုရင်တောင်မှ ဗီဒီယိုကို ကြည့်ရုံနဲ့ ပထမတန်းစား အရန်ဆေးကို ဖန်တီးနိုင်တာလည်း သူ့အစွမ်းအစပဲကွ..."


ထိုအချိန်က ချိုက်ယူဟုန်သည် လင်းယောင်ယောင် ပထမတန်းစားအဆင့်တွင် ဖြည့်စွက်အစာပြုလုပ်နိုင်သည်ကို မသိသောကြောင့် ထိုအချက်ကို ချက်ခြင်းမတုံ့ပြန်နိုင်ခဲ့ပေ။သူ့စိတ်ထဲတွင် ဝမ်းနည်းနေမိသည်။နေလို့မကောင်းလိုက်တာ...


ကံကောင်းထောက်မစွာဖြင့် ဆရာမ၀မ့်က လင်းယောင်ယောင်အား စမ်းသပ်ခန်းသင်ယူမှုတွင် သာမာန်ကျောင်းသားတွေထက် တိုးတက်မှုရှိပြီးအစားအသောက်ကုထုံးဆိုင်ရာ သုတေသနစခန်းသို့ အကြံပြုလိုကြောင်းတင်ပြခဲ့သည်။ထို့ကြောင့် လက်ရှိအခြေအနေသို့ ရောက်လာခြင်းဖြစ်သည်။


လင်းယောင်ယောင် ရောက်ရှိလာသည်နှင့် မစ္စတာချိုက်က သူမအား ဆေး၀ါးကုထုံးသုတေသနစခန်းသို့ ခေါ်ဆောင်သွားပြီး မစ္စတာကျန်းကိုရှာရန် မစောင့်နိုင်တော့ပေ။


ချိုက်ယူဟုန် လင်းယောင်ယောင်ကို ခေါ်လာသောအခါ မစ္စတာကျန်းက ဓာတ်ခွဲခန်းအပြင်ဘက်တွင် စုချင်းဟယ်သည် ဆေးဖက်ဝင်ပစ္စည်းမှ အစားအသောက်ပါဝင်ပစ္စည်းများအဖြစ် ကိုင်တွယ်ပုံကို ဟိုလိုဂရပ်ဖ်မှတစ်ဆင့်ကြည့်နေသည်။

စုချင်းဟယ်ကလည်း မစ္စတာကျန်း သူမကို စောင့်ကြည့်နေသည်ဆိုတာကို သိပုံရသည်။


ဆေးဖက်ဝင်ပစ္စည်းများကို ကိုင်တွယ်ရာတွင် မကြာခဏ အာရုံစူးစိုက်မှုလိုအပ်ပြီး စူးစိုက်ကြည့်ရှုနေခြင်းက ဆေးဝါးပညာရှင်၏ စိတ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။


မစ္စတာချိုက်က မစ္စတာကျန်းကို တမင်သက်သက်ကြိုမပြောပဲ လင်းယောင်ယောင်အားသူနှင့်အတူ ခေါ်ဆောင်လာသည်။သူကပါးနပ်စွာ ရှားပါးသော ဆေးဖက်ဝင်ပစ္စည်းများကို သုတေသန အခြေစိုက်စခန်းတွင် သုံးချင်သည်ဟုသာ ပြောခဲ့သည်။


ကျန်းရှန်းမှာ ချိုက်ယူဟုန် ထက် အသက် နှစ်ဆယ် သို့မဟုတ် သုံးဆယ်လောက်ကြီးပြီးအနည်းငယ်ချမ်းသာပုံရသည်။လင်းယောင်ယောင်အပေါ်တွင် သူ့အမြင်က...

"အရန်ကုထုံးရဲ့ အကျိုးသက်ရောက်မှုကို မသိရပေမယ့် စိတ်ပိုင်းဆိုင်ရာအရည်အချင်းကမြင့်မားတယ် ချက်ပြုတ်နိုင်တဲ့စွမ်းရည်ကလဲ ကြည့်ကောင်းတယ် ရှေးဟောင်းတရုတ်အစားအစာတွေကို အမှီပြုထားတယ် သူက ဂုဏ်ထူးဆောင်ရတာကို ကြိုက်တဲ့ ကလေးမလေးပဲ..."


ထို့ကြောင့် မစ္စတာကျန်းက လင်းယောင်ယောင် ကို ဂရုမစိုက်ဟန်ဖြင့် စိုက်ကြည့်နေသည်။


သူက မစ္စတာချိုက် ကို လက်ယမ်းပြပြီး စိတ်မရှည်စွာ...

"စကားများမနေနဲ့ ငါအလုပ်ရှုပ်နေတယ်ဆေးပစ္စည်းတွေ ဘယ်မှာထားလဲ မင်းသိတာပဲ လိုအပ်တာ ကိုယ့်ဘာသာ ယူသွားလိုက်..."


သူ့ကို အပြစ်ဆို၍ မရပေ။ ဤအချိန်က စုချင်းဟယ် အတွက် အလွန်အရေးကြီးသော အချိန်ဖြစ်သည်။မစ္စတာကျန်းက ဤတပည့်အား အလွန်အာရုံထားပြီး ပို၍မစိုးရိမ်ပဲမနေနိုင်သည်မှာ အမှန်ပင်။


လင်းယောင်ယောင် သူစိုက်ကြည့်နေသော ဆေးဖက်ဆိုင်ရာပစ္စည်းများ ပြုပြင်ထုတ်လုပ်ခြင်းတွင် စုချင်းဟယ် ၏အာရုံစူးစိုက်မှုကို ကြည့်ရှုခဲ့သည်။စုချင်းဟယ် က သူမ၏ ဆေးဖက်ဝင်ပစ္စည်းများပြုပြင်သည့်နည်းကို အသုံးပြုနေကြောင်း တွေ့ရှိခဲ့သည်... စုချင်းဟယ်က ထိုကဲ့သို့ယဥ်‌ေကျးမှုမရှိသောနည်းလမ်းကို စမ်းသုံးကြည့်ရန် ဆန္ဒရှိလိမ့်မည်ဟု သူမထင်ခဲ့ပေ။

စုချင်းဟယ်မှာ အမှန်တကယ်လှပသည်ဟု သူမပြောလို‌ေပသည်။


မိန်းမဆန်ဆန်အလှတရားရှိသော လင်းယောင်ယောင် ၏ သဘာဝမက်မွန်သီးကဲ့သို့မျက်လုံးများနှင့် မတူဘဲ စုချင်းဟယ်က အလွန်ပြေပြစ်ပြီး ချောမောသည်။ ဆေးဖက်ဝင်ပစ္စည်းများကို ဂရုတစိုက် ကိုင်တွယ်ပုံက တကယ်ကို ဆွဲဆောင်မှုရှိလှသည်။


လင်းယောင်ယောင်က "အရှင်သခင်၏ဒဏ္ဍာရီ" စာအုပ်တစ်အုပ်လုံးကို သူမ၏အမည်နှင့်ဆင်တူသော အမျိုးသမီးဇာတ်ကောင်ကြောင့်လည်းကောင်း၊ အမျိုးသမီးဇာတ်ကောင်၏ခံစားချက်သည် အမှန်တကယ် ကောင်းမွန်သောကြောင့် ဖတ်ဖြစ်ခဲ့ခြင်းဖြစ်သည်။


သူတို့နှစ်ယောက် ပထမဆုံးအကြိမ်တွေ့ဆုံပြီးကတည်းက စုချင်းဟယ်သည် သူမကို အမြဲပြုံးပြသည်။နှစ်ခါသုံးခါလောက် တက်ကြွစွာ နှုတ်ဆက်ခဲ့ဖူးသည်။ထို့ကြောင့် သူမကံကြမ္မာက ဝတ္ထုထဲရှိမူရင်းပိုင်ရှင်၏ ကံကြမ္မာနှင့်မတူ အမှန်တကယ် ကွဲပြားလိမ့်မည်ကို လင်းယောင်ယောင် နားလည်ထားသည်။

သူမ စုချင်းဟယ် ကို တမင်ရှောင်နေရန်လဲ မလိုအပ်ပေ။နောက်ပြီး သူတို့နှစ်ဦးစလုံးက အရန်ကုထုံးဌာန၏ ကျောင်းသူများဖြစ်ကြပြီး ဆရာများကလည်း ပြိုင်ဘက်မိတ်ဆွေဟောင်းများဖြစ်ကြသည်။နောင်တွင် သူတို့ကြားတွင် တွေ့ဆုံပွဲများနှင့် ပြိုင်ပွဲများ အဆက်မပြတ်ရှိလာနိုင်သည်။


"နစ်ကို" ၏အသွင်အပြင်နှင့် ကျောင်းချင်းယွင်၊ စုချင်းဟယ်၏အစ်ကိုဖြစ်သူကြောင့် စုချင်းဟယ်က မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ကျောင်းမိသားစုမှ အသိအမှတ်ပြုခံရမည်ဖြစ်သည်။သူတို့နှစ်ဦးစလုံးက အင်ပါယာမြို့တော်စတား၏ ထိပ်တန်းစစ်တပ်မိသားစု သားသမီးများဖြစ်ကြပြီး တူညီသော အသိုင်းအ၀ိုင်းထဲတွင် ရှိသည်။


အစားအသောက်ကုထုံးအရ၊ သူမက သေးငယ်သောအောင်မြင်မှုများရရှိရန် ရွှေလက်ချောင်းများအဖြစ် ယခင်ဘဝအမှတ်တရကို အားကိုးခဲ့သည်။ သို့သော် စုချင်းဟယ် က အမြဲတမ်း ရှေ့ဆုံးရောက်ရန် သူမ၏ အရည်အချင်း၊ ကျွမ်းကျင်မှုနှင့် ကြိုးစားအားထုတ်မှုအပေါ် အားကိုးခဲ့သည်။လင်းယောင်ယောင် ကသူမနှင့်စုချင်းဟယ် သူငယ်ချင်းမဖြစ်နိုင်လျှင်လည်း ပြိုင်ဖက်ဖြစ်ကောင်းဖြစ်နိုင်မည်ဟုထင်မိသည်။




xxxxx

Ei Thet Hmue