အခန်း ၅၇
Viewers 8k

Chapter 57

(ဗုဒ္ဓဘုရား တံတိုင်းပေါ်ကျော်လာခြင်း)



စုချင်းဟယ်က လက်ထဲရှိဆေးကို အောင်မြင်စွာဖန်တီးပြီး စိတ်ပိုင်းဆိုင်ရာလုပ်ဆောင်မှုစမ်းသပ်ချက်တွင် ထည့်သွင်းထားသည်။သူသည် အလယ်တန်းမှ မြင့်မားသော ထိရောက်မှုဖြင့် ဒုတိယအဆင့်ကို လျင်မြန်စွာ ပြသခဲ့သည်။စုချင်းဟယ် မှအသုံးပြုသော ဆေးဖက်ဝင်ပစ္စည်းအများစုမှာ ပထမတန်းစားဆေးဖက်ဝင်ပစ္စည်းများဖြစ်ပြီး နှစ်ခုသာလျှင် ဒုတိယတန်းစားဆေးဖက်ဝင်ပစ္စည်းဖြစ်သည်။ သူမ၏ စိတ်စွမ်းအားဖြင့် အနှစ်သာရကို အပြည့်အဝ မထုတ်ယူနိုင်သောကြောင့် အညစ်အကြေးများကို ဖယ်ရှားပြီး ဆေးအဖြစ် ကြိတ်ချေခဲ့သည်။


ဤနည်းဖြင့် ထွက်လာသော ဒုတိယအဆင့် အလယ်အလတ်မှ အထက်တန်းစားဆေးပညာတွင် အခွင့်ရေးကောင်းများကြောင့် သူမက "လက်ထောက်ကုထုံးတပည့်" မဟုတ်တော့ဘဲ "ပညာရှင်လက်ထောက်ကုထုံး" ဖြစ်လာသည်။


ချိုက်ယူဟုန် ၏မျက်နှာက ဒေါသကြောင့်နီရဲနေသည်။စုချင်းဟယ် ထက် မနိမ့်ကျသော အလွန်တော်ပြီး အလားအလာရှိသော တပည့်ကို လက်ခံစေရန် ရည်ရွယ်ပြီး လင်းယောင်ယောင်ကို ခေါ်လာခြင်းဖြစ်သည်။သူမ၏ ဖြည့်စွက်စာသည် ပထမတန်းစားအဆင့်ဖြစ်ပြီး အလွန်အရသာရှိသည်။တစ်ဖက်က သူ့ကို မယုံလျှင် ယောင်ယောင်အား လက်စွမ်းပြစေလိုခဲ့သည်။


သို့သော် လက်စွမ်းပြရန် အချိန်မရလိုက်သည်ကို ဘယ်သူထင်လိမ့်မလဲ....စုချင်းဟယ် ၏ "ဒုတိယအဆင့် အလယ်တန်းနှင့် အထက်တန်းစား" ကြောင့် တွေေ၀သွားရသည်။ဒီတစ်ခါ သူ အကျပ်ရိုက်သွားသည်။

ရှေးတရုတ်ရိုးရာအစားအစာအိမ်၌ လင်းယောင်ယောင် ပြုလုပ်သော ဖြည့်စွက်အစားအစာအများစုသည် ပထမတန်းစားပါဝင်ပစ္စည်းများဖြစ်ပြီး ဖြည့်စွက်ကုထုံးအကျိုးသက်ရောက်မှုနှင့်ပေါင်းစပ်လိုက်လျှင် မာစတာအဆင့်အရန်ကုထုံးပညာရှင်ထံရောက်ရှိနိုင်သည့်အမြင့်ဆုံးအဆင့်နှင့် ယှဉ်နိုင်သည်။


ဆိုလိုသည်မှာ စိတ်စွမ်းအားလှုပ်ရှားမှုအချက်အဆင့်သို့ ကူးပြောင်းရာတွင်လဲ ပထမတန်းစား ဖြစ်သည်။လင်းယောင်ယောင်က စိတ်စွမ်းအားလှုပ်ရှားမှုအချက်အဆင့်ထိ မတိုင်းတာနိုင်သော်လည်း၊ "ဒုတိယအဆင့် အလယ်အလတ်နှင့် အထက်တန်းစား" ရရှိရန် တကယ်တမ်းပြဿနာမရှိလှပေ။


သို့သော်လည်း သက်သေမပြနိုင်တော့ချေ။


လင်းယောင်ယောင်က မစ္စတာကျန်း၏ ပီတိမျက်နှာကို ကြည့်ပြီး... "ဒုတိယအဆင့်-အလတ်တန်းစား အထက်တန်းစား က အင်အားကြီးတာလား.." ဟု မမေးဘဲ မနေနိုင်တော့ပေ။

မစ္စတာကျန်း က သူမကို မကျေမနပ် စိုက်ကြည့်ရင်း... "ဟုတ်တယ် အံ့ဩစရာကောင်းလောက်အောင်ပေါ့..."

စုချင်းဟယ်က ကျောင်းတက်ပြီး သိပ်မကြာခင်အချိန်အများစုအထိ ပထမအဆင့် ဆေးဖက်ဝင်ပစ္စည်းများနှင့်သာ ထိတွေ့ခဲ့သည်။ဒုတိယအဆင့် ဆေးဖက်ဝင်ပစ္စည်းများကို ကိုင်တွယ်ရန် သင်ယူခဲ့ပြီး အလွယ်တကူ "ဒုတိယအဆင့် အလယ်အလတ်နှင့် အထက်တန်းစား" ကို

ထူးချွန်စွာပြုလုပ်နိုင်ခဲ့သည်။မာစတာအဆင့် ဆေး၀ါးလက်ထောက်ကုထုံးပညာရှင် မစ္စတာကျန်းပင်လျှင် ယခင်က မလုပ်နိုင်ခဲ့ပေ။


မစ္စတာချိုက် က ရှက်ရွံ့စွာကြည့်ရင်း... "ဒီကလေးမလေး ဒါကို ကောင်းကောင်းမသိသေးပါဘူး ပြီးတော့ ငါတို့ ယောင်ယောင်ကလည်း အရမ်းတော်တယ် အတန်းထဲမှာ ပထမတန်းစားစိမ်းညွှန့်ပေါင်းဟင်းကို ချက်ပြီးသွားပြီ... "


မနက်တုန်းက မစ္စတာကျန်းသည် ကျောင်းစစချင်းတွင် "ပထမအဆင့် ပထမတန်းစား" ဖြစ်ရခြင်းကအလွန်ကောင်းသည်ဟုခံစားရသည်။ဆယ်စုနှစ်တစ်ခုကျော်အတွင်း ဟွာနို့ပထမစစ်တက္ကသိုလ်တွင် အနည်းငယ်သာရှိခဲ့သော်လည်း သူ၏နောက်ထပ်တပည့်များက "ဒုတိယအဆင့် အလယ်အလတ်အထက်တန်းစား" များဖြစ်လာသည်။မစ္စတာကျန်းက "ပထမအဆင့် ပထမတန်းစား" မှာ ဘာမျှမဟုတ်တော့သလိုပင်။


မစ္စတာကျန်းက ပြုံးပြီးပြောသည်... "မင်းတို့ အတန်းထဲမှာ ပထမအဆင့် ရတာက တကယ်ကို ကောင်းပါတယ် စိတ်အေးအေးနဲ့ လေ့လာတာကို အာရုံစိုက်နိုင်ရင်တော့ ပိုကောင်းတာပေါ့ ပျံသန်းဖို့ မစဉ်းစားခင် ဘယ်လို လမ်းလျှောက်ရမလဲကို အရင်လေ့လာသင့်တယ်မဟုတ်လား"


လင်းယောင်ယောင်၏ကိုယ်ပိုင်အဆင့်က ပထမတန်းအဆင့်တစ်ခုသာဖြစ်သော်လည်း ကြယ်ကွန်ရက်တွင် သင်ကြားရေးဗီဒီယို တင်ရန် ရှက်ကိုးရှက်ကန်းမဖြစ်ပေ။အာရုံစိုက်ခံချင်လွန်းလှသည်။

မစ္စတာချိုက်က အလွန်စိတ်ဆိုးသွားပြီး လင်းယောင်ယောင်က..."ဆေးဖက်ဝင်ပစ္စည်းတွေယူဖို့အချိန်ရောက်ပြီ ဖြည့်စွက်ဆေးဖက်ဝင်အစားအစာတွေလုပ်ဖို့ ပြန်သွားရမှာမဟုတ်ဘူးလား..."


မစ္စတာချိုက်ကို လင်းယောင်ယောင် က ဆွဲခေါ်သွားလိုက်သည်။သူက ဒေါသအရမ်းထွက်နေပြီး ခေါင်းလှည့်ကာ မစ္စတာကျန်းကို မျက်စောင်းထိုးလိုက်သည်။

မစ္စတာကျန်းက စိတ်ကောင်း၀င်နေသောကြောင့် စိတ်မဆိုးဘဲ လက်ကိုဝှေ့ယမ်းပြီး... "မင်း တိုက်ခိုက်စရာ ရှာမတွေ့ရင် ငါတို့မှာ ဂီနီဝက်တွေ အများကြီး ရှိတယ် ငှားလို့ရတယ်နော်..."


သူက ဂီနီဝက်အစစ်ကို ဆိုလိုသည်။ပထမတန်းစား တိရစ္ဆာန်၊ ကျက်စားသော တိရစ္ဆာန်၊ သန်မာ၍ တက်ကြွမှုရှိပြီး တိုက်ခိုက်နိုင်စွမ်း မြင့်မားသည်။သီအိုရီအရ ဖြည့်စွက်စာနှင့် ကျွေးလျှင် ပိုအစွမ်းထက်သည်။

သို့သော် ဖြည့်စွက်စာများကိုသာ မကြာခဏ ကိုက်စားပြီး ပါးစပ်တွင် အမြုပ်များထွက်လာတတ်သည်။ ချစ်စရာကလေးငယ်များက မကောင်းသော ဟင်းလျာကြောင့် အဆိပ်ခတ်ခံရလိုက်သကဲ့သို့ အလွန်သနားဖို့ကောင်းသည်။


ဆေးဝါးပညာရှင်များမှ ထုတ်လုပ်သည့် ဆေးအသစ်များသည် အသုံးပြုသူများအတွက် လုံး၀အန္တရာယ်ကင်းပြီး မသေဆုံးနိုင်ကြောင်း စစ်ဆေးရန် ကြွက်များအတွင်းသို့ တိကျသော ဆေးပမာဏတစ်ခု ထိုးသွင်းစမ်းသပ်ရန် လိုအပ်သည်။


လင်းယောင်ယောင်က မစ္စတာချိုက်ကို ဆေးဝါးပစ္စည်းသိုလှောင်ခန်းသို့ ဆွဲခေါ်သွားခဲ့သည်။

မစ္စတာချိုက် က စိတ်ဓာတ်ကျစွာဖြင့်... "အဘိုးကြီးကျန်း ရဲ့တပည့်က ဒီလောက်တော်မယ်လို့ မထင်ထားဘူး...သူပြောတာကို ဂရုမစိုက်နေနဲ့.. ပညာပေးဗီဒီယိုကို မှတ်တမ်းတင်တယ်ဆိုတာ မင်းက အယ်လဲဗင်းဖြစ်ပြီး လူတွေကို ရှေးတရုတ်အစားအစာအပေါ် တက်တက်ကြွကြွနဲ့ စိတ်၀င်စားလာဖို့အတွက်ဆိုတာ ငါသိတယ် အရန်ကုထုံးအကျိုးသက်ရောက်မှုက ဒုတိယအချက်ပေါ့..."


ချိုက်ယူဟုန်က ကျန်းရှန်းကြောင့် ခံစားရသည်မှာ ပထမဆုံးအကြိမ်မဟုတ်ပေ။သူက အလွန်နေသားကြနေပြီဖြစ်သည်။ အစားအသောက်ဖြည့်စွက်ကုထုံးဌာနက ကဏ္ဍပေါင်းစုံတွင် ဆေးဝါးဖြည့်စွက်ကုထုံးဌာနထက် ညံ့ဖျင်းသည်။သို့သော် ယခုတစ်ကြိမ်တွင် လင်းယောင်ယောင် ကို သူနှင့်အတူ ခေါ်ဆောင်လာခဲ့ပြီး မူလက သူမကို အားကိုးရန် မျှော်လင့်ခဲ့သည်။သူ့အမြော်မြင်က အဘိုးကြီးကျန်းထက် မဆိုးကြောင်း သက်သေပြချင်သည်။သူ လင်းယောင်ယောင်အား အထင်သေးစေပြီး အထင်လွဲအောင် လုပ်ခဲ့မိသည်။


လင်းယောင်ယောင် က ပြုံးပြီး... "လက်ထောက်ကုထုံးက တကယ်တော့ တိုက်ခိုက်ရေးသမားတွေနဲ့ တူတယ် စကားပြောဖြေရှင်းတာက အသုံးမဝင်ဘူး ခွန်အားနဲ့ ပြတာက ပိုကောင်းတယ်..."

သူမက မျက်တောင်ခတ်ပြီး ပြောနေသည်။


"ဆရာ့ကို ဒူးထောက်ပြီး အဖေလို့ ခေါ်တဲ့အထိ အရမ်းအရသာရှိတဲ့ ဟင်းလုပ်ချင်တယ်လို့ပြောတယ်မလား... လမ်းမလျှောက်ခင် ပျံသန်းဖို့ စဉ်းစားတာ ဘာအဓိပ္ပာယ်လဲတော့ မသိဘူး ကျွန်မက နတ်သမီးလေးပဲဟာ လမ်းမလျှောက်နိုင်တော့ရင် ပျံလို့ရတယ်..."


သူမ၏ယုံကြည်မှုပုံစံက အလွန်ချစ်စရာကောင်းနေသည်။မစ္စတာချိုက်က ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြန်သည်။ သူ့လက်တွေကို ပွတ်သပ်ပြီး...


"ဘာအရသာရှိတဲ့အရာလုပ်မှာလဲ ငါ... မင်းရဲ့ စီနီယာအစ်ကိုကို ကူညီခိုင်းလိုက်မယ် ဒါ‌ေပမယ့် ပြီးခဲ့တဲ့နှစ်ရက်လောက်ကမှ သူလုပ်စရာတစ်ခုရှိလို့ ကျောင်းမှာမရှိဘူး နောက်တပတ် ပြန်လာတဲ့အထိ စောင့်ဦး..."

ချိုက်ယူဟုန်မှ လင်းယောင်ယောင်အား ချိုက်မူပိုင်၏အကူအညီလိုအပ်မည်ကို မေးမြန်းရန်စတင်ခြင်းမှာ သူမ၏ ဖြည့်စွက်စာမှာအရသာရှိသော်လည်း ဖြည့်စွက်ကုထုံးအကျိုးသက်ရောက်မှုမှာ လုံလောက်မှုမရှိမည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည်။


လင်းယောင်ယောင် က ခေါင်းခါပြီး...


"တစ်ယောက်တည်း လုပ်နိုင်ပါတယ်... အစ်ကိုချိုက် နဲ့ လေ့လာဆွေးနွေးဖို့ အခွင့်အလမ်းတွေ အများကြီးရှိသေးတယ် ဒါကြောင့် ဒီတစ်ခါတော့ အလျင်မလိုပါဘူး..."


သူမက ဓာတ်ခွဲခန်းမှ ဆေးဘက်ဆိုင်ရာ ပစ္စည်းများစွာကို ယူခဲ့သည်။ အချို့မှာ ရှားပါးသော်လည်း အများစုမှာ အလွန်အသုံးများနေသေးသည်။ဒီတစ်ခါမှာတော့ လင်းယောင်ယောင်၏ ဟင်းပွဲများက အရင်ကထက် ပိုရှုပ်ထွေး‌ေပသည်။


"ဗုဒ္ဓဘုရား တံတိုင်းကျော်လာခြင်း"


[T/N: "ဗုဒ္ဓဘုရားတံတိုင်းကျော်လာခြင်း" သည် အလွန်နူးညံ့သည့်အထိ ရှည်လျားနူးညံ့သော တရုတ်အရသာများဖြင့် ပြည့်နေသော ဟင်းချိုတစ်မျိုးဖြစ်သည်။ ဟင်း၏အမည်မှာ ဤဟင်းလျာက ကောင်းကင်ရနံ့များ ရှိသည် အဓိပ္ပါယ်မှာ သက်သတ်လွတ်အားတင်ကြပ်စွာဘုန်းသောမြတ်စွာဘုရားအား ဤအစားအခြေခံ ဟင်းလျာကို မြည်းစမ်းကြည့်ရန် နံရံပေါ်မှ ကျော်ကာ ဆွဲဆောင်နိုင်သည် ဟု ရည်ညွှန်းပါသည်။]


တရုတ်အစားအစာ စားသုံးသူတိုင်းသည် "ဗုဒ္ဓဘုရား တံတိုင်းကျော်လာခြင်း" ဟူသော ဂုဏ်သတင်းကို ကြားဖူးသင့်သည်။သူမ၏ယခင်ဘဝတွင် လင်းယောင်ယောင် တစ်နှစ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်စားရန် သက်သက်ထွက်လေ့ရှိသည်။

လင်းယောင်ယောင်က သူ့အဖွား၏ လမ်းညွှန်မှုဖြင့် အကြိမ်ကြိမ် ပြုလုပ်ရန် ကြိုးစားခဲ့သည်။ လင်းယောင်ယောင်သည် ဟင်းချက်ခြင်းတွင် အမှန်တကယ် ထက်မြက်ပြီး အကောင်းဆုံးပစ္စည်းများကို အသုံးပြုထားခြင်းကြောင့် ဖြစ်နိုင်သည်။


သူမရဲ့ ဟင်းပွဲတွေသည် နာမည်ကြီးစတိုးဆိုင်တွေနှင့် ယှဉ်နိုင်သည်။


"ဗုဒ္ဓဘုရား တံတိုင်းကျော်ခြင်း" ၏ ထုတ်လုပ်မှုလုပ်ငန်းစဉ်မှာ အလွန်ခက်ခဲပြီး နည်းလမ်းများစွာရှိသည်။ထုံးတမ်းစဥ်လာနည်းလမ်းတွင် ကုန်ကြမ်း ဒါဇင်ရှိပြီး အများသုံးနည်းလမ်းမှာ ကုန်ကြမ်းတစ်ဒါဇင်ကျော်ရှိသည်။အိမ်တွင်ပြုလုပ်နည်းမှာ အဓိကကုန် ခြောက်မျိုးဖြစ်သည်။လင်းယောင်ယောင်က အများသုံးနည်းလမ်းကို ရွေးချယ်ခဲ့သည်။အဓိကပါဝင်ပစ္စည်းများမှာ ပဲငံပြာရည်၊ ပင်လယ်သခွားသီး၊ ငါးမေးရိုး၊ကျွဲကော်ရည်၊ တံပိုးမှို၊ အရွက်၊ ပန်းမှို၊ ကင်းမွန်၊ ဂုံးကောင်၊ ငုံးဥ စသည်တို့ဖြစ်သည်။


ရိုးရိုးရှင်းရှင်းပြောရလျှင် ဤပါဝင်ပစ္စည်းများ တစ်ဒါဇင်ကျော်ကို သီးခြားစီပြင်ဆင်ပြီးမှ ပေါင်းပြီး ဝိုင်ပုလင်းတစ်လုံးထဲတွင် ထည့်ထားရမည်။ထို့နောက် ဟင်းရည်နှင့် ရှောက်ရှင်း ဝိုင်ကို ထည့်ပြီး ဆယ်နာရီကျော်ကြာအောင် နူးအိ၍ အရသာရှိသော ဟင်းလျာကို ရရှိရန် မွှေရမည်။ရှောက်ရှင်း ၀ိုင်ရည်က လုံး၀ကုန်သွားပြီဖြစ်၍သူမက ကြယ်တာရာခေတ်တွင် ပိုမိုကျော်ကြားသော ဆန်ဝိုင်ကို အသုံးပြုခဲ့ရသည်။ဝိုင်အိုးအတွက် သူမ ခေတ်ဟောင်း ကြွေအိုးတစ်လုံးသာ အသုံးပြုသည်။


ထိုပါဝင်ပစ္စည်းများက အစားအသောက်ကုထုံးသုတေသနအခြေစိုက်စခန်းတွင် အသုံးများသောပစ္စည်းမဟုတ်၍ မရရှိနိုင်သောကြောင့် လင်းယောင်ယောင် သူမ အမည်ဖြင့် ဖြည့်စွက်အစားအစာဆိုင်မှတစ်ဆင့် ရိက္ခာမှူးစက်ရုပ်ကိုဝယ်ယူပေးရန် အကူအညီတောင်းခဲ့သည်။ဤခေတ်တွင်မရနိုင်သောပါဝင်ပစ္စည်းများအတွက် လင်းယောင်ယောင် ဤအချိန်တွင် ကြယ်စုတစ်ခုနှင့်တစ်ခုကြားခေတ်ရှိပါဝင်ပစ္စည်းများ၏အရသာကို သူမနားလည်သလိုအခြေခံ၍ အစားထိုးလိုက်သည်။ဤဟင်းလျာကို ပြုလုပ်ရန် ပြင်ဆင်မှုများစွာ လိုအပ်ပြီး ကြာရှည်လွန်းသဖြင့် သူမက မစ္စတာချိုက်ကို ပြန်ခေါ်သွားသည်။ပြီးလျှင် မစ္စတာကျန်းကို အစားအသောက်ကုထုံးသုတေသနစခန်းသို့ ဖိတ်ခေါ်ပြီး သူ့အားအနံ့ဖြင့်ဆွဲဆောင်ရမည်။သို့သော် အရင်ဦးဆုံး မမြည်းကြည့်စေဘဲ စိတ်ပိုင်းဆိုင်ရာအကျိုးသက်ရောက်မှုကိုသာ ကြည့်ရှုစေမည်။ထိုမြင်ကွင်းက အလွန်စိတ်လှုပ်ရှားစရာကောင်းလိမ့်သည်။


မစ္စတာ ချိုက်က အနည်းငယ် တုံ့ဆိုင်းသွားသည်။တစ်ချိန်က လင်းယောင်ယောင်၏ "လိမ်လည်လှည့်ဖြားခြင်း" ခံခဲ့ဖူးသဖြင့် ကလေးမလေး၏ လှည့်ကွက်များကို သတိကောင်းကောင်းထားနေသည်။ ဟင်းတစ်ခွက်တည်းဖြင့် အမှန်တကယ်အောင်မြင်မှုရနိုင်ပါ့မလား...


မစ္စတာကျန်းက စပ်သောအစားအသောက်မစားနိုင်သူဖြစ်၍ အစပ်လုံးဝမစားဘဲ အစပ်ဟင်းက စားကောင်းကောင်းမကောင်းကောင်း ဂရုမစိုက်ပေ။သို့သော်လည်း ကလေးမလေး၏ ယုံကြည်မှုကိုကြည့်ခြင်းဖြင့် ဤတစ်ကြိမ်တွင် သူစောင့်နေလိုက်သည်။

တစ်ဖက်တွင်၊ စုချင်းဟယ် အသစ်လုပ်ထားသော "ဒုတိယအဆင့် အလယ်အလတ်နှင့် အထက်တန်းစား" ဆေးထွက်လာသောအခါ အဘိုးကြီးကျန်းက သူမကို ချီးကျူးနေသည်။


စုချင်းဟယ် အနည်းငယ်ရှက်သွားပြီး..."တကယ်တော့ ဒါက တစ်ယောက်ထဲဂုဏ်ယူရမှာမဟုတ်ပါဘူး အစားအသောက်အရန်ကုထုံးဌာနက လင်းယောင်ယောင်ရဲ့ ပညာပေးဗီဒီယိုကြောင့် ဆေးဖက်ဝင်ပစ္စည်းတွေကို အစားအစာအဖြစ် ကုသဖို့ စိတ်အားထက်သန်ခဲ့တာပါ .. သူ့ရဲ့ star net စတိုးဆိုင်က ဟင်းပွဲတော်တော်များများကို မြည်းကြည့်ဖူးတယ် စိတ်စွမ်းအင်တွေက ပထမတန်းစား ဒုတိယတန်းစားနဲ့အားလုံးနီးပါးဖြစ်တယ်လို့ ခံစားရတယ်လေ

အတန်းဖော် လင်းယောင်ယောင် က အရမ်းတော်တာကြောင့် နောက်ကျကျန်လို့မဖြစ်ဘူးဆိုပြီး အခု အဆင့်၂ ဆေးကို စပြီး စမ်းကြည့်တယ် လင်းယောင်ယောင်နဲ့ ပါဝင်ပစ္စည်းတွေနဲ့ဆေးဖက်ဝင်ပစ္စည်းတွေကို စီမံဆောင်ရွက်ရမယ့်နည်းတွေကို ဆွေးနွေးဖလှယ်ခွင့်ရရင် သိပ်ကောင်းမှာပဲ..."


သွက်လက်ဖျက်လတ်ပြီး တောက်ပမှုရှိသော မိန်းကလေးက တကယ်ကို အရည်အချင်းရှိပြီး စုချင်းဟယ် အပေါ်မှာ ဤမျှလွှမ်းမိုးနိုင်လိမ့်မည်ဟု ကျန်းရှန်း မမျှော်လင့်ထားခဲ့ပေ။သူက အကုန်လုံးနားမလည်သော်လည်း ယေဘူယျ ကောက်ချက်ချပြီး ဆုံးဖြတ်ထားပြီးသားဖြစ်သည်.။အဘိုးကြီးချိုက်က တပည့်ကောင်းတစ်ယောက်ကို ရှာတွေ့လိမ့်မည်ဟု သူ လုံး၀မထင်ထားခဲ့ချေ...


"ငါသူ့ကို မောင်းထုတ်ခဲ့တာပဲ".ဤကိစ္စကို သူ့တပည့်အား ဘယ်လိုပြောရမလဲ...

ကျန်းရှန်း အပြင်ပန်းကဟန်ဆောင်၍...


"မင်းပြောခဲ့တဲ့ လင်းယောင်ယောင်... နဲ့ မစ္စတာချိုက်က ဒီမှာပဲရှိတယ်..."


ထိုကောင်မလေး နာမည်က အလွန်ထူးခြားပြီး ရုပ်ရည်လှပသူဖြစ်၍ မျက်လုံးထဲတွင်ထင်းနေသောကြောင့်ကျန်းရှန်း မှတ်မိရန် မခက်ခဲလှပေ။

စုချင်းဟယ်က ချက်ချင်းပင် စိတ်လှုပ်ရှားကာ လှည့်ပတ်ကြည့်သည်။


"အာ...ဘယ်မှာလဲ သူနဲ့ မျက်နှာချင်းဆိုင် စကားပြောချင်နေတာ ကြာပြီ ကံဆိုးချင်တော့ အခွင့်အရေးမရလိုက်ဘူး..."


ရံဖန်ရံခါ တွေ့ဆုံကြသော်လည်း သူမက နှုတ်ဆက်ရန် အစပြုခဲ့သည်။သို့သော် လင်းယောင်ယောင် ကတော့ အမြဲတမ်း ဗျာများနေပြီး အလုပ်ရှုပ်နေခဲ့သည်။သူမက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြပြီးသာ နောက်လှည့်ထွက်သွားသည်။ကျန်းရှန်း က သတိ၀င်လာပြီး...


"မင်းက ဆေး၀ါးဖြည့်စွက်ကုထုံးဌာနကပဲကို အစားအသောက်ဖြည့်စွက်ကုထုံးဌာနနဲ့ ဘာလုပ်ဖို့ ရင်းနှီးချင်နေတာလဲ အဘိုးကြီးချိုက် အရူးလုပ်လို့ အစားအသောက်ကုထုံးကို သင်ယူဖို့ သူ့နောက်လိုက်ပြီး သူ့ဌာနကိုပြောင်းဖို့ဆိုရင် နောက် ငါ့ဆီက ဆေးကုသမှုအကြောင်း လာမမေးနဲ့..."


စုချင်းဟယ်: "အာ မဟုတ်ပါဘူး... ကျွန်မက သင်ယူချင်တာပါ တစ်ယောက်ကိုတစ်ယောက် ပြောဆိုဆက်ဆံပြီး အားပေးချင်ရုံပါ..."


စုချင်းဟယ်၏စိတ်လှုပ်ရှားမှုကို မခံနိုင်တော့ဘဲ ကျန်းရှန်း ထိုလူကို နှစ်ရက်အတွင်း ရှာဖွေရန်

တပည့်ကိုအားကိုးပြီး အစားအသောက်ကုထုံးသုတေသနစခန်းသို့ သွားရောက်လည်ပတ်ရန် ဆုံးဖြတ်ခဲ့သည်။


ညနေပိုင်းတွင် လင်းယောင်ယောင် "ဗုဒ္ဓဘုရား တံတိုင်းကျော်လာခြင်း" အတွက် ပြင်ဆင်မှုများ အားလုံးကို ပြီးစီးသွားပြီး အိုးကြီးတစ်လုံးထဲတွင် ထည့်ကာ မီးအေးအေးဖြင့် ဆူအောင်တည်လိုက်သည်။စွပ်ပြုတ်ချက်ပြီးသည်အထိ ဆယ်နာရီကျော်ကြာလိမ့်မည်ဟုမစ္စတာချိုက်ကို သူမ မပြောဖြစ်ခဲ့လျှင် မစ္စတာချိုက် က သွားအိပ်ချင်မည်မဟုတ်ပဲ ဟင်းပွဲကို ချက်ချင်းကြည့်ချင်သည်။

အိပ်ဆောင်ကိုပြန်ရောက်သောအခါ ညနေဆယ်နာရီထိုးနေ‌ေလပြီ။ လင်းယောင်ယောင် တစ်နေ့လုံး ပင်ပန်းလာရာ ရေချိုးပြီးနောက် ကုတင်ပေါ်တွင် လဲလျောင်းလိုက်သည်။မနေ့ညက သူမ ကောင်းသောည ဟု မက်ဆေ့ချ်ပို့ခဲ့သော်လည်း လင်းရွှမ် ထံမှ အဖြေမရရှိခဲ့ပေ။ယနေ့ မင်္ဂလာရှိသော နံနက်ခင်းလေးပင် ပျောက်ကွယ်သွားခဲ့လေပြီ။သူမ အလွန်အိပ်ငိုက်နေသော်လည်း သူ၏ အသက်အန္တရာယ်နှင့်မတော်တဆဖြစ်မည်ကို စိုးရိမ်သောကြောင့် လုံးဝအိပ်မပျော်နိုင်ပေ။သူမက နောက်ထပ် မက်ဆေ့ချ်တစ်ခု ပေးပို့ခဲ့ပြီး အချိန်အတော်ကြာအောင် စောင့်ကြည့်သော်လဲ အကြောင်းပြန်မလာချေ။


လင်းယောင်ယောင် သူ၏ ဆက်သွယ်ဖုန်းကို မနေနိုင်ပဲ ခေါ်လိုက်သည်။ခဏအကြာ သူမအဆက်အသွယ်ရခဲ့သော်လည်း တစ်ဖက်မှထွက်လာသည့်အသံမှာ လင်းရွှမ်၏အသံမဟုတ်... ထူးဆန်းသောယောက်ျားအသံဖြစ်သည်။အမှန်တကယ်တွင် လက်ထောက်ဖြစ်သူချန်ပင်း က ဖုန်းကို လက်ခံရရှိခဲ့သည်။


သူ့တွင် လင်းရွှမ်၏ ဆက်သွယ်ပြောဆိုသူနှင့် ဒုတိယဆက်သွယ်ရေး အခွင့်အာဏာရှိပြီးကိုယ်စား အဝင်ခေါ်ဆိုမှုများကို ဖြေကြားနိုင်သည်။"နတ်သမီးလေး" ထံမှ ဟု မြင်လိုက်ရသောအခါ သူ့ဦးနှောက်ထဲ မိုးခြိမ်းသံ တဟုန်ထိုးမည်နေသလို ခံစားလိုက်ရသည်။ထိုရှေးရိုးစွဲကောင်လေး လင်းရွှမ်က ဤကဲ့သို့သော အူယားစရာနာမည်ပြောင်ကို အမှန်တကယ် အသုံးပြုလိမ့်မည်ဟု ထင်မှတ်မထားပေ။


ချန်ပင်းက လင်းရွှမ်အချစ်ဆုံးလူမှာ သူ့ညီမလေး ဖြစ်သည်ကို နောက်ပိုင်းတွင်အတည်ပြုနိုင်ခဲ့သော်လည်း လင်းရွှမ် က ၀န်မခံခဲ့ပေ။ချန်ပင်း အမှန်တကယ်သိချင်မိသည်။ သံတုံးပင်ကြီးလင်းရွှမ်ကို ဘယ်သူက ပန်းများပွင့်လာအောင် လုပ်နိုင်ခဲ့သလဲ.....

ဤလင်းယောင်ယောင်မှာ ယခင်က မာနကြီးသော အမျိုးသမီးတစ်ဦးဖြစ်သည်။ ဆယ့်ရှစ်နှစ်ပြည့်ပြီးလျှင် မိန်းက‌ေလးတွေပြောင်းလဲလာပြီး အိမ်ရှင်မကောင်းဖြစ်လာသည်မှာ အမှန်ပဲလား...

သိချင်စိတ်ကြောင့် ချန်ပင်း ခေါ်ဆိုမှုကို လက်ခံရန် နှိပ်လိုက်သည်။


ကလေးမလေး၏ အသံက ချိုမြိန်ပြီး တုန်နေသည်။သူမက ဒေါသအရိပ်အယောင်အနည်းငယ်ဖြင့်... "လင်းရွှမ်စုတ်...အဆင်ပြေနေရင် ဘာလို့ စာပြန်မဖြေတာလဲ..."

အသံကိုကြားလိုက်သည်နှင့် ချန်ပင်း ၏နားများ ပြတ်လုမတက်ဖြစ်သွားသည်။သူငယ်ချင်းညီမလေး သို့မဟုတ် သူငယ်ချင်းအနာဂတ်ဇနီးလောင်းဟုသဘောထားကာ ကမန်းကတန်းဖြင့်ယဥ်‌ေကျးစွာ ဖြေလိုက်သည်။


"ကျွန်တော်က လင်းရွှမ် မဟုတ်ပါဘူး သူ့လက်ထောက် ချန်ပင်း ပါ ဘယ်သူလဲလို့ မေးလို့ရမလားဗျ..."


လင်းယောင်ယောင်က လူမှားနေသည်ကိုကြားလိုက်ရ၍.. "လင်းယောင်ယောင်ပါ လင်းရွှမ် ဘာဖြစ်နေလို့လဲ သူတစ်ခုခုဖြစ်နေပြီလား..."


လင်းရွှမ်၏ ဆွေမျိုးဖြစ်သောကြောင့် ချန်ပင်းက မစ်ရှင်၏ လျှို့ဝှက်ချက်များကို အန္တရာယ် မဖြစ်စေဘဲ သူဒဏ်ရာရနေသည်ကို ပြောပြသေးသည်။


"မနေ့က ကျွန်တော်တို့ဆီ နောက်ထပ်ရန်သူ တိုက်ခိုက်တာ ရှိခဲ့တယ် လင်းရွှမ် အရင်က စိတ်ရောဂါ မဖြစ်ဖူးဘူးမလား ရန်သူကို ချေမှုန်းဖို့အတွက် သူ့ရဲ့ စိတ်စွမ်းအားကို အသုံးပြုခဲ့ပါတယ် ဒါပေမယ့် ကြီးကြီးမားမား ပြဿနာမရှိပါဘူး စိတ်ချပါ ကံကောင်းလို့ သူ့ညီမရဲ့ ဖြည့်စွက်စာကို အချိန်မီစားခဲ့တယ်လေ...သူ့အတွက် လုပ်ထားတဲ့ ဖြည့်စွက်စာက အရမ်းအာနိသင်ရှိလို့ စိတ်ရူးသွပ်မှုကနေ မြန်မြန်ဆန်ဆန် ပြန်ကောင်းလာပေမယ့် စိတ်စွမ်းအား အားနည်းသွားတာ ဖြစ်နိုင်တယ် အခုတော့ လင်းရွှမ် နှစ်ရက်သုံးရက်လောက်နေပြီး ကုသမှုခံယူဖို့ လိုအပ်နေပါတယ် သူ့စိတ်စွမ်းအားနယ်ပယ်က အလွန်အကျွံသုံးနေသေးတော့ စိတ်ရူးသွပ်မှုလည်း ရှိနေတုန်းပဲ နှစ်ရက်လောက်ကြာရင်တော့ နဂိုအခြေအနေကို ပြန်ရောက်သွားနိုင်မှာပါ..”

လင်းယောင်ယောင် နှလုံးတုန်သွားပြီး အလွန်ပြိုလဲသွားသည်။သူမ စိတ်မအေးမချင်း လင်းရွှမ် အဆင်ပြေကြောင်း ထပ်ခါတလဲလဲ ကြောက်ရွံ့စွာ အတည်ပြုနေမိသည်။


သူမ အလွန်စိုးရိမ်နေသေးသည်... "ဒါဆို သူ ဖြည့်စွက်စာ လိုနေသေးလား...လိုရင် ကြယ်တော်ဝင်မြို့တော်မှာရှိတဲ့ အရှင်သခင်ပထမစစ်တက္ကသိုလ်ကနေ တစ်ယောက်ယောက်ကိုလာယူခိုင်းလို့ရပါတယ် နောက်ထပ် ပြင်ဆင်ထားပါ့မယ်..."

ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လင်းရွှမ်က သူမ၏မိသားစုဝင်ဖြစ်သည်။ သူမ မည်သည့်အခါမျှ မတော်တဆမှု မဖြစ်စေလို၊သူမ ဘာမှ မကူညီနိုင်သည်မှာ ၀မ်းနည်းစရာကောင်းလှသည်။သူမ ကူညီနိုင်သည်မှာ ဖြည့်စွက်စာ များများပြင်ဆင်ရန်သာ ဖြစ်သည်။


လင်းရွှမ် ၏ လက်ရှိအခြေအနေတွင်၊ အရန်ဆေးများ အလွန်အကျွံသောက်ရန် လိုအပ်ပေသည်။ မဟုတ်လျှင် ဘေးထွက်ဆိုးကျိုးများ အလွန်များလာပြီး တိုက်ခိုက်ရေးစွမ်းအားကို ထိခိုက်စေလိမ့်မည်။အရန်တေးဂီတကုထုံး၏ အကျိုးသက်ရောက်မှုက သက်သာရန်နှေးကွေးလွန်းသောကြောင့် ပိုမိုထိရောက်သော အရန်အစားအစာများ အမှန်တကယ် လိုအပ်သည်။

သို့သော်လည်း လင်းရွှမ်က X-312 အစားအသောက်ကုထုံးမာစတာ မှ ပြင်ဆင်ထားသော အစားအစာကို စားချင်စိတ်မရှိပေ။


လက်ရှိအချိန်တွင် X-312 ကြယ်ပွင့်သည် ပထမအဆင့်တွင်ရှိနေပြီး အတော်လေး ဘေးကင်းသော်လည်း ခဏကြာလျှင် သက်ရောက်မှုအားလျော့နည်းသွားသည်။လင်းရွှမ် အမြန်ဆုံးပြန်ကောင်းလာရမည်။ချန်ပင်း က ခဏလောက်စဉ်းစားပြီး...


"အဆင်ပြေရင် မနက်ဖန် နေ့လည်လောက် ဖြည့်စွက်စာယူဖို့ ကျောင်းကို လာခဲ့ပါ့မယ် မနက်စောစော ကြိုပြင်ထားလို့ရပါပြီ..."


---


[T/N- ဤဟင်းလျာသည် အလွန်သေးငယ်သော အိုးတစ်လုံး၊ ပါဝင်ပစ္စည်းများ အလွန်နည်းပြီး ပြုတ်ရန် အချိန်နည်းပြီး အမြန်နည်းဖြင့် ဤဟင်းကို ပြုလုပ်သည့် အမြန်နည်းလမ်းဖြစ်သည်။]



xxxxx

Ei Thet Hmue