အခန်း ၅၈
Viewers 8k

Chapter 58



နောက်တစ်နေ့သည် စနေနေ့ဖြစ်သည့်အတွက် လင်းယောင်ယောင် အိမ်ပြန်နိုင်သည်။

အစက လင်းယောင်ယောင် ယခုအပတ်တွင် ကျောင်းမှာပဲဆက်နေပြီး စာကြည့်တိုက်တွင် သူမ S အဆင့် ခွင့်ပြုချက်နှင့် စာပိုဖတ်ရန် တွေးထားသည်။သူမတွင် အရည်အချင်းကောင်းများ ရှိသော်လည်း သီအိုရီဆိုင်ရာ အသိပညာ အားနည်းလွန်းနေသေးသည်။

သို့သော် လင်းရွှမ်၏ဒဏ်ရာကြောင့် သူမအစီအစဉ် ပြောင်းရမည်။


လင်းယောင်ယောင် စောစောထကာ အိမ်တွင်ရှိသော ပါဝင်ပစ္စည်းများဖြင့် ဖြည့်စွက်စာကိုချက်လိုက်သည်။

လင်းရွှမ် ကြီီးကြီးမားမားထိခိုက်မှုမရှိဟုချန်ပင်း ပြောခဲ့သော်လည်း သူ၏စိတ်စွမ်းအင်မှာ အနည်းငယ်ထိခိုက်နေဆဲဖြစ်ပြီး စိတ်စွမ်းအားချို့ယွင်းမှုအန္တရာယ်သို့ ကျရောက်နိုင်၍ စိတ်ခွန်အားကလဲ အချိန်မရွေး ကျဆင်းသွားနိုင်သည်။ဤအခြေအနေတွင် လင်းရွှမ်အတွက် 80% ထက်ပိုလိုက်ဖက်ညီသော စိတ်ပိုင်းဆိုင်ရာ တိုက်ရိုက်အကြံဉာဏ်ပေးကုသနိုင်သော အရန်ကုထုံးပညာရှင်တစ်ဦးမရှိလျှင် ဆေးဝါး သို့မဟုတ် အစားအသောက်ကုထုံးကိုသာ အားကိုးရပေမည်။

ဆေးဝါးများသည် ခန္ဓာကိုယ်အပေါ် အနည်းငယ် ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သော်လည်း အစားအသောက်ကုထုံးမှာ 100% ဘေးကင်းသည်။


သို့သော် စိတ်ရူးသွပ်ရောဂါမှ တိုက်ခိုက်ရေးသမားအား ကောင်းမွန်သည့်အခြေအနေသို့ ပထမတန်းစား ဆေး၀ါး/အစားအစာကုထုံးသာလျှင် ကုသပေးနိုင်သည်။စိတ်စွမ်းအားအတော်အတန်မြင့်သော ပညာရှင်မှသန့်စင်ပြီးသားဖြစ်သောကြောင့် အလွန်လျင်မြန်စွာ ထိရောက်နိုင်သည်။သူမ ယခင်အတိုင်း လင်းရွှမ် အတွက် ဖြည့်စွက်စာများချက်ပေးထားသည်။

သူမကလင်းရွှမ်အပေါ် မေတ္တာရှိနေသောကြောင့် သူ၏အရေးပေါ်အခြေအနေအား စိတ်မပူ၍မနေနိုင်ပေ။သူမနှင့် လင်းရွှမ်၏ စိတ်စွမ်းအားလိုက်ဖက်နေသည်မှာ အံ့ဩစရာပင်။


ယေဘူယျအားဖြင့် အရန်ကုထုံးပညာရှင်နှင့် တိုက်ပွဲဝင်စုံတွဲတို့ လက်ထပ်ရန်တွေးထားကြလျှင် အိမ်ထောင်ဖက်ရွေးချယ်မှုအတွက် နှစ်ဦးသားဆက်ဆံရေးကောင်းမွန်ခြင်းကို ဦးစွာထည့်သွင်းစဥ်းးစားရမည်ဖြစ်သော်လည်း စိတ်စွမ်းအားလိုက်ဖက်ညီမှုမှာလဲ အရေးပါ‌ေပသည်။


လွတ်လပ်သော ချစ်ခြင်းမေတ္တာနှင့် လိုက်ဖက်ညီမှုတို့ကို ပေါင်းစပ်၍ ရရှိသောဒေတာအား ပိုမိုတိကျစေရန်အတွက် အတူတကွ တိုင်းတာရသည်။သူတို့၏ စိတ်စွမ်းအားလိုက်ဖက်ညီမှု 50% ထက်မနည်းသရွေ့ ဆန္ဒအတိုင်း လက်ထပ်နိုင်သည်။ကိုက်ညီမှု 50% ထက်နည်းပါက လက်ထပ်ခွင့်လျှောက်လွှာကို ကြိုတင်တင်သွင်းရလိမ့်မည်။သုံးနှစ်ကြာထိ လမ်းမခွဲကြသူ သို့မဟုတ် ကလေးရှိပါက လက်ထပ်ခွင့်လျှောက်လွှာကို အတည်ပြုပေးသည်။


ယခင်က အဘိုး လင်း ရှေ့မှာပင် 83% စိတ်စွမ်းအင်းလိုက်ဖက်မှုဖြင့် လင်းရွှမ်အားချဥ်းကပ်လာသော လင်း၀မ်ယွမ် ကို သူမ အတင်းအကြပ်ပိတ်ပင်ခဲ့ပြီး နောက်မှသာ ပိုမိုကောင်းမွန်သူနှင့် တွေ့စေရန် သူမ တွေးထားသည်။အနာဂတ်တွင် လင်းရွှမ် ယခုကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများနှင့် စိတ်ကြွရောဂါများကို မကြာခဏ ကြုံတွေ့ရနိုင်ပြီး ပြောင်းလဲနေသော စစ်မြေပြင်ရှေ့တန်းတွင် ဆေးဝါး/အစားအသောက် ကုထုံးဖြင့် ပြန်လည်ကောင်းမွန်လာစေရန် ကြန့်ကြာစေလိမ့်မည်။ ညီမတစ်ယောက်အနေနှင့်စိတ်စွမ်းအားကိုက်ညီမှုမြင့်မားပြီး လင်းရွှမ် အား စိတ်ပျော်ရွှင်မှုပေးနိုင်သူတစ်စုံတစ်ဦးအားရှာတွေ့စေလိုသည်။သူမနှင့် လင်းရွှမ်တို့၏ စိတ်စွမ်းအားလိုက်ဖက်မှုနည်းနေလျှင်....


"နေပါဦး ဘာကြောင့် ဒီလောက်ထိအတွေးလွန်နေတာလဲ...."


လင်းယောင်ယောင် စကားတစ်ခွန်းအား သတိရလိုက်မိသည်။တစ်စုံတစ်ဦးကို သင်ချစ်ခင်နှစ်သက်မိလျှင် သူ၏အကြည့်တစ်ချက်ကပင် သင့်ကလေး အနာဂတ်အကြောင်း တွေးတောမိမည်ဖြစ်သည်။သူမ ထိုအထိ မတွေးထားသော်လည်းအတူရင်ဆိုင်ရမည့် အတားအဆီးများကို စိတ်ပူစပြုလာသည်။သူမ အစားအသောက်ချက်နေခြင်းအပေါ် ကြိုးစားပြီး အာရုံပြန်စုစည်းလိုက်သည်။


အစားအစာအနံ့ရသော 012 က နိုးလာပြီး ပန်းအိုးကို ကိုင်ဆောင်ကာ အစားအစာအတွက် စိတ်အားထက်သန်စွာ စောင့်မျှော်နေသည်။လင်းယောင်ယောင်က သွေးစပျစ်နွယ်ပင်၏ အကိုင်းအခက်များနှင့် အရွက်များကို ထိလိုက်ပြီး ဒဏ်ရာကြောင့်စွမ်းအင်ပြန်လည်ဖြည့်တင်းရန် ဖြည့်စွက်အစားအစာများ အရေးပေါ်လိုအပ်နေသော လင်းရွှမ်အတွက်ပြင်ဆင်နေကြောင်း ရှင်းပြလိုက်သည်။နောက်မှ 012 ကို ကျွေးမည်။


" ကျေးဇူးပြု၍ အဆာပြေအာဟာရအရည်ကို အရင်သောက်ထားပါဦး..."


လင်းယောင်ယောင် ပင်လျှင် အချိန်မကုန်စေရန်အတွက် စတော်ဘယ်ရီအာဟာရအရည်ကိုသာသောက်ခဲ့သည်။သွေးစပျစ်ပင်က...


“ဒါဆို သခင် ဒီနေ့ ကစားဖို့ ခေါ်သွားပါလား…ငါ့ကို အပြင်ခေါ်မထွက်တာ ကြာပြီလေ..”


ဟု စောတကတက်သည်။သူမက ခေါင်းစောင်းကာ တွေးလိုက်ပြီး 012 အား စာသင်ခန်းထဲ ခေါ်သွားလျှင် ကောင်းမည်မဟုတ် သို့သော် သုတေသနစခန်းသို့ ခေါ်သွားနိုင်သည်။အဘိုးကြီးချိုက် ကိုယ်တိုင်ပင်လျှင် စတုတ္ထအဆင့် ထူးဆန်းတိရိစ္ဆာန်ဖြစ်သော နှင်းခြေတစ်လှမ်း ကြောင်တစ်ကောင်ကို မွေးထားပြီး ငါးနှင့် ပင်လယ်စာများ စားရခြင်းကို ကြိုက်ကြောင်း ပြောကြသည်။မနေ့တုန်းကပင် မစ္စတာချိုက် သူ့ကလေးမြောင်ကို ခေါ်လာပြီး "ဗုဒ္ဓဘုရားတံတိုင်းကျော်တက်ခြင်း" ကို အတူတူလာစားမည်ဟု ပြောသေးသည်။


စားဖိုမှူးတစ်ယောက်အနေနှင့် သူမ အိမ်မွေးကလေးကို ဘာကြောင့် ယူလာခွင့်မရှိ ရမှာလဲ....


လင်းယောင်ယောင် ခေါင်းညိတ်လိုက်ပြီး


"ကောင်းပြီ မင်းကို အရသာရှိတဲ့ အစားအစာ ကျွေးဖို့ ခေါ်သွားမယ်..."


ဟုပြောလိုက်သည်။သူမ ၏ကိုယ်ပိုင်ရေခဲသေတ္တာထဲတွင် ထည့်ထားသော အစားအစာများ အများကြီး မရှိပေ။သွေးစပျစ်ပင်က ယခု 70-80 cm နီးပါး မြင့်လာပြီး လက်ကောက်အဖြစ် အသွင်ပြောင်းရန် သူ့အတွက် ရှုပ်ထွေးလွန်းသဖြင့် ကိုင်းခတ်များနှင့် အရွက်များကို အမြစ်ပတ်ပတ်လည်တွင် ရစ်ထားပြီး လိမ်လည်ကာလှပသော ခါးပတ်ပုံစံဖြင့်သူမ၏သွယ်လျလျခါးပေါ် နေရာယူလိုက်သည်။အစားအသောက်ကုထုံးသုတေသနစခန်းသို့ သူမ ရောက်သွားချိန်မှာ ရှစ်နာရီသာသာရှိသေးသည်။


"ဗုဒ္ဓဘုရား တံတိုင်းကျော်တက်ခြင်း"ကို ကိုးနာရီ စတင်မှာဖြစ်ပြီး သူမက နေ့လယ်ခင်းတွင်ဟင်းပွဲဖွင့်ရန် စီစဉ်ခဲ့သည်။ဟင်းပွဲကို စစ်ဆေးမြည်းကြည့်ရန် အနည်းငယ်ချန်ထားပြီး ကျန်တာအကုန် လင်းရွှမ်အတွက် ချန်ပင်းနှင့်အတူ ထည့်ပေးလိုက်မည်။012 ကလဲ အလွန်ချစ်စရာကောင်းပြီး လိမ်မာသောကြောင့် ေ၀စုအနည်းငယ်ပေးမည်။ဆေးဌာနက ထိုလူကိုတော့... ရိုးရိုးသားသားပြောရလျှင် လင်းယောင်ယောင် မကျွေးချင်ပေ။ကိုယ်တိုင်လာကြည့်စေရန် တောင်းဆိုထားခြင်းက သူမ ကြွားလုံးထုတ်ထားခြင်းမဟုတ်ကြောင်း လုံလုံလောက်လောက်သက်သေပြနိုင်ပြီမဟုတ်ပါလား....သူမ နာကြည်းစွာတွေးလိုက်သည်။ 'ပြီးတော့လဲ စုချင်းဟယ် မနေ့ကလုပ်ခဲ့တဲ့

"ဒုတိယအဆင့် အလယ်တန်းမှ အထက်တန်းစား" ဆေးနမူနာကို ငါတို့ကိုမပေးပါဘူး..."


မနေ့က သူမ စားသောက်ဆိုင်ကို "ဗုဒ္ဓဘုရားတံတိုင်းကျော်တက်ခြင်း" ချက်ရန်အတွက် ရှားပါးသော ပါဝင်ပစ္စည်းမျိုးစုံ ပို့ခိုင်းခဲ့ပြီး အများကြီး ကျန်နေသေးသည်။ အစားအသောက်ကုထုံးသုတေသနစခန်းတွင်လဲ အခြားအထွေထွေပါဝင်ပစ္စည်းများလုံလုံလောက်လောက်ရှိသည်။ထို့ကြောင့် သူမက ကျန်ပါဝင်ပစ္စည်းများဖြင့် ဖြည့်စွက်အစားအစာကို ထပ်မံပြုလုပ်ခဲ့သည်။ဆယ်နာရီလောက်တွင် မစ္စတာချိုက်ကသူ၏ နှင်းခြေတစ်လှမ်းကြောင်နှင့်အတူ အစားအသောက်ကုထုံးသုတေသနစခန်းထဲသို့ ရောက်လာသည်။

"ဗုဒ္ဓဘုရားတံတိုင်းကျော်တက်ခြင်း" မှ ကျန်သော ပါဝင်ပစ္စည်းများ အသုံးပြု၍ သူမချက်ပြုတ်နေသောဖြည့်စွက်အစားအစာအနံ့ကြောင့် နံနက်စာစားပြီးသော်လည်း မစ္စတာချိုက်က ဗိုက်ဆာနေပြန်သည်။ရင်ခွင်ထဲက နှင်းခြေတစ်လှမ်း ကြောင်က ပို၍ပင် စိတ်အားထက်သန်စွာ ခုန်ဆင်းသွားသည်။


နှင်းခြေတစ်လှမ်းကြောင် ပုံစံမှာ နာမည်နှင့်တူသည်။သူ့တွင် ရှည်လျားလှပသော အနက်ရောင်အမွှေးများပြည့်နေပြီး ခြေသည်းလေးခုသာ အဖြူရောင် ဖြစ်သည်။ကြောင်က ပျော့ပျောင်းစွာ အစားအသောက်စားပွဲဆီသို့ ခုန်လာပြီး စစားရန်ခေါင်းကို ငုံ့လိုက်သည်။ သို့သော် ရုတ်တရက် သူ၏ခြေသည်းများနှင့် ပါးစပ်ကို အနီရောင်သန်းနေသောစပျစ်နွယ်ပင်အချို့ဖြင့်လှမ်းရိုက်ခံလိုက်ရသည်။ဤအခိုက်အတန့်တွင် စားဖိုမှူး လင်းယောင်ယောင်က နောက်ဆုံးပေါ် ငါးအရသာဘုရင် တံပိုးမှိုများကို နေ့လယ်စာဘူးထဲသို့ သေသေသပ်သပ် ထုပ်ပိုးနေသည်။


သူမက... "012 အရမ်းမိုက်တယ်"


ထို့နောက် သူမ ချစ်စရာကောင်းပြီး အစာပုတ်သောကြောင်ကို ပုတ်ချလိုက်သည်။


"အချစ်လေး ဒါတွေက မင်းအတွက်မဟုတ်ဘူး နောက်မှ မင်းကိုအများကြီးကျွေးမယ်နော်..."


နှင်းခြေလှမ်းကြောင်၏နာမည်မှာ အာပိုင် ဖြစ်ပြီး လူသားများနှင့်အတူ အချိန်အတော်ကြာအောင် နေထိုင်ခဲ့၍ လင်းယောင်ယောင် စကားကို နားလည်နိုင်သည်။ပထမတစ်ခွန်း နားထောင်ပြီးနောက် ပယင်းကဲ့သို့တောက်ပသောမျက်လုံးများက စိတ်ပျက်အားငယ်စွာ မှိန်းမှောင်သွားသည်။ သို့သော် နောက်စကားတစ်ခွန်းကြောင့်ထိုအရာကို စောင့်မျှော်နေ‌ေလတော့သည်။


အဘိုကြီးချိုက်က တူကိုင်ထားပြီးဖြစ်သော်လည်း လင်းယောင်ယောင် ပြောသံကြားပြီးနောက် စားပွဲပေါ်မှသရေကျစရာ ပန်းကန်များကို အမျိုးပေါင်းစုံ အစားအသောက်ဘူးထဲသို့ ပြန်ထားလိုက်သည်။

သူက အာပိုင်ထက် စိတ်လှုပ်ရှားစွာ တုံ့ပြန်ခဲ့သည်။


"ယောင်ယောင်လေး ဘာလုပ်မို့လဲ စားဖို့သက်သက်ပဲမဟုတ်ဘူးလား ဘာလို့ဖယ်ထားရမှာလဲ..."


လင်းယောင်ယောင်: "လူစားဖို့ပါပဲ ဒါပေမယ့် ဆရာတို့ စားလို့မရဘူး တောင်းပန်ပါတယ်..."


သူမက နောက်ဟင်းလျာကို စတင်ချက်ပြုတ်နေရင်း သူမ၏အစ်ကိုကြီးမှာ ယခု စိတ်ကြွရူးသွပ်ခံစားနေရပြီး သူ့အတွက် ဖြည့်စွက်စာပြင်ဆင်ရန် လိုအပ်ကြောင်း အကျဉ်းချုံးရှင်းပြခဲ့သည်။လင်းရွှမ်အတွက် ယခု ကုသရေးအာနိသင်ထိရောက်နိုင်စေရန် "အရသာ" ထက် ပိုဂရုစိုက်ရမည့် ဖြည့်စွက်အစားအစာများက အလွန်အရေးကြီးနေသည်။


အဘိုးကြီးချိုက်က သူ့ရှေ့တွင် အနံ့ရ၍ ကြည့်ရုံသာတတ်နိုင်သော အစားအစာအတွက် အလွန်စိတ်မကောင်းဖြစ်မိသော်လည်း နားလည်နိုင်သည်။


"ကောင်းပြီလေ 'ဗုဒ္ဓဘုရား တံတိုင်းကျော်ခြင်း' ကဘယ်တော့ ပြီးမလဲ ငါစောင့်နေမယ် ... ငါ့နေ့လည်စာကဒီလိုအိုးကြီးကြီးပေါ်မှာ မူတည်နေတယ်..."


"ဗုဒ္ဓဘုရားတံတိုင်းကျော်ခြင်း" ချက်ပြီးသည့်အခါ အနံ့မထွက်စေရန်ပုလင်းကို တင်းတင်းကျပ်ကျပ်ပိတ်ထားရမည်။မည်သို့ဖြစ်စေ မနေ့က လင်းယောင်ယောင်၏ ရှုပ်ထွေးသော ဟင်းပွဲကို ကြည့်ရှုပြီးနောက် မစ္စတာချိုက်က ဤဟင်းလျာသည် ဆိုးရွားမည်မဟုတ်ကြောင်း ကောက်ချက်ချသည်။လူများအား ဒူးထောက်စေပြီး "အဖေ"ဟု ခေါ်သည်အထိမကောင်းနိုင်သော်လည်း အံ့ဩစရာကောင်းသောဟင်းတစ်ခွက် ဖြစ်လိမ့်မည်။


သို့သော်လည်း မစ္စတာချိုက်က လင်းယောင်ယောင် ထံမှ အသည်းအသန်ငြင်းဆိုခံလိုက်ရသည်။


"အိုး.. အဆင်မပြေဖြစ်မှာကြောက်ပါတယ် ဒါကလည်း အစ်ကိုကြီးအတွက်ဆိုတော့ အနည်းဆုံးအရသာမြည်းဖို့အတွက်ပဲ ပန်းကန်သေးသေးလေးနဲ့ ထားပေးလို့ရမှာ..."


ချိုက်: "..."


ခဏကြာတော့ သူက ဒေါသတကြီးနှင့်...


“ဒီလိုဒုက္ခမျိုး ငါတစ်ယောက်ထဲမခံဘူးဟေ့...”

ပြောလဲပြောရင်း လှည့်ထွက်သွားကာ..


"အဘိုးကြီးကျန်းကို အနံ့ရပြီး မစားရအောင် သွားခေါ်ရမှာပေါ့..."


ဓာတ်ခွဲခန်းမှမထွက်ခင် ချစ်ရသော အိမ်မွေးတိရစ္ဆာန်ကို သတိရသွားပြီး ခေါင်းကို လှည့်လိုက်ကာ....


"အားပိုင် ဒီကိုလာ..."


အားပိုင်က သူ့ကို ခပ်စူးစူးကြည့်လိုက်ပြီးခြေသည်းလျက်လိုက်ကာ ဟင်းချက်နေသော လင်းယောင်ယောင်ကို ကြည့်လိုက်သည်။ အဓိပ္ပါယ်မှာ


'အရှက်မရှိတဲ့ အရာရှိ ...စိတ်ချမ်းသာတဲ့နေရာ သွား သခင်လေးအန်ကယ်မြောင်ကတော့ ဒီမှာပဲနေမယ်'


မစ္စတာချိုက်က ကြောင်ကို အတင်းအကြပ် မခေါ်တော့ပဲ နောက်ကျ လာလိမ့်မည်ဟု တွေးကာ လင်းယောင်ယောင်ကို


"မင်းရဲ့ ဂြိုလ်သားအပင်ကို အားပိုင်အပေါ်ကောင်းကောင်းဆက်ဆံလို့ ပြောထား သူအဲ့ဟင်းစားလိုက်ရင်လဲ ငါ့ကို အပြစ်မတင်နဲ့..."

ဟုပြောခဲ့သည်။လင်းယောင်ယောင်၏ဂြိုလ်သားအပင်ကို အဘိုးကြီးချိုက်က နှစ်ချက်လောက်စိုက်ကြည့်လိုက်ပြီး နောက်ထပ်မေးခွန်းများ မမေးတော့ချေ။ဂြိုလ်သားအပင်တစ်ပင်က သခင်အဖြစ်အသိအမှတ်ပြုသူမှာ အကြီးတန်းကြယ်စိမ်းမှဆင်းသက်လာသူဖြစ်ရမည်။သူ့တပည့်က တကယ်ကို မရိုးရှင်းပေ။


မစ္စတာချိုက် ထွက်သွားပြီးနောက် 012 နှင့် အားပိုင် တို့က အချင်းချင်း ဆော့ကစားနေကြသည်။စပျစ်နွယ်ပင်များ၊ မြီးခြေသည်းများဖြင့် အချင်းချင်း ကုတ်လိုက် ထိုးလိုက်နှင့် ရန်ဖြစ်နေပုံရသော်လည်း တကယ်တမ်း သူတို့က ထူးထူးခြားခြား ခံစားချက်များ ဖလှယ်နေကြခြင်းဖြစ်သည်။

လင်းယောင်ယောင်က ကြောင်စကားကို နားမလည်နိုင်သော်လည်း 012 အားပိုင်နှင့် စကားစမြည်ပြောသည်ကို သူမ စိတ်ထဲတွင် ကြားရသည်...


"ငါ့သခင် ဒဏ်ရာရသွားလို့ ဒါတွေကို ကျွေးဖို့ ထားရမှာ မင်း စားလို့မရဘူး... မရဘူးလေ ငါမမြင်ချင်ယောင်ဆောင်ပေးလို့ မရဘူး... မရပါဘူး... ဟင့်အင်း မင်းရဲ့ကြောင်ဘီစကွတ်တွေကိုလဲ ငါမလိုချင်ဘူး ငါ့အာဟာရအရည်လောက် အရသာမရှိဘူး... ဘာလဲ အရသာကခြောက်လိုက်တာ အရသာရှိတဲ့ငါးမုန့်ဟုတ်လား... ငါ့သခင်လုပ်ထားတာလောက် အရသာမရှိလို့မလား မဟုတ်ရင် မင်းငါ့နဲ့ အပေးအယူလုပ်ချင်စိတ်ရှိမှာ မဟုတ်ဘူး... ဟမ် မင်းငါ့ကို မေးလဲ ဘာမှ အသုံးမ၀င်ဘူး ငါက တော်တော် စည်းစောင့်တဲ့ ကလေးကွ"


ဤစကားဝိုင်းမှ လင်းယောင်ယောင် 012 ကို အားပိုင် ဘာပြောနေသည်ကို ခန့်မှန်းနိုင်သည်။ချစ်စရာလေးနှစ်ကောင်က စားချင်နေသော်လည်း မစားရသောကြောင့် အကြိတ်အနယ်ဆွေးနွေးနေကြသည်မှာ အလွန်ချစ်စရာကောင်းလှသည်။သူမက မနေနိုင်တော့ပဲ လင်းရွှမ် ေ၀စုထဲမှပန်းကန်သေးသေးနှစ်လုံးထဲ တစ်လုံးကို ဆားအနည်းငယ်နှင့် တစ်လုံးကို ဆားမပါပဲ ကင်းမွန်တို့ဟူးစွပ်ပြုတ်အနည်းငယ်စီထည့်လိုက်ပြီး 012 နှင့် အားပိုင်ရှေ့ချပေးလိုက်သည်။ သူမက ရယ်ပြီး...

"ဒါက မင်းတို့အတွက် သတိထားပြီး ဖြည်းဖြည်းစားကြ..."


ကံကောင်းစွာဖြင့် ဤနေရာတွင် မစ္စတာချိုက် ရှိမနေ မဟုတ်လျှင် အစားအသောက်ကုထုံးဌာနမာစတာ၊လင်းယောင်ယောင် လေးစားရသောဆရာတစ်ယောက်အနေနှင့် သူမ၏စေတနာက အိမ်မွေး နှစ်ကောင်လောက်ပင် မရှိဟူ၍ ပူညံနေလိမ့်မည်။


တစ်နာရီကျော်ကြာပြီးနောက် အဘိုးကြီးချိုက်က အဘိုးကြီးကျန်း၊စုချင်းဟယ်တို့နှင့်အတူ ပြန်ရောက်လာသည်။လင်းယောင်ယောင်က လင်းရွှမ်အတွက် သုံးရက်စာ အလုံအလောက် ပြင်ဆင်ထားသည်။

အကြာကြီးသိုလှောင်ထားမိလျှင် အရသာနှင့် ထိရောက်မှုမှာ ယိုယွင်းလာမည်ဖြစ်သောကြောင့် သူမ အများကြီးမပြင်ဆင်ထားတော့ပေ။ယခု သူမက နောက်ဆုံး အဓိကအစားအစာဖြစ်သော ယန်ကျိုးကြက်ဉထမင်းကြော်ကို ချက်နေသည်။မနေ့ညက ထမင်းကျန်နှင့် ကြက်ဥ၊ ဝက်ပေါင်ခြောက်၊ ပုဇွန်၊ ပဲတီစိမ်း၊ မုန်လာဥနီ၊ ပြောင်းဖူးစေ့၊ ကြက်သွန်နီစိမ်း၊ ဆန်ဝိုင်၊ ဆား၊ ငရုတ်ကောင်းတို့ ပါ၀င်သည်။အနံ့မွှေးမွှေးလေးက အလွန်ဆွဲဆောင်မှုရှိသည်။


ထိုစဥ် နေ့လည်စာစားရန် နီးကပ်နေပြီဖြစ်၍ ယန်ကျိုးကြက်ဥထမင်းကြော်အနံ့ကြောင့် မစ္စတာကျန်း ဗိုက်နည်းနည်းဆာလာကာ မအောင့်နိုင်တော့ဘဲ...

"အဘိုးကြီးချိုက် မင်းရဲ့တပည့်က ဘယ်မှာ အံ့ဩစရာကောင်းလို့လဲ အရသာရှိလှတဲ့ အစားအစာတွေ ချက်နေတာဆို ကြက်ဥထမင်းကြော်ပဲလား...စမတ်ကျတဲဲ့ စက်ရုပ်တစ်ရုပ်တောင်မှ ချက်နိုင်တယ်..."


'ဒါပေမယ့်...ဒီလိုအနံ့မွှေးမွှေးနဲ့ ဆွဲဆောင်မှုတော့ရှိမှာမဟုတ်ဘူး အရန်ကုထုံးအကျိုးသက်ရောက်မှု ဘယ်လိုနေလဲမသိသေးပေမယ့်ပေါ့...'


မစ္စတာချိုက်က အနားက ဆိတ်ကိုပွတ်သပ်ပေးနေပြီး ရယ်လိုက်သည်။


"အဲ့လိုမဟုတ်ဘူးကွ စိတ်မပူပါနဲ့ ငါတို့ ယောင်ယောင် ချက်ထားတဲ့ကုထုံးအသစ်ရဲ့ ကုသရေးအာနိသင်ကို လာကြည့်ဖို့ ပဲမင်းကိုခေါ်လာတာ သေချာပေါက်မမြည်းခိုင်းပါဘူး ..."


စုချင်းဟယ်က ထမင်းကြော်၏အနံ့မွှေးမွှေးလေးကြောင့် သရေကျနေပြီး စိတ်ပျက်သွားကာအသံတိုးတိုးဖြင့်...


"အာ စားလို့မရဘူးလား..."


မစ္စတာကျန်းကလဲ ဒေါကန်သွားကာ..."ငါလဲမစားချင်ပါဘူး"


လင်းယောင်ယောင် အိုးထဲမှ ယန်ကျိုး ထမင်းကြော်ကို ယူလိုက်ကာ ပန်းကန်ပြားထဲတစ်ဝက်ထည့်ပြီး အစားအသောက်ဘူးထဲတစ်ဝက် ချန်ထားလိုက်၍ အာကာသခလုတ်ပေါ်တွင် သိမ်းဆည်းလိုက်သည်။

ထို့နောက် မီးဖိုချောင်ရှိ လေဝင်လေထွက်ခလုတ်ကို နှိပ်လိုက်သည်။ခဏကြာတော့ ထမင်းကြော်အနံ့များ တဖြည်းဖြည်း ပျောက်သွားသည်။ကျန်း နှင့် စုချင်းဟယ်တို့က နားမလည်ကြပေ။ ဖြည့်စွက်အစားအစာများ၏ အရေးအကြီးဆုံးအချက်မှာ ကုသရေးအာနိသင်ဖြစ်သော်လည်း အရသာမှာလည်း အလွန်အရေးပါသည်။ သို့သော် သူမ လေထုသန့်စင်ဖို့ထိ လုပ်ရန်လိုအပ်ပါသလား....


လင်းယောင်ယောင် တစ်ဝက်ထုပ်သွားသည်ကို နားလည်နိုင်သည်။ပုံမှန်အားဖြင့် ပြိုင်ပွဲတစ်ခုအတွင်းမဟုတ်ပါက အစားအသောက်လက်ထောက်ကုထုံးပညာရှင်မှပြုလုပ်သော ဟင်းပွဲများက သူတို့နှင့်သက်ဆိုင်၍ စမ်းသပ်မှုအတွက် လိုသလောက်ယူသွားနိုင်သည်။ယန်ကျိုးထမင်းကြော်တစ်ပန်းကန်လုံးကို စမ်းသပ်သူ မစ္စတာချိုက်က စိတ်စွမ်းအင်အကြောင်းအရင်းထဲသို့ ထည့်လိုက်ပြီး "ပထမအဆင့် ပထမတန်းစား" အဖြစ် ချက်ချင်းသတ်မှတ်လိုက်သည်။

အဘိုးကြီးကျန်းက လင်းယောင်ယောင်ကိုလေးလေးနက်နက်ကြည့်လိုက်ပြီး ခပ်တည်တည်ဖြင့်..


"တကယ်ကောင်းပါတယ် ကြည့်ရတာ မနေ့က မင်းကို ငါလျှော့တွက်ခဲ့မိပုံပဲ.."


ပထမတန်းစား အဓိပ္ပါယ်မှာ အရန်ကုထုံးအကျိုးသက်ရောက်မှုမှာ ပြည့်စုံလုနီးပါးဖြစ်နေပြီး ပါဝင်ပစ္စည်းများထဲမှ မူလအညစ်အကြေးအားလုံးကို စိတ်စွမ်းအင်အရင်းအမြစ်ဖြင့် အစားထိုးထားသည်။ကုထုံးပညာရှင်တစ်ယောက်သည် ဒုတိယတန်းစား အရန်ဆေးဝါး/အစားအစာကို ဖန်တီးနိုင်သော်လည်း ထိုကုထုံးက ပထမတန်းစား အာနိသင်ကို ထုတ်ပေးနိုင်မည် မဟုတ်ပေ။


ယနေ့ခေတ်တွက် အရန်ကုထုံးပညာရှင်များကပင် မာစတာအဆင့်သို့ ရာထူးတိုးပြီးမှ သာလွန်ကောင်းမွန်ပြီး ပြီးပြည့်စုံသော ကုသရေးအာနိသင်ကို ရရှိရန်အတွက် အဆင့်နိမ့်သော ဆေးဖက်ဝင်ပစ္စည်းများ/အစားအသောက်ပစ္စည်းများဖြင့် ပြန်လည်ဖြေရှင်းချက်များလုပ်ကြရသည်။လင်းယောင်ယောင်မှာမူ ဖြည့်စွက်အစားအစာများကို အချိန်အကြာကြီး မလေ့လာရသေးသော လူသစ်တစ်ဦးမျှသာဖြစ်သည်။



xxxxx

Ei Thet Hmue