Ch-2
Viewers 9k

Chapter-2


မြေကွက်ကိုရှင်းဖို့ နေ့ခင်းတစ်ခင်းလုံး အချိန်ယူလိုက်ရသည်။ ခြံဝင်ပေါက်တစ်ဖက်စီကို ဟင်းရွက်ခင်းနှစ်ကွက်အဖြစ် ပြောင်းလိုက်လေပြီ။ အနာဂတ်တွင် မွေးမည့်ကြက်များက သူ့ရဲ့ဟင်းသီးဟင်းရွက်များ မဖျက်စီးနိုင်စေရန်အတွက် မြေကွက်များကို ဝါးတိုင်များဖြင့် အဝိုင်းလိုက် ထူထပ်စွာကာထားလိုက်သည်။ ကြက်မွေးမည့်အကြောင်းပြောရလျှင် ရွှီချင်းသည် မူလကိုယ်က ဝက် သို့မဟုတ် အခြားမွေးမြူရေးတိရစ္ဆာန်များကို ဘာကြောင့်များမမွေးရသလဲဆိုတာကို မသိပေ။ 


ရွှီချင်းက မသပ်မရပ်ခြံလေးကို သန့်ရှင်းရေးလုပ်ပြီး အပြင်ဘက်ရှိ ညောင်ပင်ကြီးတစ်ပင်အောက်တွင် အမှိုက်အစအနများကို ပစ်ထားလိုက်၏။ သူပြန်လှည့်ကြည့်ကာ မီးဖိုခန်းထဲသို့ လျှောက်သွားခဲ့သည်။ ရွှီချင်းသည် စောစောက နေ့လည်စာချက်ပြီးချိန်မှ အိုးထဲတွင်ကျန်နေသေးသည့် ရေနွေးအချို့ကို ခပ်ယူပြီး သစ်သားဇလုံထဲသို့လောင်းထည့်လိုက်သည်။ သူဇလုံကိုမလျက် ရေတွင်းနားက လက်ဆေးအင်တုံဆီသယ်သွားကာ မျက်နှာသုတ်ပုဝါကို စင်မှဖယ်လိုက်ပြီး ဇလုံအစွန်းပေါ် တင်ထားလိုက်သည်။ သူ့မျက်နှာပေါ် ရေဖြန်းပက်ပြီးတာနဲ့ ယားကျိကျိခံစားလိုက်ရသည်။ 


"ကျစ်၊ ဒါက တကယ်ပြင်းထန်နေတာပဲ" ရွှီချင်းက သူ့မျက်နှာကို ရေဖြင့်သေချာဆေးကြောပြီးနောက် အင်တုံမှာတင်ထားတဲ့မျက်နှာသုတ်ပုဝါဖြင့် သူ့မျက်နှာမှ အဖုအစက်များကို ညင်သာစွာသုတ်လိုက်သည်။ ယောက်ျားတစ်ယောက်အနေနဲ့ သူ့မျက်နှာကိုအရမ်းဂရုစိုက်ပြီး ဆေးကြောတာကအဆင်မပြေပေမယ့် ဝက်ခြံတွေပိုဆိုးလာတာကိုရှောင်ဖို့အတွက် ဒီလိုလုပ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိဘူးလေ။ မူလကိုယ်က သူ့မျက်နှာကို ရွံရှာစက်ဆုပ်ပေမဲ့လည်း ကောင်းကောင်းလဲဂရုမစိုက်တတ်သလို တစ်ခါတရံမှာ မျက်နှာကိုတောင် လုံးဝမဆေးကြောပဲနေခဲ့သေးသည်။ 


ရွှီချင်းက သူ့လက်ညိုးနဲ့လက်ခလယ်ကို အင်တုံဆီညွှန်လိုက်တော့ လက်ချောင်းထိပ်များမှ ရေစီးကြောင်းတစ်ခုထွက်လာ၏။ ထိုရေမှာ သူ့ရဲ့နေရာလွတ်မှဝိညာဉ်စမ်းရေပင်။ မျက်နှာပေါ်ရှိ ဝက်ခြံများသည် အကြာကြီးစုပုံနေသောကြောင့် ဂရုတစိုက်ကုသရန်လိုအပ်သည်။ 


ထို့အပြင် သူအရမ်းမြန်မြန်ဘယ်လိုပြောင်းလဲသွားသလဲဆိုတာကို ရွာသားတွေသတိမပြုမိစေရန်ကာကွယ်ဖို့ရာ စမ်းရေအနည်းငယ်သာထုတ်သုံးလိုက်တာပင်။ သူ့မျက်နှာကို နူးညံ့လာအောင် ရေနွေးနဲ့ဆေးလိုက်ပြီး ရွှီချင်းက အင်တုံအတွင်းရှိ ကျန်တဲ့ရေတွေကိုတော့ မြောင်းငယ်တစ်ခုထဲသို့ သွန်လိုက်၏။ ထို့နောက် ရေနွေးထပ်ပြင်ဆင်ရန် မီးဖိုချောင်သို့ ပြန်သွားပြန်သည်။ 


ဆောင်းရာသီအကုန်ဖြစ်၍ အပူချိန်ကအေးနေပေမယ့် သူကဟိုဟိုဒီဒီလှုပ်ရှားနေပြီးနောက် ချွေးတွေအရမ်းထွက်လာသည်။ သူရေနွေးနဲ့ရေချိုးပြီးသော် အပြင်မှာ မှောင်နေလေပြီ။ ဆီမီးထွန်းလိုက်ပြီး နေ့လည်ကချက်ထားတဲ့ထမင်းနှင့် ကြော်ထားတဲ့ဟင်းသီးဟင်းရွက်အကျန်တချို့နှင့် ကြက်သွန်ဖြူများကို ရောကြော်ကာ ရိုးရိုးထမင်းကြော်တစ်ပန်းကန်လုပ်စားလိုက်သည်။ ညစာစားပြီးနောက် ရွှီချင်းသည် သူ၏အိပ်ရာနေရာကို သန့်ရှင်းရေးလုပ်ကာ ကောက်ရိုးဖြင့်ပြုလုပ်ထားသောမွေ့ရာကိုပြင်ဆင်ပြီး ကျိုးနေတဲ့ကုတင်ဘောင်ကို ပြန်လည်ပြုပြင်လိုက်ရင်း ကိုးနာရီထိုးခါနီးမှ သူလဲအိပ်လိုက်ပြီး အနားယူရတော့သည်။ ရှေးခေတ်က ညဘက်တွေမှာ ဖျော်ဖြေရေးဆိုတာမရှိသလို စကားစမြည်ပြောဖို့ရာ မိသားစုလည်းမရှိတဲ့အတွက် ရိုးရိုးလေးပဲ စောစောအိပ်လိုက်တော့သည်။ 


နောက်နေ့တွင် ဝက်တစ်ကောင်၊ ကြက်အနည်းငယ်နှင့် အဝတ်အစားအသစ်အချို့ကိုဝယ်ရန် ဈေးသို့သွားဖို့ စီစဉ်ထားသည်။ သူအိမ်မှာမရှိချိန်တွင် အိမ်စောင့်ဖို့ရာ ခွေးလေးတစ်ကောင်လဲလိုသေးသည်။ စောင်ဖြင့်ဘောလုံးသဏ္ဍာန်ထုပ်ထားလျက် ကွေးနေသောရွှီချင်းမှာ အနာဂတ်အစီအစဉ်များကို တွေးတောရင်း လျင်မြန်စွာအိပ်ပျော်သွားခဲ့သည်။ ဤသည်မှာ သူဒီကမ္ဘာသို့ရောက်ကတည်းက အပျော်ရွှင်ဆုံးနှင့် အငြိမ်းချမ်းဆုံး အိပ်စက်ခြင်းပင်။ 


အပြင်ဘက်၌တောက်ပလာချိန် ရွှီချင်းကသမ်းဝေလျက် အေးမြမြလေကိုရှူရှိုက်ပြီး ကုတင်မှထလိုက်သည်။ မူလကိုယ်ပိုင်ဆိုင်သည့် တစ်စုံတည်းသော သင့်လျော်တဲ့အဝတ်အစားဖြစ်သည့် နက်ပြာရောင်အ၀တ်အစားကို ပြောင်းလဲဝတ်ဆင်လိုက်၏။ ညကဝတ်ထားသော ဖာထေးထားတဲ့အ၀တ်တွေကို ဘေးဖယ်ထားလိုက်ပြီး မီးဖိုချောင်ဆီသွားကာ ရေနှင့်ပြောင်းဖူးတို့ကို အိုးထဲသို့လောင်းထည့်၍ ရိုးရိုးပြောင်းဖူးယာဂုလုပ်လိုက်သည်။ မနက်စာချက်နေတုန်း ရေတွင်းဆီပြေးပြီး သွားမတိုက်ခင် တစ်နေ့က သစ်သားဇလုံမှာစိမ်ထားတဲ့ မိုးမခသစ်ကိုင်းတွေကို ထုတ်ယူလိုက်၏။ ဤရိုးရှင်းသောသွားတိုက်တံသည် ရှေးခေတ် တရုတ်နည်းပညာအရ သူပြုလုပ်ထားခဲ့ခြင်းသာ။ အကိုင်းအခက်များကို ရေတွင်စိမ်ထားရုံဖြင့် သူအသုံးပြုလိုတဲ့အခါ ယင်းတို့ကိုသွားနှင့်ကိုက်လိုက်ပါက အတွင်းရှိမိုးမခအမျှင်များကို အလွန်အဆင်ပြေသော သွားတိုက်တံကဲ့သို့ အသုံးပြုနိုင်ပေ၏။ သွားတိုက်ပြီးတဲ့အခါ သူ့မျက်နှာကို စမ်းရေနဲ့ သေချာဆေးကြောလိုက်ချိန် အရင်နေ့ကလို ယားကျိကျိမဖြစ်တော့ပေ။ ပျော်ပျော်ရွှင်ရွှင်နဲ့ သူမနက်စာစားပြီးနောက် ရွှီချင်းက ခြံတံခါးကို သော့ခတ်ပြီး တောင်ဘက်ရှိ ရွာသို့ လမ်းလျှောက်သွားခဲ့သည်။ 


ရွှီချင်းသည် စျေးဘယ်မှာရှိမှန်း မသိသောကြောင့် မျိုးစေ့ဝယ်ရာတွင် မူလပိုင်ရှင်ကို မကြာခဏကူညီပေးခဲ့သော အဒေါ်ရှဲ့ဆီသာသွားနိုင်သည်။ အဒေါ်ရှဲ့က ကျိရှန်းရွာမှဖြစ်သော်လည်း ရှင်းဖူရွာမှ အမျိုးသားတစ်ဦးဖြစ်သည့် ရှဲ့ချန်းမင်နှင့် အိမ်ထောင်ပြုခဲ့ကာ သား(ကော)တစ်ယောက်သာရှိပြီး ကံမကောင်းစွာပင် နောက်ထပ်ကလေးမရတော့ပါချေ။ သို့ရာတွင် ယောက္ခမတွေမရှိသဖြင့် သူတို့ဘဝဟာ ကောင်းမွန်နေဆဲ။ မနှစ်က သူတို့ရဲ့ တစ်ဦးတည်းသောသားလေးမှာ အိမ်ထောင်ပြုသွားကာ မြို့သို့ပြောင်းရွှေ့သွားခဲ့ရသဖြင့် ရွာထဲရှိ လက်မထပ်ရသေးတဲ့ ကောငယ်ငယ်လေးများဟာ အားကျမနာလိုခဲ့ရလေသည်။ 


(My Note: ဒီနေရာမှာ အဒေါ်ရှဲ့က မိန်းမမဟုတ်ပေမယ့် ယောကျ်ားလေး 'ကော'ပါနော်။ သူတို့က ကောshou နဲ့ ယောကျ်ားသားgong ကွဲအောင်လို့ engtranအတိုင်း နောက်ပိုင်းတွေမှာလဲ အဒေါ်လို့ပဲ ဆက်သုံးသွားမယ်နော်) 


အဒေါ်ရှဲ့၏အိမ်က ရွာအစွန်က ပထမဆုံးအိမ်ပင်။ ရှားရှားပါးပါး အစိမ်းရောင်အုတ်အိမ်ကြီးဖြစ်ပြီး အခန်းသုံးခန်းပါရှိ၏။ သူတို့အိမ်ကို ပါးပါးရွှီက ဆောက်ထားပေးခဲ့တာဖြစ်ပြီး ကျောက်သားနံရံဖြင့်ကာထားကာ ရွှီမိသားစုအိမ်လောက်တော့မမြင့်ပေ။ ရွာတွင် ရွှီချင်းမိသားစုသည် အဒေါ်ရှဲ့မိသားစုနှင့် အကောင်းဆုံးဆက်ဆံရေးရှိသည်။ 


"ဒေါက် ဒေါက် ဒေါက်" 


"ဘယ်သူလဲ?" အိမ်ထဲမှ ခပ်အက်အက်အသံနှင့်လူတစ်ယောက်ထွက်လာသည်။ 


"သွားပြီးတော့ တံခါးဖွင့်လိုက်ပါ။ ဆောင်းကုန်နေပြီ၊ ချင်းကောအာက မျိုးစေ့တွေဝယ်ဖို့လာတာနေမယ်" ဟု တိုးတိုးလေးပြောသံကြားလိုက်ရသည်။ ရွှီချင်းသည် ထိုကဲ့သို့သောအသံပိုင်ရှင်က နူးညံ့သိမ်မွေ့သူဖြစ်နိုင်တယ်လို့ ထင်မိ၏။ 


"ကျွန်တော်ပါ ချင်းကောအာပါ" ရွှီချင်းက စိတ်မသက်မသာနဲ့ ပြန်ဖြေလိုက်၏။ ကောအာလို့ အခေါ်ခံရတာကို သူအသားမကျသေးပေ။ 


(My Note: ဂူးဂူးမှာရှာကြည့်တော့ ကောအာဆိုတာကလေ brother/boyလို့ဖော်ပြထားတော့ ညီငယ်လေး/ကောင်လေးလို့ ဆိုလိုချင်တာပေါ့နော်။ ကောအာလို့တိုက်ရိုက်သုံးတာပိုလှမယ်ထင်လို့ အဲ့လိုသုံးလိုက်တာနော်) 


ကျွီခနဲမြည်သံနှင့်အတူ တံခါးပွင့်လာသည်။ "ချင်းကောအာ၊ မြန်မြန်ဝင်ခဲ့ပြီး ငါတို့နဲ့မနက်စာလာစား" ဦးလေးရှဲ့သည် အရပ် 1.8 မီတာနီးပါးရှည်သော အမျိုးသားတစ်ဦးဖြစ်သည်။ သူ့အသံက ကျယ်လောင်ရုံသာမက သူ့ခန္ဓာကိုယ်ကလည်း ဗလခပ်တောင့်တောင့်ဖြစ်၏။ သူ့ပုံစံက အသက်လေးဆယ်ကျော် ယောက်ျားတစ်ယောက်နဲ့ လုံးဝမတူပေ။ 


"မလိုပါဘူး ဦးလေးရှဲ့ရယ်။ ကျွန်တော်စားပြီးသွားပါပြီ။ ဒီနေ့ ဦးလေးတို့များ ဈေးသွားမလားလို့သိချင်လို့" ရွှီချင်းက အခြားသူ၏ အလွန်မြင့်မားသည့်ရုပ်သွင်ကို ကြည့်ပြီး သူ့ရဲ့သေးငယ်တဲ့ခန္ဓာကိုယ်လေးနဲ့ယှဥ်မိတော့  ရှုံးနိမ့်သွားသလို ခံစားလိုက်ရသည်။ (အမျိုးသားယောကျ်ားတွေက gongဆိုတော့ ကိုယ်ခန္ဓာက ကောဖြစ်တဲ့shouလေးတွေထက် ပိုကြီးတယ်လေနော်) 


"ချင်းကောအာရေ ဝင်လာလေ၊ အပြင်မှာ အကြာကြီး ရပ်နေစရာမလိုပါဘူးကွာ" အဒေါ်ရှဲ့လည်း ခြံရှေ့သို့ထွက်လာ၍ ဦးလေးကို ဘေးတွန်းထုတ်လိုက်ကာ ရွှီချင်းဆီတည့်တည့်လျှောက်သွားပြီး ခြံဝင်းထဲသို့ ဆွဲခေါ်သွားတော့သည်။ အဒေါ်ရှဲ့ကတော့ အရပ် ၁.၇မီတာခန့်ရှိသည်။ သူက အနည်းငယ်ပိန်ပါးပြီး နူးညံ့တဲ့အသွင်အပြင်ရှိ၏။ ရွှီချင်းက အနည်းငယ်ရှက်သွားပြီး အဒေါ်ရှဲ့ရဲ့ စေတနာကို တိုက်ရိုက်မငြင်းနိုင်ခဲ့ပေ။ "မင်းတကယ်စားပြီးပြီလား? အဒေါ့်ကိုလိမ်ဖို့ မကြိုးစားနဲ့နော်၊ မဟုတ်ရင်တော့ မင်းကို လွတ်မပေးနိုင်ဘူးဟေ့" ရွှီချင်းလည်း ထပ်ခါထပ်ခါ စားပြီးကြောင်း အာမခံပြီးမှသာ နောက်ဆုံးတွင် အဒေါ်ရှဲ့က လွှတ်ပေးလိုက်ပြီး သူတို့ဘာသာ မနက်စာစားနေကြတော့သည်။ 


လယ်သမားတွေမှာ တင်းကျပ်တဲ့ထမင်းစားပွဲစည်းမျဉ်းတွေမရှိပါဘူး။ ပင်မအိမ်ရှိ စားပွဲတစ်ခုတည်းတွင် လူတိုင်းစားကြသည်။ ဘာပဲဖြစ်ဖြစ် ရှဲ့မိသားစုမှာလည်း လူအများကြီးမရှိဘူးလေ။ 


အဒေါ်ရှဲ့: "မင်း ဈေးသွားမလို့လား။ ကောင်းတာပေါ့။ လူငယ်တွေက မကြာခဏအပြင်ထွက်သင့်တယ်နော်။ အဒေါ့်ကိုစောင့်ဦး။ ဒါတွေအပြီးသတ်ပြီးရင် မင်းနဲ့လိုက်မယ်နော်" 


အဒေါ်ရှဲ့သည် ရွှီချင်းဈေးသွားမည်ကို ကြားသောအခါ အမြန်စားလိုက်ပြီး အိမ်ကကြက်မတွေဥထားတဲ့ ဥတွေကို စုဆောင်းကာ ဈေးမှာရောင်းဖို့ ပြင်ဆင်နေလျက်။ 


ရွှီချင်း: "ကျေးဇူးပါဗျာ။ အလျင်မလိုပါဘူး" 


အဒေါ်ရှဲ့၏စိုးရိမ်သောကအကြည့်ကို မြင်လိုက်ရတော့ ရွှီချင်းသည် အနည်းငယ်ရယ်စရာကောင်းသည်ဟု ခံစားမိသော်လည်း သူ နားမလည်နိုင်အောင်တုန်လှုပ်သွားရသည်။ 


ဦးလေးရှဲ့: "ဘာလို့ အလျင်မလိုရမှာလဲ။ အကောင်းဆုံးထုတ်ကုန်တွေရဖို့ စောစောသွားရမှာပေါ့။ မင်းတို့နှစ်ယောက်လုံးသွားကြ။ အိမ်ကို ငါစောင့်မယ်" 


ရွှီချင်း: "ကျေးဇူးပါ ဦးလေးရှဲ့ရေ။ ဒါဆိုရင် ကျွန်တော်တို့ သွားတော့မယ်နော်" 


ရှဲ့မိသားစု၏အိမ်သည် လမ်းနှစ်လမ်းကြားရှိ လမ်းဆုံလမ်းခွ၌ ရွာအစွန်အဖျားတွင်ရှိသည်။ လမ်းတစ်လမ်းက ဈေးကိုတိုက်ရိုက်ဦးတည်ပြီး နောက်တစ်လမ်းက ရွာထဲကိုဝင်နိုင်၏။ လမ်းနှစ်လမ်းမှာ တူညီတဲ့အကွာအဝေးရှိသည်။ မနက်အစောကြီးဖြစ်၍ လမ်းမှာလူအနည်းငယ်သာရှိနေပြီး သူတို့က အနီးနားကလူတွေကို သယ်ဆောင်ပေးလာတဲ့ မြည်းလှည်းကိုတွေ့လိုက်သည်။ ရွာမှဈေးသို့သွားလိုပါက လူတစ်ဦးလျှင် ကြေးပြား၃ပြားကျသင့်၏။ များသောအားဖြင့် ဈေးသို့ လမ်းလျှောက်ပါလျှင် နာရီဝက်ခန့်ကြာသည်။ ထိုနေရာအတွက် ပိုက်ဆံသုံးဖို့က အရမ်းတန်ပါတယ်။ အဒေါ်ရှဲ့က ရွှီချင်းအတွက်ပါ အတင်းပေးခဲ့သည်။ သူလည်း သူတို့ရဲ့ သံယောဇဥ်ကို မပျက်စီးရလေအောင် တစ်ဖက်လူရဲ့ စေတနာအကြင်နာတွေကို နောင်မှသာ ပြန်ဆပ်တော့မယ်လို့ တွေးလိုက်တော့သည်။ 


မြည်းလှည်းမောင်းသူက လီမျိုးရိုးအမည်ရှိ တခြားရွာကယောကျ်ားသားတစ်ယောက်ဖြစ်ပြီး လူတွေက သူ့ကို ဦးလေးလီလို့ခေါ်ကြတယ်။ 


ဦးလေးလီ: "ဒါဆို မင်းက ရွှီမိသားစုရဲ့ ချင်းကောအာလား" 


ရွှီချင်း: "ဟုတ်ကဲ့ ကျွန်တော်ပါပဲ။ ဦးလေးလီက ကျွန်တော့်ကို သိတာလား" 


ရွှီချင်းက အဒေါ်ရှဲ့လက်ကိုစိတ်မလှုပ်ရှားဖို့ရန် ဖိထားခဲ့သည်။ ယခု ဦးလေးလီက သူ့အကြောင်းမေးနေတာကိုကြားတော့ ရွှီချင်းသည် အဖိုးအိုက သူ့အကြောင်းဆက်ပြောလိမ့်မယ်လို့ထင်လိုက်ရာ အဒေါ်ရှဲ့ကတော့ စကားဝိုင်းတွင်ပါဝင်ရန် စိတ်လှုပ်ရှားနေလျက်။ 


ဦးလေးလီ: "ငါက မင်းအဖေနဲ့ ခင်မင်ရင်းနှီးခဲ့ဖူးတယ်။ သူက မင်းအကြောင်းအများကြီးပြောဖူးတယ်လေ" 


"တိုက်ဆိုင်လိုက်တာ" ရွှီချင်းကပြုံးလိုက်ပြီး မျက်နှာနီနီလေးနှင့်ပြန်ပြောခဲ့၏။ ဝက်ခြံတွေဖုံးနေလို့ သူ့မျက်နှာက သိပ်ကြည့်မကောင်းပေမယ့် သူ့မျက်လုံးတွေကတော့ ထူးထူးခြားခြားတောက်ပနေကြသည်။ အဒေါ်ရှဲ့က တိတ်တဆိတ်ကြည့်နေပြီး ဒီလောက်ကောင်းတဲ့ ကလေးလေးအတွက် သူ့နှလုံးသားက နာကျင်နေရတယ်လေ။ 


ဦးလေးလီက နှလုံးသားထဲကလာတဲ့အသံနဲ့ပြောလာ၏ "မင်းကလေ၊ မင်း ဒီထက်ပိုပြီးလျှောက်သွားသင့်တယ်ကွာ။ ဘဝမှာအရေးကြီးဆုံးအရာက ဘယ်လိုနေထိုင်ရမလဲဆိုတာပဲကွ၊ ရုပ်ရည်အသွင်အပြင်ကို ကြည့်စရာမလိုပါဘူးကွာ! အရေးကြီးတာက အကျင့်စရိုက်ပဲလေ!" 


အဒေါ်ရှဲ့က သဘောတူစွာပင် "ဟုတ်တာပေါ့ အဲ့ဒါပဲလေ ချင်းကောအာရဲ့၊ ဒီကလေးဟာလေ ကောင်းမွန်တဲ့ဘဝနဲ့ထိုက်တန်ပါတယ်။ သူများတွေကို ရုပ်ရည်သွင်ပြင်နဲ့ အကဲဖြတ်တတ်တဲ့သူတွေကြောင့် စိတ်ဓာတ်မကျပါနဲ့" 


အဒေါ်ရှဲ့နှင့် ဦးလေးလီတို့က ဆက်ပြောနေသဖြင့် ရွှီချင်းသည် ဘေးမှသာကြည့်နေလိုက်၏။ တစ်ခါတစ်ရံတော့ သူတစ်ခုခုပြောချင်တဲ့အခါကြားဖြတ်ပြီး လက်ဖြင့်အမူအရာလုပ်ရင်း ပြောဆိုတတ်သည်။ ရယ်စရာကြားတဲ့အခါ လှည်းနံရံကိုရိုက်ပြီး စိတ်ကျေနပ်စွာ ရယ်မောလိုက်သေးသည်။ အဒေါ်ရှဲ့က နူးညံ့သိမ်မွေ့ရုံသာမက အလွန်ကြင်နာတတ်ပုံရသည်။ ရွှီချင်းက သူ့မျက်လုံးတွေ လခြမ်းပုံသဏ္ဍာန်ကွေးသည်အထိ ပြုံးနေခဲ့ရ၏။ 


ဦးလေးလီ: "နေ့လည်မှာ ရွာကိုပြန်မောင်းဖို့ ဒီမှာရှိနေမယ်။ မင်းတို့ ငါ့ကိုဒီမှာစောင့်နေကြပေါ့" 


ဦးလေးလီကိုကျေးဇူးတင်စကားပြောပြီးနောက် ရွှီချင်းနှင့်အဒေါ်ရှဲ့က ကြက်ဥတွေရောင်းဖို့အတွက် နေရာတစ်ခုရှာပြီး ခြင်းတောင်းကိုနေရာချထားဖို့ လူရှုပ်တဲ့လမ်းဆီသို့သွားလိုက်၏။ နေရာကောင်းတစ်ခုကိုတွေ့သည်နှင့် သန့်ရှင်းတဲ့အဝတ်စပေါ်မှာ ကြက်ဥတွေကိုဂရုတစိုက်ချထားပြီး ဝယ်သူများကိုစောင့်ဆိုင်းနေတော့သည်။ 


အဒေါ်ရှဲ့: "ချင်းကောအာရေ ဒေါ်လေး ဒီကြက်ဥတွေရောင်းပြီးရင် ဈေးဝယ်ထွက်ကြမယ်နော်" 


ရွှီချင်းသည် လူစည်ကားတဲ့ဈေးတစ်ဝိုက်ကို ကြည့်ရင်း အလုပ်များနေသည်။ အဒေါ်ရှဲ့ပြောတာကိုကြားတော့ သူကခေါင်းလှည့်ပြီး ဖြူဖွေးနေတဲ့သွားလေးတွေနဲ့ ပြုံးပြလာ၏။ သူက အဒေါ်ရှဲ့ကိုအဆင်ပြေကြောင်း၊ စိတ်ပူစရာမလိုကြောင်း အာမခံနေလိုက်သည်။ သူတို့ဆိုင်ဘေးကစျေးသည်တွေက သူ့ကိုတိတ်တဆိတ်ကြည့်ရင်း တိုးတိုးလေးပြောနေကြလျက် "ကျစ်၊ အဲ့ဒီကောရဲ့မျက်နှာက အနီဖုတွေနဲ့ ဘယ်လိုတောင်ပြည့်နေရတာလဲ။ သနားစရာပဲ!" အဒေါ်ရှဲ့က အဲ့ဒီစကားတွေကိုကြားတော့ တစ်ချက်လှမ်းကြည့်လိုက်ပေမယ့် သူတို့ကတော့ အလုပ်ရှုပ်နေဟန်ဆောင်နေကြသည်။ 


အဒေါ်ရှဲ့: "ချင်းကောအာရေ သူတို့ကိုစိတ်ထဲထားမနေနဲ့နော်။ မင်းကကြည့်ကောင်းပြီးသား။ ရှင်းရှင်းပြောရရင် အဲဒီလူတွေက အမြင်အာရုံမကောင်းတဲ့သူတွေပဲလေ" 


ရွှီချင်း: "..." 


ရွှီချင်းသည် အရပ် 1.65 မီတာသာမြင့်ပြီး အားနည်းတဲ့အသွင်ရှိသော်လည်း သူ့မျက်လုံးများကတော့ ကြီးမားပြီးတောက်ပနေလျက်။ ဒါပေမယ့် သူ့မျက်နှာမှာ ဝက်ခြံတွေမရှိရင်တောင်မှ သန့်ရှင်းသန့်ပြန့်တဲ့ ကောင်လေးတစ်ယောက်လို့ သတ်မှတ်လို့ရပါတယ်နော်။ ရွှီချင်းက သူ့ကိုယ်သူ "ကြည့်ကောင်းတဲ့သူ"လို့လည်းမယူဆခဲ့ပါဘူး။ 


စျေးကအရမ်းမကြီးပေမယ့် အနီးနားရွာ၃ရွာလုံး၏ စုဝေးရာနေရာလဲဖြစ်သောကြောင့် လူတွေအတော်အတန်များပြီး လှုပ်ရှားမှုအပြည့်ပင်။ လယ်သမားတွေက သူတို့စိုက်ပျိုးထားတဲ့ပစ္စည်းတွေရောင်းဖို့ ဒီကိုလာကြတယ်။ လမ်း၏ညာဘက်ခြမ်းတွင် ဟင်းသီးဟင်းရွက်ဆိုင်များစီတန်းရှိနေပြီး ဘယ်ဘက်တွင် ကြက်၊ ဝက်သား၊ တောကောင်သားအစရှိသဖြင့် ရောင်းချနေသော အသားတန်းကိုတွေ့နိုင်သည်။ ယေဘူယျအားဖြင့် ဤဈေးသည် သေးငယ်သော်လည်း ကုန်ပစ္စည်းမျိုးစုံဖြင့် ပြည့်နှက်နေလေသည်။