Ch-3
Viewers 9k

Chapter-3


ရွှီချင်းနဲ့ အ​ဒေါ်ရှဲ့တို့က စောစောရောက်လာပေမယ့် တခြားသူတွေလည်း ပိုစောကြ၏။ လယ်သမားများသည် ကြာကြာအိပ်စက်သည့်အလေ့အထမရှိကြပဲ အလတ်ဆတ်ဆုံးထွက်ကုန်ဝေစု​တွေရရှိရန် နံနက်စောစောဈေးသို့ လာကြသည့် ဈေးဝယ်သူများလည်းဖြစ်သည်။ သူတို့ကျေးဇူးကြောင့် အ​ဒေါ်ရှဲ့ရဲ့ကြက်ဥတွေအကုန်လုံး အချိန်တိုအတွင်းရောင်းကုန်သွားပြီ။ ပိုင်းခြားသိမြင်သောမျက်လုံးရှိသူတိုင်းသည် ကြက်ဥများက လတ်လတ်ဆတ်ဆတ်နဲ့ လုံးဝိုင်းကြီးမားပြီး သန့်ရှင်း​နေသည်ကို မြင်နိုင်​ပေသည်။ ဥများအားလုံးကို ကြေးပြား၃၀ပေးခဲ့သော ​ကောအဖွားအိုတစ်ဦးမှ ဝယ်ယူခဲ့ပြီး ယင်းက အလွန်သင့်လျော်တဲ့စျေးနှုန်းဖြစ်တယ်လေ။ အ​ဒေါ်ရှဲ့က ​ရောင်းအားကောင်း၍ စိတ်​ပျော်​နေပြီး "ချင်း​ကောအာ​ရေ၊ စျေးဝယ်ထွက်ကြစို့၊ မင်း ဘာဝယ်ချင်တာလဲ"


ရွှီချင်းသည်လည်း ပျော်ရွှင်သော အငွေ့အသက်ကြောင့် စိတ်လှုပ်ရှား​နေလျက် "ကျွန်တော်က ဝက်က​လေး​တွေ ကြက်တွေ ဝယ်ချင်တာ ပြီး​တော့..."


အ​ဒေါ်ရှဲ့: "ဟုတ်ပါပြီ ဟုတ်ပါပြီ၊ ဖြည်းဖြည်း​ပေါ့။ အ​ဒေါ့်နောက်လိုက်ခဲ့​နော်"


အ​ဒေါ်ရှဲ့သည် နူးညံ့ကြင်နာတတ်​​သောအကြည့်ဖြင့် မျက်လုံး​လေး​တွေတဖျတ်ဖျတ်​တောက်ပ​နေသည့် ရွှီချင်း​လေးကိုကြည့်ကာ ဝက်ကလေးများရောင်းသည့်နေရာသို့ ခေါ်ဆောင်သွားသည်။ "ဆောင်းကုန်ပြီ​ဆို​တော့ ရောင်းဖို့ဝက်ကလေးတွေနည်းနည်းပဲရှိမှာ။ အ​ဒေါ်တို့ကံစမ်းကြည့်ပြီး စိတ်အားထက်သန်တဲ့အ​ကောင်​လေး​တွေရှာကြည့်တာ​ပေါ့။ မင်းကြိုက်တာမ​တွေ့ရင်​တော့ နောက်မှပြန်လာကြမယ်​လေ။ အ​ဒေါ် မင်းကို ကူညီမှာမို့ ငွေကြေးအတွက် စိတ်မပူနဲ့။ မင်းကငယ်​သေး​တော့ ဒီလို​နေရာ​တွေမှာလဲ အတွေ့အကြုံမရှိဘူး​လေ၊ ဂရုမစိုက်ရင် ပိုက်ဆံဆုံးရှုံးဖို့ လွယ်တယ်"လို့ အ​ဒေါ်ရှဲ့က လမ်းလျှောက်ရင်း ပြော​နေခဲ့သည်။ သူက ကြက်က​လေးအစာ​ကောက်​နေသလိုမျိုး ​ခေါင်းတညိတ်ညိတ်လုပ်​နေတဲ့ ရွှီချင်းကိုကြည့်ရင်း ရွှီချင်းဟာ ​​တကယ်ကောင်းတဲ့လူလို့ ​တွေး​နေခဲ့သည်။


အ​ဒေါ်ရှဲ့သည် ရွှီချင်းအတွက် တွဲဖက်​ပေးရန် ရွာရှိမည်သည့်လူပျိုလူလွတ် ရှိမလဲ စဉ်းစားနေမိသည်။ အသက်၂၀ အရွယ်ဆိုတာက အိမ်ထောင်ပြုရမယ့်အရွယ်ကျော်နေပြီ​လေ။ တစ်ချို့လူတွေဆို အဲ့ဒီအရွယ်မှာ ကလေးနှစ်ယောက် ဒါမှမဟုတ် နှစ်ယောက်ထက်ပိုပြီးရှိနေကြပြီ။ အ​ဒေါ်ရှဲ့က ရွှီချင်း အတွက် စိတ်ပူနေမိတယ်၊ ဘာလို့ဆို ကောတစ်​ယောက်က အသက်၂၁နှစ်မှာ အိမ်ထောင်မပြုရ​သေးရင်, ​ယောကျ်ားသားတ​စ်​ယောက်က အသက် ၂၄နှစ်မှာ လက်မထပ်ရ​သေးရင် အစိုးရတာဝန်ရှိသူတွေက သူတို့​တွေအတွက် တွဲဖက်​ရှာပေးဖို့လုပ်​လိမ့်မည်။ အဲ့ဒီတွဲဖက်က ရွှီချင်းအတွက် မသင့်တော်ဘူးဆိုရင်တော့ အဆုံးသတ်ကောင်းမှာမဟုတ်ဘူး။ အရာရှိ​တွေဆီက တွဲဖက်​ပေးဖို့ စောင့်ဆိုင်းနေတဲ့သူ​တွေက လူကောင်း​တွေမဟုတ်ကြဘူး​လေ။ သူတို့က ပျင်းရိတဲ့လူ​တွေ သို့မဟုတ် မသန်မစွမ်း​တွေ​ပေါ့။


အ​ဒေါ်ရှဲ့က လည်ပင်းကိုဆန့်လျက် ဈေးပတ်ပတ်လည်ကို စူးစမ်းကြည့်နေသောရွှီချင်းကို ကြည့်လိုက်​သော် သူ့နှလုံးသား​လေး ပျော့လာရသည်။ ဒီက​လေးက အသက်၂၀ရှိပြီဆို​ပေမယ့် ကလေး​လေးတစ်ယောက်လို ပြုမူနေတုန်းပါပဲ။ နောက်နေ့မှပဲ အိမ်ထောင်ရေးကိစ္စတွေ သူတို့ဆွေးနွေးနိုင်ပါတယ်​လေ။ သတိမထားမိရင် ဟိုးလေးတကျော် ဖြစ်သွားနိုင်တာကိုး။


စျေးတွင်ရှေးဟောင်းပစ္စည်းမျိုးစုံကို စူးစမ်း​နေသော ရွှီချင်းမှာ အ​ဒေါ်ရှဲ့၏ခေါင်းထဲတွင် ဘာတွေဖြစ်နေမှန်းမသိ​ချေ။ တွဲဖက်​ပေးတာ​တွေရှိမှန်းတောင် သူမသိ။ သူသာသိခဲ့ရင် တုန်လှုပ်ခြောက်ခြားသွားပြီး “ရှေးဟောင်းပစ္စည်း”တွေကို စူးစမ်းလေ့လာချင်မှာ မဟုတ်​တော့ဘူး။ ညဘက်​မှာ အိပ်ပျော်နိုင်မှာ​တောင် မဟုတ်​တော့ဘူး။


ရွှီချင်းသည် ကံကောင်းခဲ့၏။ သူ့စိတ်ကြိုက် တက်တက်ကြွကြွဖြစ်​နေတဲ့ ဝက်ကလေးတချို့ရှိ​လေသည်။ သူတို့ကို သေချာဂရုစိုက်နေသရွေ့ သူတို့ဟာ ကြီးလာပြီး ဝဖြိုးလာမှာ သေချာသည်။ ဝက်ကလေး​တွေက မှန်ကန်တဲ့ အရွယ်အစားနှင့် အသက်အရွယ်သာ ရှိသေးသည်။ ရောင်းသူတွေကလည်း တစ်ရွာတည်းကဖြစ်ပြီး အ​ဒေါ်ရှဲ့၏မိသားစုနဲ့ ခင်မင်ရင်းနှီးမှု ရှိတာကြောင့် မူလအလေးချိန် ၃ပေါင်ရှိတဲ့ ဝက်ကလေးကို လျှော့ဈေးနဲ့ ရောင်းချခဲ့​ပေးခဲ့သည်။


အ​ဒေါ်ရှဲ့သည် ရွှီချင်းပိုက်​ဆံ​ပေးရင်း အလုပ်များနေချိန် အခွင့်​ကောင်းယူကာ  ဝက်ရောင်းသူ၏ဇနီး လျို​မော့ကိုဆွဲလိုက်ပြီး "ဟေး၊ ကျိရှင်းရွာမှာ အိမ်ထောင်မပြုရသေးတဲ့ အဆင်​ပြေတဲ့လူငယ်လေးတစ်ယောက်ရှိမရှိ သိနိုင်ဖို့ ကူညီပေးပါဦး။ ငါ့တူ​လေးအတွက်ရှာ​နေတာ။" လျို​မော့က အ​ဒေါ်ရှဲ့၏ မျက်လုံးအကြည့်အတိုင်းလိုက်ကြည့်ရာ ​​ခေါင်း​လေးငုံ့ပြီး ပိုက်ဆံ​ရေတွက်​နေတဲ့  ရွှီချင်းကို ​တွေ့လိုက်ရသည်။ သူ့အသားအရည်က ဖြူပေမယ့် သူ့မျက်နှာမှာ​တော့ အနီဖုတွေ ထင်ထင်ရှားရှားရှိနေဆဲ။


လျို​မော့: "သူက ရွှီမိသားစုကလား?"


အ​ဒေါ်ရှဲ့က လျို​မော့ကို တစ်ချက်ကြည့်လိုက်ပြီး "ဘာလို့လဲ၊ မင်းလဲ မျက်စိမွဲ​တေ​နေတဲ့ တခြားသူ​တွေလိုပဲလား"


လျို​​မော့: "ဟေး မင်းဘာတွေပြောနေတာလဲ။ ငါက အဲ့လိုလူမျိုးလား? ဘာပဲဖြစ်ဖြစ် စစ်မှုထမ်းပြီး​တော့ ပြန်လာတာမကြာ​သေးတဲ့ စစ်သားတွေလည်း အများကြီးပဲ။ တော်တော်များများက တစ်ကိုယ်တည်းတွေပဲတဲ့"


အ​ဒေါ်ရှဲ့က ကမန်းကတန်းပြောလာသည် "ဒါပေမယ့် သူတို့က လူကောင်းတွေဖြစ်မှရမယ်​နော်။ ငါသူတို့ကိုစစ်ဆေးကြည့်ပြီး ဘာဖြစ်မလဲကြည့်ရမယ်"


လျို​မော့: "စိတ်မပူပါနဲ့ စိတ်မပူပါနဲ့။ ငါနဲ့ထားခဲ့လိုက်"


အရောင်းအ၀ယ်လုပ်ပြီးနောက် ရွှီချင်းက အခြားအရာများဝယ်ပြီးမှ ဝက်ကလေးအား လာ​ခေါ်ဖို့ ပြန်လာခဲ့မည်ဟု သားသတ်သမားလျိုကိုပြောခဲ့သည်။


လျို​မော့နှင့် အ​ဒေါ်ရှဲ့ စကားပြောနေတာကို သူမြင်လိုက်​တော့ "အ​ဒေါ်တို့ဘာတွေပြောနေကြတာလဲ"


အ​ဒေါ်ရှဲ့ကို သတိဝင်သွားပြီး "အား ဘာမှမဟုတ်ပါဘူး၊ အ​ဒေါ့်မိဘအိမ်ကို မရောက်တာကြာပြီမို့ လျို​မော့ကို သူတို့ဆီ သတင်းစကားပို့ခိုင်း​နေတာ​လေ ဟုတ်တယ်​နော် လျို​မော့​ရေ"


လျို​မော့က ချက်ချင်းပင် "ဟုတ်တယ်၊ ဟုတ်တယ်၊ အဲ့လိုပဲ။ သွား​တော့​လေ! မင်းတို့ ​အရင်ဈေးသွားထွက်​​ကြ။ ဒီဝက်ကလေးကို မင်းအတွက် စောင့်ရှောက်ပြီး ကြည့်ထား​ပေးမယ်။ စျေးဝယ်ပြီးမှ လာယူ​နော်"


ရွှီချင်းက သူ့အကူအညီအတွက် ကျေးဇူးတင်လိုက်၏။ သူက လျို​မော့နဲ့ သူဌေးကို ​နောက်တစ်ခါထပ်ကျေးဇူးတင်ခဲ့ပြီး ပိုသက်တောင့်သက်သာဖြစ်သလို ခံစားလိုက်ရသည်။


လျို​မိသားစုမှလူကြီးက ထွက်သွားသော ရွှီချင်း၏ပုံရိပ်အား မှင်တက်စွာ စိုက်ကြည့်နေတဲ့ သူ့ဇနီးအား ကြည့်လိုက်သည် "မင်းဘာလို့ တစ်ယောက်ယောက်ရဲ့ နောက်ကျောကို စိုက်ကြည့်နေတာတုန်း။ အဲ့ဒီကောလေးက နည်းနည်းရုပ်ဆိုးပေမယ့် သူက လူကောင်းတစ်ယောက်ဖြစ်နေတုန်းပဲ"


လျို​မော့က သူ့ခင်ပွန်းကို "ရှင်! ဘာရုပ်ဆိုးတာလဲ? သူက ရုပ်မဆိုးဘူး။ ငါ့နားမှာလာမနေနဲ့ ​ဝေး​ဝေးသွား။ စိတ်တိုလိုက်တာ" သူက ခင်ပွန်းကို နှင်ထုတ်လိုက်ပြီး စစ်တပ်မှ ခု​လေးတင်ပြန်​ရောက်လာကြတဲ့ ရွာထဲက ဘယ်ယောက်ျားက ​ကောင်းမွန်တဲ့စရိုက်ရှိသလဲဆိုတာ စဉ်းစား​နေ​တော့သည်။


အ​ဒေါ်ရှဲ့၏ ဦးဆောင်မှုအောက်တွင် ရွှီချင်းက ဆားနှင့် ငရုတ်ကောင်းကဲ့သို့သော ဟင်းခတ်အမွှေးအကြိုင်အချို့ကို အမြန်ဝယ်ခဲ့သည်။ အဝတ်အစားဝယ်ရာတွင် ရွှီချင်းက အ​ဒေါ်ရှဲ့ကို​ဆွဲကာ ဘာဝယ်ရမလဲလို့ အကြံ​တောင်းလိုက်၏။ အ​ဒေါ်ရှဲ့က အံ့အားသင့်သွားပြီး ရွှီချင်းက သူ့ထင်မြင်ချက်ကို တောင်းမည်ကို သူမထင်ထား​ချေ။ အထည်​တွေကိုကြည့်ရင်း ရွှီချင်း၏ ပျာယာခတ်နေတဲ့မျက်နှာ​လေးကို မြင်လိုက်ရတော့ အ​ဒေါ်ရှဲ့သည် အဲ့ဒါက နည်းနည်း​ရယ်စရာ​ကောင်း​နေတာကြောင့် ရွှင်မြူးသွားရသည်။  "မင်းကြိုက်တာရွေးလိုက်​လေ၊ အဒေါ်က မင်းအတွက် အဝတ်အစားတွေချုပ်ပေးမယ်"


ရွှီချင်းက သူ့လက်ကို အလျင်စလို ဝှေ့ယမ်းလိုက်ပြီး "ဘယ်လိုလုပ်ဖြစ်မှာလဲဗျာ။ ဒုက္ခများလွန်းတယ်​လေ"


"ဘာဒုက္ခများရမှာတုန်း၊ ဘာမှဒုက္ခမများဘူး" အ​ဒေါ်ရှဲ့က ရွှီချင်းကို အထည်ဆိုင်ထဲခေါ်သွားပြီး ရွှီချင်းနဲ့ လိုက်ဖက်တဲ့ အစတွေကို ရွေးလိုက်သည်။


ရွှီချင်းက ခဏလောက်စဉ်းစားပြီး အ​ဒေါ်ရှဲ့၏အင်္ကျီလက်ကို ဆွဲကာ "ဒါဆို ကျေးဇူးတင်တယ်​နော် အ​ဒေါ်ရှဲ့။ အ​ဒေါ်က ကျွန်​တော့်အတွက် အဝတ်အစားတွေချုပ်ပေးပြီး လုပ်ခမပေးရဘဲ အ​ဒေါ်ရဲ့ကြင်နာမှုကိုလက်ခံဖို့ဆို ကျွန်​တော်စိတ်မကောင်းဖြစ်မှာ​နော်။ အ​ဒေါ်ရဲ့အချိန်တွေကို ကျွန်​တော်အလကားမဖြုန်းချင်ဘူး​လေ" အ​ဒေါ်ရှဲ့က အစပိုင်းမှာ သဘောမတူပေမယ့် နောက်ဆုံးမှာ​တော့ သူလက်လျှော့လိုက်ရသည်။ ရွှီချင်းက အဝတ်အစားတွေလာယူတဲ့အခါကျ ဒီအ​ကြောင်းကိုမေ့သွားခဲ့ရင် မပြောဖို့ ဆုံးဖြတ်ထားလိုက်၏။ ရွှီချင်းက ပိုသက်တောင့်သက်သာရှိသွားပြီး  အထည်စတွေကို သွားကြည့်တော့ သူဌေးနဲ့ စျေး​တွေဘာ​တွေ​မေး​နေ​တော့သည်။


အ​ဒေါ်ရှဲ့ရွေး​ပေးတဲ့ အထည်စတွေက အပြာရင့်ရောင်တစ်စ၊ ခရမ်းနု​ရောင်တစ်စ၊ အစိမ်းနု​ရောင်တစ်စဖြစ်၏။ ရွှီချင်းသည် အထည်စ​တွေကို ထိလျက် "​ကောင်းပါတယ်၊ သူတို့က ပိတ်သား​တွေဆိုပေမယ့် နူးညံ့တယ်လို့ ခံစားရသား" သူက အထည်အလိပ်တွေ ဘယ်လိုဝယ်ရမှန်းမသိဘူး​လေ။ အခက်အခဲတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာပျက်ကပ်ကြီးက  သူ့ရဲ့ယခင်ဘဝအကြောင်းဆို ​ပြောမ​နေပါနဲ့​တော့၊ အဲ့တုန်းက အရာအားလုံးအဆင်မ​ပြေပဲ ဒီလို​ဘာဝတ်ရမလဲဆိုတာ ရွေးချယ်ရဖို့ဆိုတာ မဖြစ်နိုင်ဘူး​လေ။ အထည်စ ၃စကို စုစုပေါင်း ကြေးပြား ၆၀ ကျသင့်၏။ အဆင်သင့်လုပ်ထားပြီးသား​တွေဝယ်ရင်​ တစ်စုံအတွက် ကြေးပြား ၅၀ ရှိ​တော့ မတန်ဘူး​လေ။


ရွှီချင်းသည် အ​ဒေါ်ရှဲ့အား ရွှင်မြူးသောအကြည့်ဖြင့် ကြည့်ပြီး "ကုန်ချောနဲ့ အထည်စကြားက စျေးနှုန်းကွာခြားချက်က အရမ်းများတာပဲ။ ပိုအရေးကြီးတာက ကျွန်​တော် ကြက်​တွေလဲဝယ်ချင်လို့" အ​ဒေါ်ရှဲ့က သက်ပြင်းချလျက် စိုးရိမ်တကြီးနဲ့ ပြန်ပြောလိုက်သည် "နေ​တောင်ထွက်လာပြီ​နော်။ မွန်းတည့်ခါနီး​နေပြီ​လေ။ အ​ဒေါ်ထင်တာ ကြက်​တွေရောင်းတဲ့သူ မရှိတော့ဘူးလားလို့။ ဒီတော့ ဒီလိုလုပ်ရအောင်။ အ​ဒေါ့်မိသားစုမှာလည်း ကြက်​တွေရှိတယ်​လေ။ အ​ဒေါ့်အိမ်မှာပဲ တချို့လာရွေးလိုက်​လေ"


ရွှီချင်းက ကျေးဇူးတင်လျက် အ​ဒေါ်ရှဲ့ကို ပြုံးပြပြီး "ဒါဆို အ​ဒေါ်ကပေါက်ဈေးအတိုင်း ​ရောင်းပေးရမယ်နော်။ မဟုတ်ရင် ကျွန်​တော် မလိုချင်ဘူး" အ​ဒေါ်ရှဲ့က သဘောတူလိုက်၍ ရွှီချင်းက "ကျွန်တော် ကြက်၁၅ကောင်လိုချင်တယ်"လို့ တောင်းဆိုခဲ့သည်။


အ​ဒေါ်ရှဲ့အံ့သြသွားရပြီး "ဒီ​လောက်အများကြီး? သူတို့ကို ပြုစုပျိုးထောင်ဖို့ မင်းတစ်ယောက်တည်း အဆင်ပြေပါ့မလား" ရွှီချင်းက သူ့ရဲ့ ပိန်ပိန်ပါးပါးရင်ဘတ်ကို ဂုဏ်ယူစွာ ပုတ်လိုက်ရင်း "ဒါ​ပေါ့ ကျွန်တော် လုပ်နိုင်ပါတယ်။ သူတို့​တွေ ကြီးပြီးဝလာတဲ့အခါ အ​ဒေါ့်အတွက် ချက်ပေးမယ်​နော်"


​ကောငယ်လေး၏ လုပ်ရပ်ကြောင့် ရွှင်မြူးသွားရသော အ​ဒေါ်ရှဲ့က ပြုံးပြီး "ကျေးဇူးတင်ပါတယ် အ​ဒေါ် မစောင့်နိုင်တော့ဘူး" ရွှီချင်းက ဒါကိုကြားတော့ စိတ်​ကျေနပ်သွား၏။ ဖြတ်သွားဖြတ်လာ​တွေက အံ့သြသွားလျက်ဆိုကြသည် ​​"ဒီ​ကောငယ်လေးက တော်တော်ရုပ်ဆိုးပေမယ့် သူ့အပြုံးက ချိုမြိန်လွန်းတယ်" ထို့နောက် ​ကောနှစ်​ဦးသားက ဝက်ဗိုက်သား ၁ပေါင်ဝယ်ကာ ဝက်ကလေးအား သွား​ခေါ်လိုက်ပြီး ဦး​လေးလီနှင့် တွေ့ဆုံရန် ပြောသည့်နေရာကို အမြန်သွားကြသည်။


"ဒီမှာ​ဟေ့! ဒီမှာ!" နှစ်ဦးသားကို အဝေးမှမြင်လိုက်ရသော ဦးလေးလီက ရွှီချင်းသယ်ထားသည့် ဝက်က​လေးကိုကြည့်ရင်း မြည်းလှည်းကို ​မောင်းချလာသည်။ "ဦး​လေးလီ၊ ဘာလို့ဒီမှာဦး​လေးတစ်​ယောက်ထဲရှိနေတာလဲ" ရွှီချင်း အံ့ဩသွားကာ ဒီမနက် သူတို့ဒီကိုရောက်တုန်းက ဒီ​နေရာမှာ မြည်းလှည်းတွေ အများကြီးရပ်ထားတာ​လေ။


"အိုး ချင်း​ကောအာ မင်းမသိဘူးဘဲ။ ဒီနေ့က စစ်တပ်မှာ အမှုထမ်းတဲ့ အမျိုးသားတွေ သူတို့ဇာတိရပ်ရွာကို ပြန်လာကြတဲ့နေ့​လေ" ဟု အ​ဒေါ်ရှဲ့က ပြောသည်။ ရွှီချင်းမေ့သွားလောက်ပြီထင်ပြီး အကြောင်းပြချက်ကို ရှင်းပြလိုက်၏။ ရွှီချင်းက ဒါကို အရင်ကတည်းက မသိခဲ့ပါဘူး။ ဦးလေးလီက စိတ်​ပျော်​နေပြီး "ဟုတ်တာ​ပေါ့၊ ဟုတ်တာ​ပေါ့၊ ဒီနေ့ မြည်းလှည်းတွေ အကြိမ်ကြိမ် ပြေးပြီးပြီ​လေ။ ငါ ဒီကို မရောက်ခင် အကြိမ်အနည်းငယ်​လောက် ​မောင်းပြီးပြီကွာ။ အခု​တော့ မင်းတို့နဲ့​ဆုံလိုက်တာ" ဒီနေ့​တော့ အကြိမ်အနည်းငယ်​မောင်းပြီး သူ့ရဲ့ဇနီးနဲ့ ကလေးတွေကို ပျော်ရွှင်စေဖို့အတွက် အရသာရှိတဲ့ အစားအစာတွေဝယ်ဖို့ ငွေရှာခဲ့ပြီ​လေ။


ဝက်ကလေးကို မြည်းလှည်းပေါ်တင်ပြီးနောက် ရွှီချင်းက လူကြီးနှစ်ယောက်ကို မလုံမလဲစိတ်ဖြင့် ပြန်ပြောသည် "အ​ဒေါ်တို့သိတဲ့အတိုင်းပဲ ကျွန်​တော်က အပြင်သိပ်မထွက်ဘူး​လေ၊ ကျွန်​တော်တို့မင်းဆက် ဒါမှမဟုတ် အထက်ကအကြောင်း​တွေ သိပ်မသိလို့ပါ" ရွှီချင်းက ကောင်းကင်ဆီသို့ လက်ညှိုးညွှန်ပြသည်။ အ​ဒေါ်ရှဲ့က ရွှီချင်းကို သံသယမ၀င်​ပေ။ 


အချိန်အတော်ကြာ ဆက်ဆံပြီးနောက် ဒီကလေးက ပိုဖျတ်လတ်တက်ကြွလာတယ်လို့ သူထင်ခဲ့သည်။ သူက ရွှီချင်းကို စိတ်ရှည်ရှည်နဲ့ ရှင်းပြရင်း "အ​ဒေါ်တို့က ချင်မင်းဆက်မှာ​နော်။ ဧကရာဇ်မင်းက အဓိကဖြစ်ပြီး​တော့ ငါတို့လိုသာမန်လူ​တွေအတွက် အခွန်​တွေကလည်း အရမ်းကြီးမမြင့်ပါဘူး" ရွှီချင်းသည် ဤ "ချင်မင်းဆက်"မှာ ရှေးတရုတ်ပြည်မှ ချင်မင်းဆက်မဟုတ်ဟု ယူဆခဲ့သည်။


"ဒါဆို ဘာလို့ စစ်မှုထမ်းကြရတာလဲဟင်၊ တိုင်းပြည်မငြိမ်းချမ်းဘူးလား" ရွှီချင်း အနည်းငယ်စိုးရိမ်သွားသည်။ သူ သွေးထွက်သံယို စစ်ပွဲတွေကြောင့် ဒုက္ခမရောက်ချင်ဘူး။


"ဒါက ကိစ္စကြီးမဟုတ်ဘူး။ အစိုးရရဲ့ မူဝါဒပါပဲ။ ဒီလိုမျိုး မျိုးဆက်တွေအတွက် ဒီလိုပဲဆက်ရှိခဲ့တာ​လေ။" အ​ဒေါ်ရှဲ့ကလည်း ဘာကြောင့်ဒီလိုဖြစ်မှန်း မသိပေမယ့် သူတို့လို သာမန်လူတွေအတွက် အရေးမကြီး​ချေ။


ဤမင်းဆက်သည် ငါးနှစ်တစ်ကြိမ် စစ်သားစုဆောင်းပြီး မိသားစုတိုင်းတွင် အမျိုးသားတစ်ဦးကို စေလွှတ်ရသည်။ စစ်မှုထမ်းပြီးသောသူများသည် ဆယ့်ငါးနှစ်ကြာထိ စစ်မှုထမ်းရန် မလိုတော့ပေ။ မိသားစုတစ်စုတွင် အမျိုးသားတစ်ယောက်ထဲရှိပြီး သားသမီးအားလုံးကလဲ ​ကော​တွေဖြစ်​နေရင်  ခင်ပွန်းကစစ်မှုထမ်းပြီးသားဖြစ်ခဲ့ပါက စစ်မှုထမ်းရမည့်အစား အခွန်ပေးဆောင်နိုင်သည်။ မူလပိုင်ရှင်ကိုမွေးတုန်းက ပါးပါးရွှီသည် စစ်မှုထမ်း​နေခဲ့ပြီး ငါးနှစ်ကြာအောင် ပြန်မလာနိုင်ခဲ့ပေ။ 


မူလရွှီချင်း အသက်ဆယ့်ငါးနှစ်တွင် သူ့မိဘများဆုံးပါးသွားကာ မိသားစုတွင် စစ်ထဲဝင်ရန် လူမရှိသောကြောင့် ငါးနှစ်တစ်ကြိမ် အခွန်ပေးဆောင်ရသည်။ ရွှီချင်းသည် ယခု အသက်၂၀ ဖြစ်၏။ နောက်နှစ်လအကြာတွင် သူ ၂၁နှစ်ဖြစ်လိမ့်မည်။ ထိုနှစ်တွင်တာဝန်ထမ်းဆောင်ခဲ့သော အမျိုးသားများအားလုံး ယခုနှစ်တွင် အိမ်ပြန်ရောက်လာကြပြီ။ ရွှီချင်း သက်သာရာရသွား၏။ သူက ​ကောတစ်​ယောက်ဖြစ်၍ စစ်မှုထမ်းရန် မလိုအပ်​ပေ။ နောင်အနာဂတ်မှာ အခွန်အတွက် ငွေရှာရမည့်ပုံရသည်။


ဦးလေးလီက သူတို့နှစ်ယောက်ကို​ ဒီမနက်ကခေါ်​တင်လာခဲ့​သော လမ်းဆုံလမ်းခွမှာ ချ​ပေးကာ ရွှီချင်းကို ဝက်ကလေးနှင့် အခြားပစ္စည်းများကို ကူညီချ​ပေးပြီးနောက် မြည်းလှည်းကို ​မောင်းထွက်သွားခဲ့သည်။ သူတို့နှစ်ယောက်သည် အ​ဒေါ်ရှဲ့ ၏အိမ်သို့ အရင်ဆုံးသွားခဲ့ကြပြီး ဝက်ကလေးအား အခြေချရန် ရွှီချင်း၏နေရာသို့ ထွက်လာခဲ့ကြ၏။ အ​ဒေါ်ရှဲ့က အစစအရာရာ ဂရုစိုက်ပြီးမှသာ ထွက်သွားခဲ့သည်။ 


ယနေ့တွင် ၅နှစ်ကြာ စစ်မှုထမ်းပြီးနောက် အိမ်သို့ ပြန်လာကြသော အမျိုးသားများရှိ​ကြပြီး တော်တော်များများက​တော့ က​လေး​လေး ၅နှစ်သားလေးတွေ ရှိနှင့်ပြီးသားပင်။ အမျိုးသားတွေက အပျော်လွန်​နေကြပြီး မွန်းတည့်ချိန်၌ ရွာရှိ အိမ်အများအပြား မီးခိုးများထွက်လာ​ပေသည်။ 


ရွှီချင်းက ခဏ​လောက်ကြည့်​နေလိုက်ပြီး တံခါးကိုပိတ်ကာ သူ့​နေ့လည်စာကိုပြင်ဆင်လိုက်​တော့သည်။