အခန်း ၁၁
Viewers 10k

Chapter 11

Chapter 11




အပူချိန်နိမ့်သောရပ်ဝန်းနှင့်သဟဇာတဖြစ်နေကြပြီးသော ဇက်များအတွက် အအေးဒဏ်ခံနိုင်သောအဝတ်အစားမျိုး မလိုအပ်သောကြောင့်ဂြိုလ်ပေါ်တွင် တစ်ထည်မှမရှိပေ။ သို့ဖြစ်၍ သူတို့မှာ အထည်အချို့ကိုအမြန်ချုပ်နေကြခိုက် ကုဟွိုက်ကို ချုပ်ပြီးသားအဝတ်အစားအနည်းငယ်ပေးထားကြသည်။


ယခုမူ ကုဟွိုက်ကား အိမ်ထဲတွင်သာ နေရချေသည်။ သူသည် သာမန်စစ်တပ်သုံးဂျက်ကပ်အင်္ကျီသာ ဝတ်ထားသည့်တိုင် အ အေးဒဏ်မခံစားရချေ။ အနှီကုတ်အင်္ကျီကြီးအတွင်း မြုပ်နေလျက် လူငယ်လေးသည် ပြတင်းပေါက်အနီးတွင်ရပ်ကာ အပြင်ဘက်သို့ကြည့်နေ၏၊ ဆံနွယ်နက်များမှာ အနည်းငယ်ပွနေပြီး ဖြူဖွေးသောအသားအရေမှာနေရောင်အတွင်း ကြည်လဲ့နေသည်။


စွန့်ပစ်ဂြိုလ်ပေါ်တွင်နေခဲ့စဉ်က ကုဟွိုက်သည် မိုးရွာထားပြီးကျန်နေခဲ့သော ရေအိုင်ငယ်လေးအနီးမှဖြတ်သွားမိပြီး သူ့ပုံစံကိုမြင်လိုက်ရကာ အလွန်အံ့အားသင့်သွားသည်။ သူ၏မျက်နှာနှင့်ပုံစံမှာ မူလကမ္ဘာကနှင့် များစွာမကွာခြားပေ။ ပြောင်းလဲသွားသည့်အရာကိုပြောပြပါဆိုလျှင် သူမဆိုသလောက်ကြည့်ကောင်းလာရုံသာဖြစ်လိမ့်မည်။


ကုဟွိုက်ကား သူ၏အသွင်အပြင်အပေါ် ဂရုမစိုက်တတ်၍ အသေအချာမသိပေ။ အကြောင်းမှာ သူ၏ပုံစံသည် အင်မတန်ရှင်းလင်းပြီးစိတ်ဝင်စားဖွယ်ကောင်းသည်၊ အခြားသူများ သူ့အပေါ်အကောင်းမြင်လာစေရန်လည်း အလွယ်တကူစွမ်းဆောင်နိုင်သည်။ ယခု သူ၏မျက်နှာကျမှာများစွာမပြောင်းလဲသွားခဲ့သည့်တိုင် ပို၍အမြင်ဖမ်းစားစရာဖြစ်နေသည်။


ဇက်များ၏စွမ်းရည်က အခြားကြယ်တာရာမျိုးနွယ်စုများအနက် အမြင့်ဆုံးဖြစ်နေခဲ့၍ပေလား။ ကုဟွိုက်မှာသူ၏ဆောင်းတွင်းဝတ်အင်္ကျီများလာပို့သည်ကို အကြာကြီးမစောင့်လိုက်ရပါချေ။


သူ့အားအဝတ်အစားများလာရောက်ပို့ပေးသူမှာ လေဆိပ်တွင်သူ့အား နွေးလာစေရန် ၎င်း၏စွမ်းရည်ကိုအသုံးပြုခဲ့သော အဆင့်မြင့်ဇက်ဖြစ်သည်။ ကုဟွိုက်က ၎င်းအမည်မှာ လီအို ဖြစ်ကြောင်းမှတ်မိသွားသည်။ အဆင့်မြင့် တူဆာဇက်များ၏ခေါင်းပေါ်တွင် ချွန်ထက်သည့်မီးခိုးရောင်ဦးချိုတစ်စုံရှိတတ်ပြီး ထိုအရာများက စီမံခန့်ခွဲသူခုနစ်ယောက်အနက် တစ်ယောက်ဖြစ်ကြောင်းလွယ်လင့်တကူမှတ်မိစေနိုင်သည်။


"ဒါတွေက အရှင့်အတွက် အအေးဒဏ်ခံနိုင်တဲ့အဝတ်တွေပါ...ပုံစံတွေကတော့ အခြားမျိုးနွယ်စုတွေနေ့တိုင်းဝတ်နေကျအတိုင်း ချုပ်ထားပါတယ်...အရှင်သဘောကျရဲ့လား..."


အဆင့်မြင့်ဇက်သည် ထိုမေးခွန်းမေးနေချိန်၌ အတန်ငယ်စိတ်လှုပ်ရှားနေသယောင်ရှိသည်။ ၎င်း၏မျက်လုံးများမှာ ကျုံ့ဝင်နေပြီး အရှေ့မှလူငယ်လေးက မကြိုက်ဘူး ဟုပြောလာမည်ကိုစိုးရိမ်နေပုံရသည်။


ဇက်မျိုးနွယ်စုတွင် စစ်တပ်၏ ဦးစီးချုပ်မှစကာ သာမန်အောက်ခြေစစ်သားများအထိ၊ အားလုံးက အနက်ရောင်ယူနီဖောင်းများသာ ဝတ်ဆင်ကြသည်။ သို့သော် သူတို့ ကုဟွိုက်အတွက် အဝတ်အစားများပြင်ဆင်ကြရသည့်အခါ အဆိုပါနက်မှောင်အေးစက်သည့် ယူနီဖောင်းများက သူတို့၏ ရှင်ဘုရင်နှင့်မသင့်လျော်သလိုသာ ခံစားကြရ၏။


စစ်တပ်ယူနီဖောင်းများက စစ်မြေပြင်နှင့်ဆက်နွယ်မှုတစ်ခုရှိတတ်သည်။ ရုတ်တရက်ပင် အဆင့်မြင့်ဇက်ခမျာ တွေးလေ ပိုကာစိတ်မချမ်းသာဖြစ်လာ၏။ သူတို့သည် ဘယ်သောအခါမှ သူတို့၏ဘုရင်အား ထိုသို့အန္တရာယ်များသည့်နေရာများထံ သွားခွင့်ပေးကြမည်မဟုတ်။ ကြယ်တာရာများအကြား သူတို့နှင့်တိုက်ခိုက်လာမည့် မျိုးနွယ်စုများရှိလာခဲ့ပါမူ လူငယ်လေး၏မမြင်ကွယ်ရာတွင်သာ စစ်ပွဲကိုအဆုံးသတ်လိုက်ပြီး ရန်သူများကို၏ဘုရင်အနားသို့ကပ်ခွင့်ပေးမည်မဟုတ်ချေ။ လူငယ်လေးဒဏ်ရာရသွားမည့်အဖြစ်ကို သူတို့တွေးကြည့်၍ပင်မရ။


ကုဟွိက်မှာ သူ၏အရှေ့မှ အဆင့်မြင့်ဇက်၏ ပူပင်သောကကိုခံစားမိပြီးမြန်မြန်ဆန်ဆန်ခေါင်းညိတ်လိုက်ကာ အပြုသဘောဆောင်သည့် 'အင်း' ဟူသောအဖြေကိုပေးလိုက်သည်။


ကုဟွိုက်က ထိုသူတို့အဆင်ပြေနေသရွေ့ အဝတ်အစားအတွက်မလိုအပ်ပေ။ အရေးအကြီးဆုံးအရာမှာ သူ့ထံတွင်ရုပ်ရည်လေးရှိနေရန်သာဖြစ်ပြီး အရုပ်ဆိုးသည့်အဝတ်အစားများဝတ်ရလျှင်ပင် မခဲယဉ်းပါချေ။ ကုဟွိုက်ကား အဝတ်အစားသစ်များကိုကြည့်ပြီးနောက် စတိုင်က အလွန်တရာမှ ပုံတုံးနေသလိုခံစားရသည်။ ၎င်းတို့သည် သူနေထိုင်ခဲ့သောမူလကမ်ဘာမှ သာမန်ဆောင်းရာသီဝတ် အထည်များနှင့်အတူတူပင်။


ကုဟွိုက်က ခေါင်းညိတ်ပြလိုက်မှ အနည်းငယ်တင်းကျပ်နေသောအဆင့်မြင့်ဇက်၏မျက်ဆံများက တမဟုတ်ချင်း စိတ်သက်သာသွားသည့်အခြေအနေကိုပြန်လည်ရောက်ရှိသွားသည်။ ဒေါင်လိုက်ပယင်းရောင်မျက်ဆံအိမ်အတွင်း အလင်းတစ်စပေါ်လာကာ အမှောင်ထုအတွင်း ကြယ်တစ်စင်းကြေကျသွားပုံနှင့်တူပြီး ဖျတ်ကနဲလင်းလက်သွားသောအလင်းရောင်က မကြာရှည်သည့်တိုင် အလင်းစလေးကား ဆက်ရှိနေဆဲ။


ဘုရင်က သူတို့ပို့ပေးလာသောအဝတ်အစားများကို နှစ်သက်လေရာလီအိုသည် တုံ့ပြန်မှုကိုရသည်နှင့်အခန်းထဲမှ မြောက်ကြွကြွထွက်သွားတော့၏။ သူလှေကားအောက်ရောက်သည်နှင့် စစ်ဌာနချုပ်၏အစည်းအဝေးခန်းကိုဖုန်းခေါ်ပြီး ဇာတ်ကြောင်းကိုဖောက်သည်ချလေသည်။


"အရှင်ကကြိုက်တယ်တဲ့..."


နောက်တခါကျရင် အရှင့်ကိုတွေ့ဖို့ကငါ့အလှည့်ပဲ.."


"ပူဘာနိုသစ်ပင်က သစ်ရည်တွေ အသင့်ဖြစ်ပြီ..အရှင်ကဘယ်အချိန်စားချင်တယ်လို့ပြောလဲ.."


"မြေအောက်ခန်းထဲမှာပဲနေပြီး အရှင်ထွက်လာတဲ့အထိစောင့်...ဘာလိုအပ်လဲလို့မေးကြည့်.."


ကြယ်တာရာခေတ်တွင် ဇက်၏အခြားသော ရန်သူမျိုးနွယ်လေးခုကရှောင်တိမ်းနေကြသည်။ တူဆာ၏အာဏာအရှိဆုံးကောင်စီကို ဖွဲ့စည်းခဲ့သောဇက်ခုနစ်ယောက်သည် ပထမစစ်တပ်၏ ဗဟိုအူတိုင်ဖြစ်နေပြီး သူတို့၏ရာထူးနေရာမှာလည်း မှန်းဆ၍ပင်မရနိုင်ချေ။


ယခု တူဆာ၏အာဏာအရှိဆုံးကောင်စီ အစည်းအဝေးခန်းတွင် ဇက်များကား အစိုးရနှင့်မသက်ဆိုင်သော ကိစ္စရပ်အားဆွေးနွေးနေကြပြီး၎င်းဆွေးနွေးပွဲမှာလည်း အင်မတန်သတိကြီးကာ အာရုံစိုက်စရာဖြစ်နေ၏။


ကုဟွိုက်ကား အဝတ်အစားအသစ်များရလာပြီဖြစ်ရာ ယူနီဖောင်းများကိုလဲဖယ်လိုက်သည်။


ဂျက်ကပ်ယူနီဖောင်းမှာ အလ်ဗ်ထံမှဖြစ်ပြီး သူဝတ်ထားသည့်တလျှောက်လုံး ပုခုံးပေါ်တွင်တွဲလောင်းကျနေသည်။ ၎င်းကား ဇက်တစ်ယောက်ထံမှဖြစ်၍ အပူချိန်ကင်းမဲ့လင့်ကစား ကုဟွိုက်ကိုယ်ပေါ်မှအအေးဓာတ်ကိုဖယ်ရှားပေးသည်။


ကုဟွိုက် အနက်ရောင်စစ်ဝတ်စုံကိုချွတ်လိုက်ပြီးသည့်အခါ သူ၏အနောက်၌ရပ်နေသော တက်ခ်ဇက်မှာ ချက်ချင်းလေပူများကိုမှုတ်ထုတ်လိုက်သည်။ ကလေးလေးက အဝတ်အစားများကိုထပ်မဝတ်ထားပါမူ လက်ရှိပတ်ဝန်းကျင်ကြောင့် အအေးမိနိုင်သည်။ ထိုသို့နားလည်ထားမှုအရ တက်ခ်ဇက်များမှာ ထူထဲသောအဝတ်အစားများကိုကောက်ယူကာကုဟွိုက်အား အသေအချာဝတ်ပေးကြသည်။


ကုဟွိုက်မှာ ၎င်းတို့တစ်ယောက်ပြီးတစ်ယောက် အဝတ်များကိုသူ့အပေါ်ထပ်ပေးနေသည့်အဖြစ်အား ရယ်ရမည်လား၊ ငိုရမည်လားမသိ။ တက်ခ်ဇက်များက သူအဝတ်များခြုံထားပါက အအေးမမိနိုင်လောက်ဟုထင်နေကြသည်။ ကုဟွိုက်ကား တက်ခ်ဇက်များက သူ့အားအဝတ်ဝတ်ပေးနေသည်ကို ငြိမ်ခံနေပြီးနောက် အဝတ်ပုံများကြားမှ ခေါင်းထုတ်ကာ တက်ခ်ကိုပြောလိုက်သည်။


"ဒါကဒီလိုဝတ်ရတာမဟုတ်ဘူး...ငါဒီလောက်အများကြီးဝတ်စရာမလိုဘူး.."


တက်ခ်ဇက်များကား ကုဟွိုက်ပြောစကားကို နားမလည်ကြသလိုစောင်းကြည့်လာကြ၏။ မည်သို့ပင်ဖြစ်စေ လူငယ်လေးက မအေးသည့်အေကြာင်းပြောလာပြီဖြစ်၍ ဇက်များမှာလည်း ရိုးရိုးရှင်းရှင်းသာတွေးလိုက်ကြသည်။


တက်ခ်ဇက်များက သူအအေးမိသွားမည်ကို ထပ်မံမစိုးရိမ်ကြစေရန်ကုဟွိုက်မှာ အမြန်ဆုံးနည်းဖြင့်အဝတ်လဲလိုက်ရသည်။ အဝတ်များလဲပြီးသည့်အခါ သူတက်ခ်ဇက်အရှေ့တွင်ရပ်လိုက်၏။


"ဒီတစ်ထည်ကကောင်းတယ်"


အေးစက်နီရဲသောမျက်လုံးပိုင်ရှင် အဆင့်နိမ့်ဇက်သည် လူငယ်လေးကို မျက်တောင်မခတ်ဘဲကြည့်နေ၏။ အခြားသော မည်သည့်မျိုးနွယ်စုမဆို အဆိုပါမြင်ကွင်းကြောင့် ကြောက်ရွံ့သွားနိုင်သော်လည်း ကုဟွိုက်သည် အေးစက်သည့်ဒေါင်လိုက် မျက်ဆံအိမ်အတွင်းမှ ခံစားချက်များကိုမြင်တွေ့နိုင်သည်။ ယုံကြည်နိုင်ဖွယ်မရှိသည့်မေတ္တာနှင့်ဂရုစိုက်အလေးပေးမှုများက ၎င်းက တဖက်မျိုးနွယ်စုကိုခံစားသွားရစေလောက်သည်။ အနှီတက်ခ်ဇက်ကား သူ့အား ကလေးလေးတစ်ယောက်အဖြစ်သာသဘောထားပြီး တစ်ဦးတည်းသောသူအဖြစ်ဆက်ဆံချင်နေသည်။


အနက်ရောင် စစ်တပ်ဝတ်ဂျက်ကပ်ကား အိပ်ရာပေါ်တွင်ရှိနေ၏။ ကုဟွိုက် ၎င်းကို ပိုင်ရှင်အားပြန်ပေးရန် ဂျက်ကပ်ကိုကောက်လိုက်သည်။ထို့နောက် သူ့အားအဝတ်အစားလာပို့ပေးသည့် ဇက်အားတွေ့ရန် ၎င်းစောင့်နေသည့် လှေကားအောက်ဆင်းသွားလေ၏။ ၎င်းက သူမေးခွန်းမေးရန်လူရှာနေသည်နှင့် အချိန်ကိုက်ဖြစ်သွားခဲ့သည်။


"အခု အလ်ဗ်ဘယ်မှာရှိနေလဲ"


လီအိုသည် ခေါင်းငုံ့ထားပြီး ပြန်မဖြေခင်စက္ကန့်အနည်းငယ်ကြာ စဉ်းစားနေသေးသည်။


"အရှင်အလ်ဗ်က အခုစာလေ့လာနေပါတယ်..အရှင်သူ့ကိုတွေ့ချင်ရင်အရှင့်ငယ်သား ကျွန်တော်ကပဲ..."


သူစကားပင်ဆုံးအောင်မပြောရသေးခင် သူတို့ပြောနေသော ငွေရောင်ဆံနွယ်ပိုင်ရှင်ဇက်က မြင်ကွင်းထဲသို့ရောက်လာသည်။


ဂျက်ကပ်ကိုချွတ်ထားပြီးနောက် ငွေရောင်ဆံနွယ်ရှင်သည် သူ၏ကိုယ်အပေါ်ပိုင်းကို အဖြူရောင်ရှပ်အင်္ကျီတစ်ထည်တည်းသာဝတ်ဆင်ထားသောကြောင့် ချောမွေ့ကြည့်ကောင်းသော ကြွက်သားအကြောင်းလိုက်များကို မြင်တွေ့နေရသည်။ ၎င်းတို့က ပုံကြီးချဲ့ထားခြင်းမျိုးမရှိဘဲဩဇာညောင်းသောအငွေ့အသက်များရစေ၏။ အရွယ်ရောက်ပြီးသူတစ်ယောက်အနေဖြင့် အလ်ဗ်သည် အရပ်မြင့်ပြီး သူ၏ဖြောင့်မတ်သောကိုယ်နေဟန်ထားမှာ အေးစက်ပြတ်ရှသောဓားတစ်ချောင်းနှယ်။ ၎င်းထံမွ ထိတ်လန့်ကြောက်ရွံ့ဖွယ် လေထုကို ခံစားရလိမ့်မည်။ ထိုသူ၏မျက်လုံးအကာကမူ ပြောမပြတတ်သည့်ဆန်းကြယ်သောအလှတရားတစ်မျိုးကို ပေါ်လွင်စေသည်။


ကုဟွိုက်က ထိုသူကိုမြင်တွေ့ပြီး လက်ထဲမှစစ်တပ်ဝတ် ဂျက်ကပ်နှင့်ချဉ်းကပ်သွားကာ တဖက်လူအားကမ်းပေးလိုက်သည်။


"မင်းရဲ့ကုတ်"


အလ်ဗ်က ယူနီဖောင်းကိုလှမ်းယူပြီး စကားမဆိုဘဲဝတ်လိုက်သည်။ ကုဟွိုက် အနှီသူကိုကြည့်နေပြီး တစ်ခုခုပျောက်နေသယောင်ခံစားရသည်။ သူ၏မျက်လုံးများက အယ်လ်၏ခါးပေါ်သို့ရောက်သွားကာအပြင်မှခါးပတ်ပျောက်နေခြင်းဖြစ်ကြောင်း သိသွား၏။


လီအိုက ၎င်းကိုသတိထားမိပြီး အမြန်ပြောလိုက်သည်။


"အရှင့်ငယ်သား သွားယူလိုက်ပါ့မယ်"


လီအိုက အလ်ဗ်၏အပြင်ဝတ်ခါးပတ်နှင့်အတူ ပြန်ရောက်လာသည်။ကုဟွိုက် တဖက်လူကမျက်လုံးကာထားလျက်သားဖြင့် လီအို၏လက်ထဲမှခါးပတ်အားလှမ်းယူလိုက်ပုံကိုကြည့်နေသည်။ ထိုသူကမမြင်ရသည်ဖြစ်ရာ ခါးပတ်ပတ်ရာတွင်အဆင်မပြေဖြစ်နိုင်၍ ကုဟွိုက်ကအလ်ဗ်လက်ထဲမှ ခါးပတ်ကိုဆွဲယူသွားသည်။ မျက်မမြင်ဇက်သည် မလှုပ်ရှားဘဲ ကုဟွိုက်သူ့အနားကပ်လာသည်ကိုသာ ခွင့်ပြုပေးထားလိုက်ရသည်။


ထိုအကွာအေဝးက အလ်ဗ်အတွက်တိုက်ခိုက်ရန် လုံလောက်နေပြီ။ သူနှင့်မရင်းနှီးသူများဆိုလျှင် ထိုအကြာအေဝးမ်ွအထိ ကပ်မသွားရဲကြချေ။ သို့ပါသော် အနှီအကွာအဝေးကား သူ့အရှေ့မှလူငယ်လေးအတွက်မူ ခွင့်ပြုချက်ရထားပြီးသားဖြစ်ကြောင်းရှင်းလင်းနေသည်။


ကုဟွိုက် သူ့အရှေ့မှ ငွေရောင်ဆံပင်နှင့်ဇက်အား ခါးပတ်ပတ်ရန်ကူညီပေးနေပြီး ၎င်းက မဖြစ်မနေပွေ့ဖက်ရသည့်ပုံစံဖြင့် တူညီနေ၏။သို့သော် ထိုအရာက ခဏလေးသာကြာမြင့်လိုက်ကာ အလ်ဗ်ကတိတ်ဆိတ်နေဆဲဖြစ်သော်ငြား လူငယ်လေးက သူ့ကိုယ်ပေါ်သို့ ပိုမိုနီးကပ်စွာမှီနေ၍ နောက်ကျောဘက်မှ ငွေမှင်ရောင်အမြီးမှာ စက္ကန့်ပိုင်းမျှတောင့်ဆတ်နေလေသည်။


"အိုကေ"


ကုဟွိုက် သူ၏အပြီးသတ်ဆောင်ရွက်မှုကို အနောက်သို့ခြေတလှမ်းဆုတ်ကာ ကြည့်လိုက်ပြီး မျက်ခုံးတန်းလေးများက ကျေနပ်အားရဟန်ဖြင့်ကွေးညွတ်သွားသည်။ ပြီးနောက် ၎င်း၏ငွေမှင်ရောင်အမြီးကို သတိပြုမိသွားကာ ရုတ်ချည်း ပေါက်ပေါက်ရှာရှာတွေးမိသွားသည်။ အလ်ဗ်က သူ့အမြီးတစ်ခုလုံး ဗလာဖြစ်နေတာကို မေအးဘူးလား?


သူ့အနားတွင်အဖော်ပြုပေးနေသော တက်ခ်ဇက်က အဝတ်မဝတ်ချေ၊သို့ထိတိုင် ၎င်းက ဇက်များ၏ရှေးဦးအကျဆုံးပုံစံတစ်မျိုးဖြစ်ကာ ၎င်းတို့စွမ်းရည်က သာမန်လူသားမျိုးနွယ်များထက် ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေဖြစ်စေသည်။ သူ၏အရှေ့မှ ငွေရောင်ဆံနွယ်ဖြင့်ဇက်သည်လူသားဆန်စေကာမူ အမြီးက အကာအရံမရှိဘဲ အေးစက်သည့်လေနှင့်ထိတွေ့နေသည်။ ထို့ကြောင့် ကုဟွိုက်ထံ၌ အကြံတစ်ခုပေါ်လာ၏။


ထိုအကြံက သူ၏စိတ်ထဲတွင်ဖျတ်ကနဲပေါ်လာသည်နှင့် ကုဟွိုက်ကားအရိပ်အခြေမကြည့်ဘဲ တန်းမေးလိုက်တော့သည်။


သေချာတာပေါ့၊ ဘယ်ရမလဲ။


မဝေးသည့်နေရာမှ လီအိုသည် ခေါင်းဆောင်ဖြစ်သူအစား ဖြေပေးရန်ကြိုးစားတော့မည့်အချိန် အခြားသူကတုံ့ပြန်လာသည်မှာ "အင်း" ဟူ၍။


၎င်းက တိုးညှင်းလွန်းပြီး အလ်ဗ်က ခေါင်းလည်းမညိတ်သလို၊ ခေါင်းလည်းမခါခဲ့ပေ။


ကုဟွိုက်သည် ၎င်းတုံ့ပြန်မှုကို လက်ခံသည်ဟု အလိုအလျောက်ယူဆလိုက်၏။ သူသည် တဖက်လူထံမှ ကုတ်အင်္ကျီငှါးနိုင်မည့်နည်းလမ်းကိုတွေးတောပြီး သူ့လက်များကို ဂျက်ကပ်အင်္ကျီ၏အိတ်ကပ်များထဲထိုးထည့်လိုက်သည်။ ထို့နောက် သူသည် ရေခဲစိုင်သဖွယ်အေးစက်နေသောအမြှီးကိုဆုပ်ကိုင်လိုက်သည်။


"ငါမင်းကိုနွေးအောင်လုပ်ပေးမယ်"


အမြီးက အေးစက်လွန်းသောကြောင့် ကုဟွိုက်၏လက်အနွေးဓာတ်မှာတမဟုတ်ချင်း လျော့ကျသွားသည်။ ငွေရောင်ဆံနွယ်ရှင်ဇက်မှာ ၎င်းကိုခံစားမိပြီး အမြီးကိုဖယ်လိုက်သည်။ အလ်ဗ်က သူအေးသွားမည်ကိုမလိုလား၊ အထိတွေ့ခံချင်ရုံသာဖြစ်သည်။ ဆောင်းရာသီရောက်ပါကအနှီသူကို သူ့အမြီးဖြင့်ထိ၍မဖြစ်တော့ချေ။


ဇက်မျိုးနွယ်ဟူသည်မှာ ၎င်းတို့၏ဆန္ဒအနောက်သို့သာ လိုက်တတ်သည်။ အလ်ဗ်မှာ ကုဟွိုက်ကိုမထိခိုက်စေလိုသောကြောင့် သူ့ဆန္ဒကိုထိန်းချုပ်ထားရ၏။ သူသည် အခြားမျိုးနွယ်တူများကဲ့သို့ သဘာဝအလျောက် နှိမ့်ချစိတ်မရှိလင့်ကစား သူ အနှီသူကိုချစ်မြတ်နိုးချင်သေးသည်။


သူထိုသူများကို တွေ့ရချိန်တွင် လောကကြီးကတိတ်ဆိတ်သွားတတ်၍မဟုတ်။ သူ ထိုလူအသံကိုကြားရသည့်အခါတိုင်း လိုအင်ရမ္မက်များထက်ပိုမိုသော ခံစားချက်များရှိလာတတ်သည်။


တွေ့ချင်သည်၊ နီးစပ်ချင်သည်၊ ထိတွေ့ချင်သည်။


သို့သော်လည်း ထိုစိတ်ကူးလေးကား စတင်တည်းက ပျက်စီးသွားခဲ့ရသည်။


ကုဟွိုက်လက်ထဲတွင် ဘာမှမကျန်ရှိခဲ့။ သူသည်မျက်တောင်လေးခတ်ပြီး အမြီးရွေ့သွားပုံနှင့် အရှေ့မှငွေရောင်ဆံနွယ်ရှင်ဇက်က ခေါင်းငုံ့လျက်ဖြင့် နှုတ်ခမ်းများဖိထားပုံကိုသာမြင်လိုက်ရသည်။ ကုဟွိုက်မှာ အလ်ဗ်ကို အနားကပ်ချင်နေသည့် ငွေရောင်ကြောင်ကြီးတစ်ကောင်ဟုသာထင်မိသွားသည်။ အဆိုပါကြောင်ကြီးက သူ၏လက်သည်းများ ထက်လွန်းနေသည်ကိုသိသွားသောကြောင့် နားရွက်နှင့်အမြှီးလေးအားကုပ်ကာ ကုဟွိုက်အားထပ်မထိတော့ပေ။


အရမ်းကောင်းတယ်။


ကုဟွိုက် ချောင်းခြောက်ဆိုးပြီးပြောလိုက်သည်။


"ငါလက်အိတ်ဝတ်ထားရင်တော့ အဆင်ပြေလောက်မှာပါ"


ထိုစကားကြောင့် အလ်ဗ်၏ငွေမင်ရောင်အမြီးက မြောက်တက်လာသည်။ သူသည် လူငယ်လေးစကား၏ အဓိပ္ပါယ်ကိုသိလိုက်ပြီး ထိုသူအား သူဝတ်ထားသည့်လက်အိတ်မည်းများကိုချွတ်ပေးလိုက်၏။ ထိုသူက ချော့မော့ရာတွင်လည်း တော်ပေသည်။


ကုဟွိုက်သည် အလ်ဗ်အနောက်မှ ထောင်နေသောအမြှီးကို မြင်ပြီး လက်အိတ်အားယူဝတ်လိုက်သည်။ လက်အိတ်များက ကြီးလွန်းနေသည်..ကုဟွိုက်မှာ သူ၏ကိုယ်နှင့် ငွေရောင်ဆံနွယ်ရှင်ဇက်ကိုယ်ကိုနှိုင်းကြည့်ပြီး ထိုသူ၏အရပ်နှင့် မိမိုက်နေသောကိုယ်ထည်ကို အထင်မကြီးဘဲမနေနိုင်တော့ပေ။


ကမ်ဘာပြောင်းသွားသည့်တိုင် ကုဟွိုက်အရပ်မှာ ရှည်မလာချေ။ သူသည် ၁၇၈ စင်တီသာရှိသေးပြီး ၁၈၀ နီးပါးဟု သတ်မှတ်နိုင်သည်။ သူ့အရှေ့မှငွေရောင်ဆံနွယ်ဇက်က ၁၉၀ စင်တီရှိပြီး ကုဟွိုက်ထက် ခေါင်းတဝက်စာခန့်ရှည်သည်။


ကုဟွိုက် အခန်းထဲတွင်နာရီပေါင်းများစွာ အချိန်ဖြုန်းနေခဲ့ပြီး ညနေစောင်းတော့မည်။ အပြင်ဘက်ကောင်းကင်ကား မှောင်လာသည့်အချိန်တွင် သူသည် ပထမထပ်မှ ဟောခန်းမထံသို့ခေါ်သွားခံရသည်။


စက်ပစ္စည်းဆိုင်ရာ မွေ့လျော်မှုမရှိသော ဇက်ခ်များအတွက် စားသောက်အိပ်စက်ခြင်းမှာ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်မျှသာဖြစ်၏။ သို့ဖြစ်၍ဇက်ခ်အများစုသည် အာဟာရဖြည့်အရည်များကိုသာသုံးပြီး နေ့စဉ်စားသောက်ရေးလိုအပ်ချက်ကိုဖြေရှင်းကြသည်။


သူတို့ ကုဟွိုက်အတွက် စားစရာပြင်ဆင်ရသည့်အခါ အဆင့်မြင့်ဇက်များမှာ အချက်အပြုတ်သင်ယူရန် သို့မဟုတ် စားဖိုမှူးရှာဖွေရန် တွေးမိလာသည်။


ပထမဆုံး စားစရာကိုအမြန်ပြင်ဆင်လိုက်ကြသည်။ သူ၏ကိုယ်ပိုင်ရုံးခန်းရသင့်သည်ဟု ယူဆထားသော ဗိုလ်မှူးသည် ယာယီမီးဖိုချောင်တွင်ရပ်နေပြီး ရွှေကွပ်ထားသောဖန်ခွက်နှစ်ခွက်ထဲမှ ပါဝင်ပစ္စည်းများကိုစိုက်ကြည့်နေသည်။


အဆိုပါဖန်ခွက်များမှာ နည်းပညာအရထုတ်လုပ်ထားပြီး ကြယ်တာရာကွန်ရက်ကိုကြည့်ရှုနိုင်ရန်နှင့် အချိန်နေရာမရွေး ဖိုင်တွဲများကို စကန်င်ဖတ်နိုင်သည်။ လောလောဆယ် ဗိုလ်မှူးသည် ရိုးရှင်းလွယ်ကူသောချက်ပြုတ်နည်းများကို ဖတ်ရှုနေ၏။


စုပေါင်းစပ်ပေါင်း အစားအစာက ပြည့်ဝမျှတသောအာဟာရရှိလိမ့်မည်ဟုသူမထင်ပေ။ အစားအသောက်များကိုစားပွဲပေါ်တင်ပြီးနောက် ဗိုလ်မှူးသည် အပြစ်ရှိနေသည့်ပုံဖြင့် ကုဟွိုက်အရှေ့တွင် ဒူးထောက်ကျသွားသည်။


"ဒီတခေါက် အရှင့်ကို ဒီစားစရာပဲပြင်ပေးနိုင်တဲ့အတွက် ကျွန်တော်အရမ်းစိတ်မကောင်းဖြစ်ရပါတယ်၊ အရှင့်ငယ်သားက အတတ်နိုင်ဆုံးတိုးတက်အောင်ကြိုးစားပါ့မယ်.."


ကုဟွိုက်ခမျာ ဟင်းပွဲများပြည့်နေသောစားပွဲကိုကြည့်ပြီး မည်သို့ပြောရမည်မသိ။ ပွက်ပွက်ဆူနေသောရေများနှင့်တူသော်လည်း သူသည်ရက်များစွာ ဥအခွံများကိုသာစားလာရသောကြောင့် ၎င်းကအရသာရှိသည်ဟုထင်နေသည်။


"ကောင်းပါတယ်.."


"အရှင်ကကြိုက်တယ်ဆိုမှတော့ အကြီးမားဆုံးကောင်းချီးပေးခံရတာပါပဲ.."


ဗိုလ်မှူးက ထရပ်လာကာ ပင်မထိုင်ခုံရှိလူငယ်ကိုဦးညွတ်သည်။


"အရှင့်ရဲ့ ပင်မစားဖွယ်ကချက်ချင်းရောက်လာပါတော့မယ်..ကျေးဇူးပြုပြီးစောင့်ပေးပါ"


ပင်မစားဖွယ်..ဒါကပင်မစားဖွယ်ပဲမဟုတ်ဘူးလား...


ကုဟွိုက်၏ခေါင်းထဲတွင် မေးခွန်းများတသီကြီးပေါ်လာ၏။ နောက်ထပ်မိနစ်ဝက်တွင် အဆင့်မြင့်ဇက်တစ်ယောက်က သန့်စင်မည်းနက်သော ခရစ်စတယ်များဖြင့်ပြုလုပ်ထားသည့် ခရားနှင့် ကြည်လင်နေသောအရည်ပုလင်းတစ်လုံးကိုယူလာသည်။ အနက်ရောင် ခရစ္စတယ်ခရားကပွင့်သွားပြီးနောက် ကုဟွိုက် ရင်းနှီးနေပြီးသားအနံ့ကိုရလိုက်သည်။ သူ့ရှေ့မှောက်မှာပင် ဇက်ခ်သည် ခရစ်စတယ်ခရားထဲမှအဖြူရောင်အမှုန့်များကို တစ်ဇွန်းအပြည့်ခပ်လိုက်သည်။


ထိုအခိုက်မှာပင် ကုဟွိုက် ရိပ်စားမိသွားချေပြီ။


ခွက်ထဲသို့ ဇွန်းအပြည့်ဖြင့်သုံးဇွန်းထည့်ပြီးသည့်နောက် တစ်ဖက်မှအရည်ကြည် ပေါင်းအိုးထဲသို့လောင်းချလိုက်သည်။ ခွက်၏သုံးပုံနှစ်ပုံအထိ ဖြည့်ပြီးမှ အဆင့်မြင့်ဇက်ကဇွန်းဖြင့်မွှေသည်။ ကုဟွိုက်အတွက်တိမ်ဖြူရောင်သောက်စရာ နို့အပြည့်တစ်ခွက်ကို ကြာကြာမကြည့်လိုက်ရပေ။


ကုဟွိုက်: "...."


"ခရားထဲမွာ အရှင်နှစ်သက်တဲ့ အရှင့်ရဲ့ဥအခွံကိုထည့်ထားပါတယ်..ဥအခွံကို ပူဘာနိုအပင်က အရည်နဲ့ရောလိုက်ပြီး အာဟာရတန်ဖိုးနှုန်းမြင့်အောင်လုပ်ထားပါတယ်"


ထိုအချိန်မှာပင် ဖန်ခွက်ကလီယိုလက်ထဲသို့ရောက်သွားခဲ့သည်။ ထိုသူက သူ၏စွမ်းရည်ဖြင့် အပူချိန်ကိုထိန်းပေးပြီး ဖန်ခွက်အပူချိန်က အဆင်ပြေမှ အဆိုပါနို့ခွက်ကို ကုဟွိုက်ထံတွန်းပို့ပေးလေသည်။


ဗိုလ်မှူးကဆို၏။


"သင့်တင့်မျှတတဲ့ အပူချိန်နဲ့ရောစပ်မှုပဲ...အရှင်အကြိုက်တွေ့မယ်လို့မျှော်လင့်ပါတယ်"


ကလေးများသောက်တတ်သည့်နို့နှင့်တူနေသော ခွက်ကိုကြည့်ပြီး ဇက်၏ မျှော်လင့်တကြီးဖြစ်နေသောမျက်လုံးများကြောင့် ကုဟွိုက်မှာအကြပ်ရိုက်နေရသည်။ သူ၏ဥအခွံက နို့မှုန့်ဖြစ်သွားမည်ဟုမတိုင်ခင်တည်းက သိထားခဲ့စေကာမူ ကုဟွိုက်ခမျာ ဇက်အုပ်စုကြီးကဘေးမှပွဲကြည့်နေမည်ဟုမျှော်လင့်မထားခဲ့ပေ၊ သို့မဟုတ်...


နို့...နို့သောက်ရမှာလား...


ကုဟွိုက်ကား နို့ခွက်ကိုကြည့်ပြီး ရုတ်ချည်းတိတ်ဆိတ်သွားရလေတော့သည်။