အခန်း ၁၂
Viewers 10k

Chapter 12

Chapter 12




ဇက်အမှတ်တံဆိပ်ဖြင့် အထူးထုတ်ကုန်ကလေးအာဟာရဖြည့်နိုသည် ကုဟွိုက်အရှေ့ဝယ် နေရာတကျရှိနေပါ၏။ ပြည့်လျှံနေသောနွားနို့ခွက်ကို သူလှမ်းယူလိုက်သည့်အခိုက် သူ၏ဘေးပတ်လည်မှဇက်တို့၏မျက်လုံးများမှာ တဖိတ်ဖိတ်လက်နေသည်ကို သူအတိအကျခံစားမိသည်။ ဥအခွံစားနေသည်ကို တွေ့မြင်ခဲ့သော တက်ခ်ဇက်ပင်၎င်း၏ရဲတောက်နေသောမျက်ဆံအိမ်ကို ကျဉ်းမြောင်းပြီး ကုဟွိုက်၏ခန္ဓာကိုယ်အပေါ်သို့ အပြည့်အဝအာရုံစိုက်နေလေပြီ။


တစ်ခုတည်းသော ချွင်းချက်မှာ ကုဟွိုက်ဘေး၌ထိုင်နေသည့် အလ်ဗ်သာဖြစ်လိမ့်မည်။ ရုပ်ပိုင်းဆိုင်နှင့်စိတ်ပိုင်းဆိုင်ရာ နှစ်ခုလုံးအရ ကုဟွိုက်၏လုပ်ဆောင်မှုတိုင်းမှာ အရွယ်ရောက်ပြီးသူတစ်ယောက်ဖြစ်ကြောင်းပြသနေသည်က သံသယဖြစ်စရာမရှိ။ ထို့ကြောင့် အလ်ဗ်တစ်ယောက်တည်းသာ လူငယ်လေးကို ဥထဲမှထွက်လာကာစကလေးလေးအဖြစ်မှလူငယ်လေးအဖြစ်သို့ မြင်နေသည်။


အလ်ဗ်က အတိုချုံးသိရှိသွားပြီး တဖက်ကိုသူ့ကဲ့သို့သောဇက်အတိုင်းသေဘာထားလာ၏။ အကြောင်းမှာ အခြားဇက်များမှာလည်း ထိုအကြောင်းကိုနားလည်ကြသည့်တိုင် ၎င်းတို့ကအလ်ဗ်နှင့်ကွဲပြားကြသည်။ ၎င်းတို့ကကုဟွိုက်အပေါ် အချစ်ရူးရူးနေသောမိဘများ၏သဘောထားအတိုင်းရှိနေပြီး တဖက်ကို မွေးကင်းစကလေးသဖွယ်ယူဆနေကြသည်။


သူတို့ဘုရင်က ဥကပေါက်လာတာ ရက်ပိုင်းလေးပဲရှိသေးတယ်၊ သူကအခုထိ ကလေးလေးပဲပေါ့! သူတို့ကား အကြောင်းမှန်ကို အခြေခံတကျနားလည်ထားကြပြီးသော်လည်း ၎င်းတို့၏နှလုံးသားအတွင်းမှ မိဘစိတ်ကိုထုတ်ပစ်ရန်ခက်ခဲနေပြီး လက်ရှိအခြေအနေသို့ရောက်လာစေခဲ့သည်။


ကုဟွိုက် ဇက်အမှတ်တံဆိပ်ဖြင့် ကလေးအာဟာရဖြည့်နို့ခွက်ကိုကိုင်လိုက်သည်။ ဇက်၏မျက်လုံးများအောက်၌ သူရှို့တို့ရှန်းတန်းဖြစ်နေသေး၏။ ၎င်းကအတိအကျကို နို့တစ်ခွက်သာဖြစ်ပြီး သာမန်နို့တစ်ခွက်ထက် ဘာမှမပိုသွားပေ။ သူက နို့ကိုပုလင်းထဲမှသောက်နေခြင်းမဟုတ်၍ ရှက်နေစရာမရှိ။


ကုဟွိုက် သူ့စိတ်သူပြင်ဆင်လိုက်ပြီး ခွက်ထဲမှနို့ကိုသောက်တော့မည့်ဆဲဆဲ၊ ခွက်နှင့် သူ့နှုတ်ခမ်းထိလိုက်ချိန်တွင် ဗိုလ်မှူးကတက်တက်ကြွကြွပြောလာခဲ့သည်။


"အရှင့်ရဲ့ငယ်သားက အရှင်စားသောက်နေတာကို မှတ်တမ်းယူထားလို့ရမလား.."


ဗိုလ်မှူးက မှတ်တမ်းတင်သည့် ကိရိယာအသေးစားလေးအားကိုင်ထားသည်။ မျက်မှန်ကိုပင့်တင်ပြီး သူ၏အပြတ်အသတ်မိမိုက်မှုကိုပြသကာ ကုဟွိုက်၏အဖြေကိုစောင့်ဆိုင်းနေလေသည်။


ကုဟွိုက်မှာ သူ့မျက်လုံးသူအုပ်ထားလိုက်ချင်သွားသည်။ ရုတ်တရက်မူလကမ်ဘာတွင်နေခဲ့စဉ်က သူသိကျွမ်းခဲ့သောစီနီယာဇာတ်ညွှန်းရေးဆရာတစ်ယောက်က သူ၏နှစ်နှစ်အရွယ်ကလေး ကြက်ခြေထောက်ကိုက်နေသည့်ဗီဒီယိုကို မှတ်တမ်းတင်ရိုက်ပြီး ကုဟွိုက်ထံပို့ခဲ့ဖူးသည်ကို အမှတ်ရသွားသည်။


ကုဟွိုက်၏စိတ်ပိုင်းအရ ပြင်ဆင်ထားမှုများမှာ အဆိုပါနှိုင်းယှဉ်ချက်ကြောင် ကြွေမွပြိုလဲသွားရသည်၊ သို့သော် သူ၏ကြံ့ခိုင်နေသောစိတ်ကိုအသုံးချကာ ၎င်းကိုအနောက်ပြန်ပို့ထားလိုက်ပြီး ဇက်အုပ်စုက မျှော်လင့်တကြီးဖြစ်နေသည်မှာလည်း ငြင်းဆန်ရန်ခက်ခဲလှပေသည်။


"ရတယ်လေ.."


ကုဟွိုက်ကသဘောတူပြီး ခေါင်းညိတ်ပြလိုက်သည်။


ဗိုလ်မှူးသည် မှတ်တမ်းတင်ကိရိယာအသေးစားလေးဖြင့် စတင်ရိုက်နေပြီး ကုဟွိုက်က ၎င်းမှတ်တမ်းတင်ကိရိယာကို တစ်စက်ပင်လှည့်မကြည့်ဘဲ နို့ကိုပါးစပ်ထဲလောင်းချပစ်လိုက်သည်။


ပူဘာနိုအပင်မှ အရည်များဖြင့်ရောစပ်လိုက်ပြီးနောက် ဇက်အမှတ်တံဆိပ် ကလေးနို့မှာ ချိုလာသည့်တိုင် လူများကိုအချိုကဲလွန်းသည်ဟုမထင်စေနိုင်ဘဲ အချိုပေါ့သည့် နွားနို့နှင့်ဆင်တူသွားသည်။ သူအကြည့်ခံနေရစဉ်အတွင်း ကုဟွိုက် အမြန်သောက်ပြီး ခွက်ကိုပြန်ချထားလိုက်သည်။


သောက်ပြီးနောက်တွင် ကုဟွိုက်ကား အနားမှဇက်အုပ်စုက သူ့မျက်နှာကိုငေးကြည့်နေသယောင် ခံစားရသည်။ ကုဟွိုက် သံသယများဖြင့်မျက်နှာကိုကိုင်ကြည့်လိုက်သည်တွင် သူ့ပါးစပ်ပေါ်မှနို့စက်အချို့ကိုစမ်းမိသွားသည်။ သူအမြန်သောက်လိုက်မိလေရာ ပါးစပ်တွင်မတော်တဆပေကျံသွားပုံရ၏။


ကုဟွိုက်ခမျာ အယောင်ယောင်အမှားမှားဖြစ်နေခြင်းလည်း ဖြစ်နိုင်သည်။ သူ့ပါးစပ်မှ နွားနို့အစက်များကိုသုတ်ပစ်လိုက်ချိန်တွင် ဇက်တို့၏မျက်နှာထက်၌ နောင်တရသွားဟန်တစွန်းတစကိုမြင်တွေ့လိုက်ရသည်။


ရှင်ဘုရင်၏ပါးစပ်ပေါ်တွင် နို့များပေနေသည်က အတော်အတန်ချစ်စရာကောင်းစေကာမူ သူတို့မှာ စက္ကန့်ပိုင်းခန့်သာမြင်လိုက်ကြရသည်။ သို့သော်ငြား ဗီဒီယိုကိုရိုက်ကူးထားပြီးဖြစ်လေရာ ထိုအတွေးကြောင့် အဆင့်မြင့်ဇက်များမှာ ကျိတ်ပျော်ကြရပြန်သည်။ အနှီကိရိယာဖြင့်ရိုက်ကူးထားသောဗီဒီယိုသည် ပြန်ကြည့်ရသည့်အချိန်၌ သုံးဖက်မြင်ပုံရိပ်အဖြစ်ရှိနေမည်သာ။ ၎င်းက အစစ်အမှန်နှင့်တထပ်တည်းကျသယောင်ဖြစ်နေလိမ့်မည်။


ပင်မစားဖွယ်ပြီးသွားပြီးနောက် ကုဟွိုက် စားပွဲပေါ်မှအခြားဟင်းပွဲများကို ဖျတ်ကနဲလှမ်းကြည့်လိုက်သည်။ အမှန်အတိုင်းပြောရလျှင် ထိုပါဝင်ပစ္စည်းများကိုသူမသိသလို ဘယ်လိုစားရမှန်းလည်းမသိပေ။ ဥပမာ သူ၏ဘယ်ဘက်လက်အနီးမှအရာက အဖြူရောင်ခရုခွံကြီးနှင့်တူသော်လည်း ၎င်းကအသေပိတ်ထားပြီး ဟနေသည့်နေရာမရှိ။ ကုဟွိုက်တူဖြင့်၎င်းကိုခေါက်ကြည့်လိုက်သည်တွင် မာကျောသည့်အခွံတစ်ထပ်မှန်းသာ သိလိုက်ရသည်။


ကုဟွိုက်က ပါးစပ်ထဲထည့်ဝါးလိုက်သည့်တိုင် သွားများက အမာခွံနှင့်ကြိတ်မိပြီး 'ဂျွတ်' ကနဲဖြစ်သွားသည်မှအပ ဘာမှဖြစ်မလာပေ။


"ဒါကိုဘယ်လိုစားရမှာလဲ"


ကုဟွိုက် သူ့ဘေးတွင်ထိုင်နေသော အနီးဆုံး အလ်ဗ်ကိုမေးလိုက်သည်။


ကုဟွိုက်အမေးကြောင့် အနားမှဇက်များမှာ ဘုရင်ကယခုကဲ့သို့သောစားစရာမျိုးကို မကိုက်နိုင်သေးကြောင်းနားလည်သွားကြသည်။ ကျက်ပြီးသား နိုမစ်ငါးမှာ ထုံးကျောက်မျက်နှာပြင်တစ်လွှာရှိသည်။ မွေးကင်းစ ဇက်လေးများပင်ကိုက်နိုင်လင့်ကစား သူတို့အရှေ့မှလူငယ်လေးကလုံးဝမကိုက်နိုင်ချေ။


အလ်ဗ်က စကားမပြောဘဲ ကုဟွိုက်ကိုက်ထားသော နိုမစ်ငါးအားလှမ်းယူသည်။ ထို့နောက် ကျစ်လျစ်သည့်ထုံးကျောက်မျက်နှာပြင်ကို အလွယ်တကူ ချေမွပစ်လိုက်ပြီး ငါးအရိုးများကို တစ်ချောင်းချင်းဖယ်ကာကုဟွိုက်ပန်းကန်ထဲသို့ အရသာရှိသောအသားဖတ်များထည့်ပေးလိုက်သည်။


သည့်နောက် အမူအရာမဲ့နေသော ငွေရောင်ဆံနွယ်ပိုင်ရှင်ဇက်သည် တိုးလ် နှေးကွေးစွာဆို၏။


"ဒါကနိုမစ်ငါးပါ၊ ကိုယ်ထည်က မြင့်တဲ့အပူချိန်နဲ့တွေ့တဲ့အခါ ထုံးကျောက်မျက်နှာပြင်ဖြစ်သွားပြီး အခွံကိုခေါက်လိုက်တာနဲ့ အလွယ်တကူစားလို့ရပါပြီ..."


ဟင်းပွဲအမျိုးအစားက ငါးဟင်းပင်။ ကုဟွိုက် အလွန်တရာမှထူးဆန်းသလိုခံစားရပြီး မြည်းကြည့်ရန် ပန်းကန်ထဲမှငါးဖတ်တစ်ဖတ်ကိုကောက်လိုက်သည်။ အစားအသောက်၏ ပုံမှန်အတိုင်းစွဲမြဲသောအရသာကြောင့် ကုဟွိုက်က ပါးစပ်အပြည့်ဖြင့် နောက်ထပ်နှစ်လုတ်ထပ်စားလိုက်သည်။


နောက်ပိုင်း၌ အနားရှိ ငွေရောင်ဆံနွယ်ရှင်ဇက်က သူအကြိုက်တွေ့စေမည့် အစားအသောက်များကို ကူညီပြောပြပေးလာသည်။


ဤသည်မှာ သူတို့ခေါင်းဆောင်၏ နှိမ့်ချတတ်ပြီး စကားများပုံကို အခြားအဆင့်မြင့်ဇက်များ မျက်မြင်တွေ့ရခြင်းပင်။


ကုဟွိုက်က အားရပါးရစားသောက်နေချိန် လီအိုက ကြည့်ရှုနေကြသူအဖွဲ့ကို ရုတ်တရက်ပြောလိုက်သည်။


"ဗိုလ်မှူး နှုတ်ထွက်ချင်တယ်ဆို...ခင်ဗျားထွက်ချင်ရင် ကျွန်တော် ခင်ဗျားနေရာဝင်လိုက်ပါ့မယ်..."


ကုဟွိုက်ကခေါင်းမော့လာပြီး အနားတွင်ရပ်နေသော ဗိုလ်မှူးအားကြည့်ကာ အံ့ဩနေသောအသံဖြင့်မေးလိုက်သည်။


"အဲလစ်...မင်းကဘာလို့ထွက်မှာလဲ.."


ဗိုလ်မှူးကား ဂြိုလ်၏အစိုးရပိုင်းဆိုင်ရာများ၌တာဝန်ယူနေရပြီး တူဆာကို ကောင်းစွာစီမံခန့်ခွဲနေသည်။ ကုဟွိုက်ကား ထိုသူကိုနှုတ်မထွက်စေချင်ပေ။


"မဟုတ်ပါဘူး၊ ငါနှုတ်မထွက်ချင်ပါဘူး.."


ဗိုလ်မှူးက တည်တည်ငြိမ်ငြိမ်တုံ့ပြန်သော်ငြား ၎င်း၏ကမူးရှူးထိုးဆန်သောအပြုအမူက မျက်မှန်ပင့်တင်လိုက်ရာတွင် ပေါ်လွင်လာသည်။


"ဒီငယ်သားက တူဆာဂြိုလ်မှာနေပြီး အရှင့်အတွက် အရှင်အကြိုက်ဆုံးအိမ်ကိုဆောက်ပေးအုံးမှာပါ..."


ဗိုလ်မှူးနေရာက ဘုရင်နှင့်ပုံမှန် ဆက်သွယ်နိုင်သည်။ အဲလစ်က နှုတ်ထွက်ရန်စိတ်ကူး လုံးဝမရှိတော့ဘဲ တူဆာတွင်တသက်လုံးဆက်နေသွားချင်သည်။


အစောပိုင်းကမူ ဗိုလ်မှူးနေရာက အစိုးရပိုင်းနှင့်အများအပြားပတ်သက်ရပြီး အဲလစ်သည် သူ၏လုပ်ဖော်ကိုင်ဖက်ခြောက်ယောက်ကို သူနှုတ်ထွက်မည့်အကြောင်းနှင့်သူ့နေရာတွင် အစားဝင်မည့်သူကို လိုက်မေးခဲ့ကာ အားလုံးကလည်းငြင်းပယ်ခဲ့ကြသည်။ ယခု ဘုရင်က တူဆာသို့ရောက်လာပြီး လုပ်ဖော်ကိုင်ဖက်များကပါသူ၏နေရာကိုဝင်ယူချင်နေကြပြီ။


ဒီလိုတော့ဘယ်ရမလဲ။


ဗိုလ်မှူးက သူ့နေရာကိုမြဲမြဲကုပ်တွယ်ထားပြီး ထွက်မသွားတော့ပေ။


"ဟုတ်တယ်၊ မထွက်နဲ့.."


ကုဟွိုက်မျက်လုံးများမှာ အတန်သင့်ကွေးညွတ်သွားသည်။


သူ ဗိုက်ပြည့်သွားပြီးဖြစ်ရာ ပါးစပ်သုတ်ကာသန့်ရှင်းရေးလုပ်ပြီးအိပ်ချင်စိတ်မရှိသေးသောကြောင့် ထိုင်ရာမှထကာ ဗိုလ်မှူးအားတောင်းဆိုလိုက်သည်။


"အဲလစ်..မျိုးနွယ်စုတွေရဲ့ ထူးခြားတဲ့အခြေအနေကိုပြောပြပါ..."


ကုဟွိုက် ကြယ်တာရာခေတ်၏နှင့် နှောင်းမျိုးဆက် ဇက်တို့၏အချက်အလတ်အချို့ကိုသာရခဲ့သော်လည်း အကြောင်းအရာအများစု၏ အခြေခံလျာထားချက်များသာဖြစ်နေသေးသည်။


"ဟုတ်ကဲ့ပါ.."


ဗိုလ်မှူးကခေါင်းညိတ်ကာ စတင်ပြောရမည့်နေရာကိုအမြန်စဉ်းစားလိုက်သည်။


"အရှင် မမွေးဖွားလာခင်က အယ်လ်ဖာအဆင့်ဇက်တွေဟာ ကျွန်တော်တို့မျိုးနွယ်စုရဲ့ ထိပ်ဆုံးမှာရှိခဲ့ပါတယ်...ဒီအဆင့်မှာ ဇက်မျိုးစုလေးခုရှိပါတယ်၊ အရှင်အလ်ဗ်က သူတို့ထဲကတစ်ယောက်ပါပဲ...လက်ရှိမှာ အရှင်အလ်ဗ်အပါအဝင် အယ်လ်ဖာအဆင့်ဇက်လေးယောက်မှာ စစ်တပ်အသီးသီးရှိထားပါတယ်...စစ်တပ်တွေကအချင်းချင်းမစွက်ဖက်ဘဲ သက်ဆိုင်ရာနယ်မြေနဲ့ လွတ်လပ်တဲ့မြေတွေကိုပိုင်ဆိုင်ထားပါတယ်၊ အချိန်တွေကြာလာတော့ ကတောက်ကဆနည်းနည်းတော့ရှိလာပါတယ်.."


ကုဟွိုက်ကား ဂရုတစိုက်နားထောင်နေပြီး သူကြားလိုက်ရသည့်စကားတိုင်းအား ရိုးရှင်းသောသတင်းဖြစ် ပြောင်းလဲပစ်လိုက်သည်။ တနည်းအားဖြင့် အယ်လ်ဖာအဆင့်ဇက်များက အချင်းချင်းလက်မခံတော့၍ ထိပ်ဆုံးမှ အယ်လ်ဖာလေးယောက်က သူတို့၏နောက်လိုက်များကိုသာအမိန့်ပေးတော့သည်။ အတွင်းပိုင်းအရ လက်ရှိတွင် ဇက်များကားအုပ်စုကွဲနေချေပြီ။


ကုဟွိုက် သေချာတွေးတောပြီးမှမေးလိုက်၏။


"ဆိုတော့...ပြောရရင်..ငါတို့မျိုးနွယ်ကအခုက တကွဲတပြားဖြစ်နေပြီပေါ့..?"


"ဟုတ်ပါတယ်..လေးစုကွဲနေပါပြီ.."


ဗိုလ်မှူးခမျာ အပြစ်ရှိစိတ်ဖြင့် ဘွင်းဘွင်းရှင်းရှင်းတုံ့ပြန်လိုက်ရသည်။ သူတို့သည် ဘုရင်ကို စည်းလုံးနေသောမျိုးနွယ်စုအား မပေးနိုင်ခဲ့ချေ။လောလောဆယ် သူတို့တွင် မျိုးနွယ်စု၏လေးပုံတစ်ပုံသာရှိတော့၏။ထပ်လောင်းပြောရပါမူ အခြားဇက်စစ်တပ်သုံးတပ်၏ ဘုရင်အပေါ် သေဘာထားကို သူတို့မသိရသေး။ သူတို့က မျိုးနွယ်တူများဖြစ်နေလင့်ကစား ဗိုလ်မှူးမှာ သတိလက်လွတ်မနေရဲပေ။ သူတို့ ဘုရင်ကိုချစ်ကြသည်က ကောင်းသည့်တိုင် ထိုအရာမှာလည်း..,


သူတို့ပထမဆုံး ရွေးချယ်ခွင့်ရချိန်က မတူကွဲပြားသည့်လူများကိုရွေးချယ်ခဲ့ကြသည်။ ၎င်းက မျိုးနွယ်တူအတွင်းမှ ကွဲပြားချက်များကိုသိသာလာစေ၏။ ပထမဇက်စစ်တပ်က ဘုရင်ကိုသစ္စာခံခဲ့ကြသော်ငြား ကျန်ဇက်စစ်တပ်သုံးတပ်က သစ္စာခံရန်မလိုအပ်ပေ၊ အထူးသဖြင့် တပ်ခေါင်းဆောင်များပင်။


ကုဟွိုက်မှာ တကွဲတပြားဖြစ်နေသောကိစ္စကြောင့် ခေါင်းကိုက်လာရရှာသည်။ သူသည် အခြားမျိုးနွယ်များနှင့် သင်းကွဲနေသောဇက်မျိုးနွယ်ကို ပြောင်းလဲပစ်ရန်တွေးတောခဲ့ဖူးသည်။ ယခုမူ တပ်တွင်းသဘောထားကွဲလွဲနေမှုကို အရင်ဖြေရှင်းရတော့မည်ထင်၏။ သူသာ အခြားဇက်စစ်တပ်လေးတပ်ကိုမခေါ်လာပါက အလုပ်ဖြစ်တော့မည်မဟုတ်။


အချိန်ကိုက်ပင် ငွေရောင်ဆံနွယ်ရှင်ဇက်က လူငယ်လေး၏စိတ်ဇောသန်နေမှုကို သိနေသလို တီးတိုးပြောလာ၏။


"ပြန်လည်ဖွဲ့စည်းဖို့ဖိအားပေးတာကတော့ မဖြစ်နိုင်တာမဟုတ်ပါဘူး.."


စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်ရေးအရ အလ်ဗ်သည် ပြဿနာကိုသိမ်မွေ့စွာဖြေရှင်းခြင်းထက် ရိုက်နှက်ရန်သာ အစဉ်အမြဲတွေးခဲ့သည်။ သူ၏အမြင်တွင် ပြန်လည်ဖွဲ့စည်းရန်ဖိအားပေးသည့်နည်းလမ်းက ပိုမိုလွယ်ကူပြီး မရေရာသောခေတ်သစ်နည်းလမ်းများထက် ပိုထိရောက်သည်။


ဗိုလ်မှူးမှာ မသိဟန်ဆောင်ကာတိတ်တဆိတ်ရပ်နေသည်။ သူ၏ရှုထောင့်မှကြည့်လျှင် အလ်ဗ်သည် အယ်လ်ဖာဇက် လေးယောက်အနက် စွမ်းအားအကြီးဆုံးဖြစ်သည်မှာ သံသယဖြစ်စရာမရှိ။ သူတို့ခေါင်းဆောင်က အစိုးရပိုင်းရေးရာကိစ္စများကိုစိတ်မဝင်စားဘဲဗိုလ်မှူးဖြစ်ရန် အလုပ်များကိုစွန့်ပစ်ခဲ့လျှင် မျိုးနွယ်စုကမပြိုကွဲဘဲ အလ်ဗ်၏အမိန့်ဩဇာအောက်တွင် ဆက်ရှိနေနိုင်လောက်သည်။


သို့သော်လည်း ကုဟွိုက်၏အတွေးများမှာမူ ခြားနားနေသည်။


"ဖြစ်နိုင်ရင်...ငါအရင်ဆုံးသူတို့ထဲကတစ်ယောက်နဲ့စကားပြောချင်တယ်.."


ကုဟွိုက်သည် အခြားဇက်စစ်တပ်သုံးတပ်၏ သူ့အပေါ်အမြင်က အတူတူသာဖြစ်မည်ဟုခံစားရသည်။ သဘောထားကမတူခဲ့လျှင်ပင် သူ့အားအန္တရာယ်ပေးကြမည်မဟုတ်။ ၎င်းက ကုဟွိုက်၏ဆန္ဒဖြစ်နေလေ၍ အလ်ဗ်က မငြင်းပယ်ပေ။ အခြားဇက်စစ်သည်တော်များက အရည်အချင်းမရှိလျှင်လည်း သူလူငယ်လေးကထီးနန်းကာကွယ်ရာတွင် ပံ့ပိုးပေးမည်။


ဆက်သွယ်ပြောဆိုမှုက ဝိညာဉ်ပိုင်းချိတ်ဆက်မှုလိုအပ်သည်။ ကုဟွိုက် ပြောမည့်သူကိုအတိအကျမရွေးသော်လည်း သူအခိုင်အမာချိတ်ဆက်ချင်သူက အယ်လ်ဖာဇက်ဖြစ်နေ၍ ကုဟွိုက် ခွဲခြားနိုင်သည်။


စိတ်ဝိညာဉ် ချိတ်ဆက်နေစဉ် ကုဟွိုက်သည် သူ၏စိတ်ဝိညာဉ်နယ်ပယ်ထဲတွင် မရေမတွက်နိုင်သောအလင်းစက်လေးများကို မြင်ရသည်။အလင်းတစ်စက်ချင်းစီက ဇက်ကိုကိုယ်စားပြုပြီး အလင်းစက်ကပိုတောက်ပလေ ဇက်ကပိုအားကောင်းလေပင်။


ကုဟွိုက် သူ့ဘေးနားမှအလ်ဗ်၏ အတောက်ပဆုံးအလင်းစက်လေးအားမြင်နေရသည်။ အလ်ဗ်ထက် ပိုအားနည်းသော အဝေးမှအလင်းစက်လေးသုံးစက်မှာ အခြားစစ်တပ်သုံးတပ်မှ ကွန်မန်ဒါများဖြစ်နိုင်သည်။


ကုဟွိုက်က ၎င်းတို့အနက်မှတစ်ယောက်နှင့် ချိတ်ဆက်ကြည့်လိုက်သည်။ ချိတ်ဆက်မှုအောင်မြင်သွားသည့်အခါ တဖက်မှဇက်ကိုမည်သို့စကားစရမည်မသိဘဲ လက်ရှိအနေအထားသို့ရောက်လာ၏။


"....."


စိတ်ဝိညာဉ်ချိတ်ဆက်မှုဆက်ရှိနေသေးသည့်တိုင် တဖက်မှလူကဘာမှမပြောဘဲ အသက်ရှူသံသာ ကြားနေရသည်။


ထိုအဖြစ်ကြောင့် တူဆာနှင့်အလှမ်းကွာသော တာမီယာကြယ်ပေါ်မှလက်အောက်ငယ်သား၏ တင်ပြချက်ကိုနားထောင်နေသူသည် လက်များတုန်ယင်လာပြီး အစည်းအဝေးစားပွဲခုံအနက်ရောင်မှာ ထက်ခြမ်းကွဲသွားလေသည်။


"အရှင်မ ကပ်ပါလီယာ?"


အစည်းအဝေးစားပွဲမှာ နှစ်ခြမ်းကွဲသွားခဲ့ပြီ။ ခေါင်းဆောင်ဖြစ်သူအားအစီအရင်ခံနေသော အဆင့်မြင့်ဇက်ခမျာ အံ့ဩသြားရ၏။


အစည်းအဝေးစားပွဲခုံ၏ ပင်မထိုင်ခုံမှမတ်တပ်ရပ်လာသူအဆင့်မြင့်ဇက်မှာ အမျိုးသမီးတစ်ယောက်။ သူမ၏ဘယ်လက်က အေးစက်စက်ဓားတစ်ချောင်းပုံစံရှိသည်။ ၎င်းကား လူသားပုံစံကိုပြောင်းလဲပြီးနောက်အစဉ်အလာအတိုင်း ထိန်းသိမ်းထားသည့် တဖက်ခြမ်း၏အသွင်အပြင်ပင်။ သူမ၏ညာဘက်လက်သည်သာ လူတစ်ယောက်၏လက်ပုံစံအဖြစ်ရှိနေသည်။


ဒုတိယစစ်တပ်၏ခေါင်းဆောင်၊ ကပ်ပါလီယာသည် စစ်တပ်ခေါင်းဆောင်လေးယောက်အနက် တစ်ဦးတည်းသောအမျိုးသမီးဖြစ်ပြီး တက်ခ်ဇက်လည်းဖြစ်သည်။ အသံက သူမ၏မငြိမ်သက်သောစိတ်ကို တိုက်ရိုက်သက်သေခံနေသည်၊ ခေါင်းဆောင်ကပ်ပါလီယာသည် စိတ်လိုက်မာန်ပါဖြင့် အသံကို အဆုံးထိချဲ့လိုက်၏။


၎င်းသည်ကား စစ်မြေပြင်တွင်သာပေါ်ထွက်လာတတ်သော အမူအရာမျိုးဖြစ်သော်ငြား တိုက်ခိုက်ရန်အတွက်မဟုတ်ပေ။ သူမ သတင်းပေးချက်လွတ်သွားမည်ကို စိုးထိတ်၍သာဖြစ်လေသည်။