အခန်း ၁၆
Viewers 10k

Chapter 16

Chapter 16




ဗိုလ်မှူးနှင့် အခြားထိပ်တန်းတူဆာအမှုဆောင်အရာရှိများသည် စိုးရိမ်ပူပန်မှုအခိုက်အတန့်ကို ခံစားနေရ၏။ ထို့နောက် မျက်လုံးအကာကို ဖယ်ရှားပြီးနောက် အဲလ်ဗ်က အသိစိတ်ထိန်းချုပ်နိုင်စွမ်း လွတ်သွားသည့်ပုံမပေါ် ကြောင်း တွေ့ရှိခဲ့ရသည်။ အချိန်အတော်ကြာမတွေ့ခဲ့ရသော ရွှေရောင်မျက်လုံးများမှာအေးစက်နေပြီး သူတို့ကို စိုက်ကြည့်နေသော်လည်း ပုံမှန်အသိစိတ်ကိုတော့ ထိန်းသိမ်းထားနိုင်သေးသည်။


သူတို့၏မွေးရာပါခံယူချက်ကား နက်နဲလွန်းလှသည်။ ယခုအချိန်တွင် အဲလ်ဗ် အသိစိတ်မလွတ်မီ တည်ငြိမ်နေခြင်း ပေလား၊ ဗိုလ်မှူးလည်းမသိပေ။ ကုဟွိုက်၏ဘေးကင်းလုံခြုံမှုကိုလည်းသူ လျစ်လျူမရှုဝံ့ပေ။


"အရှင်မင်းကြီး ဒီမှာနေလို့မရပါဘူး။ ကျေးဇူးပြုပြီး အရှင်မင်းကြီးရဲ့လက်အောက်ငယ်သားတွေကို အရှင်မင်းကြီးအား ခေါ်ဆောင်သွားခွင့်ပြုပါ..."


ဗိုလ်မှူးက အနည်းငယ် စိုးရိမ်နေပုံရသည်။ ရှုပ်ထွေးနေသောဇက်အများအပြားအနက် သူသည် အလျင်မြန်ဆုံး တုံ့ပြန်ပြီး ကုဟွိုက်ထံသို့ အရောက်သွားခဲ့သည်။


ယခုအချိန်တွင်တိုက်ပွဲအတွက်ပြင်ဆင်ထားသည့် ကာ့ပါးလီယာသည် လုံးဝ မလှုပ်ရှားပေ။ မထင်မှတ်ထားသော ဖွံ့ဖြိုးတိုးတက်မှုသည် သူမအား အခြေအနေကို နောက်တစ်ကြိမ်ပြန်လည် စစ်ဆေးအောင်ပြုလုပ်ခဲ့သော်လည်း သူမမျက်လုံးများက သူမရှေ့တွင် ချက်ချင်းဖြစ်ပေါ်လာမည့် အန္တရာယ်ကိုလည်း ဆက်လက်အာရုံစိုက်ကြည့်နေခဲ့သည်။ အဲလ်ဗ်သည် အမူအရာကင်းမဲ့နေပြီး အံ့သြသွားသည့်ပုံမပေါ်သော်လည်း သူသည် သူကိုယ်တိုင် မည်သည်ကိုမျှ ရှင်းပြခြင်းမပြုခဲ့ပေ။


သူသည် သူ၏အသိစိတ်ကို အချိန်တိုအတွင်း ထိန်းသိမ်းထားနိုင်သည်။ ဖျက်စီးပစ်ရန်မလိုအပ်ဘဲ အရာအားလုံးသည် အလွန်တိတ်ဆိတ်ငြိမ်းချမ်းသွားသည်ဟု ခံစားမိသော်လည်း အဲလ်ဗ်သည် သူ့အသိစိတ်ထိန်းချုပ်မှုကို ဘယ်တော့မှ ဆုံးရှုံးလိမ့်မည်မဟုတ်ဟု လုံး၀ အာမ မခံနိုင်ပေ။


သို့သော် လူငယ်လေးသည် သူ့လက်အား မြှောက်လိုက်သည်ကို မြင်ပြီး အဲလ်ဗ်က သူ့အမြီးကို လှုပ်ရမ်းလိုက်သည်။ အေးစက်သော ငွေမှင်ရောင်အမြီးကာ ကုဟွိုက်၏လက်ကို ညင်သာစွာပွတ်သပ်သွားသည်။ ၎င်းက လှည့်ပတ်ရွေ့လျားခြင်းမရှိသော်လည်းကုဟွိုက်၏လက်ချောင်းများကိုဖြည်းညှင်းစွာ ပွတ်သပ်နေသည်။


ဆောင်းတွင်းအပူချိန်သည် ကုဟွိုက်အား အေးစေသည်ကို သိသည့်အတွက်ကြောင့် အလ်ဗ်သည် သူ့အမြီးကို တစ်ဖက်လူအား ထိခွင့်ပေးသည်မှာ အလွန်ရှားသည်။ အဝတ်အစားများမှတစ်ဆင့် ထိတွေ့လျှင် အဆင်ပြေသော်လည်း အရေပြားနှင့် တိုက်ရိုက်ထိတွေ့ရန်မှာ မဖြစ်နိုင်ပေ။ ကုဟွိုက်၏လက်ချောင်းများကား နွေးထွေးနေပြီး အလ်ဗ်၏အမြီးကို ထိလိုက်သည့်ခံစားချက်ကသဘာဝအတိုင်း အလွန်သိသာထင်ရှားစွာ ခံစားမိသည်။


ကုဟွိုက် သူ့လက်ချောင်းနှင့် ပွတ်တိုက်နေသော ငွေမှင်ရောင်အမြီးကို ငုံ့ကြည့်ပြီးနောက် ငြိမ်သက်စွာ ကြည့်နေသောအလ်ဗ်ကို မော့ကြည့်လိုက်သည်။ ငွေရောင်ကြောင်ကြီးတစ်ကောင်သည် သူ့အား အဆင်ပြေသွားမှာပါ၊ မစွန့်ပစ်ပါနဲ့ ဟု ပြောနေသကဲ့သို့ပင်။


ထို့ကြောင့် ကုဟွိုက် သူ့လက်ချောင်းများကို ပွတ်သပ်ပြီး ပြန်ဆုတ်ရန်ပြင်နေသော အမြီးကို မသိစိတ်ဖြင့် ပွေ့ဖက်လိုက်သည်။ ဤအမြီးသည် ဆောင်းရာသီတွင် ကိုင်ထားရန် အဆင်မပြေလှပေ။ ကုဟွိုက် အမြီးကို ကိုင်လိုက်ပြီးနောက်သူ့လက်က ရုတ်တရက် အေးခဲသွားသည်။ ဥပမာအနေဖြင့်ပြောရလျှင် ဆောင်းရာသီတွင် အပြင်ဘက်ရှိသံလက်ရန်းကို ထိလိုက်ရသကဲ့သို့ ခံစားရသည်။


သို့သော် ကုဟွိုက်သည် အလ်ဗ်၏အမူအရာ အနည်းငယ်မှားယွင်းနေကြောင်းမြင်ရပြီး ကြောင်ကြီးအား စွန့်ပစ်ခံရသည်ဟု မခံစားရစေရန်အတွက် ကုဟွိုက်သည် ထိုသို့သာ လုပ်ဆောင်ရပေမည်။ အကာတစ်ခုဖြင့် အမြီးကိုကိုင်ထားလျှင် အနည်းငယ် နွေးထွေးပေလိမ့်မည်။


"ငါ မင်းကိုထားမသွားပါဘူး" ကုဟွိုက် ဗိုလ်မှူးကို ခေါင်းယမ်းပြလိုက်ပြီး လက်ထဲတွင် အမြီးကိုကိုင်လျက်ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။ သူ အလ်ဗ်၏အမြီးကို ဆောင့်ဆွဲလိုက်ပြီး တစ်ဖက်လူကို သူနှင့်အတူထိုင်ရန် ညွှန်ပြလိုက်သည်။


နာခံစွာဖြင့် ထိုင်ပြီးသည်နှင့် ကုဟွိုက် သူ့လက်ထဲရှိ ငွေမှင်ရောင်အမြီးကို သူ၏ပေါင်ပေါ်သို့ တင်လိုက်သည်။ အမြဲတမ်း ကိုင်ထားရသည်မှာ အနည်းငယ် ပင်ပန်းသော်လည်း ထိုကဲ့သို့နာခံမှုရှိသည့် ကြောင်ကြီးတစ်ကောင်၏ရှေ့တွင် အမြီးကို လွှတ်ချလိုက်ရန် ကုဟွိုက်တွင် နှလုံးသားမရှိပေ။


ဤမြင်ကွင်းကြောင့် အနီးပတ်ဝန်းကျင်ရှိအခြားဇက်များအပေါ်တွင် သက်ရောက်မှုရှိနေသည်ကို ကုဟွိုက် သတိမထားမိပေ။ အလ်ဗ်သည် ယခုကဲ့သို့သတိရှိပြီး ကြောက်လန့်နေသော မျက်လုံးများနှင့် ကြည့်လာသည်ကို ကုဟွိုက် မလိုချင်ပေ။ ဤကြောင်ကြီးက အမှန်တကယ် လိမ္မာသည်မှာ ရှင်းလင်းသည်။ ကုဟွိုက်သည် ၎င်းကို တွေးပြီး သူ့ပေါင်ပေါ်တွင် တင်ထားသော ငွေမှင်ရောင်အမြီးကို တည်ငြိမ်စွာပွတ်သပ်လိုက်ကာ သူ မကြောက်ဘူးဆိုသည့်အကြောင်းကို တစ်ဖက်သားအား အသိပေးလိုက်သည်။


အဲလ်ဗ်သည် မျက်လုံးများကို အဝတ်နှင့်မပိတ်စည်းထားသောကြောင့် ယခင်က အန္တရာယ်ရှိသော အမူအရာဟု အဓိပ္ပာယ်ရသည့် မျက်လုံးများကို အနည်းငယ်မှေးစင်းကာကြည့်နေခဲ့သည်။ သူ၏ထိုအမူအရာသည် ရန်သူများကို ပို၍ကြောက်လန့်စေပြီး ထိုအကြည့်ကို မြင်လိုက်ရသောရန်သူများကား အချိန်ကြာကြာအသက်ရှင်နိုင်မည်မဟုတ်ပေ။


ဗိုလ်မှူးနှင့် အခြားဇက်တို့သည် ထိုအမူအရာနှင့် ပတ်သက်၍ မှတ်မိနေသော်လည်း ယခု လူငယ်လေး ပွတ်သပ်ပေးသောအခါ အလ်ဗ်၏အမြီးက အနည်းငယ်သာ လှုပ်ရမ်းနေသည်ကို တွေ့လိုက်ရသည်။ အမွှေးရှိသော ကြောင်တစ်ကောင်ကဲ့သို့ သူသည် စူးစူးစိုက်စိုက်ကြည့်ကာ ထူးထူးခြားခြား နူးညံ့လိမ္မာနေသည်။


ခန်းမအတွင်းရှိတင်းမာမှုသည် တခဏမျှသာ ကြာသွားခဲ့သည်။ ကုဟွိုက်၏လုပ်ရပ်များကြောင့် ၎င်းကမကြာခင်မှာပင် ပျောက်သွားခဲ့သည်။ အဲလ်ဗ်သည် သူ၏ မျက်လုံးအကာကို ချွတ်ပြီးနောက် ထိန်းချုပ်မှု ပျောက်ဆုံးသွားခြင်း သို့မဟုတ် ရူးသွပ်သွားခြင်း မရှိခဲ့ပေ။ ဤနေရာရှိဇက်များသည် ဤအချက်ကို တဖြည်းဖြည်းလက်ခံလာခဲ့ပြီး ၎င်းတို့၏စိုးရိမ်မှုများကို လွှတ်ချလိုက်သည်။


"အရှင် ဘာလို့ ကျွန်မတို့ကို ဆင့်ခေါ်လိုက်တာလဲ.." ကာ့ပါးလီယာသည် တည်ငြိမ်စွာ နောက်မှလိုက်လာပြီး ကုဟွိုက်အားခေါင်းငုံ့ မေးလိုက်ကာ လက်နက်ချရန် ခေါင်းညိတ်ပြလိုက်သည်။


၎င်းက အလွန်အရေးပါပြီး ဇက်မျိုးစိတ်တစ်ခုလုံးနှင့် သက်ဆိုင်သည့်ကိစ္စဖြစ်သောကြောင့် ကုဟွိုက်သည် ချက်ချင်းထထိုင်ကာ တစ်ဖက်လူကို ကြည့်လိုက်သည်။ "ဒီထိပ်တိုက်ရင်ဆိုင်တဲ့အခြေအနေကို အဆုံးသတ်ဖို့နှင့် တပ်များအကြားမှာ လွတ်လပ်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ယခုလက်ရှိမှာ စစ်တပ်များအကြား အပြင်းအထန်ဆန့်ကျင်မှုတွေက ဇက်တွေရဲ့သဘောထားကွဲလွဲမှုဆီ ဦးတည်နေတယ်။ ဒီလိုမျိုး ဆက်ဖြစ်နေမှာကို ငါ ဆက်မမြင်ချင်ဘူး.."


"ဒါ့ကြောင့်... မင်းတို့ရဲ့စစ်တပ် တူဆာကို ဆန့်ကျင်နေတာ ရပ်ခိုင်းလို့ရမလား.." ကုဟွိုက် စကားပြောနေစဉ် သူ့ပါးကို ကုတ်နေသည်။ ကုဟွိုက်ပါးစပ်ကို ဖွင့်လိုက်သည်နှင့် သူသည် ကြီးမားသောတောင်းဆိုမှုတစ်ခုကို ပြုလုပ်ခဲ့ကြောင်း သိသာသည်။ တစ်ဖက်က သဘောမတူလျှင်လည်း ကုဟွိုက်က သူတို့ကို ဆက်ပြီး စည်းရုံးရန် အဆင်သင့်ပင်။


အမျိုးသမီးဇက်သည် အေးစက်နေပုံရသော်လည်း ကာ့ပါးလီယာက တည်ငြိမ်သောအသံဖြင့် ပြန်ဖြေလိုက်သည်။


“ဒီလက်အောက်ငယ်သားက အရှင် မျှော်လင့်ထားတဲ့အတိုင်း လုပ်ပါ့လိမ့်မယ်.."


ကုဟွိုက်ခမျာ မတုံ့ပြန်နိုင်ဘဲ စက္ကန့်အနည်းငယ်ကြာပြီးနောက် မျက်တောင်သာ ခတ်လိုက်သည်။ ဒီကိစ္စကို ဒီလောက်လွယ်လွယ်နဲ့ ဖြေရှင်းနိုင်ခဲ့တာလား။ ကုဟွိုက်သည် သူ့အပေါ်ထားရှိသော အခြားဇက်စစ်တပ်သုံးခု၏ သဘောထားက တူညီသင့်သည်ဟု ခံစားမိသော်လည်း ထိုကဲ့သို့ ခြွင်းချက်မရှိ ကောင်းမွန်သောအပြုအမူကြောင့် သူ စိတ်လှုပ်ရှားနေမိသေးသည်။


ဤကိစ္စ၏အောင်မြင်မှုသည် ကုဟွိုက်၏မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သည်။ ဇက်အဖွဲ့လေးဖွဲ့ကို ပေါင်းစည်းရန် အချိန်အတော်ကြာမည်ဟု သူထင်ခဲ့သော်လည်း ယခုအခါ မကြာမီ ပြီးစီးသွားလိမ့်မည်ဟု ထင်ရသည်။


ကုဟွိုက် တူဆာပေါ်ရှိ ဇက်များကဲ့သို့ ကာ့ပါးလီယာနှင့် ဒုတိယစစ်တပ်တို့မှ တူညီသောခံစားချက်ကို ခံစားလိုက်ရပြီး ရုတ်တရက် အကြံတစ်ခုရသွားသည်။ သူခံစားရသည်မှာ... ဇက်စစ်တပ်လေးခုရှေ့တွင် သူ သွားရောက်မျက်နှာပြနေသရွေ့ ဇက်အားလုံးသည် မကြာခင်မှာပင် စည်းလုံးလာလိမ့်မည်။


ရုတ်တရက်အတွေးက ကုဟွိုက်အား ခဏလောက် တိတ်ဆိတ်သွားအောင် လုပ်နိုင်သော်လည်း ထိုအတွေးက လက်တွေ့နှင့် အနီးစပ်ဆုံးဟု ထင်ရသည်။


"ဒါဆို မင်း တူဆာမှာ ခဏလောက်နေချင်လား။ တူဆာကို စူးစမ်းကြည့်ချင်ရင် ငါ မင်းရဲ့ လမ်းညွှန်ဖြစ်ပေးနိုင်တယ်.."


သူသည် လွန်ခဲ့သည့် ရက်အနည်းငယ်လောက်ကမှ ဤဂြိုဟ်နှင့် ရင်းနှီးလာသော်လည်း ကုဟွိုက်သည် ပြုံးထားဆဲဖြစ်ပြီး ထိုအကြံပြုချက်ကို အကောင်အထည်ဖော်ရန် စတင်ကြိုးပမ်းခဲ့သည်။


နောက်ဆက်တွဲကိစ္စက အရမ်းအရေးကြီးပေသည်။ ကုဟွိုက်သည် ဇက်စစ်တပ်နှစ်ခုကို တစ်ယောက်နှင့်တစ်ယောက် ပိုရင်းနှီးစေချင်သည်။


ကာ့ပါးလီယာသည် မျက်လွှာများကို အောက်ချလိုက်ပြီး ပြန်ဖြေလိုက်သည်။


"အရှင်က တူဆာမှာ နေထိုင်ဖို့ ရွေးချယ်လိုက်ကတည်းက တူဆာက တစ်ခုတည်းသောကြယ်မြို့တော်ဖြစ်လာလိမ့်မယ်။ ဒီလက်အောက်ငယ်သားကလည်း သေချာပေါက် ဒီနေရာမှာ နေပါ့မယ်.."


ကိစ္စရပ်များသည် ပြေလည်သွားပြီး ဗိုလ်မှူးက မြန်မြန်ဆန်ဆန် တုံ့ပြန်ခဲ့သည်။ နောက်ထပ်စစ်တပ်ခေါင်းဆောင်တစ်ဦးက တူဆာတွင်ရှိနေလိမ့်မည်ဖြစ်ပြီး တူဆာ၏ခံစစ်အင်အားသည်လည်း သိသိသာသာမြင့်တက်လာလိမ့်မည်။ ကုဟွိုက်အား ကာကွယ်သည့် ရှုထောင့်မှကြည့်လျှင် တူဆာ၏ အဆင့်မြင့်ဇက်များသည် ဤကိစ္စကို ချက်ချင်း အသိအမှတ်ပြုခဲ့ကြသည်။


“ဒီလက်အောက်ငယ်သားတွေလည်း ဆက်နေပါ့မယ်...." ဒုတိယစစ်တပ်၏စစ်သားများကား တောက်ပသော မျက်လုံးများဖြင့် အခွင့်အရေးကို အလျင်အမြန် ဖမ်းဆုပ်ခဲ့ကြသည်။


ဇက်အားလုံးသည် ဘုရင်ကဲ့သို့ တူညီသည့်ဂြိုလ်ပေါ်တွင် အသက်ရှင်နေထိုင်ခွင့်ရရန် မျှော်လင့်ခဲ့ကြသည်။ သူတို့ မြန်မြန် အခြေချ‌နေထိုင်ရန် ဤအချိန်ကို အခွင့်ကောင်းယူခဲ့ကြသည်။


ကုဟွိုက် ဤဇက်စစ်သားများ၏ အတွေးကို အလျင်အမြန်နားလည်လိုက်ပြီး မျက်တောင်ခတ်လိုက်သည်။


"တူဆာမှကြိုဆိုပါတယ်..."


ဇက်များ၏ပေါင်းစည်းမှုမှာ ချောမွေ့စွာ ပြီးဆုံးသွားခဲ့ပြီး အလုပ်တစ်ဝက်က ပြီးမြောက်သွားခဲ့သည်။ ကျန်စစ်တပ်နှစ်ခုအတွက် ကုဟွိုက်သည် သူတို့ကိုမဆက်သွယ်မီ ရက်အနည်းငယ်ကြာအောင် ဤတစ်ဖက်နှင့်အဆင်ပြေပြေနေထိုင်နိုင်သည်အထိ စောင့်ဆိုင်းနေလိုက်သည်။


ဇက်စစ်တပ်နှစ်ခု စတင်ပူးပေါင်းလာသောကြောင့် ကုဟွိုက်သည် အဖြစ်အပျက်တစ်ခုကို အမှတ်မထင်တွေ့မြင်ခဲ့ရသည်။


တူဆာလူမျိုးများသည် မကြာသေးမီက သူတို့၏ကိုယ်ပိုင်အဆောက်အအုံတွင် မှတ်တမ်းတင်ထားသောဗီဒီယိုကို ရိုက်ကူးကြပြီး ၎င်းကို အကြိမ်ကြိမ်အဖန်ဖန် ကြည့်ရှုရသည်ကို နှစ်သက်ကြသည်။ ထိုအချိန်တွင် ဒုတိယစစ်တပ်မှ စစ်သားများသည် ဤဗီဒီယိုကို မမြင်ဖူးကြပေ။ သူတို့ မြင်လိုက်သည်နှင့် တပြိုင်နက် လမ်းလျှောက်သွားလိုက်သည်။


"ဒီဗီဒီယိုကို မိတ္တူပွားပြီး ငါ့ရဲ့အ‌ဆောက်အဦးဆီ ပို့ပေးနိုင်မလား..." ဤဟိုလိုဂရမ်ကို စိုက်ကြည့်နေသောဒုတိယဇက်စစ်တပ်သည် လုံးဝမျက်တောင်မခတ်ခဲ့ပေ။ သူတို့၏မျက်နှာများသည် အေးစက်နေသော်လည်း မျက်လုံးများကား တောက်ပနေသည်။

(T/N: hologram ဟိုလိုဂရမ် - သုံးဖက်မြင်ဓါတ်ပုံ)


သူတို့သည် ဘုရင်ကို အလွန်နှစ်သက်ကြသည်ကို တူဆာလူမျိုးများ မြင်ပြီး ရိုးရိုးရှင်းရှင်း ပြန်ဖြေလိုက်သည်။


“ကောင်းပါပြီ...”


ထိုမြင်ကွင်းသည် 'ဘုရင်ကို နှစ်သက်သရွေ့ ငါတို့သည် သူငယ်ချင်းကောင်းများဖြစ်ကြသည်' ဟူသော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။


ကုဟွိုက်, "...”


ကောင်းပြီ။


အဆင်ပြေသည်။ အနည်းဆုံး သူ ဇက်စစ်တပ်နှစ်ခု၏ပေါင်းစည်းမှုအ‌ကြောင်းကို စိုးရိမ်နေစရာ မလိုတော့ပေ။ ကောင်းကင်ကား နှင်းကျ‌တော့မည့်ဆဲဆဲအခြေအနေတွင်ရှိနေသည်။ ကုဟွိုက်က ဒီနေ့ အပြင်မထွက်ဘဲ အိမ်ထဲမှာသာ နေခဲ့သည်။ ကုဟွိုက် မပျင်းရလေအောင် အဲလ်ဗ်က ကုဟွိုက်ကို ဧည့်ခံရန် သူ့လက်ထောက်ကို အိမ်ထဲသို့အတင်းအကျပ် စေလွှတ်လိုက်၏။ အယ်လ်ဂျာသည် စစ်ဘက်လက်ထောက်အုပ်ချုပ်ရေးအရာရှိတစ်ဦးဖြစ်ရန်မှာ အမှန်တကယ် မလွယ်ကူကြောင်း ခံစားခဲ့ရသည်။ သူသည် အရာအားလုံးကို သိရှိရန်လိုအပ်ပြီး သတ္တိရှိသူတစ်ဦးကဲ့သို့ သူအလိုရှိရာကို သွားနိုင်ရန်လည်း လိုအပ်သည်။


သို့သော် အမှန်တစ်ကယ်တွင် အယ်လ်ဂျာသည် ကုဟွိုက်၏ဘက်သို့ပြောင်းရွှေ့ခံရခြင်းကို အလွန်ပျော်ရွှင်သည်။ သူ အရမ်းပျော်သွားသောကြောင့် သူသည် တစ်စုံတစ်ရာကို အမှတ်မထင်ပြောမိသွားသည်။


“ခေါင်းဆောင်မှာ နာမည်ပြောင်တစ်ခုရှိတယ်...” အယ်လ်ဂျာသည် ရုတ်တရက် စကားပြောနေသည်ကို ရပ်လိုက်ပြီး သူ့ပါးစပ်ကို အပြင်းအထန်ပိတ်ထားကာ ဆက်မ‌ပြောဝံ့တော့ပေ။


"ဘာလဲ..." ကုဟွိုက်က ချက်ချင်း သိလိုစိတ်ပြင်းပြစွာဖြင့် မေးခဲ့သည်။


အယ်လ်ဂျာသည် တစ်စက္ကန့်မျှ တုံ့ဆိုင်းသွား၏။ တစ်ဖက်တွင် သူသည် ဆက်လက်ရှင်သန်လိုသောစိတ်ဆန္ဒရှိပြီး အခြားတစ်ဖက်တွင်လည်း ဘုရင်၏ မေးခွန်းဖြစ်‌နေသည်။ ထိုမျက်ဝန်းတစ်စုံကို ရင်ဆိုင်ကြည့်လိုက်ပြီးနောက် အယ်လ်ဂျာ၏ ပါးစပ်က သူ့အလိုလို လှုပ်ရှားသွားသည်။


"သူ့ကို ကျိုးကျိုးလို့ခေါ်တယ်.."


(Eng လို 'Chirp Chirp' လို့ရေးထားပြီး တရုတ်လို '啾啾 - ကျိုးကျိုး' လို့ရေးထားပါသည်။ Eng လိုဆို ငှက်အော်သံလို့ အဓိပ္ပါယ်ရပါသည်။)


တစ်စုံတစ်ယောက်က ထိုအမည်ပြောင်ကို သိထားလျှင်ပင် သူတို့ ထိုနာမည်ကို လုံးဝမခေါ်ဝံ့ပေ။ ကုဟွိုက်အတွက်သာမဟုတ်လျှင် အယ်လ်ဂျာသည် ထိုနာမည်ပြောင်ကို ဘယ်သောအခါမှ ထုတ်ပြောဝံ့မည် မဟုတ်‌ပေ။ သူသည် ထိုအကြောင်းကို ခေါင်းဆောင်မသိ‌စေရန်သာ ဆုတောင်းမိသည်။ မဟုတ်ပါက သူသေရန် ဆုတောင်းရုံသာ တတ်နိုင်‌‌တော့သည်။


ကုဟွိုက် အံ့အားသင့်သွားသည်။ သူ နားကြားမှားခြင်းမဟုတ်ကြောင်း အတည်ပြုလိုက်ပြီး သူ၏မျက်နှာအမူအရာသည်လည်း နားလည်ရခက်စွာ ပြောင်းလဲသွားခဲ့သည်။


အရမ်း ချစ်ဖို့ကောင်းတယ်။


ကုဟွိုက် အလ်ဗ်အကြောင်း တွေးနေခဲ့သည်။ ထိုကြီးမားသော ငွေရောင်ကြောင်ကြီးက အမြဲတမ်း အေးစက်ပြီး ချဉ်းကပ်ရခက်ခဲသည်။ သူ၏ အရပ်အမောင်း အားသာချက်နှင့် ကြီးမားသောအားက တစ်ဖက်သားအား စိတ်မချမ်းသာမှုကိုခံစားရ‌အောင်ပြုလုပ်နိုင်သည်။ ကုဟွိုက် 'ကျိုးကျိုး' ဟူသော နာမည်ပြောင်ကို အလ်ဗ်နှင့် တစ်ကြိမ်လောက်ဆက်စပ်ကြည့်လိုက်သောအခါ သူသည် သိမ်မွေ့နက်နဲ‌သော ခံစားချက်ကိုခံစားလိုက်ရပြီး နှုတ်ခမ်းများကို ကွေးညွှတ်ကာ မပြုံးဘဲမနေနိုင်တော့ပေ။


ကုဟွိုက်သည် မယုံနိုင်လောက်အောင် ခံစားရသည်။ "ဘာ‌ကြောင့်ဒီလို နာမည်ပြောင်ကို ပေးရတာလဲ..."


“ဘာဖြစ်လို့လဲဆိုတော့... သူက ငယ်ငယ်တုန်းက အဲဒီလိုအသံထွက်ခဲ့လို့... ” အယ်လ်ဂျာသည် ၎င်းကို စဉ်းစားခဲ့မိ၏။ ဘာပဲဖြစ်ဖြစ် သေခြင်းတရားနှင့် ပိုဆိုးသောသေခြင်းတရားကြားတွင် ကွာခြားချက်များစွာမရှိတော့ပေ။ ထို့ကြောင့် အယ်လ်ဂျာသည် သူ့မှတ်ဥာဏ်များ၏ တစ်စိတ်တစ်ပိုင်းကို ရုပ်ပုံတစ်ခုအဖြစ် ကောက်နုတ်ဖော်ပြလိုက်သည်။ ထိုရုပ်ပုံသည် ကုဟွိုက်၏မျက်လုံးရှေ့တွင် ဟိုလိုဂရမ်ပုံစံဖြင့် ပြသထား၏။


ဇက်များသည် သူတို့၏မွေးခါစအရွယ်တွင် အမွှေးထူသောတိရစ်ဆာန်ပုံစံမှ စတင်ဖြစ်ပေါ်လာသည့်အကြောင်းကို အပြင်လူအနည်းငယ်သာ သိထားကြသည်။ အကောင်ပေါက်အရွယ်အတွင်း ဇက်များပေါ်ရှိ အမွှေးများသည် အင်းဆက်ပိုးမွှားများ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးထားပြီး အလွန်သေးငယ်သည့် တိရိစ်ဆာန်ငယ်လေးများနှင့် တူလှသည်။ ဤမှတ်ဥာဏ်ရုပ်ပုံတွင် ကုဟွိုက်သည် ငွေမှင်ရောင်အမြီးနှင့် ဇက်ကလေးအား ချက်ချင်း တွေ့လိုက်ရသည်။


အမြီးပေါ်ရှိ အမွှေးများက အစောဆုံး ကျွတ်သွားခဲ့သော်လည်း ခန္ဓာကိုယ်သည် အမွှေးထူနေဆဲဖြစ်သည်။ ဇက်ကလေးသည် သူ့နောက်မှ ငွေမှင်ရောင်အမြီးလေးကို ဆွဲယူနေပြီး အထူးချစ်စရာကောင်းလှသည်။ သို့သော် ဤပုံရိပ်သည် ရုပ်အရှင်မဟုတ်သည့်အတွက် ကလေး၏နောက်ကျောကိုသာ မြင်နိုင်သည်။ အကယ်၍ သူ အရှေ့ကိုမြင်နိုင်လျှင် ကုဟွိုက်သည် ဝိုင်းစက်နေသောရွှေရောင်မျက်လုံးတစ်စုံကို မြင်နိုင်မည်ဖြစ်သည်။


အယ်လ်ဂျာသည် အလ်ဗ်နေအိမ်သို့ပြန်လာသောအခါ ခေါင်းဆောင်၏အမည်ပြောင်သည် ငိုကြွေးခြင်းနှင့် ဆက်စပ်နေသည့်အကြောင်းကို ရှင်းပြရန်ပြင်နေသည်။ မှတ်ဥာဏ်ပုံရိပ်ကို မပိတ်ခင်မှာပင် အဲလ်ဗ်သည် အမူအရာကင်းမဲ့စွာ ချဉ်းကပ်မလာခင် ပုံရိပ်အား အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်ကို အယ်လ်ဂျာ မြင်လိုက်ရသည်။


အယ်လ်ဂျာ: နေရာမှာတင်သေဆုံးသွားသောပုံ


စာရေးသူမှာ ပြောစရာရှိပါတယ်။


အယ်လ်ဂျာ: ခေါင်းဆောင်ကို ဘယ်လို ကယ်တင်ရမလဲ။


ကလေးလေးဟွိုက် (အဖိုးတန်လေးဟွိုက်): ဘာကိုလဲ။


ကျိုးကျိုး: ...