အခန်း ၂၃
Viewers 10k

Chapter 23

Chapter 23





တူဆာတွင် ယူးလာစစ်သင်္ဘောများစုဝေးလာသည်မှာ ဂြိုဟ်တစ်ခုလုံးပင် ပိတ်ဆို့သွားခဲ့သည်။ အဝေးကနေကြည့်မည်ဆိုလျှင် ၎င်းက အာကာသတွင်းနက်ကြီးဟုပင်အထင်မှားမိကြနိုင်သည်။


တူဆာ၏တည်နေရာဖြစ်သည့် နော်ဒရာကြယ်အစုအဝေးတစ်ခုလုံးသည် ဇက်များ၏ ပိုင်နက်ဖြစ်သည်။ ကြယ်တာရာများအားလုံးအနက် မည်သည့်တပ်ဖွဲ့က ဇက်တို့၏လှုပ်ရှားမှုများကို အရေးအပေးဆုံးဖြစ်ကြောင်းဖော်ပြရမည်ဆိုလျှင် ဘေးချင်းကပ်လျက်ကြယ်အစုအဝေးတွင် နေထိုင်သည့် မျိုးနွယ်စုများဖြစ်သည်ဆိုသောအချက်က ငြင်းဆန်မရသည့်အချက်ပင်။


အန္တရာယ်ရှိသည့် အိမ်နီးချင်းနှင့်နေရခြင်းက ငလျင်တောထဲတွင် နေထိုင်နေရသကဲ့သို့ပင်ဖြစ်သည်။ အန္တရာယ်များသည့်အလားအလာများရှိကြောင်းသိထားကြသော်လည်း လူအများစုက သူတို့၏နေအိမ်မှ ထွက်ခွာသွားကြရန် ဝန်လေးကြသည်။ အနာဂတ်တွင်ဖြစ်လာနိုင်သည့် မည်သည့်အရာကိုမဆို ကြိုတင်ကာကွယ်နိုင်ရန် သူတို့၏ အိမ်နီးချင်းများကိုသာ အာရုံစိုက်ထားနိုင်ကြ၏။


ယနေ့ကဲ့သို့ နေသာသည့်နေ့တွင် နော်ဒရာကြယ်အစုအဝေးနှင့်ကပ်လျက်၌ နေထိုင်ကြသော မျိုးနွယ်စုသုံးခုဖြစ်သည့် ဇက်အိမ်နီးချင်းများမှာ ကြောက်လန့်နေကြသည်။ သူတို့၏ အိမ်နီးချင်းက သူတို့အား ၁၀ ဆ အရွယ်အစားရှိသည့် ငလျင်လှုပ်ခတ်ခြင်းများကို ပေးခဲ့သည်။


မရေတွက်နိုင်သည့် ယူးလာစစ်သင်္ဘောများမှာ စုဝေးနေကြပြီး အေးစက် ဆိုးဝါးသော အနက်ရောင် စစ်သင်္ဘောများက မြင့်တက်လာနေကြသည်။ ၎င်းတို့က စစ်တပ်တစ်ဖွဲ့၏ အရွယ်အစားထက် ကြီးမားကြသည်။ သူတို့အားတွေ့ရှိသည်နှင့် မျိုးနွယ်စုများ၏ ထိပ်တန်းခေါင်းဆောင်များက အာရုံနောက်သွားကြ၏။ သူတို့က ချက်ချင်းလှုပ်ရှားလိုက်ကြပြီး ဂြိုဟ်ပေါ်ရှိ အမြင့်ဆုံး သတိပေးချက်အဆင့်ကို ဖွင့်လိုက်ကြသည်။


ဇက်စစ်တပ်ဖွဲ့လေးဖွဲ့တွင် မတူညီသောအမှတ်အသားများရှိကြသည်။ ထိုအမှတ်သားများကိုကြည့်ခြင်းအားဖြင့် အိမ်နီးချင်းကြယ်အစုအဝေးများရှိ များစွာသောမျိုးနွယ်စုများက တူဆာပေါ်တွင်စုဝေးနေသောမျိုးနွယ်စုများမှာ ဇက်စစ်တပ်လေးဖွဲ့၏ အဖွဲ့အစည်းများဖြစ်ကြောင်း သိလိုက်ကြသည်။


အထက်ဖော်ပြပါသတင်းသည် ကြယ်အစုအဝေး၏ နယ်နမိတ်မှ ပေးပို့လိုက်သည့် ကင်းထောက်အဖွဲ့မှ ပြန်ကြားလာခြင်းဖြစ်သည်။ ထိုအဖြစ်အပျက်က ကျန်ခဲ့သည့် ထိပ်တန်းခေါင်းဆောင်များကို တင်းမာမှုများနှင့် ပြည့်နှက်သွားစေသည်။ ဇက်စစ်တပ်ဖွဲ့လေးဖွဲ့က အချင်းချင်းရန်လိုနေကြခြင်းမဟုတ်ပါလား။ ဘေးချင်းကပ်လျက်က တူဆာပေါ်တွင် ရုတ်တရက်ကြီး စုဝေးသွားရခြင်းက ဘယ်လိုကြောင့်ပါနည်း။


ဤဖြစ်ရပ်က ကြယ်တာရာပေါ်တွင်ရှိကြသော မည်သည့်မျိုးနွယ်စုကိုမဆို ထိတ်လန့်သွားကြစေဖို့ထိ လုံလောက်သည်။ ထိုကဲ့သို့ ဆိုးဝါးသည့်စစ်တပ်နှင့် အနီးကပ်ဆုံး အိမ်နီးချင်းဖြစ်ရခြင်းမှာ မျိုးနွယ်စုသုံးစုက သူတို့၏နိုးကြားမှုများကို မြှင့်တင်ပြီးကြပြီးဖြစ်စေ၏။ ထိုဇက်များက ဘာလုပ်ချင်နေကြသည်လဲ။ စစ်တပ်ဖွဲ့လေးဖွဲ့က အချင်းချင်းဆက်သွယ်နေကြခြင်းတင်မကပဲ အခုဆို သူတို့၏ တပ်သားများကပါ စုဝေးနေကြလေပြီ။


ဇက်များက ထိုကဲ့သို့သောစစ်တပ်ဖွဲ့ပမာဏကြီးကို တူဆာတွင် စုဝေးပြီး စစ်ပွဲအတွက် လုံလောက်သည့်စံနှုန်းရှိနေပြီဟုထင်နေကြောင်းကို အိမ်နီးချင်းများက အကောင်းမမြင်ပေးနိုင်။ ဇက်စစ်တပ်ဖွဲ့တစ်ဖွဲ့၏ အင်အားကပင် အလွန်ကြီးမားနေလေပြီဖြစ်သည်။ စစ်တပ်ဖွဲ့လေးဖွဲ့သာ ပေါင်းစည်းလိုက်ကြမည်ဆိုလျှင် ကြယ်တာရာပေါ်တွင်ရှိသော မည်သည့်မျိုးနွယ်စုမဆို ထိုသို့အင်အားကြီးမားသည့် စစ်တပ်နှင့် တိုက်ခိုက်ရန် စိတ်ကူးပင်ယဉ်ရဲမည်မဟုတ်ချေ။


ထိုကိစ္စမှာ စစ်တပ်နှင့်ပက်သက်သောကိစ္စတစ်ခုတည်းမဟုတ်။ အထက်လူကြီးများမှ ပေးအပ်ခံရသော သေဒဏ်အမိန့်နှင့် ထိုအမိန့်ကို နာခံတတ်ကြသော မျိုးနွယ်စုများ၏ ပင်ကိုယ်သဘာဝအရ ဇက်များအား တခြားသောမျိုးနွယ်စုများနှင့် ပြိုင်ဘက်ကင်းနိုင်သော ထူးခြားသည့်နည်းလမ်းများကို ရရှိစေသည်။


ပြဿနာကမူ ဇက်များအား ထိုကဲ့သို့သောအင်အားကြီးမားသည့် စစ်တပ်ဖွဲ့လေးဖွဲ့အား ခေါ်ဆောင်စေသည်အထိ မည်သည့်မျိုးနွယ်စုများက စတင်၍ ရန်စလာသလဲဆိုခြင်းကိုမသိရခြင်းပင်။ ထိုသို့မဟုတ် ၎င်းတို့က မြေပိုင်နက်အသစ်ကို ကျူးကျော်ရန် ဆုံးဖြတ်ခဲ့ကြသည်များလား။


ဤထင်ကြေးပေးချက်များက ကျန်ခဲ့သော အိမ်နီးချင်းများကို စိုးရိမ်စိတ်များနှင့် ပြည့်နှက်သွားစေသည်။ တူဆာနှင့်အနီးစပ်ဆုံးဖြစ်သည့်အလျောက် ဇက်များနှင့် ကြုံတွေ့ရမည့်ကံဆိုးမှုများကို ရင်ဆိုင်ရမည်မှာ ၎င်းတို့က ပထမဆုံးဖြစ်ပေလိမ့်မည်။ ထိုမျိုးနွယ်စုများသည် ကြယ်တာရာပေါ်တွင် နေရာမရသည့် အားနည်းသောမျိုးနွယ်စုများဖြစ်ကြ၏။ တခြားသောဂြိုဟ်ပေါ်တွင်နေထိုင်ရန် ရှာမတွေ့ခဲ့ခြင်းကြောင့်သာမဟုတ်လျှင် ဇက်ပိုင်နက်နှင့် ဘေးချင်းကပ်လျက်တွင် နေကြမည်မဟုတ်ချေ။ ထိပ်တိုက်တွေ့ခြင်းသည် မဖြစ်နိုင်။ မျိုးနွယ်စုသုံးစု၏ ရာထူးမြင့်သည့် ခေါင်းဆောင်များသည် နေထိုင်သူများအား ဘေးကင်းရန်နေရာသို့ ရွေ့ပြောင်းရန် စတင်၍ စီစဉ်ပေးနေပြီး ဂြိုဟ်ပေါ်မှ ထွက်ပြေးရန်အတွက် သင်္ဘောပေါ်သို့ တင်ပေးနေကြသည်။


မကြာမီတွင် တူဆာပေါ်တွင်ရှိသော ယူးလာစစ်သင်္ဘောများအားလုံး စုဝေးလာကြပြီး သင်္ဘော၏မီးအလင်းရောင်များက အနီရောင်များဖြစ်ကာ ၎င်းတို့၏ စိတ်ခံစားချက်များကို ထုတ်ပြနေကြလေသည်။ အိမ်နီးချင်းများက တစ်ဖက်သတ်အမြင်နှင့် စိတ်လှုပ်ရှားနေကြသော်လည်း ဇက်စစ်တပ်ဖွဲ့က သူတို့ဂြိုဟ်အား စိတ်ဝင်စားမှုမရှိကြောင်းကို အချိန်သိပ်မယူလိုက်ရပဲ နားလည်သွားခဲ့သည်။


ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်စစ်သင်္ဘောများသည် အာကာသခုန်ကျော်မှုများဆက်တိုက်ပြုလုပ်၍ ၎င်းတို့၏ ကြယ်အစုအဝေးမှ လျင်မြန်စွာ ဖြတ်ကျော်ကာ တစ်နေရာတည်းကို တည့်တည့်မတ်မတ် ဦးတည်သွားတော့သည်။ ထိုအနက်ရောင် ရေတပ်သင်္ဘောအစုများ ဖြတ်သန်းခြင်းခံသွားရသော ဂြိုဟ်တိုင်း ထပ်တူကြောက်ရွံ့နေကြပြီး ထိုသတင်းက ကြယ်တာရာကွန်ရက်တွင် နာမည်အကြီးဆုံးဖြစ်လာလေ၏။


နယ်နိမိတ်တစ်လျှောက်တွင်လည်း ဗဟိုချက်ဖြစ်သောမေးခွန်းများက ပျံ့နှံ့သွားခဲ့သည်။ ထိုကဲ့သို့ ပူးပေါင်းထားသည့် ဇက်စစ်တပ်များက မည်သူ့နောက်ကို လိုက်နေခြင်းဖြစ်မည်နည်း။ နောက်တစ်ရက်နေသောအခါတွင် ဇက်များက ၎င်းတို့၏အမေးကို ဖြေခဲ့ကြသည်။


အပြာရောင်ဂြိုဟ်၏ ကောင်းကင်ကြီးကိုပင် ဖုံးအုပ်နိုင်လောက်သည်အထိ ယူးလာစစ်သင်္ဘောများ၏ အရေအတွက်က များပြားသည်။ အနက်ရောင်စစ်သင်္ဘောများပေါ်ရှိ မှောင်မိုက်သောတိမ်များက နေမင်းကြီးကိုပင် ၎င်းတို့ဂြိုဟ်ပေါ်မှ ခွဲထုတ်လိုက်ကြသည်။ ဂြိုဟ်၏ အကာအကွယ်စည်းဝိုင်းအပြင်မှစစ်သင်္ဘောများ ပေါ်ပေါက်လာသည်။ ၎င်းတို့က ဖောက်ထွင်းဝင်ရောက်ခဲ့ခြင်းမရှိသော်လည်း ထိုမြင်ကွင်းက ကြီးမားသည့်ဖိအားတစ်ရပ်ဖြစ်ကြောင်း အငြင်းပွားနိုင်ရန်မရှိပေ။


အမှန်တွင် ဇက်စစ်တပ်များ အရေးပေါ်ရောက်ရှိလာသည့် အခြေအနေနှင့်ကြုံရခြင်းအပေါ် ကမ္ဘာမြေပြင်မှ ပထမဆုံးတုံ့ပြန်မှုသည်ကား အရေးပေါ်ပြင်ဆင်ထားမှုထဲကို ဝင်ရောက်ရန်သာဖြစ်သည်။ ဤအခြေအနေနှင့်ပက်သက်၍ အစိုးရ၏ စိတ်ရှုပ်ထွေးသွားခြင်းက ပြောစရာပင်မလိုအောင် သိသာလွန်းသည်။


ဇက်များနှင့် လူသားများ၏ ဆက်ဆံရေးက ရင်းနှီးကျွမ်းဝင်မှုမရှိသော်လည်း ရှေးခေတ်ကကဲ့သို့ မကြာခဏ စစ်ပွဲများဖြစ်နေခြင်းမျိုးလည်းမဟုတ်ပေ။ ယခုခေတ်ကို ခြုံငုံကြည့်မည်ဆိုပါက ငြိမ်းချမ်းခဲ့သည်။ ဇက်မျိုးနွယ်စုများနှင့် သဘောထားကွဲလွဲမှုများ ရှိကောင်းရှိနိုင်သော်လည်း သေးငယ်သည့်တိုက်ခိုက်မှုများသာဖြစ်ခဲ့ကြသည်။ ယခုခေတ်အသစ်တွင် မျိုးနွယ်စုနှစ်ခုအကြား ကြီးမားသည့် စစ်ပွဲများမရှိခဲ့ချေ။


ဇက်များသည် ကျိုးကြောင်းသိမြင်ခြင်းမရှိပဲ တိုက်ခိုက်တတ်ကြသည့် မျိုးနွယ်စုများမဟုတ်ပေ။ ၎င်းတို့က ကောင်းကျိုးနှင့်ဆိုးကျိုးအား ချိန်တွယ်တတ်ကြသည်။ ဇက်မျိုးနွယ်စုများက နယ်ပယ်အသစ်အား ကျူးကျော်ဝင်ရောက်ချင်လျှင်ပင် ၎င်းတို့၏ ပထမဆုံးပစ်မှတ်က လူသားမျိုးနွယ်စုများမဟုတ်ဘဲ အားနည်းသည့် မျိုးနွယ်စုများအား အရင်ဆုံးစတင်ကျူးကျော်သင့်သည်မဟုတ်ပါလား။ ရုတ်တရက် စစ်တပ်ဖွဲ့လေးဖွဲ့အား ပေါင်းစည်းပြီး တိုက်ခိုက်ခြင်းက ကျိုးကြောင်းမဆီလျော်ပေ။


ဇက်မျိုးနွယ်စုများက လူသားများနှင့်တိုက်ခိုက်ရန် စစ်ပွဲစတင်နေကြလေပြီ။


ထိုသတင်းက ကြယ်တာရာကွန်ရက်တွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ကြယ်တာရာပေါ်ရှိ မျိုးနွယ်စုများအားလုံးက ကမ္ဘာမြေပြင်ပေါ်ကိုသာ အာရုံစိုက်ထားကြလေသည်။ ကြည့်နေကြသောတခြားမျိုးနွယ်စုများအနေဖြင့် လေထုဟာ အလွန်တင်းမာလွန်းနေသည်။


ဇက်စစ်တပ်ဖွဲ့များရောက်ရှိလာပြီဖြစ်သော်လည်း တိုက်ခိုက်ခြင်းအား ချက်ချင်း မစတင်သေးပေ။ ကမ္ဘာမြေပြင်၏ အကာအကွယ်စည်းဝိုင်းအပြင်တွင် ရပ်လိုက်ကြ၍ ကမ္ဘာမြေဖက်ဒရယ်အဖွဲ့အစည်းအနေနှင့် အပေးအယူလုပ်ရန်အတွက် အခွင့်အရေးရှိကြောင်း သတိထားမိသွားကြသည်။ ၎င်းတို့ မပြောဆိုကြသေးခင်တွင် ဇက်များက တစ်ဖက်သတ်အမြင်ဖြင့် ထုတ်ပြန်ချက် ကြေညာလိုက်သည်။


“ဘုရင်က ငါတို့နဲ့ တစ်ရက်အတွင်း ပြန်မလိုက်လာဘူးဆိုရင် လူသားမျိုးနွယ်စုတွေနဲ့ ဇက်မျိုးနွယ်တွေရဲ့ စစ်ပွဲကြေညာချက်ကို ထုတ်ရလိမ့်မယ်..” ဝန်ထမ်းအကြီးအကဲက တရားဝင်ကြေညာလိုက်သည်။


တူဆာမှ လွတ်မြောက်သွားသော အကျဉ်းသားနှစ်ယောက်သည် လူသားများဖြစ်၍ ၎င်းတို့၏ အဝတ်အစားများကို ကြည့်ခြင်းအားဖြင့် ရာထူးမြင့်သည့်ဝန်ထမ်းများဖြစ်ကြကြောင်းသိနိုင်သည်။ ထိုလူသားနှစ်ယောက်အတွက် မည်သို့သော ခြိမ်းခြောက်မှုက ပို၍တိုက်ရိုက်ဖြစ်ကာ အကျိုးရှိစေနိုင်မည်လဲ။ အလ်ဗ်ကား ကမ္ဘာမြေဖက်ဒရယ်အဖွဲ့အစည်းတစ်ခုလုံး၏ လုံခြုံမှုဖြစ်မည်ဟု ယုံကြည်ထားသည်။


ဇက်စစ်တပ်ဖွဲ့များက နှစ်ဖွဲ့ခွဲလိုက်ကြသည်။ တတိယမြောက်နှင့် စတုတ္ထမြောက်စစ်တပ်ဖွဲ့များက နဂါးငွေ့တန်းများကို ဖြတ်ကျော်၍ နှံ့စပ်ရှာဖွေနေကြချိန်တွင် အဓိကတပ်ဖွဲ့က ကမ္ဘာမြေပြင်သို့ ရောက်လာကြလေသည်။


ကမ္ဘာမြေဖက်ဒရယ်အဖွဲ့အစည်း : ???


ဇက်များက ဘုရင်အားမွေးဖွားပေးခဲ့သည်ဆိုသောသတင်းကို ယခုအချိန်မှ ထိတ်လန့်နေမည်ဆိုလျှင် အလွန်နောက်ကျနေပေလိမ့်မည်။ ကမ္ဘာမြေဖက်ဒရယ်အဖွဲ့အစည်းရှိ ရာထူးမြင့်မားသောသူများက ယခုအချိန်တွင် လူရိုက်ချင်နေကြသည်။


‘မင်းတို့ရဲ့ ဇက်ဘုရင် ပျောက်သွားတာကို ဘာကိစ္စနဲ့ ကမ္ဘာမြေပေါ်ကို လာခဲ့ရတာလဲ—’


၎င်းတို့နှင့်တင် မပြီးသေးချေ။ ထိုအချိန်တွင် ဂြိုဟ်အသေးစားလေးတစ်ခုပေါ်တွင်ရှိနေကြသော လူနှစ်ယောက်မှာ ၎င်းတို့ကို လူသားမျိုးနွယ်စုမှ ထုတ်ပစ်လိုက်ကြသည့်အချက်အား မသိကြပေ။


ဇက်များက အကျဉ်းသားများ၏ပုံစံကို တပ်အပ်သိသည်။ သို့သော်လည်း ဇက်များက ကမ္ဘာမြေဖက်ဒရယ်အဖွဲ့အစည်းထံသို့ ပုံစံကို ချမပြခင်အချိန်မှာပင် ကုဟွိုက်က နိုးလာသည်။ ကုဟွိုက်သည် အချိန်အကြာကြီး အိပ်ပျော်သွားခဲ့၏။ သူအိပ်နေစဉ်အတွင်းမှာ အခန်းတစ်ခန်းတည်းတွင်ရှိသည့် လူသားနှစ်ယောက်သည် အံ့အားသင့်မှုများဖြင့်ရှိနေကြသည်။


အဘယ်ကြောင့်ဆိုသော် အိပ်နေသောလူငယ်လေးဆီမှ စွမ်းအားများ စီးဆင်းနေကြောင်းကို ခံစားမိခဲ့သောကြောင့်ဖြစ်သည်။ ထိုအရာက ဘေးပတ်ပတ်လည်ရှိ အာသာကဟင်းလင်းပြင်ကို အနည်းငယ် အတက်အကျဖြစ်စေခဲ့၏။


ပုံမှန်အားဖြင့် ကလေးအရွယ်တွင် ဖွံ့ဖြိုးတတ်လေ့ရှိသောစွမ်းရည်သည် ကနဦးပိုင်း ကြီးထွားမှုပင်။ သို့သော်လည်း ကုဟွိုက်က ထူးခြားသည်။ သူမွေးဖွားလာစဉ်က သူ့ခန္ဓာကိုယ်က အရွယ်ရောက်နှင့်ပြီးဖြစ်ကာ သူ၏မွေးဖွားလာနိုင်စွမ်းကလည်း ထူးကဲသည်။


သူ့စိတ်စွမ်းရည်အဆင့်က ကလေးအဆင့်မှာပင်ရှိသေးသည်။ ထို့ကြောင့် သာမာန်ဇက်များအတွက် ‘ကနဦးပိုင်း ကြီးထွားမှု’ ဆိုသည့်ပြီးမြောက်ခြင်းသည် ကုဟွိုက်အတွက်တော့ အောင်မြင်ပြီးသားဖြစ်နေလေသည်။ ထိုကဲ့သို့ အဆင့်ကျော်မှုတွင် ကုဟွိုက်ကား စိတ်ပါလက်ပါ အိပ်တတ်သည်။ ကုဟွိုက်က ကနဦးပိုင်းကြီးထွားမှုအတွက်ဆိုလျှင် ဝိညာဉ်ချိတ်ဆက်မှု အဆင့်နှစ်ဆင့်ကို ဖြတ်ကျော်ရန်လိုအပ်သေးသည်။


ဇက်ကလေးများသည် သူတို့၏စွမ်းရည်ကို အသုံးချသည့်နေရာတွင် ကျွမ်းကျင်ခြင်းမရှိကြပဲ လုပ်နိုင်စွမ်းများကလည်း ရုန်းရင်းဆန်ခတ်ဖြစ်တတ်ကြသည်။ ယခုဆိုလျှင် ကုဟွိုက်က အိပ်စက်မှုများ တိုးတက်နေဆဲဖြစ်ပြီး သူ၏စွမ်းရည်ကတော့ ကစဉ့်ကလျားဖြစ်နေသည်။ ၎င်းက ရုန်းရင်းဆန်ခတ်ဖြစ်မှု အကုန်အစင်ပင်ဖြစ်၏။


ထို့ကြောင့် အိမ်ထဲတွင်ရှိကြသော လူသားနှစ်ယောက်က ရုန်းရင်းဆန်ခတ်မှုများဖြစ်သည့် စားပွဲများပေါလောပေါ်လာခြင်း၊ ထိုင်ခုံများဖြင့် ပစ်ပေါက်ခံရခြင်းနှင့် မျက်နှာကြက်တွင် အက်ကွဲမှုများဖြစ်လာတတ်ခြင်း၊ စသဖြင့် တိုက်ခိုက်မှုများ ဖြစ်လာနိုင်ကြောင်းကို ကြိုတင်ခံစားမိနေသည်။ မီးပန်းဆိုင်တစ်ခုသည်လည်း အနည်းငယ် တုန်လှုပ်ပြီးနောက်ပိုင်း ပြုတ်ကျလာခဲ့သည်။


ဝိညာဉ်စွမ်းအားတိုးတက်နေစဉ်အတွင်းမှာ ကုဟွိုက်က မျက်မှောင်ကြုတ်လိုက်သည်။ ထိုအနေအထားက သူ့အတွက် သက်သောင့်သက်သာမဖြစ်စေပေ။


နောက်ဆုံးတွင်တော့ တိုးတက်မှုများပြီးမြောက်သွားခဲ့ပြီး ကုဟွိုက် နိုးထလာခဲ့သည်။ သူနိုးထလာသည့်အခါတွင် ဇက်များ၏ ဒေါသကို သတိမူမိလိုက်သည်။ ၎င်းတို့က ဂြိုဟ်ပေါ်တွင်မရှိကြသော်လည်း ခံစားချက်များက မည်မျှပြင်းထန်နေကြောင်း ပြသရန်လိုအပ်သည်။ ဇက်များအားလုံးက ခံစားချက်ထပ်တူရှိနေကြသည်။


ကုဟွိုက်က အများကြီးမတွေးပေ။ သူ၏ပထမဆုံးတုံ့ပြန်မှုက ဝိညာဉ်ချိတ်ဆက်မှုကို အမြန်ဆုံးတည်ဆောက်ရန်သာဖြစ်သည်။


「 ငါဒီမှာရှိတယ် 」


ဇက်တစ်ယောက်နှစ်ယောက်နှင့်သာ ချိတ်ဆက်နိုင်သည့် ဝိညာဉ်ချိတ်ဆက်မှုမဟုတ်တော့ချေ။ ကုဟွိုက်က သူ၏ ဝိညာဉ်ချိတ်ဆက်မှု ပထမအဆင့်ကို ကျော်လွန်လာခဲ့ပြီး ယခုဆိုလျှင် မျိုးနွယ်စုတစ်စုလုံးနှင့် ဆက်သွယ်ပြောဆိုနိုင်မည့် ဝိညာဉ်ချိတ်ဆက်မှုအား တည်ထောင်နိုင်သွားခဲ့ပြီဖြစ်သည်။ ချိတ်ဆက်သည့်အချိန်က သိပ်မကြာသော်လည်း ကုဟွိုက်က ချိတ်ဆက်မှုတစ်ခုတည်ထောင်ပြီးနောက် အိပ်ပျော်သွားသောအချိန်ထက် ရှည်ကြာသည်။


ကုဟွိုက်အတွက် တည်နေရာအတိအကျကို ဖော်ပြရန် မလိုအပ်ပေ။ ဝိညာဉ်ချိတ်ဆက်မှုကိုရရှိလိုက်သောဇက်များသည် ကုဟွိုက်ရောက်ရှိနေသောနေရာအား အလိုအလျောက်သိနိုင်သည်။ ခဏကြာသောအခါတွင် တင်းမာသည့်ထိပ်တိုက်တွေ့ဆုံမှုတွင် အသင့်ပြင်ဆင်ထားကြသော ကမ္ဘာမြေဖက်ဒရယ်အဖွဲ့အစည်းသည် ၎င်းတို့၏ အကာအကွယ်စည်းဝိုင်းထဲမှ ကြီးမားသည် ရေတပ်သင်္ဘောအစုများသည် ချက်ချင်းပြန်လှည့်သွားကြပြီး အာကာသခုန်ကျော်မှုများပြုလုပ်သွားကြသည်ကို တွေ့လိုက်ကြရသည်။


ကမ္ဘာမြေဖက်ဒရယ်အဖွဲ့အစည်း : …???


ဒီဇက်တွေက ဘာသောက်လုပ်ကို လုပ်သွားကြတာလဲ။


“မင်းအိပ်နေတာ တစ်ရက်တောင်ကျော်ပြီ အခုအားလုံး အဆင်ပြေသွားပါပြီ ဘာစားချင်တာရှိလဲ…”


နိုးထလာသော လူငယ်လေးကိုကြည့်၍ ရှန်းမုက အစားစားရန်မေးလိုက်သည်။ သို့သော်လည်း ရင်းနှီးနေသည့် သတိပေးသံကိုကြားလိုက်ကြရသောအခါတွင် စကားကို ဆုံးအောင်မပြောလိုက်နိုင်ကြပေ။ ထိုအသံအား လွန်ခဲ့သည့်နှစ်ရက်ကမှ ကြားထားခဲ့ခြင်းဖြစ်သည်။


ဂြိုဟ်ပေါ်တွင် အမြင့်မားဆုံး သတိပေးသံကို ဖွင့်လိုက်သည်။ ရှန်းမုနှင့်ဟန်မာက ကြက်သေသေသွားကြ၏။


အမြင့်ဆုံး သတိပေးသံက လမ်းထဲက ဂေါ်ဖီရွက်ထဲတွင်ရှိတာများလား။ ဘယ်လိုများ လွယ်လွယ်ကူကူပွင့်သွားရပါသနည်း။


ထိုအသံကိုမကြားရသည်မှာ ဆယ်စုနှစ်နှစ်စုထက်ပိုနေသော်လည်း ယခုဆိုလျှင် ရက်ပိုင်းအနည်းငယ်အတွင်း နှစ်ကြိမ်တောင်ကြားခဲ့ရသည်။


လူနှစ်ယောက်က အပြင်ထွက်ကာ အခြေအနေကို လေ့လာချင်နေသည်။ အနီးအနားက အာကာသက အားကောင်းသောဖိအားကြောင့် ပျက်စီးသွားချိန်တွင် ဂြိုဟ်ပေါ်တွင် ဖြစ်နေသမျှကို စစ်ဆေးကြည့်ရန် အချိန်မရှိပဲ ရပ်တန့်ကာ ထွက်ခွာလာခဲ့ရသည်။ ထို့နောက် လိမ်ပိန်နေသောအာကာသကနေ လူသားနှစ်ယောက်ဟာ ၎င်းတို့၏ အသည်းနှလုံးများ ခိုက်ခိုက်တုန်သွားစေသည့်ပုံစံကို တွေ့ခဲ့ကြရသည်။


ဆံပင်ငွေရောင်၊ မျက်လုံးအကာနှင့် အေးစက်သည့် ငွေမှင်ရောင်အမြီးက ၎င်းတို့အနောက်တွင်ရှိနေသည်။ ထိုကဲ့သို့သော အထင်ကရပုံစံများကိုမြင်ပြီးသည်ကိုပင် သူတို့အရှေ့က ငွေရောင်ဆံပင်နှင့်ဇက်ကို မမှတ်မိပါက ရှန်းမုနှင့်ဟန်မာသည် စစ်သားများမဖြစ်နိုင်တော့ပေ။


ပထမဆုံးဇက်စစ်တပ်၏ခေါင်းဆောင်ဖြစ်သည့် အလ်ဗ်။


လူသားနှစ်ယောက်မျက်နှာပေါ်တွင် မယုံနိုင်သောအမူအရာများရှိနေကြသည်။ ဆံပင်ငွေရောင်နှင့်ဇက်က ဘာကြောင့်များ ၎င်းတို့ရှေ့ကို ရောက်လာရလဲဆိုတာ နားမလည်နိုင်ပေ။ အာကာသစွမ်းရည်တူညီသော်လည်း သူခံစားခဲ့ရသည့် စွမ်းအားအတက်အကျများပေါ်မူတည်၍ ရှန်းမုက သူနှင့် သူ့အရှေ့က ဆံပင်ငွေရောင်ဇက်ကြားတွင်ရှိသော စွမ်းအင်ကွာဟမှုကို သတိထားမိလိုက်သည်။


ထိုဇက်က တခြားဂြိုဟ်မှ တိုက်ရိုက်ကူးပြောင်းလာခြင်းဖြစ်နိုင်သည်။ အာကာသ၏ ကိုင်တွယ်မှုများက ကြောက်မက်မှုများကို ဖော်ပြနိုင်သည့်အဆင့်ထိရောက်နေပြီဖြစ်သည်။ အာကာသစွမ်းရည်က ရှားပါးကာ ပုံမှန်အားဖြင့် လူတစ်ယောက်သာ ကူးပြောင်းနိုင်သည့် ကန့်သတ်ချက်ရှိသည်။ တစ်ဖက်လူ၏ စွမ်းရည်က အလွန် မခံချိမခံသာဖြစ်စေသည်။


သူတို့ အမှားလုပ်ခဲ့လို့လား။ အရေးမပါတဲ့ အကျဉ်းသားသုံးယောက်က လွတ်မြောက်သွားခဲ့ခြင်းဖြစ်ရုံပင်။ ထိုဇက်အဖွဲ့များက သူတို့ကိုဖမ်းရန်အတွက် ခေါင်းဆောင်ကိုယ်တိုင်ကတောင် ကိုယ်တိုင်ကိုယ်ကျရောက်ရှိလာသည်အထိ လိုအပ်ပါသလား။ လူသားနှစ်ယောက်မှာ ၎င်းတို့၏အသက်ကိုပင် စိတ်မချဖြစ်သွားရသည်။


ထို့နောက် ရှန်းမုနှင့်ဟန်မာသည် ဂြိုဟ်ပေါ်တွင် အဘယ်ကြောင့် အမြင့်ဆုံးသတိပေးပွင့်လာရကြောင်းကို နားလည်သွားကြသည်။ ဇက်စစ်တပ် ဆိုက်ရောက်လာသည်။ ကောင်းကင်ပေါ်တွင် ယူးလာစစ်သင်္ဘောပေါ်ပေါက်လာပြီး မရေတွက်နိုင်သည့် အနက်ရောင်စစ်သင်္ဘောများက မြို့တစ်ခုလုံးအပြင် ကောင်းကင်ကြီးကိုပါ ဖုံးလွှမ်းသွားခဲ့သည်။ ဇက်စစ်သည်များသည် တစ်ယောက်ပြီးတစ်ယောက် ဂြိုဟ်ပေါ်သို့ ဆင်းသက်လာကြပြီး သူတို့၏ ပစ်မှတ်နေရာအား ဝန်းရံလိုက်ကြသည်။ မရေတွက်နိုင်သည့် ဇက်များတန်းစီနေကြပြီး ထိုကဲ့သို့ ဆိုးရွားသည့် မြင်ကွင်းက ရှန်းမုနှင့်ဟန်မာအား မှင်တက်သွားစေခဲ့သည်။


ထိုသို့ဆိုးရွားသည့်မြင်ကွင်းသည် ရှေးခေတ်က သမိုင်းစာအုပ်ထဲတွင်သာ တည်ရှိသည်။ စာအုပ်ထဲက မြင်ကွင်းကလက်တွေ့ဘဝတွင် အမှန်တကယ်ဖြစ်လာသောအခါ မည်ကဲ့သို့သော ခံစားချက်များကို ခံစားရမည်နည်း။ ရှန်းမုနှင့်ဟန်မာက အေးစက်တောင့်ခဲသွားရပြီး သူတို့၏နှလုံးခုန်နှုန်းများက မြန်ဆန်လာသည်။


ထိုစစ်တပ်များက တတိယမြောက်နှင့် စတုတ္တမြောက်စစ်တပ်အင်အားများသာဖြစ်ကြောင်းကို သူတို့မသိသေးချေ။ အဓိကတပ်ဖွဲ့က အခုမှလာနေဆဲဖြစ်သည်။ သူတို့အတွက် လွတ်မြောက်ရန်အခွင့်အရေး လုံးဝ မရှိတော့။


သူတို့၏ခန္ဓာကိုယ်သည် နှိမ်နင်းနိုင်သောစွမ်းရည်ဖြင့် တစ်နေရာတွင် ဖိနှိပ်ချုပ်တည်းခြင်းခံလိုက်ရလေသည်။ ရှန်းမုနှင့်ဟန်မာက လုံးဝ မလှုပ်ရှားနိုင်တော့ပေ။ စွမ်းရည်က ပိုဆိုးလာသည်။ မလှုပ်နိုင်သောလူနှစ်ယောက်မှာ အသက်ရှုခက်ခြင်းများပါဖြစ်လာ၏။ ၎င်းတို့၏ခန္ဓာကိုယ်များသည် မမြင်နိုင်သည့်ဖိအားများဖြင့် ဖိညှစ်ခြင်းခံနေရသကဲ့သို့ ခံစားရသည်။ ငွေရောင်ဆံပင်ဇက်ပေါ်ပေါက်လာသည်မှာ စက္ကန့်ပိုင်းလောက်လေးသာရှိသော်လည်း လူနှစ်ယောက်သည် နှစ် ၁၀၀မျှရှည်ကြာနေသကဲ့သို့ပင် ခံစားနေရ၏။


ထိုအချိန်တွင် ကုဟွိုက်သည်လည်း အိမ်ထဲမှ ထွက်လာသည်။ သူ့ပုံစံကို ငွေရောင်ဆံပင်ဇက်က ချက်ချင်းတွေ့ရှိသွားသည်။ တစ်ဖက်လူအား စောင့်မနေတော့ပဲ ကုဟွိုက်က လျင်မြန်စွာ ချဉ်းကပ်လာခဲ့လိုက်သည်။


“မင်းရူးနေလား အဲဒီကိုမသွားနဲ့..” စကားအနည်းငယ်ပြောရန်ပင် အသက်ရှုရခက်ခဲနေခဲ့သည်။ ဟန်မာက လူမျိုးချင်းတူသောကောင်လေးက ငွေရောင်ဆံပင်ဇက်အနားသို့ ဦးစွာချဉ်းကပ်သွားသည်အား တွေ့ရှိပြီး သူ့ဦးခေါင်းက ထုံထိုင်းသွားရသည်။


တစ်ဖက်လူ၏ အမြီးနားထိ နီးကပ်လာခဲ့သည်။ ဟန်မာက လူငယ်လေး၏ ဦးခေါင်းနှင့်ခန္ဓာသည် ဇက်စစ်တပ်ခေါင်းဆောင်၏အမြီးနှင့် ထိုးဖောက်ခြင်းခံရတော့မည်ဖြစ်ကြောင်းကို စိတ်ကူးကြည့်နိုင်သည်။ ကုဟွိုက်က ရှေ့ဆက်သွားရန်လုပ်သော်လည်း သူခြေလှမ်းထပ်မလှမ်းခင် အလ်ဗ်က လှမ်းလာခဲ့သည်။


လူသားဝန်ထမ်းနှစ်ယောက်၏ မျက်လုံးထဲတွင် အနေအထားက အလ်ဗ်က အရင်ဆုံးတိုက်ခိုက်တော့မည့်ပုံပေါ်နေသည်။ တိုက်ခိုက်မည့်ပစ်မှတ်ထဲသို့ လူငယ်လေးရောက်သွားသည်နှင့် ငွေရောင်ဆံပင်ဇက်၏အမြီးက လှုပ်ရှားသွားကြောင်း လူသားနှစ်ယောက်က တွေ့ရှိသွားခဲ့သည်။


ရှန်းမုနှင့်ဟန်မာက အသက်အောင့်ထားကြပြီး အဝေးကိုသာကြည့်နေမိသည်။ သူတို့မျက်စိရှေ့တွင် သူတို့နှင့် လူမျိုးချင်းတူသောကောင်လေးက ရက်စက်စွာသတ်ခံရမည့်ဖြစ်ရပ်ကို မမြင်ချင်ပေ။ သို့သော်လည်း ပေါ်ထွက်လာသည့်ပုံစံက သူတို့စိတ်ကူးထားသည်နှင့် လုံးဝ ကွဲပြားနေခဲ့သည်။

ငွေရောင်ဆံပင်ဇက်က ကောင်လေးကို မည်သည့်တိုက်ခိုက်မှုမျှမလုပ်ချေ။ သတိရှိသည့်အနေအထားဖြင့် လူငယ်လေးထံသို့ ဝန်းရံလိုက်ပြီး အမြီးပိုင်ရှင်က လူငယ်လေးအား ထိန်းကိုင်လိုက်သည်။ အလ်ဗ်က ကုဟွိုက်နိုးနေစဉ်မှာ ထိုကဲ့သို့ တစ်ခါမှမလုပ်ဖူးသော်လည်း ယခုအခါ သူလုပ်ချင်သည်။ သူ့နှလုံးသားထဲမှ ဖျက်ဆီးချင်နေသောဆန္ဒများကို ချုပ်တည်းနိုင်သည့်နည်းလမ်းက ထိုတစ်နည်းသာရှိသည်။


ထို့နောက် ရှန်းမုနှင့်ဟန်မာက ၎င်းတို့အရှေ့မှ ငွေရောင်ဆံပင်ဇက်က မျက်လုံးအကာအား အရင်ချွတ်လိုက်ပြီး မတူညီသည့် ရွှေရောင်မျက်ဝန်းများကို ဖော်ထုတ်ပြသလိုက်ခြင်းအား တွေ့လိုက်ရသည်။ ထို့နောက် ကာကွယ်စောင့်ရှောက်ပေးရန်အနေဖြင့် သူ့အနားက လူငယ်လေး၏လက်ထဲသို့ မျက်လုံးအကာကိုပေးအပ်လိုက်လေသည်။


ဖြစ်စဉ်တစ်ခုလုံးကို မြင်လိုက်ရတဲ့ လူနှစ်ယောက်: ???


နေပါဦး ခဏလေး—


သူတို့ဦးနှောက်တွေ ဘယ်လိုလည်ထွက်သွားပြီး မျက်စိရှေ့မှာ မယုံကြည်နိုင်စရာမြင်ကွင်းတွေ ပေါ်ပေါက်လာဦးတော့၊ လူသားနှစ်ယောက်က ဖြစ်ရပ်ကိုကြည့်ပြီး ပြဿနာကို နားလည်သွားသည်။ ငွေရောင်ဆံပင်ဇက်က သူ့လက်မောင်းထဲတွင် လူငယ်လေးအား ကာကွယ်သည့်ဟန်ပန်ဖြင့် ပြသနေကြောင်းကိုတွေ့ကာ ရှန်းမုနှင့်ဟန်မာတို့သည်လည်း လေအေးတစ်ချက်တော့ ရှုရှိုက်ချင်မိကြသေးသည်။


ဆိုးရွားသည့်ပုံဖော်မှုက သူတို့၏နှလုံးသားထဲတွင် ပုံစံပေါ်နေခဲ့သည်။


အသက်အန္တရာယ်ရှိနိုင်သည့် အမှားမျိုးကို သူတို့လုပ်ခဲ့မိပြီလား။