အခန်း ၂၅
Viewers 11k

Chapter 25

Chapter -25




ဘုရင်အားရှာတွေ့ပြီးသည့်အတွက် နောက်တဆင့်က အကျဉ်းသားများအား နေရာချရန်ဖြစ်သည်။ ၎င်းတို့အား ဘာလုပ်သင့်သနည်း။


လူများ၏အမြင်တွင် ကြီးမားသည့်တောင်ကြီးနှင့်တူသည်ဟု ခံစားမိစေနိုင်သည့် ခန္ဓာကိုယ်ပိုင်ရှင်မှာ စတုတ္ထစစ်တပ်ခေါင်းဆောင် စီမိုဒိုဖြစ်သည်။ ၎င်း၏ ဒေါင်လိုက်မျက်ဆံများက အရှေ့မှလူသားနှစ်ယောက်အား ငေးကြည့်နေ၏။ ထိုလူသားများ၏ ဦးခေါင်းများအား လိမ်မချိုးခင် ခြေလက်များကိုလည်း ဆုတ်ဖြဲပစ်နိုင်သည်။


စီမိုဒိုက လူသားနှစ်ယောက်အား အသားတစ်တုံးပေါ်တွင်ရှိသော ငါးနှစ်ကောင်သကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံးအား စစ်ဆေးလေ့လာနေသည်။ ထိုလူသားနှစ်ယောက်အား သူ၏ ကြမ်းကြုတ်ရက်စက်ပြီးဖြစ်သောမျက်နှာအား အသုံးပြုပြီး ရက်စက်သည့်ဟန်ပန်ကို ပြသနေသည်။ ၎င်း၏သွားများကို ထိုလူများထံ ဖြဲပြနေမိ၏။


၎င်းကိုတွေးပြီး စီမိုဒိုသည် လူသားနှစ်ဦး၏ခေါင်းကိုဖြတ်ကာ ဘုရင့်ထံသို့ လက်ဆောင်အဖြစ်ပေးရန် အဆင်သင့်ဖြစ်နေခဲ့သည်။ ထို့နောက် သူ၏ အဝတ်အစားများအား ဆွဲယူခြင်းခံလိုက်ရသည်။ ထိုဆွဲယူမှုက စီမိုဒိုအား ရပ်တန့်သွားစေသည်။ သူက မျက်နှာပေါ်ရှိကြမ်းကြုတ်သောအမူအရာအား ချက်ချင်းဖယ်ရှားလိုက်ပြီး သူ့အဝတ်များကိုဆွဲထားသည့် လူငယ်လေးဆီသို့ လှည့်လိုက်သည်။


“ဒီလက်အောက်ငယ်သားအတွက် အမိန့်ရှိပါသလား”


သူ့ပုံစံက ပင်ကိုအားဖြင့် ကြမ်းကြုတ်ပြီးဖြစ်သည့်အတွက်ကြောင့် စီမိုဒိုက ညင်သာသည့်သွင်ပြင်အား မဖန်တီးနိုင်။ သူ တမင်တူညီအောင်လုပ်လိုက်သော်လည်း သူ့ခန္ဓာကိုယ်တစ်ခုလုံးက မှုန်မှိုင်းနေသည်။ ထိုမြင်ကွင်းက ကုဟွိုက်ကို သူ၏တက်ခ်ဇက်အား မည်ကဲ့သို့ ဂရုစိုက်ပေးရမည်နည်းဟု တွေးတောစေခဲ့သည်။


“သူတို့က ငါ့ကို ဘာမှမလုပ်ခဲ့ကြပါဘူး…” ကုဟွိုက်က သူ၏ဇက်အား စိတ်မကောင်းဖြစ်စေမည့်စကားလုံးများကို သင့်လျော်သလို ချင့်ချိန်စဉ်းစားလိုက်ရသည်။


“သူတို့က ငါ့ကို လူသားလို့ထင်နေတာ၊ သူတို့လိုမျိုး ငါ့ကို တူဆာပေါ်က အကျဉ်းသားလို့ထင်နေကြတာ၊ အဲဒါကြောင့် သူတို့က ငါ့ကို ဒီကိုခေါ်လာပေးကြပြီး ဘာမှမကောင်းတာ မလုပ်ခဲ့ကြဘူး.."


ထိုဖြစ်ရပ်က မတော်တဆမှုဟုသာ ယူဆနိုင်သည်။ ထိုလူသားနှစ်ယောက်က သူ့ကိုကာကွယ်ချင်သည့်အတွက်ကြောင့် ဖြစ်ခဲ့သောကိစ္စမှန်း ကုဟွိုက် နားလည်လိုက်ရပြီးနောက်ပိုင်း ထိုလူနှစ်ယောက်အား အသက်ရှင်ခွင့်ရရန် မျှော်လင့်မိသည်။


ထိုကဲ့သို့ကာကွယ်ပေးချင်သည့်စိတ်နေစိတ်ထားမှာ သူက မည်သူဖြစ်ကြောင်းကိုမသိကြသည့်အတွက်ဖြစ်ပြီး ထိုလူနှစ်ယောက်၏ အပြုအမူများကိုကြည့်မည်ဆိုပါက ကပ်ဆိုက်နေသောကာလအတွင်း တစ်စုံတစ်ယောက်အား ကယ်တင်ပေးချင်သည့်လုပ်ရပ်က အမှန်တကယ်လေးစားဖွယ်ကောင်းသည့် လုပ်ရပ်ပင်ဖြစ်ပေသည်။


သို့သော်လည်း ဇက်များ၏ရှုထောင့်မှကြည့်လျှင် ထိုလူသားနှစ်ယောက်၏ မတော်တဆလုပ်ရပ်ဟာ သူ့ကိုချစ်ကြသည့်ဇက်များအတွက် မည်မျှပူပန်သွားစေလိမ့်မည်ကိုကုဟွိုက်သိသည်။ ဇက်များက သူ့ကို ဘယ်လောက်ထိစိတ်ပူပြီး လိုက်ရှာနေကြမလဲဟု စိတ်ကူးပင်မယဉ်နိုင်ချေ။


“တောင်းပန်ပါတယ် မင်းတို့ကိုစိတ်ပူအောင်လုပ်ခဲ့မိလို့” ကုဟွိုက်က အနိမ့်သံဖြင့်ပြောလိုက်သည်။ သူ၏ဝိညာဉ်ချိတ်ဆက်မှုတိုးတက်အောင် မအိပ်စက်ခဲ့လျှင် ထိုသို့ဖြစ်လာမည်မဟုတ်ပေ။


ကုဟွိုက် ထိုသို့ပြောသည်ကိုကြားပြီးနောက် ဇက်များ၏အမူအရာက ပြောင်းလဲသွားလေသည်။


“တောင်းပန်ဖို့မလိုပါဘူး” ဒူးထောက်နေသော အိုင်းယီက ဦးညွတ်လိုက်၏။ မီးခိုးရောင်ဆံပင်များဖြင့် ဖုံးအုပ်နေသော အနက်ရောင်ဦးချိုနှစ်ခုက ကုဟွိုက်ရှေ့တွင်တော့ ပေါ်ထွက်နေသည်။ သူက တည်ကြည်သောအမူအရာဖြင့်ပြောလိုက်သည်။


“အရှင့်ကိုကယ်တင်ဖို့က ကျွန်တော်တို့ရဲ့ ဆန္ဒပါ ဒါပေမယ့် ကျွန်တော်တို့ ကျရှုံးသွားခဲ့တယ်၊ အမှားလုပ်မိတာကလည်း ကျွန်တော်တို့ကြောင့်ပါ အရှင်က ဘာမှမှားတာမလုပ်ထားပါဘူး”


အိုင်းယီက ထိုသို့ပြောသည့်အခါ ကျန်သည့်ဇက်များက သဘောတူညီစွာခေါင်းညိတ်ကြသည်။


စီမိုဒိုက မေးမြန်းလာ၏။ “အရှင် ဒီလူနှစ်ယောက်ကို ကာကွယ်ချင်ပါသလား”


နေရာတွင်ရှိသောလူနှစ်ယောက်အား ကုဟွိုက်က လှမ်းကြည့်လိုက်ကာ ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်သည်။


“ဒါဆို ထားခဲ့လိုက်ပါ..” အရေးမပါသည့်တစ်စုံတစ်ခုကို မှတ်ချက်ပေးသကဲ့သို့ စီမိုဒိုက ကုဟွိုက်၏စကားကို ခေါင်းညိတ်ကာ လိုက်နာခဲ့သည်။


ရက်စက်ကြမ်းကြုတ်သည့်ပုံစံရှိသည့် စတုတ္ထမြောက်စစ်တပ်ခေါင်းဆောင်က ကုဟွိုက်ပြောသမျှအား ရိုကျိုးနာခံစွာ လိုက်နာခဲ့သည်။ သူကြီးပြင်းလာသည့် ကမ်မုစ်မျိုးနွယ်စုက တခြားမျိုးနွယ်စုများထက်ပို၍ သာမန်မျှအဆင့်ရှိသည်ဟု ခံစားမိ၏။ စစ်တပ်ဖွဲ့လေးဖွဲ့လုံး၏ခေါင်းဆောင်များအနက် သူသည် ထင်ရှားသည့်အရည်အချင်းမရှိသည့်အတွက်ကြောင့် စီမိုဒိုက ကုဟွိုက်ထံသို့ သူ၏သစ္စာရှိမှုကိုပြသပုံက ပို၍တိုက်ရိုက်ကျသည်။ တခြားနည်းနှင့်ဆိုလျှင် လုံးလုံးလျားလျား သစ္စာရှိမှုအား ပေးအပ်လိမ့်မည်ဖြစ်သည်။


ထိုလူသားနှစ်ယောက်၏ဘဝကို ကယ်တင်ပြီးပြီဖြစ်၏။ ကုဟွိုက်က ထိုလူနှစ်ယောက်အားကြည့်၍ အတွေးဝင်သွားသည်။ ဇက်များ၏ သံတမန်ရေးရာကိုချဲ့ထွင်ရန် ရည်ရွယ်ထားသည့်အတွက်ကြောင့် တစ်နေ့၌ သူတို့သည် လူသားများနှင့် ထိတွေ့ဆက်ဆံရပေလိမ့်မည်။ လူသားမျိုးနွယ်စုနှင့် ဇက်များအကြားတွင် ဆက်ဆံရေးက မကောင်းပေ။ ယင်းက ယခင်ခေတ်က မူဝါဒဖြစ်ပြီး ဖြေရှင်းရန်မလွယ်ကူပေ။


ကုဟွိုက်က ကြယ်တာရာခေတ်ရှိလူများအကြောင်းကိုလည်း ထိုလူနှစ်ယောက်မှတစ်ဆင့်သိချင်မိသည်။ သူက အမိန့်မပေးခင် ထိုအကြောင်းကိုတွေးခဲ့၏။


“သူတို့ကို တူဆာပေါ်ကို ဖိတ်ကြားလိုက်”


ကုဟွိုက် ထိုသို့ပြောလိုက်ချိန်တွင် အလ်ဗ်က ၎င်း၏အမြီးနှင့် သူ့အားဝန်းရံထားကာ အရှေ့မှ လူနှစ်ယောက်အား ခံစားချက်မဲ့စွာကြည့်လိုက်သည်။ ထို့နောက် သူ၏လက်ထောက်အား အမိန့်ထုတ်ပြန်လိုက်သည်။


“သူတို့ကို တူဆာပေါ် ပြန်ခေါ်ခဲ့လိုက်..”


ထို့နောက် အလ်ဗ်က သူ့လက်မောင်းပေါ်ရှိလူငယ်လေးနှင့်အတူ စစ်သင်္ဘောရှိရာလမ်းသို့ ပြန်လာခဲ့သည်။ ထိုဖြစ်ရပ်နှင့်ပက်သက်၍ သူ့စိတ်ခံစားချက်ပေါ် မသက်ရောက်သကဲ့သို့ သူ၏ ပုံမှန်အေးစက်မှုနှင့် တည်ငြိမ်မှုကိုထိန်းလျက် မြဲမြံသည့် ခြေလှမ်းများဖြင့်လှမ်းလာခြင်းဖြစ်သည်။


အလ်ဗ်၏မျက်နှာထားက မည်သည့်ခံစားချက်မျှရှိပုံမရသော်လည်း ကုဟွိုက်သည် တစ်ဖက်လူဟာ ယခုအချိန်ထိ စိတ်တိုနေကြောင်းကို သတိပြုနိုင်သည်။ ထို့ကြောင့် ကုဟွိုက်က မလှုပ်ရှားပဲ အလ်ဗ်ကို သူ့အားဖက်တွယ်ခွင့်ပေးထားလိုက်၏။ ပုံမှန်အခြေအနေဆိုလျှင် သူ့ဘာသာလမ်းလျှောက်မည်ဟု ပြောလိမ့်မည်။


ကုဟွိုက်က အလ်ဗ်၏ အမူအရာကိုသိရှိပြီးနောက် တူဆာသို့မရောက်မချင်း နှုတ်ဆိတ်ကာ ငြိမ်ငြိမ်လေးလိုက်သွားမည်ဟု ဆုံးဖြတ်ခဲ့သည်။ အလ်ဗ်က သူ့ပုံစံကို သတိထားမိပြီး ချက်ချင်းရပ်လိုက်ကာ ဦးညွတ်လိုက်သည်။


ကုဟွိုက်က လှပသည့် ရွှေရောင်ဒေါင်လိုက်မျက်ဆံများအား ကြည့်လိုက်သည်။ သူ့ခံစားချက်က အေးစက်ပြီး ဖျော့တော့သော ရွှေရောင်မျက်ဝန်းထဲတွင် အေးစက်မှုများဖြစ်ပေါ်နေသည်က ပို၍သိသာသည်။ အလ်ဗ်က ထိုပုံစံနှင့် သူ့အားကြည့်နေသည့်အတွက် ကုဟွိုက်က တစ်ဖက်လူအား ချော့ချင်စိတ်ကို ထိန်းမရတော့ပေ။


ကုဟွိုက်က အမြီးပေါ်တွင်ရှိသောကွင်းကို လျင်မြန်စွာထိလိုက်ပြီး အလ်ဗ်၏ နာမည်ပြောင်ကို မဝံ့မရဲခေါ်လိုက်သည်။ “ကျိုး”


ကုဟွိုက်အသံက အလွန်တိုးသည့်အတွက် တခြားသူတွေမကြားနိုင်လောက်ဟုပင်ထင်ရသည်။ အလ်ဗ်က သူ့ခေါင်းကိုမလှုပ်ပဲ ထိုနာမည်ကိုကြားသောအခါ မည်သည့်စကားမျှမပြောသော်လည်း သူ့အမြီးကတော့ အတင်းအဓမ္မလှုပ်ယမ်းလာ၏။


“တူဆာကိုပြန်ရအောင်၊ ငါဗိုက်ဆာနေပြီ..”


သူ၏စိတ်စွမ်းအင်တိုးတက်မှုကြောင့် ထိုကာလတွင် တစ်နေ့လုံးအိပ်ခဲ့ပြီး ဘာမှမစားရသေးပေ။ ယခုတော့ သူသည် အလွန်ဗိုက်ဆာနေလေ၏။


“ကောင်းပါပြီ..” အလ်ဗ်က ကုဟွိုက်အသံကိုကြားသောအခါ လျင်မြန်စွာပြန်ဖြေလိုက်သည်။


လိုက်နာခြင်းက လိုက်နာခြင်းဆိုသော်လည်း အလ်ဗ်အား လူသားနှစ်ယောက်နှင့်ပက်သက်၍ မှတ်စုရေးခြင်းကို မတားနိုင်ပေ။ သူက လူငယ်လေးအား သူ့လက်မောင်းပေါ်တွင် သေချာသယ်ပိုးလာ၏။ စစ်သင်္ဘော၏တံခါးဆီသို့ သူရောက်သည်နှင့် နောက်သို့လှည့်ကြည့်ပြီး သင်္ဘောဆီသို့သယ်ဆောင်လာကြသည့် လူသားနှစ်ယောက်အား မျက်စိမှေးကြည့်လိုက်သည်။ သားကောင်တစ်ကောင်အားကြည့်နေသည့် မုဆိုးအကြည့်နှင့်တူသော်လည်း ကုဟွိုက်၏တောင်းဆိုထားမှုကြောင့် အလ်ဗ်က ကြည့်ရုံသာကြည့်ခဲ့သည်။


ကုဟွိုက်က အခုထိ ဇက်များ၏ အကြားအာရုံနှင့်ဆိုင်သောစွမ်းရည်များကို မှန်ကန်စွာ နားမလည်သေးပေ။ သူနှင့် အလ်ဗ်ပြောနေသောစကားများက တခြားဇက်များ၏နားထဲသို့ ဝင်ရောက်သွားသည်။ အစပိုင်းတွင် သူတို့သည် အလ်ဗ်က သူ့နာမည်ပြောင်ကိုခေါ်ခံရခြင်းအား စိတ်မဆိုးသဖြင့် အံ့ဩသွားကြ၏။ ထို့နောက် သူတို့က နောက်ပိုင်းစကားများကိုကြားပြီး သူတို့၏ တညီတညွတ်တည်းတုံ့ပြန်လိုက်မှုက သူတို့အားငေးကြည့်နေသော လူသားနှစ်ယောက်ထံသို့ ဆိုးရွားသည့်အကြည့်များ ပေးလိုက်ခြင်းသာဖြစ်သည်။


ထိုလူသားနှစ်ယောက်သည် ဘုရင့်အား အတင်းအဓမ္မခေါ်ဆောင်ပြီး အစားအစာလည်း မကျွေးချေ။ မွေးဖွားလာသည့်အချိန်အရဆိုလျှင် သူတို့၏ဘုရင်က ဥခွံထဲမှထွက်လာသည့် ကလေးသာသာရှိသေးသည်။ သူ အခုထိ ဥခွံကိုစားသုံးခြင်းအား မပြီးမြောက်သေးပေ။ ယခုတော့ ထိုလူသားနှစ်ယောက်ဟာ ကလေးငယ်အား ဗိုက်ဆာအောင်လုပ်နေသည်။


ထိုအတွေးများနှင့် ဇက်များမှာ စိတ်ဆိုးဒေါသဖြစ်စွာဖြင့် အံကြိတ်လိုက်ကြသည်။ တချို့ဇက်များဆိုလျှင် စူးစူးဝါးဝါးအော်သံများပင် ထွက်နေ၏။


ရှန်းမုနှင့်ဟန်မာက အခုထိ ဖရိုဖရဲဖြစ်နေသည့်အတွက် ဇက်များက သူတို့အား ဒေါသထွက်သောမျက်ဝန်းများဖြင့်ကြည့်နေသည်ကို မသိကြချေ။ သူတို့သည် အခုထိ ဇက်ဘုရင်အား အတင်းအဓမ္မခေါ်ဆောင်မိခဲ့သည့်အချက်ကို အတိုချုံးကောက်ချက်ချနေရပြီးနောက်ဆက်တွဲပြဿနာများကြောင့် ခေါင်းခြောက်နေရသည်။


အဆင့်နိမ့်ဇက်များသည် မြေပြင်ပေါ်သို့ မဆိုက်ရောက်ခင် စစ်သင်္ဘောပေါ်မှ ခုန်မဆင်းနိုင်ပေ။ စစ်သင်္ဘောအား ဆိုက်ရောက်ရန်စောင့်ရခြင်းက မလွယ်ကူသလို အလ်ဗ်၏စစ်သင်္ဘောပေါ်တွင်ရှိသော အယောက် ၂၀ထက်ပိုသည့် တက်ခ်ဇက်များက ကုဟွိုက်ရှေ့သို့ ရောက်ခါနီးလာလေပြီဖြစ်သည်။


ထိုတက်ခ်ဇက်များကိုကြည့်၍ ကုဟွိုက်က ခြေချရန်လုပ်လိုက်ပြီး အလ်ဗ်အား ဖက်တွယ်ခွင့်ပေးလိုက်သော်လည်း သူကိုယ်တိုင်လည်း လှုပ်ရှားရန်လိုသေးသည်။ ကုဟွိုက်က ထိုတက်ခ်ဇက်များနားကို ချဉ်းကပ်သွားပြီး သူတို့အား မနှစ်သိမ့်ခင် ထက်မြက်သည့် လက်ဖျံများပေါ်သို့ ထိတွေ့ကိုင်တွယ်လိုက်သည်။


“ငါအဆင်ပြေပါတယ် ဘာဒဏ်ရာမှလည်း မရခဲ့ဘူး ဘာမှလည်းမဖြစ်ခဲ့ဘူး”


ထိုတက်ခ်များအတွက်မူ ၎င်းတို့ဂရုစိုက်နေသည့် လူငယ်လေးက တခြားသူ၏ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံသွားရခြင်းထက် ဆိုးရွားသည့်အရာမရှိပေ။ ထိုတက်ခ်ဇက်များက ဒေါသများမွှန်ထူနေခဲ့ရပြီး ကုဟွိုက်ကိုတွေ့ပြီးသည့်တိုင်အောင် ပြင်းထန်သည့်ဒေါသများ ထွက်နေဆဲဖြစ်သည်။


သို့သော်လည်း ၎င်းတို့မည်မျှပင် ဒေါသထွက်နေစေကာမူ ကလေးငယ်ကသာ အရေးကြီးဆုံးဖြစ်လေသည်။ ထိုတက်ခ်ဇက်များက ကုဟွိုက်ကိုတွေ့သည်နှင့် အကာအကွယ်လက်စွပ်အား ပုံဖော်ပေးလိုက်လေသည်။ ထို့နောက် ၎င်းတို့၏ ကြက်သွေးရောင်မျက်လုံးများဖြင့် ခပ်လှမ်းလှမ်းတွင်ရှိသောလူသားနှစ်ယောက်အား ကြည့်လိုက်သည်။


၎င်းတို့အား ချော့မြူမရနိင်သည်ကိုသိပြီးနောက် ကုဟွိုက်သည် ခေတ္တမျှတွေးပြီး တက်ခ်ဇက်တစ်ယောက်ချင်းစီအား ဖက်လိုက်လေသည်။ ထိုတက်ခ်ဇက်များ၏ ခန္ဓာကိုယ်ကကြီးမားသဖြင့် ကုဟွိုက်က ၎င်းတို့၏လက်ဖျံတစ်ဝက်ကိုသာ ဖက်နိုင်သည်။ ထိုမြင်ကွင်းက ယုန်ငယ်လေးတစ်ကောင် သူ့ခန္ဓာကိုယ်ထက် အဆပေါင်းများစွာကြီးမားသည့် မုန်လာဥနီကြီးအား ဖက်တွယ်ထားသည့်ပုံနှင့်တူသည်။ ကုဟွိုက် ထိုသို့လုပ်လိုက်သည့်အချိန်တွင် ပြင်းပြင်းထန်ထန်ဒေါသထွက်နေသော တက်ခ်ဇက်များမှာ ဒေါသများပြေလျော့သွားရပြီး ရှုးရှုးရှဲရှဲအသံများကို တိုးညင်းစွာပြုလုပ်ကြသည်။


ထိုအဆင့်နိမ့်တက်ခ်ဇက်များ၏ ပုံစံသည် လူပုံစံရှိသော အဆင့်မြင့်ဇက်များထက် ကြောက်မက်ဖွယ်ကောင်းသည်။ သို့သော်ငြားလည်း ထိုမြင်ကွင်းသည် နွေးထွေးမှုကိုပြသနေပြီး ကြည့်နေကြသောလူသားနှစ်ယောက်အား ထိတ်လန့်သွားစေသည်။


ဇက်တွေမှာလည်း ဒီလိုခံစားချက်တွေရှိတာပဲလား… မိဘက သားသမီးများအား ရင်ဝယ်ပိုက်ထားသည့်ပုံနှင့်တူသည်။ ထိုမြင်ကွင်းကိုကြည့်ခြင်းအားဖြင့် လူငယ်လေးအပေါ်ထားရှိသည့် တက်ခ်ဇက်များ၏ ချစ်ခြင်းမေတ္တာအား ထင်ရှားပေါ်လွင်စွာတွေ့မြင်နိုင်သည်။


ထိုမြင်ကွင်းကိုတွေ့ရှိသွားရသည့် ရှန်းမုနှင့်ဟန်မာမှာ ပါးစပ်အဟောင်းသားဖြစ်နေကြ၏။ သူတို့ အလွန်ဆိုးရွားသည့်ကိစ္စတစ်ခုအား လုပ်မိသလို ခံစားလိုက်ရသည်။ ယခုအခြေအနေ၏လေးနက်မှုအရမဟုတ်ပဲ လူ့သဘာဝရှုထောင့်မှတွေးမိသောကြောင့်ပင်။


ထိုအဆင့်နိမ့်တက်ခ်ဇက်များက မိဘများသာဆိုလျှင် သူတို့နှစ်ယောက်လုပ်ခဲ့သည့်လုပ်ရပ်က မိဘဆီမှ သားသမီးအားခေါ်ဆောင်သွားခြင်းနှင့် ညီမျှသည်။ ထိုတက်ခ်ဇက်များ သွေးရူးသွေးတန်းဖြစ်သွားခြင်းက အံ့ဩစရာမရှိပေ။


“... တောင်းပန်ပါတယ် ငါတို့အပြစ်ပါ” တမင်တောင်းပန်လိုက်ခြင်းမဟုတ်ပဲ ရှန်းမုနှင့်ဟန်မာသည် ရိုးသားစွာတောင်းပန်ကြဖို့ ရွေးချယ်ခဲ့သည်။


ဇက်နှင့်လူသားများက မတူညီသော်လည်း အချို့အရာများကိုဖြင့်တူညီသည့်ပုံစံဖြင့်တိုင်းတာနိုင်သည်။ လူ့အဖွဲ့အစည်းတွင် သားသမီးများအား လူဆိုးများ၏ဖမ်းယူခြင်းခံရလျှင် မိဘများ မည်သို့ခံစားရမည်နည်းဆိုခြင်းကိုတွေးမိသည့်အတွက် ရှန်းမုနှင့်ဟန်မာသည် ယခုတက်ခ်ဇက်များခံစားနေရသောအခြေအနေကို နားလည်သည်။


ရိုးသားသောတောင်းပန်မှုသည် ပတ်ပတ်လည်တွင်ရှိသောဇက်များအား အနည်းငယ်နွေးထွေးသွားစေသော်လည်း ကွာခြားချက်ကတော့ သိပ်မကြီးမားပဲ အနေအထားက အပျက်သဘောဆောင်နေဆဲဖြစ်သည်။


ကုဟွိုက်နှင့်တက်ခ်ဇက်က အလ်ဗ်ပိုင်သည့် ယူးလာစစ်သင်္ဘောဆီသို့သွားလိုက်ကြပြီး ယူးလာသည် သူ၏အရောင်ကို အပြာရောင်သို့ ကူးပြောင်းသွားစေလိုက်သည်။


“ကာဒါ ကာဒါ–”


ဇက်များ၏ ယူးလာစစ်သင်္ဘောအား အနီးကပ်တွေ့မြင်ရခြင်းဟာ လူသားနှစ်ယောက်အတွက် ပထမဆုံးပင်။ ယူးလာစစ်သင်္ဘောက သူ့ကိုယ်သူသိသောသက်ရှိအရာဟု ကြားသိထားကြသော်လည်း ၎င်းကိုတွေ့ရခြင်းက အလွန်အံ့ဩဖွယ်ကောင်းသည်။


သို့သော်လည်း သူတို့အား စောင့်မျှော်နေသည့် ပို၍အံ့ဩဖွယ်ကောင်းသည့်အရာရှိသေး၏။ သူတို့ ချဉ်းကပ်သွားသည်နှင့် ယူးလာစစ်သင်္ဘော၏အရောင်က ချက်ချင်းပြောင်းလဲသွားခဲ့သည်။


“ကာဒါ–” အနီရောင်ဖြစ်ပေသည်။


ကြီးမားသည့်သင်္ဘောကြီးက ဆူညံသံပြုလုပ်ပြီး ရွေ့လျားကာ ၎င်းအရှေ့မှလူသားနှစ်ယောက်အား မြေပြင်ပေါ်မှ ဖုန်မှုန့်များဖြင့် ဖုံးကာရန် မြှင့်တင်လာသည်။


“...” လူသားနှစ်ယောက်က ပါးလွှာသောလေထုမှတစ်ဆင့် ဖုန်မှုန့်အပုံလိုက်ကြီးကိုရရှိပြီး တိတ်ဆိတ်ငြိမ်သက်သွားရသည်။ ယခုဆိုလျှင် စစ်သင်္ဘောကပင် သူတို့အားမတွေ့ချင်ပေ။ အတိုချုပ်ပြောရလျှင် ဝမ်းနည်းစရာပင်ဖြစ်ပေသည်။


ကုဟွိုက်က ယင်းကိုတွေ့ပြီးချောင်းနှစ်ချက်ဟန့်လိုက်သည်။ ယူးလာစစ်သင်္ဘော၏တံခါးကို ကိုင်လိုက်ကာ သူအသံတိုးတိုးဖြင့်ပြောလိုက်၏။ “သူတို့ကိုပေးဝင်လိုက်ပါ...”


ကုဟွိုက်၏ထိတွေ့ခြင်းအား လက်ခံပြီးနောက် ယူးလာစစ်သင်္ဘောက ၎င်း၏ခန္ဓာကိုယ်အား အနည်းငယ်တုန်ခါလိုက်သည်။ ထို့နောက် လူသားနှစ်ယောက်ရှေ့တွင် အင်တင်တင်ဖြင့် အစိမ်းရောင်အားပြသလိုက်လေ၏။


ယူးလာစစ်သင်္ဘောဆီသွားသည့်လမ်းတစ်လျှောက်လုံးတွင် စောင့်ကြည့်ခြင်းခံလာရသည့် ရှန်းမုနှင့်ဟန်မာမှာ သူတို့အရှေ့မှ ဆံပင်အနက်ရောင်နှင့်လူငယ်လေးအား အန္တရာယ်မပြုသောပုံစံဖြင့်ကြည့်လိုက်သည်။ ထိုလူငယ်သည် ကြမ်းကြုတ်ပြီး လူမဆန်သည့်ဇက်များကြားတွင် အမြင့်ဆုံးအာဏာရှိသည့်အုပ်ချုပ်သူဖြစ်ကြောင်းကို မယုံကြည်နိုင်ပေ။


သို့သော်လည်း အမှန်တရားပင်ဖြစ်ပေသည်။ ယူးလာစစ်သင်္ဘောထဲသို့ သူတို့ဝင်လိုက်ချိန်တွင် လူသားအရာရှိနှစ်ယောက်သည် တူဆာသို့ပြန်ရခြင်းကြောင့် ဝမ်းနည်းပူဆွေးခြင်းမရှိပဲ တွေးတောစရာတစ်ခုသာရှိသည်။


သူတို့သည် ကြယ်တာရာဓားပြများဆီမှ ဖမ်းဆီးခံခဲ့ရပြီး ဇက်များဆီမှလည်း ဖမ်းဆီးခြင်းခံခဲ့ရသလို လွတ်မြောက်ခဲ့ပြီးနောက်လည်းဇက်များ၏ဘုရင်ကို တခြားဂြိုဟ်သို့ အတင်းအဓမ္မခေါ်ဆောင်ခဲ့မိကာ ဇက်စစ်တပ်တစ်ခုလုံး၏ ဖမ်းဆီးရှာဖွေခြင်းကို ခံခဲ့ရသည်။


သို့သော်လည်း ယခုထိတိုင် ထိုလူသားနှစ်ယောက်သည် မယုံနိုင်စရာကောင်းလောက်အောင်ပင် ရှင်သန်လွတ်မြောက်ခဲ့သည်။