အခန်း ၃၃
Viewers 10k

Chapter 33

Chapter 33




ကြယ်တာရာကွန်ရက်မှာ ခဏတွင်းချင်း ပွက်လောရိုက်သွားခဲ့သည်။


မှန်သည်။ ယခုကဲ့သို့ နည်းပညာတိုးတက်လွန်းပါသော ကြယ်တာရာခေတ်တွင် ကြယ်တာရာကွန်ရက်မှာ ပြိုကျမသွားနိုင်ပါချေ။ အချိန်တိုအတွင်း အွန်လိုင်းအသုံးပြုသူစာရင်းက ခုန်ပျံသွားကာ ဝင်ရောက်ကြည့်ရှုသူစာရင်းမှာလည်း ထောင်တက်သွားလေသည်။


မတိုင်ခင်က ကြယ်တာရာကွန်ရက်အတွင်းမှလူနည်းစုလေးသာ ပိုပိုးလ်စ်များတိုက်ခိုက်ခံရသည့်ကိစ္စကို စိတ်ဝင်တစားရှိခဲ့ကြသည်။ ယခုမူ ဇက်များ၏ဝင်ရောက်ကယ်ဆယ်သည့်အကြောင်းပါဝင်လာသည့်အခါ လူအများအပြားက အာရုံစိုက်လာကြ၏။


အစောပိုင်း၌ ကြယ်တာရာအဖွဲ့အစည်းက အစီအရင်ခံစာထုတ်ပြန်ခဲ့သည့်တိုင် မည်သူကမှ ချက်ချင်းမယုံကြည်ခဲ့ကြချေ။ လူတစ်ယောက်က အကြောင်းအရာနှင့်ဆက်စပ်သော သတင်းအချက်အလက်များကို စုဆောင်းပြီး ကြယ်တာရာကွန်ရက်အတွင်းဖြန့်လိုက်မှသာ ဇက်များကပိုပိုးလ်စ်တို့ကို ကယ်လိုက်သည့်အကြောင်းအား အတည်ပြုခဲ့ကြသည်။


သို့ဖြစ်၍ အခြားဂြိုလ်တွင်နေထိုင်ကြသော မျိုးနွယ်စုအသီးသီးမှာ ကြယ်တာရာကွန်ရက်အား အံ့ဩတကြီးဖြင့် မယုံနိုင်သည့်နှယ် စိုက်ကြည့်နေကြလေသည်။


ဇက်တို့၏ အေးစက်ခက်ထန်မှုက သူတို့၏လူမဆန်သောသဘာဝဖြင့်ပုံသွင်းခံထားရသည်၊ ၎င်းတို့၏ခံစားချက်ကင်းမဲ့မှုက ၎င်းတို့အမူအကျင့်တိုင်းအား အလွန်တရာအေးစက်နေစေ၏။ အပြင်ကိုအပထား၊ အတွင်းစိတ်ပိုင်းတွင်ပင် စိတ်မဝင်စားကြသည့်ပုံစံရှိသည်။ ထိုသို့သော အခြေအနေမျိုးဖြင့် ဇက်များက ပိုပိုးလ်စ်တို့အား စေတနာအပြည့်ဖြင့်ကူညီပေးခဲ့သေးသည်။ ၎င်းမွာ ကောင်းကင်မှသွေးမိုးရွာသည့်အတိုင်းထူးဆန်းလွန်းလှပေ၏။


[Upaz ကြယ်စု: တကယ်ကြီးဟ! ဇက်တွေရဲ့ ယူးလာယာဉ်ပျံတွေကဂရစ်ဖင်းကြယ်ပင်လယ်ဓားပြတွေကို အပြောင်ရှင်းပစ်တဲ့အကြောင်း ငါကြားခဲ့တယ်၊ စစ်သင်္ဘောတစ်စီးမှ ပြေးမလွတ်ဘဲ အကုန်လုံး ယူးလာစစ်သင်္ဘောတွေအောက်မှာ ပြားပြားဝပ်သွားတယ်ဆိုပဲ!]


[စိုင်ဗာ(စီပါကြယ်စု): ဂရစ်ဖင်း ကြယ်ပင်လယ်ဓားပြတွေတင်မဟုတ်ဘူး၊ နောက်မှရောက်လာတဲ့ ဓားပြအုပ်စုလေးလည်းရှိသေးတယ်၊ သူတို့ကိုလည်း ဇက်တွေကပဲရှင်းပစ်တာ]


[ဒန်ဂါ ကြယ်စု: ဇက်တွေကဘာလို့ကယ်ချင်သွားတာလဲ၊ ဇက်တွေပဲဘေးကကြယ်စုတွေကို သစ္စာဖောက်တွေလို့ပဲ မှတ်ထားခဲ့တာမဟုတ်ဘူးလား၊ ဘာလို့ ကြယ်ပင်လယ်ဓားပြတွေကိုပေးမဝင်တာလဲ၊ ဒါပေမဲ့ ပိုပိုးလ်စ်တွေကတော့ ဇက်တွေကသူတို့ဂြိုလ်ရဲ့ဧည့်သည်တွေလို့ပဲပြောတယ်..]


ကြယ်တာရာကွန်ရက်အတွင်းမှ ဆွေးနွေးမှုမှာ အရှိန်မြင့်လာလေပြီ။ဤအချိန်၌ ထူးဆန်းသည့်အဓိပ္ပါယ်ဖြင့် မှတ်ချက်တစ်ကြောင်းက ကြယ်တာရာကွန်ရက်အတွင်းမှလူများ၏ မြင်ကွင်းအတွင်းသို့ဝင်လာလေ၏။


[အက်စ်စိုကြယ်စု: ဒါမှမဟုတ်...ဇက်တွေကဗိုလ်ကျပြီး အိမ်နီးချင်းဂြိုလ်တွေကို အနိုင်ကျင့်ခွင့်မပေးတာလည်းဖြစ်နိုင်တာပဲ..သူတို့ကပဲ အိမ်နီးချင်းဂြိုလ်တွေကို အနိုင်ကျင်ွတာလေ]


အဆိုပါ မှတ်ချက်က လူတိုင်းအားတိတ်ဆိတ်သွားစေသည်။ ထို့နောက် ထိုအကြောင်းအားတွေးကြည့်ကြပြီး မဖြစ်နိုင်သည့်အရာမျိုးမဟုတ်သယောင်။


ကြယ်တာရာကွန်ရက်အတွင်းမှလူများ လက်ရှိတွင် မည်သို့ပင်တွေးနေကြပါစေ၊ ကုဟွိုက်၏ဘေးတွင် ပိုပိုးလ်စ်မှသံတမန်များရှိနေလေပြီနှစ်ဖက်လုံးမှ ကုန်သွယ်ရေးနှင့်အခြားသော မိတ်ဖက်ဆက်ဆံရေးတို့ကိုပါ ပွင့်ပွင့်လင်းလင်းဆွေးနွေးကြ၏။


ကုန်သွယ်ရေးကိစ္စတွင် တူဆာမွာ မြေဆီလွှာပြဿနာရှိနေပြီး လိုအပ်သော စားသောက်ကုန်အတွက် ကြယ်စုတစ်ခုတည်းအတွင်းမှအခြားဂြိုလ်များအား ကုန်စည်ဖလှယ်သည့်အတိုင်း ဖြေရှင်းရန်ဆွေးနွေးခဲ့သည်။


သို့သော်လည်း ဂြိုလ်မှာ သူတို့အပိုင်စားသောက်ကုန်အတွက် ရောင်းပေးရန်အာမခံချက်လိုအပ်ပြီး တူဆာအနီးနားမှဂြိုလ်များမှာလည်း တူဆာ၏စားသောက်ကုန်လိုအပ်ချက်အတွက် လာရောက်တွေ့ဆုံရန်မလွယ်ကူချေ။ ဆိုလိုသည်မှာ တူဆာသည် သစ္စာဖောက်များ(အိမ်နီးချင်း)ထံမှ စားသောက်ကုန်ဝယ်ယူရန်မှာ အတော်လေးအလှမ်းဝေးကွာနေခဲ့၏။


ယခုမူ ပိုပိုးလ်စ်များနှင့်ကုန်သွယ်မှု အထမြောက်ခဲ့ပြီ။ တူဆာက နောမ်မှတဆင့် ကုန်ပစ္စည်းများကို ဂြိုလ်အတွင်းသို့တင်သွင်းနိုင်တော့မည်။ ၎င်းက ဂြိုလ်၏စားသောက်ကုန်လိုအပ်ချက်ကို ဖြေရှင်းရန်လွယ်ကူသွားစေလိမ့်မည်။


နောမ်အားကယ်တင်ခဲ့သည့်အတွက် ဇက်များကိုကျေးဇူးဆပ်ရန် ပိုပိုး လ်စ်တို့သည် ဇက်များအား တန်ဖိုးကြီးပစ္စည်းအမြောက်အများပေးခဲ့သည်။ နှစ်ဖက်လုံးမှ သဘောတူချက်စာချွန်ကိုလက်မှတ်ရေးထိုးကြချိန်၌ ပိုပိုးလ်စ်ခေါင်းဆောင်က လက်မှတ်ထိုးမည်အပြုတွင် သေဘာတူညီချက်၌နောက်ဆုံးထည့်သွင်းထားသည့် အချက်က နောမ်ခေါင်းဆောင်ကို တခဏမျှကြက်သေသေစေခဲ့သည်။


[သဘောတူညီချက် X: ယခုအချိန်မှစတင်၍ 'ကြယ်တာရာအတွင်း ချစ်စရာအကောင်းဆုံး သက်ရှိ' ပြိုင်ပွဲအတွက် ပိုပိုးလ်စ်များက ကုဟွိုက်အတွက် မဲပေးရပါမည်]


နောမ်ကြယ်၏ ထိပ်တန်းအရာရှိ: "...???"


ကုဟွိုက် သူနှင့်မျက်နှာချင်းဆိုင်မှ ပိုပိုးလ်စ်များ၏မျက်နှာများကိုလှမ်းကြည့်မိ၏။ ဤအချိန်၌ သူသည် အသံမထွက်ဘဲ လက်မြှောက်ကာမျက်လုံးကိုဖုံးထားမိပြီး အကူအညီမဲ့နေပုံရသည်။


ကုဟွိုက်မှာ မိတ်ဖက်ဆက်ဆံရာနှင့်သဘောတူညီချက်များရေးသားရာတွင် မတော်လှချေ။ ဘုရင်တစ်ပါးအနေဖြင့် သူကိုယ်တိုင်လုပ်စရာမလိုအပ်သည့်တိုင် ထိုသို့သောနေရာတွင်ကျွမ်းကျင်သည့် ဗိုလ်မှူးကိုသာရွေးချယ်ပြီးတာဝန်ပေးထားခဲ့မိသည်။


သူဤနေရာသို့ရောက်လာရခြင်းမှာ တဖက်မှအခြေအနေကိုလေ့လာရန်ပင်။ သူ၏ဘုရင်တစ်ပါးဟူသောပုံရိပ်ဖြင့် အမှားမလုပ်မိစေရန်နှင့် မျိုးနွယ်စုများအကြား ဩဇာလွှမ်းမိုးနိုင်ရန် ကုဟွိုက်မှာ အရှင်သခင်တစ်ပါး၏ရှုထောင့်မှ ကြိုးစားနေထိုင်ရမည်။


သူ သဘောတူညီချက်စာချွန်လွှာကို သူ့ဘက်သို့ဆွဲကြည့်လိုက်၏။ အစမှအဆုံးထိက ပုံမှန်ပင်၊ အဆုံးသတ် သဘောတူညီချက်သို့မရောက်ခင်အထိ။ ကုဟွိုက်၏ နှုတ်ခမ်းထောင့်များကို မရမကထိန်းလိုက်ရသည်။


သူ၏ဇက်မျိုးနွယ်များက ဤကိစ္စနှင့်ပတ်သတ်ပြီး အဘယ်ကြောင့်တမ်းတမ်းစွဲဖြစ်နေကြမှန်းသူမသိပေ။ သူ၏အကြံဉာဏ်ကိုပယ်ဖျက်ရန်ကြိုးစားရင်း ဖြည်းဖြည်းချင်းပြောလိုက်သည်။


"ဒီနောက်ဆုံးဖော်ပြချက်က..."


သူစပြောရုံရှိသေးစဉ် ကုဟွိုက်မှာ ဘေးပတ်လည်မှဇက်တို့၏ တိတ်ဆိတ်သောအကြည့်နှင့်ရင်ဆိုင်လိုက်ရသည်။ အနှီဇက်များက ကုဟွိုက်၏လိုအပ်ချက်တိုင်းကို ချွင်းချက်မရှိဖြည့်ဆည်းပေးကြလိမ့်မည်။ ကုဟွိုက်လိုချင်သည့်မည်သည့်အရာကိုမဆို သူတို့အကောင်းဆုံးကြိုးစားပေးကြလိမ့်မည်။ သို့သော် သူတို့နှစ်သက်သည့်အရာတစ်ခုကိုဘေးဖယ်ပစ်လျှင် ၎င်းတို့ကထိုပုံစံအတိုင်း လုပ်ပြကြလိမ့်မည်၊ ကုဟွိုက်အား အသံတ်ိတ် ကြည့်နေသည့်ပုံစံမျိုး။ ၎င်းတို့သည် ကုဟွိုက်ဆိုလိုချင်သည်ကိုပြောင်းလဲပစ်နိုင်ရန် မျှော်လင့်သည့်အနေဖြင့် တိတ်ဆိတ်မှုအားအသုံးချကြလိမ့်မည်။


ကုဟွိုက်က အသံတိတ်ထောက်ခံနေကြသောဇက်များအား ကူကယ်ရာမဲ့စွာကြည့်ကာ လက်ခံလိုက်ရ၏။


"...မင်းတို့သဘောပဲကွာ.."


ကုဟွိုက် ထိုအတိုင်းပြောလိုက်ပြီးသည့်နောက် သူ့ဘေးပတ်လည်မှဇက်များက အတော်လေးပျော်သွားကြပုံကို ရိပ်ကနဲမြင်လိုက်ရသည်။ အချိန်တစ်ခုအထိ ၎င်းတို့မှာ ခံစားချက်အကြောင်းကိုမသိခဲ့ကြချေ။ အနှီနောက်ဆုံးအနေအထားက အတန်ငယ်စိတ်ရှုပ်စရာကောင်းသော်ငြားပိုပိုးလ်စ်ခေါင်းဆောင်က စာချုပ်တွင်ချက်ချင်းလက်မှတ်ထိုးပေးခဲ့သည်။ အဆုံး၌ ဂြိုလ်နှစ်ခုအကြား မဟာမိတ်ဆက်ဆံရေးကိုအပြည့်အဝတည်ဆောက်နိုင်ခဲ့လေပြီ။


ခေတ္တအကြာ၌ ဘေးမှရပ်ကြည့်နေကြသောလူသားနှစ်ယောက်မှာ နောက်ဆုံး အခြေအနေကြောင့် ဘာပြောရမည်မသိဖြစ်သွားကြရ၏။ ကြယ်တာရာထဲမှာ ချစ်စရာအကောင်းဆုံးသက်ရှိဆု...ဘာကြီးလဲဟ..စကားလုံးတွေအကုန်လုံးကိုနားလည်ပေမဲ့ ဒီအတွဲအစပ်ကြီးကဘာလို့ဒီလောက်စိတ်ရှုပ်စရာကောင်းရတာလဲ..


ရှန်းမုနှင့်ဟန်မာသည် ကိစ္စအများအပြားကိုသိထားကြသည့်တိုင် သူတို့၏ဘဝများမှာ အတက်အကျများနှင့်ပြည့်နှက်နေခဲ့သည်။ ဤသို့သောအရာမျိုးကို မည်သို့များအာရုံစိုက်ရပါမည်နည်း။ ကြယ်တာရာကွန်ရက်အတွင်း ယခုနှစ်၏ ဆယ်ကြိမ်မြောက် ကြယ်တာရာအတွင်းသက်ရှိဆုရှင်အား အပြေးအလွှားရှာဖွေခဲ့ရသည့်ကိစ္စမှာလည်း ပြီးဆုံးသွားခဲ့ပြီ။ ရလဒ်ကို ကြယ်တာရာမဟာမိတ်၏ ပင်ရင်းစာမျက်နှာတွင်ကြေညာထားခဲ့ပြီးပြီ။


ကုဟွိုက်က ထိုလူသားနှစ်ယောက်အား ပေါ်တင်ကြည့်လိုက်ကာ ဒုတိယအကြိမ်မမြင်ချင်တော့ပေ။ ပြန်လည်တွေးကြည့်တိုင်း သေချင်စိတ်သာပေါက်လာရ၏။


[ဆယ်ကြိမ်မြောက်ကျင်းပသော ကြယ်တာရာတွင် ချစ်စရာအကောင်းဆုံးဆု]


ပထမနေရာ: ကုဟွိုက်


ဒုတိယနေရာ: ပါ့ခ်ျ


တတိယနေရာ: ယဲလစ်စ်လောင်း


......


.......


ပါ့ခ်ျက ပထမေနရာမှာမဟုတ်ဘူးလား။ ရှန်းမုနှင့်ဟန်းမာတို့သည် အဖြေရလဒ်များကို တစ်ချက်ကြည့်လိုက်ကြပြီး ပထမေနရာမွလူကို ချက်ချင်းမကြည့်လိုက်ကြပေ။ အကြောင်းမှာ ပါ့ခ်ျကဒုတိယေနရာ၌ ရှိနေ၍ရှော့ခ်ရသွားခြင်းကြောင့်ဖြစ်၏။ ပြိုင်ပွဲ၏ သုံးကြိမ်ဆက်တိုက် အနိုင်ရရှိသူနေရာတွင် ပါ့ခ်ျက ကြယ်တာရာ၏မျိုးနွယ်စုများအကြား၌ နာမည်ကြီးခဲ့သည် ရှန်းမုနှင့်ဟန်းမာတို့မှာ ပါ့ခ်ျက ကြယ်တာရာအကြားဝယ်မည်မျရေပန်းစားကြောင်း ကောင်းစွာသတိထားမိသည်။ ဘယ်လိုလုပ်ဒုတိယနေရာရောက်သွားတာလဲ...


လူသားနှစ်ယောက်၏မျက်လုံးများမှာ အပေါ်အောက်ခုန်နေပြီး ပထမေနရာ၌မူ 'ကုဟွိုက်' ဟူသောအမည်ကိုတွေ့လိုက်ကြသည်။ ထို့နောက်သူတို့၏တွေးခေါ်မှုများက စက္ကန့်ပိုင်းမျှ အေးခဲသွားခဲ့သည်။ နေပါအုံး..


ကုဟွိုက်...


ကုဟွိုက်က...


ကုဟွိုက်သည် လူသားနှစ်ယောက်၏ အရောင်စုံသောမျက်နှာကိုကြည့်ကာ တတ်နိုင်သမျှ တည်ငြိမ်စွာပြောလိုက်၏။


"ငါလေ.."


ရှန်းမုနှင့်ဟန်းမာ: "....."


သတင်းအချက်အလတ်ပမာဏက ကြီးမားလွန်းနေ၍ လူနှစ်ယောက်မှာအချိန်အတန်ကြာအောင် စကားမပြောနိုင်ပေ။


သူတို့သည် ထိုကိစ္စ၏အမှန်တရားကိုသိနိုင်စွမ်းမရှိကြ။ ရှန်းမုနှင့်ဟန်မာတို့မှာ ကြယ်တာရာကွန်ရက်အတွင်းသို့ဝင်ကာ ရလဒ်နှင့်ပတ်သတ်၍ လူအများပြောဆိုနေကြသည့်အကြောင်းကိုရှာဖွေပြီး မှတ်ချက်အများအပြားအားတွေ့လိုက်ရကာ ဦးရေပြားများ စပ်ဖျင်းဖျင်းဖြစ်လာကြလေသည်။


[ကုဟွိုက်က ဘာအမျိုးအစားလဲ..ပါ့ခ်ျထက်ပိုပြီးချစ်စရာကောင်းလို့လား..ငါလည်းမွေးချင်တယ်...]


[ပိုတိကျတဲ့သတင်းများမရှိဘူးလား၊ ငါကုဟွိုက်က ဘာနဲ့တူလဲဆိုတာသိချင်တယ်၊ ကုဟွိုက်က ဘယ်လောက်အထိချစ်စရာကောင်းလဲဆိုတာ ဘယ်သူသိလဲ]


[ဒီနှစ်တော့ ငါ့ရဲ့မိသားစုဝင်တွေက ငါ့ကို အကောင်ပေါက်လေးတစ်ကောင်မွေးခွင့်ပေးတယ်၊ ယဲလစ်စ်လောင်းက ပထမတန်းစား ကာကွယ်ပေးတတ်တဲ့မျိုးစိတ်လေ ပြီးတော့ တစ်ကောင်လောက်မွေးဖို့တောင်မလွယ်ဘူး၊ ငါအရင်ကတော့ ပါ့ခ်ျကိုပဲမွေးတော့မယ်လို့စိတ်ကူးခဲ့တာ၊ ဒါပေမဲ့ အခုတော့ ကုဟွိုက်ကိုမွေးချင်သွားပြီ၊ ကုဟွိုက်က ယဲလစ်စ်လောင်းလိုမျိုး ကာကွယ်တတ်တဲ့အကောင်မဟုတ်ဖို့မျှော်လင့်ပါတယ်]


မဟုတ်ဘူး...မင်းလုံးဝမတတ်နိုင်ဘူး။ လူသားအရာရှိနှစ်ဦး၏မျက်နှာမှာ ဗိုက်နာနေသလို ခရမ်းရောင်သန်းနေလေသည်။ ၎င်းက ကာကွယ်ပေးတတ်သည့်မျိုးစိတ်မဟုတ်။ ကြယ်တာရာမျိုးနွယ်စုတွင် ဇက်များ၏ကာကွယ်ပေးမှုကိုခံထားရသည့် တစ်ဦးတည်းသောသက်ရှိပင်။ ဇက်တို့အတွက် ၎င်းမှာအဖိုးအတန်ဆုံးနှင့်အရေးအပါဆုံးသော ရတနာလေး။


ရှန်းမုနှင့်ဟန်မာတို့မှာ သူတို့မျက်စိရှေ့မှ ဆံနွယ်နက်ဖြင့်လူငယ်လေးသာ အနည်းငယ်မျှ ဒဏ်ရာရသွားပါမူ အဆိုပါ အေးတိအေးစက်မျက်မျက်နှာဖြင့်ဇက်တို့က နေရာတွင် ချက်ချင်း ဒေါသထွက်လာကြလိမ့်မည်ဖြစ်ကြောင်း သံသယမရှိကြပေ။ ဒဏ်ရာရသည့်အကြောင်းမပြောနှင့်။ ကုဟွိုက်သာ ဝမ်းနည်းနေသည့်အမူအရာမျိုးပြလိုက်လျှင် ထိုဇက်များက စိတ်ဆိုးဒေါသထွက်လာကြမည်ဖြစ်ပြီး စိတ်ချမ်းသာစရာမြင်ကွင်းကရှိတော့မည်မဟုတ်။


သူတို့က ၎င်းသက်ရှိအားတတ်နိုင်မည့်သူကို မေးမြန်းချင်နေကြသည်။သူတို့ တတ်နိုင်သည်ပင်ထား၊ ကုဟွိုက်ကို မွေးမြူသော်လည်း ကောင်းသည့်ကိစ္စမဟုတ်ချေ။


လူသားအရာရှိနှစ်ယောက်မှာ အစာအိမ်နာသည့်ဝေဒနာမရှိခဲ့သည်မှာကြာခဲ့ပြီ။ နောမ်မှ ပိုပိုးလ်စ်ခေါင်းဆောင်နှင့် သဘောတူစာချုပ်ချုပ်ဆိုပြီးသည့်နောက် ခေါင်းဆောင်များသည် အဆိုပါသဘောတူညီချက်အား ဂြိုလ်ပေါ်တွင်နေကြသော သူများထံပေးပို့လိုက်၏။


ဂြိုလ်ပေါ်တွင် နေထိုင်ကြသူများမှာလည်း သဘောတူညီချက်အကြောင်းကို သိရှိကြပြီးပြီ။ ပြိုင်ပွဲအတိုင်းလိုက်လုပ်ခဲ့ကြသော ပိုပိုးလ်စ်များနှင့် ရလဒ်အပေါ် ခေါင်းရှုပ်နေကြသူများမှာ ပကတိတိတ်ဆိတ်နေကြ၏။ ထို့နောက် ကြယ်တာရာကွန်ရက်အတွင်း သူတို့၏ခံစားချက်များကိုမျှဝေရန် မစောင့်နိုင်တော့ပေ။


[ပန်ဒိုရာကြယ်စုပေါ်မှနောမ်]: မင်းတို့သိပါတယ်...ဇက်တွေရဲ့ဘုရင်လေ..သူ့နာမည်ကကုဟွိုက်တဲ့]


တည်နေရာက တိကျပြီး လက်ရှိတွင် ဂြိုလ်တစ်ခုတည်းပေါ်၌ရှိနေကြသည်။ မှတ်ချက်ရေးသူက ပိုပိုးလ်စ်မှန်း သံသယဖြစ်နေစရာပင်မလိုချေ။ ဇက်ဘုရင်သည် အမျိုးမျိုးသောပြိုင်ပွဲများတွင် အာရုံစိုက်စရာဖြစ်နေခဲ့၏။ ယခု သူတို့အားလုံး ဘုရင်၏အမည်ကိုကြားရသည့်အခါ အမျိုးမျိုးသော မျိုးနွယ်စုများသည်ကား သူတို့၏စိတ်ဝိညာဉ်များကို ကြယ်တာရာကွန်ရက်အတွင်း၌ မြုပ်နှံထားလိုက်ကြတော့သည်။ သို့တစေ 'ကုဟွိုက်' ဟူသောအမည်ကို အဘယ်ကြောင့် အတန်ငယ်ရင်းနှီးနေရသနည်း။


မကြာမီပင် သူတို့သည် ချစ်စရာအကောင်းဆုံးသက်ရှိများ ပြိုင်ပွဲ၏ရလဒ်အဖြေကို ပြန်တွေးမိကြကာ လူသားဗိုလ်ချုပ်နှစ်ယောက်ကဲ့သို့ ထပ်တူညီသည့်အမူအရာများဖြစ်ကုန်ကြသည်။ ထို့နောက် အချိန်တန်ကြာသည်အထိ တိတ်ဆိတ်သွားကြပြန်၏။ ကုဟွိုက်က ဇက်မျိုးနွယ်စု၏ရှင်ဘုရင်ပင်။ ကုဟွိုက်က ပါ့ခ်ျထက် မဲအရေအတွက်ပိုရခဲ့သည့် ဆယ်ကြိမ်မြောက် ကြယ်တာရာတွင်ချစ်စရာအကောင်းဆုံးသောသက်ရှိများပြိုင်ပွဲ၏ ပထမနေရာတွင် မယိမ်းမယိုင်ရှိနေသည်ကို ကြည့်ကြပြီးကြယ်တာရာကွန်ရက်မှာ တခဏမျှငြိမ်သက်သွားခဲ့သည်။


ထို့နောက် ဤကြယ်တာရာတွင်ချစ်စရာအကောင်းဆုံးသက်ရှိများပြိုင်ပွဲ၏ အနိုင်ရသူမှာ...ဇက်ဘုရင်တဲ့လား...ထိုအကြောင်းအားသိသွားကြသော မျိုးနွယ်စုအမျိုးမျိုးတို့မှာ အလွန်တရာစိတ်ရှုပ်ထွေးသွားကြလေသည်။ အွန်လိုင်းပေါ်မှ ကြယ်တာရာအတွင်းနေထိုင်ကြသူများမှာ ဇက်စစ်တပ်လေးတပ်လုံးမှ မဲပေးရန်ရောက်လာကြပုံကို စိတ်ကူးကြည့်ကာ ဆွံ့အကုန်ကြ၏။


ပြီးနောက် သူတို့သည် နောမ်ကြယ်မှ ဇက်များနှင့်ပိုပိုးလ်စ်တို့ သံတမန်ဆက်ဆံရေးအားတည်ဆောက်လိုက်ကြပြီဖြစ်သော သတင်းကိုမြင်တွေ့ကြရသည်။ အနာဂတ်တွင် ဇက်ဘုရင်အတွက် ပိုပိုးလ်စ်တို့အားမဲပေးခိုင်းသည့်အခြေအနေက ထူးခြားလှသည်။


ဇက်များကပိုပိုးလ်စ်တို့နှင့် သံတမန်ဆက်ဆံရေးတည်ဆောက်လိုက်ခြင်းထက် ရှော့ခ်ရစရာကောင်းသည့်ကိစ္စမှာ ကြယ်တာရာအတွင်းနေထိုင်ကြသူများက တပြိုင်တည်းတွေးမိကြသည့်ပထမဆုံးအတွေးသာဖြစ်သည်...


ဇက်မျိုးနွယ်စုတွေအကုန်လုံး ဇက်ဘုရင်ရဲ့ဆေးခတ်တာကိုများခံလိုက်ရတာလား...


.......


စာရေးသူတွင်ပြောစရာရှိသည်။


ဆေးခတ်ခံလိုက်ရသည့်ဇက်(တုံဏှိဘာဝေမျက်နှာဖြင့်): ဘယ်သူကငါတို့ဘုရင်ကိုချစ်စရာမကောင်းဘူးတို့၊ ငါတို့ဘုရင်ထက် မဲများတယ်လို့ပြောတာလဲ၊ သေရမယ်...အကုန်လုံးသေလိုက်ကြ!


ဒီနေရာမှာ 'ဆေး' ဆိုတာ နိမ့်ကျတဲ့အသုံးအနှုန်းမဟုတ်ပါဘူး။ စွဲလန်းစေတဲ့နေရာအတွက် သုံးတဲ့ စကားလိမ်ပါ..ဥပမာ..အင်တာနက် meme လိုပေါ့။