အခန်း ၃၅
Viewers 10k

Chapter 35

CHAPTER 35




တုံဏှိဘာဝေမျက်နှာဖြင့် ဗိုလ်မှူးက အိတ်ကပ်အရွယ်ခန့်သာရှိသောလူကိုတွေ့ပြီး ခဏရပ်သွားလေသည်။ ၎င်းအိတ်ကပ်အရွယ်ရှိဗားရှင်းက သူတို့ဘုရင်ပုံစံဖြင့် ပြုလုပ်ထားခြင်းဆိုလျှင်...


ဆံပင်အနက်၊ မျက်လုံးအနက်ဖြင့် ဘုရင်အသေးစားလေးက ပြုံးပြနေသည်။ အစည်းအဝေးခန်းထဲမှ ဇက်များအားလုံးမှာ စိတ်ကူးယဉ်နေသလို ပြူးကြည့်နေကြ၏။


ဗိုလ်မှူးက မျက်မှန်ကိုပင့်တင်လိုက်သည်။


"ခင်ဗျားတို့ကိုပြန်မဆက်သွယ်ခင် အရှင်နဲ့ အရင်ဆုံးစကားပြောကြည့်ရဦးမယ်ဗျ."


ချီအယ်တာက နားလည်ကြောင်းပြောပြီး ဆက်သွယ်ရေးကိုအဆုံးမသတ်ခင် မျှော်နေမည့်အကြောင်းပြောခဲ့သည်။ ဆက်သွယ်ရေးဖန်သားပြင်ပျောက်ကွယ်သွားသည်နှင့် အစည်းအဝေးခန်းထဲမှဇက်အားလုံးကတိတ်တဆိတ်တွေးနေကြပြီး ဗိုလ်မှူးအားငေးကြည့်နေကြ၏။


"ကျွန်တော်အကောင်းဆုံးလုပ်ဆောင်ပါ့မယ် ဒါပေမဲ့ အရှင် ကျွန်တော်နဲ့လိုက်ခဲ့ဖို့တော့ အကြံပေးချင်ပါတယ်..."


အရေးမကြီးသည့်တိုင် ဗိုလ်မှူးက ကုဟွိုက်အား စည်းရုံးရမည့်နည်းလမ်းကိုသိနေသည်။


ဘုရင် သူတို့အပေါ်ဆက်ဆံပုံက ညင်သာသည်။ ဇက်များအကြားတွင်သိမ်မွေ့မှုက ရှားပါးလင့်ကစား သူတို့အားပျော်ရွှင်စေသည်။ အလွန်တရာပျော်ရွှင်ရလွန်းသဖြင့် တစ်နေ့တွင်အေးစက်သောဘုရင်နှင့်ရင်ဆိုင်ရပါက မည်မျှဝမ်းနည်းရမည့်အကြောင်း သူတို့စိတ်မကူးနိုင်ကြချေ။


ဘုရင်က အေးစက်သွားခဲ့လျှင်ပင် သူတို့ကအမိန့်နာခံနေဦးမည်ဖြစ်သည့်တိုင် သူတို့မှာ ပျော်ရွှင်မှုရှိတော့မည်မဟုတ်။ သူတို့၏ဘုရင်ထံမှ ညင်သာစွာဆက်ဆံခံရပုံမှာ သူတို့အား စိတ်လိုလက်ရအမိန့်နာခံလာစေပြီး ချစ်မြတ်နိုးမှုကိုလည်းပိုမိုခံစားလာရစေသည်၊ သို့ဖြစ်၍ ကုဟွိုက်ကအကောင်းဆုံးသောအရာတိုင်းရရန် သူတို့မျှော်လင့်ကြသည်။


လက်ရှိတွင် ကုဟွိုက်မှာ အလ်ဗ်နေထိုင်ရာအိမ်တော်တွင်သာရှိနေသေးပြီး ကြယ်တာရာကွန်ရက်အတွင်း အခြားသောမျိုးနွယ်စုများက ဇက်များအပေါ် သဘောထားပြောင်းလဲလာပုံကို နားလည်ရန်ဝင်ကြည့်နေသည်။ ပြောင်းလဲမှုက ကန့်သတ်ထားနိုင်သော်လည်း ဆက်လက်တိုးတက်နေဆဲ။ အသိသာဆုံးမှာ ဇက်တို့နှင့် တည်ငြိမ်သောမဟာမိတ်ဖြစ်နေသည့် အနီးနားရှိဂြိုလ်များမှနားလည်လာမှုများပင်။ သူတို့၏ပြောစကားများက ကျန်ရှိနေသောကြယ်တာရာမျိုးနွယ်စုများအပေါ်သက်ရောက်သည်။


ပိုပိုးလ်စ်များ ဂြိုလ်ပေါ်မှ နန်းတော်တွင်နေခဲ့စဉ်တည်းက ကုဟွိုက်မှာ နန်းတော်တွင်နေထိုင်ရန် ငြင်းခဲ့သည့်ဆုံးဖြတ်ချက်က မှန်ကန်သည်ဟုခံစားရသည်။ နန်းတော်တစ်ခုကို တည်ဆောက်ရသည်မှာ အချိန်ကုန်ကာ ပင်ပန်းခက်ခဲသည်။ ကုဟွိုက် ဤအိမ်တော်တွင်နေထိုင်ရခြင်းက အင်မတန်သက်သောင့်သက်သာရှိနေ၏။ ကုဟွိုက်က ထိုအတိုင်းတွေးသောကြောင့် အစည်းအဝေးခန်းထဲမှစစ်ဖက်ဆိုင်ရာဇက်များကလည်း ထိုအတိုင်းလိုက်တွေးကြတော့၏။


"?"


သူတို့သူ့ကို တစ်ခုခုပြောတော့မည်ဟုခံစားရသည်။ ကုဟွိုက် ဗိုလ်မှူးထံသို့ မေးခွန်းအပြည့်ဖြင့်အကြည့်တစ်ချက်ပေးလိုက်သည်။


ဗိုလ်မှူးက ကုဟွိုက်ရှေ့မှောက်တွင် ဒူးတစ်ဖက်ထောက်ထိုင်ကာ အဆိုပါကိစ္စကို အတိုဆုံးနည်းဖြင့်ရှင်းပြလိုက်၏။


"အရှင့်ဆီကို ကုန်သည်စေလွှတ်ချင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရှိပါတယ်၊ အရှင့်ရဲ့ငယ်သားက အရှင့်ရဲ့အမိန့်ကိုလာတောင်းခံတာပါ၊ စီးပွားရေးကိစ္စပြဿနာက အိတ်ကပ်အရွယ်လောက်ရှိတဲ့ဒါလေးပါ...အရှင် သေဘာတူပါသလား.."


အိတ်ကပ်အရွယ်အစားရှိ လူလေးပုံကို ဗိုလ်မှူးက ဆက်သွယ်ရာမှယူဆောင်လာခဲ့ပြီး ယခုမွ ကုဟွိုက်အရှေ့တွင်ပြသရသည်။ ၎င်းကချီဘီဗားရှင်းဖြင့် အရုပ်လေးတစ်ရုပ်ပင်။ ကုဟွိုက် ၎င်းကိုစက္ကန့်အနည်းငယ်ခန့်အသံတိတ်ကြည့်နေလိုက်သည်။ ဤအရာက ကြယ်များအားလုံး၏ချစ်စရာအကောင်းဆုံးသက်ရှိပြိုင်ပွဲ၏ ပြဿနာပင်။ ၎င်းက လူကြားထဲ၌ အပြစ်ပေးခြင်းမဟုတ်ပါလား။


ကုဟွိုက် သူ့အရှေ့မှ ဗိုလ်မှူးနှင့် အနောက်မှ အခြားဇက်များကိုကြည့်ကာ အမှန်တကယ်ပင်နားလည်သွားရသည်။


"မင်းတို့ငါ့ကိုသဘောတူစေချင်လား..."


အလင်းရောင်အောက်မှ ဇက်တို့၏မျက်လုံးများကိုကြည့်ပြီး ကုဟွိုက် 'သဘောတူလိုက်ပါ' ဆိုသောစကားလုံးကို အကြမ်းဖျင်းနားလည်သွားသည်။ ကုဟွိုက် စိတ်မပါလက်မပါဖြင့် အရှုံးပေးလိုက်ပြီး စက္ကန့်အနည်းငယ်ကြာမှ သူ့မျက်လုံးများကိုအုပ်လိုက်သည်။


"...ငါလက်ခံလို့ရပါတယ် ဒါပေမဲ့ ရမယ့်အကျိုးအမြတ်အတွက်တော့စကားပြောရလိမ့်မယ်.."


ငြင်းစရာအကြောင်းမရှိတော့လေရာ ကုဟွိုက်မှာ အကျိုးအမြတ်များရန်သာ တွက်ဆနေလိုက်၏။ တဖက်က ကုန်သည်၏ပုံရိပ်ကိုသုံးလိုက်သည့်အတွက်ကြောင့် ခွင့်ပြုချက်ရရန်နည်းလမ်းရှာထားနှင့်လောက်ပြီ။ထို့ကြောင့် သူတို့၏ ရှယ်ယာအကျိုးအမြတ်အတွက်တောင်းဆိုချက်ကအကျိုးအကြောင်းသင့်လျော်ပေသည်။


ကုဟွိုက်က ပြင်ပတွင် ဗိုလ်မှူးနှင့်ဆွေးနွေးသည်။ မကြာခင်မှာပင် ပုံရိပ်မှအခြေခံထားသော ချီဘီဗားရှင်းနှင့်အရုပ်လေးထွက်လာလေပြီ။ အစပိုင်း၌ လည်ပတ်ပုံက မကြီးမားလှပေ။ ရောင်းအားနှင့် ချီဘီဗားရှင်းကမနှစ်က ပါ့ခ်ျထက် မကောင်း၍ဖြစ်လေ၏။


ထို့နောက် ဇက်များကြောင့် ကုဟွိုက်၏မဲများက ကျော်တက်သွားကာဇက်များကလည်း ကုန်သည်လေးများကိုဝယ်စရာမလိုချေ။ ဖြတ်သွားဖြတ်လာ အခြားမျိုးနွယ်စုများကမူ ကန့်သတ်အရေအတွက်ဖြင့်ဝယ်ယူကြသည်။


သို့သော် ကုန်သည်များကို တစ်ခါလွှတ်ပြီးသည်နှင့် ကုန်သည်များမှာသူတို့အမှားကြီးမှားကြောင်း သိသွားကြလိမ့်မည်။ ပထမတစ်ကြိမ်တည်းနှင့်ပင် တစ်စက္ကန့်အတွင်းရောင်းကုန်သွားခဲ့သည်လေ။


ဇက်တို့၏ ဝယ်လိုအားမှာ လက်ဖျားခါဖွယ်ပင်၊ အခြားလူများက ဇက်ဘုရင်၏ပုံစံကို သိချင်နေကြမည်မှာ ပြောစရာပင်မလိုတော့။ အားလုံးကိုတပြိုင်တည်းဝယ်ယူခဲ့ကြပြီး အနက်ရောင်ဆံပင်၊ မျက်လုံးအနက်ဖြင့်အရုပ်လေးကို တစ်ခါရပြီးသည့်နောက် သူတို့နှလုံးသားလေးက မခံစားဘဲမနေနိုင်တော့။


ဇက်တွေရဲ့ဘုရင်က အရမ်းချစ်စရာကောင်းတာပဲ...


ဇက်တို့၏ တုံ့ပြန်မှုက သာ၍ပင်ဆိုးသေးသည်။ ပထမအကြိမ် အနည်းငယ်သာရောင်းချခဲ့သောကြောင့် ဇက်များကသိမ်းကြုံးယူကြသည်။ဤအချိန်တိုလေးတွင် တူဆာ၏စစ်ဖက်ဆိုင်ရာညီလာခံအခန်း၌ ထိပ်တန်း အကြီးအကဲအရာရှိအစုမှာ အနက်ရောင်ကျောက်သား စားပွဲရှည်တွင်ဝိုင်းထိုင်နေကြကာ စားပြဲအလယ်ကို မယုံကြည်နိုင်သောအမူအရာများဖြင့်ကြည့်နေကြသည်။


စားပွဲပေါ်တွင်ရှိနေသည်က ဆံပင်အနက်၊ မျက်လုံးအနက်ဖြင့်ချီဘီဗားရှင်းအရုပ်လေး။ စားပွဲတွင်ဝိုင်းထိုင်နေကြသော ဇက်တို့မှာ အဆိုပါလူအေသးစားလေးအား နာရီဝက်ခန့်ငေးကြည့်နေကြ၏။ သူတို့ဘုရင်၏အငယ်စားဗားရှင်းလေးက အလွန်တရာမှချစ်စရာကောင်းပေသည်။


စားပွဲပတ်လည်မှ ဇက်တို့သည် ခဲရာခဲဆစ်အသက်ရှူလိုက်ကြသည်။ အဆိုပါလူအသေးစားလေးအား ပြန်မကြည့်ခင် အသက်အနည်းငယ်ရှူပြီးမှ တဖက်လှည့်သွားကြ၏။ ဇက်များမှာ ကုဟွိုက်၏ကလေးပုံစံကိုမမြင်ဖူးလိုက်ကြလေရာ အစဉ်အမြဲ စိတ်မကောင်းဖြစ်ခဲ့ကြရသည်။အနှီ အရုပ်လေးက ကလေးပုံစံမဟုတ်သော်လည်း အရွယ်မရောက်သေးသော အသေးစားဗားရှင်းက အလွန်အမင်းချစ်စရာကောင်းနေဆဲ။


ကုဟွိုက်က ဘေးမှကြည့်နေခဲ့သည်။ အစ၌ ဇက်အများစုတွင် အိတ်ကပ်အရွယ် အရုပ်အများအပြားမရှိခဲ့သော်လည်း မကြာခင်မှာပင် တစ်ခုစီရှိလာကြပေပြီ။ ကံကောင်းစွာဖြင့် ဇက်တို့က အိတ်ကပ်အရွယ်အရုပ်လေးအား ဖုန်တက်မခံကြဘဲ သူတို့နှင့်အတူသွားလေရာသယ်မသွားကြပေ။ ထိုအခါမှ ကုဟွိုက်မှာ စိတ်အေးသွားရလေ၏။


အလ်ဗ်မှာ အချို့ဇက်များက ကုဟွိုက်ပုံ ချီဘီဗားရှင်းအရုပ်လေးအား ကိုင်လိုက်၊ ဖက်လိုက်လုပ်နေသည်ကိုမြင်သည့်အခါ ၎င်း၏မျက်ခွံလေးများမှေးစင်းသွားလေသည်။ ၎င်းကမြင်တွေ့ရခဲသော်လည်း သူ့အနားတွင်သိမ်မွေ့သည့် လေထုကဝန်းရံနေသည်။ အဆိုပါ ခံစားခ်က္က ဘာမှန်းမသိသည့်တိုင် ၎င်းတို့၏လမ်းညွှန်ချက်အတိုင်း အလ်ဗ်က ကုဟွိုက်ထံသွားခဲ့သည်။


ကုဟွိုက်က ခေါင်းမော့လာပြီး စကားပြောချိန်မရလိုက်ခင် ငွေမှင်ရောင်အမြှီးဖြင့်ကြောင်ကြီးက ရုတ်တရက်သူ့အနားရောက်လာကာ အလ်ဗ်၏လက်မောင်းများအကြား ထွေးပွေ့ခံလိုက်ရသည်။ ၎င်းက ပြင်းပြသော ပိုင်ဆိုင်လိုစိတ်ဖြစ်ကာ တစုံတယောက်အားချစ်မြတ်နိုးလာသောအခါမွသာ ထွက်ပေါ်လာတတ်သည်။


အလ်ဗ်က နားမလည်စေကာမူ ပြင်းပြသောစိတ်ဆန္ဒများက သူ့အားတွန်းပို့နေဆဲပင်။