အခန်း ၃၆
Viewers 10k

Chapter 36

Chapter 36




ရုတ်တရက် အဖက်ခံလိုက်ရသောကုဟွိုက်ခမျာ မတုံ့ပြန်နိုင်သေးပေ။သူအသိစိတ်ပြန်ဝင်လာချိန်တွင် အလိုအလျောက်ရုန်းလိုက်မိသော်ငြားသူ့အားရစ်ပတ်ထားသည့် ငွေမှင်ရောင်အမြှီးကပို၍တင်းကျပ်လာရုံသာရှိခဲ့သည်။ အလ်ဗ်၏ ပိုင်ဆိုင်လိုသောစိတ်ဆန္ဒမှာ ပိုပြင်းထန်လာ၏။ ၎င်းသည် အလွန်အမင်းကွဲပြားခြားနားသော စိတ်ဆန္ဒဖြစ်ပြီး ထိုအရာကြောင့် သူ၏နှလုံးသားအတွင်းမှ စိတ်လှုပ်ရှားမှုက ပိုအားကောင်းလာခဲ့ကာ သူ၏ရမ္မက်ဆန္ဒများထံတိုက်ရိုက်ဦးတည်စေခဲ့သည်။


ပုံမှန်အားဖြင့် လိင်တူယောက်ျားတစ်ယောက်ထံမှ အဖက်ခံရသည့်ကိစ္စမှာ မသက်မသာဖြစ်စေနိုင်သော်လည်း ကုဟွိုက်၏မျက်လုံးထဲတွင်အလ်ဗ်သည် အမြဲတစေရိုးသားကာ ရင်းနှီးနေလေသည်။ ထိုသူက အမြဲအနွံအတာခံပြီး ကုဟွိုက်အရှေ့တွင် အမိန့်နာခံတတ်လေရာ ကုဟွိုက်မှာ သူ၏ချဉ်းကပ်လာမှုကို မဆန့်ကျင်နေတော့ပေ။


လူတစ်ယောက်က အခြားလူတစ်ယောက်အနားကပ်လာသည်နှင့် နောက်ပိုင်း၌ ပထမလူ၏ စိတ်အတွင်းဆန္ဒကို လှုပ်ကိုင်ရန် အခွင့်အရေးရှိတတ်သည်။ တစ်ယောက်ယောက်ကိုကိုယ့်ဘက်ပါလာစေရန် စိတ်အလိုအရ ဆန္ဒရှိလျှင်လည်း ၎င်းကို နားလည်ပေးသင့်သည်။


ဤအရာကို သီအိုရီအရ ဗဟုသုတမရှိရှာသော အလ်ဗ်အတွက်မှာ နားလည်ရန်ခက်ခဲပေ၏။ မည်သို့ပင်နားမလည်နိုင်သည်ဖြစ်စေ သူသည် တဖက်လူ၏နှလုံးသားကို မလှုပ်ခါနိုင်သရွေ့ ကုဟွိုက်အားဆက်လက်ချဉ်းကပ်နေပေလိမ့်မည်။


အလ်ဗ်က ယခုကဲ့သို့ လုပ်ရသည့်အကြောင်းအရင်းကို ကုဟွိုက်လည်းမသိပေ။ သူ ထိုသူ၏ မေးရိုးက အနည်းငယ်ထင်းနေပြီး ထိုသူမျက်နှာ၏အခြားတဖက်ခြမ်းကို ပြန့်ကားထွက်သွားစေသည်(အံကြိတ်ထားတာ)။ ကုဟွိုက်က အလ်ဗ်တယောက် အတော်လေး မပျော်မရွှင်ဖြစ်နေသည်ဟု တွေးမိလေ၏။


၎င်းကို စိတ်အခြေအနေမကောင်းဟု မှတ်၍ရလား သူလည်းမသိ။ နီးစပ်သော်လည်း မတူသည့်အရာရှိသည်။ ကုဟွိုက် ရွှေရောင်မျက်ဝန်းတစ်စုံကိုကြည့်လိုက်သောအခါ အလ်ဗ်က သူ့နှုတ်ခမ်းအားစိုက်ကြည့်နေသည်ကိုတွေ့လိုက်ရသည်။ ၎င်းက အလွန်ကို..


ငွေရောင်ကြောင်ကြီးမှာ အနိုင်ကျင့်ခံနေရသလိုဖြစ်နေပြီး ကုဟွိုက်လည်း ၎င်း၏ခံစားချက်ကိုမသိရှာပေ။ အနှီခံစားချက်က ပြင်းထန်လွန်းသည်ဖြစ်ရာ သူသည် တဖက်လူအားတွန်းထုတ်နေခြင်းကို ရပ်တန့်လိုက်သည်။ သူ၏ စိတ်အလိုအတိုင်း ပထမဆုံးပြုလုပ်မိသည်မှာ အလ်ဗ်၏ဆံပင်လေးများအား ထိကိုင်ရန်လက်မြှောက်လိုက်ခြင်းပင်။ အလ်ဗ်၏မျက်လုံးများက အမြဲတစေအေးစက်နေပြီး လေထိလျှင်ပင် မရွေ့သွားတတ်ချေ။ ယခုမူ ၎င်း၏မျက်လုံးများ တဖျတ်ဖျတ်အရောင်လက်နေသည်မှာ ဖုံးကွယ်ထား၍ပင်မရချေ။


ကုဟွိုက်မှာ ဤအပြုအမူကို နှစ်သိမ့်ပေးလိုက်ခြင်းတရပ်ဟုမှတ်ယူထားသည့်တိုင် အလ်ဗ်၏အတွင်းစိတ်မှာ လှုပ်ရှားသွားခဲ့သည်။ ၎င်းကိုစကားလုံးဖြင့်ဖော်ပြရန် သူ့ထံ၌အသိပညာရှိမနေချေ။


ကုဟွိုက်အပေါ် နာခံမှုကြောင့်သာ အလ်ဗ်သည် ၎င်း၏စိတ်စေရာအတိုင်း စက္ကန့်အနည်းငယ်ခန့် တဖက်လူအနားတွင် ကွေ့ပတ်နေသေးသော်လည်း နောက်ဆုံးတွင် သူ့အမြှီးကိုပြန်သိမ်းလိုက်သည်။


ကုဟွိုက်က အနောက်သို့ဆုတ်ကာ နှစ်ယောက်ကြား အကွာအေဝးခြားလိုက်၏။ စကားမပြောခင် သူအရှေ့မှကုဟွိုက်အား စုန်ချည်ဆန်ချည်ကြည့်ကာလေ့လာနေသေးသည်။ တဖက်လူ၏အမူအရာမှာခန့်မှန်းရမလွယ်ကူပေ။ စစ်ဆေးကြည့်ပြီးနောက် ကုဟွိုက်က အကြမ်းဖျင်း ခန့်မှန်းကြည့်လိုက်သည်။


"မင်းအိတ်ကပ်အရွယ်လူလေးကို မဝယ်လိုက်ရလို့ ဒေါသထွက်နေတာလား..."


ကုဟွိုက် ခန့်မှန်းနိုင်သည်မှာ အံ့ဩစရာမရှိပေ။ လွန်ခဲ့ပြီးသော အချိန်တစ်ခုခန့်က တစ်ခုလေးပင်မဝယ်လိုက်ရ၍ စိတ်ဆင်းရဲနေကြသော ဇက်များမှာ သူ့အနားတွင်ပတ်လည်ဝိုင်းနေခဲ့ကြသည်လေ။


"ဟင့်အင်း.."


အလ်ဗ်၏အသံမှာ တိုးတိမ်လွန်းသည်။


ကုဟွိုက်က အကြောင်းအရင်းကိုမခန့်မှန်းတတ်တော့၍ တိုက်ရိုက်သာမေးလိုက်တော့သည်။


"အဲဒါဆို...ဘာလို့လဲ..."


"...."


အလ်ဗ်က တိတ်ဆိတ်နေသည်။ ထိုသူသည် သူ့စိတ်အခြေအနေကိုပင်မသိသောကြောင့် ကုဟွိုက်အမေးကိုပြန်မဖြေတတ်ချေ။ ခဏတာငြိမ်သက်နေပြီးသည့်နောက် အလ်ဗ်က ဆံပင်အနက်ရောင်ဖြင့်လူငယ်လေးကို ငုံ့ကြည့်သည်။


"ကျွန်တော်..အဲဒီလူသေးသေးကို ဘယ်သူမှမထိစေချင်လို့ပါ.."


၎င်းက အတွေးသက်သက်သာဖြစ်ပြီး ပြဿနာ၏အရင်းခံမဟုတ်သေး။ အလ်ဗ်၏ အတွေးများကပိုရှင်းလင်းလာပြီး ပြောင်းပြောလိုက်သည်။


"ကျွန်တော် အရှင့်ကိုအခြားလူတွေထိတွေ့တာ မလိုချင်ဘူး"


စကားနှစ်ခွန်းလုံးကို အင်မတန်အေးစက်သည့်အသံဖြင့်ပြောလိုက်ခြင်းပါပေ။ အလ်ဗ်သည် သူ၏စိတ်တွင်းမှအတွေးများကို ရိုးရှင်းစွာဖြင့်ပင်အတည်ကြီးပြောလာလေသည်။ အဆိုပါစကားမျိုးက အလွန်ပွင့်လင်းသည်မှာ သံသယဖြစ်စရာမလို။ ကုဟွိုက်မှာ မရိုးသားမှုအရိပ်အယောင်တစွန်းမှမရှိသည့် အေးတိအေးစက်ရွှေရောင်မျက်ဝန်းတစ်စုံကိုတွေ့ရသည့်အခါ မှင်သက်သွားမိသည်။


၎င်းက လက်ဝါးကြီးအုပ်လိုသောစိတ်ဟု သတ်မှတ်နိုင်သည်။ ပြဿနာမွာ ထိုသို့သောအတွေးမျိုးရှိနေသူက အလ်ဗ်ဖြစ်နေ၏။ တဖက်လူက အင်မတန်ရိုးစင်းစွာဖြင့်ပြောလာခြင်းဖြစ်ပေရာ ကုဟွိုက်၏နှလုံးသားထဲတွင် သိမ်မွေ့သောခံစားချက်က ရှောင်လွှဲမရအောင်ဖြစ်တည်လာလေသည်။


ကုဟွိုက်သည် ထိုသို့တွေးမိပြီးနောက် အလ်ဗ်က အမွန်တကယ်ကို ထောင်လွှားသည့် ကြောင်ကြီးတစ်ကောင်ဖြစ်ကြောင်း သိလိုက်ရသည်၊၎င်းက တသီးပုဂ္ဂလဆန်ကာ အေးစက်ပြီး အပိုင်စီးရယူချင်သည့်စိတ်မျိုးလည်းရှိသည်။ ၎င်း၏စိတ်ဓာတ်ကြောင့် အနှီစိတ်ဆန္ဒမျိုးမှာ နားလည်ရလွယ်ကူသည်။ လူတစ်ယောက်အား အပိုင်ရယူလိုသော ကြောင်ကြီးတစ်ကောင်ကို အရေးအကြီးဆုံးအရာဟုယူဆနိုင်သည်။ သူကိုယ်တိုင်လက်ခံ၍ရသော်လည်း ကုဟွိုက်၏ရင်ထဲမှ သိမ်မွေ့သောခံစားချက်မှာပျောက်မသွားခဲ့ပေ။


ကုဟွိုက် အနိုင်ကျင့်သယောင်ထင်ရသည့် ကြောင်ကြီးအားကြည့်လိုက်သည်...ထို အနိုင်ကျင့်ခံနေရသော အမူအရာက ပုံမှန်ထက်အတော်လေးလွန်ကဲနေ၏။ ကုဟွိုက် တဖက်လူကို အသံနှိမ့်ကာပြောလိုက်သည်။


"အဲဒီလူလေးတွေက အရုပ်လေးတွေပါပဲ...မင်းစိတ်ထဲထားနေစရာမလိုပါဘူး.."


အလ်ဗ်က ငြင်းလည်းမငြင်း၊ မျက်မှောင်လည်းကျုံ့ထားသေးသည်။ အနှီ ကြောင်ကြီးကား အတော်ချော့ရခက်သည်ပင်။ ကုဟွိုက် အလ်ဗ်၏အနောက်သို့လျှောက်သွားလိုက်ပြီး ငွေမှင်ရောင်အမြှီးကိုသူ့ကိုယ်ပေါ်တွင်ပတ်ထားလိုက်သည်။


"အဲဒါကမှပြဿနာပဲ.."


ကုဟွိုက် ထိုသူကိုကြည့်လိုက်သည်။


အလ်ဗ်က တိတ်ဆိတ်နေပြန်၏။ ၎င်း၏အမြှီးက ကုဟွိုက်အားရစ်ပတ်ထားကာ သူလူငယ်လေးအား အမြှီးဖြင့် ရင်ခွင်ထဲသို့ဆွဲခေါ်လိုက်သည်။


"....."


ဤတစ်ကြိမ်က ကုဟွိုက် အသံတိတ်သွားရမည့်အလှည့်ပင်။ ကုဟွိုက်သည် ဇက်များ၏ထိတွေ့ဆက်ဆံမှုကို နားလည်သော်လည်း မပြောဘဲမနေနိုင်ပေ။


"မင်းလူတိုင်းကို ဒီလိုမျိုးလိုက်လုပ်နေလို့မရဘူး..."


အနာဂတ်တွင် အခြားမျိုးနွယ်စုမှလူတစ်ယောက်အား ပိုင်ဆိုင်လိုစိတ်ဖြင့် ဆွဲထားမည်ဆိုပါက ၎င်းမှာအတော်လေးကိုထူးဆန်းပေလိမ့်မည်။ကုဟွိုက်မှာ ထိုအကြောင်းကိုစဉ်းစားမိပြီး အလ်ဗ်အတွက်စိတ်ပူမိသွား၏။


အလ်ဗ်ကမျက်လွှာချထားလေသည်။


ဇက်တို့သည် အမူအကျင့်အရ နာခံတတ်သည့်မျိုးနွယ်ဖြစ်သည်။ နားလည်လွယ်အောင်ပြောရမည်ဆိုပါက စဉ်းစားချင့်ချိန်ပြီးမှလုပ်ဆောင်ကြခြင်းမျိုးမဟုတ်ပေ။ ကုဟွိုက်မှာ စက္ကန့်အနည်းငယ်ခန့် ပြောစရာစကားရှာမရဖြစ်သွားပြီး တဖက်လူကလူသားများ ပုံမှန်တွေးနေကြအတိုင်း မဆုံးဖြတ်နိုင်မှန်း သိရှိလိုက်သည်။ ထို့ကြောင့် ဤအချိန်တွင် အနှီသူကိုစည်းရုံး၍ရမည့် စကားဖြင့်သာပြောလိုက်၏။


"အလွယ်ဆုံးပြောရရင် မင်းလုပ်လို့မရဘူး.."


အယ်လ်ဗ်က ရှေ့သို့ကိုင်းလာပြီး မေးလိုက်သည်။


"လုပ်နေကျမဟုတ်လည်း အဆင်ပြေလား.."


ကုဟွိုက်ခမျာ နောက်တကြိမ်ဆွံ့အသွားရပြန်ကာ စိတ်မရှည်စွာဖြင့်ထိုအတွေးများကို ဖြိုခွဲလိုက်ရတော့သည်။


"လုပ်နေကျမဟုတ်လည်း..မင်းလုပ်နေတာက အခြားသူကိုမပျော်အောင်လုပ်လိုက်တာနဲ့တူတယ်..."


"ကျွန်တော်က အရှင့်ကို မပျော်အောင်လုပ်မိသွားတာလား..."


အလ်ဗ်က မျက်လွှာချကာ သူ၏အမြှီးဖြင့် ကုဟွိုက်အားလျော့ရဲရဲပတ်လိုက်ပြန်သည်။


သူ၏အနားကပ်ချင်သောဆန္ဒက တစခန်းထလာပြန်ကာ ကုဟွိုက်စကားများကြောင့် အလ်ဗ်ကနောက်ပြန်ဆုတ်သွားရသည်။ ထိုသူသည်အသံတိတ်သွားပြီး အာရုံစိုက်နေပုံရ၏၊ အိမ်မွေးကြောင်တစ်ကြောင်ကသခင်ဖြစ်သူထံမှ စွန့်ပစ်ခံရသည့်ပုံစံနှင့်တူနေပြီး ဝပ်နေလျက် မျှော်လင့်ချက်များဖြင့်ကြည့်နေပုံက သခင်ဖြစ်သူကိုအိမ်ပြန်ခေါ်သွားချင်စိတ်ပေါက်လာစေသည်။


အနိုင်ကျင့်ခံရသည့် အမူအရာထပ်ပေါ်လာသည့်အခါ ကုဟွိုက်၏နှလုံးသားလေးမှာ လှုပ်ရှားသွားလေသည်။


"အဲဒီလိုမဟုတ်.."


ကုဟွိုက် အလ်ဗ်၏မျက်နှာကိုမြင်ပြီး မရှင်းပြတတ်တော့ချေ။


"ကျွန်တော်မပျော်ဘူး.."


သူ၏အရှေ့မှငွေရောင်ဇက်က အဆိုပါစကားကို မည်သို့များနားလည်သွားသည်လဲသူမသိ။ အလ်ဗ်သည် ရုတ်တရက်ဆောင့်ကြောင့်ထိုင်ချလိုက်ကာ အတည်ပေါက်ကြီးပြောလာလေသည်။


"ကျွန်တော်ကပုံမှန်မလုပ်ရင် အရှင်ကမပျော်ဘူး..အဲဒါဆို ကျွန်တော်အရှင့်ကိုချီထားလို့ရမလား.."


ကုဟွိုက်: "...?"


ဒီလောဂျစ်ကြီးက...


ကုဟွိုက်က ခေတ္တခန့်ကြောင်အသွားရပြီး သူ၏မတုန်မလှုပ်အမူအရာက အလ်ဗ်၏စကားကိုလက်ခံလိုက်သည့် သဘောသက်ရောက်သွားသည်။ ကြောင်ကြီးက စိတ်ရှုပ်နေသည့်အချိန်အတွင်း သူ့အားတင်းတင်းဖက်ထားလေ၏။ အလ်ဗ်၏မိုးထိုးနေသောအရပ်နှင့်ယှဉ်လျှင် ကုဟွိုက်၏ ပုံရိပ်ကသေးသွယ်လှပသည်။ တဖက်လူကသူ့အားဖက်ထားသည့်အခါ သူ၏တစ်ကိုယ်လုံးက အနှီသူ၏ကိုယ်တွင်နစ်မြုပ်နေသည်။


အလ်ဗ်၏ခွန်အားက ကြီးမားလင့်ကစား ထိုသူကခေါင်းလှည့်ပြီး နဖူးကိုကုဟွိုက်ပုခုံးပေါ်တွင်တင်ထားလေသည်။ ကုဟွိုက်၏လက်များက ဘေးဘက်တွင်တွဲလောင်းကျနေပြီး ကိုယ်အနေအထားကလှုပ်မရဖြစ်နေ၏။ အလ်ဗ်၏ငွေရောင်ဆံပင်များက သူ၏ပါးပြင်ကိုပွတ်သပ်သွားသည့်အခါ အတော်အတန်ယားယံစေပြီး မကြာခဏမျက်တောင်ခတ်နေရသည်။


ထိုအတိုင်းသံသရာလည်နေပြီး ကုဟွိုက်ခမျာ လှုပ်မရသေးပေ။ သူသည် လုံးဝထောင်ချောက်မိနေသော်ငြား ပြုသမျှနုနေရသောကုဟွိုက်မှာ ကြောင်ကြီးကသူ့ထံမှ အဆူခံရသောကြောင့် နောက်ထပ်လုပ်လာသည့်အရာမှာ...


၎င်းမှာ အလ်ဗ်က ကြိုတင်ကြံစည်ထားခြင်းမျိုးမဟုတ်။ ထိုအကြောင်းအရင်းများကြောင့် သဘာဝအလျောက်ဖြစ်ပေါ်လာသည့်ဆန္ဒနှင့်လုပ်ဆောင်မှုများက ကုဟွိုက်အားကူကယ်ရာမဲ့စေသည်။ ငြင်းဆန်ရန်အခွင့်အရေးမရဘဲ တဖက်လူ၏အကျင့်စရိုက်ကို အမှန်ပြင်နိုင်ရန် အတော်လေးနောက်ကျသွားခဲ့ပြီထင်၏။


ကုဟွိုက် မျက်လုံးမှိတ်ကာ ရုန်းထွက်နေခြင်းကိုလက်လျှော့လိုက်သည်။ ၎င်းကိုသိသွားသည်နှင့် အလ်ဗ်က တိတ်ဆိတ်နေပြီး လိမ်လိမ်မာမာဖြင့် နေရန်မခက်တော့ပေ။


စိတ်ဆန္ဒနှင့် အလိုလိုသိစိတ်က အလ်ဗ်ကို ကုဟ်ွိုက်အနားသို့ချဉ်းကပ်နိုင်အောင် ဖြည်းဖြည်းချင်းသတိပြုမိလာစေသည်။ သူသည် စိတ်ခံစားချက်များကို နားမလည်သည့်တိုင် မသိစိတ်အရ အရှေ့ရှိဆံပင်နက်ဖြင့်ကောင်လေးကို သူ့အားလက်ခံလာစေချင်နေဆဲ။


"လက်ဆောင်.."


အမြှီးကတဖက်လူအားရစ်ပတ်ထားလျက်ဖြင့် အလ်ဗ်ကအနောက်ဆုတ်လိုက်သည်။ ထို့နောက် သူသည် လက်နှစ်ဖက်ကိုဖြန့်ကာ ဖန်ဘောလုံးသေးသေးလေးအားပြသလာ၏။ ဖန်ဘောလုံးသည် အပြာရောင်ဖြစ်ပြီး ဖောက်ထွင်းမြင်နေရသောကန်ရေပြင်မှအရောင်နှယ် ကြည်လင်နေသည်။ ၎င်းက ကုဟွိုက်ထံတွင်ရှိပြီးသား ဖန်ဘောလုံး၏ အရွယ်အစားတဝိုက်ခန့်သာရှိသည်။


"ဒီရတနာကဘာလဲ.."


ကုဟွိုက်က ဖန်ဘောလုံးလေးအားလှမ်းယူပြီးမေးလိုက်သည်။


ကုဟွိုက် ဖန်ဘောလုံးလေးအား စိတ်စွမ်းအင်အနည်းငယ်သုံးကာကိုင်လိုက်ပြီး မည်သည့်စွမ်းအင်ကိုမျှတန်ပြန်မခံစားရပေ။ ၎င်းကစွမ်းအင်ကျောက်မဟုတ်သည်မှာ သေချာ၏။


"...အဲဒါက အန်နီယွန်ကျောက်ပါ.."


အလ်ဗ်က ဖြည်းဖြည်းချင်းခေါင်းညိတ်ကာ ကုဟွိုက်၏တုံ့ပြန်မှုကိုကြည့်နေ၏။


ကုဟွိုက်မှာ ဖန်ဘောလုံးအားသူ၏အိတ်ကပ်ထဲထည့်လိုက်သည့်အခါ သူ၏မျက်လုံးလေးများက ကွေးညွတ်နေပြီး လက်ဆောင်ကိုလက်ခံသည့်အကြောင်းပြသလိုက်၏။


မကြာမီ ကုဟွိုက် အောက်သို့ငုံ့ကြည့်လိုက်သည့်အခါ သူ၏ကိုယ်အားပတ်ထားသော ငွေမှင်ရောင်အမြှီးက လှုပ်ယမ်းနေသည်ကိုတွေ့လိုက်ရသည်။


ကုဟွိုက်က ချစ်စရာကောင်းသည်ဟုထင်လိုက်သည့်အချိန်မှာပင် သူ၏အရှေ့မှ ငွေရောင်ဆံပင်ဖြင့်ဇက်က ပိုပြီးအူကြောင်ကြောင်နိုင်သည့် အရာအားလုပ်လာလေသည်။ ကုဟွိုက် မျက်တောင်တခါခတ်တွင် ငွေမှင်ရောင်အမြှီးသေးသေးလေးဖြင့် ဇက်ကလေးလေးက သူ၏ရင်ခွင်ထဲသို့တိုးဝင်လာ၏။ ကုဟွိုက်သည် ၎င်းကို သက်သောင့်သက်သာရှိစေမည့် အနေအထားဖြင့်ဖက်ထားလိုက်ပြီး ဇက်ကလေးလေး၏ရွှေရောင်မျက်ဝန်းများကိုငုံ့ကြည့်လိုက်သည်။


"ကျိုး..."


အကောင်ပေါက်လေးက သူ့အကြည့်ကြောင့် အသံထွက်လာသည်။


ကလေးအသွင်ဖြင့် ကုဟွိုက်အနားသို့ချဉ်းကပ်ရသည်က ပိုမိုလွယ်ကူသည်။ အလ်ဗ်သည် ကုဟွိုက်ကသူ့အား 'ချစ်စရာလေး' ဟူ၍ ခေါ်ခဲ့သည့်နောက်ဆုံးအကြိမ်ကို မှတ်မိနေသည်။ အဖြူရောင်အမွှေးလုံးလေးက အမှန်တကယ် ကလေးဇက်မဟုတ်သည့်တိုင် ကုဟွိုက်က သူ့အားတွန်းမထုတ်ခဲ့ပေ။ သူအတွန်းထုတ်ခံရလျှင် ကလေးလေးက ကြောက်လန့်သွားပေလိမ့်မည်။


ကုဟွိုက်က မတွန်းထုတ်ဘဲ ထိုနေရာတွင်သာရပ်နေပြီး ၎င်းကိုနှာခေါင်းဖြင့် ပွတ်သပ်နေသည်။ နောက်ဆုံး၌ သူသည်ကယ်ရာမဲ့စွာဖြင့်ပြောလိုက်ရလေသည်။


"မင်းကိုမြှောက်ပြီးမွှေးမွှေးရောပေးရအုံးမလား"


ကုဟွိုက်သည် ကြံရာမရသည့်အခြေအနေတွင် သင့်သလိုသာပြောလိုက်ရသည်။ မည်သူကသိခဲ့ပါမည်နည်း၊ သူ၏လက်ထဲမှကလေးလေးကချက်ချင်းခေါင်းမော့လာပြီး ၎င်း၏ကျောအောက်မှအတောင်ပံလေးများက တဖျတ်ဖျတ်ခါလာခဲ့သည်။


"ကျိုး..ကျိုး..."


ကုဟွိုက် မျက်နှာထားက ပိုနေရခက်လာပုံဖြစ်နေသော်ငြား ကလေးလေးအလ်ဗ်အရှေ့တွင် ငြင်းဆန်ရန်ခက်ခဲသည်။ ပြောပြီးစကားအားပြန်ပြင်ရန်ခက်ခဲ၍ သူစက္ကန့်အနည်းငယ်ခန့် တုံဆိုင်းနေသေး၏။အောင်မြင်စွာဖက်ပြီးသည့်နောက် ကုဟွိုက်က အကောင်ပေါက်လေးအား ခပ်မြင့်မြင့်မြှောက်လိုက်သည်။


"ဒီလောက်ဆိုရပြီလား.."


အကောင်ပေါက်လေးက လက်ခံသည့်သဘောဖြင့် ကုဟွိုက်အားအသံကျယ်ကျယ်အော်ပြသည်။


မည်သို့ပင်ပြောရမည်ဖြစ်စေ အနမ်းမှာ ယခင်တကြိမ်ကအတိုင်းပင်။ကုဟွိုက်သည် နောက်ဆုံးတခေါက်က အကောင်ပေါက်လေး၏နဖူးကိုနမ်းခဲ့ပြီး ဒုတိယအကြိမ်မြောက်နမ်းခြင်းကလည်း ပထမတကြိမ်နှင့်မကွာခြားပေ။ ထို့နောက် အကောင်ပေါက်လေး၏ကျောဘက်မှ အမြှီးကိုမြင်ပြီး ရုတ်ချည်း စိတ်ကူးပြောင်းသွားလေသည်။


ကုဟွိုက် ငွေမှင်ရောင်အမြှီးလေးကိုနမ်းလိုက်သည်။ အကြောင်းမှာ အမြှီးလေးက ချစ်စရာကောင်းသည်ဟု သူထင်သောကြောင့်ပင်၊ သို့သော် သူသည်အမြှီးအား ပြောင်းပြန်လှန်နမ်းလိုက်လေ၏။ ထိုအချိန်မှာပင် တဖက်မှလူက ငွေရောင်ဆံပင်ဖြင့်ဇက်အဖြစ် ပြန်ပြောင်းသွားပြီးသူ့အား ဆိုဖာပေါ်သို့ဖိချလိုက်သည်။


ကုဟွိုက်သည် သေသပ်သည့်ဒေါင်လိုက် ရွှေရောင်မျက်လုံးအိမ်ကို ငေးကြည့်နေမိ၏။


မကြာသေးခင်က ဇက်မျိုးနွယ်များတွင် ကလေးအရွယ်အပိုင်းအခြား၌ရှိနေစဉ်က ကောင်းမွန်နေသောစိတ်ခံစားချက်များကိုပြသနေကျပုံသေအမူအကျင့်နှစ်မျိုးရှိသည်၊ အပြန်အလှန်အမွှေးအမျှင်များကိုလျက်ပေးခြင်းနှင့် အမွှေးများကိုဖီးသင်ပေးခြင်း။ အရွယ်ရောက်ပြီးအမူအကျင့်များမှာ နမ်းရှုံ့ခြင်းနှင့်လျှာဖြင့်လျက်ခြင်းတို့ပင်။ သို့သော်ငြား အရွယ်ရောက်ပြီးဇက်များမှာ နမ်းရှုံ့ရလောက်အောင်ခံစားချက်အားကောင်းသည့်အဖြစ်က ရှားပါးတတ်သည်။


လူငယ်လေး၏အနမ်းတစ်ပွင့်ကြောင့် အေးစက်နေသည့် အမြှီးမှာ ပြင်းပြင်းပြပြလောင်ကျွမ်းလာခဲ့သည်။ အလ်ဗ်သည် ကုဟွိုက်၏ပါးပြင်အားညင်သာစွာနမ်းရှိုက်လိုက်လေ၏။