CHAPTER 47
လှပသောမီးရှူးမီးပန်းများသည် လုံးဝ ပြီးပြည့်စုံစွာ ပေါက်ကွဲသွားခဲ့သည်။ နောက်ဆုံးတွင် ချီဘီအရုပ်ပုံသဏ္ဍာန်သည် စကြဝဠာအတွင်း တစ်စက္ကန့်မျှ ပေါ်ထွက်လာခဲ့၏။ ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်းအား ဝန်းရံထားသော စကြာဝဠာသည် မကြာမီတွင် တိတ်ဆိတ်သော အမှောင်ထုဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ထိုအချိန်တွင် ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်း၏ ဌာနချုပ်နှင့် မျိုးနွယ်ပေါင်းစုံမှ လူများသည်လည်း ဘာဖြစ်သွားမှန်း နားမလည်လိုက်ကြပေ။
မဟုတ်သေးဘူး...
ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်းနှင့် ကြယ်တာရာ အစုအဝေးများကြားမှ လူများအားလုံးသည် ပျော်ရွှင်နေကြပြီး ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်း၏ဌာနချုပ်ကို ဥက္ကာခဲဖြင့် ဖျက်ဆီးခြင်းမခံရသည့်အတွက် လွန်စွာပျော်ရွှင်ဝမ်းမြောက်ခဲ့ကြသည်။ ကြယ်တာရာ၏ ငြိမ်းချမ်းရေးသင်္ကေတကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။
သို့သော် မိုးမှောင်မျှော်စင်က သောက်ကျိုးနည်း ဘာတွေလုပ်နေတာလဲ... ဥက္ကာခဲနှင့်အတူ ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်း၏ ဌာနချုပ်ကို ဖျက်ဆီးပစ်မည့်နေ့တွင် မိုးမှောင်မျှော်စင်မှလူများသည် သူတို့ရှေ့မှာ မီးရှူးမီးပန်းတွေ ဖောက်ရန်အတွက်သာ အလင်းတန်းကြီးတစ်ခုကို ပစ်လွှတ်ခဲ့လေသလား...
မျိုးနွယ်ပေါင်းစုံမှ သတင်းထောက်များသည် သတင်း၏ပထမဆုံးမူကြမ်းကို ပုံစံနှစ်မျိုးဖြင့် ရေးသားပြီးဖြစ်သည်။ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်သောနယ်မြေဖြစ်သည့်အတွက် သူတို့သည် ပထမမူကြမ်းကို ထုတ်လုပ်ရန်သာ လိုအပ်ပြီး သတင်းထုတ်ပြန်ကြလိမ့်မည်။ ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်း၏ ဌာနချုပ်သည် ဤတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေတ်သစ်တွင် အရေးကြီးသော သမိုင်းဝင်ဖြစ်ရပ်များအဖြစ် မှတ်တမ်းတင်ရန် လုံလောက်ပေသည်။
သတင်းမူကြမ်း ပုံစံနှစ်မျိုးအတွက် တစ်ခုသည် ကြယ်တာရာ ငြိမ်းချမ်းရေးသင်္ကေတ ပျောက်ဆုံးသွားခြင်းအတွက် ပူဆွေးသောက ရောက်နေခြင်းဖြစ်ပြီး အခြားတစ်ခုသည် ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်း၏ ရှင်သန်မှုအတွက် ဂုဏ်ပြုကာ ၎င်း၏ ဆက်လက်ရပ်တည်မှုအတွက် ချီးကျူးထားခြင်းဖြစ်သည်။
ရလဒ်အနေဖြင့် မိုးမှောင်မျှော်စင်သည် မီးရှူးမီးပန်းများ ပစ်လွှတ်ခဲ့သည်။ ကြယ်တာရာ သတင်းထောက်များသည် မီးရှူးမီးပန်းများကို စိတ်ဓါတ်ကျစွာ ကြည့်နေခဲ့ကြသည်။ ထို့နောက် သူတို့သည် သူတို့၏ကွန်ပျူတာနှင့် ချိတ်ဆက်ထားသော စနစ်ပေါ်တွင် သိမ်းဆည်းထားသည့် လက်ရေးစာမူနှစ်စောင်ကို ငုံ့ကြည့်ကာ သွေးအန်နိုင်လောက်သည့် အမူအရာဖြင့် ဖျက်ပစ်ရန် ရွေးချယ်မှုခလုတ်ဆီသို့ တုံ့ဆိုင်းစွာ လက်လှမ်းလိုက်ကြသည်။ ဤမူကြမ်းနှစ်ခုတွင် တစ်ခုမျှ အလုပ်မဖြစ်လိုက်ပေ။
ကြယ်တာရာအစုအဝေးကြားမှ လူများ၏ တုံ့ပြန်ပုံနှင့် ကွဲပြားခြားနားစွာ ကုဟွိုက်သည် ကြီးမားသည့်အလင်းတန်းကြီး မီးရှူးမီးပန်းများအဖြစ် ပေါက်ကွဲသွားသည်ကို မြင်လိုက်သည့်ချိန်တွင် မျက်တောင်များခတ်သွားခဲ့သည်။ ကုဟွိုက်၏မျက်လုံးများသည် သေးငယ်သောစက်ဝန်းလေးများအဖြစ် ကွေးညွတ်သွားခဲ့သည်။ ထို့နောက် နှစ်စက္ကန့်အကြာတွင် မီးရှူးမီးပန်း၏ပုံသဏ္ဍာန်ကို မြင်လိုက်ရပြီး အမူအရာမဲ့စွာဖြင့် ကြည့်နေလိုက်သည်။
ထိုပုံစံသည် အရုပ်ချီဘီဗားရှင်းနှင့်တူသည်...
ကုဟွိုက် ဗီဒီယိုကို တစ်ဖန်ပြန်ဖွင့်ကြည့်ပြီး အလွန်ကြီးမားသော မီးရှူးမီးပန်းများ ပုံသဏ္ဍာန်တစ်ခုအဖြစ် ပေါက်ကွဲသွားသည့်အချိန်တွင် ခေတ္တရပ်လိုက်သည်။ ဗီဒီယိုကို ခေတ္တရပ်ထားချိန်တွင် ထိုမီးရှူးမီးပန်း၏ ပုံသဏ္ဍာန်ကို အတည်ပြုပြီးနောက် ကုဟွိုက်၏နှုတ်ခမ်းများသည် ဖြောင့်တန်းသွားပြီး သူ၏မျက်လုံးများသည်လည်း စက္ကန့်များစွာ ဗလာနတ္ထိဖြစ်သွားခဲ့သည်။
ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်း၏ဘက်တွင်မူ နှိုးဆော်ခံလိုက်ရပြီး မိုးမှောင်မျှော်စင်က မည်သည့်အရာကိုစီစဉ်နေကြောင်း တွေးတောနေကြဆဲဖြစ်သည်။ ပထမဆုံးအနေဖြင့် မီးရှူးမီးပန်းများကို ပစ်လွှတ်ပြီး ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်း၏ ကြိုတင်ပြင်ဆင်မှုများကို မငြိမ်မသက်ဖြစ်စေကာ သူတို့၏အစောင့်အကြပ်များကို လျော့နည်းသွားစေရန် ရည်ရွယ်ထားခြင်းလား... ထို့နောက် ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်း၏ ခြေလှမ်းများ ချွတ်ချော်သွားသည်နှင့် တပြိုင်နက် သူတို့သည် ဥက္ကာခဲကို ရုတ်တရက် ပစ်လွှတ်လိုက်ကြမည်လား...
ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်းနှင့် ကြယ်တာရာအစုအဝေးရှိလူများသည် မည်သို့ပင် ခန့်မှန်းစေကာမူ မိုးမှောင်မျှော်စင် စစ်သားများသည် ဥက္ကာခဲမှ မီးရှူးမီးပန်းများအဖြစ် အဆင့်ဆင့် ပြောင်းလဲသွားသည်ကို စောင့်ကြည့်နေခဲ့ကြသည်။ ထို့နောက် လူနှစ်ယောက် ဦးဆောင်သော မိုးမှောင်မျှော်စင် စစ်သားအုပ်စုသည် ကုဟွိုက်၏ အခန်းအပြင်ဘက်တွင် ရပ်နေခဲ့ကြသည်။
မိုးမှောင်မျှော်စင် စစ်သားများသည် ပိတ်ထားသောအခန်းတံခါးကို လှမ်းကြည့်လိုက်သည်။ မီးရှူးမီးပန်းများနှင့် ပတ်သက်ပြီး ကုဟွိုက်၏တုံ့ပြန်မှုကို သူတို့ အရမ်းသိချင်ကြသော်လည်း မည်သူမှ အထဲဝင်ရန် အကြောင်းပြချက် မရှာရဲကြပေ။ လူတိုင်း ၁၇ ထပ်သို့ သွားရန်စိတ်ကူးများ တူညီနေကြသော်လည်း တံခါးနားရောက်သည့်အခါ အာလုံး ရပ်တန့်သွားကြသည်။ ရလဒ်အနေဖြင့် လူအုပ်ကြီးသည် တံခါးအပြင်ဘက်တွင် ပြည့်ကျပ်စည်ကားလာခဲ့သည်။
“ဥက္ကာခဲပစ်လွှတ်ချိန်ကို ရွှေ့ဆိုင်းဖို့ မင်းကို တောင်းဆိုတုန်းက မင်း ဘာလို့ ငြင်းခဲ့လည်းဆိုတာ အံ့သြစရာမရှိပါဘူး။ မင်းက သွယ်ဝိုက်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ တွေးထားပြီးသား၊ ပြီးတော့ ငါ မင်းဆီလာတဲ့အချိန်တုန်းက ဘာမှမပြောခဲ့ဘူး..."
ကာလန်သည် အခန်းထဲသို့ပင် မဝင်တော့ဘဲ အပြင်ဘက်မှနေ ခေါင်းဆောင်အား ပြစ်တင်ကြိမ်းမောင်းနေလေသည်။
စီဗာ၏မျက်နှာထားသည် အေးစက်နေပြီး တစ်ဖက်လူကို လျစ်လျူရှုထားသည်။ ဥက္ကာခဲကို မီးရှူးမီးပန်းများအဖြစ်သို့လည်း ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲလိုက်ပြီး အရုပ်၏ချီဘီဗားရှင်းကို ပြသခဲ့သည်။ ကာလန်မှာ အဘယ်ကြောင့် ဤမျှကောင်းမွန်သော အကြံဥာဏ်ကို မရရှိခဲ့သနည်းဟု မတွေးတောဘဲမနေနိုင်ပေ။
အခန်းတွင်းရှိ လူငယ်လေးသည် ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်းအတွက် စိုးရိမ်နေပြီး ယနေ့ ဖြစ်ပျက်ခဲ့သည်များအပေါ် အာရုံစူးစိုက်နေလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သူသည် မီးရှူးမီးပန်းများကို သေချာပေါက် တွေ့မြင်ခဲ့လိမ့်မည်။ မီးရှူးမီးပန်းကိစ္စနှင့် ပတ်သက်ပြီး တစ်ဖက်လူ မည်ကဲ့သို့ခံစားရမည်ကို မသိရပေ...
အခန်းအပြင်ဘက်ရှိ မိုးမှောင်မျှော်စင် စစ်သားများသည် တံခါးကို မိနစ်အနည်းငယ်ကြာ စိုက်ကြည့်နေကြပြီး အခန်းတွင်းမှ တံခါးက ရုတ်တရက်ပွင့်လာသည်။ သူတို့သည် ကလစ်တစ်ချက်နှိပ်သံနှင့် တံခါးလက်ကိုင်ကို လှည့်လိုက်သည့်အသံကို ကြားလိုက်ရသည်။ ထို့နောက် မိုးမှောင်မျှော်စင် စစ်သားများသည် ကုဟွိုက်က လူတစ်ယောက်အရွယ်အစား၏ တစ်ဝက်လောက်ရှိသော အကွာအဝေးတစ်ခုဆီသို့ တံခါးအား တွန်းဖွင့်လိုက်သည်ကို တွေ့လိုက်ရပြီး သူတို့ကို မော့ကြည့်လာခဲ့သည်။ ထို့နောက် တံခါးက အတွင်းမှ ရုတ်တရက် ပွင့်လာသည်။
"မင်းတို့အားလုံး အပြင်မှာရပ်ပြီး ဘာလုပ်နေကြတာလဲ..." ကုဟွိုက် တံခါးကို အမှတ်မထင်ဖွင့် ဟန်ဆောင်ကာ အံ့သြစွာဖြင့် သူတို့ကို ကြည့်လိုက်သည်။
အမှန်တကယ်တွင် ကုဟွိုက်သည် တံခါးမှတစ်ဆင့် ဖြတ်သန်းလာသော ခံစားချက်ပေါင်းများစွာကို သတိပြုမိခဲ့သည်။ သူသည် တံခါးတစ်ချပ်သာ ခြားထားပြီး တံခါးအပြင်ဘက်တွင် မိုးမှောင်မျှော်စင် စစ်သားများစွာ ရှိနေသည်ကိုသိသည်။ မူလက ကုဟွိုက်သည် သူတို့ဝင်လာသည်ကို စောင့်နေချင်ခဲ့သည်။ နောက်ပိုင်းတွင် တံခါးအပြင်ဘက်၌ ဆက်နေနေသည်ကို တွေ့လိုက်ရသောကြောင့် အရင်ဆုံး သူတို့နှင့် စကားသွားပြောလိုက်သည်။
“အမ်၊ ငါတို့က... ငါတို့က...” ကော်လင်မှာအထစ်ထစ်အငေါ့ငေါ့ ဖြစ်နေသည်။
"အရင်ဆုံး ဝင်လာခဲ့ပါ.." ကုဟွိုက် တံခါးကို အနည်းငယ် ထပ်ဖွင့်ပေးလိုက်သည်။
ကုဟွိုက် တံခါးကို ဖွင့်ထားခဲ့လိုက်သည်။ မိုးမှောင်မျှော်စင် စစ်သားများသည် နေရာ၌ရပ်ကာ တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်ပြီး ခဏမျှ တုံ့ဆိုင်းသွားကြသည်။ နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ အခန်းထဲသို့ တယောက်ပြီး တယောက် ဝင်လာခဲ့ကြသည်။ ထိုအချိန်တွင် ကုဟွိုက်သည် ဆိုဖာပေါ်တွင် ထိုင်နေပြီး သူအရင်က မဖတ်ဖူးသော စာအုပ်ကို ငုံ့ကြည့်နေသည်။
ကုဟွိုက်၏စာဖတ်နေသော မျက်နှာမှာ အလွန်တည်ငြိမ်နေသည်။ စစ်သားများသည် ထိုမြင်ကွင်းကို ကြည့်ပြီး ပို၍ပင် စိုးရိမ်ထိတ်လန့်သွားကြသည်။ ကော်လင်သည် မေးခွန်းမေးရန် ရှေ့သို့တက်သွားလိုက်ပြီး “အဲဒီမီးရှူးမီးပန်းတွေကို... မင်းမြင်လား.."
ကုဟွိုက်သည် စာဖတ်ခြင်းအပေါ် အာရုံစိုက်ခြင်းမရှိပေ။ သူကိုင်ထားသည့်စာအုပ်ကို ပိတ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ “အင်း ငါမြင်တယ်..."
ကုဟွိုက်၏အဖြေသည် မိုးမှောင်မျှော်စင် စစ်သားများ၏ မျက်လုံးများကို တောက်ပလာစေခဲ့သည်။ ထို့နောက် ကော်လင်က ဆက်မေးလိုက်သည်။
"အဲဒါက ကြည့်ကောင်းတယ်လို့ မင်းထင်လား.."
ကုဟွိုက်သည် မီးရှူးမီးပန်းများ၏ နောက်ဆုံးပုံပန်းသဏ္ဍာန်ကို တွေးမိသွားပြီး သူ့ပါးစပ်က အနည်းငယ်လှုပ်ရှားသွားခဲ့သည်။ ထို့နောက် သူ့ပတ်ဝန်းကျင်ရှိ မိုးမှောင်မျှော်စင် စစ်သားများ၏ မျှော်လင့်ချက်များကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရပြီး သူတို့၏ မျှော်လင့်ချက်များအတိုင်း ရွေးချယ်တုံ့ပြန်ခဲ့သည်။
“တော်တော်လေး ကြည့်ကောင်းတယ်..” ကုဟွိုက် သူတို့ကို ပြုံးပြလိုက်သည်။
သူ့အား အနည်းငယ် ရှက်ရွံ့သွားစေသည့် မီးရှူးမီးပန်းများ၏ နောက်ဆုံးပုံသဏ္ဍာန်ကို လျစ်လျူရှုထားလိုက်လျှင် မီးရှူးမီးပန်းများက အမှန်တကယ်ကို လှပသည်ဟု ကုဟွိုက် ထင်မိသည်။ ကုဟွိုက် ကြည့်ကောင်းသည်ဟု ပြောလိုက်သည့်အချိန်မှာပင် ကာလန်သည် ချက်ချင်း ပြန်ပြောလိုက်လာခဲ့သည်။
“တကယ်တော့ ဒီမီးရှူးမီးပန်းတွေကို မင်း ကြည့်ချင်သေးရင် ငါတို့ ပိုလုပ်ပေးလို့ရတယ်..."
ကုန်ကျစရိတ် မသက်သာသော်လည်း မိုးမှောင်မျှော်စင်က ၎င်းကိုတော့ တတ်နိုင်ပါသေးသည်။ ထိုစကားများကို ကြားသောအခါ ကုဟွိုက်မှာ ချောင်းဆိုးကာ ခေါင်းယမ်းလိုက်သည်။
“တစ်ခါလောက် ကြည့်ရရုံနဲ့ လုံလောက်ပါတယ်။ ငါ့အတွက် သီးသန့်ကြီး လုပ်စရာမလိုပါဘူး"
မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်းသာ နောက်ထပ် အကြိမ်အနည်းငယ်မျှ ဖြစ်ပွားသွားပါလျှင် ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်းသည်လည်း ရူးသွပ်သွားနိုင်ဖွယ်ရှိသည်။
မီးရှူးမီးပန်းများအား တစ်ဖက်လူမြင်စေရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကုဟွိုက်၏ ယဉ်ကျေးစွာငြင်းပယ်မှုသည် မိုးမှောင်မျှော်စင် စစ်သားများကိုနောင်တရစေခဲ့သော်လည်း ကုဟွိုက်သည် မီးရှူးမီးပန်းများကိုနှစ်သက်သည့်အတွက် အလွန်ဝမ်းသာမိသည်။
"ဒီမီးရှူးမီးပန်းတွေကို မင်းတို့ လွှတ်လိုက်တာလား.." ကုဟွိုက်သည် အံ့အားသင့်မှုကို ရည်ရွယ်ချက်ရှိရှိ ပြသလိုက်သည်။
ကာလန်သည် သူတို့ လိမ်ညာထားသေးသည်ကို သတိရမိသွားသည်။
“အမ်... ဟုတ်တယ်၊ ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်းရဲ့ ဆက်လက်တည်တံ့မှုကို ကြိုပြီး ဂုဏ်ပြုပေးဖို့ ငါတို့ စီစဉ်ထားတာ..."
သူ့မျက်နှာသည် အလိမ်အညာများကြောင့် နီမြန်းခြင်းမရှိခဲ့ပေ။ ကာလန်သည် သူ့ရှေ့ရှိ သံသယကင်းစွာဖြင့် သူ၏စကားများအား အပြည့်အဝယုံကြည်ကြောင်း ဖော်ပြနေသော လူငယ်လေးအား ကြည့်လိုက်သည်။ ပရဟိတဟူသော လိမ်ညာမှုသည် အဆုံးသတ်သွားသည်ဟု ယူဆနိုင်ပြီး ကာလန်သည် တိတ်တဆိတ် စိတ်သက်သာရာရသွားသည်။
မီးရှူးမီးပန်းများအား တွေ့ကြုံရပြီးနောက် မိုးမှောင်မျှော်စင်သည် တစ်ခုခုပြုလုပ်ခဲ့လျှင်ဟု တွေးကာ ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်းသည် လာမည့်ရက်အနည်းငယ်အတွင်း အစောင့်အကြပ်များ ချထားပေသည်။ သို့သော် အမှန်တကယ်ကို အေးဆေးတည်ငြိမ်ပြီး ဘာမှဖြစ်မလာခဲ့ပေ။ ထိုအခြေအနေသည် သူတို့ အနားယူချင်သော်လည်း အနားမယူရဲသည့် စိတ်ပင်ပန်းမှုအခြေအနေကို ရောက်ရှိသွားစေသည်။
ကြယ်တာရာ မဟာမိတ် အဖွဲ့အစည်းသည် ဤရက်ပိုင်းအတွင်း အတော်လေး စိတ်ပူပန်နေသော်လည်း မိုးမှောင်မျှော်စင်ရှိ ကုဟွိုက်၏နေ့ရက်များက အတော်လေး သက်တောင့်သက်သာရှိလှပေသည်။ သူသည် ပင်လယ်အား မြင်ရသည့်အခန်းတွင် နေထိုင်ပြီး နေ့တိုင်း သူစားချင်သည့် အစားအသောက်များကို မှာယူနိုင်ပေသည်။ သူပြောလိုက်သည်နှင့် သူလိုချင်တာမှန်သမျှ ရနိုင်သည်။
ဤရက်ပိုင်းတွင် စစ်သားများသည် အလွန်ပျော်ရွှင်နေကြသည်။ ကုဟွိုက် ဤနေရာရှိနေသောကြောင့် အခြေစိုက်စခန်းက သူတို့ပိုင်နက်အဖြစ် ရုတ်တရက် ခံစားလာရစေသည်။ သူတို့ ပျော်ခဲ့ကြသော်လည်း... မကြာခင်မှာပင် အဖြစ်မှန်ကို ရင်ဆိုင်တွေ့ကြုံခဲ့ရသည်။
"ငါ့မိသားစု ဒီကိုရောက်ပြီလား.." အမှန်တွင် သူသည် သူ၏ဝိညာဉ်ရေးဆိုင်ရာနယ်ပယ်တွင် အလင်းအစက်အပြောက်များမှ သူ၏ဇက်များရောက်ရှိလာသည်ကို သိနိုင်ပေသည်။ ကုဟွိုက် သူ့စာအုပ်ကိုပိတ်လိုက်ပြီး ကာလန်ကို မော့ကြည့်လိုက်သည်။
ထိုအချိန်၌ သူ လိမ်ညာလိုက်နိုင်လျှင် ကောင်းလိမ့်မည်။ သို့သော် ကာလန်သည် လူငယ်လေး၏မျက်လုံးများကို ကြည့်ပြီး သူ့မျက်ဆံများက ကျဉ်းမြောင်းသွားသည်။ နောက်ဆုံးတွင် သူ ရိုးသားစွာ ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်၊ သူတို့ မင်းကို လာခေါ်မယ်လို့ပြောတယ်..."
ကုဟွိုက် အရမ်းကောင်းတယ်ဟု ပြောလိုက်သည်။ သူ့မျက်နှာပေါ်ရှိ ရွှင်မြူးသောအမူအရာကြောင့် ထိုနေရာတွင်ရှိနေသော မိုးမှောင်မျှော်စင် စစ်သားများ၏ခံစားချက်မှာ အလွန်ရှုပ်ထွေးသွားကြသည်။ ဤလူသည် သူတို့နှင့် အမှန်တကယ် မသက်ဆိုင်ကြောင်း နားလည်ထားသော်လည်း မိုးမှောင်မျှော်စင် စစ်သားများသည် တစ်စုံတစ်ခုကို ဆုံးရှုံးသွားသကဲ့သို့ ခံစားနေကြရဆဲဖြစ်သည်။
သို့သော် ကုဟွိုက်သည် ထိုအချိန်တွင် အလွန်ပျော်ရွှင်နေသဖြင့် သူတို့အား ထပ်တူညီသော ပျော်ရွှင်မှုခံစားချက်များကို ဖြစ်ပေါ်စေခဲ့သည်။ ထို့ကြောင့် သူတို့၏စိတ်ခံစားချက်များသည် အလွန်ဝိရောဓိ ဖြစ်နေကြသည်။ ဇက်များသည် အလွန်စွမ်းအားကြီးလွန်းသဖြင့် သူတို့၏ဘုရင်ကို ကာကွယ်နိုင်ပြီး လူငယ်လေးအား သူတို့၏အခြေစိုက်စခန်းထက် ပိုမိုသက်တောင့်သက်သာရှိသော နေထိုင်မှုပတ်ဝန်းကျင်ကို ပေးစွမ်းနိုင်ပေလိမ့်မည်။ ဇက်များသည် သူတို့ထက် ပိုကောင်းပေသည်...
ဤနည်းဖြင့် မိုးမှောင်မျှော်စင် စစ်သားများ၏ စိတ်ဓာတ်သည် ပို၍ပင် ကျဆင်းလာပြန်သည်။ ဇက်၏ယူးလာစစ်သင်္ဘောသည် နီရာသို့ ဆင်းသက်လာခဲ့ပြီး အခြားစစ်တပ်ခေါင်းဆောင်သုံးဦးကို ခေါ်ဆောင်လာခဲ့သည်။
ဇက်တပ်ဖွဲ့များသည် မိုးမှောင်မျှော်စင်၏ အခြေစိုက်စခန်းသို့ ဝင်ရောက်လာခဲ့ပြီး အလ်ဗ်သည်လည်း သူ့ကိုယ်သူ ကိုယ်ယောက်ဖျောက်ထားရန် မလိုအပ်တော့ပေ။ အလ်ဗ်သည် အခြားဇက်များထက်စောပြီး ကုဟွိုက်ရှေ့တွင် ပေါ်လာကာ သူပေါ်လာသည်နှင့် ကုဟွိုက်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် သူ့အမြီးဖြင့် ရစ်ပတ်ထားလိုက်သည်။
စေ့စပ်ညှိနှိုင်းရေး ကျွမ်းကျင်သော ကြီးကြပ်ရေးမှုးသည် မိုးမှောင်မျှော်စင်နှင့် စကားပြောထားနှင့်ပြီးဖြစ်သည်။ မိုးမှောင်မျှော်စင်သည် ဇက်များက ကုဟွိုက်အား ခေါ်ဆောင်သွားရန် သဘောတူခဲ့ပြီး ၎င်းသည် အစကတည်းက ကာလန် သဘောတူထားခဲ့သည့် ကိစ္စပင်။ မရည်ရွယ်ဘဲ မိုးမှောင်မျှော်စင် အခြေစိုက်စခန်းတစ်ခုလုံး၏ လေထုသည် နိမ့်ပါးသွားသည်။ မိုးမှောင်မျှော်စင် စစ်သားများသည် ဇက်များက ကုဟွိုက်အား ခေါ်ဆောင်သွားခြင်းကို ကြည့်နေကြပြီး စစ်သားအများစုသည် သူတို့၏ဒေါင်လိုက် မျက်ဆံများ ကျဉ်းမြောင်းသွားကြသည်။
ဇက်ဗီဇမပါရှိသော မိုးမှောင်မျှော်စင် စစ်သားများသည်ပင် မကြာသေးမီရက်များအတွင်းက သူတို့နှင့် ထိတွေ့ဆက်ဆံခဲ့ဖူးသော နွေးထွေးမှုနှင့် ပိုင်ဆိုင်လိုမှုတို့ကို ခံစားခဲ့ရပြီး ယခုအခါ ထပ်တူထပ်မျှ ခံစားလာခဲ့ရသည်။ နှုတ်ဆက်စကားဆိုခြင်းသည် မိုးမှောင်မျှော်စင် စစ်သားများ ကောင်းကောင်းလုပ်တတ်သည့် အရာမဟုတ်ပေ။ မျိုးရိုးဗီဇ ပြုပြင်မွမ်းမံခြင်းကို အတင်းအကျပ် လုပ်ဆောင်ခံခဲ့ရပြီးနောက် သူတို့သည် ၎င်းကို မတွေ့ကြုံ မခံစားခဲ့ရဖူးပေ။
“အဲဒီ... မီးရှူးမီးပန်း ဟုတ်တယ် မီးရှူးမီးပန်းတွေ ငါတို့ တူဆာဂြိုဟ်တစ်ဝိုက်မှာ တစ်နှစ်တစ်ကြိမ် ပစ်လွတ်ပေးမယ်။ အနီးအနားကနေပြီး မင်း ကြည့်လို့ရတယ်.." ကာလန် ဖျစ်ညှစ်ကာ ပြုံးပြလိုက်သည်။
မိုးမှောင်မျှော်စင် စစ်သားများသည် မီးရှူးမီးပန်းများအား ကြည့်ကောင်းကြောင်း ကုဟွိုက် ပြောခဲ့သည်ကို မမေ့ခဲ့ကြပေ။ ထို့ကြောင့် ကာလန်၏ သဘောထားအတိုင်း သဘောတူလိုက်ကြသည်။ သူတို့မျက်နှာပေါ်ရှိ အပြုံးများသည် ငိုနေသကဲ့သို့ အကျည်းတန်လွန်းလှကာ သူတို့သည် မခွဲခွာချင်သည့်ပုံရသည်။ ကုဟွိုက်သည် ၎င်းကို တိတ်တဆိတ်ကြည့်ကာ ဆုံးဖြတ်ချက်ချလိုက်သည်။
ကုဟွိုက်သည် ဇက်မျိုးနွယ်၏ နံဘေးတွင် ရပ်နေသော်လည်း သူနှင့် ဆန့်ကျင်ဘက်တွင်ရှိသော မိုးမှောင်မျှော်စင် စစ်သားများထံ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး “မင်းတို့ ငါနဲ့အတူအိမ်ပြန်လိုက်ချင်လား..."
စာရေးသူမှာ ပြောစရာရှိပါတယ်။
ဟွိုက်ပေါင်း (လက်ကမ်းပေးလျှက်): ငါနဲ့အတူ အိမ်ပြန်လိုက်ခဲ့။
မိုးမှောင်မျှော်စင်၏ ဇက်ဗီဇတစ်ဝက် ပါရှိသောဇက်များ: ...(နာခံစွာ နောက်မှ လိုက်လာကြသည်။)