အခန်း ၄၈
Viewers 10k

Chapter 48

CHAPTER 48


ကုဟွိုက်သည် လက်ကိုဆန့်ထုတ်လိုက်၏။ သူနှင့်မျက်နှာချင်းဆိုင်မှ မိုးမှောင်မျှော်စင်အဖွဲ့ဝင်များမှာချက်ချင်းမတုံ့ပြန်နိုင်ခဲ့ကြချေ။ အားလုံး၌ ကြောင်စီစီအမူအရာကိုယ်စီရှိနေကြသည်။


အိမ်ပြန်မယ်..သူတို့ကိုပြောလိုက်တာလား? သူတို့မှာ ကြားလိုက်ရသည့် စကားကိုပင်မယုံကြည်နိုင်ကြ။ မိုးမှောင်မျှော်စင်စစ်သည်တော်များက ကုဟွိုက်အားစောင့်ကြည့်ရန် နေရာတွင်ပင်ရပ်လိုက်ကြသည်။ သူတို့၏တကိုယ်တော်သံသယများကြောင့် ရှေ့ကိုပင်မလှမ်းရဲကြပေ။


"ဘာ...ဘာပြောလိုက်တာ..?"


ကာလန်က ခွေးအလှည်းနင်းသလိုဖြစ်နေပြီး အတည်ပြုနိုင်ရန် ကြိုးပမ်းနေရရှာသည်။


ကုဟွိုက်က အကြောဆန့်နေဆဲဖြစ်ကာ နောက်တကြိမ် အသေအချာဖြင့် ညင်သာစွာပြောလိုက်ပြန်၏။


"မင်းတို့ ငါနဲ့အတူ အိမ်ပြန်မလိုက်ဘူးလား.."


ဤတကြိမ်တွင် သူတို့နားကြားမလွဲသည်မှာ သေချာသွားပြီ။ သူတို့ကြားလိုက်သည့်စကားက မမှားသည့်အခါ မိုးမှောင်မျှော်စင်စစ်သည်တော်များမှာ ပို၍ပင် ပြောစရာစကားပျောက်ရှသွားရလေ၏။


ကာလန်၏အသံက လည်ချောင်းထဲတွင်တစ်နေကာ သူ့အသံသူကိုပင် ခက်ခက်ခဲခဲ ညှစ်ထုတ်နေရသည်။


"အိမ်အတူပြန်လိုက်ခဲ့ဆိုတာက...."


သူတို့ထင်ထားတဲ့အတိုင်းများလား? ကုဟွိုက်က မပွင့်တပွင့်လုပ်ရန်ရည်ရွယ်ချက်မရှိခဲ့ပေ။ သူသည် မိုးမှောင်မျှော်စင်စစ်သည်တော်များအားစိတ်မထင့်စေလို၍ ခပ်ရှင်းရှင်းသာပြောလိုက်သည်။


"ငါနဲ့ဇက်တွေရဲ့နေရာလိုက်ခဲ့...ပြီးတော့...အဲဒီမှာနေလေ...ဘယ်လိုသဘောရလဲ.."


 မိုးမှောင်မျှော်စင်စစ်သည်တော်များမှာ သူတို့၏ခြောက်ကပ်နေသောမျက်လုံးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး အားငယ်စိတ်များကိုဖယ်ရှားနေကြရသည်။ ဒါပေါ့၊ လိုက်မှာပေါ့...


ကာလန်က ခေါင်းညိတ်ကာ အပျော်လွန်သွားသောကြောင့် ရှေ့တလှမ်းတိုးလာပြီး ကုဟွိုက်လက်အားလာဆွဲရန်ကြံသည်။ သူကရှေ့သို့်ဆက်လျှောက်သွားပြီး လက်ပင်မမြှောက်ရသေးခင် သူ၏ဘေးမှလူကဝင်တားလာ၏။


စီဗာက စကားမပြောဘဲ အရင်ဆုံး ကုဟွိုက်လက်အား လှမ်းဆွဲလာသည်။ ကာလန်၏တုံ့ပြန်မှုက နောက်ကျသွားရပြီး တဖက်လူကိုသတ်ဖြတ်ချင်စိတ်များပြည့်နေသော အေးစက်စက်မျက်လုံးများဖြင့်ကြည့်လိုက်သည်။ သို့သော် သူဘာကိုမျှမပြောခဲ့။ အတိအကျပြောရပါမူ စီဗာကမိုးမှောင်မျှော်စင်၏ခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ ဤအပြုအမူဖြင့် မိုးမှောင်မျှော်စင်တစ်ခုလုံးကိုယ်စား သူ၏သဘောထားကိုဖော်ပြခြင်းက ပိုမို သင့်တင့်လျောက်ပတ်၏။


မည်သူကပင် အရင်ဆုံးလက်ခံသည်ဖြစ်စေ ကိစ္စမရှိ၊ သူတို့ဘက်မှ အင်မတန် ဆန္ဒရှိနေသည်မှာ ရှင်းလင်းနေသည်။ ကာလန်က တွန့်ဆုတ်နေပြီးမှမေးလိုက်၏။


"ဘာလို့လဲ...ဘာလို့ အရှင်က ကျွန်တော်တို့ကိုအိမ်အတူပြန်စေချင်ရတာလဲ.."


သူ၏နှလုံးသားအတွင်းထဲမှ ဇက်မျိုးနွယ်ကို အတိအကျလက်ခံလိုက်ပြီးသည့်နောက် သူသည် ယခင်ကခေါ်နေကျအတိုင်း ကုဟွိုက်အား 'မင်း' ဆိုသောအသုံးအနှုန်းကိုမသုံးတော့ပေ။ မိုးမှောင်မျှော်စင်စစ်သည်တော်များမှာ အခြားသောမျိုးနွယ်စုများကိုဆန့်ကျင်ပြီး ပေါင်းသင်းရန်ဖိအားပေးခံရသည်မှာ ထိုမျိုးစိတ်များက သူတို့ကိုထူးဆန်းစေသောကြောင့်ပင်။ သို့သော် ဤအခိုက်အတန့်၌မူ ကုဟွိုက်ကြောင့် သူတို့၏လက်ရှိဖြစ်တည်မှုကို လက်ခံလာကြပေပြီ။


ကုဟွိုက်သည် တဖက်လူ၏မေးခွန်းကိုကြားရပြီး သူ၏မျက်ခုံးများက ကွေးညွတ်သွားကာ မျက်လုံးများကကြည်လင်လာ၏။


"ငါအရင်ကဒီလိုမျိုးမပြောဖူးဘူး၊ ဒါပေမဲ့ မင်းတို့မျက်လုံးတွေက ငါ့ကိုအရမ်းရင်းနှီးတဲ့ခံစားချက်မျိုးပေးတယ်၊ ဘာလို့ မင်းတို့အများစုက အဲဒီလိုမျက်လုံးမျိုးရှိတာလဲ၊ ငါသိလို့ရလား..."


"ငါလော်ဒါကြယ်ပေါ်မှာလည်း မင်းတို့အဖွဲ့အစည်းထဲကအခြားလူတွေကိုတွေ့ခဲ့တယ်၊ စစ်သည်တစ်ယောက်ဖြစ်ဖို့ အကြောင်းပါလာတဲ့ အရောင်တူမျက်လုံးနဲ့လူတွေပေါ့၊ သူတို့က သာမန်ဇက်တွေလို တူညီတဲ့ခံစားချက်မျိုးပေးတော့ ငါသူတို့ကိုလက်မလွှတ်နိုင်ဘူး.."


ကုဟွိုက် သူနှင့်မျက်နှာချင်းဆိုင်မှ လူများကို တည့်တည့်ကြည့်လိုက်သည်။


"မင်းတို့နဲ့အတူတူပဲ..စွန့်ပစ်ထားခဲ့ရုံကလွဲလို့ အခြားနည်းလမ်းမရှိခဲ့ဘူး၊ ငါကဒီကိုရောက်လာရပြီး မင်းတို့ကိုထိန်းချုပ်ဖို့ကြိုးစားရတယ်၊ ကိစ္စတွေကအဆင်ပြေသွားရင် ငါမင်းတို့ကို ငါနဲ့အတူပြန်ခေါ်သွားချင်တယ်.."


ကုဟွိုက်က မိုးမှောင်မျှော်စင်အခြေစိုက်စခန်းကို လာရန်ရည်ရွယ်ချက်ရှိသည့်အကြောင်း ရိုးရိုးသားသားဝန်ခံလိုက်သည်။


ကုဟွိုက် ထိုမျှအထိပြောလိုက်ရခြင်းမှာ ကာလန်အတွက်အခြေအနေကိုနားမလည်မှာမဖြစ်နိုင်သောကြောင့်ပင်။ သို့ရာတွင် သူလှည့်ဖြားရန်တွေးနေခြင်းမဟုတ်။ သူတွေးနေသည်က...


ထိုအတိုင်းဆိုပါက သူမတိုင်ခင်ကပြောခဲ့သမျှအလိမ်အညာတိုင်းကိုတဖက်က သိထားပြီးသားဖြစ်လေသလား။ တဖက်လူက အားလုံးသိထားသော်လည်း သူတို့အားလက်ခံစေချင်နေဆဲပင်။ ကာလန်က ပါးစပ်ဟလာသော်ငြား အသံထွက်မလာနိုင်ပေ။ ခဏအကြာတွင် သူလည်ချောင်းရှင်း၍ပြောလိုက်လေ၏။


"အင်း...ကျွန်တော်တို့...အခုသွားကြရအောင်.."


အားလုံးက နှေးကွေးလေးလံမနေကြချေ။ မိုးမှောင်မျှော်စင်စစ်သည်တော်များမွာ တပြိုင်တည်းတုံ့ပြန်လာကြပြီး ကုဟွိုက်အနောက်မှ လိုက်လာကြသည်။


ကုဟွိုက်က လက်ခံလိုက်၏။


"ကောင်းပြီ..."


ကုဟွိုက် ခေါင်းညိတ်သည်ကိုမြင်လိုက်သည်နှင့် မိုးမှောင်မျှော်စင်စစ်သည်တော်များအားလုံးက သူတို့အိတ်များကိုစတင်ပြင်ဆင်ကြသည်။ တကယ်တမ်း၌ သူတို့သည် မည်သည့်ခရီးဆောင်အိတ်ကိုမျှ မသယ်လာချင်ကြပေ။ သူတို့ပစ္စည်းများအားလုံးမှာ အခြေစိုက်စခန်းတွင်ရှိနေကြသည်...


မလွှတ်တင်ရသေးသော ဥက္ကာခဲအပါအဝင် ထိုပစ္စည်းများအားလုံးက သူတို့ လူငယ်လေးအားပေးချင်နေသောပစ္စည်းများပင်။


သူတို့အိတ်များကို ထုပ်ပိုးပြီးသွားပြီ။ မိုးမှောင်မျှော်စင်စစ်သည်များသည် သူတို့၏စစ်သင်္ဘောများကို ကမ်းမှခွာပြီးနောက် ဇက်များရွက်လွှင့်ရာအနောက်မှလိုက်လာကြသည်။ သူတို့သည် ဇက်များနေထိုင်ရာနေရာသို့တခါသော်မျှ မရောက်ဖူးခဲ့ကြပေ။ သူတို့ သာမန်လူသားများအဖြစ်နေထိုင်စဉ်က ဇက်များ၏ရက်စက်ကြမ်းကြုတ်မှုအကြောင်းကိုသာကြားဖူးခဲ့ကြသည်။


ထူးဆန်းပြီး မသေချာမှုများဖြင့် ပြည့်နှက်နေသောနေရာသို့သွားနေရသော်လည်း မိုးမှောင်မျှော်စင်စစ်သည်တော်များသည် စကားမဆိုဘဲလိုက်လာနေကြဆဲ။ ကုဟွိုက်က သူတို့အား 'အိမ်အတူပြန်ကြမယ်' ဟုပြောခဲ့၍ ယုံကြည်မှုနှင့်မျှော်လင့်ချက်များ ပြည့်သိပ်နေခဲ့ကြသည်။


နော်ဒရာကြယ်စုသွားရာ တလမ်းလုံး မိုးမှောင်မျှော်စင်သင်္ဘောများက ဇက်တို့၏သင်္ဘောများအနောက်မှ လိုက်ပါလာခဲ့ကြသည်။ ကုဟွိုက်ကမိုးမှောင်မျှော်စင်စစ်သည်တော်များကို တူဆာဂြိုလ်ပေါ်တွင် ယာယီနေရာချထားခဲ့ပြီး အရေးကြီးသောကိစ္စများကို စတင်ဖြေရှင်းရသည်။ သူသည် ကြယ်တာရာမဟာမိတ်ဌာနချုပ်မှ ကြီးကြပ်ရေးမှူးကိုအကြောင်းကြားပြီး သူတို့အပေါ် တင်နေသောအကြွေးအတွက် အကူအညီတောင်းခံခဲ့သည်။ 


ဘာလို့ အစီအစဉ်အတိုင်းဥက္ကာခဲကိုမလွှတ်တင်ဘဲ မီးပန်းတွေဖြစ်ကုန်တာလဲ။ သူတို့သည် လော်ဒါကြယ်မှရရှိလာသော သတင်းအချက်အလတ်များအရ ၎င်းမှာဇက်များကြောင့်ဖြစ်ရကြောင်းနားလည်သွားကြသည်။ ထပ်ပေါင်းပြောရပါမူ လော်ဒါကြယ်သည် ဇက်များကိုအကူအညီမတောင်းခဲ့ဖူးပေ။ အနာဂတ်ခေတ်သစ်၏ တိကျသောသတင်းအချက်အလတ်များကြောင့် မည်သည့်သတင်းမဆိုပျံ့နှံ့လွယ်စေသည်။ မျိုးနွယ်စုတိုင်းမှလူများမှာ ထိုအကြောင်းကိုကြားပြီးကြလောက်ပြီ။


ဆက်သွယ်မှုကိုစတင်သည်နှင့် ကုဟွိုက်မှာ ကြယ်တာရာမဟာမိတ်အဖွဲ့ကောင်စီနှင့် ရင်ဆိုင်ရတော့၏။ သူသည် အလ္လာသပလ္လာသစကားပလ္လင်ပင်မခံနေတော့ဘဲ လိုရင်းကိုသာတည့်တိုးပြောလိုက်လေသည်။


"မိုးမှောင်မျှော်စင်က ကြယ်တာရာမဟာမိတ်အဖွဲ့ကို ထပ်ပြီးခြိမ်းခြောက်တော့မှာမဟုတ်ပါဘူး၊ ခင်ဗျားတို့စိတ်ချထားကြပါ၊ မိုးမှောင်မျှော်စင် ကိုရှင်းလင်းပစ်ဖို့ ဇက်တွေကတာဝန်ယူပါလိမ့်မယ်၊ ကြယ်တာရာမဟာမိတ်အဖွဲ့အနေနဲ့လည်း ဝင်မပါတော့ဖို့ ကျွန်တော်မျှော်လင့်ပါတယ်.."


မိုးမှောင်မျှော်စင်ကြောင့်ပျက်ဆီးရမှုနှင့် မကြာသေးခင်က ကြယ်တာရာအတွင်း တင်းမာမှုများဖြစ်ပေါ်စေခဲ့ခြင်းက ကြယ်တာရာမဟာမိတ်အဖွဲ့မှ မိုးမှောင်မျှော်စင်ကိုဆက်လက်ပြီး အပြစ်မရှာတော့ရန် မဖြစ်နိုင်သည့်အချက်ဖြစ်လာခဲ့သည်။ သဘာဝအရ အဆိုပါမိုးမှောင်မျှော်စင်စစ်သည်တော်များသည် စည်းရှိပြီး ဝီရိယကောင်းကြကာ ဝင်ရောက်စွက်ဖက်တတ်ကြသည်။ ယခု ကုဟွိုက်ကသူတို့အားတောင်းဆိုလိုက်၍ ကြယ်တာရာမဟာမိတ်အဖွဲ့က မငြင်းပယ်နိုင်ချေ။


ကြယ်တာရာမဟာမိတ်အဖွဲ့သည် မိုးမှောင်မျှော်စင်အပေါ် ဇက်များ၏လွှမ်းမိုးနိုင်မှုကို အပြည့်အဝနားလည်ထားကြသည်။ အကျိုးအကြောင်းသင့်စွာစဉ်းစားကြည့်ပါက သူတို့ကုဟွိုက်၏တောင်းဆိုချက်ကိုလက်ခံလိုက်လျှင် ဇက်များကို စစ်တပ်အင်အားကောင်းလာစေရန် ခွင့်ပြုပေးလိုက်သလိုဖြစ်သွားလိမ့်မည်။ စစ်တပ်တင်မကဘဲ ထိုဥက္ကာခဲကိုပါ...


ကြောက်ရွံ့မှုမရှိနေခြင်းမျိုး မဟုတ်သော်လည်း ဇက်များကသူတို့ကိုအများအပြားကူညီခဲ့သည်။ သူတို့၏ရုံးချုပ်က ဇက်များ၏ဖျက်ဆီးခြင်းကိုမခံရသေးပေ။ သူတို့သာ ကုဟွိုက်၏တောင်းဆိုချက်ကို မလိုက်လျောခဲ့လျှင် အရှက်ကွဲရလိမ့်မည်။


၎င်းတို့မှာ ကုဟွိုက်အပေါ် ကျေးဇူးကြွေးတင်ထားကြ၍ ကြယ်တာရာမဟာမိတ်အဖွဲ့က ကုဟွိုက်၏တောင်းဆိုချက်ကို လက်ခံပေးရလိမ့်မည်။ သူတို့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ အသုံးမဝင်ပါချေ။ မိုးမှောင်မျှော်စင်စစ်သည်များသည် ယခု ဇက်တို့နေထိုင်ရာနေရာတွင်ရှိနေကြ၏။ ကုဟွိုက်က ၎င်းတို့ကို ကြယ်တာရာမဟာမိတ်အဖွဲ့သို့လက်လွှဲမပေးချင်လျှင် ဖိအားပေး၍မရနိုင်ပေ။


ယခု ကုဟွိုက်က သူတို့ကိုဆက်သွယ်လာပြီး ဝင်ရောက်စွက်ဖက်ခြင်းမပြုလာကြရန် မျှော်လင့်ထားသည်။ ကြယ်တာရာမဟာမိတ်အဖွဲ့သည်လည်း ၎င်းကသူတို့အား သက်ညှာထားခြင်းဖြစ်ကြောင်းနားလည်သည်။


"ကျွန်တော်တို့ဘက်က သင့်တော်တဲ့အပြစ်ကိုပေးမှာပါ..."


ကုဟွိုက် အဆင်ပြေစွာပြောဆိုပြီးသည့်နောက် ဆက်သွယ်မှုကိုဖြတ်တောက်လိုက်သည်။


သူသည် အပြင်လူများကို အပြစ်ပေးမည်ဟုပြောခဲ့ပြီး ကုဟွိုက်မှာထိုကိစ္စကို မည်သို့လုပ်ရမည့်အကြောင်း စဉ်းစားရတော့သည်။


ဇက်များထံတွင် ဂြိုလ်အများအပြားအားပိုင်ဆိုင်ထားကြပြီးပြီ။ အမျိုးမျိုးသောမျိုးနွယ်စုများအကြား စစ်ပွဲများဆက်တိုက်ဆိုသလိုဖြစ်ပွားနေခဲ့သော ခေတ်ဟောင်းတွင် ဇက်များက စာနာမှုမရှိဆုံးဖြစ်ခဲ့ကြသည်။ ထပ်မံဆိုရပါက ၎င်းတို့သည် မျိုးနွယ်စုများအားလုံးအနက် ဂြိုလ်များကိုပိုင်ဆိုင်မှုအရှိဆုံးမျိုးနွယ်များဖြစ်ကြ၏။ ဇက်များသည် ပိုင်ဆိုင်ထားသောဂြိုလ်တိုင်းအားတိုးတက်ဖွံ့ဖြိုးလာအောင် မလုပ်နိုင်ခဲ့ကြပေ။ ဂြိုလ်အများအပြားက မူလအခြေအနေတွင်သာရှိနေသေးသည်။ ထို့ကြောင့် ကုဟွိုက်က သူ့အစီအစဉ်အတိုင်းလုပ်နေရခြင်းပင်။


သူသည် ဖွံ့ဖြိုးရန်လိုအပ်နေသည့် ဂြိုလ်တစ်လုံးကို တည်ထောင်ပြီး မိုးမှောင်မျှော်စင်ကို တည်ဆောက်ရန် စီစဉ်ထားသည်။  ဇက်တို့နှင့်ပူးပေါင်းလာသော မိုးမှောင်မျှော်စင်စစ်သည်များမှာ ဇက်များကဆောက်လုပ်ရေးအတွက် လိုအပ်သမျှကိုကူညီပေးနေချိန်တွင် သူတို့အိမ်ကို ကိုယ်တိုင်ဆောက်လုပ်နိုင်သည်။


ပြင်ပတွင် ၎င်းမိုးမှောင်မျှော်စင်စစ်သည်တော်များက ကြယ်တာရာဆိပ်ကမ်း၏အစောင့်အကြပ်အနေဖြင့်သာ သတ်မှတ်ခံရသည်။ ကုဟွိုက်ကစစ်သည်တော်များကို တူဆာတွင် ယာယီနေရာချပေးရန် နှင့် သူတို့၏ဆန္ဒကို မေးမြန်းရန် ရည်ရွယ်ချက်အားရှင်းပြလိုက်၏။ တုံ့ပြန်မှုများက အားရစရာပင်။


"ကျွန်တော်တို့အရမ်းသဘောကျတယ်.."


စီဗာက မိုးမှောင်မျှော်စင်တစ်ခုလုံးကိုယ်စား အဖြေပြန်ပေးခဲ့သည်။


မည်သူထံကမှ အသိအမှတ်ပြုမခံခဲ့ရသော မိုးမှောင်မျှော်စင်စစ်သည်များအတွက် ၎င်းတို့အလိုအရှိဆုံးအရာမှာအိမ်တစ်လုံးပင်။ သူတို့၏ကိုယ်ပိုင်အိမ်လေးတစ်လုံးအား ဆောက်လုပ်ရန် ခက်ခဲသည်ဟုလည်း မခံစားကြရပေ။ ၎င်းတို့စိတ်ထဲတွင် ပျော်ရွှင်ကြည်နူးခြင်းတို့သာ ရှိလေသည်။


ဖွံ့ဖြိုးရန်လိုအပ်နေသောဂြိုလ်က တူဆာနှင့်မဝေးလှချေ။ ကုဟွိုက်နှင့်နီးစပ်ချင်ကြသော မိုးမှောင်မျှော်စင်စစ်သားများအတွက်မူ ပျော်စရာကောင်းစေသည်။ ၎င်းကဆိပ်ကမ်းကိုပြောင်းရွှေ့ခြင်းဖြစ်သော်လည်း ဇက်စစ်ကြောင်းကြီးက ဂြိုလ်ပေါ်တွင် တည်ဆောက်နေမှုကိုကူညီနေသည့်မြင်ကွင်းအား ကြည့်ရှုနေရသည့်အခြားမျိုးနွယ်စုများမှာ မည်သည့်ကိစ္စများဖြစ်ပျက်နေမှန်း နားမလည်နိုင်ကြပါချေ။


သို့သော်လည်း ဇက်များက အပြင်လူများကို ကြေညာချက်ထုတ်ပြန်ခဲ့ပြီးပြီ။ ယုံသည်၊ မယုံသည်က သူတို့၏သဘောထားပင်။ ဂြိုလ်တစ်လုံး၏ ကနဦးတည်ဆောက်မှုနှင့် တိုးတက်မှုကမလွယ်ကူချေ။ စွန့်ပစ်မြေတစ်ခုကိုပြန်ရရန် လုပ်သားအင်အားနှင့်စက်ပစ္စည်းအများအပြားလိုအပ်သည်၊ နေအိမ်များတည်ဆောက်ရန်၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ဆောင်ရန်..စသဖြင့်...


ဇက်တို့၏နည်းပညာအပြင် ကုဟွိုက်သည် ဆောက်လုပ်ရေးအတွက်အခြားမျိုးနွယ်စုများမှထံမှ နည်းပညာများကိုလည်းယူခဲ့သည်။ ကုဟွိုက်မှာ ကြယ်တာရာမဟာမိတ်ထံမှလည်း ပိုမိုစုဆောင်းခဲ့ရသည်။ ဤတကြိမ်တွင် ကြယ်တာရာမဟာမိတ်အဖွဲ့သည် ဇက်များအပေါ် အမှန်တကယ်ကို အကြွေးတင်သွားခဲ့ပြီ။ အကြောင်းမှာ အဆိုပါအကူအညီတောင်းခံမှုက ကုဟွိုက်၏ပင်ကိုယ် ကနဦးခြေလှမ်းမဟုတ်ဘဲ ကြယ်တာရာမဟာမိတ်အဖွဲ့က ၎င်းတို့သဘောနှင့်ပင်ပေးခဲ့ခြင်းဖြစ်၍ ကုဟွိုက်လည်း အားနာမနေတော့ပေ။


ဇက်မျိုးနွယ်စု၏ အမျိုးမျိုးသောနည်းပညာများက လက်ဖျားခါလောက်၏၊ ဥပမာ အခြားမျိုးနွယ်စုများပင် မနာလိုဖြစ်သွားစေလောက်သောယူးလာစစ်သင်္ဘောမျိုး၊ သို့ထိတိုင် ကုဟွိုက်သည် ၎င်းတို့ကနည်းပညာကိုတိုးတက်လာအောင် မလုပ်ဘဲနေသည်ဟု ထင်မိလာ၏။ ၎င်းက အခြားမျိုးနွယ်စုများမှ နည်းပညာကိုလေ့လာရန် ထိုက်တန်နေသည်။


ကုဟွိုက်သည်လည်း ဤဂြိုလ်၏တည်ဆောက်မှုတွင် အရေးကြီးသောကဏ္ဍမှပါဝင်ထားသည်။ ၎င်းအထူးအခြေအနေမှာ အောက်ပါအတိုင်းပင်။


"စစ်သည်တွေက မင်းတို့ပြောတာကိုနားထောင်ရင် ပရောဂျက် ပြီးမြောက်မှုနှုန်းက အနည်းဆုံး ဆယ်ရာခိုင်နှုန်းဖြစ်မယ်၊ မင်းတို့က သူတို့ကို အားပေးစကားပြောရင် နောက်ထပ်ဆယ်ရာခိုင်နှုန်းတိုးသွားလိမ့်မယ်.."


ကြီးကြပ်ရေးမှူးက မျက်မှန်ကိုပင့်တင်လိုက်ပါ၏။


"အရှင်သာ လုပ်ငန်းစဉ်ကိုသွားရောက်စစ်ဆေးလိုက်ရင်တော့ ပရောဂျက်က တဝက်အထိ ပြီးသွားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်.."


ကုဟွိုက်: "...."


ကုဟွိုက်၏ နှုတ်ခမ်းများမှာ ဆတ်ကနဲလှုပ်ရှားသွားသော်လည်း ကြီးကြပ်ရေးမှူး၏စကားအတိုင်း ပရောဂျက်လုပ်ငန်းခွင်ထဲသို့ သွားကြည့်ခဲ့သည်။ သူတွေ့မြင်လိုက်ရသည်က မိုးမှောင်မျှော်စင်စစ်သည်တော်များနှင့် ဇက်များက ရုတ်တရက်ကြီး ပို၍စိတ်တက်ကြွစွာဖြင့် ဆောက်လုပ်နေကြခြင်းကိုပင်။ ဂြိုလ်၏အစဦး ဖွံ့ဖြိုးမှုက မကြာလိုက်ဘဲ အိုင်ဗီကြယ်မှာ ပြီးစီးသွားခဲ့သည်။ ဂြိုလ်ပေါ်တွင်အိမ်အများအပြားရှိနေပြီး အဆောက်အဦအားဖွဲ့စည်းထားပုံမှာလည်း သာမန်နေထိုင်ရာအိမ်တစ်လုံးကဲ့သို့ပင်။


"မင်းတို့တွေ နောက်ကျရင် ဒီနေရာမှာနေရမယ်.."


ကုဟွိုက်သည် ဂြိုလ်၏ပြီးစီးသွားသောအပိုင်းများကိုကြည့်ကာ သူ့အရှေ့မှ မိုးမှောင်စစ်သည်တော်များကိုပြုံးပြလိုက်၏။ အစပိုင်းတည်ဆောက်မှုများက ပြီးစီးသွားရုံသာရှိသေးပြီး ပိုကောင်းလာမည်မှာအသေအချာပင်။ သူတို့ထဲတွင် ဇက်တို့၏သွေးများ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကုဟွိုက်၏စကားကိုကြားလိုက်ရသော မိုးမှောင်မျှော်စင်စစ်သည်များမှာ တောင့်တင်းသွားကြ၏။ သူတို့သည် ဂြိုလ်ကိုကြည့်နေကြပြီး မယုံကြည်နိုင်ကြသေးချေ။


သူတို့ထံတွင် အိမ်ရှိလာခဲ့လေပြီ။


..........


စာရေးသူတွင်ပြောစရာရှိသည်။


ဇက်သွေးတဝက်ရောတဲ့ မိုးမှောင်မျှော်စင်: ငါတို့မှာအိမ်ရှိပြီ..


ကျိုး...ကျိုး...(စိုက်ကြည့်နေ): ငါကဘာလို့ပေါ်မလာရတာလဲ