အခန်း ၅၄
Viewers 10k

Chapter 54

Chapter 54


ဟန်မာ၏မျက်နှာထားက သူ့ရယ်သံကို ဘယ်လိုပြန်ထိန်းချုပ်ရမှန်းမသိ၍ ပုံစံမျိုးစုံဖြစ်နေခဲ့သည်။


“အဲဒါက သိပ်မဟုတ်သေးဘူး စိတ်စွမ်းအင်ဆိုတာက မျိုးနွယ်စုရဲ့စွမ်းအင်မှန်း မင်းလည်းသိတာပဲ..” 


ဟန်မာ၏ အလုပ်ကြိုးစားသည့်မျက်နှာထားက အနည်းငယ်ထူးဆန်းနေသည်။ 


၎င်းတို့အတွက် သာလွန်တဲ့အကျယ်အဝန်းကိုဆုံးရှုံးသွားရခြင်းက ပိုပြီးရှက်စရာကောင်းမနေလေဘူးလား။ ဟန်မာက တစ်နှစ်လောက်ထိ အခန်းဖော်ဖြစ်ခဲ့သည့် သူတို့ကို သဲလွန်စပေးရခြင်းအား လုံလောက်ပြီဟုထင်မိသည်။ တစ်ဖက်လူက သူ့ကိုနားမလည်ခြင်းက သူ့အမှားမဟုတ်ပေ။


ဟန်မာ၏ပုံစံကြောင့် ဒဲရက်ခ်က သိချင်သွားမိသည်။


 “မင်းရဲ့ကျောင်းသားတွေကို ငါ့ရဲ့ကျောင်းသားတွေနဲ့ မနှိုင်းယှဉ်ရဲဘူးလို့ပြောချင်တာလား၊ ဖက်ဒရယ်စစ်တပ်ကျောင်းက ပို့လိုက်တဲ့ ကျောင်းသားတွေက ငါတို့ကျောင်းမှာ အရမ်းနာမည်ကြီးတယ်ဆိုတာကို မင်းသိသင့်တယ်၊ စာရင်းသွင်းပြီးတာနဲ့ စာမေးပွဲရလဒ်တွေကို နှိုင်းယှဉ်တော့မှာ ကွာဟမှုက အရမ်းများနေရင် ပြောင်းလာတဲ့ကျောင်းသားတွေက စိတ်ဖိစီးကြလိမ့်မယ်၊ ကျောင်းသားတွေမှာ စိတ်ဓာတ်ရေးရာဆိုင်ရာ ပြဿနာတွေရှိလာခဲ့မယ်ဆိုရင် သူတို့ကိုမလွှတ်တာ ပိုကောင်းလိမ့်မယ်...”


ဤသည်မှာ အမှန်တရားပင်ဖြစ်၏။ ဟန်မာက စကားများကိုကြားပြီး ကုဟွိုက်ကိုလှည့်ကြည့်လိုက်သည်။ ကုဟွိုက်က သူ့ကိုခေါင်းညိတ်ပြလိုက်ခြင်းအား မြင်သည့်အခါ သူ ဒဲရက်ခ်ကိုပြောလိုက်သည်။ 


“ကောင်းပါပြီ မင်းဒီလိုပြောနေတယ်ဆိုတော့လည်း.."


ဟန်မာက ထိုကိစ္စကိုခက်ခဲသလိုဟန်ဆောင်လိုက်သော်လည်း သူ့စိတ်ရင်းမှာ ရွှင်ပျနေခဲ့သည်။ ဟန်မာက ကတိပေးပြီးသည်နှင့် ဒဲရက်က သူတို့သုံးယောက်ကို ကျောင်းသားများ၏စွမ်းရည်ကိုစစ်ဆေးသည့် ကျောင်းစာစစ်ခန်းမထဲသို့ခေါ်သွား၏။


ကျောင်းဝင်ပေါက်က တိုးချဲ့ထားပြီး စာစစ်ခန်းမက ဇိမ်ခံပစ္စည်းများနှင့်ပြီးပြည့်စုံနေသည်။ အမိုးခုံးပုံက ပန်းချီကားများနှင့် အသေးစိတ်ပြင်ဆင်ထားပြီး ခန်းမတစ်ခုလုံးက အနုပညာရသများနှင့် မွမ်းမံထားလျက်ရှိသည်။ ကျောင်းထဲသို့ဝင်သွားသည့် သာမန်လူများသည် ကျောင်းဝင်းထဲသို့ဝင်ရောက်သွားသလို မခံစားရပဲ နန်းတော်ထဲသို့ ဝင်ရောက်သွားသလို ခံစားရနိုင်သည်။


ယခုအချိန်တွင် စာစစ်ခန်းမထဲရှိ ကျောင်းသားများ အမြောက်အများစုဝေးလျက်ရှိနေကြသည်။ ဤသည်မှာ နှစ်တိုင်းဖြေရလေ့ရှိသည့် ကိုယ်ခန္ဓာကျင့်စဉ်စာမေးပွဲရှိသည့်နေ့ဖြစ်သောကြောင့်ဖြစ်၏။ ဒဲရက်ခ်က စစ်တပ်ကျောင်းရှိ နည်းပြထဲမှ တစ်ယောက်ဖြစ်ပြီး ကျောင်းသားများကြားတွင် နာမည်ကျော်ကြားသည်။ လူသုံးယောက်အား စာစစ်ခန်းမထဲသို့ ပို့ဆောင်ပြီးသည်နှင့် ရှိနေသည့်ကျောင်းသားများအားလုံး၏ အာရုံစိုက်ခြင်းကိုခံလိုက်ရသည်။


သူစိမ်းသုံးယောက်အားတွေ့ရှိပြီးနောက် ကျောင်းသားများက တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောကြပြီး စပ်စုကြတော့သည်။


“မစ္စတာဒဲရက်ခ်ခေါ်လာတဲ့ သုံးယောက်က ဘယ်သူလဲ ကမ္ဘာမြေဖက်ဒရယ်အဖွဲ့အစည်းက ပို့လိုက်တဲ့ ကျောင်းသားသစ်တွေလား..”


“ကျောင်းသားသစ်ဆိုရင် တစ်နှစ်မှာတစ်ယောက်ပဲဖြစ်မှာလေ ဒီနှစ်ပြောင်းမယ်လို့လည်း မကြားမိပါဘူး..”


“အဲဒီထဲက နှစ်ယောက်ကို ရင်းနှီးနေသလိုပဲ သူတို့ကို ကျောင်းထဲမှာ အမြဲတွေ့နေရသလိုခံစားရပေမယ့် မမှတ်မိဘူး…”


ထို့နောက် အရပ်ရှည်ရှည်နှင့် လူကောင်ကြီးသည့် လက်တွေ့ကျောင်းသားတစ်ယောက်က ပြောလိုက်သည်။ 


“ငါသိတယ် ဘယ်ဘက်နဲ့ ညာဘက်က နှစ်ယောက်က ငါတို့ကျောင်းကိုပြောင်းလာဖူးတဲ့ စီနီယာတွေပဲ ငါတို့ကျောင်းရဲ့ ဂုဏ်ပြုခန်းမထဲမှာ သူတို့ပုံတွေရှိတယ် နှစ်ယောက်လုံးက ဂုဏ်ပြုဆုတွေရထားကြတာ သူတို့က အရမ်းတော်ကြတာ ဒါပေမယ့် အလယ်က တစ်ယောက်ကိုတော့ ငါမသိဘူး..”


“ဖီနန်ရော ဘယ်မှာလဲ” ခန်းမထဲက ကျောင်းသားများကို ဒဲရက်က လှည့်ပတ်ကြည့်ပြီး သူဂုဏ်ယူအားထားရသည့် ကျောင်းသားကို ရှာမတွေ့ဖြစ်နေချေသည်။


လက်တွေ့ကျောင်းသားအငယ်တစ်ယောက်က လူအုပ်ထဲသို့ထွက်လာပြီး ဒဲရက်ရှေ့တွင်ရပ်လိုက်သည်။


 “ကျွန်တော်ဒီမှာပါ ဆရာ..”


သူဂုဏ်ယူသည့်ကျောင်းသားအားတွေ့ပြီးနောက် ဒဲရက်ခ်၏အမူအရာက ချက်ချင်းညင်သာသွားလေသည်။ ဖီနန်က ထူးချွန်သည့်ကျောင်းသားတင်မဟုတ်ပဲ စည်းကမ်းများကိုလိုက်နာပြီး ဆရာသမားများ၏စကားကို နားထောင်သော ထက်မြက်သည့်ကျောင်းသားလည်းဖြစ်ပေသည်။ ထိုကဲ့သို့ကျောင်းသားမျိုး၏ဆရာဖြစ်ရခြင်းက မခက်ခဲပေ။


ဒဲရက်ခ်က အလယ်က ကုဟွိုက်ကိုကြည့်လိုက်ပြီး ပြောလိုက်သည်။ 


“ဒါက ကမ္ဘာမြေဖက်ဒရယ်အဖွဲ့အစည်းက ပြောင်းလာတဲ့ကျောင်းသားပဲ ကိုယ့်ရဲ့ စိတ်စွမ်းအင်တန်ဖိုးကိုစစ်ဖို့ သူနဲ့အတူသွားလိုက်ပါ..”


၎င်းက အမှန်တကယ် ပြောင်းရွေ့လာသည့် ကျောင်းသားဖြစ်ပေသည်။


ဒဲရက်ခ်၏စကားများကြောင့် ခန်းမထဲရှိကျောင်းသားများသည် ၎င်းတို့၏နားကို ထိုးဆွလိုက်ကြ၏။ ပြောင်းရွေ့လာသည့်ကျောင်းသားဆိုသည့်စကားကို ကြားလိုက်သောအခါ ၎င်းတို့၏ စိတ်ဝိညာဉ်များမှာအစွန်အဖျားထိရောက်သွားကြသည်။


ဧကရာဇ်ပညာရပ်နယ်ပယ်စစ်တပ်ကျောင်းသည် ကမ္ဘာမြေဖက်ဒရယ်အဖွဲ့အစည်းစစ်တပ်ကျောင်းနှင့် မပြိုင်ဆိုင်ခဲ့သည်မှာ တစ်ရက်၊ နှစ်ရက်လောက်ရှိပေပြီ။ ၎င်းတို့သည် နှစ်စဉ်နှစ်တိုင်း ပြောင်းရွေ့လာသည့်ကျောင်းသားများအား ပို့ဆောင်ပေးနေခဲ့သည်။ ပြောင်းရွေ့လာသည့်ကျောင်းသားများမှာအတော်ဆုံးထိပ်သီးကျောင်းသားများ မဖြစ်နိုင်သော်လည်း ထူးချွန်သည့်ကျောင်းသားထဲမှတစ်ယောက်တော့ဖြစ်နိုင်သည်။


ပြောင်းရွေ့လာသည့်ကျောင်းသားများ၏ အရင်ကျောင်းတွင်ရရှိလာခဲ့သောအောင်မြင်မှုများကို ကျောင်း၏ဂုဏ်သတင်းနှင့် ဆက်စပ်ကြည့်၍ရသည်။


ဖီနန်နှင့် ပြောင်းရွေ့လာသောကျောင်းသားများက စိတ်စွမ်းအင်စစ်ဆေးမှုအား အတူတကွလုပ်ဆောင်ကြမည်ဖြစ်ကြောင်း ဒဲရက်ခ်ပြောကြားမှုကို ကြားလိုက်ရသည့်အခါ ၎င်းတို့၏ ကိုယ်ခန္ဓာစစ်ဆေးမှုကို စိတ်မဝင်စားကြတော့ပေ။ ထို့နောက် သူတို့သည် ဆောင်ရွက်လှုပ်ရှားမှုက မည်သို့လည်ပတ်မည်ဖြစ်ကြောင်းကိုသိနိုင်သည့် စိတ်စွမ်းအင်စစ်ဆေးမှုနေရာသို့ တစ်ယောက်ပြီးတစ်ယောက် သွားလိုက်ကြသည်။


ကြယ်တာရာမျိုးနွယ်စုများအတွက် စိတ်လှုပ်ရှားမှုကိုကြည့်ရန်မှာ ကြီးမားသည့် သဘောသဘာဝဖြစ်ပြီး လက်တွေ့မျိုးနွယ်များအတွက်တော့ ကွာခြားချက်သိပ်မရှိပေ။


“ဖီနန် မင်းနှိမ့်ချစရာမလိုဘူး ကိုယ့်ရဲ့အရည်အချင်းအစစ်နဲ့ ဆော့ကစားလိုက်” ဒဲရက်ခ်က စစ်ဆေးမှုမစခင် ပြောကြားလိုက်သည်။


ကျောင်းသားများကလည်း သူတို့ပုံစံနှင့်သူတို့ ယုံကြည်ချက်များရှိနေကြပြီး စိတ်နေသဘောထားကလည်း တက်ကြွနေကြသည်။ ဖီနန်က သူတို့အတန်းထဲတွင်တော့ အတော်ဆုံးကျောင်းသားဖြစ်သည်။ ထို့အပြင် သူတို့မျိုးနွယ်စုက စိတ်စွမ်းအင်နှင့်လာယှဉ်လျှင် တစ်ပန်းသာသည်။ သူများတွေထက်ပိုကောင်းကြောင်းကိုပြောရန် ခဲယဉ်းသော်လည်း စိတ်စွမ်းအင်နှင့်ပတ်သက်လျှင်တော့ သူတို့အနိုင်ရနိုင်သည်။


ကုဟွိုက်က စစ်ဆေးသည့်နေရာသို့ လက်တွေ့ကျောင်းသားများနှင့်အတူ လိုက်သွားပြီး စစ်ဆေးသည့်ခန်းမအတွင်းအား သိလိုစိတ်ဖြင့် လိုက်လံကြည့်ရှုနေသည်။ သူက ရိုးရိုးသိချင်ရုံသာဖြစ်၏။ ကြယ်တာရာခေတ်မှာကတည်းက ကျောင်းကိုစိတ်ဝင်စားခဲ့ခြင်းဖြစ်ပြီး ဒဲရက်ခ်က သူ့ကိုပြောင်းရွေ့ကျောင်းသားအနေနှင့် သတ်မှတ်ခဲ့သည်။ သူက ကျောင်းသားတစ်ယောက်အနေဖြင့် အတွေ့အကြုံလိုချင်သည့်အတွက်ကြောင့် တစ်ဖက်လူ၏ စိတ်ကူးပေါက်ရာအတိုင်း လိုက်လံလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ တခြားကျောင်းသားများနှင့် ယှဉ်ပြိုင်ရန်မလိုအပ်သော်လည်း စိတ်စွမ်းအင်ကိုစစ်ဆေးသည့်အခါမှာတော့ ကုဟွိုက် အဆင်ပြေသည်ဟုထင်မိသည်။


“ဒါကိုစွပ်လိုက်..” ဒဲရက်ခ်က ကုဟွိုက်ကို သူ့လက်တွင်စွပ်ထားရန် ညွှန်းဆိုရင်းနှင့် သတ္တုလက်စွပ်ကို ပေးလိုက်သည်။


ကုဟွိုက်က သူ့လက်ညှိုးတွင် လက်စွပ်စွပ်ပြီးသည်ကိုတွေ့ပြီးနောက် ဒဲရက်က ဂုဏ်ယူစွာနှင့် ပြောလိုက်၏။


 “ငါတို့ကျောင်းက စိတ်စွမ်းအင်စစ်ဆေးတဲ့ပစ္စည်းက ကြယ်တာရာတစ်လျှောက်မှာ ရှေ့ပြေးအဖြစ်ဆုံးပဲ၏ ဒီမှာရှိတဲ့ ပစ္စည်းသုံးခုက အရင်လကမှ ထုတ်လုပ်ထားတဲ့ နောက်ဆုံးပေါ်ထုတ်ကုန်တွေ၊ ကျောင်းသားတွေရဲ့ စိတ်စွမ်းအင်ကိုပြသဖို့အတွက် အလိုအလျောက်နည်းပညာတွေကို အသုံးပြုနိုင်တယ်၊ တခြားကျောင်းတွေက မှုန်ဝါးဝါးပဲမြင်ရတဲ့ စက်အဟောင်းတွေကိုပဲ သုံးကြတာဆိုတော့ အရှိကိုအရှိတိုင်းမသိနိုင်ဘူး..”


စက်သုံးခုက အခုထိပူနွေးနေပြီး ထုတ်လုပ်သည့်စရိတ်က စက်အဟောင်းများထက် အများကြီးကုန်ကျသည်။ ဈေးကွက်ထဲတွင်လည်း ရောင်းချခြင်းမရှိသလို သူတို့ကျောင်းတွင်သာရှိသည်။


စိတ်စွမ်းအင်ကိုပြသဖို့ ဒီဂျစ်တယ်နံပါတ်တွေကို အသုံးပြုလို့ရမလား။


ကုဟွိုက်က မျက်တောင်ခတ်လိုက်သည်။ စိတ်စွမ်းအင်စစ်ဆေးမှုမှာ ဘယ်ဂဏန်းကိုရမလဲဟု သူအရမ်းသိချင်နေမိသည်။ သူ၏ ပထမဆုံးစိတ်စွမ်းအင်တိုးမြှင့်ခြင်းကို ပြီးမြောက်ခဲ့သည်မှာ အချိန်အနည်းငယ်ကြာနေပြီဖြစ်ပြီး ထိုစွမ်းရည်က သူဥခွံကနေထွက်လာသည့်အချိန်ကထက် မြင့်မားခဲ့သည်။


သို့သော်လည်း ကုဟွိုက်က သူ့ကိုယ်သူ သတိမူမိပါသည်။ ထိုစစ်ဆေးမှုတွင် သူ့စွမ်းအားများအားလုံးကို ထည့်သုံး၍မဖြစ်မှန်း သူသိသည်။ ကုဟွိုက်၏ရည်ရွယ်ချက်က ဤကျောင်းကို အနှောင့်အယှက်မဖြစ်စေလိုခြင်းသာ။ ထို့ကြောင့် ယခုစိတ်စွမ်းအင်စစ်ဆေးမှုတွင် သာမာန်ပေါ့ပေါ့ပါးပါးဖြင့်သာ စစ်ဆေးချင်မိသည်။


“ဖီနန် မင်းက အရင်ဆုံး စစ်ဆေးမှုခံယူလိုက်ပြီး မင်းရဲ့ အနာဂတ်အတန်းဖော်တွေကို ပစ္စည်းကောင်းကြောင်း သက်သေပြလိုက်..” ဒဲရက်ခ်က အချက်ပြပြောဆိုလိုက်သည်။


လက်တွေ့ကျောင်းသားအငယ်တစ်ယောက်က ဆရာ၏ညွှန်ကြားခြင်းကိုခံရပြီး ရှေ့သို့ဆက်သွားကြသည်။ သူက စက်ပစ္စည်း၏ သုံးမီတာအကွာတွင်ရပ်နေပြီး လက်စွပ်ပေါ်က ကျောက်တုံးကို မြုပ်ဝင်စေလိုက်သည်။ လက်စွပ်က စိတ်စွမ်းအင်ကိုရရှိသောအခါ ချက်ခနဲ အသံမြည်သွားပြီး လက်ချောင်းဆီသို့ အလိုအလျောက် စုကျုံ့သွားခဲ့သည်။ လက်စွပ်ပေါ်မှ ထုတ်လွှတ်သည့် အလင်းရောင်ခြည်တန်းက စက်ပစ္စည်းနှင့် ချိတ်ဆက်သွားခဲ့သည်။


ချိတ်ဆက်မှု အတည်ပြုပြီးသွားသည်နှင့် ၎င်းတို့၏ စိတ်စွမ်းအင်ပမာဏအများဆုံးကို စက်ပစ္စည်းဆီသို့ တိုက်ရိုက် လွှင့်ထုတ်လိုက်နိုင်သည်။ တစ်စက္ကန့်အတွင်းမှာပင် စက်ပစ္စည်းပေါ်တွင် ပြသနေသောမှန်သားပြင်ပေါ်တွင် ဂဏန်းများက သိသာထင်ရှားစွာ‌ ပြောင်းလဲနေပြီး နောက်ဆုံးတွင်တော့ ‘၁၅၁၇၉’ ဆိုသည့်နေရာ၌ ရပ်တန့်သွားခဲ့လေသည်။


ဂဏန်းက လက်တွေ့ကျောင်းသားများအားလုံးကို ထိတ်လန့်သွားစေ၏။ လက်ရှိ ရှိနေကြသည့် လက်တွေ့ကျောင်းသားများတွင် ၎င်းတို့၏ စိတ်စွမ်းအင်က ၅၀၀၀ နှင့် ၇၀၀၀ ကြားရှိသည်။ ဖီနန်က ညဏ်ပညာထက်မြက်ပြီး ထိုနာမည်ကို ဆက်စပ်နိုင်စွမ်းရှိသည်။


ပတ်ပတ်လည်တွင်ရှိနေကြသော လက်တွေ့ကျောင်းသားများသည် ထိုအခါတွင်တော့ ယုံကြည်သွားကြသည်။ ထိုစိတ်စွမ်းအင်က တန်ဖိုး ၁၅၀၀၀ ရှိပြီး ကျောင်းတွင်ရှိသောနည်းပြများကတော့ ၃၀၀၀ နှင့် ၄၀၀၀ ကြားရှိသင့်သည်။ ဖီနန်က ကြီးထွားရန်များစွာကျန်ရှိနေသေးသည်။

(ပိုတော်လာနိုင်သေးတယ်)


“အရမ်းတော်တယ် အရင်လကထက် ပိုတော်လာတယ်..” ဒဲရက်ခ်က စစ်ဆေးမှုရလဒ်နှင့်ပက်သက်၍ စိတ်ကျေနပ်နေပြီး သူ့မျက်နှာက သဘောကျမှုများနှင့် ပြည့်နှက်နေသည်။


ဖီနန် ကျောင်းကို စတင်ဝင်ရောက်လာသည့်အချိန်မှစ၍ ဒဲရက်ခ်ကို မည်သည့်ရှုထောင့်ကမှ စိတ်မပျက်စေခဲ့ပေ။ ဒဲရက်က ဖီနန်ဘွဲ့ရပြီးလျှင် ပိုကြီးမားသည့်ပြောင်းလဲမှုကို လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ထားသည်။ သူ မျက်နှာပေါ်က ပျော်ရွှင်မှုကို ထိန်းချုပ်လိုက်ပြီး သူ့ဘေးတွင်ရပ်နေသည့် အနက်ရောင်ဆံပင်နှင့်လူငယ်ထံသို့ လှည့်လိုက်သည်။


 “ဘယ်လိုလုပ်ရမလဲဆိုတာ နားလည်တယ်မလား စစ်ဆေးမှုကို စတင်လို့ရပြီနော်.."


သူက ထပ်ပြောသည်။ “အရမ်းလည်း စိတ်ဖိစီးမနေပါနဲ့ ငါတို့မျိုးနွယ်စုက စိတ်စွမ်းအင်ဆိုရင် သာလွန်တယ်ဆိုတာတော့ အမှန်ပဲ မင်းမယှဉ်နိုင်ဘူးဆိုတာကလည်း သာမန်ပါပဲ...”


ဒဲရက်ခ်၏စကားလုံးများက ရွဲ့ပြောနေခြင်းမဟုတ်ပေ။ သူက ဟန်မာကို အရှက်ရစေချင်ရုံသာဖြစ်ပြီး ကျောင်းသားများကိုမူ ပိုပြီးသည်းခံနိုင်သည်။သူက  ကမ္ဘာမြေဖက်ဒရယ်အဖွဲ့အစည်းမှကျောင်းသားများကိုပင် သည်းခံနိုင်လေသည်။


“ဟုတ်..” ကုဟွိုက်က ယဉ်ကျေးစွာဖြင့် ခေါင်းညိတ်တုံ့ပြန်လိုက်၏။


ဖီနန်၏ စစ်ဆေးမှုရလဒ်ထွက်ပေါ်မလာခင် ဒဲရက်ခ်နှင့် ကျောင်းသားများက ရလဒ်ကို သေချာကြိုသိနေကြသည်။ အချက်အလက်များထွက်ပေါ်လာသည်နှင့် ကုဟွိုက်တွင် အနိုင်ရနိုင်ချေမရှိဟုထင်ထားကြသည်။


လူအုပ်ရှေ့တွင် ကုဟွိုက်က အရှေ့မှ သာဓကကို သင်ယူနိုင်ခဲ့သည်။ သူက လက်စွပ်ပေါ်တွင်ရှိသည့် ကျောက်တုံးကို ချက်ခနဲအသံမြည်အောင်ထိလိုက်သည်။ လက်စွပ်က အလိုလျောက်တင်းမာသွားပြီး စက်ပစ္စည်းနှင့် ချိတ်ဆက်မိသွားသည်။ ထို့နောက် သူ စိတ်စွမ်းအင်ထည့်သွင်းဖို့ကို ပြင်ဆင်လိုက်သည်။


စိတ်စွမ်းအင်အနည်းငယ် ဝင်ရောက်ခြင်းက အဆင်ပြေသည်။ အနိုင်ရခြင်း အရှုံးပေးခြင်းက အရေးမကြီးပေ။


ထိုအကြံညဏ်ကို စိတ်ထဲထားရှိပြီး ကုဟွိုက် သူ့စိတ်စွမ်းအင်ကိုထိန်းချုပ်လိုက်ကာအနည်းငယ်ဆိုသည့် ပမာဏလောက်ကိုသာ ထုတ်လုပ်လိုက်သည်။ ကုဟွိုက်က သူ့ကိုယ်သူ ဂရုတစိုက်နှင့် ထိန်းချုပ်ပြီး စိတ်စွမ်းအင်အနည်းငယ်ကိုသာ ထည့်သွင်းလိုက်သည်။ နောက်စက္ကန့်ပိုင်းကြာသောအခါ ကုဟွိုက်လက်ချောင်းပေါ်တွင်ရှိသည့် သတ္တုလက်စွပ်က နှစ်ခြမ်းကွဲသွားခဲ့ပြီး မြေပြင်ပေါ်သို့ ကျယ်လောင်သည့်အသံဖြင့် ကျရောက်သွားခဲ့သည်။ ထိုလောက်နှင့် မပြီးသေးချေ။ ကျိုးပဲ့နေသည့်လက်စွပ်က မြေပြင်ပေါ်ကျနေချိန်တွင် စက်ပစ္စည်းကလည်း ကျယ်လောင်သည့် အသံများထွက်နေခဲ့သည်။


တခြားသူတွေက စက်ပစ္စည်းပေါ်က ဂဏန်းများကိုကြည့်နေကြချိန်တွင် ကုဟွိုက်က ထိုရလဒ်ကြောင့် ကြက်သေသေနေခဲ့သည်။ သူတို့၏မျက်နှာအမူအရာများက မယုံကြည်နိုင်မှုများနှင့် ပြည့်နေပြီး ကွဲပြားနေကြသည်။


၁၀၄၇၉၄တဲ့လား။ ၁၀၀၀၀၀ ထက်ကျော်တယ်တဲ့လား။ သူတို့မြင်နေသည့် ဂဏန်းများက မှန်မမှန် ပြသနေသည့် မှန်သားပြင်ပေါ်ကို သေချာဂရုတစိုက်ကြည့်နေကြသည်။ ကျောင်းသားအများစု၏ ပါးစပ်များက အဟောင်းသားဖြစ်နေသည်မှာ ကြက်ဥတစ်လုံးကိုပင် သူတို့ပါးစပ်ထိုးထည့်လို့ရသည်အထိဖြစ်၏။


အာ… သူ့ကိုယ်သူ သိမြင်ခြင်းက မလုံလောက်သေးဘူးပဲ… ကုဟွိုက်ရုတ်တရက် နားလည်သွားရသည်။ သူသည် အမှန်တကယ်ပင် စိတ်စွမ်းအင်အနည်းငယ်ကိုသာ သုံးခဲ့ခြင်းဖြစ်ပြီး ထိုမျှလောက်ထိမဟုတ်ချေ။ ချက်ချင်းထွက်လာသည့် ရလဒ်က သူမျှော်မှန်းထားသကဲ့သို့မဖြစ်ချေ။


“စက်ပစ္စည်းက ပျက်သွားပြီ နောက်တစ်ခုပြောင်းလိုက်..” ထိတ်လန့်မှုမှ နိုးထလာပြီးနောက် ဒဲရက်ခ်က ကုဟွိုက်ကိုပြောလိုက်သည်။ 


ခြေတစ်လှမ်းကျသွားရုံပင်ရှိသေးသည်။ ကုဟွိုက်က သာမန်အတိုင်းတုံ့ပြန်ရန်အကောင်းဆုံးကြိုးစားခဲ့သည်။ သူတခြားပစ္စည်းဆီသို့သွားလိုက်ပြီး စိတ်စွမ်းအင်ကို အနည်းငယ်ကနေ လုံးဝနည်းသည်အထိ ပြောင်းလိုက်သည်။ ယခုတစ်ခေါက်တွင်တော့ အဆင်ပြေနိုင်လောက်သည်။ သို့သော်လည်း သူတွေးပြီး စက္ကန့်အနည်းငယ်နေသောအခါတွင် ကုဟွိုက်က တူညီသည့်ရလဒ်ကိုသာ ထပ်မံရရှိခဲ့သည်။


ဂဏန်းက အခုထိ ၁၀၀၀၀၀ ဖြစ်ပြီး ကုဟွိုက်ကို မှင်တက်သွားစေသည်။ ဖြစ်နိုင်သည်က ကုဟွိုက်ထုတ်လုပ်ပေးနိုင်သည့် ပမာဏက ၁၀၀၀၀၀ ထက်ကျော်လွန်နေပြီး ကိရိယာပစ္စည်းက ၁၀၀၀၀၀ ပမာဏကို အများဆုံးပြသနေခြင်းဖြစ်လိမ့်မည်။


ပစ္စည်းနှစ်ခုက လွင့်ပျံသွားခဲ့ပြီး ထိုဖြစ်စဉ်က ယုံကြည်ဖွယ်ရာမရှိပေ။ ကျောင်းသားများ၏ အမူအရာက ပိုဆိုးလာပြီး ၎င်းတို့၏မျက်လုံးများက ပြူးကျယ်နေကြသည်။ ထိုအခါတွင်တော့ ဒဲရက်က ထိုဖြစ်စဉ်သည် စက်ပစ္စည်းချို့ယွင်းခြင်းမဟုတ်ကြောင်းသိလိုက်ရသည်။ ဒဲရက်နှင့် ပတ်ပတ်လည်က ကျောင်းသားများ၏ မျက်နှာအမူအရာမှာ ရောင်စုံပန်းချီဆေးရည်များလို ရင်သပ်ရှုမောနေကြသည်။


ဖြစ်စဉ်က အလွန်တိတ်ဆိတ်သွားပြီး အပ်ကျသံကိုပင် ကြားနိုင်လောက်သည်။ ကုဟွိုက်၏ နှလုံးခုန်သံက အလွန်မြန်နေခဲ့သည်။ ယင်းက သူ့ကို ပိုက်ဆံကုန်ကျစေတော့မှာများလား။

...........


ဟွိုက်ပေါင်း (အူကြောင်ကြောင်မျက်နှာထား): ဒါဆို ငါနည်းနည်းလေးပဲသုံးမယ်


အဲဒါကြောင့် ဟွိုက်ပေါင်းက သူ့ကိုနမ်းပြီး အမြီးနဲ့ချော့ပေးမယ့် ကျိုးကျိုးဆီကိုပဲ ပြေးသွားပါတော့တယ်။