အခန်း ၅၅
Viewers 12k

Chapter 55

Chapter 55


စက်ပစ္စည်းသုံးခုမှာ မကြာသေးခင်ကမှ ထုတ်လုပ်ထားခြင်းဖြစ်ကြောင်းကို ကြားပြီးနောက်တွင် ကုဟွိုက်သည် ထိုပစ္စည်းများ၏တန်ဖိုးမှာ မနိမ့်ကျနိုင်ကြောင်းသိလိုက်သည်။ ကုဟွိုက်သည် ပစ္စည်းနှစ်ခုအား ဖျက်ဆီးမိခဲ့သည်။


ကုဟွိုက်က မျက်နှာထားမပြောင်းပဲ ညင်သာစွာ မျက်တောင်ခတ်လိုက်သည်။ သူက ပိုက်ဆံမပါပဲ ဘယ်လိုများထွက်လာမိခဲ့သလဲဟု တွေးနေမိသော်လည်း…


သူ့မှာ ပိုက်ဆံမရှိပေ။ ၎င်းကိုနားလည်ပြီးနောက် ကုဟွိုက်သည်‌ နောက်ထပ်စက္ကန့်ပိုင်းမျှ ကြက်သေသေသွားရသည်။ စွန့်ပစ်ဂြိုဟ်ပေါ်တွင် အလ်ဗ်ဆီမှ ကောက်ယူခြင်းခံခဲ့ရပြီးကတည်းက ကုဟွိုက်၏ဘဝက မည်သည့်အရာကိုမျှ လစ်ဟာနေခြင်းမရှိခဲ့ပေ။ တစ်စုံတစ်ခုကို သူလိုအပ်ကြောင်းပြလိုက်ချိန်တွင် တူဆာပေါ်တွင်ရှိသည့် ဇက်များက သူ့ဆန္ဒကို လျင်မြန်စွာ ဖြည့်ဆည်းပေးခဲ့သည်။


ဥခွံထဲမှ သူထွက်လာပြီးနောက်ပိုင်းကနေ ယခုအချိန်အထိ ကုဟွိုက်က ‘ငွေကြေး’ ဆိုသည့်စကားလုံးကိုပင် မေ့လုနီးပါးဖြစ်ခဲ့သည်။ ကုဟွိုက်က ငွေကြေးဆုံးရှုံးခြင်းများအကြောင်းကိုတွေးခဲ့သည်။ ထိုစဉ် အလွန်ထိတ်လန့်နေကြသော တခြားကျောင်းသားများက စကားပြောလာနိုင်ကြသည်။


“မဖြစ်နိုင်တာ… နည်းပြတွေရဲ့ စိတ်စွမ်းအင်တန်ဖိုးကတောင် ၃၀၀၀၀ နဲ့ ၄၀၀၀၀ ဝန်းကျင်ပဲရှိတာကို… သူက ဘယ်လိုလုပ် ၁၀၀၀၀၀ ရှိနိုင်ရတာလဲ...”


သို့သော်လည်း စစ်ဆေးမှုရလဒ်နှစ်ခုလုံးက မှန်ကန်သည်။ စက်ပစ္စည်းက နှစ်ကြိမ် မပျက်စီးနိုင်ပေ။


“စိတ်စွမ်းအင်တန်ဖိုးက ၁၀၀၀၀၀ တောင်မှတဲ့… မကောင်းဆိုးဝါးအဆင့်ရောက်နေပြီ ကြောက်စရာပဲ..”


ကျောင်းသားများက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး ထပ်တူညီသောထိတ်လန့်မှုများ ရှိနေကြသည်။ ကုဟွိုက်ဘေးတွင်ရပ်နေသည့် ဟန်မာသည် နောက်ဆုံးစကားကိုကြားလိုက်ရပြီး တစ်သိန်းမျှရှိသည့် စိတ်စွမ်းအင်တန်ဖိုးဟာ ဘုရင်၏စွမ်းရည် တစ်ထောင့်တစ်နေရာမျှသာရှိသည်ဟု တွေးမိလိုက်သည်။ တစ်ထောင့်တစ်နေရာတင်မဟုတ်သေး။ အစွန်အဖျားထိပ်လေးသာရှိသေးသည်။


ဇက်ဘုရင်က ဇက်များအားလုံးကို တစ်ချိန်တည်းမှာပင် ချိတ်ဆက်မှုပေးနိုင်သည်။ ဟန်မာ၏ ဦးခေါင်းခွံက ထိုအကြောင်းကိုတွေးမိပြီး ထုံထိုင်းသွားရသည်။ မျိုးနွယ်စုတစ်လျှောက်လုံးတွင် ဝိညာဉ်ချိတ်ဆက်မှု တည်ထောင်လိုက်ခြင်း။ ဝေးလံခေါင်ဖျားသည့် စစ်မြေပြင်အထိ မည်သည့်ဇက်များကိုမဆို ဆက်သွယ်နိုင်ပြီး ကြယ်အစုအဝေးများကို ဖြတ်ကျော်နိုင်ကာ ဇက်မျိုးနွယ်စုတစ်ခုလုံး၏ ဆန္ဒကို ပို့ဆောင်ပေးနိုင်သည်။


ဟန်မာက ထိုသို့တွေးမိပြီး သူ့ဘေးက ဘုရင်က စိတ်ထားကောင်းမွန်ကြောင်းကိုသိသောအခါ ပျော်ရွှင်သွားမိသည်။ သို့မဟုတ်လျှင် သူနှင့် ရှန်းမု ခေါင်းတလားထဲတွင် စောစောစီးစီး လဲလျောင်းနေရနိုင်သည်။ ယခင်ဖြစ်ရပ်တုန်းကဆိုလျှင် တစ်ဖက်လူက စိတ်စွမ်းအင်ကိုအသုံးပြု၍ ၎င်းတို့အား တိုက်ခိုက်ခဲ့လျှင် ဟန်မာနှင့် ရှန်းမုသည် နေရာမှာတင် သေနေလောက်သည်။


မကြာမီတွင် စစ်ဆေးရေးခန်းမတစ်ခုလုံးတွင် ပူညံပူညံအသံများနှင့် ဆူညံလာတော့သည်။ တချို့ကျောင်းသားများဆိုလျှင် ကြယ်တာရာကွန်ရက်ပေါ်ရှိ ကျောင်းသားသမဂ္ဂအဖွဲ့ထံသို့ ဖြစ်ရပ်အား တင်ပြနေကြသည်။ ကျောင်းသားများအကြား သတင်းပေးပို့ခြင်းက အလွန်လျင်မြန်သည်။ ထိုမတိုင်မီတွင် စစ်တပ်ကျောင်းတွင်ရှိသော အဆင့်ပေါင်းစုံမှကျောင်းသားများသည် ထိုကိစ္စကိုသိခဲ့ပြီးဖြစ်ပြီး ကျောင်းထဲတွင် အုတ်အော်သောင်းတင်းဖြစ်သွားရသည်။ 


ကျောင်းသားသမဂ္ဂအဖွဲ့ : 


[ကမ္ဘာမြေဖက်ဒရယ်အဖွဲ့အစည်းက ဒီနှစ် တော်တဲ့‌ ကျောင်းသားကိုပို့လိုက်တယ်]


[ဘယ်လိုတော်တာလဲ]


[သူ့စိတ်စွမ်းအင်တန်ဖိုးက ၁၀၀၀၀၀ တောင်မှလေ]


[…?]


အဓိပ္ပာယ်မပျက်စေပဲ ဝါကျတွင်း စကားလုံးမြုပ်နှံ၍ ဖော်ပြလိုက်ခြင်းဖြစ်သည်။


သူက ကြီးကြီးမားမား တစ်ခုခုကို မတော်တဆလုပ်လိုက်မိပုံပဲ…


ပတ်ပတ်လည်က ပုံစံကိုကြည့်၍ ကုဟွိုက်၏နှုတ်ခမ်းမှာ ဆတ်ခနဲတွန့်သွားရသည်။ ကျောင်းကို အနှောင့်အယှက်မဖြစ်စေလိုသည့် သူ့အစီအစဉ်သည် ပျက်ပြားသွားခဲ့ပြီဟု ခံစားမိနေသည်။ ထိုအချိန်တွင် ဒဲရက်ခ်က ထိတ်လန့်နေရာမှ နိုးထလာခဲ့သည်။ ပျက်စီးသွားသော စက်ပစ္စည်းနှစ်ခုအားကြည့်၍ နည်းပညာချို့ယွင်းခြင်းမဖြစ်နိုင်ကြောင်းသိလိုက်သည်။ နောက်တစ်ခေါက် စစ်ဆေးမည်ဆိုလျှင် နောက်ဆုံးကျန်နေသည့် စက်ပစ္စည်းက မူလအနေအထားအတိုင်းမဟုတ်တော့မည်ကို စိုးရိမ်နေမိသည်။


“မင်းတို့ရဲ့ ကမ္ဘာမြေဖက်ဒရယ်အဖွဲ့အစည်းက… ဘယ်တုန်းကများ ထက်မြက်တဲ့ကျောင်းသားတွေ ရှိသွားရတာလဲ..”


 ဒဲရက်ခ်မှာ သူ့စကားအတွက် မှန်ကန်သော ညွှန်းဆိုချက်ကို ရှာမတွေ့နိုင်ပဲ စကားကိုဆုံးအောင်ပြောနိုင်ရန် အချိန်ယူလိုက်ရသည်။


ပြောရင်းနှင့် ကုဟွိုက်ထံသို့ ကြောက်ရွံ့စွာ လှမ်းကြည့်လိုက်သည်။ ထိုကဲ့သို့ ရလဒ်နှင့် ရင်ဆိုင်ရခြင်းကြောင့် ဒဲရက်ခ်က ယုံကြည်သွားခဲ့ရသည်။ ထိုအဆင့်ရှိသည့် ပြိုင်ဘက်အား ဆုံးရှုံးရခြင်းမှာ ကျောင်းသားများအားလုံးအတွက် အရှက်ရစရာတော့မဖြစ်ချေ။ ဒဲရက်ခ်က ထိုကျောင်းသားအား သူတို့ကျောင်းကိုပြောင်းလာသည့် ကျောင်းသားဟုထင်ပြီး သူနှင့် တခြားနည်းပြများသည် သင်ကြားပြသရန်အတွက် အရည်အချင်း မပြည့်မီဟု ခံစားမိလိုက်သည်။


ဟန်မာက အကြိမ်ပေါင်းများစွာ ချောင်းဟန့်လိုက်ပြီး အမှန်တရားကိုပြောရန် ကြိုးစားလိုက်သည်။ ဒဲရက်ခ်၏မျက်နှာက ပြောင်းလဲသွားကြောင်းကို သူတွေ့လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် အမှန်တရားကိုပြောရန်ပင် မလိုအပ်သည်အထိ အာရုံစိုက်ခြင်းများစွာကို ဖမ်းယူခဲ့ပြီးဖြစ်သည်။


ဟန်မာက ပြောလိုက်သည်။ “တကယ်တော့…”


ကုဟွိုက်၏မေးခွန်းက ကြားဖြတ်လာသောအခါ ဟန်မာက ပြောနေတုန်းပင်ရှိသေးသည်။ “ဒီပစ္စည်းနှစ်ခုကို… အမ်...အဲဒါ… ကျွန်တော် ပြန်လျော်ပေးရမလား”


တမင်ရည်ရွယ်ခြင်းမဟုတ်သော်လည်း ကုဟွိုက်က အပြစ်ရှိသကဲ့သို့ ခံစားရသည်။ ကုဟွိုက်စကားတွင် ဒဲရက်ခ်က ရုတ်ချည်းဆိုသလို နာကျင်မှုဝေဒနာကို ခံစားလိုက်ရသည်။ ထိုကဲ့သို့ အဖိုးတန်သည့် ပစ္စည်းနှစ်ခုအား တစ်ချိန်တည်းမှာပင် တစ်စစီဖျက်ဆီးပစ်နိုင်ဖို့က မလွယ်ကူပေ။


ကမ္ဘာမြေဖက်ဒရယ်အဖွဲ့အစည်းက ထိုအတွက် လျော်ကြေးပေးနိုင်သည်။ ထိုသို့တွေးရင်းနှင့် ဒဲရက်ခ်က ပြတ်ပြတ်သားသားပြောလိုက်သည်။


 “ဒါပေါ့—” ဟုတ်သည်။


သူ့စကားမဆုံးမီတွင် ဒဲရက်ခ်နှင့် ဆန့်ကျင်ဘက်မှ ငွေမှင်ရောင်အမြီးသည် လူငယ်လေးအား ရစ်ပတ်လိုက်၏။ အလ်ဗ်က ကုဟွိုက်၏အနောက်တွင်နေရာယူပြီး ခံစားချက်မရှိသည့်အမူအရာဖြင့် ထိုလူအားကြည့်နေသည်။ ဒဲရက်ခ်က သူ့အရှေ့ကို အသံမပေးပဲရောက်လာသော ငွေရောင်ဆံပင်နှင့်ဇက်ကြောင့် တုန်လှုပ်သွားရသည်။ ရွှေရောင်ဒေါင်လိုက်မျက်ဆံများနှင့် ငွေမှင်ရောင်အမြီးသည် ဒဲရက်၏ မျက်ဆံများကို ပြူးကျယ်သွားစေကာ တစ်ချိန်တည်းမှာပင် စုကျုံ့သွားစေခဲ့သည်။


ခံစားချက်မရှိသည့် သူ့အကြည့်များအောက်တွင် ဒဲရက်က သူ့စကားများကို ပြောင်းပြောရတော့သည်။ 


“ရပါတယ် မလိုပါဘူး”


ရည်ရွယ်ချက်က စိတ်ချမ်းသာမှုအလုံအလောက်ပေးရန်ဖြစ်သည်။ အလ်ဗ်ကြောင့်ဖြစ်လာသော ဖိစီးမှုများသည် သူ့အရှေ့မှလူများကို စိတ်မသက်မသာဖြစ်စေသည်။ သူ့အမြီးက ကုဟွိုက်ကို ကာကွယ်လိုသည့်ပုံစံဖြင့် ရစ်ပတ်ထားရှိပြီး သူ့အကြည့်ကတော့ အရှေ့မှလူများကို အလွန်အေးစက်စေသည်။ ဥပေက္ခာပြုခြင်းနှင့် ရန်လိုစိတ်ကြားက အကွာအဝေးက တစ်ခုသာရှိသည်။


ကုဟွိုက်က စိတ်ဖိစီးနေသည့်ပုံစံဖြင့် ခေါင်းငုံ့နေသည်ကိုတွေ့ပြီး အလ်ဗ်က သူ့ကို ရန်စလိုက်သလိုခံစားရသည်။ သူ့အရှေ့က လူက သူ့ကိုရန်စလိုက်ခြင်းဖြစ်သည်။


ထိုအခါတွင် ကုဟွိုက်က တုံ့ပြန်ပြောဆိုလာသည်။ 


“အလ်ဗ်”


သူနှင့်ဆန့်ကျင်ဘက်ကလူက အလွန်စိတ်ဖိစီးနေပုံရသည်။ ကုဟွိုက်က လုပ်နေကျအတိုင်း သူ့ကိုရစ်ပတ်ထားသည့်အမြီးကို ထိတွေ့လိုက်သည်။ အလ်ဗ်က သူ့အမြီးအား ကြင်နာစွာပွတ်သပ်ခံလိုက်ရသောအခါတွင် သူ့မျက်ဝန်းများကလည်း ညွတ်ကျသွားခဲ့ရသည်။ အခုချိန်ထိ စိတ်ခံစားချက်ကင်းမဲ့နေသည့်ပုံပေါ်သော်လည်း သူ့ဖိအားများကို ချုပ်ထိန်းလိုက်သည်။


အလ်ဗ်၏တင်းမာမှုများ ယုတ်လျော့သွားသည်နှင့် ဒဲရက်ခ်က စိတ်သက်သာရာရလာပြီး နှင်းတောထဲတွင် အဝတ်မပါပဲ ရပ်နေရသကဲ့သို့ မခံစားရတော့ပေ။ အလ်ဗ်၏ ပင်ကိုယ်ပုံစံက လက်တွေ့ကျောင်းသားများကိုပင် မည်သည့်အမူအရာမျှမလုပ်နိုင်သည်အထိ မှတ်သားလောက်ဖွယ်ကောင်းလွန်းသည်။ သူတို့ရှေ့က မျက်လှည့်ဆန်သည့် ဖွံဖြိုးမှုကို သူတို့နားမလည်ချေ။ ဇက်စစ်တပ်ဖွဲ့ ခေါင်းဆောင်က ဘာလို့ ဒီမှာပေါ်လာပြီး ပြောင်းရွေ့လာတဲ့ကျောင်းသားကို ကာကွယ်နေပုံပေါ်ရတာလဲ။


"ဇက်ဘုရင်… သူ့မှာ အနက်ရောင်ဆံပင်နဲ့ အနက်ရောင်မျက်လုံးရှိတယ်ဆိုတာကိုတော့ ငါမှတ်မိတယ်…” 


ထိုအချိန်တွင် လက်တွေ့ကျောင်းသားတစ်ယောက်က စိတ်မပါသည့်ပုံဖြင့်ပြောလိုက်သည်။


အမှန်တကယ် လူစင်စစ်ဆိုလျှင် ကြယ်တာရာကွန်ရက်တွင် လှည့်ပတ်သွားလာမနေနိုင်သော်လည်း ဤနှစ်အတွင်း ကြယ်တာရာခေတ်၏ ချစ်စရာအကောင်းဆုံးသတ္တဝါသည် ဇက်ဘုရင်ဖြစ်ချေသည်။ ကြယ်တာရာကွန်ရက်ပေါ်တွင် ရောင်းချခဲ့သည့် အရုပ်လေးတွင် အနက်ရောင်ဆံပင်နှင့် အနက်ရောင်မျက်လုံးရှိသည်။


ထိုကျောင်းသား၏စကားက စစ်ဆေးရေးခန်းမထဲရှိသူများအားလုံးကို လန့်ဖျပ်သွားစေသည်။ သူတို့အရှေ့က အနက်ရောင်ဆံပင်နှင့်လူငယ်လေးသည် ဇက်ဘုရင်ဆိုလျှင် ဖြစ်ပျက်သွားသောအရာအားလုံးက အဓိပ္ပာယ်ရှိနိုင်သည်။ ဖြစ်နိုင်ချေရှိသည့် ခန့်မှန်းမှုဆိုသော်လည်း ကျောင်းသားများက စိတ်ရှုပ်ထွေးနေကြဆဲသာဖြစ်သည်။


ဇက်ဘုရင်က… သူတို့အရှေ့မှာတဲ့လား…


ထိုသို့သိလိုက်ခြင်းက ခန်းမထဲက ကျောင်းသားများကို ဆွံအသွားစေခဲ့သည်။ ဒဲရက်ခ်က ကုဟွိုက်အပေါ်ပြုမူမိသည့် သူ့အပြုအမူများကို ပြန်တွေးမိပြီး ပြာပြာသလဲဖြစ်သွားရသည်။ အခုတော့ နေရာမှာတင် သတ်သေလိုက်ချင်သည့်ဆန္ဒက ရုတ်တရက်ထွက်ပေါ်လာရသည်။


ဟန်မာက ထွက်လာပြီး အမှန်တရားကိုပြောလိုက်သည်။ သူနှင့် ရှန်းမုက ဘာလို့များ ကုဟွိုက်အနောက်ကို လိုက်လာရသလဲဆိုတာကို မရှင်းပြခဲ့ရသေးပေ။


“အဲဒါပဲ..” ကုဟွိုက်က ဟန်မာ၏စကားများကို ခေါင်းညိတ်အတည်ပြုလိုက်သည်။ “ဒုက္ခပေးမိပါပြီ..”


ဒဲရက်ခ်က ထိုစကားများကိုကြားပြီး ခေါင်းခါလိုက်သည်။


 “ဒုက္ခမဟုတ်ပါဘူး”


ကျောင်းအဖွဲ့အစည်းတွင် ဆွေးနွေးနေကြသောအကြောင်းအရာမှာ ချက်ချင်း အဆင့်တက်သွားခဲ့သည်။ ကုဟွိုက်က အဖွဲ့အစည်းအကြောင်းကိုမသိသော်လည်း ကျောင်းထဲတွင် သူမွှေနှောက်လိုက်မိမှန်းသိနေသည်။ ထိုကဲ့သို့ဖြစ်နေမှတော့ ကုဟွိုက်က ဂရုမစိုက်တော့ပေ။ သူက ချက်ချင်း ကျောင်းထဲသို့ စူးစမ်းကြည့်ရန် အလ်ဗ်နှင့် ထွက်သွားလိုက်သည်။ သိချင်စိတ်များ တင်းတိမ်ကျေနပ်သွားမှ အိမ်သို့ ပြန်လာခဲ့သည်။


“ပင်ပန်းနေပြီ..” ကျောင်းဝင်ပေါက်မှ ထွက်လာပြီးနောက်ပိုင်း ကုဟွိုက်က သူ့ဘေးက အလ်ဗ်ကိုကြည့်၍ မျက်တောင်ခတ်လိုက်သည်။ 


“ပြန်တဲ့လမ်းမှာ မင်းအမြီး‌ပေါ် ထိုင်သွားချင်တယ်...”


အလ်ဗ်က နှုတ်ဆိတ်နေသော်လည်း အမြီးကို ကုဟွိုက်ထိုင်နိုင်ရန် အောက်လျှောပေးလိုက်သည်။ ထိုတောင်းဆိုမှုက လက်ခံသဘောတူလိုက်ခြင်းက အနည်းငယ်တော့ အလိုလိုက်ရာကျသည်။ ရှန်းမုနှင့် ဟန်မာက ထိုသို့တွေးပြီး အတူလိုက်လာခဲ့သည်။


ထိုဖြစ်ရပ်ကို မြင်ရခြင်းက ရှန်းမုနှင့် ဟန်မာအတွက်တော့ ပထမဆုံးအကြိမ်မဟုတ်ချေ။ ထိုမတိုင်ခင်တွင် ပိုးပိုလ်စ်ဂြိုဟ်ပေါ်တွင် အလ်ဗ်က ကုဟွိုက်ကို အမြီးနှင့်သယ်သွားခြင်းအားလည်း တွေ့ဖူးပြီးဖြစ်သည်။ ထိုတုန်းကတော့ ကုဟွိုက်က ငြိမ်ခံခဲ့ခြင်းဖြစ်ပြီး ယခုဖြစ်ရပ်ကတော့ ကုဟွိုက်ကိုယ်တိုင် တောင်းဆိုသည့်ကိစ္စဖြစ်သည်။ သဘာဝတရားကြီးက အလွန်ပြောင်းလဲသွားပြီဖြစ်၏။


ဧည့်နေဆောင်သို့ သူတို့ရောက်ရှိသည့်အချိန်တွင် ကုဟွိုက်က အလ်ဗ်ကျောပေါ်တွင်မှီရင်း အိပ်မောကျနေသည်။ အလ်ဗ်က ကုဟွိုက်ကို ထိန်းပေးထားသည်။ သူ့လုပ်ပုံက မကျွမ်းကျင်သော်လည်း အလွန်ဂရုစိုက်လွန်းသည်။ အေးစက်သည့်အမူအရာနှင့်ယှဉ်ကြည့်လျှင် သိမ်မွေ့နူးညံ့ပုံက တလွဲစီဖြစ်နေသည်။ ကုဟွိုက်နိုးလာသည့်အချိန်က ညဘက်ရောက်နေလေပြီဖြစ်၏။ သူက အိပ်ရာပေါ်မှထလာသောအခါ အလ်ဗ်ကို တွေ့သွားသည်။


“အ…” 


ကုဟွိုက်က တစ်ဖက်လူ၏နာမည်ကိုခေါ်ရန် အချိန်မရှိလိုက်။ အလ်ဗ်က သူ့ကိုလာမှီ၍ နမ်းနေသောကြောင့် ရပ်လိုက်ရခြင်းဖြစ်၏။ ယခုအချိန်ကတော့ အလ်ဗ်က သူ့ပါးပြင်ကို ညင်သာစွာနမ်းနေခြင်းဖြစ်၏။ ကုဟွိုက်က ဘာမှမပြောချေ။ သူ့နားရွက်ဖျားထိပ်ကတော့ နီရဲနေသော်လည်း အလ်ဗ်ပြုသမျှနု၍ ငြိမ်ခံနေမိသည်။


ကြောင်ကြီးက ဒီတစ်ခါမှာတော့ ဆိုးရွားသည့်စကားများကိုမပြောခဲ့သလို ဘာမှလည်းမမေးခဲ့သည့်အတွက် ကုဟွိုက် စိတ်သက်သာရာရသွားရသည်။ သို့သော်လည်း ကုဟွိုက် ခဏလောက် စိတ်သက်သာရာရနေတုန်းမှာ အလ်ဗ်က သူ့လည်ပင်းထိ ဦးတည်လာကာ ဆက်နမ်းနေသည်။ ကြောင်ကြီး၏ သိမြင်ခြင်းက နှုတ်ခမ်းမှလွဲလို့ တခြားနေရာတွေကို နမ်းလို့ရသည်ဟု သိထားခြင်းဖြစ်သည်။ ကုဟွိုက်က ထိုလူအား မှန်ကန်စွာပြောလို့မရမှန်းသိ၍ နီရဲနေသောမျက်နှာဖြင့် အဝေးသို့ တွန်းထုတ်ရန်သာ တတ်နိုင်တော့သည်။


သို့သော်လည်း သူက အလ်ဗ်ကို တွန်းထုတ်လိုက်ခြင်းသာဖြစ်သည်။ အလ်ဗ်ကို ငြင်းဆန်ခဲ့ခြင်းမဟုတ်ပေ။ သူ၏ ပိုင်ဆိုင်လိုသည့်ဗီဇက အလ်ဗ်ကို ပထမဆုံးအကြိမ် ရှာဖွေရန် ခွင့်ပြုပေးလိုက်သည်။ ထို့ကြောင့် တွန်းထုတ်ခံရသော်လည်း အနမ်းကိုဆက်လက်ရန် အနားသို့ ထပ်တိုးလာခဲ့သည်။ ကုဟွိုက်က ဒီတိုင်းငြိမ်နေပြီး သူ့မျက်ဝန်းများက အနည်းငယ်နီနေရာမှာ လုံးဝ နီမြန်းသည်အထိဖြစ်သွားသည်။


“ငါအောက်ဆင်းပြီး တခြားသူတွေကို ပြောစရာရှိတယ်”


  ကုဟွိုက်က ဒီလိုရှေ့ဆက်ရန်မသင့်တော်ဟုထင်ပြီး ရှောင်လွှဲရန် အကြောင်းပြချက် ရှာတွေ့သွားသည်။


ထိုအကြောင်းပြချက်က ဆင်ခြေပေးရာမမြောက်ပေ။ သူ့မျက်နှာပေါ်မှ အပူချိန်လျော့ကျသွားသည်နှင့် ကုဟွိုက်က ပထမထပ်ကို ဆင်းသွားလေသည်။ ဆိုဖာပေါ်တွင်ထိုင်၍ ဘေးတွင်ရှိသောဇက်များကို ချောင်းဟန့်၍ စကားပြောလိုက်သည်။


 “ငါဒီနေ့ စစ်သင်တန်းကျောင်းကိုသွားခဲ့ပြီး သူတို့ရဲ့ စက်ပစ္စည်းကို ဖျက်စီးခဲ့မိတယ်…”


“ထပ်ပြီး ဆော့စရာရှိသေးလား..” ကြီးကြပ်ရေးမှူးက သူ့မျက်မှန်ကို ပင့်တင်လိုက်သည်။


အနည်းငယ်ဖျက်စီးလိုက်မိသည်ဆိုခြင်းက သူတို့ဘုရင်က စက်ပစ္စည်းများကို စိတ်မဝင်စားဟု ဆိုလိုခြင်းဖြစ်သည်။ ၎င်းက ကြီးကြပ်ရေးမှူး၏ ပထမဆုံးတုံ့ပြန်မှုဖြစ်သည်။


“ပျက်စီးသွားတယ်ဆိုတာ ပျက်စီးသွားတာပေါ့ အချိန်ကောင်းတစ်ခုရခဲ့တယ်ဆိုရင် ပြီးတာပဲလေ” 


စီမိုဒိုက ချက်ချင်းဝင်ပြောလိုက်သည်။


တခြားဇက်များ၏ တုံ့ပြန်မှုကလည်း ထိုအတိုင်းပင်ဖြစ်သည်။ ကုဟွိုက်က ဆွံ့အသွားခဲ့ရသည်။ သူ့မိဘတွေက ဘာလို့များ ဒီလိုတွေးရတာလဲ။


“အဲဒီလိုပြောတာမဟုတ်ဘူး… သူတို့ရဲ့ ဆုံးရှုံးမှုအတွက် လျော်ကြေးပြန်ရသင့်တယ်ထင်လို့ ဒါပေမယ့်… ငါ့မှာ ပိုက်ဆံမရှိဘူး” အဆုံးတွင်တော့ ကုဟွိုက်က ချောင်းဟန့်လိုက်မိပြန်သည်။


ကုဟွိုက်သည် အရင်က ထိုသို့မဖြစ်ခဲ့ဖူးပေ။ သူက တစ်စုံတစ်ခုကိုဖျက်ဆီးခဲ့မိပြီး သူ့မိသားစုကို ငွေကြေးအတွက် ပြန်တောင်းဆိုနေရသည်။ 


"ကျွန်မ တို့ကြည့်ပြီး ဖြေရှင်းလိုက်မယ်..” ကာ့ပါးလီယာက ပြောလိုက်သည်။


နောက်တစ်နေ့တွင် စစ်သင်တန်းကျောင်းသည် ဇက်စစ်တပ်ခေါင်းဆောင်လေးယောက်အား ကြိုဆိုခဲ့သည်။


ထိုကိစ္စက တခြားဂြိုဟ်သို့ အလုပ်ကိစ္စနှင့်သွားသည့် ကျောင်းအုပ်ကိုပင် ထိတ်လန့်သွားစေ၏။ ယမန့်နေက ကျောင်းတွင်ဖြစ်ပျက်ခဲ့သောကိစ္စကို အခြေခံ၍ ကျောင်းအုပ်နှင့် နည်းပြများသည် ဇက်ဘုရင်ထံသို့ ၎င်းတို့ဆက်ဆံခဲ့သောအပြုအမူအား ဇက်များက မကျေနပ်ကြောင်းကို သိရှိလိုက်သည်။ ယနေ့တွင်တော့ ၎င်းတို့၏ မကျေနပ်မှုများကို ထုတ်ဖော်ရန် ပြန်လည်ရောက်ရှိလာကြသည်။


ကျောင်းအုပ်အခန်းထဲသို့ဝင်သွားသော အယ်လ်ဖာအဆင့်ဇက်လေးယောက်သည် ၎င်းတို့၏မျက်နှာပေါ်တွင် ‘မကောင်းဆိုးဝါးအင်အား’ ဟူ၍ ချရေးထားပုံနှင့်တူနေသည်။ “ဆုံးရှုံးမှုအတွက်ကို ဇက်မျိုးနွယ်စုတွေက လျော်ကြေးပြန်ပေးချင်ပါတယ်” သူ့အရှေ့က ဇက်ခေါင်းဆောင်က ထိုစကားကိုပြောလိုက်သောအခါ ကျောင်းအုပ်ခမျာ ဘယ်လိုတောင်းပန်ရမလဲဟု စဉ်းစားနေခြင်းဖြစ်သည်။ 


ထိုစကားပြောပြီးသည်နှင့် ကျောင်းအုပ်သည် ချောင်ပိတ်မိသလိုဖြစ်ပြီး မည်သို့တုံ့ပြန်ရမှန်းမသိတော့ချေ။


“မဟုတ်တာ... မဟုတ်တာ..” ကျောင်းအုပ်က သူ့နဖူးပေါ်က ချွေးများကိုသုတ်ကာ ငြင်းဆန်လိုက်သည်။ “ကျွန်တော်တို့ကျောင်းက ပစ္စည်းတွေရဲ့ အရည်အသွေးကလည်း အဲဒီလောက်ထိ ကောင်းတာမဟုတ်ပါဘူး” 


သူတို့က ဘယ်လိုတောင်လုပ်ရက်တာလဲ။


စာရေးသူမှာ ပြောစရာရှိပါတယ်။


စိုးရိမ်နေတဲ့ ဟွိုက်ပေါင်း - ငါ့မှာ ပိုက်ဆံမရှိဘူး…