အ​ခန်း၅၉
Viewers 10k

Chapter 59

Chapter 59


နေမင်းနှင့်တူသော ထူးချွန်ပြောင်မြောက်သည့် မျက်ဝန်းများသည် စက်ကွင်းလူမျိုးများကို ထိတ်လန့်သွားစေ၏။ ၎င်းတို့သည် ဆက်လက်ကြည့်ရှုရန် မဝံ့ရဲကြတော့ပေ။ ထိုအချိန်တွင် ဇက်များ၏ တုံ့ပြန်မှုက ကွဲပြားနေခဲ့၏။


လူမျိုးရေးသဘာဝအလျောက် ဇက်စစ်သားများသည် ၎င်းတို့၏ တိုက်ခိုက်မှုများကို သေချာသောအကြောင်းပြချက်များနှင့် အေးစက်စက် လုပ်ဆောင်ဖြေရှင်းလေ့ရှိသည်။ ရန်သူကို လုံးဝ အပြတ်ရှင်းသည်အထိ နည်းနည်းလေးမှ တုန်လှုပ်လေ့မရှိသော်လည်း ယခုအခါတွင်တော့ ထိုသို့မဟုတ်ချေ။


တိုက်ပွဲအတွင်းတွင်တောင်မှ ရွှေရောင်ဒေါင်လိုက်မျက်ဆံများအဖြစ်ပြောင်းသွားသော ကုဟွိုက်၏မျက်လုံးကိုတွေ့ခဲ့ကြသည့် ဇက်စစ်သားများသည် အနည်းငယ် ရပ်တန့်သွားကြသည်။ ထိုမျက်ဝန်းများက ၎င်းတို့အတွက် ကြီးမားသောဆွဲဆောင်မှုကို ပေးစွမ်းလေ၏။ နှလုံးသားထဲမှ အခြေတည်ဖြစ်ပေါ်လာသည့် အညံ့ခံအရှုံးပေးလိုသောဆန္ဒသည် ပို၍ထင်ရှားပေါ်လွင်လာခဲ့ပြီး လှုံ့ဆော်စေခဲ့သည်။ ထိုဇက်စစ်သားများအား ရပ်တန့်လိုက်စေသည့်အရာက ၎င်းတို့၏ ဘုရင်က သူတို့ကို ကာကွယ်ပေးနေခြင်းဆိုသည့်အချက်ကို နားလည်သဘောပေါက်သွားသောကြောင့်ဖြစ်သည်။ 


ထိုသို့သိရှိနားလည်လိုက်မှုက ယခုရှိနေသောဇက်များအားလုံးကို စိတ်ပိုင်းဆိုင်ရာအရ နှိုးဆွပေးလိုက်သလိုဖြစ်ခဲ့သည်။ ထို့ကြောင့် ၎င်းတို့၏ နှလုံးသားက ပူနွေးသောအရာ၏ ရိုက်ခတ်ခြင်းကိုခံလိုက်ရသည်။ တစ်ဖက်ကကြည့်လျှင်လည်း ထိုဇက်စစ်သားများသည် ယခုဖြစ်ရပ်အား လက်မခံနိုင်သလို ခံစားမိသည်။ 


၎င်းတို့ကသာ ဘုရင့်အား ကာကွယ်ပေးသင့်သည်။ တိုက်ခိုက်နေစဉ်အတွင်းတွင် ဘုရင့်အား အန္တရာယ်မှလမ်းကြောင်းမှလွတ်မြောက်ရန် ကာကွယ်ပေးရမည်မှာ ၎င်းတို့၏ တာဝန်ပင်ဖြစ်၏။ ယင်းက ၎င်းတို့လုပ်ပေးလိုသည့်ဆန္ဒဖြစ်ပြီး ၎င်းတို့တည်ရှိနေမှု၏ အဓိပ္ပာယ်လည်းဖြစ်ပေသည်။ ၎င်းတို့၏ ဘုရင်က အခုထိ ကလေးအရွယ်သာရှိသေးသည်။ အန္တရာယ်များတဲ့တိုက်ပွဲမှာ ဘယ်လိုများ ပါဝင်နိုင်မည်လဲ။ ဘုရင်သာ ဒဏ်ရာရသွားရင် သူတို့ဘယ်လိုလုပ်မလဲ။ 


ထိုအတွေးက ဇက်စစ်သားများကို အခြေအနေတင်းမာသွားစေသည်။ ကုဟွိုက်၏ ကာကွယ်ပေးမှုကြောင့် ပျော်ရွှင်သည့်ခံစားချက်ကိုရလိုက်သော်လည်း တစ်ချိန်တည်းမှာပင် ပိုမိုပြင်းထန်သည့် ကာကွယ်ပေးလိုစိတ်များလည်း စိတ်ထဲတွင် လှုံ့ဆော်ခံလိုက်ရလေသည်။ သူတို့ သဘောထားကွဲလွဲနေကြသော်လည်း ယခုအချိန်တွင် ဇက်စစ်သားများ ခံစားနေရသည်မှာ ထိုသို့ပင်ဖြစ်သည်။


စစ်သင်္ဘော ရုတ်တရက် ပျက်စီးခြင်းက သူပုန်များ၏ ဖျက်စီးလိုသည့်လမ်းကြောင်းကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။ ၎င်းတို့အရှေ့က ဆိုးရွားသည့်အခြေအနေက သဘာဝမဆန်သောကြောင့် သူပုန်များကပင် ကြောက်စိတ်ဖြစ်ပေါ်သွားရသည်။


အလ်ဗ်၏အမြီးက ကုဟွိုက်နားတွင် အမြဲတမ်းရစ်ပတ်နေသည်။ ထိုသို့တိုက်ပွဲမျိုးကိုကြုံရစဉ်မှာ အလ်ဗ်က မှန်ကန်သည့်ပြိုင်ဘက်ကိုရှာပြီး ထွက်ပေါက်ရှာရန်အတွက် သူ့ကိုယ်သူနစ်မြုပ်လေ့ရှိသည်။ တိုက်ခိုက်ခြင်းက အလ်ဗ်ကို ပျော်ရွှင်မှုရစေ၏။ သို့သော် ယခုအချိန်တွင် အလ်ဗ်က သဘာဝအလျောက်ဖြစ်သည့် သူ့ရန်လိုစိတ်ကို ဖိနှိပ်ထားရသည်။ ပြိုင်ဘက်ကိုရှာမတွေ့ခဲ့သော်လည်း ထိုအစား ကုဟွိုက်ဘေးတွင် နေနေလိုက်သည်။


အလ်ဗ်က မြေပြင်ပေါ်မှ ကုဟွိုက်အနားတွင်ရှိသည့် သူပုန်များ၏ ရောင်ခြည်တန်းလက်နက်ကို လျင်မြန်စွာ ဖြေရှင်းလိုက်သည်။ သူ့အာကာသစွမ်းရည်နှင့် သူပုန်များလက်ထဲမှ လက်နက်ကို သံမှုန်အစအနများဖြစ်အောင် အလွယ်တကူချေမှုန်းပစ်နိုင်သည်။ တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို တိုက်ရိုက်မချေမှုန်းခဲ့ခြင်းက ကုဟွိုက်မှ သူတို့ကို အသက်ရှင်အောင်ထားဖို့ပြောထားသောကြောင့်ဖြစ်သည်။


မြေပြင်ပေါ်ရှိ ကုဟွိုက်ဆီသို့ လက်နက်များဖြင့် ချိန်ရွယ်ထားကြသည့် ရန်သူများကိုရှင်းပြီးနောက် အလ်ဗ်က ကောင်းကင်ပေါ်ရှိ အာကာသကို ဆုတ်ဖြဲလိုက်သည်။ စုတ်ပြဲသွားသောအာကာသမှတစ်ဆင့် ကြီးမားသည့် ဟိန်းသံကြီးပေါ်လာပြီး နောက်ထပ် စစ်သင်္ဘောတစ်စင်း ရွေ့လျားလာခဲ့သည်။ ဘေးဘက်သို့ရိုက်ခတ်သွားသောလှိုင်းများက အလွန်ပြင်းထန်၏။


ဒုတိယမြောက် သူပုန်စစ်သင်္ဘောသည်လည်း ပျက်စီးသွားခဲ့သည်။ မြေပြင်ပေါ်မှ စက်ကွင်းကျောင်းသားများသည် ကြည့်နေကြပြီး ဆက်ပြီးကြောက်ရွံ့နေသင့်လားဆိုခြင်းကိုပင် မသိတော့ချေ။ စစ်သင်္ဘောကို ဖျက်စီးရန်က ဒီလောက်ထိ လွယ်ကူသည်တဲ့လား။


သာမန်သင်ယူခဲ့ကြသည့်သင်ခန်းစာများ - မလွယ်ဘူးပေါ့။


ပုံမှန်အားဖြင့်ဆိုလျှင် စစ်သင်္ဘောအား တိုက်ခိုက်ချင်ပါက သတ်မှတ်ချက်တူညီသောစစ်သင်္ဘောကို ပို့ဆောင်ရန် လိုအပ်သည်။ မဟုတ်လျှင်တော့ ပတ်လမ်းအတိုင်းအသုံးပြုနိုင်သည့် သေနတ်ကဲ့သို့ လက်နက်ကို အသုံးပြုရန်လိုသည်။ ယခုတော့ ၎င်းတို့၏ မျက်စိရှေ့တွင် ဇက်မျိုးနွယ်စုများတွင် အလွန်ကြီးမားသော မိစ်ဆာစွမ်းအင်သကဲ့သို့ စွမ်းအင်မျိုးနှင့် ချေမှုန်းဖျက်စီးနိုင်သည့် လူနှစ်ယောက်ရှိနေလေသည်။


သူပုန်အရေအတွက်များနှင့်ယှဉ်ကြည့်လျှင် မြေပြင်ပေါ်တွင်ရှိသည့် လေ့လာရေးနယ်ပယ်နှင့် ဇက်မျိုးနွယ်စုတပ်သားများသည် စိုးမိုးချုပ်ကိုင်ခြင်းမရှိကြပေ။ သို့သော်လည်း တိုက်ခိုက်ရေးထဲကိုဝင်လာသည့် ဇက်စစ်သားသည် လှည့်စားတတ်ပြီး ဆိုးရွား၏။ မြေပြင်ပေါ်ရှိ သူပုန်တပ်ဖွဲ့များသည် အကျိုးသက်ရောက်မှုအား မသိမ်းပိုက်နိုင်ချေ။


ဘုရင်အပေါ်သို့ကျရောက်သော မည်သည့်တိုက်ခိုက်မှုမဆို ဇက်မျိုးနွယ်စုတစ်ခုလုံးအတွက် စစ်ကြေညာလိုက်သလိုဖြစ်သည်။ ကာကွယ်ပေးလိုသည့် ပြင်းထန်လှသော လှုံ့ဆော်နိုင်စွမ်းဆန္ဒက ဇက်စစ်သားများ၏ တိုက်ခိုက်နိုင်စွမ်းသည် အဆင့်တစ်ဆင့်မြင့်တက်လာပြီဟု ဆိုလိုလိုက်ခြင်းဖြစ်သည်။ နောက်ထပ် မထင်မှတ်ထားသည့်အခြေအနေဖြစ်ပေါ်လာချိန်အထိ သူပုန်များက ၎င်းတို့၏ စစ်သင်္ဘောနှစ်စင်းပျက်စီးမှုအား လက်မခံနိုင်သေးချေ။


၎င်းတို့၏ စစ်သင်္ဘောပတ်ပတ်လည်တွင် ယူးလာစစ်သင်္ဘောများက တစ်စင်းပြီးတစ်စင်း ထွက်ပေါ်လာခဲ့သည်။ ထိုယူးလာစစ်သင်္ဘောများသည် ထိန်းချုပ်မှုကြောင့်မဟုတ်ပဲ ကုဟွိုက်၏ ဝိညာဉ်ချိတ်ဆက်မှုကို လက်ခံရရှိလိုက်သောကြောင့်ဖြစ်သည်။ လေဆိပ်တွင်စောင့်နေသော ယူးလာစစ်သင်္ဘောများသည် ဖျက်စီးလိုသည့် စစ်သင်္ဘောများအဖြစ်ပြောင်းလဲသွားပြီး ကျောင်းရှိရာသို့ ဦးတည်လာခဲ့သည်။


သူပုန်များက ဂြိုဟ်၏ခုခံကာကွယ်ရေးစနစ်မှ ထွက်ပေါက်ကို အကျိုးအမြတ်အဖြစ် အသုံးပြုလိုက်သည်။ လီဗင်စစ်တပ်က တုံ့ပြန်ဖို့ရာ အလွန်နောက်ကျနေခဲ့ပြီး သူပုန်များဝန်းရံထားသည့် ကျောင်းက ၎င်းတို့ဆီမှ မည်သည့်အကူညီမှမရသင့်ပေ။


ပြဿနာသည်က ကုဟွိုက်သည် ယခုနေရာတွင်ရှိနေပြီး ဇက်များ၏ ယူးလာစစ်သင်္ဘောက အမည်မသိသောနည်းပညာတစ်ရပ်ဖြစ်သည်။ အချိန်တိုအတွင်းတွင် ရေခဲတမျှအေးစက်သော အနက်ရောင်ဖိနှိပ်မှုများသည် သူပုန်များအား ဝန်းရံလိုက်ကြသည်။ ထိုအနက်ရောင်က ယူးလာစစ်သင်္ဘောများ၏ ရေတပ်သင်္ဘောအစုများဖြစ်လေသည်။


“စွမ်းအင်စနစ်ကို ဖျက်ဆီးလိုက်..” ဝိညာဉ်ချိတ်ဆက်မှု တည်ထောင်ပြီး ကုဟွိုက်က ထိုယူးလာစစ်သင်္ဘောများကို ၎င်း၏အတွေးအား ပို့လွှတ်လိုက်သည်။


ယူးလာစစ်သင်္ဘောက ဝိညာဉ်ချိတ်ဆက်မှုကိုရရှိပြီး ၎င်း၏ သင်္ဘောအလင်းရောင်များကို မှိတ်တုတ်မှိတ်တုတ်လင်းလက်စေလိုက်သည်။ ၎င်းတို့က ကုဟွိုက်၏အသံကိုကြားရရန် ချိတ်ဆက်လိုက်ကြပြီး ထိုချိတ်ဆက်မှုမှတစ်ဆင့် ကုဟွိုက်၏ ခံစားချက်များကိုလည်း ခံစားသိရှိနိုင်သည်။


မပျော်ရွှင်ဖွယ်ရာပင်ဖြစ်၏။ ယခင်ဝိညာဉ်ချိတ်ဆက်မှုတိုင်းတွင် တည်ငြိမ်ပြီး ညင်သာသောခံစားချက်များကို ၎င်းတို့အနေဖြင့် ခံစားခဲ့ရသည်။ ယခုကဲ့သို့ စိတ်ခံစားချက်များကို ခံစားရသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပေသည်။ ကောင်းကင်ပေါ်မှ စစ်သင်္ဘောများကြောင့် ဘုရင်က မပျော်ရွှင်နေခြင်းဖြစ်၏။ ထိုသို့နားလည်လိုက်ခြင်းဖြင့် ယူးလာစစ်သင်္ဘော၏အလင်းရောင်များသည် ချက်ချင်းဆိုသလိုပင် အနီရောင်အဖြစ်ပြောင်းလဲသွားခဲ့သည်။ ကုဟွိုက် မပျော်ရွှင်လျှင် ၎င်းတို့လည်း မပျော်ရွှင်နိုင်ပေ။


ဒေါသဖြစ်နေသော ယူးလာစစ်သင်္ဘောသည် ပစ်မှတ်အား ချက်ချင်းအမိဖမ်းလိုက်သည်။ ၎င်းတို့၏ လက်နက်စနစ်စတင်ချိန်တွင် အသုံးပြုရန် အသင့်ဖြစ်ပြီး ပတ်လမ်းအတိုင်းသွားနိုင်သောသေနတ်များက စွမ်းအင် စတင်ပြောင်းလဲလာခဲ့သည်။ ယူးလာစစ်သင်္ဘောအား ရင်ဆိုင်ရသော မည်သည့်ရေတပ်သင်္ဘောအစုမဆို သတိမမူ၍မရရာ သူပုန်ရေတပ်သင်္ဘောအစုသည်လည်း ခြွင်းချက်မရှိပေ။ ၎င်းတို့က ပထမဆုံးအကြိမ်အဖြစ် သတိပေးခြင်းခံလိုက်ရသည်။ စတင်ခဲ့သော လက်နက်စနစ်နှင့် ရင်ဆိုင်ပြီး သူပုန်ရေတပ်သင်္ဘောအစုက ရှောင်တိမ်းရန်ပြင်ဆင်သော်လည်း အခြေအနေက ၎င်းတို့ထင်ထားခဲ့သလို မချောမွေ့ချေ။


“ဘာတွေဖြစ်နေတာလဲ စစ်သင်္ဘောက လှုပ်လို့မရဘူးလား” ထိန်းချုပ်အခန်းထဲတွင်ရှိကြသောလူများမှာ ဇောချွေးများထွက်နေကြပြီဖြစ်သည်။ ယူးလာစစ်သင်္ဘော၏ လက်နက်များက အလွန်လျင်မြန်ပြီး တစ်စက္ကန့်နှောင့်နှေးလျှင်ပင် သေစေနိုင်သည်။ ယခုတော့ ၎င်းတို့၏ စစ်သင်္ဘောက ကောင်းကင်ပေါ်တွင် အစိုင်အခဲတစ်ခုဖြစ်သွားသည်။ ၎င်းတို့က လုံးဝ မရွေ့လျားနိုင်တော့ချေ။


ယူးလာစစ်သင်္ဘော၏လက်နက်များအား ဓာတ်အားသွင်းရန် စက္ကန့်ပိုင်းမျှလောက်ကြာရှည်ပြီး သူပုန်စစ်သင်္ဘောထဲရှိ အမှုထမ်းများက သူတို့ကိုယ်သူတို့ မတည်ငြိမ်နိုင်တော့ပဲ အဖြေရှာရန်အနေဖြင့် သာလွန်အောင်လုပ်ကြတော့သည်။ သို့သော်လည်း ၎င်းတို့၏ စစ်သင်္ဘောက ကောင်းကင်ပေါ်တွင် ပုံသေအတိုင်း ကျန်ရှိနေခဲ့သည်။


စစ်သင်္ဘောပတ်ပတ်လည်တွင် မမြင်နိုင်သည့်တွန်းအားများရှိနေသည်နှင့် တူပြီး အဆက်မပြတ်ညှစ်ထုတ်လျက် ထိုပုံစံအတိုင်းပဲ မြဲမြံစွာ ပိတ်ဆို့ထား၏။ ကုဟွိုက်၏မျက်ဝန်းများက သူပုန်စစ်သင်္ဘောများအပေါ်တွင် အာရုံစိုက်ထားလျက်ရှိသည်။ စစ်သင်္ဘောက လှုပ်ရှားရန် ပို၍ကြိုးစားလေလေ သူ့မျက်ဝန်းထဲရှိ ရွှေရောင်များက ပို၍ထင်ရှားလာလေလေဖြစ်သည်။


ပူလောင်နေသော နေမင်းနှင့်တူ၏။ မရွေ့လျားသည့် သူပုန်စစ်သင်္ဘောသည် ယူးလာစစ်သင်္ဘောများ၏ ပစ်မှတ်အဖြစ်လွယ်ကူစွာ ချမှတ်ခံထားရပြီး စွမ်းအင်စနစ်က လုံးဝ ဖျက်စီးခြင်းခံလိုက်ရပြီဖြစ်သည်။ စွမ်းအင်စနစ်က ဖျက်စီးခြင်းခံလိုက်ရပြီး သံဓာတ်ပါသည့် စစ်သင်္ဘောက ဖြောင့်မတ်သည့်လမ်းအတိုင်း ကျဆင်းရန် တွန်းအားပေးခြင်းကို ခံလိုက်ရကာ မြေပြင်ပေါ်သို့ ကျယ်လောင်သောအသံဖြင့် ထိုးကျသွားခဲ့သည်။ မြေပြင်က ကျဆင်းလာမှုကြောင့် ပြင်းထန်စွာ အက်ကွဲသွားရလေ၏။


သို့သော်လည်း စစ်သင်္ဘော၏ ခုခံအားစနစ်က ပကတိအတိုင်းပင်ဖြစ်သည်။ ထိုနည်းလမ်းအတိုင်း မြေပြင်ပေါ်ကျဆင်းသွားခြင်းက စစ်သင်္ဘောအား မပျက်စီးစေပဲအသုံးပြုမရဖြစ်သွားရုံသာရှိသည်။ 


သူပုန်များက သူ၏ဇက်များကို ထိခိုက်စေ၍ ကုဟွိုက်က အလွန်စိတ်မချမ်းမမြေ့ဖြစ်ရကာ ၎င်းတို့အား အရှင်လတ်လတ်ထားခဲ့ရခြင်းက သူ့ကိုပို၍ ဒေါသဖြစ်စေသည်။သို့သော်လည်း သူပုန်များ၏ ပုန်ကန်ထကြွရသည့်အကြောင်းပြချက်အား သူသိနေသောကြောင့်ပင်ဖြစ်သည်။ 


ကောင်းကင်ပေါ်မှ သူပုန်စစ်သင်္ဘောများသည် တစ်စင်းပြီးတစ်စင်း မြေပြင်ပေါ်သို့ ကျဆင်းလာကြ၏။ မကြာမီတွင် အင်ပါယာတက္ကသိုလ်၏အပေါ်မှ ကောင်းကင်သည် ဗလာကျင်းသွားခဲ့ပြီး ကောင်းကင်ပေါ်မှ သူပုန်စစ်သင်္ဘောများအားလုံး မြေပြင်သို့ ကျဆင်းလာသောအခါမှ မျက်တောင်ခတ်နိုင်တော့သည်။


ဆက်လက်၍ အသုံးပြုနေရသောစွမ်းအင်က ကုဟွိုက်အတွက် မလွယ်ကူပေ။ သူ အနည်းငယ်ပင်ပန်းနေလေ၏။ အတိအကျပြောရလျှင် အနည်းငယ် အိပ်ငိုက်နေခြင်းဖြစ်သည်။ ထိုစွမ်းအင်ကို အသုံးပြုရန် စိတ်စွမ်းအင်ပမာဏတစ်ခုအထိ ကုန်ဆုံးရခြင်းက အလွန်အဖိုးတန်ပြီး ကြောက်စရာကောင်းသည့် တန်ဖိုးတစ်ခုဖြစ်ပေသည်။ ကုဟွိုက်အတွက်တောင်မှ သေးငယ်သည့် ဝန်ထုပ်ဝန်ပိုးတစ်ခုမဟုတ်ချေ။


အဓိကရုဏ်းဖြစ်မှုက ပြီးဆုံးသွားပြီဟု ယူဆ၍ရသည်။ ခန်းမထဲရှိ လေ့လာရေးကျောင်းသားများနှင့် လူသားအင်အားများသည်လည်း ထိုသို့တွေးခဲ့ကြသည်။ ထို့နောက် ယခုအချိန်တွင် မြေပြင်ပေါ်တွင် မလှုပ်ရှားနိုင်ပဲ လုံးလုံးလျားလျားကျဆင်းနေသည့် သင်္ဘောသည် ရုတ်တရက် စတင်၍ လှုပ်ရှားလာခဲ့သည်။


စစ်သင်္ဘောက သူပုန်ခေါင်းဆောင်၏ ပိုင်ဆိုင်မှုဖြစ်လိမ့်မည်။ ယူးလာစစ်သင်္ဘောများ၏ သေနတ်များက စစ်သင်္ဘော၏ စွမ်းအင်ကို အမှန်တကယ်ဖျက်စီးခဲ့သော်လည်း ၎င်းက သမားရိုးကျမဟုတ်သော စွမ်းအင်နှစ်ခုရှိသည့် စစ်သင်္ဘောဖြစ်ပေသည်။ ထိုအချိန်တွင် ဒုတိယမြောက် စွမ်းအင်စနစ်က အသက်ဝင်လှုပ်ရှားလာခဲ့သည်။


လူသားများနှင့်ရောက်လာသောဟန်မာ မလှမ်းမကမ်းကနေ အော်ပြောလိုက်သည်။ “အာကာသခုန်ကျော်မှုလုပ်တော့မှာ..”


ကြားဖြတ်ရန် အလွန်နောက်ကျသွားခဲ့ပြီ။


ခုန်ကျော်မှုကို ရေတွက်ခြင်းစတင်လာသည်။ တစ် နှစ် သုံး…


*ချက်*


စစ်သင်္ဘော၏အပိုင်းများ ကျိုးပဲ့သွားသောအသံ။ စက္ကန့်ပိုင်းအနည်းငယ်နေသောအခါ ပြန်လည်ကန်ထွက်လာသော စစ်သင်္ဘောသည် အာကာသခုန်ကျော်မှုကို ပြုလုပ်ရန် မအောင်မြင်ခဲ့ချေ။ ယင်းအစား ၎င်းက မမြင်နိုင်သည့်ဖိအားဖြင့် မြေပြင်ပေါ်သို့ တစ်ဖန်ပြန်၍ အရှိန်နှင့်ကျဆင်းလာခဲ့သည်။ စစ်သင်္ဘော၏ ခုခံအားစနစ် ဖျက်ဆီးခံရခြင်းက ၁၀ ရာခိုင်နှုန်းဖြစ်သည်။ 


၎င်းတို့အား အရှင်လတ်လတ်ထားခဲ့ရန်နှင့် သူ့ဒေါသအကြားတွင် အငြင်းပွားဖွယ်ရာမရှိပေ။ ကုဟွိုက်က ၎င်းတို့အားလုံးကို အသက်ရှင်လျက်နှင့် တစ်ဦးတစ်ယောက်ကိုမျှ ထွက်မသွားနိုင်ရန် ရည်ရွယ်လိုက်သည်။ သူက မြေပြင်သို့ကျဆင်းသွားသော စစ်သင်္ဘောကို တိတ်တဆိတ်ကြည့်နေပြီး အရှေ့သို့ဆန့်ထုတ်ထားသည့် ဖြန့်ထားသောလက်အား ဖုံးပိတ်လိုက်လေသည်။ 


အားလုံး၏အမြင်တွင် ကုဟွိုက်၏လုပ်ရပ်များကိုလိုက်ကြည့်နေရာက မြေပြင်ပေါ်သို့ ချောင်ပိတ်မိသွားသော စစ်သင်္ဘောက ကြောက်စရာကောင်းသည့်ဖိအားအောက်တွင် ဖိညှစ်ခြင်းကိုခံလိုက်ရသည်။ ထို့နောက် သင်္ဘော၏ အပိုင်းအစများအားလုံး ကျိုးပဲ့သွားသည့်အသံထွက်ပေါ်လာသည်။ ကုဟွိုက်၏လက်က လုံးဝ ဖုံးပိတ်သွားသည်နှင့် အလွန်သန်မာသည့် သတ္တုဖြင့်ပြုလုပ်ထားသော သံသင်္ဘောသည် လုံးဝ ဖိညှစ်ခြင်းခံလိုက်ရပြီး အထဲမှအပြင်အထိ ပုံပန်းပျက်သွားခဲ့သည်။ သင်္ဘော၏စနစ်များအားလုံးက ကျရှုံးသွားခဲ့ပြီဖြစ်သည်။


အထဲမှလူများကို ထည့်သွင်းစဉ်းစားနိုင်စွမ်းမှလွဲ၍ စစ်သင်္ဘောသည် အလွန်ကြီးမားသည် သံအပိုင်းအစများနှင့် ထပ်တူညီနေသည်။ ဖြစ်ရပ်ကိုကြည့်နေကြသော လူများက နှုတ်ဆိတ်နေကြသည်။ ဇက်စစ်သားများဝန်းရံထားသော အနက်ရောင်ဆံပင်နှင့်လူငယ်လေးအား လှမ်းကြည့်လိုက်ကြပြီး ၎င်းတို့၏ နှလုံးသားထဲမှ ထိတ်လန့်ခြင်းကို မဖော်ပြနိုင်ဖြစ်နေကြသည်။


၎င်းက ဇက်မျိုးနွယ်စုများ၏ ဘုရင်ပင်ဖြစ်ချေသည်။


စာရေးသူမှာပြောစရာရှိပါတယ်။


လူတွေအရှေ့မှာရှိတဲ့ ခပ်မိုက်မိုက် ဟွိုက်ပေါင်း (အေးစက်စက်ဖြင့် စကားမပြော): ……


လူတွေရဲ့အဝေးမှာရှိတဲ့ ဟွိုက်ပေါင်း (အိပ်ချင်မူးတူးဖြင့် မျက်လုံးကိုပွတ်နေ): ပင်ပန်းလွန်းလို့ မျက်ရည်ဝဲနေ