အခန်း၆၀
Viewers 10k

Chapter 60

Chapter 60


သံထည်အတိဖြင့် စစ်သင်္ဘောကြီးအား အပြီးသတ်ဖျက်ဆီးလိုက်ပြီးနောက် ဆံနွယ်နက်ဖြင့်လူငယ်လေးသည် မည်သည့်အရာမှမဖြစ်ပျက်ခဲ့သလို တည်ငြိမ်လွန်းလှသော ဇက်တို့၏ဝန်းရံခြင်းကိုခံလိုက်ရသည်။ သူလုံးဝပျက်ဆီးသွားသော စစ်သင်္ဘောအားကြည့်ကာ တိတ်ဆိတ်နေမိ၏။ လူငယ်လေးတွင် နူးညံ့သည့်အနက်ရောင်ဆံနွယ်များရှိပြီး ရုပ်ရည်လည်းကြည့်ကောင်းလေသည်။


ကုဟွိုက်၏ဘေးပတ်လည်တွင် ဝန်းရံနေသူများ၏ပထမဆုံးအမြင်မှာ သူသည်နူးညံ့၏။ အေးစက်သည့်ဇက်တို့အလယ်၊ အနှီသူသည် ကြမ်းတမ်းရက်စက်သောသားရဲများအကြား၌ ရောပါနေသည့် အကောင်ငယ်လေးတစ်ကောင်နှင့်တူနေသည်။ နူးညံသောအရေနှင့် အကောင်ငယ်လေးမှာ ချွန်မြသောသွားများနှင့်လက်သည်းများရှိနေသော ကြောက်ရွံ့ဖွယ်သက်ရှိများ၏ ကာကွယ်ပေးခြင်းကိုခံထားရသည်။ ထိုပုံစံက အုပ်စုတွင်းမှကွဲထွက်နေပုံနှင့်တူပေ၏။


ထိုအချိန်မှာပင် ကုဟွိုက်သည် သူ၏ပုံစံကိုတပုံစံတည်းဖြစ်အောင်ပြောင်းလဲလိုက်ပြီး ၎င်း၏ရွှေရောင်မျက်ဆံအိမ်များနှင့် ဩဇာညောင်း သည့်ဇက်ဘုရင်ဖြစ်ကြောင်းပြသလိုက်သည်၊ နေရာတွင်ရှိနေသူများက ရုတ်တရက် ဇက်တို့၏ကာကွယ်ပေးမှုကိုခံထားရသူမှာ ပို၍ပင်ထိတ်လန့်ဖွယ်ကောင်းသည့်တည်ရှိမှုမျိုးဖြစ်မှန်းနားလည်သွားကြ၏။


သို့သော် ဇက်တို့က လုံးဝထိုသို့မထင်ကြပါချေ။


"အရှင်..."


တိုက်ပွဲပြီးဆုံးသည်နှင့် ဇက်တို့မှာ ကုဟွိုက်ဘေးဘက်သို့ ဆူဆူညံညံအော်ဟစ်ကာပြေးလာကြသည်။ ၎င်းတို့သည် ထိတ်လန့်နေသောမျက်လုံးများဖြင့် ကုဟွိုက်အား ခေါင်းမှခြေအထိအဖန်ဖန်ကြည့်ကြ၏။ ပုံမှန်အားဖြင့် ဇက်တို့သည် မျက်နှာတည်ကြပြီး ဤသို့သောမြင်သာလွန်းသည့် စိတ်ခံစားချက်များကိုထုတ်ပြသည်မှာ ရှားပါးလွန်းသည်။ ဇက်တို့၏တုံ့ပြန်မှုက တိတ်ဆိတ်နေဆဲဖြစ်သော စက်ကွင်း၏ကယ်ဆယ်ရေးတပ်များနှင့်သူပုန်တို့၏မျက်လုံးထဲသို့ဝင်ရောက်လာသည်။


ကုဟွိုက်၏ခေါင်းပေါ်မှ ဆံချည်တစ်မျှင်ပင်မထိခိုက်သည်မှာ မှန်သော်လည်း ဇက်တို့ကစိုးရိမ်နေကြဆဲပင်။ ၎င်းမြင်ကွင်းက ကြည့်ရှုနေရသူအပေါင်းတို့၏ ခေါင်းပေါ်တွင် '?' များအတန်းလိုက်ကြီးပေါ်လာအောင် ဖန်တီးနေလေသည်။


??? ဒီဇက်အုပ်စုက ဘာဖြစ်နေကြတာလဲဟ...


သဘာဝအရ ဇက်တို့ကသူတို့ဘုရင်အပေါ် ဂရုစိုက်ပေးမှုသည်ပြဿနာမဟုတ်။ ပြဿနာမှာ သူတို့က သင်္ဘောအနည်းငယ်လောက်လေးအား ဖျက်ဆီးပြီးသည်နှင့် ကုဟွိုက်အားလာကြည့်ကြခြင်းပင်။ ၎င်းက သူတို့အတွက် ဇက်တို့၏စိုးရိမ်ပူပင်မှုများကို နားမလည်နိုင်ဖြစ်လာစေသည်။


ဇက်တို့တွင် မိဘကဲ့သို့သော အမူအကျင့်မျိုးရှိပြီး ကာကွယ်ပေးရန်လိုအပ်လာလျှင် သူတို့ဘုရင်အား ကလေးလေးတစ်ယောက်ကဲ့သို့ပင်ဆက်ဆံတတ်ကြ၏။ သူတို့သည် အနှီစိတ်ကူးနှင့်ပတ်သတ်၍ လက်တွေ့တွင်မည်သည့်အရာများပင်ဖြစ်လာပါစေ တစက်လေးပင်လွဲလျော်နေသည်ဟုမထင်ကြပေ။ သူတို့သာ ဇက်တို့နှင့်စကားပြောရမည်ဆိုပါက အောက်ပါအတိုင်းဖြစ်လာလိမ့်မည်။


သူတို့: နိုးထလိုက်တော့! မင်းတို့ဘုရင်ကအရွယ်ရောက်နေပြီကွ!


ဇက်(တယူသန်နေလျက်) : ငါတို့ဘုရင်က ကလေးလေးပဲရှိသေးတယ်။


စစ်သင်္ဘောတွေအကုန်ပျက်စီးသွားတော့ရော ဘာဖြစ်လဲ။ စစ်သင်္ဘောများအကုန်ပျက်စီသွားခဲ့လျှင်ပင် သူတို့ဘုရင်ကဒဏ်ရာရနိုင်သေးသည်။ ထပ်ဖြည့်ပြောရပါက စိတ်စွမ်းအင်သုံးစွဲရခြင်းက သူတို့ဘုရင်ကို အလွန်အကျွံအားအင်ကုန်ခမ်းစေသည်။ သူ့ခန္ဓာကိုယ်က အဆင်ပြေမည်မဟုတ်။ ခန္ဓာကိုယ်ကအဆင်ပြေလျှင်ပင် ဘုရင်က တိုက်ခိုက်မှုကိုကြုံတွေ့ရပြီးထိတ်လန့်သွားလိမ့်မည်။ သူတို့ ဘယ်လိုလုပ်မစိုးရိမ်ဘဲနေပါမည်နည်း။


ဇက်တို့၏စိုးရိမ်နေသောအကြည့်များအောက်တွင် နောက်ဆုံး၌ ကုဟွိုက်ပြောလိုက်ရသည်။


"ငါဘာမှမဖြစ်ပါဘူး၊ မစိုးရိမ်ကြပါနဲ့..."


ကုဟွိုက်မှာ ပင်ပန်းနေခြင်းမျိုးမရှိ၍ ထိုအကြောင်းကိုမပြောချင်ပေ။ သူမျက်တောင်တဖျတ်ဖျတ်ခတ်ကာ အိပ်ချင်စိတ်ကိုမောင်းထုတ်လိုက်ပြီး သူ၏ဘေးပတ်လည်မှ တက်ခ်ဇက်များဘက်သို့လှည့်လိုက်၏။


"ကာရုရော..ဒဏ်ရာရသွားသေးလား၊ အကုန်လုံးအဆင်ပြေကြလား.."


ကုဟွိုက် နာမည်ခေါ်လိုက်သောတက်ခ်ဇက်မှ ရှူးကနဲအသံပေးကာ တုံ့ပြန်လာသည်၊ ၎င်း၏ နီရဲနေသောမျက်ဆံက ကုဟွိုက်အပေါ်တွင် မလှုပ်မရှားဘဲရှိနေ၏။ သူတို့သည် ကျောက်ခဲလေးများနှင့် ထိခတ်မိရုံသာဖြစ်ပြီး တက်ခ်ဇက်များအတွက် ယားယံမှုပင်မဖြစ်စေပေ။ ကျောက်တုံးနဲ့ထိမိသည့်နေရာတွင်ပွန်းပဲ့သွားရုံသာဖြစ်ပြီး အန္တရာယ်ကြီးကြီးမားမားမရှိချေ။


သို့သော်လည်း ကုဟွိုက်သည်တက်ခ်ဇက်၏ ကျောက်ခဲမှန်ထားသည့်နေရာကိုမြင်မိပြီး စက္ကန့်ပိုင်းမျှ အကြည့်ရပ်သွားခဲ့သည်။ ကုဟွိုက်၏အပြုအမူကြောင့် တက်ခ်ဇက်၏နီရဲသောမျက်ဝန်းတစုံမှာ မသိမသာကျဉ်းမြောင်းသွားသည်။ ဉာဏ်ရည်မမြင့်မားသည့်တိုင် ကြီးမားလှသောတက်ခ်ဇက်သည် အလိုလိုပင်၎င်း၏တံတောင်ကိုမြှောက်လိုက်ပြီး ထက်ရှနေသောအခြမ်းကိုရှောင်ကာ ကုဟွိုက်၏ဆံပင်ကို ညင်သာစွာထိတွေ့လိုက်၏။ထိုအပြုအမူက ကလေးတစ်ယောက်ကိုချော့မြူနေသယောင်ပင်။


'ဒီမှာ ဥအခွံသာရှိရင်'


တက်ခ်များသည် သူတို့၏ငြီးငွေ့ဖွယ်ရာအတွေးဖြင့်သာမျောပါနေကြသည်။


သည်နေရာတွင် ဥအခွံသာရှိနေမည်ဆိုပါက သူတို့၏ကလေးလေး ကြောက်ရွံ့ပြီးမပျော်မရွှင်ဖြစ်နေသည့်အခါ ဥအခွံထဲထည့်ထား၍ ချော့သိပ်နိုင်လိမ့်မည်။ ၎င်းသည် ကုဟွိုက်၏ဆံပင်များကိုထိကိုင်ကြည့်ပြီး မသိစိတ်အရ မျက်တောင်ခတ်မိသွား၏။


ဂြိုလ်၏ခုခံကာကွယ်မှုစနစ်တွင် ပြဿနာ တစုံတရာရှိခဲ့လျှင်ပင် ၎င်းတို့သည် အချိန်မီမတုံ့ပြန်နိုင်ခဲ့ကြပေ၊ အဘယ်ကြောင့် စစ်တပ်ဘက်မှ တုံ့ပြန်မှုကနှေးကွေးရသနည်း။ ဂြိုလ်ပေါ်မှအရေးအပါဆုံးသောကျောင်းတွင် ဤသို့သောကိစ္စကြီးက ဖြစ်ပေါ်ခဲ့သည်။ လီဗင်ဂြိုလ် စစ်တပ်က ယခုဆိုလျှင် ရောက်လာသင့်ပြီ။


လက်နက်ကိုင်အင်အားစုက ပုန်ကန်နေမှုကိုသိလျှင် အစိုးရကအငြိမ်နေနိုင်မည်မဟုတ်ဘဲ စစ်တပ်နှင့်အတူရောက်လာလိမ့်မည်သာဖြစ်သည်။ အစိုးရကအလျင်လိုနေသင့်သည်။ သူ သွေးထွက်သံယိုမှုမရှိဘဲ ဤအထိကရုဏ်းကို ဖြေရှင်းနိုင်မည့်နည်းလမ်းအားသိချင်နေ၏။ အောင်မြင်မှုရနိုင်ရန် မသေချာသလောက်ရှိနေပြီး အစိုးရအားစိတ်ပူပင်စေလိမ့်မည်။


သူတို့ အစပိုင်းကတွေးထားခဲ့ကြသည်မှာ ကျောင်းအားဝိုင်းထားမည့်သူပုန်စစ်သင်္ဘောများနှင့် အပျက်အစီးမြင်ကွင်းကိုရင်ဆိုင်ရလိမ့်မည်ဟူ၍။ သို့သော် ဖြစ်သည့်နေရာရောက်သည်နှင့် မြေပြင်ပေါ်မှစစ်သင်္ဘောများမှာ သူတို့၏ပါဝါစနစ်ကြောင့် ပြန်ဆောက်မရအောင်ပင်ပျက်စီးနေပြီး သူကိုယ်တိုင်လည်းဆွံ့အသွားခဲ့ရသည်။


ဒီအခြေအနေကဘာကြီးလဲ? အစိုးရပိုင်းမှလူများ၏စိတ်ထဲတွင် အထိကရုဏ်းကြောင့်လောင်ကျွမ်းနေပြီး နောက်တစ်က္ကန့်တွင်မူ သူတို့မှာ  ပြီးဆုံးပြီးကာစ စစ်ပွဲအခြေအနေကြောင့်ကြက်သေသေကုန်ကြ၏။ ဤကိစ္စထဲတွင် သူနောက်တကြိမ်ဝင်ပါစရာအကြောင်းမရှိတော့ပေ။ မတော်တဆမှုကိုဖြေရှင်းလိုက်နိုင်ပြီဖြစ်သည်။


ဘာကြောင့် ပြီးပြည့်စုံနေရသနည်း။ မြေပြင်မှအခြေအနေကသူမျှော်လင့်ထားသည့်အတိုင်း သွေးထွက်သံယိုမှုများမရှိခဲ့ပေ။ စစ်သင်္ဘောများက မြေပြင်ထက်သို့ပျက်ကျလာခံသော်လည်း မပျက်စီးခဲ့။ ယခု သူပုန်များကိုလည်းဖမ်းဆီးထားခဲ့ပြီးဖြစ်သည်။ စစ်သင်္ဘောများနှင့်အခြားသောလက်နက်များမရှိဘဲသူတို့၏လက်နက်များက မြေပြင်ပေါ်ရှိ အလ်ဗ်ကလိမ်ချိုးလိုက်သောကြောင့် ပျက်စီးသွားပြီဖြစ်ကာ ကုဟွိုက်ကလည်း၎င်း၏အညီအမျှဖလှယ်သောစွမ်းရည်ဖြင့် လက်နက်များကိုသံချောင်းများအသွင် ပြောင်းလဲပစ်ခဲ့သည်။


ဤသို့သောအခြေအနေနှင့်ရင်ဆိုင်ရသည့်အခါ လီဗင်စစ်တပ်အတွက် အခင်းဖြစ်ရာနေရာကိုထိန်းချုပ်ရန် လုံးဝလွယ်ကူသွားလေပြီ။ မကြာခင် အခြားသူများထံမှအခြေအနေကိုသိရပြီး စက်ကွင်းအစိုးရမှာ ကုဟွိုက်အား လူကိုယ်တိုင်လာရောက်၍ကျေးဇူးတင်ခဲ့သည်။


သူအလွန်အမင်းအိပ်ငိုက်နေခဲ့သော်လည်း ကုဟွိုက်မှာပြဿနာကိုဖြေရှင်းနိုင်ရန် စိတ်ဝိညာဉ်ကိုခက်ခက်ခဲခဲဖိနှိပ်ထားရသည်။ အိပ်ချင်စိတ်ပြေသွားသည်နှင့် ကုဟွိုက်၏မျက်နှာပေါ်တွင်အိပ်ငိုက်နေသည့်အမူအရာမရှိတော့ဘဲ ပုံမှန်နှင့်လည်းမတူတော့ချေ။ လူတိုင်းအား မည်သည့်အရာကိုမှဂရုမစိုက်သည့် အေးတိအေးစက်ပုံစံမျိုးဖြင့် ထင်ယောင်ထင်မှားမြင်နေရစေသည်။


ကုဟ်ွိုက်က လေးတွဲတွဲဖြင့်ပြန်ဖြေသည်။


"ဒီအထိကရုဏ်းကို ခင်ဗျားတို့က ကျွန်တော်တို့ထက်ပိုသတိထားသင့်တယ်၊ ဒီကိစ္စရဲ့အကြောင်းအရင်းကိုမရှင်းရင် နောက်ဆက်တွဲကိစ္စတွေပိုဖြစ်လာလိမ့်မယ်၊ နောက်တခေါက်ဆိုရင် လူမသေဘဲနဲ့ကိစ္စကပြီးသွားမှာမဟုတ်ဘူး.."


ပြောပြီးသည့်နောက် သူ့ဘေးမှတက်ခ်ဇက်အားလှည့်ကြည့်လိုက်သည်။


"ကျွန်တော်တို့စစ်သားတွေက အဆင်လိုက်ခွဲထားတာ၊ဒါပေမဲ့ အဆင့်နိမ့်ဇက်တွေကလည်း ကျွန်တော့်အတွက်အရေးကြီးနေတုန်းပဲ..."


ဇက်တို့သည် ပိရမစ်ပုံစံ လူမှုဆက်ဆံရေးရှိသော်လည်း ၎င်းတို့၏မျိုးနွယ်စုအတွင်း အဆင့်အတန်းခွဲခြားမှုမရှိပေ။


"ကျွန်တော်နားလည်ပါပြီ၊ ကျေးဇူးတင်ပါတယ်.."


ဝန်ကြီးချုပ်သည် အလေးမထားဟန်မရှိဘဲ အကောင်းဘက်မှ ပြန်လည်ဖြေခဲ့သည်။ အမှန်တွင် ဝန်ကြီးချုပ်သည်ရုံးခန်းထဲတွင် ၎င်းတို့၏မျိုးနွယ်စုအတွင်းမှ ပြဿနာများကိုဖြေရှင်းနေခဲ့ရသော်လည်း လုပ်ငန်းစဉ်များက နှေးကွေးနေခဲ့သည်။ အကြောင်းမှာ ၎င်းတို့က နီညိုရောင် စက်ကွင်းမျိုးနွယ်များကို ခွဲခြားဆက်ဆံခဲ့ခြင်းက  နှစ်များစွာအမြစ်တွယ်နေခဲ့သောကြောင့် ဖြေရှင်းရန်အချိန်ယူရပေမည။


အခြားမျိုးနွယ်စု၏ အတွင်းရေးများကို ဝင်ရောက်စွက်ဖက်ရန် ကုဟွိုက်တွင်ရည်ရွယ်ချက်မရှိပါချေ။ ထိုကိစ္စကသူ့အား စိတ်ထိခိုက်စေ၍ဝင်ကူညီမိရုံသာရှိခဲ့သည်။ ယခု သူသည်စကားအရပြောဆိုခဲ့ပြီး ဆက်လက်လုပ်ဆောင်ရန်က တဖက်မှကိစ္စပင်။ သူတို့၏ကိုယ်ပိုင်နည်းလမ်းဖြင့်အခြေအနေကိုတည်ငြိမ်အောင် ရွေးချယ်ကြလိမ့်မည်။ ကိစ္စကိုဖြေရှင်းပြီးသည်နှင့် ကုဟွိုက်ခမျာ ဆက်လက်တောင့်မထားနိုင်တော့ရှာ။သူချက်ချင်းလက်မြှောက်ကာ မျက်လုံးများကိုပွတ်သပ်လိုက်ရင်း အိပ်ငိုက်နေသည့်အမူအရာက သူ့မျက်နှာပေါ်တွင်ပေါ်လာလေသည်။


"အိပ်ချင်တယ်..."


ကုဟွိုက် နံဘေးမှအလ်ဗ်ထံ ကြားနိုင်ရုံမျှအသံနှိမ့်ပြောလိုက်၏။ အလ်ဗ်သည် ကုဟွိုက်ကသူ့မျက်လုံးသူပွတ်သပ်နေသည်ကိုမြင်သွားသည်။ ကုဟွိုက်၏စကားကိုကြားပြီး အမြှီးဖြင့်ထိုသူအားရစ်ပတ်ကာ ပွေ့ဖက်လိုက်၏။ လုံခြုံသွားသည်နှင့် အိပ်ချင်နေခဲ့သည်မှာကြာပြီဖြစ်သောကုဟွိုက်တစ်ယောက် အိပ်မောကျသွားလေတော့သည်။


ဒါက...? 


ဇက်များမှလွဲကာ ကြည့်နေသူများအကုန်ငြိမ်ကျသွားသည်။နံဘေးတွင်ဝိုင်းနေသောဇက်များအတွက် အဆိုပါမြင်ကွင်းကပုံမှန်သာ။သူတို့ဘုရင်က ကလေးလေးသာရှိသေးသည်။ သူစိတ်စွမ်းအင်အများအပြားသုံးစွဲလိုက်ရသောကြောင့် ပင်ပန်းသွားရှာသည်။ အိပ်ပျော်သွားသည်မှာ ပုံမှန်ပင်။ ကလေးလေးအိပ်ပျော်သွားသည်နှင့် မည်သူမှစကားမပြောရတော့ပေ။


ထိုအချိန်၌ ဇက်တို့ကအမူအရာကင်းမဲ့နေပြီး အနားမှလူများကိုမဆူစေရန် သတိပေးလိုက်ပုံရသည်။ ကုဟွိုက်က အိပ်မောကျသွားပြီးဘာကိုမျှမသိတော့ချေ။ သူ့ကိုအလ်ဗ်က အိမ်တော်၏ဒုတိယထပ်သို့ခေါ်ဆောင်သွားပြီး သူသည်လည်း နာရီနှင့်ချီကာအိပ်ပျော်သွားခဲ့သည်။


သူနိုးလာသည်နှင့် တလောကလုံးကပြောင်းလဲသွားလေပြီ။


[__!]


စိတ်ဝိညာဉ်ဆက်သွယ်ခြင်း။


အောက်ထပ်တွင်စောင့်နေသောဇက်မှာ စိတ်ဝိညာဉ်ဆက်သွယ်မှုရသည်နှင့် အူယားဖားယားပြေးလာရှာသည်။ သူတို့ ဘယ်နှကြိမ်ပင် စိတ်ဝိညာဉ်ဆက်သွယ်မှုရပါစေ၊ တုံ့ပြန်ပုံမှာမပြောင်းလဲချေ။


"အရှင်__!"


သည်အချိန်တွင် ကုဟွိုက်အိပ်ပျော်နေသည်ကို နှောင့်ယှက်မိရန်စိုးရိမ်နေသူ မည်သူမှမရှိတော့။ ပထမထပ်တွင်ရှိနေသော အလ်ဗ်လည်းအပါအဝင်။ သူတို့သတိမထားမိဘဲ ဒုတိယထပ်ကို မည်သည့်ရန်သူမှဝင်ရောက်ရန် မဖြစ်နိုင်သည့်တိုင်၊ စိတ်ဝိညာဉ်ချိတ်ဆက်မှုရလိုက်သော ဇက်တို့မှာစိတ်လှုပ်ရှားနေပြီး တမဟုတ်ချင်းပင် ကုဟွိုက်အခန်းထဲသို့ အမြန်ဝင်လာခဲ့ကြ၏။ 


အလ်ဗ်က နေရာပြောင်းရွှေ့ခြင်းကိုတိုက်ရိုက်အသုံးပြုပြီး တစက္ကန့်မှနှစ်စက္ကန့်အတွင်း အခန်းထဲသို့ဝင်လာသည်။ မကြာခင် အခြားဇက်များက တံခါအားတွန်းဖွင့်ကာဝင်လာကြ၏။


"အရှင်!"


သူတို့အခန်းထဲရောက်သည်နှင့် ဇက်တို့မှာ ကုဟွိုက်ကို ကုတင်ပေါ်တွင်မတွေ့ရပေ။ သူတို့မျက်လုံးများက အခန်းထောင့်တိုင်းတွင်ဝေ့ဝဲနေပြီးရလဒ်က မထူးမခြားနား။


ဘုရင် ပျောက်သွားပြီ! ထိုအသိကြောင့် ၎င်းတို့၏မျက်လုံးများကျုံ့ဝင်သွားခဲ့သည်။ တက်ခ်ဇက်ကြီးက ရှူးကနဲအသံကျယ်ကြီးအား ထုတ်လိုက်လျက် ၎င်းတို့၏ကြက်သွေးရောင်ဒေါင်လိုက်မျက်ဆံအိမ်များက မျဉ်းကြောင်းလေးတစ်ကြောင်းပမာ ကျုံ့သွားချေသည်။ ၎င်းတို့၏ ပုံမှန်ထက်ပိုပြီး ပရမ်းပတာနိုင်သောစိတ်ကြောင့် မူလကရှိနေခဲ့သောသည်းခံနိုင်စိတ်ကို လျော့ရဲလာစေ၏။ အလ်ဗ်သည် ခဏမျှစောင်းငဲ့ကြည့်ကာ သူ့မျက်လုံးများက အိပ်ရာပေါ်တွင်သံမှိုဆွဲနေလေသည်။


အခြားဇက်တို့က အလ်ဗ်၏အကြည့်အတိုင်း လိုက်ကြည့်ကြပြီးအိပ်ရာ အခင်းဖြူ အောက်မှ တခုခုတိုးထွက်လာနေသည်ကိုတွေ့လိုက်ကြ၏။သူတို့သည် အလ်ဗ်က အိပ်ရာသို့လျှောက်သွားပြီး အခင်း၏ထောင့်နေရာကိုဖြည်းဖြည်းချင်း မ လိုက်ပုံအားကြည့်နေကြသည်။ ထို့နောက်အခန်းထဲမှဇက်တို့အားလုံးသည် စောင်အောက်ထဲတွင်ပုန်းနေသည်ကရတနာလေးပင်ဖြစ်ကြောင်းတွေ့လိုက်ကြရ၏။


"ကျိုး..."


သူသည် အိပ်ရာပေါ်တွင် ကွေးကွေးလေးဖြစ်နေရင်း ဇက်တို့ကိုမည်သို့ရင်ဆိုင်ရမှန်းမသိရှာ၊ မည်းနက်ပြီး နူးညံ့နေသောအနက်ရောင်သက်ရှိလေးမှာ ဖန်ဘောလုံးကဲ့သို့ဝိုင်းစက်နေသောရွှေရောင်မျက်ဆံအိမ်လေးအားဖွင့်လိုက်သည်။ ထို့နောက် သူ့အားကြည့်နေသောဇက်များထံ အသံသေးသေးဖြင့်အော်လိုက်လေ၏။


.........


စာရေးသူတွင်ပြောစရာရှိသည်။


အမည်းလုံးလေး ဟွိုက်ပေါင်း(ကွေးကွေးလေးဖြင့်): ကျိုး!