အခန်း ၆၁
Viewers 10k

Chapter 61

Chapter 61


အခန်းမှာတိတ်ဆိတ်လွန်းနေသောကြောင့် အသက်ရှူသံကိုပင်ကြားနိုင်သည်။ အခန်းထဲသို့ဝင်လာသည့်ဇက်တို့မှာ သူတို့၏ခန္ဓာကိုယ်ကိုဖြေလျှော့လိုက်ကြသည်။ ဒေါင်လိုက်မျက်ဆံအိမ်တို့မှာ လိုအပ်သည်ထက်ပိုကျုံ့ဝင်နေပြီး ၎င်းတို့မျက်လုံးများမှာ အိပ်ရာပေါ်မှ အနက်ရောင်အမွှေးလုံးလေးအပေါ်တွင် အသေရှိနေကြသည်။ သူတို့သည် ဖန်ဘောလုံးလေးနှင့်တူသော ရွှေရောင်မျက်လုံးအိမ်လေးအား စက္ကန့်အနည်းငယ်ကြာအောင်စိုက်ကြည့်နေကြပြီးနောက် တခန်းလုံးထိန်းသိမ်းရခက်သွားလေတော့သည်။


သေပြီ...သေပြီ...သေပြီ...


တောက်ပလွန်းနေတဲ့မျက်လုံးလေး...တောက်ပလွန်းနေတဲ့မျက်လုံးလေး...အရမ်းအရမ်းကို တောက်ပလွန်းနေတဲ့မျက်လုံးလေး...


သူတို့၏စိတ်ထဲရှိအတွေးများကိုစကားလုံးများအဖြစ်သာပြောင်းလဲနိုင်ပါက တခန်းလုံး ထိုစကားလုံးနှစ်လုံးတည်းနှင့်ပင် ဖြေမရသည့် အထုံးကြီးအဖြစ်ပြည့်သွားတော့မည်။


အမည်းလုံးလေးက အိပ်ရာနှင့်လုံးထွေးနေကာ အခန်းထဲမှဇက်တို့ကို ရွှေရောင်မျက်ဆံအိမ်ဝိုင်းဝိုင်းလေးများဖြင့် ကြည့်နေခဲ့သည်။ တခဏမျှ အခန်းထဲရှိဇက်တို့မှာ စိတ်ရှုပ်ထွေးမှုများထဲသို့ကျရောက်သွားခဲ့သည်။ သူတို့၏ဦးနှောက်က အလုပ်မလုပ်နိုင်တော့ဘဲ တချိန်တည်းမှာပင် သူတို့၏ခန္ဓာကိုယ်ကတောင့်တင်းနေကာ အသက်ကိုပင်ခဲရာခဲဆစ်ရှူနေကြရသည်။


ကြီးကြပ်ရေးမှူးမှာ နောက်ပြန်လဲကျသွား၏။


"ကြီး...ကြီးကြပ်ရေးမှူး...!"


သူ့အရှေ့မှအမွှေးလုံးလေးအားမြင်ကာ တူဆာ၏ဒုတိယအကြီးအကဲခမျာ အသက်အားထိန်းရှူ၍ ဆန့်ဆန့်ကြီးလဲကျသွားလေသည်။ အခန်းထဲရှိအခြားဇက်တို့မှာ တူညီသောအခြေအနေတွင်ရှိနေစေကာမူ သူ့နည်းတူကြုံတွေ့ကြရ၏။ သူတို့သည်ဒုတိယအရာရှိကိုသတိထားမိသည့်တိုင် ဇက်တို့၏တုံ့ပြန်မှုကအသံထွက်ပြီး အရှေ့တိုးလာနိုင်ရုံသာ။ ၎င်းတို့မှာ သံလိုက်စက်ကွင်းဖိအားကြောင့် ဆွဲဆောင်ခံရသလို ၎င်းတို့မျက်လုံးများမှာအမွှေးပွလုံးလေးအပေါ်တွင်သာ သံမှိုစွဲထားသလိုရှိနေကြလေသည်။ မျက်လုံးအရောင်များကား ထိန်းမရအောင်တဖျတ်ဖျတ်လက်နေ၏။


သူတို့၏ကလေးလေးပျောက်သွားပြီဟုဆိုကာ နားကွဲမတတ်အော်ခဲ့ကြသော ဇက်တို့ပင် ယခုမူနေရာတွင် အေးခဲနေကြလျက် သက်ပြင်းရှည်များကိုမှုတ်ထုတ်နေကြလေသည်။ အမွှေးလုံးလေးမှာ ကြီးကြပ်ရေးမှူးလဲကျသွားသည်ကိုမြင်သည်နှင့်ချက်ချင်းလှုပ်ရှားလာ၏။


"ကျိုး..."(အမှန်တော့လေ သူ့အော်သံလေးက ကျစ်ပ်/ ချစ်ပ် /ဂျစ်ပ် အဲ့လိုအသံမျိုဖြစ်မယ်ထင်တယ် ဒါပေမဲ့သေချာသတိမထားမိပဲ ကျိုးထားမိတော့ ကျိုးလိုက်တော့မယ်နော်😁😁သွေ့ပုချိ🥺)


၎င်းကစိုးရိမ်ပူပင်၍ အော်လိုက်သောအသံပင်။ ထိုအသံကြားမှ အနားတွင်ပတ်လည်ဝိုင်းနေသောဇက်တို့မှာ ကြီးကြပ်ရေးမှူးကိုစိုးရိမ်စွာဖြင့် စတင်ကာရှေ့တိုးလာကြသည်။ 


၎င်းသည် လျှပ်တပြက်အခြေအနေတွင် လူမိခံရခြင်းပင်။ သူသည်ဤပုံစံသို့ပြောင်းသွားပြီး လမ်းလျှောက်ရန်အဆင်မပြေသေးပေ။ ရွှေရောင်မျက်လုံးလေးများဖြင့် ဇက်ပေါက်စလေးမှာ၎င်း၏အားနည်းနေသေးသော အရိုးများကြောင့် ရှေ့သို့အနည်းငယ်လျှောက်ပြီးနောက် လဲကျသွားခဲ့သည်။ 


ဖြစ်ရပ်တစ်ခုလုံးက စက္ကန့်ပိုင်းအတွင်းဖြစ်ပျက်ခဲ့သည်။


သူတို့ဘုရင် လဲကျသွားပြီ။ ထိုအသိစိတ်က ဇက်တို့အားလုံး၏စိတ်ထဲတွင်ဖြစ်ပျက်သွားပြီး သည်းညည်းမခံနိုင်တော့သည့်ပုံစံပေါ်လာသည်။ သို့သော်လည်း ဘုရင်က ယိုင်နဲ့နဲ့ဖြင့်လမ်းဆက်လျှောက်နေပြီး လဲကျသွားပုံကချစ်စရာကောင်းနေသည်။ ၎င်းတို့မှာ အသက်ရှူရပိုခက်လာပြီး ဇက်တို့အားလုံးကတစ်ယောက်တည်းဖြစ်နေရာမှ အများဖြစ်နေသောအခြေအနေဖြစ်လာသည်။


ကုဟွိုက်မှာ ထိုမြင်ကွင်းကြောင့် ဆွံ့အသွားရ၏။


အကောင်ပေါက်ပုံစံနှင့်ဘုရင်....


အစတည်းက အလ်ဗ်မှလွဲပြီး အဆိုပါဇက်တို့သည် ကုဟွိုက်အပေါ် စံပြအုပ်ထိန်းသူများကဲ့သို့သော သဘောထားမျိုးရှိကြသည်။ ဇက်တို့၏မျက်လုံးထဲတွင် ကုဟွိုက်သည် အရွယ်ရောက်ပြီးသူတစ်ယောက်ဖြစ်နေသည်မှာမှန်သော်လည်း ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာအရ သူတို့သည်ကုဟွိုက်အား မွေးကာစကလေးတစ်ယောက်ကဲ့သို့ ခေါင်းမာစွာဖြင့်သတ်မှတ်ထားပြီး ဆက်လက်စောင့်ရှောက်နေခဲ့ကြသည်။


တူဆာကြယ်ပေါ်မှဇက်တို့သည် ကုဟွိုက်ကို အကောင်ပေါက်ပုံစံလေးဖြင့်မတွေ့မြင်ခဲ့ကြဖူး၍ အတော်လေးနောင်တရခဲ့ကြရသည်။ ယခုမူ သူတို့၏နောင်တက ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပြီ။ ၎င်းတို့၏ အုပ်ထိန်းသူသဘောထားနှင့် ကာကွယ်ပေးလိုသောစိတ်နှစ်ခုလုံးက အမြင့်ဆုံးသို့ရောက်လာခဲ့လေသည်။


ကုဟွိုက်မှာမူ စိတ်ရှုပ်ထွေးနေရဆဲ။ သူဘာကြောင့် ယခုလိုပုံစံဖြင့်နိုးလာရမှန်းမသိသေးပေ။ အစကသူသည် စောင်အောက်တွင်အိပ်နေခဲ့ပြီး အိပ်နေစဉ်မှာပင် အကောင်ပေါက်လေးပုံစံပြောင်းသွားခဲ့သည်။ထို့နောက် သူနိုးလာသည့်အခါ ရုပ်ပိုင်းဆိုင်ရာတွင်ပြောင်းလဲမှုဖြစ်နေသည်ကိုသတိထားမိပြီး စိတ်ဝိညာဉ်ဆက်သွယ်မှုကိုချက်ချင်းချိတ်ဆက်နိုင်ခဲ့၍ အံ့အားသင့်သွားခဲ့ရသည်။


ယခုမူ သူ၏ခန္ဓာကိုယ်က ဤပုံစံအတိုင်းဖြစ်နေခဲ့ပြီး ၎င်းကိုသူကိုယ်တိုင်လုပ်ခဲ့မိခြင်းဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။ သူပုန်များကိုနှိမ်နင်းနေစဉ်အချိန်တွင် ကုဟွိုက်သည် စိတ်ဝိညာဉ်ဆက်သွယ်မှု၏ဒုတိယအဆင့်ကို အောင်မြင်သွားခဲ့သည်။ ၎င်းက နောက်ဆုံးတွင်သူ သူ့စွမ်းရည်ကိုလှုပ်နှိုးလိုက်နိုင်ပြီဟုလည်းဆိုလိုသည်။


တိုက်ပွဲအပြီး သူအလ်ဗ်ထံကြည့်လိုက်သည့်အခါ ကုဟွိုက်သည်အလ်ဗ်၏မျက်လုံးထဲတွင် သူ့ကိုယ်သူပြန်မြင်လိုက်ရပြီး သူ့ထံတွင်လည်း အရောင်တူဒေါင်လိုက်မျက်ဆံအိမ်များရှိနေကြောင်း သိလိုက်ရသည်။ထို့ကြောင့် သူသည်အနည်းငယ်မျှ အံ့အားသင့်မှုအတွင်းနစ်မြုပ်သွားခဲ့၏။ မတိုင်ခင်က သူ၏ခန္ဓာကိုယ်တွင်ဇက်တို့၏ ဗီဇအရအသွင်အပြင်မျိုးမရှိခဲ့လေရာ ကုဟွိုက်သည်သူ့ကိုယ်သူ လူသားတစ်ယောက်ဟုပင်အထင်မှားခဲ့သည်။ သာမန်ကဲ့သို့သော ဒေါင်လိုက်မျက်ဆံအိမ်မျိုးရှိရန်မလွယ်ကူပေ။ အိပ်နေစဉ်တွင်လည်း ကုဟွိုက်မှာ ခက်ထန်ကြမ်းကြုတ်သည့်အသွင်အပြင်မရှိရသည့်အကြောင်းအရင်းကို သိချင်နေခဲ့သည်။


ဇက်တို့တွင် အခြားသောအသွင်အပြင်မျိုးများရှိတတ်သည်။ ဥပမာဇက်စစ်တပ်ခေါင်းဆောင်လေးယောက်တွင် အလ်ဗ်သည် ၎င်း၏ငွေမှင်ရောင်အမြှီးကိုထိန်းသိမ်းထားသည်၊ ကာ့ပါးလီယာတွင်မူ ပြတ်သားသောဓားပုံစံဘယ်ဘက်လက်နှင့် အရိုးတောင်ပံများရှိသည်၊ အိုင်းယီတွင်မျက်နှာ၌သွေးကြောများနှင့်ဦးချိုများရှိပြီး စီမိုဒိုတွင် သူ့ကိုယ်သူကာကွယ်ရန် အခွံမာများပိုင်ဆိုင်ထားသည်။ 


အရွယ်ရောက်ပြီးပုံစံတွင် အချို့သောအသွင်အပြင်များကိုသာထိန်းသိမ်းထားနိုင်သည်။ သားပေါက်ပုံစံတွင်မူ တချက်ကြည့်ရုံဖြင့်အသွင်အပြင်အားလုံးကို မြင်နိုင်သည်။ သို့ဖြစ်၍ ကုဟွိုက်သည် အလ်ဗ်၏ပြောင်းပြန်စွမ်းရည်ကိုစဉ်းစားမိသည်။ အဆိုပါ ပြောင်းပြန်စွမ်းရည်ဖြင့်သာဆိုပါက သူ့ထံတွင် အခြားသောခက်ထန်သည့်အသွင်အပြင်မျိုးရှိမရှိသိနိုင်ရန် ၎င်း၏သားပေါက်ပုံစံကိုပြန်ပြောင်းနိုင်သည်။


ကုဟွိုက်မှာထိုအတိုင်းတွေးသော်လည်း အမှန်တကယ်ဖြစ်လာရန်စိတ်မကူးထားချေ။ သူသည် စိတ်ဝိညာဉ်ဆက်သွယ်မှုကို မတော်တဆချိတ်ဆက်မိပြီး ဇက်အုပ်စုကြီးအားပွဲကြည့်ပရိသတ်အဖြစ် ဆွဲခေါ်မိလိုက်သည်။ ကုဟွိုက်မှာ သားပေါက်လေးပုံစံဖြင့် လမ်းမလျှောက်နိုင်ပေ။သူအရွယ်ရောက်ပြီးသောပုံစံပြန်ပြောင်းနိုင်အောင် ကြိုးစားကြည့်သေးသော်လည်း မအောင်မြင်သည့်အခါ ကုဟွိုက်မှာ ကျဉ်းထဲကျပ်ထဲရောက်သွားရ၏။


ဘုရင်က ဘယ်လိုလုပ်ဤပုံစံဖြစ်သွားမှန်း သူတို့လည်းမသိကြချေ။ယခုမူ အခန်းထဲဝင်လာသည့်ဇက်တို့မှာ အသက်ကိုထိန်းရှူနေရရှာသည်။ သူတို့သည် အိပ်ရာဘေးသို့ခိုးကြောင်ခိုးဝှက်ဖြင့်ကပ်သွားပြီးမျက်တောင်တချက်မခတ်ဘဲ အိပ်ရာဘေးတွင်ဒူးတစ်ဖက်ထောက်ကာစူးစိုက်ကြည့်နေကြလေသည်။


ကုဟွိုက်သည် ကြည့်နေသူများရှေ့တွင် လမ်းလျှောက်နေရာမှလဲကျသွားခဲ့သည်။ ယခုမူ ဇက်တို့အားလုံးကပိုကပ်လာကြပြီး မျက်လုံးရှင်ရှင်ထားကာ နီးကပ်စွာဖြင့်ဆက်လက်စောင့်ကြည့်နေကြ၏။ ကုဟွိုက်သည်းမခံနိုင်တော့သောကြောင့် အသံထွက်လိုက်သည်။


"ကျိုး..."


သူပါးစပ်ဟလိုက်သည်နှင့်ကြည်လင်၍သာယာနာပျော်ဖွယ်အသံလေးထွက်ပေါ်လာသည်။ သူသည် သားပေါက်လေးပုံစံပြန်ပြောင်းသွားသော်လည်း ကုဟွိုက်မှာ စိတ်ဝိညာဉ်ဆက်သွယ်ရေးကိုအသုံးပြုနိုင်နေဆဲပင်။ ၎င်း၏ပုံစံကြောင့် စွမ်းရည်မှာလျော့ကျမသွားသေးချေ။ ကုဟွိုက်မှာ မအောင်မြင်သည့်အခါ ခေါင်းကိုဝှက်ထားရန် ငှက်ကုလားအုတ်တစ်ကောင်ဖြစ်လိုသောဆန္ဒက တဖွားဖွားဖြစ်လာရသည်။


အိပ်ခန်းမှာ စစ်တပ်မှဇက်များနှင့်နေရာမလောက်ငှ၍ ချက်ချင်းပင်ပြည့်ကျပ်သွားရသည်၊ ဇက်တို့သည် တံခါးအပြင်တွင်ဝိုင်းအုံနေပြီး လုံးဝပိတ်ဆို့ထား၏။ မသိသူများသာဆိုလျှင် ဇက်တို့ကစစ်ကြောင်းစုဝေးကာ တခုခုလုပ်ကြတော့မည့်ပုံပေါ်သည်၊ တကယ်တမ်း၌မူ သူတို့သည်အကောင်ပေါက်လေးအဖြစ်ပြောင်းသွားသောဘုရင်အား လာကြည့်ကြခြင်းပင်။


"ကျိုး....?"


အခန်းထဲတွင် ဘေးမှရပ်ကြည့်နေသောဇက်များ အများအပြားရှိနေ၏။ သူနောက်တဖန်လမ်းလျှောက်ပြီး လဲကျသွားခဲ့လျှင် သူတို့အားရှေ့လျှောက် မည်သည့်မျက်နှာဖြင့်ရင်ဆိုင်ရပါမည်နည်း။ ကုဟွိုက် ချီတုံချတုံဖြစ်နေမိသည်။ အလ်ဗ်သည် စောင်ကိုဆွဲလှန်ပြီးတည်းက တလျှောက်လုံး အိပ်ရာဘေးတွင် အသံမထွက်ဘဲရပ်နေခဲ့သည်။ ထိုအချိန်မှာပင် သူသည်ပြောင်းပြန်စွမ်းရည်အားသုံးကာ သူ့ကိုယ်သူသားပေါက်လေးပုံစံအဖြစ်ပြောင်းလဲပစ်လိုက်သည်။


ထို့နောက် နောက်ထပ်တစ်စက္ကန့်တွင် အခန်းထဲရှိဇက်များအားလုံးရှေ့မှောက်၌ နောက်ထပ်ဇက်ပေါက်စလေးတစ်ကောင်ပေါ်လာသည်။ အဖြူနှင့်အနက်၊ ရွှေရောင်ဒေါင်လိုက်မျက်လုံး ဆင်တူဖြင့် အမွှေးလုံးလေးနှစ်ကောင် အတူရှိနေသည့်ပုံစံမှာ အင်မတန်လိုက်ဖက်ညီသည်။


"ကျိုး.."


"ကျိုး...ကျိုး..."


ဇက်ပေါက်စလေးနှစ်ကောင်သည် ၎င်းတို့သာနားလည်နိုင်မည့်စကားဖြင့်အပြန်အလှန်ပြောဆိုနေကြ၏။ ဇက်တို့က ၎င်းစကားလုံးများကိုနားမလည်ကြသော်လည်း သူတို့မျက်လုံးများကိုခပ်ကျယ်ကျယ်ဖွင့်ထားလျက် စောင့်ကြည့်နေကြဆဲပင်။


ဆက်သွယ်ကြပြီးသည့်နောက် အခန်းထဲရှိဇက်တို့သည် အနက်ရောင်သားပေါက်လေးက လှုပ်လာပုံကိုမြင်လိုက်ကြ၏။ ကုဟွိုက် လမ်းလျှောက်ပုံကိုမသိသေးသည့်အချိန်တွင် အလ်ဗ်ကသူ့ကိုယ်သူသားပေါက်လေးအဖြစ် ပြောင်းလဲလိုက်ပြီး လက်တွေ့စတင်သင်ပေးလေသည်။


အမှန်တွင် လမ်းလျှောက်ခြင်းကို သင်ကြားရပုံကမခက်ခဲပေ။ ကုဟွိုက်သည် အိပ်ရာခေါင်းရင်းနှင့်ခြေရင်းကို အကြိမ်ရေအနည်းငယ်ခန့်လမ်းလျှောက်ကြည့်သည်။ နောက်ဆုံး၌ ရှေ့ခြေဖဝါးနှင့်နောက်ခြေထောက်ကိုသုံးကာ လမ်းလျှောက်တတ်လုနီးပါးဖြစ်လာ၏။


အမြီးနှင့်ဦးချို သေးသေးလေးများဖြင့်ဇက်ပေါက်စလေးနှစ်ကောင်မှာအိပ်ရာထက်တွင်ရှိနေသည်။ တစ်ကောင်က စိတ်ပါလက်ပါဖြင့်လမ်းလျှောက်ပုံကိုသင်ကြားနေ၏။ သင်ပြီးသည့်နောက်တွင် ဖန်ဘောလုံးလေးနှင့်တူသော ရွှေရောင်ဒေါင်လိုက်မျက်လုံးအိမ်ဖြင့် သားပေါက်လေးက မြောက်များလှစွာသောအုပ်ထိန်းသူတို့၏မျက်လုံးနှင့်ဆုံတွေ့သွားခဲ့သည်။ ၎င်းတို့၏မျက်လုံးများမှာ မြင်သာသောအချစ်များနှင့်ပြည့်နှက်နေပြီး ဂရုစိုက်မှု၊ စိုးရိမ်ကြောင့်ကြမှုများနှင့် သိသာထင်ရှားသောပျော်ရွှင်ကြည်နူးများကြောင့် တောက်ပနေကြသည်။


သားပေါက်လေးပုံစံဖြင့်ကုဟွိုက်သည် တခဏ ဆိတ်ငြိမ်သွားခဲ့၏။သူ၏အခန်းထဲမှဇက်တို့အားလုံး ပျော်ရွှင်နေမှု၏ အကြောင်းအရင်းကိုတွေးကြည့်လိုက်သည်။ 


လက်ရှိတွင်ဇက်တို့တွေးနေသည်မှာ: ဘုရင်ကလမ်းလျှောက်နေပြီဟေ့!


..............


စာရေးသူတွင်ပြောစရာရှိသည်။


ဟွိုက်ပေါင်း လမ်းလျှောက်သင်သောအခါ:


ဇက်များ(မတ်တပ်ရပ်ပြီးလက်ခုပ်တီးကြ) : ဖြောင်း...ဖြောင်း...ဖြောင်း!