အခန်း၉၀
Viewers 10k

Chapter 90

Chapter 90


ဤဂြိုလ်သည် လေထုညစ်ညမ်းမှုမြင့်မားသောကြောင့် ညကောင်းကင်ပြာတွင် ကြယ်တစ်လုံးခန့်မြင်ရရန်ပင်ခက်ခဲလွန်းလှ၏။


ကုဟွိုက်မှာ သားပေါက်လေးအဖြစ်သာရှိသေးသောအတိတ်မှအလ်ဗ်ကို သူ၏လတ်တလော အခြေတကျမဖြစ်သည့်ခန္ဓာကိုယ်ဖြင့် အဖော်ပြုပေးနေရသည်။ အနှေးအမြန် သူထွက်သွားရတော့မည်ကိုသိနေ၏။ သူ၏ဆန္ဒနှင့်ပတ်သတ်၍ တတ်နိုင်သည့်အရာမရှိလင့်ကစား သူ

၏ဝိညာဉ်မှာ ငြင်းဆိုနေလေသည်။ ဤအခြေအနေဖြင့်ပင် ကုဟွိုက်မှာလောက၏ 'စည်းမျဉ်း' ကိုဆန့်ကျင်မှုကြောင့် နာကျင်မှုကိုခံစားနေခဲ့ရသည်။


"သဘောတူညီချက်တစ်ခုလောက်လုပ်ရအောင်.."


ကုဟွိုက် လက်နှစ်ဖက်ကိုဒူးပေါ်တင်ကာဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူ့အရှေ့မှ မျက်လုံးဝိုင်းလေးများဖြင့်ဇက်ကိုငုံ့ကြည့်လိုက်သည်။


အလ်ဗ်၏အမြှီးက ဆတ်ကနဲလှုပ်ရှားသွားသည်။


"ကျိုး..."


အစက ကုဟွိုက်သည် သည်ညတွင်ကြယ်ကြည့်ရန် အလ်ဗ်အားအပြင်ခေါ်ထုတ်သွားချင်ခဲ့သော်ငြား လုံခြုံရေးအရ သူတစ်ယောက်တည်းသာဂူအဝင်ဝသို့သွားကြည့်လိုက်သည်။ ထို့နောက် အပြင်မှကောင်းကင်မှာ မည်သည့်အရာမှမမြင်ရအောင် မည်းမှောင်နေကြောင်းသိလိုက်ရပေ၏။


"ဒီတိုင်း..တစ်နေ့မှာ ရုတ်တရက်ငါပျောက်သွားခဲ့ရင်..ငါမင်းကိုထားခဲ့ချင်လို့မဟုတ်ဘူးနော်.."


ကုဟွိုက် လက်ညိုးတစ်ချောင်းကိုဆန့်ထုတ်ကာ သားပေါက်လေး၏အမွှေးဖွားဖွားကိုယ်ကိုပုတ်လိုက်ပြီး သူ့မျက်လုံးများကကွေးညွတ်နေခဲ့သည်။


"နောက်ကျရင် မင်းငါ့ကိုဒီဂြိုလ်ပေါ်မှာ ရှာတွေ့စေရမယ်လို့ငါကတိပေးတယ်.."


အလ်ဗ်သည်ကား အသေအချာနားထောင်နေပုံရသည်။ ကုဟွိုက်စကားဆုံးသွားသည်နှင့် သားပေါက်လေးက အမှန်တကယ်ထိကိုင်၍မရနိုင်လျှင်ပင် ကုဟွိုက်၏ဖြန့်ကားထားသောလက်ချောင်းလေးများကြားသို့ တကိုယ်လုံးဝင်လိုက်၏။ 


"ကျိုး.."


အလ်ဗ်က အသံထွက်လာပြန်သည်။ ၎င်းသည် ကုဟွိုက်အားအမြဲစောင့်ရှောက်နေသောကြောင့် ကုဟွိုက်ပျောက်ကွယ်သွားလိမ့်မည်ဟု ၎င်းကမထင်ထားပေ၊ သူသည် ဤလူကိုကတိပေးရန် ဆန္ဒရှိနေခဲ့သည်။


"ကျိုး..!"


'ကျွန်တော် ခင်ဗျားကိုတွေ့အောင်ရှာမယ်'


ကတိပေးလိုက်ခြင်းကြောင့် သားပေါက်လေး၏မျက်လုံးများက လင်းလက်နေပေသည်။


ကုဟွိုက်က သားပေါက်လေး၏ကတိပေးလိုက်သည့် တကျီကျီအသံကြောင့် မျက်တောင်ခတ်ကာမတ်တပ်ထရပ်လိုက်၏။


"ဒါဆို ပြောပြီးပြီနော်.."


ခေတ္တမျှတွေဝေနေခဲ့စေကာမူ နောက်ဆုံး၌ ကုဟွိုက် ထိုစကားကိုပြောဖြစ်ခဲ့သည်။


ရံဖန်ရံခါတွင် ကုဟွိုက်သည် အလ်ဗ်ကသူ့အားမတွေ့ခဲ့လျှင်ကောင်းမည်ဟု တွေးမိသည်။ သူ၏ပုံစံက မည်သို့ပင်ဖြစ်နေပါစေ အလ်ဗ်ကို စိတ်ပျက်သွားစေလိမ့်မည်။ သူသည် အမြဲ အလ်ဗ်အားစောင့်နေရအောင်လုပ်ခဲ့သည်။ သူ၏အသိစိတ္က မူရင်းခန္ဓာကိုယ်သို့ပြန်မရောက်နိုင်

သေးသော်ငြား သူအမြဲအိပ်ပျော်နေခဲ့သည်။ ဤသို့သော စောင့်ဆိုင်းရမှုမျိုးက အလ်ဗ်အတွက်ရက်စက်လွန်းရာကျပြီး မမျှတပေ။


သို့တစေ ကုဟွိုက်သည် ကတိက ပြဿနာမရှိမှန်း အမြန်သဘောပေါက်လိုက်ပြီး အနာဂတ်တွင်အလ်ဗ်နှင့်တွေ့ဆုံရခြင်းကလည်း ကံကြမ္မာအရ ဖြစ်ပေသည်။ ထပ်ဖြည့်ပြောရလျှင် တဖက်လူ၏ခံစားချက်များအရ 'အလ်ဗ်ကငါနဲ့မတွေ့ခဲ့ရင်ကောင်းမယ်' ဆိုသည့်စကားမျိုးကသာ

အလ်ဗ်အတွက် ပိုမမျှတသလိုဖြစ်လိမ့်မည်။


"ငါကောင်းကောင်းကြိုးစားပါ့မယ်.."


ကုဟွိုက် ညင်သာသောလေသံဖြင့်ထပ်ဖြည့်ပြောလိုက်၏။


အဲဒီလူစောင့်နေတဲ့နေရာကို ပြန်သွားဖို့ ဖြစ်နိုင်ချေနည်းလမ်းတွေ ကြိုးစားရှာမယ်။


သာမန် ဇက်မျိုးနွယ်၏ဥများက မကြီးမားရာ ဥထဲမှထွက်လာနိုင်သောသားပေါက်လေးများကလည်း ဥအခွံကိုအမြန်စားနိုင်ကြသည်။ ဥအခွံကိုစားပြီးသည့်နောက် အလ်ဗ်မှာ အပြင်ဘက်၌အစာရှာထွက်ရန်လိုအပ်လာခဲ့သည်။ ယင်းမှာ ယခင်တည်းက ကုဟွိုက်အတွက် လုပ်ပေးခဲ့ဖူး

သည့်အလ်ဗ်အတွက် မခက်ခဲပါချေ။


အလ်ဗ် အစာရှာထွက်သွားသည့်အချိန်တိုင်း ကုဟွိုက်က ဂူထဲတွင်သာနေခဲ့ပြီး ဇက်သားပေါက်လေးပြန်အလာကိုစောင့်နေခဲ့သည်။ သူအပြင်လိုက်ထွက်ပါက အလ်ဗ်၏တိုက်ခိုက်စွမ်းရည်ကိုသက်ရောက်နိုင်၏။

၎င်းက ဒဏ်ရာမရလျှင်ပင် အခြားသက်ရှိများကသူ့အားမြင်ရသည်မဟုတ်၊ အလ်ဗ်ကသူ့အား သတိဖြင့်ကြည့်နေသည်။


"သွားလေ...ငါမင်းပြန်လာတာကိုစောင့်နေမယ်.."


ကုဟွိုက်သည် အစာရှာထွက်တော့မည့် သားပေါက်လေးကို ဂူအဝင်ဝအထိလိုက်ပို့ပေးပြီး သားပေါက်လေးအားချော့မြူရန် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။


"ကျိုး.."


အလ်ဗ်က သွားရန်တွန့်ဆုတ်ဆုတ်လုပ်နေသေး၏။ ဥအခွံစားပြီးနောက် အရေလဲထားသည့် ငွေမှင်ရောင်အမြှီးလေးက အပြင်းအထန်တုန်ခါနေသည်။


ကုဟွိုက် ၎င်း၏အမြှီးကိုထိကိုင်ချင်နေပြီး နောက်တခါချော့မြူသည့်အခါ သူ့မျက်လုံးများက အနည်းငယ်ကွေးညွတ်သွားခဲ့၏။


"လွန်ခဲ့တဲ့ရက်တွေကနဲ့မတူဘူးလား..."


ကုဟွိုက်က သားပေါက်လေးကလက်ခံလာသည်အထိ ချော့ပြီးရင်းချော့နေခဲ့ကာ ရွှေရောင်မျက်လုံးလေးများက ကုဟွိုက်အားကြည့်နေခဲ့သည်။ 


"ကျိုး.."


ကုဟွိုက်ကသာ သူ့အား ဤပုံစံဖြင့်မချော့နေပါမူ အလ်ဗ်က ဂူကိုဆက်လက်စောင့်ရှောက်နေပြီး လိုအပ်သည့်အစာမှာလည်း နည်းပါးလွန်းသည်။ ၎င်းမှာ ရက်ပေါင်းများစွာမစားသောက်ဘဲ အမှန်တကယ်လိုအပ်သည့်အစာကို အရှာမထွက်မချင်း ဂူမှခွာမည်မဟုတ်ပေ။


ဥအခွံကိုစားပြီးသည့်နောက် အလ်ဗ်သည် ဤဂြိုလ်ပေါ်တွင် တိုက်ခိုက်စွမ်းရည်ဖြင့်၎င်း၏ ကြမ်းကြုတ်ခက်ထန်သောသားရဲပုံစံကို တည်ဆောက်နိုင်ခဲ့သောကြောင့် ကုဟွိုက်က သူ၏လုံခြုံရေးအတွက်စိုးရိမ်နေရရန်မလိုအပ်တော့။ ကုဟွိုက်သည် နာခံမှုရှိစွာဖြင့် မသွားခဲ့ပေ။ သူဂူထဲတွင်သာနေခဲ့သည့်တိုင် မတော်တဆမှုတိုင်းက မမျှော်လင့်ထားတတ်သည့်အခြေအနေမျိုးတွင်ဖြစ်လာတတ်ပေသည်။ 


ဖြည်းဖြည်းချင်းလာနေကျ နာကျင်မှုက ရုတ်တရက်ဖြစ်ပေါ်လာသည့်အခါ ကုဟွိုက်၏မျက်လုံးများက ပြူးကျယ်လာခဲ့သည်။ ဤအချိန်တွင်၎င်က ကုဟွိုက်ကိုခုခံခွင့်မပေးဘဲ သူ၏အသိစိတ်မှာလည်း အမှောင်ထဲသို့ကျရောက်သွားခဲ့သည်။ 


ဂူအပြင်ဘက်သို့ အစာရှာထွက်သွားသည့်အလ်ဗ်သည် အမြန်ဆုံးအရှိန်ဖြင့် ပြန်ရောက်လာခဲ့၏။ ယနေ့တွင် သူသည် ကုဟွိုက်အတွက်လက်ဆောင်ယူနေရသောကြောင့် အလွန်အမင်းနောက်ကျသွားခဲ့သည်။ ပါးစပ်ထဲတွင်ပန်းတစ်ပွင့်နှင့် သူ့အနောက်မှငွေမှင်ရောင်အမြှီးဖြင့် သားပေါက်လေးသည်ကား ဂူသို့ပြန်ရောက်လာခဲ့သည်။ သို့သော် သူဂူအတွင်းပိုင်းအထိဝင်သွားခဲ့သည့်တိုင် ဤနေရာတွင်ရှိနေသင့်သူက ရှိမနေပါချေ။


"ကျိုး..ကျိုး...ကျိုး..."


ပန်းပွင့်လေးကပြုတ်ကျသွားခဲ့ပြီး ၎င်းအနောက်မှငွေမှင်ရောင်အမြှီးကအောက်ဘက်သို့နိမ့်ဆင်းနေခဲ့သည်။ ဇက်ပေါက်လေးမှာ မျက်လုံးဝိုင်းလေးများဖြင့် ဘေးဘီသို့လျှောက်ကြည့်နေခဲ့၏။ မည်းမှောင်နေသောရပ်ဝန်းလေးတစ်ခုမှသာရှိနေခဲ့သည်။


အကြောင်းမှာမူ တချက်ကြည့်ရုံဖြင့် ရှင်းလင်းစွာမြင်ရနိုင်သောရပ်ဝန်းမှာတစ်ခုသာရှိခဲ့သောကြောင့်ပင်။ ငွေမှင်ရောင်အမြှီးဖြင့် ဇက်သားပေါက်လေးသည် သူပေါက်ဖွားလာခဲ့သော မှောင်မိုက်သည့်ဂူအတွင်း အ

ရှေ့အနောက်လျှောက်လျက် အော်မြည်နေခဲ့သည်။


"ကျိုး..ကျိုး..."


ကျွန်တော်ရောက်လာပြီလေ..


သားပေါက်လေးက ကုဟွိုက်ကြားရလောက်သည့်အသံမျိုးဖြင့်အော်နေခဲ့သည်။ ကုဟွိုက်သာ ထိုအသံကိုကြားလျှင် သားပေါက်လေးအားလာရှာလိမ့်မည်သာ။ အလ်ဗ်မှာ ကုဟွိုက်သူ့အားရှာမတွေ့မည်စိုးရိမ်၍ ဝေးဝေးမသွားရဲရှာပေ။


.......


ကုဟွိုက် သတိမေ့နေခဲ့ပြီး သတိပြန်လည်လာသည့်အခါ သူသည်ကား အလွန်တရာသာယာလှသည့်နေရာတစ်ခုသို့ရောက်နေခဲ့သည်။ 


ဤနေရာတွင် သူ 'လောကကြီး၏ဆန္ဒ' နှင့်ရင်ဆိုင်ခဲ့ရသည်၊ ကုဟွိုက်သည် 'စည်းမျဉ်း' ကိုဆန့်ကျင်မှုကြောင့် အိပ်ချင်စိတ်နှင့်နာကျင်မှုတို့နက်ရှိုင်းစွာဖြစ်ပေါ်လိမ့်မည်ဟု သတိပေးခံခဲ့ရ၏။ 


"ငါနေလို့ရမယ့် နည်းလမ်းမရှိတော့ဘူးလား..."


ကုဟွိုက် အနှီကိစ္စအပေါ်တွင်သာ အာရုံရှိနေခဲ့သည်။


[ငါစည်းမျဉ်းကိုမပြောင်းနိုင်ဘူး၊ ဒီကမ္ဘာရဲ့ဆန္ဒအရ ငါမင်းရဲ့တည်ရှိမှုကိုဖျက်ပစ်ပြီး နေခိုင်းလို့ရတယ်၊ ဒါပေမဲ့ စည်းမျဉ်းက ငါ့ကိုအချိန်တိုင်းကန့်သတ်ထားတယ်၊ မင်းလည်းအပါအဝင်ပဲ]


ထိုအသံတွင် ခံစားချက်ဟူသည်နိတ္တိ၊ အစဉ်လိုက်အတိုင်းဖြစ်နေသည့် စည်းမျဉ်းများနှယ်။


[ ငါမင်းကိုမသိခဲ့တဲ့အချိန်တည်းက မင်းစည်းမျဉ်းတွေအတိုင်းမလုပ်တာ နည်းနည်းပဲရှိသေးတယ်၊ အဲဒါကမင်းအတွက် အန္တရာယ်မရှိပေမဲ့မင်းနာကျင်မှုကိုခံစားရလိမ့်မယ်၊ မင်းလည်း အဲဒီနာကျင်မှုကိုခံစားဖူးပြီးသားပါ]


[အဲဒီလိုဆိုရင်တောင် မင်းလုပ်မှာလား]


ဇက်မျိုးနွယ်တွင် ဘုရင်မရှိ။ ဘုရင်ပေါက်ဖွားလာသည့် အဖြူရောင်ဥက အစောပိုင်းတည်းက မြုံနေသည့်ဥတစ်လုံးသာဖြစ်ပြီး ၎င်းထဲမှမည်သည့်အရာမှပေါက်ဖွားလာစရာ အကြောင်းမရှိပေ။


ဘုရင်မရှိသည့်ဇက်တို့က တစုံတရာကိုပျောက်ဆုံးနေကြလိမ့်မည်။ သူတို့ဘယ်လိုကာကွယ်ရမှန်း သိကြမည်မဟုတ်ဘဲ ဆက်လက်ပြီးအတင်းအကျပ်သာ လုပ်နေကြလိမ့်မည်။ သူတို့မည်မျှပင် အတင်းအကျပ်လုပ်သည်ဖြစ်စေ၊ သူတို့စိတ်အတွင်းပိုင်းထဲမှ လစ်ဟာနေမှုကိုဖြည့်ဆည်းနိုင်မည်မဟုတ်။ ထိုကဲ့သို့ လစ်လပ်နေမှုက တစ်နေ့တွင် ဇက်မျိုးနွယ်တစ်ခုလုံးအား ရူးသွပ်သွားစေလိမ့်မည်။


လောကကြီး၏ ဆန္ဒက ယင်းမှာ ၎င်းတို့၏အမှားဟု ထင်နေပြီး ကုဟွိုက်ကိုလည်းလက်ခံနိုင်ရန် မျှော်လင့်ထားပေသည်၊ သို့သော်လည်း လူနည်းစုလောက်သာ ထိုသို့သောနာကျင်မှုမျိုးကို သည်းခံနိုင်ရန်ဆန္ဒရှိကြလေ၏။ 


သို့ထိတိုင် ကုဟွိုက်က ယတိပြတ်တုံ့ပြန်ခဲ့သည်။


"ကျွန်တော်လက်ခံမယ်.."


ကုဟွိုက်၏ရွေးချယ်မှုက လောကကြီး၏ဆန္ဒကိုအံ့ဩသွားစေခဲ့လေရာပို၍ပင် သိသာသွားခဲ့၏။


[မင်းရဲ့စိတ်ဝိညာဉ်က အမှားအယွင်းကြောင့် အတိတ်ကိုပြန်ရောက်လာပြီး စည်းမျဉ်းက ဒါကိုအမှန်ပြင်ပေးလိမ့်မယ်]


ကုဟွိုက် မသိမသာတောင့်တင်းသွားသည်။ အမှန်ပြင်သည်ဆိုသောအဓိပ္ပါယ်က...


ကုဟွိုက်တွေးနေသည့်အချိန်တွင် ပုံရိပ်တစ်ခုက သူ့အရှေ့တွင်ပေါ်လာခဲ့သည်။


ဂူထဲတွင်အော်ဟစ်နေပြီး ပျောက်နေသောကုဟွိုက်အားလိုက်ရှာနေသည့် ဇက်သားပေါက်လေးက တခုခုကြောင့်ရပ်တန့်သွားခဲ့သည်။ သည့်နောက် ၎င်းသည် ရန်ပြုတော့မည့်ပုံစံဖြစ်လာခဲ့၏။ အလ်ဗ်၏ မှတ်ဉာဏ်က စည်းမျဉ်းကြောင့် ဖြည်းဖြည်းချင်းအဖျက်ခံလိုက်ရသည့်တိုင် သားပေါက်လေးကမမေ့ချင်ခဲ့ပေ။ ထိုအချိန်မှာပင် အလ်ဗ်

၏စွမ်းရည်များက အထိန်းအချုပ်မဲ့လာခဲ့၏။


သူ၏ နေရာလွတ်စွမ်းရည်ကနိုးထလာခဲ့ကာ အထိန်းအကွပ်မဲ့သည့်စွမ်းအားများက နောက်ထပ်ဂြိုလ်တစ်လုံးသို့ပို့ဆောင်ပေးလိုက်သော်ငြား သူ၏မှတ်ဉာဏ်များကိုပြန်လည်ပြုပြင်နေရာတွင် စည်းမျဉ်းများကိုမရပ်တန့်နိုင်ပေ။ စည်းမျဉ်းများက အလ်ဗ်၏မှတ်ဉာဏ်များကိုဖျက်ခဲ့လင့်ကစား သူ၏အသိစိတ်ကို လုံးဝမဖျက်နိုင်ခဲ့ပေ။ ထို့ကြောင့် သူရွှေရောင်မျက်လုံးများကိုဖွင့်လိုက်သည့်အခါ သတိလစ်သွားပြီးပြန်နိုးလာခဲ့သည့် ဇက်က ထိုအတိုင်းအော်ဟစ်နေဆဲ...


"ကျိုး...ကျိုး..."


အလွန်အမင်း အရေးကြီးပြီးတန်ဖိုးထားရသည့်အရာက ပျောက်ဆုံးသွားခဲ့လျှင်ပင် သူမမှတ်နိုင်လောက်ပေ။ အဆိုပါဒေါသက ဇက်သားပေါက်လေး၏အမြှီးကို တုန်ယင်လာစေသည်။ ဗလာသက်သက်ဖြစ်နေမှုကိုခံစားရလေ၊ အလ်ဗ်မှာ စိတ်ကသိကအောက်ဖြစ်လာရပြီး မပျော်ရွှင်တော့လေပေ။


"ကျိုး..ကျိုး..!"


တယောက်ယောက်က သူ့အားခေါ်နေသယောင်ပင်။ ဘယ်သူလဲ..?


"ငါ့ကိုပြန်ခွင့်ပေးပါ.."


ကုဟွိုက်မှာ မီးမြိုက်ခံထားရသလိုခံစားလာရ၍ အဝေးသို့အကြည့်လွှဲလိုက်ကာ ချက်ချင်းတောင်းဆိုလိုက်မိလေ၏။ သားပေါက်လေး၏လှုပ်ရှားမှုကို ကြည့်လိုက်ရုံဖြင့် ကုဟွိုက်မှာ အလ်ဗ်ကနောင်တွင် အနက်ရောင်မျက်လုံးအကာကိုဝတ်ရသည့်အကြောင်းအရင်းအား ရုတ်တရက်နားလည်သွားခဲ့ရပေ၏။


သူ့ကြောင့်ပင်။


လောကကြီး၏ဆန္ဒက ကုဟွိုက်၏တောင်းဆိုချက်ကိုမငြင်းပယ်ခဲ့ပေ။ သူသည်ကား ၎င်း၏မျှော်လင့်ချက်ဖြစ်ခဲ့၏။


[မင်းသဘောပဲ]


ထို့ကြောင့် သူနောက်တကြိမ် တခဏမျှသတိလစ်သွားခဲ့သည့်အခါ ကုဟွိုက်၏ ဝိညာဉ်က မူလကမ္ဘာသို့ပြန်ရောက်သွားခဲ့ပြီး အချိန်စက်ဝန်းသည်လည်း ခဏတာပြတ်တောက်သွားခဲ့လေ၏။


သူနှစ်နှစ်ခန့်အိပ်ပျော်နေခဲ့ပြီးနောက် နောက်ဆုံးတွင်ကုဟွိုက်သည် တက်ခ်ဇက်တို့၏စောင့်ရှောက်မှုအောက်၌ သူ့အခန်းထဲတွင်သူ အိပ်ပျော်နေရာမှနိုးထလာနိုင်ခဲ့ပေသည်။


(နဲနဲရှုပ်နေလားမသိဘူး ဘယ်နားကိုရှင်းပြရမယ်မသိဖြစ်နေလို့ 🥺)