အခန်း၉၁
Viewers 10k

Chapter 91

Chapter 91


ကုဟွိုက်အိပ်ပျော်နေခဲ့သည့် နှစ်နှစ်တာကာလအတွင်း ကြယ်တာရာလောက၌ ကြီးမားသောပြောင်းလဲမှုအချို့ဖြစ်ပေါ်ခဲ့သည်။ အထင်ရှားဆုံးဖြစ်ရပ်တစ်ခုမှာ စကြဝဠာအတွင်းရှိမျိုးနွယ်စုအမျိုးမျိုးမှ 'ရွှေရောင်ခေတ်' အားသတ်မှတ်လိုက်ခြင်းပင်။


ရွှေရောင်ခေတ်မှာ ဇက်မျိုးနွယ်တို့က ကြယ်တာရာမဟာမိတ်အဖွဲ့ွတွင်းသို့ဝင်ရောက်လိုက်သော ပထမဆုံးနှစ်တွင်ပင်သတ်မှတ်လိုက်ကြခြင်းဖြစ်ပေ၏။ အစပိုင်းတွင် လူအများကြား၌သာသတင်းပျံ့နေခဲ့လင့်ကစား ယခုမူ တလောကလုံးတရားဝင်သိရှိသွားခဲ့ကြလေပြီ။


ခေတ်ဟောင်းမှ ခန့်မှန်းမှုများနှင့်တင်းမာမှုအချို့၏အရိပ်မည်းများက ခေတ်သစ်တိုင် တည်ရှိနေခဲ့သေးသည်။ ရွှေရောင်ခေတ်တွင် ကြယ်တာရာမျိုးနွယ်စုများသည် အသင့်တင့်ဆုံးနည်းလမ်းများဖြင့်ဖွံ့ဖြိုးလာကြခဲ့လေ၏။


ဇက်မျိုးနွယ်တို့မှအပ ယင်းမှာ ကြယ်တာရာမျိုးနွယ်စုများအတွက် အကောင်းမွန်ဆုံးအချိန်အခါဟုဆိုရပေမည်။ သို့သော်လည်း ၎င်းတို့မှာ အလွန်တရာသက်သောင့်သက်သာမဖြစ်ကြပေ။ ခေတ်အဆက်ဆက်၌

ဖြစ်နိုင်ချေရှိသော အဓိကရုဏ်းအနည်းငယ်ရှိခဲ့ပြီး လက်ရှိရွှေခေတ်တွင်မူဖြစ်လာစရာအကြောင်းမရှိ။


လက်ရှိကြယ်တာရာမျိုးနွယ်စုများ ရင်ဆိုင်နေရသော ပြဿနာမှာ ကြယ်တာရာဂိတ်တွင်အမှတ်မထင်ပေါ်လာသော အခြားစကြဝဠာတစ်ခုမှအမည်မသိရန်သူပင်။


တာဝက်ဇ်...


ယခင်က မည်သူကမျှ အဆိုပါမျိုးနွယ်စုကိုမသိခဲ့ကြပေ။ တဖက်ကရန်စတစ်ခုဖြင့် သူတို့ထံရောက်လာသည်ကိုသာသိကြ၏။ တာဝက်ဇ်မျိုးနွယ်တွင် အထူးအဆင့်မြင့်ပုံရိပ်ယောင်လက်နက်များရှိသည်။ အဆိုပါ အားကောင်းသောပုံရိပ်ယောင်လက်နက်များက တာဝက်ဇ်များ၏ ကျုးကျော်လာမှုကိုထောက်ကူပေးနေခဲ့၏။


ကြယ်တာရာမဟာမိတ်အဖွဲ့က လက်ရှိအနေအထားအထိ တိုးတက်မှုမရှိသေးခဲ့သော ရွှေခေတ်မတိုင်ခင်အချိန်ကသာဆိုလျှင် ကြယ်တာရာမျိုးနွယ်စုများက ဤမျှစည်းလုံးကြမည်မဟုတ်၊ တာဝက်ဇ်တို့ စတင်ကျုးကျော်စဉ်တည်းက အားနည်းသည့်မျိုးနွယ်စုအချို့တို့ကိုဖမ်းဆီးသွားကြလောက်ပြီ။ ၎င်းတို့သည်လက်ရှိအချိန်အထိ တိုက်ခိုက်နေမည့်အစား အားအင်ချိနဲ့သည့်ဂြိုလ်လေးများကို

အခြေစိုက်နေရာအဖြစ်သိမ်းပိုက်ပြီးကြလောက်သည်။ 


ရွှေရောင်ခေတ်သည် ကုံလုံကြွယ်ဝပြီး စည်ပင်သောခေတ်တစ်ခုဖြစ်၏။ အနှီ ပင်ပန်းခက်ခဲကြီးစွာရယူထားရသောငြိမ်းချမ်းရေးနှင့်စည်ပင်မှုကိုကာကွယ်နိုင်ရန် ကြယ်တာရာအတွင်းမှမျိုးနွယ်စုအားလုံးတို့မှာ တူညီသောစိတ်ဓာတ်အပြည့်ရှိကြပေသည်။ ရန်သူဘက်မှ ချီတက်ရန်

ခက်ခဲမှန်းသိနေသည့်တိုင် မဟာမိတ်အင်အားစုများက တဖက်ကိုအပြတ်အသက် ချေမှုန်းနိုင်ခဲ့သည်။


တာဝက်ဇ်တို့ဘက်တွင် မယုံကြည်နိုင်လောက်ဖွယ် ပြန်လည်ဖွံ့ဖြိုးခြင်းစွမ်းရည်ရှိ၍ပေလား...သို့မဟုတ်..သေရာမှပြန်ရှင်နိုင်သည့်စွမ်းရည်က နှစ်ဖက်လုံးအား ယခုကဲ့သို့ ရှေ့တိုးနောက်ငင်ဖြစ်နေစေသည်လား။


ပူးပေါင်းစစ်တပ်၏စွမ်းအားအရ ကြယ်တာရာမဟာမိတ်ဘက်မှ အားသာနေသည်မှာသေချာခဲ့၏။ ကံခေစွာပင် သူတို့အနက်မှ အင်အားအကြီးဆုံးနှင့် စွမ်းအားအကောင်းဆုံးအင်အားစုက စစ်ပွဲတွင် အမြင့်ဆုံးစွမ်းဆောင်နိုင်မှုမရှိခဲ့ပေ။ 


၎င်းက ဇက်စစ်တပ်ပင်။ ဇက်စစ်တပ်သည် ဤစစ်ပွဲတွင် အကောင်းဆုံးမလုပ်နိုင်ခဲ့ပေ။ ၎င်းနှင့်ဆန့်ကျင်ဘက်ပင် ဇက်တို့က သူတို့တာဝန်ကိုစွန့်ခွာကာ မည်သူကမျှလည်းသူတို့ကိုအပြစ်မတင်ခဲ့ကြ။ ထိုပုံစံသည် ယခင်က ဇက်တို့နှင့်ရင်ဆိုင်ခဲ့ရဖူးသော အချို့မျိုးနွယ်စုများအတွက် ကွဲပြား

လွန်းနေခဲ့၏...


ဘုရင် ထွက်ပေါ်မလာခင်က ဇက်စစ်တပ်နှင့်တိုက်ခိုက်ရသည်က ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ ပြန်တွေးကြည့်လျှင် သူတို့ကိုယ်သူတို့ နလပိန်းတုံးများနှယ် ခံစားရ၏။ ၎င်းတို့က ထိတ်လန့်ဖွယ်စစ်တပ်ပင်။ ဇက်စစ်သားများက အသက်ပြန်ရှင်နိုင်သောစွမ်းရည်မရှိစေ

ကာမူ မည်သည့်ဖြစ်နိုင်ချေကမှ ဇက်တို့အပေါ်မသက်ရောက်နိုင်ချေ။


အဆင့်နိမ့်ဇက်များက ဆတိုးအားဖြင့်ပြန်လည်အားဖြည့်နေကာ ဇက်အသစ်များက တတ်နိုင်သမျှ စစ်ကူဖြည့်ပေးနေပြီး ဇက်စစ်တပ်ကိုအားဖြည့်ပေးနေသည်။ ထို့ကြောင့် ဇက်တို့ကိုတိုက်ခိုက်ချင်သည့်မျိုးနွယ်စုတိုင်း စိတ်ပျက်မှုကိုသာခံစားရပေလိမ့်မည်။


အေးစက်ပြီး ကြမ်းတမ်းရုန့်ရင်းသည်၊ အနှီတံဆိပ်ကပ်ထားမှုများက ဇက်တို့နှင့် တသားတည်းဖြစ်နေသော်လည်း ဇက်ဘုရင်မွေးဖွားလာသည်နှင့် အရာအားလုံးပြောင်းလဲသွားခဲ့သည်။


ဇက်တို့က အပြင်ဘက်လောကနှင့်ရင်းနှီးလာသည်၊ အားနည်းသောမျိုးနွယ်စုများကို ကူညီပေးရန်ဆန္ဒရှိကြောင်းပြသလာကြပြီး အခြားမျိုးနွယ်စုများ၏ကျေးဇူးတင်မှုကိုလည်း မငြင်းတော့ပေ။ ၎င်းတို့က ကြယ်တာရာမျိုးနွယ်စုများကို နည်းလမ်းအမြောက်အများဖြင့် အရေးအကြီးဆုံးအကူအညီများလည်းပေးခဲ့သည်။


ထို့နောက် ဘုရင်ကအိပ်ပျော်သွားခဲ့သည်။


.......


"ငါပြောချင်တာက ဇက်တွေကဒီကိစ္စကိုလုံးဝစိတ်မဝင်စားကြဘူး.."


လူသားတပ်၏စစ်သင်္ဘောထဲမှ အစည်းအဝေးခန်းတွင် ဟန်မာသည် သူ့အရှေ့မှစားပွဲပေါ်သို့ အမှီတဝက်ဖြင့်ထိုင်နေပြီး သက်ပြင်းချလာသည်။ 


လွန်ခဲ့သည့်နှစ်နှစ်၊ 

ဟန်မာသည် နစ်စ်လော့မိသားစုခေါင်းဆောင်ဖြစ်လာခဲ့ပြီး သူ့နေရာက စစ်တပ်ဆိုင်ရာအရေးကြီးရာထူးများကြောင့် အလျှင်အမြန်အပေါ်ရောက်သွားခဲ့သည်။ ယခုမူ သူသည် အနှီမဟာမိတ်စစ်ပွဲတွင် လူသားတပ်၏ဗိုလ်ချုပ်တစ်ယောက်ဖြစ်လာခဲ့သည်။


ထိုစကားနှင့်လေသံကြောင့် မကြာမီ ရှန်းမုကသူ့အားစိုက်ကြည့်လာသည်။ ရှန်းမု၏အမူအရာက တည်ကြည်ပြီးအလေးအနက်ဖြစ်နေခဲ့၏။


"ကိုယ့်နေရာမှကိုယ်ထိုင်ပြီး စကားကိုသတိထားပြော.."


စစ်ပွဲအတွက် 'စိတ်ဝင်စား' ဆိုသည့်စကားလုံးကိုသုံးခြင်းမှာ လုံးဝမသင့်လျော်ပေ။


"ကဲပါ..ဒီနေရာမှာမင်းနဲ့ငါပဲရှိတာလေ၊ ဘာစကားမှအပြင်မရောက်ပါဘူး..."


ဟန်မာက ချောင်းခြောက်ဆိုးလိုက်မိသည်။


"ပြောရရင် ငါပြောတာဘာမှမမှားဘူး..."


"အရှင်ကအိပ်ပျော်နေတုန်းပဲ..ဇက်တွေကဘယ်လိုလုပ် ဒီလိုကိစ္စမျိုးကိုစိတ်ပါမှာလဲ.."


ရှန်းမုအသံမှာ တဖြည်းဖြည်းတိမ်ဝင်သွားပြီး တိတ်ဆိတ်သွားတော့သည်။ ကြယ်တာရာတွင်နေထိုင်ကြသောမျိုးနွယ်စုများက ကုဟွိုက်အိပ်မောကျနေသည့်သတင်းကို ကြားထားကြပြီးပြီ။ ရှန်းမုနှင့်ဟန်မာသည်ထိုသတင်းကိုကြားသည်နှင့် အပြေးတပိုင်းရောက်လာခဲ့ကြ၏။


ရှန်းမုမငြင်းသည်ကိုတွေ့သည့်အခါ ဟန်မာကဆက်ပြောလာ၏။ 


"ဒီကိစ္စမှာ ဇက်တွေကကြယ်တာရာမဟာမိတ်အဖွဲ့ဝင်အနေနဲ့ တာဝန်အပြည့်ယူခဲ့တယ်..ဒီလောက်ဆိုရပြီလို့ငါထင်တယ်.."


ကြယ်တာရာမဟာမိတ်အဖွဲ့ဝင်အနေဖြင့် သူတို့တာဝန်ကိုမယူလျှင် ဟန်မာမှာ  ဇက်တို့က ရန်သူ၏လက်တံများက သူတို့ခံတပ်အနားသို့မရောက်လာသရွေ့ပြည်ပမှကျုးကျော်မှုကို ဂရုစိုက်မည်မဟုတ်ဟု ခံစားရသည်။


"....."


ရှန်းမုမှာ ပြောစရာစကားမကျန်တော့ပါချေ။


ကုဟွိုက်အိပ်ပျော်သွားသည်နှင့် ဇက်တို့အားလုံး၏ခေတ်ဟောင်းမှကြမ်းတမ်းခဲ့သမျှအားလုံး ကွာခြားသွားပြီး ကုဟွိုက်နိုးထလာသည်နှင့် ခင်မင်တတ်မှုများပြန်ရောက်လာခဲ့သည်။ လက်ရှိတွင် ဇက်တို့၏အခြေအနေက တည်ငြိမ်နေသည့်အခြေအနေဟု ယူဆရမည်။ ၎င်းတို့၏အဖိုးတန်ရတနာက နိုးထလာသည်အထိ စိတ်ရှည်လက်ရှည်စောင့်ဆိုင်းရင်း ကာကွယ်စောင့်ရှောက်ပေးမည့်တည်ငြိမ်မှုမျိုး။


"ငါဒီခေါင်းကြီးပိုင်းအကြောင်းကို ဆက်မပြောချင်တော့ဘူး..."


ရှန်းမုကပြောလိုက်သည်။


"ပြင်းထန်တဲ့တိုက်ခိုက်မှုလာတော့မယ်၊ ဒီတခါတော့ ဟဲလုကြယ်ကိုတိုက်ရိုက်ပြန်ယူနိုင်ဖို့ မျှော်လင့်တယ်.."


ဤတစ်ကြိမ်စစ်ပွဲတွင် တာဝက်ဇ်တို့သိမ်းပိုက်ထားသည့် ဂြိုလ်ကိုပြန်ယူရပေမည်။ သူတို့ ဟဲလုကိုရွေးချယ်လိုက်ရခြင်းမှာ ၎င်းကတိုက်ခိုက်ရန်အသင့်တော်ဆုံးဖြစ်ပြီး ပြန်လည်သိမ်းယူပြီးနောက် နောက်ဆက်တွဲဖြစ်စဉ်များကိုပါ ပြီးစီးစေသောကြောင့်ဖြစ်သည်။


သုံးရက်အကြာတွင် ကြယ်တာရာမဟာမိတ်အဖွဲ့၏တိုက်ခိုက်မှုများကသံသယရှိစရာမလိုအောင် အားကောင်းလာခဲ့သည်။ အမျိုးမျိုးသောမျိုးနွယ်စုများကသာ သူတို့အင်အားစုများတွင်ဝင်ရောက်တိုက်ခိုက်ကြ

သော်ငြား တာ့ဝက်ဇ်များက သူတို့အင်အားများကိုပြန်လည်ထိန်းထားခဲ့သည်။ နှစ်ဖက်လုံးက အခြေအနေမသိရ၍ တဖက်နှင့်တဖက်စမ်းသပ်နေကြဆဲ။ 


သုံးရက်ကြာမြင့်ပြီးနောက် အနက်ရောင်စစ်သင်္ဘောများက ဟဲလုကြယ်သို့ချဉ်းကပ်လာကြသည်။ တပ်များနှင့်ပူးပေါင်းလိုက်ပြီးနောက် ကြယ်တာရာသငေ်္ဘာများက ပုံစံအမျိုးမျိုးဖြင့် တစင်းပြီးတစင်းထွက်ပေါ်လာခဲ့ကြ၏။ တူညီသည့်အရာတစ်ခုသာရှိသည်။ ရေခဲတမျှအေးစက်သည့်စစ်သင်္ဘောများက အလွန်အမင်းဖိနှိပ်ထားနိုင်သည့်ခံစားချက်။ 


၎င်းတို့က တိမ်မည်းများဖြင့်တူပြီး ဟဲလုကြယ်ကောင်းကင်ပေါ်တွင် ထူထဲစွာနစ်မြုပ်နေကြလေသည်။


ဟဲလုကြယ်ပေါ်၌ မဟာမိတ်တပ်များပေါ်လာသည့်အခိုက် အားလုံး၏အာရုံကို တစုံတခုကဖမ်းစားသွားခဲ့သည်။ ထိုအရာက တိုက်ပွဲအခြေအနေကိုပြောင်းလဲသွားစေခဲ့၏။ 


စစ်ပွဲဖြစ်နေသည့်နေရာနှင့် အလွန်တရာဝေးလှသည့်နေရာတွင် ဇက်စစ်သားများစောင့်ကြပ်နေသော အိမ်တော်ကြီး၏ ခုနစ်လွှာမြောက်အထပ်မှ အခန်းအတွင်း ပျော့ပျောင်းနူးညံ့သည့်အိပ်ရာထက်အိပ်ပျော်နေခဲ့

သော ဆံပင်အနက်ဖြင့်လူငယ်လေးက အနည်းငယ်မျှလှုပ်ရှားလာခဲ့၏။ 


လက်ညိုးတစ်ချောင်းလှုပ်ရှားလာခြင်း။


သူ၏အသက်ရှူသံက အလွန်တရာမှနှေးကွေးလွန်းလှပြီး ကုဟွိုက်၏လှုပ်ရှားမှုကသေးငယ်လွန်းသောကြောင့် ထင်ယောင်ထင်မှားဖြစ်မှုတစ်ခုလိုပင်။


သို့ထိတိုင် အနှီသေးငယ်သည့်လှုပ်ရှားမှုလေးက အမြဲတစေစောင့်ကြည့်နေခဲ့သော တက်ခ်ဇက်တို့၏မျက်လုံးအောက်မှမလွတ်မြောက်ပေ။ တက်ခ်ဇက်တို့၏ နီမြန်းနေသည့်မျက်လုံးများက ပင်အပ်များနှယ်တောက်ပနေပြီး အိပ်ပျော်နေသေးသောကုဟွိုက်အနားတွင် ဝိုင်းနေကြသည်၊ သိသာသည့် တရှူးရှူးမြည်သံကိုပါထုတ်လိုက်ကြ၏။


တက်ခ်ဇက်တို့သည်ကား တချက်ပင်မလှုပ်ဘဲ မျက်တောင်တချက်မခတ်ကြည့်နေခဲ့ကြသည်၊ လှုပ်ရှားမှုတခုကိုပင်လွတ်သွားမည်စိုးသည့်အလား။


သားပေါက်လေးများက အိပ်စက်ရသည်ကိုနှစ်သက်ကြသည်။ ထိုသီအိုရီမျိုးက မျိုးနွယ်စုအားလုံးမှသားပေါက်လေးတိုင်းကိုဆိုလိုပြီး ဇက်မျိုးနွယ်စုသည်လည်း မကွာခြားပေ။ သို့သော်ငြား သူတို့ကလေးလေးအိပ်စက်နေသည်မှာကြာလွန်းလှသည်...


သူတို့သည်ခေါင်းမာစွာဖြင့် ကုဟွိုက်အားကလေးလေးတစ်ယောက်ကဲ့သို့ဂရုစိုက်နေကြဆဲဖြစ်ကာ ကုဟွိုက်အားစိုက်ကြည့်နေသည့်တက်ခ်ဇက်များမှာ အာရုံမပျံ့လွင့်ကြချေ။


တက်ခ်ဇက်တို့သည် ကုဟွိုက်အား သူတို့၏ကြီးမားအေးစိမ့်သည့်ခန္ဓာကိုယ်များဖြင့် ဝန်းရံထားကြသည်။ သူတို့မျက်လုံးများကိုကြည့်ခြင်းအားဖြင့် တက်ခ်ဇက်တို့က သတိအရှိဆုံးအခြေအနေသို့ရောက်နေပြီဖြစ်ကြောင်းသိနိုင်၏။ ဤအနေအထားတွင် ရန်သူပေါ်လာခဲ့လျှင် တက်ခ်ဇက်တို့သည် သူတို့အကြမ်းတမ်းဆုံးအခြမ်းကိုပြသလာမည်ဖြစ်ပြီးချွန်ထက်သောတံတောင်နှင့်သွားများက ရန်သူကိုအပိုင်းအစများဖြစ်အောင်စုတ်ဖြဲပစ်ကြလိမ့်မည်။


ယင်းက ဇက်တို့အတည်တကျနေထိုင်ရာဖြစ်သော တူဆာတွင်သာဖြစ်နိုင်ပြီး သီအိုအရ ပြင်ပခြိမ်းခြောက်မှုမရှိလင့်ကစား ဇက်တို့၏အတွင်းစိတ်ကိုက ဘုရင်ကိုကာကွယ်ပေးလိုသည်မှာ ကျိုးကြောင်းမဆီလျော်ပေ။ ပုံမှန်အတိုင်း အခန်းထဲမှတက်ခ်ဇက်တို့သည် ကုဟွိုက်ကို မွေးဖွားစဉ်တည်း

ကစောင့်ရှောက်လာကြသူများသာဖြစ်သည်။ တက်ခ်ဇ်တို့သည် သူတို့ကုဟွိုက်ကို စောင့်ရှောက်ရန်တာဝန်ရှိသည်ဟု အမြဲတွေးခဲ့ကြပေ၏။


နှစ်နှစ်ကြာအထိ အိပ်ပျော်နေပြီးသည့်နောက် ကုဟွိုက်သတိပြန်လည်လာခဲ့သည်။ ပထမဆုံး သူရင်ဆိုင်ရသည်က အမှောင်ထု။ ခန္ဓာကိုယ်နှင့်အသားကျအောင်လုပ်နေရသေးသောကြောင့် ကုဟွိုက် ချက်ချင်းမျက်လုံးမဖွင့်နိုင်ပေ။


ကုဟွိုက်သည် မျက်လုံးမဖွင့်နိုင်ဘဲ အမှောင်ထုအတွင်းရောက်နေသည်ကိုပင် သူ့အားကြည့်နေသည့်ဒါဇင်ပေါင်းများစွာဖြင့်မျက်လုံးများကိုခံစားမိသည်။ သူ့အနားမှ ဝန်းရံထားသည့်ဇက်တို့၏ခံစားချက်များကိုရှင်းရှင်းလင်းလင်းသိနိုင်သည်။ အလွန်တရာမှသတိကြီးနေမှု၊ စိတ်လှုပ်

ရှားခြင်းနှင့်...မျှော်လင့်ချက်များက ၎င်းတို့အား ပိုမိုထိတ်လန့်လာအောင်လုပ်နေခဲ့သည်။


ယင်းကိုတုံ့ပြန်ချင်၍ ကုဟွိုက်က အမြန်ပင် သူ့လက်ချောင်းများကိုနောက်တကြိမ်လှုပ်ရှားလိုက်ပြန်သည်။ အနှီလှုပ်ရှားမှုက ကြီးနေသောကြောင့် အိပ်ရာခင်းကိုပင်ထိတွေ့မိသွားခဲ့သည်။


ဤခန္ဓာကိုယ်မှာအိပ်စက်နေခဲ့သည်မှာကြာမြင့်ခဲ့ပြီဖြစ်ပြီး သူ့မျက်လုံးများမှာလည်း တခဏခန့်အလင်းရောင်ကိုကျင့်သားမရသေးပေ။ နောက်ဆုံးတကြိမ် ကုဟွိုက်မျက်လုံးဖွင့်လိုက်သည်နှင့် သူ၏စိတ်ခံစားချက်များအလိုအလျောက်စုပုံလာခြင်းကြောင့် မျက်ရည်များကျလာသည်ကိုသ

ဘောပေါက်လိုက်မိသည်။


သူ့မျက်လုံးမှာ မျက်ရည်များဖြင့်စိုစွတ်နေပြီး ကုဟွိုက် အိပ်ရာခင်းအားဆုပ်ကိုင်ထားရာမှအနည်းငယ်လျှော့လိုက်မိသည်။ ထို့နောက် သူသည် စိတ်လှုပ်ရှားနေသည့်အကြည့်ဖြင့်တက်ခ်ဇက်ကိုလှမ်းကြည့်လိုက်သည်။


ကုဟွိုက်မှာလှုပ်ရှားရန်နှင့်အသံထွက်ရန် အချိန်မရှိ။ သူ၏အကြည့်များက အကြီးမားဆုံးတက်ခ်ဇက်၏ခေါင်းပေါ်သို့ရောက်သွားခဲ့ပြီး နောက်တစက္ကန့်တွင် ကုဟွိုက်သည် အချီခံလိုက်ရကာ ဂရုတစိုက်ဖြင့်တက်ခ်ဇက်၏ဘယ်ဘက်လက်မောင်းထဲတွင် ပွေ့ဖက်ခံလိုက်ရသည်။


"ကိုင်ထားနော်..ကလေးလေး.."


တက်ခ်ဇက်က တိုးဖွသည့်အသံဖြင့်ပြောလာခဲ့သည်။ ထိုစကားလုံးက 'ကို့ရို့ကားယားနိုင်သည်' ဆိုသောစကားလုံးနှင့်တူနေသော်လည်း တချိန်တည်းမှာပင် အင်မတန်အက်ရှနေခဲ့သည်။ တက်ခ်ဇက်တို့၏ဘာသာစကားစွမ်းရည်က အကန့်အသတ်ရှိစေကာမူ ထိုစကားလုံးနှစ်လုံးက

တက်ခ်တို့အတွက် မှတ်မိရန် အရှင်းလင်းဆုံးစကားလုံးများပင်။


ခဏတွင်းချင်းပင် ကုဟွိုက်၏နှလုံးသားလေးမှာပျော့ပျောင်းသွားခဲ့ပေ၏။ ကုဟွိုက်က ချဉ်စူးစူးဖြင့်မျက်တောင်ခတ်မိလိုက်သည်။


"ကလေးလေးမဟုတ်ဘူး..အားဟွိုက်.."


ကုဟွိုက် ပြုံးလိုက်ပြီး သူအဓိပ္ပါယ်အမှန်ကိုမပြင်ပေးချင်မှန်းသိသာနေသည်။


"ကလေးလေး.."


တက်ခ်ဇက်သည်ကား ခေါင်းမာစွာဖြင့်ထိုစကားကိုနောက်တကြိမ်ပြောလာပြန်သည်။ သူတို့သည် ကုဟွိုက်စကားကိုကျိန်းသေပေါက်နာခံမည်ဖြစ်သော်ငြား လူသားလူနှစ်ယောက်က သူတို့ချစ်မြတ်နိုးရသောသားပေါက်လေးများကို 'ကလေးလေး' ဟုခေါ်တတ်ကြောင်း ပြောခဲ့ဖူးသည်ကိုမှတ်မိနေကြသေး၏။


"အင်း..."


ကုဟွိုက် ညင်သာစွာပင်တုံ့ပြန်လိုက်သည်။


ကုဟွိုက် လက်ချောင်းလေးများလှုပ်လာတည်းက နိုးလာပြီမှန်းသိနေကြသော တက်ခ်ဇက်တို့မှာ စိတ်လှုပ်ရှားလွန်းနေကြသည်။ ၎င်းတို့ကကုဟွိုက်မျက်လုံးများ စိုနေသည်ကိုသတိထားမိကြပြီး 'ဇီဝသဘောထားအရမျက်ရည်ကျခြင်း' အကြောင်းကိုနားမလည်ပေ။ အဆိုပါတက်ခ်တို့၏မျက်လုံးထဲတွင် ကုဟွိုက်၏ ရဲတောက်နေသည့်မျက်လုံးများက တခုခုကိုလိုချင်၍မှန်းသိနေကြသော်ငြား နားမလည်နိုင်ကြရှာ။


ဘာပါလိမ့်...


ဉာဏ်ရည်တိုးတက်လာသည့်အဆင့်နိမ့်ဇက်များမှာ အဖြေသိလာကြလင့်ကစား ပြဿနာ၏အပေါ်ယံကိုသာတွေးမိကြသည်။ နက်နဲသည့်အလွှာကမူ နားလည်ရန်ခက်ခဲနေ၏။ ထိုမေးခွန်း၏အဖြေကိုမသိကြရလေရာ နောက်တကြိမ် ရှူးကနဲအသံများကိုသာထုတ်လိုက်ကြပြန်သည်။


ဇက်တို့သည် ရန်သူများ၏မျက်ရည်အပေါ် သနားစိတ်မရှိကြစေကာမူ ကုဟွိုက်၏မျက်ရည်နှင့်ပတ်သတ်လျှင် စိတ်ခံစားလွယ်ကြပေသည်။


"ကျွန်တော်မပျော်ဘူး..."


တက်ခ်ဇက်တို့၏ခံစားချက်များကိုရရှိပြီး ကုဟွိုက်က ပြဿနာကိုချက်ချင်းနားလည်သွားကာ သူ့မျက်လုံးကိုပွတ်သုတ်လိုက်သည်။ ကုဟွိုက်သူ့အားပွေ့ချီထားသော တက်ခ်ဇက်ထံမှ အေးစက်ကြမ်းရှသောအထိအတွေ့ကိုမရခင် ခပ်ပေါ့ပေါ့ပင် မျက်ရည်သုတ်လိုက်ပြီး တက်ခ်ဇက်အား မှီခိုသည့်ဟန်ဖြင့်မှီတွယ်ထားလိုက်သည်။


နိုးထလာပြီးသည့်နောက် ကုဟွိုက်အရင်ဆုံးပြုလုပ်သည့်ကိစ္စမှာ ဇက်တို့ သူ့အားစိတ်မပူစေရန် စိတ်ဝိညာဉ်ဆက်သွယ်မှုအားအရင်ပြုလုပ်လိုက်ခြင်းပင်ဖြစ်သည်။ ကုဟွိုက်မှ ဇက်တို့အားလုံးထံသို့ဝိညာဉ်ဆက်သွယ်နေစဉ် မထင်မှတ်ထားသည့်အရာတစ်ခု ရုတ်ချည်းဖြစ်ပျက်ခဲ့သည်။ 


တက်ခ်ဇက်ပုခုံးပေါ်တွင်ထိုင်နေခဲ့သော သူက ရုတ်တရက် ဒေါင်လိုက်ရွှေရောင်မျက်လုံးများဖြင့် အနက်ရောင်သားပေါက်လေးအဖြစ်ပြောင်းသွားခဲ့၏။


"ကျိုး..."


အနက်ရောင်သားပေါက်လေးသည်ကား တက်ခ်ဇက်ပုခုံးပေါ်တွင် မလှုပ်မယှက်ဖြင့်လှဲလျောင်းနေခဲ့၏။ သူသည် အချိန်တစ်ခုခန့် ဤပုံစံကိုမသုံးခဲ့သောကြောင့် အချိန်အနည်းငယ်ခန့် မည်သို့လှုပ်ရှားရမှန်းမသိတော့ပေ။


အဘယ်ကြောင့်များသူက အကောင်ပေါက်လေးပုံစံပြောင်းသွားရပါသနည်း။ ကုဟွိုက် အမြန်တွေးလိုက်ပြီး နှစ်နှစ်ကြာအိပ်ပျော်သွားပြီးနောက် သတိရလာသည့်အခါ ရှောင်လွှဲမရနိုင်သည့်တုံ့ပြန်မှုပင်ဖြစ်ကြောင်း သဘောပေါက်လိုက်ပေသည်။


သားပေါက်လေးပုံစံသို့ပြောင်းလဲခြင်းက လူသားပုံစံနှင့်ပေါင်းစည်းခြင်းထက်ပိုခက်ခဲလေရာ ရလဒ်ကဤအတိုင်းဖြစ်သွားခဲ့ခြင်း။


လုပ်ဆောင်ချက်က ဖြစ်ပေါ်လာခဲ့သည့်တိုင် ကုဟွိုက်တစ်ယောက်တည်းလုပ်ရမည့်အရာရှိနေသေးသည်။ သူသည် အလ်ဗ်၏နေရာကို စိတ်စွမ်းအင်ဖြင့် အတည်တကျသတ်မှတ်ပြီး တချိန်တည်းမှာပင် ဇက်တို့နှင့် ဝိညာဉ်ဆက်သွယ်မှုလုပ်လိုက်သည်။


[......]


စိတ်ဝိညာဉ်ဆက်သွယ်မှုက အနည်းငယ်မျှသာဖြစ်သော်ငြား တနေရာစီဖြစ်နေသောဇက်တို့မှာမူ ခဏတွင်းချင်းအေးခဲသွားကြကာ သူတို့ကိုယ်က ကျောက်ဆစ်ရုပ်များပမာ မလှုပ်ရှားလာကြတော့ပေ။


ဘုရင်...


ဘုရင်....


သူတို့ရင်တွင်းမှအော်ဟစ်သံက ကုဟွိုက်ထံချက်ချင်းပြေးသွားရန်ပြောနေခဲ့သည်။ အဆိုပါပြင်းထန်သောစိတ်ဆန္ဒကြောင့် ဇက်တို့အားလုံး၏အမူအရာကထိတ်လန့်ဖွယ်ကောင်းနေခဲ့သည်။ 


တချိန်တည်းမှာပင် မဟာမိတ်တပ်ပေါင်းစု၏အတွင်းနှင့်အပြင်ပြောင်းလဲမှုနှင့် အနီးကပ်ဆုံးသောဟဲလုကြယ်ပေါ်၌ ဆာကီနှင့်လူသားတပ်စုတို့မှာ ဇက်တို့နှင့်နီးနီးကပ်ကပ်ရှိနေခဲ့ကြ၏။


ဘာကြောင့်မှန်းမသိဘဲ ဇက်အုပ်စုက ရုတ်တရက် အန္တရာယ်အငွေ့အသက်တို့ကိုထုတ်လွှတ်လာကြသည်။ ၎င်းတို့၏ကိုယ်မှာ တိုက်ခိုက်တော့မည့်အခြေအနေအထိဖြစ်လာ၏။ အန္တရာယ်အရှိဆုံးလေထုကိုထုတ်လွှတ်နေသူမှာ ဇက်စစ်တပ်ခေါင်းဆောင်အလ်ဗ်ပင်ဖြစ်လေသည်။


အလ်ဗ်က မတ်မတ်ရပ်နေဆဲ၊ မျက်လုံးကိုအနက်ရောင်မျက်လုံးအကာဖြင့်ဖုံးအုပ်ထားပြီး မည်သူကမျှသူ၏ခံစားချက်ကိုမမြင်ရသင်္ဘောပေ။ သို့သော် သူ့မျက်လုံးများကိုမမြင်ရသူရှိလျှင်ပင် သူ့ထံမှရနေသည့်အအေးဓာတ်က အခြားသူများကိုစိတ်ကျဉ်းကျပ်စေလိမ့်မည်။ သူဝိညာဉ်ဆက်

သွယ်မှုရလိုက်သည့်အခိုက်တွင် အလ်ဗ်၏အေးတိအေးစက်မျက်နှာအမူအရာက အက်ကွဲသွားခဲ့လေသည်။