အခန်း၉၂
Viewers 10k

Chapter 92

Chapter 92


အသိစိတ်မဝင်ခင်လာခင် အလ်ဗ်၏ခန္ဓာကိုယ်မှာ ဆန္ဒအလျောက် ရှေ့တလှမ်းတိုးသွားပြီး နေရာလွတ်ကိုဆုတ်ဖြဲပစ်ရန် ချက်ချင်းလှုပ်ရှားလိုက်သည်။


စက္ကန့်အနည်းငယ်အတွင်းမှာပင် အလ်ဗ်အရှေ့မှ နေရာလွတ်မှာ တွန့်လိပ်၍ စုတ်ပြဲသွားခဲ့၏။ ထိုမြင်ကွင်းကိုသတိထားမိလိုက်ကြသော ဇက်တို့မှာ တစ်စက္ကန်ထက်မနည်းအေးခဲနေကြပြီးမှ ၎င်းတို့၏စစ်သင်္ဘောများထံသို့ လှည့်ပြေးကြတော့သည်။


ပင်မစစ်သင်္ဘောကြီးသည်ကား တူဆာမှ နေရာပြောင်းရွှေ့စက်ကြီးများတင်ဆောင်ထားသည်။ ၎င်းတို့၏စစ်သင်္ဘောများမှာ စစ်တပ်ခေါင်းဆောင်များပါရှိသော စစ်သင်္ဘောများအနောက်မှ ထပ်ကြပ်မကွာလိုက်၍ တူဆာသို့ပြန်လှည့်လာခဲ့ကြ၏။


ဟဲလုကြယ်ပေါ်သို့ရောက်နေကြသော ဇက်စစ်တပ်ခေါင်းဆောင်များမှာအလ်ဗ်နှင့်ကာ့ပါးလီယာတို့ဖြစ်ကြသည်။ 


အလ်ဗ်သည် ကုဟွိုက်အနားတွင်နေ့စဉ်ပုံမှန်နေခဲ့သော်လည်း ယခုလုပ်ငန်းစဉ်သည်ကား ကြီးကြပ်ရေးမှူး၏ လက်ငင်းမဲဆွယ်မှုတစ်ခုသာဖြစ်ပေသည်။


ကုဟွိုက်အိပ်ပျော်သွားပြီးနောက်ပိုင်း အလ်ဗ်သည် နှစ်နှစ်မျှကြာအောင် အနက်ရောင်မျက်လုံးအကာကိုဝတ်ဆင်ထားခဲ့သည်။ သူ၏အကြည့်က ကုဟွိုက်မနိုးထလာသောကြောင့် သိသိသာသာပင် တည်ငြိမ်မှုမရှိတော့။


ထို့ကြောင့် ကြီးကြပ်ရေးမှူးသည် အလ်ဗ်က စစ်မြေပြင်တွင်တိုက်ခိုက်ပြီး စိတ်ထွက်ပေါက်ရှာခြင်းက ပိုကောင်းမည်ဟုတွေးတောခဲ့သည်။


ကုဟွိုက်ထွက်ပေါ်မလာခင်က အလ်ဗ်သည် စိတ်မတည်မငြိမ်မှုဖြစ်မှုကိုတိုက်ခိုက်နေရင်းဖြင့်သာ ဖြေရှင်းခဲ့သည်။ ထို့ကြောင့် ကြီးကြပ်ရေးမှူးက ဤနည်းလမ်းကိုသာစဉ်းစားမိပြီး အကြိမ်ပေါင်းများစွာအကြံပြုခဲ့သည်။


 အလ်ဗ်သည် ကုဟွိုက်ကိုမထိခိုက်စေချင်သောကြောင့် ယခုကဲ့သို့ စိတ်ကယောင်ချောက်ခြားအခြေအနေဖြင့် စစ်ပွဲတွင်ပါဝင်ရန်သဘောတူလိုက်ရတော့သည်။


"အရှင်..!"


စစ်ပွဲအတွင်းရောက်နေသည့်ကာ့ပါးလီယာက စကားတစ်ခွန်းမဆိုဘဲယူးလာစစ်သင်္ဘောထံပြန်ရောက်လာပြီး အာကာသပြောင်းရွှေ့ရေးစက်ကိုစတင်လိုက်သည်။ ဘုရင်ကနိုးထလာပြီး သူတို့အားခေါ်နေခဲ့၏။ တွေးကြည့်ရုံဖြင့်ပင် တူဆာ၏အဝေးရောက်နေသောဇက်များမှာ ကြက်သေသေကုန်ကြသည်။ ၎င်းတို့၏တစ်ခုတည်းသောဆန္ဒမှာ ခေါ်ဆိုမှုကိုအကြောင်းပြန်ရန်ပင်။ 


"နေအုံး..ခေါင်းဆောင်ဘာလုပ်မလို့လဲ...."


အခြားမျိုးနွယ်စုမှစစ်သားများကမူ ပုံမှန်မဟုတ်သည့်အခြေအနေကိုသတိပြုမိပြီး နှောင့်ယှက်ခံလိုက်ရမှုကို စိတ်ထဲမထားဘဲမနေနိုင်ကြပေ၊ ၎င်းတို့အော်ဟစ်လိုက်သည့်အသံထဲတွင် စိတ်ကျဉ်းကျပ်မှုများက အတိုင်းသား။ ၎င်းတို့မှတ်မိထားသည်ကအမှန်ဖြစ်လျှင် ပြဲဟနေသည့်အာကာသအက်ကြောင်းက နေရာများကိုပြောင်းရွှေ့ပေးနိုင်သည်။


ဇက်တွေက ဘာမပြောညာမပြောနဲ့ ဘယ်နေရာကိုတစ်ဖွဲ့တည်းသွားတိုက်ကြမလို့လဲ...ဒါမှမဟုတ်...


ထွက်ပြေးကြတော့မလို့လား...


မည်သည့်ဇက်ကမျှ ထိုမေးခွန်းကိုမဖြေလိုကြ။ ပြဲဟနေသည့်အာကာသအက်ကြောင်းသည် နဂိုအတိုင်းရှိနေပြီး ဇက်စစ်သည်တိုင်းကလည်း အာကာသနှောင့်ယှက်ခံလိုက်ရသည့်နေရာကို တွေတွေကြီးကြည့်နေခဲ့ကြသည်။


အခြေအနေများသည်ကား ကမောက်ကမ စဖြစ်လာခဲ့သည်၊ ရန်သူများဘက်မှထပ်မံတိုက်ခိုက်လာမှုက ပို၍ပင်စိုးရိမ်စရာကောင်းလာ၏။ ရန်သူများဘက်မှ သူတို့အားတွေ့သွားပြီး တညီတညွတ်တည်းဖြင့် အပြတ်အသတ်တိုက်ခိုက်နိုင်ရန် အချိန်ကောင်းအားစောင့်ဆိုင်းနေကြသည်၊ ခံတပ်ကိုချိုးဖောက်ကာ ရန်သူများ၏သေစေနိုင်လောက်သည့်နေရာကိုချိန်ရွယ်ထားခဲ့ကြ၏။ ယခုမူ သူတို့ချက်ကောင်းလွတ်သွားခဲ့ပြီး ဇက်တို့ဘက်မှ တစ်ချက်ပင်မလှုပ်ရှားပေ။


ပုံရိပ်ယောင်မျက်နှာပြင်ကိုကြည့်နေရင်း ဟန်မာ ဖင်ငြိမ်အောင်ပင်မထိုင်နိုင်တော့။


"မဖြစ်နိုင်တာ...ဇက်တွေကထွက်ပြေးတာမဖြစ်နိုင်ဘူး.."


 ဟန်မာသည် ဇက်တို့က ဗြုန်းစားကြီးထွက်ပြေးသွားသည်ဟုမယုံကြည်ပေ။ ဇက်တို့က သူတို့အားသစ္စာဖောက်သွားသည်ဆိုခြင်းက ပို၍ပင်မဖြစ်နိုင်သေးသည်။


 သည့်အပြင် ဇက်မျိုးနွယ်စု၏ အဓိကပုဂ္ဂိုလ်ကအိပ်ပျော်နေဆဲရှိသေးသည်။ ဤကဲ့သို့သောအချိန်မျိုးတွင် ဇက်တို့သည် စစ်ပွဲစတင်ရန် စိတ်ပါဝင်စားကြလိမ့်မည်မဟုတ်ချေ။


နေစမ်းပါအုံး....


သူဘာပြောလိုက်တာပါလိမ့်??


စစ်သင်္ဘော၏အမိန့်ပေးထိန်းချုပ်ခန်းထဲမှ လူသားအရာရှိနှစ်ယောက်တို့သည် တိတ်ဆိတ်စွာဖြင့်အပြန်အလှန်ကြည့်လိုက်မိကြသည်၊ တစ်ယောက်၏မျက်လုံးထဲတွင်တစ်ယောက် အံ့အားသင့်မှုနှင့်ပျော်ရွှင်မှုတို့ကိုမြင်လိုက်ကြရ၏။


လူနှစ်ယောက်၏ ခန့်မှန်းချက်များကိုနားလည်သွားကြသည်နှင့် ပုံရိပ်ယောင်မျက်နှာပြင်သည် စစ်ပွဲအတွင်းမှ ပြဲစုတ်နေသောအာကာသနေရာအနည်းငယ်ကိုပြသလာသည်။ အံချီးဖွယ်ရာ အာကာသအပြဲရာကြီးက ဇက်စစ်တပ်ကိုပြန်လည်ဆုတ်ခွာသွားရစေရန် ရုတ်တရက်ကြားဖြတ်လိုက်သည့်အရာပင်ဖြစ်ကြောင်း သေချာနေ၏။


တိကျသောနေရာတွင် နေရာယူလိုက်ကြသည်။ ကုဟွိုက်သည်ကား သူ၏စွမ်းရည်ဖြင့် အာကာသကိုစုတ်ဖြဲနေပြီး ဟဲလုကြယ်ပေါ်သို့သွားရန် ကြိုးစားနေသည်။ စိတ်ဝိညာဉ်ဆက်သွယ်ရေးဖြင့် နေရာကိုအတည်ယူနေပြီး အလ်ဗ်က အလွန်ဝေးကွာသည့်နေရာတွင်ရှိနေကြောင်းသိလိုက်ရ၏။ သူသည် အလ်ဗ်ကို အချိန်အကြာကြီးစောင့်ခိုင်းထားမိသည်။ ယခု သူနိုးလာပြီဖြစ်၍ ကုဟွိုက် တဖက်လူကိုသွားတွေ့ရန်ဆုံးဖြတ်လိုက်၏။


သူတို့ ဆုံတွေ့ခဲ့ကြပြီး တူဆာသို့အတူတကွပြန်လာကြမည်။ အလ်ဗ်တစ်ယောက်တည်းအတွက်မဟုတ်။ အခြားသောဇက်များသည်လည်း အချိန်အကြာကြီးစောင့်ဆိုင်းခဲ့ကြရသည်။ အာကာသကိုစုတ်ဖြဲလိုက်ခြင်းမတိုင်ခင်က ကုဟွိုက်မှာ အာကာသ၏တဖက်ခြမ်းကစစ်ပွဲဖြစ်နေမည်ဟုမမျှော်လင့်ခဲ့ပေ။


စုတ်ပြဲနေသည့် အာကာသအက်ကြောင်းက တာဝက်ဇ်စစ်တပ်၏ရှေ့တွင်ပထမဆုံးအကြိမ်ပေါ်လာခဲ့ပြီး တာဝက်ဇ်တို့အား သတိကြီးသွားစေခဲ့သည်။ ၎င်းတို့သည် တိကျသောနှုန်းထားတစ်ခုအထိပြန်ဆုတ်ခွာလိုက်ကြပြီး ပူးပေါင်းတပ်များနှင့်တွေ့ဆုံရန် သံသယရှိလာခဲ့ကြလေသည်။


သို့ရာတွင် နောက်ထပ်ဖြစ်လာသည့်အရာက လူတိုင်းမျှော်လင့်ထားသည်ထက် ပိုသွားခဲ့သည်။ ဇက်တို့မှအပ နှစ်ဖက်လုံးသောစစ်တပ်များသည်ကား စုတ်ပြဲနေသည့်အာကာသနေရာမှ အမည်မသိသက်ရှိလေးတစ်ကောင်ကိုတွေ့ပြီး တောင့်တင်းသွားကြသည်။ ၎င်းက နက်မှောင်ပြီး ဖန်ကဲ့သို့သောမျက်လုံးဝိုင်းဝိုင်းလေးနှင့်အမွှေးပွကာ ဒေါင်လိုက်ဖြစ်နေသည့်ရွှေရောင်မျက်လုံးလေးများလည်းရှိသည်။ ယင်းသည်ကား သားပေါက်လေးပမာ အားနည်းပြီးတိုက်ခိုက်နိုင်မည့်ပုံမရ။


ရည်ရွယ်ရာနေရာသို့ရောက်လာသည့်အခါ ကုဟွိုက် ပတ်ဝန်းကျင်ကိုအမိအရ မလေ့လာရသေးခင် အနောက်မှ အချီခံလိုက်ရလေသည်။ ကုဟွိုက် မဝေးသည့်နေရာမှဇက်စစ်တပ်ကိုမြင်တွေ့လိုက်ရသောကြောင့်အလိုလိုအသံပြုမိသွား၏။


"ကျိုး..."


သားပေါက်လေးအနေဖြင့် တကျီကျီအသံက နူးညံ့လွန်းလှသည်။ ယင်းက အင်မတန်တိုးလျသော်လည်း စစ်ပွဲရှိလူတိုင်းကြားရပြီး ရှင်းပြမရသော ထူးဆန်းသည့်တိတ်ဆိတ်မှုကကြီးစိုးသွားခဲ့သည်။ ဒါက__


ပူးပေါင်းတပ်ဖွဲ့မှ စစ်သားများမှာအေးခဲသွားလုမတတ်။ ရှင်းပါသည်၊ ၎င်းတို့သည် တာဝက်ဇ်တို့လက်ထဲမှ အကောင်ပေါက်လေး၏သရုပ်အမှန်ကို သိနေကြ၏။ မျိုးနွယ်စုပေါင်းစုံမှစစ်သားတို့မှာ သူတို့ဘက်မှဇက်စစ်ကြောင်းကို ထိတ်လန့်စွာကြည့်နေကြလျက် စက္ကန့်အနည်းငယ်မျှအသက်ရှူရပ်သွားကြလေ၏။


ရပ်လိုက်! ရပ်လိုက်တော့! သူ့ကိုအောက်ချပေးလိုက်စမ်းပါ__!


ပူးပေါင်းတပ်များသည်ကား တာဝက်ဇ်တို့ကိုစိုက်ကြည့်နေရင်း အခြေအနေမဟန်သည်ကို နားလည်လိုက်သည်နှင့် အသည်းနှလုံးထဲမှအော်ဟစ်နေခဲ့ကြ၏။ တာဝက်ဇ်နှင့်ဇက်မျိုးနွယ်စုတို့ကြားမှ တိုက်ပွဲက ထိန်းသိမ်းရခက်နေသည်၊ ရုတ်တရက်ပင် ဦးဆောင်သူကိုရွေးချယ်ရခက်သွားပြီမှန်းသဘောပေါက်လိုက်ကြသည်။


ကံမကောင်းစွာဖြင့် ၎င်းတို့၏နှလုံးသည်းပွတ်အတွင်းမှအော်ဟစ်နေခြင်းက အပြင်သို့မရောက်လာခဲ့ချေ။ တာဝက်ဇ်ဘက်မှလူတစ်ယောက်က ထိုအရာလေးအားစူးစမ်းလိုစိတ်ဖြင့် အကောင်ပေါက်လေးကိုလှုပ်ယမ်းကြည့်နေသည်။


"...."


စစ်ပွဲကြီးတစ်ခုလုံးသည်ကား တိတ်ဆိတ်မှုအတိ။ 

ရုတ်ချည်းဆိုသလိုပင် ပူးပေါင်းတပ်များမှာ ဇက်တို့အဝေးမှ ခပ်ခွါခွါ နေမိကြသည်။


မမျှော်လင့်ထားသည့်အနေအထားတွင် ပူးပေါင်းတပ်များသည်ကားနောက်ပြန်မဆုတ်လိုကြ။ ဇက်တို့ဘက်မှအခြေအနေကိုကြည့်ရုံသာကြည့်ပြီး ၎င်းတို့၏ယာဉ်များကိုဘေးဘက်ရွှေ့လိုက်ကြသည်။ ၎င်းတို့တွင် အင်မတန်ဆိုးဝါးသောထင်မြင်ချက်မျိုးရှိသည်..မဟုတ်သေး၊ ထင်မြင်ချက်ဟုပင်ပြော၍မရ။ အန္တရာယ်ရှိသည့်ခံစားချက်သည်ကား အလွန်အမင်းစစ်မှန်နေသည်။


ဇက်တို့၏ခေါင်းဆောင် အလ်ဗ်ပင် ပုံမှန်မျက်နှာထားမျိုးမဟုတ်ချေ။ သူ့မျက်နှာပေါ်တွင် ကြုံတောင့်ကြုံခဲ အပြုံးတစ်ပွင့်ပေါ်လာခဲ့သည်။ အလ်ဗ်၏အဆိုပါအပြုံးမျိုးသည်ကား အန္တရာယ်အရှိဆုံးလက္ခဏာရပ်ပင်။ ၎င်း

၏ စိတ်ဆန္ဒများကအတိအကျအုံကြွလာသည့် လက္ခဏာရပ်မျိုး။


ယင်းမှာဆုံးဖြတ်ချက်တစ်ခုတည်းမဟုတ်။ ဖျက်ဆီးလိုခြင်းဆန္ဒနှင့်အတင်းအကြပ်လုပ်ယူခြင်းတို့ဖြင့်နှိုင်းယှဉ်လျှင် ဇက်တို့သည် ဘုရင်ပေါက်ဖွားလာတည်းက ကာကွယ်ပေးမှုကိုသင်ယူခဲ့ကြသည်။ ၎င်းတို့၏တန်ဖိုးအကြီးဆုံးရတနာလေးအား ရန်သူများကကိုင်ထားသည်ကိုကြည့်ပြီး လက်ရှိဇက်တို့က သည်းခံနေကာ အလျင်စလိုမလုပ်ကြပေ။


သို့သော်ငြား ရန်သူတပ်များသည်ကား ပူးပေါင်းတပ်များဘက်မှထူးဆန်းနေသည့်လေထုကို နားမလည်ကြသေး။ ထိုအရာက သူတို့လက်ထဲမှကိုင်ထားသည့်အရာမျှပင် အရေးမကြီးပါချေ။ တာ့ဝက်ဇ်ယောကျ်ားက မျက်မှောင်ကြုတ်ကာ အကောင်ပေါက်လေးကို လွှတ်၍ မြေကြီးပေါ်ပစ်ချလိုက်သည်။


အဆိုပါအမြင့်လောက်က ဇက်တို့အတွက်ထိခိုက်စရာအကြောင်းမရှိလင့်ကစား ဇက်စစ်သည်တော်တို့၏မျက်လုံးထဲတွင်မူ ကွဲပြားပေသည်။ ဘုရင်က မြေကြီးပေါ်သို့ပြုတ်ကျသွားလျှင် အင်မတန်နာကျင်သွားရလိမ့်မည်။ 


သူတို့ဘုရင် နာသွားနိုင်သည်။


ပူးပေါင်းတပ်မှစစ်သားတိုင်း ကြောက်လန့်ရမှုထဲတွင်စုံးစုံးမြုပ်နေကြသည်။ ထိုအချိန်တွင် ဟန်မာသည် ပုံရိပ်ယောင်မျက်နှာပြင်ကို ထုံထိုင်းနေသည့်မျက်နှာဖြင့်ကြည့်နေပြီး အရှေ့မှစားပွဲကိုပင်ရိုက်ချိုးမိတော့မယောင်ဖြစ်သွားခဲ့သည်။


ဇက်တို့က...ရူးသွားကြတော့မည်။


..