အခန်း၉၃
Viewers 11k

Chapter 93

Chapter 93(end)


"...ဆိုတော့ အကြောင်းအရင်းကဒီလိုပေါ့.."


ထို့နေ့က စစ်မြေပြင်သည် ဇက်တို့သောင်းကျန်းမှုကြောင့် အလွန်အကျွံ ပရမ်းပတာဖြစ်သွားသည့် အခြေအနေသို့ဆိုက်သွားခဲ့ရသည်။ တစ်လကြာပြီးနောက် ဇက်မျိုးနွယ်မှအပ ကြယ်တာရာမဟာမိတ်အဖွဲ့တွင်ပါဝင်ကြသော မျိုးနွယ်စုခေါင်းဆောင်များမှာ ကင်းထောက်များထံမှရရှိလာသည့် စစ်ပွဲ၏နောက်ဆုံးသတင်းပေးပို့ချက်များကို ရှုပ်ထွေးနေသည့်ခံစားချက်များဖြင့် စီစစ်နေကြရသည်။


ဇက်စစ်တပ်သည် လွန်ခဲ့သောရက်အနည်းငယ်ကပင် တာဝက်ဇ်တို့၏အခြေစိုက်မြို့တော်အတွင်းသို့ဝင်ရောက်ခဲ့ပြီး ရန်သူ၏ပိုင်နက်နယ်မြေအတွင်းမှ ဂြိုလ်များအားလုံးကို တိုက်ရိုက်ပြန်သိမ်းယူနိုင်ခဲ့သည်။


ယခု ကြယ်တာရာဂိတ်၏အခြားတဖက်ခြမ်းမှ အမည်မသိကြယ်တာရာနယ်ပယ်တွင် ကျုးကျော်မှု၌မပါဝင်ခဲ့ကြသော အခြားမျိုးနွယ်စုများမှာဇက်တို့၏သိမ်းပိုက်နိုင်မှုအမြန်နှုန်းကြောင့် ကြောက်ရွံ့ထိတ်လန့်နေကြရသည်။ ၎င်းတို့သည်ကား တာဝက်ဇ်တို့နှင့်ပတ်သက်မှုမှန်သမျှကိုအမြန်ရှင်းထုတ်ပစ်လိုက်ကြ၏။


"ဒါပေမဲ့ ဘုရင်က မြေကြီးပေါ်မကျသွားဘူးလေ...သူ့ရဲ့စွမ်းရည်က တာဝက်ဇ်စစ်သည်တွေ သူ့ကိုထိခိုက်အောင်မလုပ်နိုင်ဘူးလို့ဆိုလိုတာပဲလေ.."


ဟန်မာသည် နဖူးပေါ်လက်တင်ထားပြီး မျက်လုံးများတွန့်ထားမိသည်ကိုရပ်မရတော့ပေ။


ယင်းမှာ ဖြစ်ခဲ့သည့်အတိုင်းပင်။ ထိုနေ့က စစ်မြေပြင်တွင် ဇက်သားပေါက်လေးက အေးအေးဆေးဆေးသာ မြေပေါ်သို့ကျခဲ့သည်။ ၎င်း၏ဝိုင်းစက်နေသောမျက်လုံးများက ဇက်စစ်တပ်ရှိရာသို့လှမ်းကြည့်နေပြီး ၎င်း၏ အာကာသကူးပြောင်းရေးစွမ်းရည်ဖြင့် တိုက်ရိုက်ကူးပြောင်းသွားခဲ့

သည်။


ကုဟွိုက်အတွက်ကမူ တာဝက်ဇ်တို့ကသူ့အားလွှတ်ပေးရန်ငြင်းဆန်နေလျှင်ပင် နောက်တစက္ကန့်အတွင်း သူကူးပြောင်းသွားနိုင်သည်။ ယင်းက သူမြေကြီးပေါ်သို့ ပြုတ်ကျရခြင်းထက်သာသေး၏။ ထို့အပြင် တဖက်က လူစိမ်းလည်းဖြစ်နေသေးသည်။ ကုဟွိုက်သာ အခြေအနေကိုသိရရန်အတွက်လုံးပန်းမနေလျှင် သူကူးပြောင်းသွားသည်နှင့် ကုဟွိုက် တဖက်လူကို ထပ်မံထိခွင့်ပေးတော့မည်မဟုတ်ပေ။ 


ကုဟွိုက်သည် တာဝက်ဇ်တို့က သူ့အားဘာမျှလုပ်နိုင်လိမ့်မည်မဟုတ်မှန်းသိနေခဲ့သော်ငြား လက်ရှိဇက်တို့ကထိုသို့မထင်ကြပေ။ ၎င်းတို့သည် ကုဟွိုက်မှ စစ်သင်္ဘောကိုတစစီဖျက်ဆီးခဲ့သည့် ပုံစံအားတွေ့ခဲ့ဖူးသော်လည်း

ဇက်တို့သည် ကုဟွိုက်ကသူတို့၏အကာအကွယ်ကိုလိုအပ်နေသေးသည်ဟု မျက်စိမှိတ်တွေးထားကြဦးမည်သာ။


သို့ဖြစ်၍ ၎င်းတို့မှာ တာဝက်ဇ်တို့ကကုဟွိုက်ကို မြေကြီးပေါ်သို့ပစ်ချလိုက်သည့်အဖြစ်အား တွေ့လိုက်ကြပြီး ကုဟွိုက်ကမြေကြီးပေါ်သို့ဒဏ်ရာမရဘဲ ကျလာလိမ့်မည်ဟု တခါမှမတွေးကြတော့ပေ။ ၎င်းတို့၏ဦးဆုံးတုံ့ပြန်မှုမှာ ကုဟွိုက် နာကျင်လိမ့်မည်ဆိုသောအတွေးသာ။ 


ယင်းသည်ကား အလ်ဗ်မှလွဲ၍ ဇက်တို့အားလုံးက ကုဟွိုက်အပေါ် မိဘကဲ့သို့သောသဘောထားမျိုးရှိနေ၍ဖြစ်သည်။


ထိန်းသိမ်းရခက်ခဲသောဇက်စစ်တပ်သည် ယခင်ကတခါမှမကြုံဖူးသေးသော တိုက်ခိုက်သည့်စွမ်းအားကိုထုတ်ပြလာကြလေသည်။ အခြားသောပူးပေါင်းတပ်ဖွဲ့များမှာ အိပ်နေလျှင်ပင်နိုင်မည်ဟု ခံစားနေရသည်။ ဟဲလုကြယ်ပေါ်မှ တာဝက်ဇ်တို့သည် မကြာမီပင် ပင်မဇက်စစ်တပ်၏

ချေမှုန်းခြင်းကိုခံလိုက်ရသည်။ မျက်စိတမှိတ်အတွင်း ဟဲလုကြယ်ကိုဇက်တို့က သိမ်းပိုက်လိုက်သည်။


ဟဲလုကြယ် စစ်ပွဲအပြီး ကုဟွိုက်နှင့်ဇက်တို့က အာကာသကူးပြောင်းရေးစက်နှင့် တူဆာသို့ပြန်လာကြသည်။ ကုဟွိုက်၏ခန္ဓာကိုယ်က နှစ်နှစ်ကြာအောင်အိပ်စက်ခဲ့ပြီးပြီ။ သူ၏အသိစိတ်က ခန္ဓာကိုယ်အတွင်း

သို့ပြန်ရောက်လာခဲ့ပြီး စွမ်းရည်ကိုအသုံးချလိုက်ခြင်းက သူ့အားအင်မတန်ပင်ပန်းစေသည်။ 


သို့သော်တစုံတရာကိုဖြင့် ချက်ချင်းရှင်းထုတ်ရမည်သာ။ 


ကုဟွိုက် တူဆာသို့ပြန်ရောက်လာပြီး အိပ်ရာပေါ်တွင်လူသားတစ်ယောက်ပုံစံဖြင့်ထိုင်လိုက်သည်။


လောက၏ဆန္ဒက ကုဟွိုက်ကိုပြောခဲ့သည်။ သူ၏ကိုယ်ကိုပြန်လာ၍ရသည့်တိုင် လောကကြီး၏ 'စည်းမျဉ်း' က လက်ခံမည်မဟုတ်ပေ။ ထိုအရာက သူနာကျင်မှုကိုခံစားရလိမ့်မည်ဟုဆိုလိုသည်။ သူထိုအကြောင်းကို မည်သူကိုမှပြောပြရန် ရည်ရွယ်ချက်မရှိပေ။ နာကျင်မှုကဤအဆင့်တွင် သူသည်းခံနိုင်သည့်အတိုင်းအတာဖြစ်ပြီး ဇက်တို့ကလည်းသိကြမည်မဟုတ်။ ကုဟွိုက်သည် ဇက်တို့ကသူတို့ကိုယ်သူတို့အပြစ်တင်ပြီး ဝမ်းနည်းနေရမည်ကိုမလိုလားသောကြောင့် သူတစ်ယောက်တည်းသာထိုကိစ္စကိုသိထားပေသည်။


"မင်းအခုထိ မျက်လုံးအကာကြီးကိုဝတ်ထားတုန်းပဲလား...ငါ့ကိုမတွေ့ချင်တော့ဘူးပေါ့..?"


ကုဟွိုက်က သိနေသော်လည်း အိပ်ရာဘေးတွင်ရပ်နေသောအလ်ဗ်ကိုညင်ညင်သာသာမေးလိုက်သည်။


အလ်ဗ်ကစကားမပြောသော်လည်း သူ၏နှုတ်ခမ်းထောင့်ကသိသိသာသာတွန့်သွားခဲ့သည်: "....."


သူသည် မမြင်နိုင်သည့်ဤနေရာတွင် မျက်လုံးအကာကိုချက်ချင်းမချွတ်ပေ။ အလ်ဗ်က ကုဟွိုက်ပါးကိုကိုင်ရန်လက်လှမ်းလိုက်သည်။ တခုခုကိုအာရုံခံမိ၍ဖြစ်မည်။ အလ်ဗ်သည် ကုဟွိုက်မျက်နှာအနှံ့ကို တိတ်တဆိတ်ထိကိုင်နေ၏။ သူထင်ယောင်ထင်မှားဖြစ်နေခြင်းလည်း ဖြစ်နိုင်

သည့်တိုင် အလ်ဗ်သည် အနှီအမှန်တရားကို သူ့မျက်လုံးနှင့်တိုက်ရိုက်အတည်ပြုရန် ဆန္ဒမရှိပေ။


ကုဟွိုက်သည် အလ်ဗ်၏စိတ်အခြေအနေကိုနားလည်နိုင်၍ သူ၏မျက်တောင်များ အနည်းငယ်မျှတုန်ယင်သွားခဲ့သည်။


ကုဟွိုက်သည် အလ်ဗ်အားတိတ်ဆိတ်စွာဖြင့် သူ့မျက်နှာကိုထိကိုင်ခွင့်ပေးထားလိုက်သည်။ အလ်ဗ်က ရပ်လိုက်သည်နှင့် ကုဟွိုက် ထိုလူကိုအရှေ့သို့ဆွဲလိုက်ကာ တဖက်လူကသူ့မျက်လုံးများကိုဖုံးထားသည့်အဝတ်စအား ကျွမ်းကျင်ပိုင်နိုင်စွာဆွဲဖြုတ်လိုက်ပေ၏။ အဝတ်စပြေလျော့သွားသည့်အခါ ၎င်းကအောက်သို့ပြုတ်ကျသွားပြီး ကုဟွိုက်မှာလည်း အလ်ဗ်၏ဒေါင်လိုက်ဖြစ်နေသောရွှေရောင်မျက်ဆန်အိမ်များနှင့်အင်မတန် နီးကပ်နေခဲ့သည်။


အဆိုပါ မျက်လုံးများက သူ့အပေါ်တွင်သာအသေကပ်ထားသလိုရှိနေပြီး ခဏတွင်းချင်းပင် ကုဟွိုက်၏စိတ်ထဲ၌ ဖြစ်ရပ်နှစ်ခုက လျှပ်တပြက်ပေါ်လာခဲ့သည်။


တစ်ခုက တူဆာပေါ်တွင်ဖြစ်ပြီး ကျန်တစ်ခုမှာ ဤအခန်းထဲတွင်ဖြစ်ပေသည်။ ၎င်းသည်ကား အလ်ဗ်မှ မျက်လုံးအကာမဝတ်လိုက်ရသည့် ပထမဆုံးအချိန်ပင်ဖြစ်သည်။ နောက်တစ်ခုမှာ အလ်ဗ်က ဥခွံထဲမှပေါက်လာကာစအချိန်ဖြစ်ပြီး အကောင်ပေါက်အရွယ်လေးတွင်ဖြစ်သည်။ ကုဟွိုက်သည် အချိန်အခါကအရေးအကြောင်းမဟုတ်ဟုခံစားရပြီး အလ်ဗ်က လောကကြီးကိုစတင်တွေ့ရချိန်၌ ၎င်းက အမြဲကုဟွိုက်ကိုသာကြည့်နေခဲ့ခြင်းဖြစ်နိုင်သည်။ သို့ဖြစ်၍ ကုဟွိုက်က အနှီကြောင်ကြီးအပေါ်တွင်တာဝန်ရှိပေ၏။


"အတော်လေးကြာခဲ့ပြီပဲနော်...အလ်ဗ်..."


အလွန်နီးကပ်သည့်နေရာမှ တဖက်လူကိုကြည့်နေရင်း ကုဟွိုက်ကဖုံးကွယ်မထားတော့ဘဲ အလ်ဗ်ကိုသာပြုံးပြလိုက်သည်။


မည်သို့ပင်ဖြစ်စေ သူထွက်သွားခဲ့သည့်အချိန်က အတော်ကိုကြာညောင်းခဲ့ချေပြီ။


အလ်ဗ်၏ မျက်နှာထားမှာအနည်းငယ်တင်းမာသွားရကာ ကုဟွိုက်၏ကိုယ်ကို သူ့အမြှီးဖြင့်ရစ်ပတ်လိုက်သည်။ တခဏကြာပြီးနောက်မှ သူပြောလာခဲ့သည်။


"ကိုယ်တောင်းပန်ပါတယ်..."


ထိုစကားကို အေးစက်နေသည့်အသံဖြင့်ပြောပြီးနောက် အလ်ဗ်ကထပ်ပေါင်းပြောလိုက်၏။


"အားဟွိုက်...စိတ်မဆိုးပါနဲ့နော်.."


ကုဟွိုက်က ကြောင်တောင်တောင်ဖြင့် ပြန်မေးလိုက်လေသည်။


"ဘာလို့ငါကစိတ်ဆိုးရမှာလဲ..."


ကြောင်ကြီးတောင်းပန်နေပုံက ကလေးလေးတစ်ယောက်နှင့်တူသည်။ ကုဟွိုက်မျက်လုံးထဲတွင် ကြောင်ကြီးကခေါင်းငုံ့ပြီး ကုဟွိုက်ပါးပြင်ကိုပွတ်သပ်နေ၏။


"ဘာလို့လဲဆိုတော့ မင်းနိုးလာတဲ့အချိန်မှာ ကိုယ်ရှိမနေခဲ့လို့လေ.."


သူစောင့်နေမည်ဟု ပြောခဲ့သော်လည်း ကုဟွိုက်နိုးလာသည်ကိုသူမမြင်ခဲ့ရပေ။ အလ်ဗ်မှာ သူပေးထားခဲ့သည့်ကတိကိုဖျက်လိုက်မိ၍ ကုဟွိုက်စိတ်ဆိုးသွားမည်ဟုထင်နေပုံရသည်။


"ကျိုးကျိုးက အားဟွိုက်နိုးလာတဲ့အထိစောင့်နေခဲ့တာမလို့ ကတိမဖျက်ခဲ့ပါဘူး..."


အလ်ဗ်၏အသံသည် တိုးတိမ်လွန်းပြီး ငယ်နာမည် 'ကျိုးကျိုး' ကိုသုံးလိုက်ချိန်တွင် ကလူသလိုလုပ်လိုက်မှုက အနှီကြောင်ကြီးကို မည်သူမှသင်မပေးရဘဲ သူဟာသူတတ်လာခဲ့ပုံပေါ်စေသည်။


သူမည်သည့်စကားကိုပြောပါစေ၊ ကိစ္စမရှိ။ ဤနည်းလမ်းနှင့်ကပိုကောင်းနိုင်ပေသည်။ ကုဟွိုက်က သူနိုးမလာခဲ့လျှင် အလ်ဗ်က သူ့ကိုယ်သူ လက်လျှော့လိုက်မည်ကို သဘောမကျပေ။ သို့သော်လည်း အနှီကြောင်ကြီး၏ ကလူကျီစယ်သလိုအမူအရာကြောင့်ကုဟွိုက်မှာ မလိုအပ်သည့်စကားလုံးများကို စိတ်ထဲတွင်သာသိမ်းထားလိုက်ရတော့သည်။ သူသည်ခေါင်းညိတ်ပြလိုက်ပြီးနွေးထွေးမှုရှိသောအသံဖြင့်သဘောတူလိုက်ရသည်။


"အေးပါ..ငါသိပါပြီ.."


ပြောပြီးနောက် ကုဟွိုက် အနားကပ်သွားပြီး အလ်ဗ်၏မျက်လုံးများကိုနမ်းလိုက်သည်။ ထိုအနမ်းကြောင့် အလ်ဗ်၏မျက်လုံးများက မထိန်းနိုင်တော့ဘဲတုန်ယင်သွားလေ၏။


"အရင်တုန်းက ကျိုးကျိုး..အားဟွိုက်ကိုမြင်ဖူးလား.."


ကုဟွိုက်သည် အလ်ဗ်စကား၏ဆိုလိုရင်းကိုသိသွားပြီး စွံ့အသွားခဲ့သည်။ 'စည်းမျဉ်းများ' က ဖျက်ထားသည့်မှတ်ဉာဏ်များက သတိပြန်ရနိုင်သည်လား။ မည်သို့များဖြစ်နိုင်မည်နည်း။


ကုဟွိုက်က အံ့အားသင့်သွားရသည်။


"မင်းကဘာကြောင့် အဲဒီလိုထင်ရတာလဲ.."


အလ်ဗ်က မေးသည်ကိုပြန်မဖြေဘဲ ကုဟွိုက်ကိုသာမျက်တောင်မခတ်တမ်းကြည့်နေခဲ့သည်။ အလ်ဗ်သည် ကုဟွိုက်ကိုဘယ်တော့မှလက်မလျှော့ရန်တွေးထားခဲ့သော်လည်း ယခုမူ သူသည် မတူညီစွာခံစားနေရသည်။ သူအရင်က ကုဟွိုက်ကိုမြင်တွေ့ထားခဲ့၍ဖြစ်နိုင်ပြီး သူတို့နောက်တကြိမ်ပြန်တွေ့ကြသည့်အချိန်တွင် ပြောင်းလဲမှုကို သိသာစွာမခံစားရသောကြောင့် လက်လျှော့ထားခဲ့သည်။ သူသည် ကုဟွိုက်၏စကားကိုနားထောင်ချင်သေးရုံမက ဤလူကိုလည်းသဘောကျနေဆဲပင်။ လက်လျှော့လိုက်ရသည့်အကြောင်းက အလ်ဗ်အပေါ်သက်ရောက်မှုရှိပြီး ဤမျှအထိ မနာခံလိုတော့ပေ။


အလ်ဗ်က ပြန်ဖြေလာသည်ကိုမမြင်ရသည့်အခါ ကုဟွိုက်မမေးတော့။ သူမျက်တောင်လေးခတ်ကာပြန်ဖြေလိုက်သည်။


"အင်း..ငါမင်းကိုမြင်ဖူးတယ်.."


အလ်ဗ်က အပြည့်အစုံကိုမမှတ်မိသော်လည်း သူ၏ထိန်းချုပ်နိုင်စွမ်းမရှိမှုနှင့် ဖျက်ဆီးလိုသည့်အ​ကြောင်းအရင်းက သူ့အတွက်အဖိုးတန်လှသောရတနာကြောင့် မှေးမှိန်ယုတ်လျော့သွားမှန်းကိုဖြင့် နားလည်ပေသည်။


ကုဟွိုက်သည်ပြောလိုက်ပြီးသည့်နောက် သူအလ်ဗ်ကိုနမ်းရှိုက်လိုက်၏။ ကုဟွိုက်မတုံ့ပြန်ရသေးခင် သူ့ခါးပေါ်မှငွေမှင်ရောင်အမြှီးက အောက်သို့ဆွဲချလိုက်ပြီး အိပ်ရာပေါ်တွင်ထိုင်နေရာမှ လှဲအိပ်လိုက်သည့်ပုံစံကိုပြောင်းလဲလိုက်သည်။


ကုဟွိုက်သည် အလ်ဗ်၏ဖြည်းဖြည်းချင်းကျုံ့ဝင်သွားသော ဒေါင်လိုက် ရွှေရောင်မျက်လုံးများကိုကြည့်နေသော်လည်း ထပ်မတွေ့ရတော့။ သူ၏အမြင်အာရုံက အလ်ဗ်၏အနက်​ရောင်မျက်လုံးအကာဖြင့်ဖုံးအုပ်ခံလိုက်ရ၍ ပိန်းပိတ်အောင်မည်းမှောင်သွားလေသည်။


'?'


ကုဟွိုက်မှာ မတုံ့ပြန်လိုက်နိုင်ပေ။ အလ်ဗ်လုပ်ချင်နေသည့်အရာကိုသူသိနေသော်လည်း အဘယ်ကြောင့်

သူ၏မျက်လုံးများကိုကာထားရန်လိုအပ်မှန်းနားမလည်နိုင်ပေ။


သူ၏အမြင်အာရုံကိုဆုံးရှုံးလိုက်ရပြီး အဝတ်များပွတ်တိုက်နေသည့်အသံက ကုဟွိုက်ကိုရှင်းလင်းသွားစေသည်။


"အလ်ဗ်..?"


ကုဟွိုက်၏ခေါ်သံမှာပြန်ဖြေသံမကြားရ၊ မကြာခင်မှာပင် သူတွေးနေရန်နှင့်စကားပြောရန်ပင် အားမရှိတော့ပေ။ ကုဟွိုက်သည် အလ်ဗ်အားနှစ်သိမ့်ပေးရန်တာဝန်ရှိသည်ဟုယူဆမိ၍ ကြောင်ကြီးလုပ်သမျှကို အလိုလိုက်အကြိုက်ဆောင်ပေးခဲ့သည်။ ဤသို့သောနှစ်သိမ့်ပေးရသည့်နည်းလမ်းက အလွန်ကိုပင်ပန်းရသည်ပင်။


ငြင်းပယ်ခံထားရခြင်းကြောင့် နာကျင်နေရသည့်သူ၏စိတ်ဝိညာဉ်သည် ပျော်ရွှင်မှုကြောင့်ပျောက်ကွယ်သွားခဲ့သည်။ နောက်တနေ့ ကုဟွိုက်နိုးထလာချိန်တွင် သူ၏မျက်လုံးပေါ်မှအနက်ရောင်မျက်လုံးစည်းက ပြေလျော့နေလေပြီ။ ကုဟွိုက်ထိုင်လိုက်ပြီး ပြေလျော့နေသောမျက်လုံးစည်းကိုချွတ်လိုက်ကာ ကိုင်ထားစဉ်မှာပင် အလ်ဗ်၏အသံကိုကြားလိုက်ရသည်။


"ပန်း..."


အလ်ဗ်က အိပ်ရာဘေးတွင်ရပ်နေပြီး ကုဟွိုက်အား ပန်းအိုးလေးတစ်အိုးကမ်းပေးလာသည်။


ယင်းမှာလွန်ခဲ့သည့်နှစ်နှစ်က တူဆာတွင်နေထိုင်ကြသောဇက်တို့ စိုက်ပျိုးအောင်မြင်ခဲ့သည့် တောင်ဇလပ်ပန်းလေး။ ဤနှစ်နှစ်အတွင်း၌ စူးစမ်းလေ့လာသည့်အဖွဲ့က ပန်းလေးရှင်သန်နိုင်ရန် ကြိုးစားခဲ့ကြသည်။ ဤသည်ကား တူဆာ၏မြေဆီလွှာပေါ်တွင် ပထမဆုံး အောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ဖူးသည့် ပန်းဖြစ်ပြီး ဇက်တို့က ကုဟွိုက်အားမြင်တွေ့စေချင်ခဲ့ကြသည်။


ကုဟွိုက် အလ်ဗ်လက်ထဲမှ ပန်းအိုးလေးကိုလှမ်းယူပြီးပန်းအိုးထဲမှအပင်ငယ်လေးကို ငေးကြည့်နေမိသည်။


အလ်ဗ်က ထပ်ပြောလာ၏။


"အားဟွိုက်အတွက်လက်ဆောင်..."


"တူဆာကြယ်ကလည်း အားဟွိုက်အတွက်လက်ဆောင်ပဲ..."


အလ်ဗ်သည် တိုးတိမ်သောလေသံဖြင့်ဆက်ပြောလာလေ၏။


"အားဟွိုက်နိုးလာလို့ အားလုံးပျော်နေကြတယ်.."


ချဉ်စူးမှုများက ကုဟွိုက်လည်ချောင်းအတွင်းမှတိုးထွက်လာခဲ့သော်လည်း သူ့မျက်လုံးထဲတွင် ထပ်တူညီသောတုံ့ပြန်မှုကိုမမြင်ရပေ။


"မင်းကိုအကြာကြီးစောင့်ခိုင်းထားမိလို့တောင်းပန်ပါတယ်.."


"အချိန်တွေအများကြီးရှိပါသေးတယ်..ကိုယ်အားဟွိုက်ကိုစောင့်နေနိုင်ပါတယ်..."


နှစ်နှစ်ကြာပြီးသည့်နောက်တွင် ကုဟွိုက်နိုးထလာခဲ့သည်။ အလ်ဗ်အတွက် မကျေနပ်စရာမည်သည့်အကြောင်းမျှမရှိ။ စောင့်ဆိုင်းနေရခြင်းက အလ်ဗ်ကိုမနာကျင်စေခဲ့ပေ။ သူ့အတွက် အရေးကြီးသောလူသားက နိုးထလာနိုင်သေး၍ ပျော်စရာကောင်းသည်ဟုသာတွေးခဲ့သည်။


ကုဟွိုက် သူ့မျက်လုံးထဲမှတုံ့ပြန်မှုများကို ထိန်းချုပ်ထားနိုင်ရန် ကျရံှုးသွားခဲ့လေပြီ။ သူမျက်လုံးများကိုပွတ်သပ်လိုက်ပြီး မျက်ရည်များကိုသုတ်ဖယ်လိုက်သည်။


"ဆောင်းဦးပေါက်ပြီဆိုတော့ တူဆာပေါ်ကပန်းတွေလည်းပွင့်လောက်ပြီ...ငါမင်းကိုကြည့်လို့ရအောင်ခေါ်သွားပေးမယ်.."


ပြောပြီးသည်နှင့် ကုဟွိုက် အိပ်ရာပေါ်မှထလိုက်သည်။


နှစ်နှစ်ကုန်ဆုံးခဲ့ပြီ။ ဇက်တို့၏ကျေးဇူးတင်စရာလုပ်အားကြောင့် ယခုမူ တူဆာမှာ ပန်းများဖြင့်ပြည့်နေခဲ့လေသည်။ ကုဟွိုက် ပြတင်းပေါက်ကိုဖွင့်ရုံရှိသေးစဉ် အဝေးမှပန်းများ၏ရနံက ပျံ့လွင့်လာခဲ့၏။ ကုဟွိုက်က ပန်းများကိုသွားကြည့်မည်ပြော၍ ဇက်တို့မှာ အလွန်အမင်းစိတ်လှုပ်ရှားနေခဲ့ကြ​လေ၏။


ဘုရင်က သူတို့စိုက်ထားတဲ့ပန်းတွေကို သဘောမှကျပါ့မလား? ဘုရင်က သူတို့ပေးတဲ့မွေးနေ့လက်ဆောင်ကိုကြိုက်ပါ့မလား?


"ငါအရမ်းသဘောကျတယ်..."


သူ၏အပြုံးကြောင့် ကွေးညွတ်နေသောမျက်လုံးများက ကုဟွိုက်၏အသံကို ပိုသေချာစေသည်။ 


"လက်ရှိမှာ တူဆာကြယ်ကအရမ်းကိုလှနေတယ်..ငါအရမ်းသဘောကျတယ်..."


တာမုသစ်ပင်များကို စိုက်ပျိုးထားခဲ့သည်ကြောင့် ထက် ထပ်မံမှောင်မိုက်မနေတော့ပေ။ ယခု တူဆာကြယ်သည် အရောင်အသွေးစုံလင်နေပြီ။ ပန်းများက ဖူးပွင့်နေသည်နှင့်တူပြီး မြေတစ်လက်မချင်းစီတိုင်းတွင် ဇက်တို့၏ သူတို့ဘုရင်အပေါ်ထားရှိသောအချစ်များဖြင့်ပြည့်လျှံနေလေသည်။


ကုဟွိုက်၏သဘောကျသည်ဆိုသောစကားကြောင့် ဇက်တို့မှာ အလွန်အမင်းပျော်ရွှင်သွားကြပြီး ၎င်းတို့၏ဒေါင်လိုက်မျက်ဆန်အိမ်များကတောက်ပလာကြသည်။


ပန်းများနှင့်အပင်များ ပြည့်နေသောလမ်းများကိုမြင်တွေ့နိုင်သည်။ ကုဟွိုက်က တက်ခ်ဇက်၏ပုခုံးပေါ်တွင်ထိုင်နေပြီး ဘေးပတ်လည်မှရှုခင်းများကိုခံစားနေလေသည်။ အခြားစစ်တပ်ခေါင်းဆောင်သုံးယောက်က အနားတွင်ရှိနေစဉ် ကုဟွိုက်သည်သားပေါက်လေးပုံစံသို့ပြောင်း၍ အလ်ဗ်လက်မောင်းထဲတွင်အချီခံထားရ၏။ လမ်းတလျှောက်တွင် ဇက်တို့က ပို၍ပိုကာနွေဦးခရီးစဉ်တွင်လိုက်ပါလာခဲ့ကြသည်။


နူးညံ့သည့်လေညှင်းလေးက သစ်ပင်ထိပ်ဖျားများအပေါ်မှတိုက်ခတ်သွားပြီး အဖြူရောင်ငှက်လေးများက ကောင်းကင်ပြာအပေါ်ဖြတ်သန်းသွားခဲ့သည်၊ မြေပြင်ပေါ်တွင် အရိပ်ကိုချန်ထားရစ်ခဲ့ရန် နောက်ကျသွားခဲ့၏။ စောင့်ဆိုင်းရခြင်းတိုင်းကအဓိပ္ပါယ်ရှိသည်။ ဤဂြိုလ်ပေါ်တွင် ပန်းလေးများဖူးပွင့်၍ ယိမ်းနွဲ့လှုပ်ခါနေသကဲ့သို့ပင်။


_________________ပြီးပါပြီ