အခန်း ၉၇
Viewers 10k

Chapter 97

Chapter 97


အာရွန်၏မိဘများကလည်း ပျော်ပျော်ရွှင်ရွှင်ပင်တုံ့ပြန်လိုက်ကြ၏။ သူတို့နှင့်မျက်နှာချင်းဆိုင်တွင်ထိုင်နေသော ကာ့ပါးလီယာကိုကြည့်လေ၊ ပိုပြီးစိတ်ကျေနပ်လာကြလေပင်။


သူတို့သားဖြစ်သူ၏ ချစ်သူကောင်မလေးမှာ အမြင်လှပြီး သဘောလည်းကောင်းသည်။ သူတို့က စကားစတင်ပြောကြပြီး အာရွန်မှာကြားဝင်ပါ၍ပင်မရပေ။ သူသည် ကာ့ပါးလီယာကတည်တည်ငြိမ်ငြိမ်ထိုင်နေပြီး သူ့မိဘများ၏မေးခွန်းကို အလွယ်တကူဖြေကြားနေသည်ကို

ကြည့်နေသည်။


"မင်းပုံမှန်ဆိုဘာလုပ်တတ်လဲ၊ အာရွန်လို စူးစမ့်လေ့လာတာလား..."


အာရွန်မိဘများက သိချင်စိတ်ပြင်းပြနေကြလေ၏။


ကာ့ပါးလီယာက မျက်မှောင်ကြုတ်သွားသည်။


"အလုပ်ပါ..."


အာရွန်၏အမေဖြစ်သူမှာ ကာ့ပါးလီယာ၏တုံ့ပြန်ပုံကိုကြည့်ပြီး ချက်ချင်းခန့်မှန်းကြည့်လိုက်သည်။


"လျို့ဝှက်ထားရမယ့်ကိစ္စမလို့ ပြောလို့မရရင်လည်း ရပါတယ်ကွယ်.."


"မဟုတ်ဘူး၊ အဲဒီလိုမျိုးမဟုတ်ဘူး..."


ကာ့ပါးလီယာခမျာ သူမအလုပ်ကိုမည်သို့ရှင်းပြရမည်မသိဖြစ်နေလေသည်။


"ကျွန်မအလုပ်က...."


ကာ့ပါးလီယာက အရှင်းလင်းဆုံးပြောပြ၍ရမည့် စကားလမ်းကြောင်းကိုစဉ်းစားနေရပေသည်။


"ဂြိုလ်နဲ့စစ်တပ်ရဲ့စည်းမျဉ်းတွေကိုချပေးရတာမျိုးပါ..."


အာရွန်၏မိဘများ: "???"


သူတို့ ထိတ်လန့်သွားကြလေပြီ။


အာရွန်မှာ ဝင်ပြီးရှင်းပြရတော့၏။


"အဲဒါက..."


အာရွန် သူ့မိဘများကိုရှင်းပြရာတွင် အာရုံစိုက်ထားလိုက်သည်။ ငါးမိနစ်အကြာ ရှင်းပြပြီးသည့်နောက် အာရွန်၏မိဘများမှာ အဆိုပါရှင်းပြချက်ကိုကြားပြီး ရှော့ခ်ရနေကြဆဲပင်။ သူတို့သား၏ ချစ်သူကောင်မလေးက ဇက်မျိုးနွယ်၏ ဇက်စစ်တပ်လေးတပ်၏ခေါင်းဆောင်များအနက် တစ်ယောက်ဖြစ်နေသည်! အာရွန်၏မိဘများခမျာ ရှော့ခ်ရလွန်း၍လဲကျသွားရမတတ်ပင်။


သူတို့အသေအချာမပြောရသေးသော်လည်း အာရွန်က ကာ့ပါးလီယာကိုခေါ်ကာ ထွက်သွားတော့မည်အပြု အာရွန်၏အဖေကရုတ်ချည်းပြောလာလေသည်။


"ဒါဆို သူ့ကိုသမီးလက်ထဲအပ်လိုက်မယ်နော်..."


အာရွန်: "..."


အဖေဘာတွေပြောနေတာလဲရော သိရဲ့လား?


ကာ့ပါးလီယာကလည်းခေါင်းညိတ်ပြသည်။


"ဟုတ်ကဲ့၊ ကျွန်မ သူ့ကို ကောင်းကောင်းစောင့်ရှောက်ပါ့မယ်.."


အာရွန်၏ မျက်ခွံများကတုန်တက်သွားရပြီး အာနည်းသွားသလိုပင်ခံစားလိုက်ရပေ၏။ ပြောင်းပြန်ပြီးရင်း ပြောင်းပြန်ဖြစ်နေဆဲ။ ယင်းကသူပြောရမည့်စကားပင်။ 


"ရှင်မပျော်ဘူးလား.."


ကာ့ပါးလီယာက အာရွန်၏ မျက်နှာထားကိုသတိထားမိသွားခဲ့သည်။


အာရွန်က ခေါင်းကိုနှိပ်နယ်နေ၏။


"အဲဒီလိုတော့မဟုတ်..."


"ကျွန်မကတော့တကယ်ကိုပျော်တယ်..."


ကာ့ပါးလီယာက ပြုံးပြလိုက်သည်။


ကာ့ပါးလီယာက အာရွန်ကိုကြည့်နေမိသည်။ မိဘများနှင့်တွေ့ရခြင်းကအရေးကြီးသည့်အရာဟုသူကြားဖူးသည်။


"အင်း..အဲဒါကကောင်းပါတယ်.."


ကာ့ပါးလီယာက စိတ်လျှော့လိုက်သည်။


ထို့နောက် သူမအလွန်ကိုပျော်ရွှင်နေမိသည်။


အာရွန်က သူ့အကြည့်ကိုအောက်နှိမ့်လိုက်ပြီး စကားမပြောဘဲကာ့ပါးလီယာ၏ညာဘက်လက်ကို တိတ်တိတ်လေးကိုင်လိုက်သည်။ သူ၏မိဘများနှင့်တွေ့လိုက်ပြီးသည့်တိုင် သူ့ခမျာ သူ့ကောင်မလေး၏လက်ကိုမကိုင်ရသေးပေ။


တိုက်ခိုက်သည့်စွမ်းရည်အရ ကာ့ပါးလီယာသည် အာရွန်၏လက်ကိုတစ်စက္ကန့်အတွင်း ချိုးပစ်၍ရသည်။ သို့သော် တခါခန့်လက်ကိုအကိုင်ခံလိုက်ရသည်နှင့် ကာ့ပါးလီယာ၏မျက်နှာက အနည်းငယ်တင်းမာသွားရုံသာရှိခဲ့သည်။ သူမ၏လျစ်လျုရှုထားသောမျက်နှာထားမှလွဲ၍ သူမသည် တဖက်လူကိုသူမလက်အားကိုင်ခွင့်ပေးထားပြီး မငြင်းပယ်ချေ။


အာရွန်မှာ မပြုံးဘဲမနေနိုင်တော့။ ရုတ်ချည်းပင် သူသည် မည်သူကပြောရမည့်စကားပင်ဖြစ်ပါစေ၊ အရေးမကြီးတော့ဟုသာထင်သည်။ သူတို့ ဤအတိုင်းအဆင်ပြေနေကြသည်လေ။


...........


စွန့်ပစ်ဂြိုလ်၏ ဧရိယာအများစုမှာ သဲနှင့်လေနီကြမ်းများသာ တည်ရှိပေသည်။ ဤဂြိုလ်ပေါ်မှနွေဦးရာသီမှာ နူးညံ့သိမ်မွေ့မှုမရှိ၊ နွေရာသီသည်လည်းမပူပြင်းဘဲ ဆောင်းဦးတွင်လည်းတိတ်ဆိတ်ငြိမ်သက်ကာ ဆောင်းရာသီသည်ကား အလွန်အမင်းကြမ်းတမ်းလှပေသည်။


ဤသို့သောဂြိုလ်ပေါ်တွင် လေနှင့်မိုးဒဏ်မှ ကာကွယ်နိုင်မည့်နေရာကိုရှာဖွေရန်မှာ မလွယ်ကူပေ။ ဤဂြိုလ်တွင်နေထိုင်ကြသော သက်ရှိများသည် သဘာဝအရ ကြမ်းတမ်းခက်ထန်သောမျိုးစိတ်များဖြစ်သည်။ မကြမ်းတမ်းနေလျှင်ပင် ပြင်းထန်အားကောင်းသည့်အသက်ရှင်သန်နိုင်စွမ်းများရှိကြ၏။ ဂြိုလ်၏ပတ်ဝန်းကျင်က နေထိုင်ရန်အင်မတန်ဆိုးရွားနေခဲ့ပြီး သက်ရှိအားလုံးကလည်း အသက်ရှင်သန်လိုလျှင် ဂြိုလ်နှင့်လိုက်လျောညီထွေစွာနေထိုင်နိုင်ရန်သာ ရှိပေသည်။


ပေါက်ဖွားလာသည်မှာမကြာသေးဘဲ အနားတွင်စောင့်ရှောက်သူမရှိသော သားပေါက်လေးနှစ်ကောင်အတွက်၊ အပြင်ဘက်မှသက်ရှိများက ပုန်းအောင်းနေသောဂူထဲမှ၎င်းတို့ကို အလွယ်တကူ ရှာမတွေ့နိုင်

သေးသည်မှာ ကံကောင်းမှုတစ်ရပ်ပင်ဖြစ်သည်။ ကံဆိုးသည်မှာ အအေးမြဆုံးဆောင်းရာသီတွင် စွန့်ပစ်ခံရမှုကိုတွေ့ကြုံရခြင်းပင်၊ သားပေါက်လေးနှစ်ကောင်အနက် တစ်ကောင်က သူ၏ဥအခွံထဲမှထွက်လာနိုင်ပြီး အနှီခက်ခဲကြမ်းတမ်းသည့်ဂြိုလ်ပေါ်တွင် ပေါက်ဖွားလာခဲ့ပေသည်။


သားဥနှစ်လုံးမှာ အနက်ရောင်နှင့်အဖြူရောင်။ နှစ်လုံးအတူတကွရှိနေကြသည့်တိုင် ၎င်းတို့သည် တစ်လုံးနှင့်တစ်လုံးပူးကပ်ထားသည့်ပုံပေါ်နေသည်။ ကွဲထွက်လာသည့်ပထမတစ်လုံးမှာ အနက်ရောင်ဥပင်ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်၏ ဂရုစိုက်မှုမှမပါဘဲ ခလွတ်ကနဲအသံဖြင့် ကျိုးပဲ့အက်ကွဲလာခဲ့သည်။ ပထမအသံတချက်ပြီးသည့်နောက်ဆက်လက်ထွက်လာသည့်အသံက ရှင်းလင်းပြတ်သားလာခဲ့သည်။


ယင်းသည်ကား သားပေါက်လေးဥအခွံကိုတိုးထွက်လာသံပင်ဖြစ်သည်။ ၎င်းကိုကြည့်ခြင်းအားဖြင့် သားပေါက်လေးက အင်မတန်ကျန်းမာသန်စွမ်းမည်သာ။ ၎၏သဘာဝအရ ကိုယ်ခန္ဓာတည်ဆောက်ပုံမှာလည်း အတော်အတန်ကောင်းမွန်ပေလိမ့်မည်။ သူ့အားဂရုစိုက်စောင့်ရှောက်မည့်သူမရှိဘဲ ရှင်သန်ရာပတ်ဝန်းကျင်ကဆိုးရွားလျှင်ပင် သူ

သည်ကားစိတ်အနှောင့်အယှက်ဖြစ်လိမ့်မည်မဟုတ်ပါချေ။


သားပေါက်လေး၏ ခွန်အားကြောင့် အနက်ရောင်ဥအခွံက အပြီးသတ်ကွဲထွက်သွားပြီး အတွင်းထဲမှသားပေါက်လေးသည်လည်း တစ်ကိုယ်လုံးအပြင်ဘက်သို့ထွက်လာနိုင်ခဲ့ပြီ။ ၎င်းသည်ကား လုံးဝိုင်းသေးငယ်ပြီး အဖြူရောင်အမွှေးများနှင့် ရွှေရောင်ဖျော့ဖျော့မျက်လုံးအိမ်များရှိသောသားပေါက်လေးပင်။


အလ်ဗ်သည် ဥထဲမှပေါက်လာစဉ်တည်းက သူ၏နာမည်ကိုသိနေခဲ့သည်။ သူပေါက်ဖွားလာသည်နှင့် အလ်ဗ်အတွက် အသက်ရှင်သန်နိုင်ရန် အဆင်မပြေဆုံးကိစ္စမှာ သူ၏ဥအခွံများကိုပြန်စားချင်နေသည့်ကိစ္စပင်။ သူ၏အသက်ရှင်သန်ချင်စိတ်ထက်ပိုမိုပြင်းပြသော အရာတစ်ခုရှိနေသေးသည်၊ သူ၏ဘေးမှသူ သူ့အားအာရုံစိုက်လာစေရန် ကြိုးစားချင်နေသည်။


"ကျိုး..."


သားပေါက်လေးသည်ကား ဥ၏အနီးနားမှအော်လိုက်သည်။


ဤသည်က သူကာကွယ်ပေးရမည့်အရေးအကြီးဆုံးအရာဖြစ်ပေသည်။ သူသည် စောင့်ရှောက်ပေးရမည့်သူအဖြစ် မွေးဖွားလာခဲ့ပြီး အလ်ဗ်သည် အဆိုပါအသိစိတ်ကိုသာ လက်ကိုင်စွဲထားခဲ့သည်။ သူအခြားဥကိုကာကွယ်ပေးချင်လျှင် ခပ်စောစောမွေးဖွားလာခဲ့သင့်သည်။ သူသည် ပေါက်ကာစသားပေါက်လေးတစ်ကောင်ဖြစ်နေသေးသော်လည်း အလ်ဗ်သည် သူ့ဘေးမှဥလေးကိုကာကွယ်ပေးလိုကြောင်းပြသနေဆဲပင်။


ဤအချိန်လေးမှာပင် အလ်ဗ်သည် လောကကြီးအကြောင်းနှင့် သူပေါက်ဖွားလာရသည့်ဂြိုလ်အကြောင်းကို ဘာဆိုဘာမျှမသိသေးပေ။ သူပေါက်ဖွားပြီး ပထမဆုံးသင်ယူသည်က စားသောက်ရန်မဟုတ်ဘဲကာကွယ်ရန်သာဖြစ်ပေသည်။ သားပေါက်လေးတစ်ကောင်အတွက်ကာကွယ်သည့်စွမ်းရည်ရှိရန် ခက်ခဲတတ်သည်။ အလ်ဗ်သည် သူကာကွယ်နေသည့် ဥလေးကို အမွှေးဖွားဖွားငွေမှင်ရောင်အမြှီးဖြင့် ညင်သာစွာဖိထားပြီး ၎င်း၏ဒေါင်လိုက်ဖြစ်နေသောမျက်ဆန်အိမ်များမှာလည်းသတိကြီးသည့်အမူအရာမျိုးဖြစ်နေပေသည်။ ၎င်း၏ကာကွယ်နေသည့်ပုံစံက မကြံ့ခိုင်သော်လည်း သားပေါက်လေးအကောင်းဆုံးလုပ်နိုင်သည့်အရာပင်ဖြစ်သည်။


ဥအခွံသည်ကား ဇက်သားပေါက်လေးများအတွက် အကောင်းဆုံးသောအာဟာရပင်ဖြစ်သည်။ သေးငယ်သောနေရာလေးက ဖျတ်လက်တက်ကြွသည့်စွမ်းအင်များဖြင့်ပြည့်ဝနေပြီး ပို၍ပင်မြင့်မားလာခဲ့သည်။ သို့ဖြစ်၍ ယေဘူယျအားဖြင့် ဇက်သားပေါက်လေးများမှာ ဥအခွံကိုစားပြီးသည့်အချိန်မရောက်ခင် အခြားသောပုံသေအစာတစ်ခုကိုပြောင်းလဲရန်မလိုအပ်။


ထိုအကြောင်းက အလ်ဗ်၏စိတ်ထဲတွင် တထပ်တည်းကျနေလေသည်။ သူ၏အနားတွင်အစာရှိနေသောကြောင့် အစာရှာရန်အတွက် အရေးကြီးသောရတနာအနားမှ ထွက်သွားစရာမလိုပေ။ စားသောက်ခြင်းက အင်မတန်မည်းမှောင်နေသည့်နေရာတွင်လိုအပ်သည်၊ သားပေါက်လေးသည် ဥအခွံကိုစားနေသည့်အချိန်မှာပင် သူ၏အမွှေးဖွားဖွားဖြင့်အမြှီးကို ဥလေးအနားတွင် စိုးရိမ်စိတ်ဖြင့်ဆက်လက်ထားရှိနေခဲ့သည်။


သူလိုအပ်သလောက်စားပြီးသည့်အခါ အလ်ဗ်က အခြားဥလေးကိုစောင့်ရှောက်ရာတွင် အပြည့်အဝစိတ်မြုပ်နှံထားခဲ့သည်။


"ကျိုး..."


သားပေါက်လေးသည် ရွှေရောင်မျက်လုံးများဖြင့် ရတနာလေးကိုငေးကြည့်နေပြီး ကြည်လင်သောအသံလေးကိုပြုလုပ်လိုက်သည်။ ဥလေးကတိတ်ဆိတ်နေပြီး တုံ့ပြန်မလာသော်လည်း အလ်ဗ်၏မျက်လုံးများကဥလေးကိုကြည့်နေစဉ်တွင် တောက်ပနေခဲ့သည်။


ဥအခွံက လဝက်စာခန့်ဖူလုံသည်။ ရက်ပေါင်းများစွာကြာပြီးသည့်နောက် အလ်ဗ်က မည်သည့်နေရာကိုမှမသွားတော့ဘဲ သူ့အနားမှ ဖွေးစွတ်နေသောဥလေးအနားတွင် ဆက်နေနေခဲ့သည်။ ဂူလေးက နေ့ရောညပါ မှောင်မိုက်နေသော်လည်း အလ်ဗ်ထံတွင် အမှောင်ထဲတွင်ပင်မြင်နိုင်

သည့်အံ့မခန်းစွမ်းရည်ရှိသည်။ မှောင်မိုက်သောပတ်ဝန်းကျင်က ဘေးပတ်လည်မှ သူ၏အမြင်အာရုံနှင့်လှုပ်ရှားမှုများအပေါ် မသက်ရောက်ပေ။ 


အနှီမပြောင်းလဲသောမှောင်မိုက်မှုထဲတွင် အလ်ဗ်သည် အမှောင်ထုနှင့်တိတ်ဆိတ်မှုကို ဖြိုခွင်းကာထွက်ပေါ်လာသည့်အက်ကွဲသံကိုကြားလိုက်ရသည်။


ခလွက်...


အဆိုပါအသံက အလွန်တိုးလျသည်။ ဂူကတိတ်ဆိတ်နေ၍မဟုတ်ပါလျှင် လေတိုးသံနှင့်ပတ်ဝန်းကျင်မှအခြားသောအသံများကြောင့်ကြားရမည်မဟုတ်ပါချေ။ သို့သော် ထိုသို့ငြိမ်သက်နေသောပတ်ဝန်းကျင်တွင် ဥကိုစောင့်ရှောက်နေသောအလ်ဗ်သည်အသံကိုမလွတ်စေ

ရပေ။ 


၎င်း၏ဒေါင်လိုက်မျက်လုံးအိမ်များက ဖြည်းဖြည်းချင်းကျုံ့ဝင်သွားပြီးအလ်ဗ်သည် နောက်ဆုံးတွင် ဥအပေါ်တင်ထားသောသူ့အမြှီးကိုဖယ်လိုက်၏။ သူသည် အနောက် အတော်ဝေးဝေးဆုတ်သွားပြီး ဥအခွံပေါ်မှ အက်ကြောင်းရာအသေးစားလေးကို အံ့အားသင့်စွာကြည့်နေလေသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က အလ်ဗ်မွေးဖွားခဲ့စဉ်မှာ အချိန်အမြောက်အများမလိုအပ်ခဲ့ချေ။ သူသည်ဥအခွံကိုအလွယ်တကူ ဖောက်ထွက်နိုင်ခဲ့သော်လည်း သူ့အရှေ့ရှိဥထဲမှသားပေါက်လေးမှာ ထိုသို့မဟုတ်ပုံပင်။


ထိုအသံအပြီး စက္ကန့်အတော်ကြာအောင် လှုပ်ရှားမှုမရှိပေ။ မိနစ်များစွာကုန်ဆုံးသွားပြီးသည့်အခါ မဲမှောင်တိတ်ဆိတ်သောဂူထဲတွင် ဒုတိယမြောက်အသံကိုထပ်ကြားလိုက်ရသည်။


"ကျိုး..ကျိုး__"


ထိုအချိန်တွင်ဥအခွံပေါ်၌ ပိုမိုရှင်းလင်းပြီးသိသာသောအက်ကွဲမှုပေါ်လာခဲ့သည်။


"ကျိုး...ကျိုး.."


အလ်ဗ်သည် သားပေါက်လေးက ဥအခွံထဲမှခက်ခက်ခဲခဲဖြင့်ထွက်လာသည်ကိုမြင်သည့်အခါ စိတ်လိုလက်ရအော်လိုက်ပေ၏၊ ၎င်း၏အနောက်မှ အဖြူရောင်အမွှေးဖွားဖွားက မသိစိတ်ဖြင့်ကြမ်းပြင်ပေါ်သို့ရိုက်ခတ်နေတတ်သည်။ သားပေါက်လေးကပေါက်လာသည်နှင့် အလ်ဗ်၏စိတ်ထက်သန်မှုကိုမြင်တွေ့ပြီး ဥခွံကိုကြိုးစားပမ်းစားဖောက်ထွက်လာလေသည်။ မလွယ်ကူသည့်တိုင် အချိန်တစ်ခုကြာသည့်အခါ အက်ကွဲမှုက ပိုများပြားလာပြီး နောက်ဆုံးတွင်တိကျသောအက်ကွဲမှုပြီးနောက် ဥအခွံက ကွဲသွားခဲ့လေသည်။


"ကျိုး..."


အလ်ဗ်ကဲ့သို့ပင် အနက်ရောင်အမွှေးများဖြင့်သားပေါက်လုံးလေးသည် ခေါင်းပေါ်တွင်ဥခွံအမှုန်များကပ်ငြိလျက် ဥထဲမှထွက်လာခဲ့သည်။ သားပေါက်လုံး​လေးတွင် ဖန်ဘောလုံးလေးနှင့်တူသော ရွှေရောင်မျက်လုံးဝိုင်းလေးများရှိသည်။ သူပေါက်လာသည့်အခိုက်အတန့်မှာပင် အလ်ဗ်က သူ၏စောင့်ရှောက်သူဖြစ်လာခဲ့ပြီး သူသည်လည်းအခြားသားပေါက်လေးအပေါ်သို့မှီခိုလာခဲ့သည်။


အနက်ရောင်သားပေါက်လေးကိုမြင်သည်နှင့် စိုးရိမ်ပူပန်မှုဖြင့်မြေကြီးပေါ်သို့ ရိုက်နေခဲ့​သောအလ်ဗ်၏အမြှီးက ရုတ်ချည်းအပေါ်သို့မြောက်တက်လာခဲ့သည်။ အမြှီး၏တုံ့ပြန်မှုသည် အလ်ဗ်၏စိတ်အ​ခြေအနေကို အမှန်အတိုင်းကိုယ်စားပြုပေ၏။ အမြှီးကို ဖြည်းဖြည်းချင်းမြှောက်လိုက်ခြင်းက သူယခုပျော်ရွှင်နေသည်ဟုဖော်ပြခြင်းပင်ဖြစ်သည်။


ပေါက်လာသည့်အနက်ရောင်သားပေါက်လေးသည်လည်း သူ၏အမည်ကိုသိနေခဲ့သည်။ ထိုသူ၏အမည်မှာကုဟွိုက်ဖြစ်ပြီး တဖက်လူကိုတွေ့သည့်အချိန်က ထိုသူမှ သူ့အားပြောပြခဲ့ခြင်းဖြစ်သည်။


"ကျိုး.."


"ကျိုး...ကျိုး.."


သားပေါက်လေးနှစ်ကောင်သည် အပြန်အလှန် အမည်ချင်းဖလှယ်လိုက်ကြကာ ကုဟွိုက်၏မျက်လုံးများက သူ၏ဥအခွံအပေါ်ကျသွားခဲ့သည်။ အမည်းရောင်သားပေါက်လေးက ဥအခွံကိုစားရန် ကြည့်နေပြီး အလ်ဗ်က သူ့အားစောင့်ရှောက်ပေးနေရင်း ကုဟွိုက်အား ချက်ချင်းစားခွင့်ပေးလိုက်သည်။ ကုဟွိုက်သည် အလ်ဗ်နှင့်မတူဘဲ ဥအခွံအနည်းငယ်ကိုစားပြီးသည့်နှင့် ချက်ချင်းငိုက်မျဉ်းလာခဲ့ပြီး ကုဟွိုက်မှာ ဤပုံစံနှင့်အိပ်မပျော်သွား

နိုင်ပေ။


ဤနေရာက အေးစိမ့်လွန်းသည်။ အမည်းရောင်သားပေါက်လေးမှာ စားသောက်ပြီးသည်နှင့် သူ၏ကိုယ်လေးကိုစုကျုံ့ထားနိုင်ရန် ရုန်းကန်နေရသည်၊ သို့သော် သူထိုသို့လုပ်နေသော်လည်း အအေးဒဏ်ကိုသည်းမခံနိုင်ပေ။


ဤဂြိုလ်သည် ပြင်းထန်သောဆောင်းရာသီအလယ်တွင်ရောက်နေပြီး ယခင်နှစ်များကထက်အအေးပိုသည်။ သူသည်ဤရာသီတွင် ကံမကောင်းစွာဖြင့်ပေါက်ဖွားလာခဲ့ရသောကြောင့် အအေးဒဏ်ကိုသည်းခံနိုင်ရုံသာရှိပေမည်။ ထိုသို့သောအအေးဓာတ်က အလ်ဗ်အပေါ်တွင်သက်ရောက်မှုမရှိသော်လည်းကုဟွိုက်အတွက်မူ ခက်ခဲနေလိမ့်မည်။


အအေးဒဏ်ကိုခံစားနေရရင်း အမည်းရောင်သားပေါက်လေးသည် စိတ်အလိုအတိုင်း သူ့အားစောင့်ရှောက်ပေးနေသောသားပေါက်လေးကို အသံပေး၍အကူအညီတောင်းနေသည်။


ဖန်လုံးလေးများနှင့်တူသော ရွှေရောင်မျက်လုံးဝိုင်းလေးများသည်ကား အလွန်အမင်းစွတ်စိုနေခဲ့ပါ၏။ သူသည်အင်မတန်အေးနေခဲ့သောကြောင့် အသံသည်ပင်ရန်လိုနေဟန်ပေါက်ပြီး ဂူ၏ကြမ်းပြင်ကလည်းအေးစက်ကြမ်းရှသည်။ အနှီအဆင်မပြေသောပတ်ဝန်းကျင်က သားပေါက်လေးကို နေထိုင်ရမသက်မသာဖြစ်နေစေသည်။


အလ်ဗ်က ကုဟွိုက်ကိုအမြန်ပင် တုံ့ပြန်ခဲ့သည်။ သူသည် ၎င်း၏အမွှေးဖွာနေသောကိုယ်ကို ကုဟွိုက်ထံထိလိုက်ပြီး တဖက်၏ကိုယ်ကိုနွေးအောင်လုပ်ပေးနေသည်။ အရွယ်ရောက်ပြီးဇက်တစ်ကောင်၏ အပူချိန်က အေးစက်လင့်ကစား သားပေါက်လေးအရွယ်တွင်မူ အတော်လေးနွေးထွေးပေသည်။ သားပေါက်လေးများ၏အ​မွှေးများသောကိုယ်က အနွေးဓာတ်ကိုထိန်းသိမ်းရာတွင် အရေးပါသည်။


သားပေါက်လေးနှစ်ကောင်ပူးကပ်နေခြင်းသည် သဘာဝအရ ခွဲနေသည်ထက် ပို၍​နွေးထွေးပေသည်။ အလ်ဗ်သည် သူ၏အမွှေးဖွားဖွားဖြင့်အမြှီးကို ကုဟွိုက်အနောက်တွင်ထားကာ ကုဟွိုက်ပိုနွေးလာစေရန် တတ်နိုင်သမျှလုပ်ပေးနေရှာသည်။ တချိန်တည်းမှာပင် သူ၏ပုံစံကတဖက်သူကို ကာကွယ်ပေးနေသည်မှာသိသာ၏။


အမွှေးလုံးလေးက သူ့အားကပ်ထားလိုက်သည်နှင့် ကုဟွိုက်သည်သူ့အနားမှ အအေးဓာတ်များ လွင့်ပျောက်သွားသလိုခံစားလိုက်ရသည်။ သူအတော်လေးနွေးလာသလိုပင်။


ကြမ်းပြင်က အေးစက်ကြမ်းရှနေဆဲဖြစ်သော်လည်း အချိန်အတန်ကြာ တူညီသည့်နေရာတွင်ရှိနေခဲ့ကြပြီး နေရာမှာလည်းမအေးစက်ပါချေ။


အိပ်စက်ရသည့်နေရာမှာလည်း နူးညံ့မှုမရှိ။ အလ်ဗ်သည် ဘာကိုမှမခံစားရပါချေ။ သူသည် ဥလေးကို လွန်ခဲ့သည့်ရက်အနည်းငယ်ကပင်စောင့်ရှောက်လာခဲ့ပြီး ယခုလည်းဤအတိုင်းသာ။ သို့သော်လည်း ကုဟွိုက် လက်မခံမည်ကိုစိုးရိမ်နေခဲ့သည်။


မျက်လုံးများ စိုစွတ်နေဆဲဖြစ်သော်ငြား အနက်ရောင်သားပေါက်လေးသည် အလ်ဗ်ကိုအကူအညီထပ်မတောင်းလာတော့ပေ။ ၎င်းသည် ခက်ခဲသောပတ်ဝန်းကျင်တွင် ပိုမိုကောင်းမွန်စွာနေရရန် မတောင်းဆိုသင့်သည်ကိုသိထားပြီး လက်ခံနိုင်ရန်ကြိုးစားနေပေသည်။ ယင်းကအအေးမခံရရန် ကောင်းမွန်သည်ပင်။


"ကျိုး..ကျိုး..."


ရွှေရောင်မျက်လုံးများဖြင့် အနက်ရောင်သားပေါက်လေးမှာ မှီခိုချင်နေဟန်ဖြင့် အလ်ဗ်ကိုတကျီကျီအော်နေလေသည်။


အလ်ဗ်သည်လည်း ပြန်လည်တုံ့ပြန်လိုက်၏။


"ကျိုး.."


ကုဟွိုက်မှာ သူနေထိုင်ရသည့်ပတ်ဝန်းကျင်ကို မနှစ်မြို့ကြောင်း မဖော်ပြသော်လည်း အလ်ဗ်က ကုဟွိုက်၏အဆင်မပြေမှုကို သိနေခဲ့သည်။ သူက လျှာထုတ်ကာ အမည်းရောင်သားပေါက်လေး၏အမွှေးလေးများကိုလျက်လိုက်၏။


"ကျိုး..!"


အနက်ရောင်သားပေါက်လေး၏အမွှေးများက သေသပ်သွားခဲ့ပြီး ၎င်း၏မျက်လုံးဝိုင်းလေးများကလည်းပြူးကျယ်သွားလေသည်။