အခန်း ၉၈
Viewers 10k

Chapter 98

Chapter 98


ဇက်မျိုးနွယ်တွင် ဤကဲ့သို့ နောက်ထပ်သားပေါက်လေး၏အမွှေးများအားဖြီးသင်ပေးခြင်းမှာ ထူးခြားသောလက္ခဏာတရပ်ပင်။ သူ့ခေါင်းထက်မှ ပွယောင်းယောင်းအမွှေးများက အလျက်ခံလိုက်ရသည်။ အလ်ဗ်သည် လျက်နေစဉ် ကုဟွိုက်ခေါင်းပေါ်မှဦးချိုလေးတစုံကိုပါ လျက်ပေးလိုက်လေရာ ကုဟွိုက်မှာ အတော်အတန် ယားကျိကျိဖြစ်သွားရလေ၏။


သူမှီခိုအားထားရသော သားပေါက်လေးက သူ့အမွှေးများကိုလျက်ပေးနေသည်။ အတော်လေးယားယံနေမှုမှအပ ကုဟွိုက်က ပို၍နေထိုင်ရသက်သာလာခဲ့သည်။ ကုဟွိုက်က အိပ်ငိုက်နေခဲ့ပြီး အလ်ဗ်ကသူ့အမွှေးများဖြင့်ဖီးသင်ပေးသည်ကိုခံရင်း တဖြည်းဖြည်းအိပ်ပျော်သွားခဲ့သည်။ ကုဟွိုက်အိပ်ပျော်သွားသည့်အခါ အလ်ဗ်သည်လည်း ဖြီးသင်ပေးနေမှုကို ရပ်တန့်လိုက်သည်။


တွယ်ကပ်နေပြီးမှီခိုအားထားနေခြင်း...အလ်ဗ်မှာ အချိန်တိုအတွင်း ထိုနှစ်ခုကို ခံစားလိုက်ရပြီး ကုဟွိုက်က ကာကွယ်ခံရသင့်သည်ဟု ပို၍သတိပြုမိလာသည်။ သူသာ ကုဟွိုက်ကိုမစောင့်ရှောက်ပါက ဤကဲ့သို့အေးစိမ့်သည့်ရာသီမျိုးတွင် ကုဟွိုက်အသက်ရှင်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။


သူ့ကိုယ်သူ စောင့်ရှောက်သူတစ်ယောက်အဖြစ်ခံယူလိုက်ပြီးနောက် အလ်ဗ်က ကုဟွိုက်ကိုရွှေရောင်ဖျော့ဖျော့မျက်လုံးများဖြင့်ကြည့်​နေဆဲ။ သူ၏စိတ်ထဲမှ တိုက်ခိုက်လိုသည့်ဆန္ဒများနှင့်တဖက်ကမ်းခတ် စွမ်းရည်များက ဂူပြင်ပသည် မည်မျှအန္တရာယ်များကြောင်း အလ်ဗ်အား အမြန်ပင်သတိချပ်လာမိ​စေသည်။


အဆုံးတွင် အလ်ဗ်သည် ပို၍မြန်မြန်ပင်ဖွံ့ဖြိုးချင်လာပြီး တိုက်ခိုက်စွမ်းရည်များရှိချင်လာသည်။


သူဂူထဲမှထွက်လိုက်သည်နှင့် မည်သည့်လောကကြီးမျိုးကိုကြုံတွေ့ရမည်မသိ။ သူပို၍အေးစက်လာနိုင်သော်လည်း အနည်းဆုံးတော့ သားပေါက်လေးနှစ်ကောင်ကအပြန်အလှန်အ​နွေးဓာတ်ပေးနေလေသည်။


ဤအကျည်းတန်သည့်စွန့်ပစ််ဂြိုလ်တွင် သူတို့သည် တစ်ဦးကိုတစ်ဦးအတွက် တည်ရှိနေခဲ့ကြပေ၏။


ကုဟွိုက်အိပ်ရာမှနိုးလာစဉ် ပထမဆုံးတွေ့ရသည့်အရာက အမွေးပွပွခန္ဓာကိုယ်နှင့် နောက်ထပ်သားပေါက်လေးတစ်ကောင်ကိုပင်ဖြစ်သည်။ 


“ကျိုး..” အနက်ရောင်သားပေါက်လေးက နိုးလာသည့်နှင့် ငိုကြွေးတော့၏။


အိပ်ပျော်သွားရာကနေ နိုးလာသည်အထိ သူတို့သည် ခွဲခွာခြင်းမရှိပဲ ကြားလေမတိုးရအောင်ပင် ပူးကပ်နေခဲ့ကြသည်။ တွေ့ပြီးနောက်တွင် အနက်ရောင်သားပေါက်လေးက သူ့အနောက်က အမြီးအသေးလေးကိုလှုပ်လိုက်ပြီး အလင်းရောင်များမြင့်တက်လာပုံရသည့် ရွှေရောင်မျက်ဝန်းလေးများကို ဖွင့်ဟလိုက်သည်။ ယင်းက ငြိမ်းချမ်းသောစိတ်ကြောင့်ပင်။ သားပေါက်လေးက အလ်ဗ်ကို မှီခိုနိုင်သည်ဟု စိတ်ပိုင်းဖြတ်ထားသည်။ အလ်ဗ်ကလည်း ငြင်းဆန်ခြင်းမရှိပဲ အပြည့်အဝ ကာကွယ်ပေးထားလေ၏။ ကုဟွိုက်က ၎င်းကို သတိမူမိသည်။


အလ်ဗ်က မလှုပ်ပေ။ သူက သူ့ဘေးက သားပေါက်လေးဘေးတွင် နီးကပ်စွာနေနေပြီး ပူးကပ်နေသည့်ပုံစံဖြင့် ပြန်တုံ့ပြန်လိုက်သည်။ “ကျိုး....ကျိုး..”


ယခုအခေါက်တွင် ၎င်းတို့၏ တည်နေရာက ညအချိန်ကနေ နေ့အချိန်သို့ပြောင်းလဲသွားသည်။ နေ့ဘက်အပူချိန်က ညဘက်ထက် အနည်းငယ်ပိုကောင်း၏။ ထိုအချိန်တွင် သားပေါက်လေးနှစ်ကောင်က ပူးကပ်နေကြဆဲဖြစ်သည်။ အအေးဒဏ်ကိုကြောက်သည့်သားပေါက်လေးက အနည်းငယ်သောနွေးထွေးမှုလေးကို ခံစားလိုက်ရသည်။


ထိုနွေးထွေးမှုက သဘာဝအားဖြင့် အလွန်သက်သောင့်သက်သာရှိသည်။ ရလဒ်အနေဖြင့် ကုဟွိုက်က အလ်ဗ်ဆီကနေ မခွဲခွာနိုင်ချေ။ အဝေးတွင်ရှိနေခဲ့သည့်အတွက် သူ့ဘေးတွင် လဲလျောင်းနေသော သားပေါက်လေးကို တွယ်ကပ်နေခဲ့သည်။ အလ်ဗ်က လုံးဝ မငြင်းဆန်ပေ။ သူက အနက်ရောင်သားပေါက်လေး၏ အပြုအမူများကို မွေ့လျော်နေခဲ့ပြီး သူ့အနောက်က အမွေးပွပွအမြီးလေးကလည်း အနက်ရောင်သားပေါက်လေးအား အမြဲကာကွယ်ပေးနေသည်။ ကုဟွိုက်ဘက်က အရင်စပြီးမခွာလျှင် အလ်ဗ်က ကုဟွိုက်ကိုဆက်ပြီး နွေးထွေးမှုများပေးနေဦးမည်ဖြစ်သည်။


သို့သော်လည်း ကုဟွိုက်က ပတ်ဝန်းကျင်အနေအထားကို ပိုသိချင်နေမိသည်။ နေ့ဘက်အပူချိန်က မြင့်တက်လာသည်နှင့် အလ်ဗ်ကို မဖက်တွယ်ထားခဲ့လျှင်ပင် အေးစက်မှုကို ခံစားရမည်မဟုတ်ပေ။ နောက်ဆုံးတွင်တော့ ကုဟွိုက်က သူ့အတွက် အမည်မသိကမ္ဘာလိုဖြစ်နေသည့်နေရာကို စူးစမ်းရန် လျှောက်ပတ်လိုက်တော့သည်။


အသစ်မွေးဖွားလာသည့် သားပေါက်လေးအနေဖြင့် ကမ္ဘာပေါ်က အရာများအားလုံးဟာ စိမ်းသက်နေပြီး ကုဟွိုက်က အားလုံးကို သိချင်နေသည်။ အနက်ရောင်သားပေါက်လေးက အလ်ဗ်ကို ဆက်ပြီးဖက်တွယ်မနေတော့ချေ။ သူက ထရပ်ပြီး ကမ္ဘာကြီးအကြောင်းကိုသိချင်စိတ်များဖြင့် ပြည့်နှက်နေသည့် ဖန်ဘောလုံးကဲ့သို့ ကြည်လင်သောဝိုင်းစက်စက်မျက်ဝန်းလေးများဖြင့် ပတ်ကြည့်လိုက်သည်။ ထို့နောက် သူက သူ့ရဲ့ အရှေ့လက်သည်းလေးများကိုမြှောက်လိုက်ကာ သူသွားချင်နေသည့်နေရာကို စတင်သွားတော့သည်။


ဥခွံထဲမှထွက်လာသည်နှင့် ကုဟွိုက်က ထိုကဲ့သို့ မလျှောက်ဖူးသေးပေ။ သူမွေးဖွားလာစဉ်ကတည်းက ဥခွံကိုသာ အလိုလိုသိစိတ်ကိုလိုက်နာမှုအားဖြင့် စားသုံးခဲ့ပြီး အလွန်အိပ်ချင်သည်အထိ ငိုက်မြည်းနေခဲ့သည်။ ယခုတော့ သူနိုးလာပြီဖြစ်သည်။ လမ်းလျှောက်ခြင်းက သဘာဝစွမ်းရည်ဆိုသော်လည်း စူးစမ်းရှာဖွေလိုသော အနက်ရောင်သားပေါက်လေးသည် အဆင်သင့်ဖြစ်နေပြီး စတင်လမ်းလျှောက်နေပုံက မကျွမ်းကျင်သေးမှန်း သိသာလွန်းနေ၏။ 


ခြေလှမ်း အနည်းငယ်သာလျှောက်ရသေးသောအချိန်တွင် လုံးဝန်းသည့် အမွေးပွခန္ဓာကိုယ်က ဘေးဘက်သို့ လွန့်လူးသွားသည်။ အလ်ဗ်က အချိန်မီရောက်လာပြီး သူ့ခန္ဓာကိုယ်ဖြင့် ခုခံပေးလိုက်သောကြောင့် ကုဟွိုက်က အေးစက်မာကျောသည့်မြေပြင်ပေါ်သို့ လဲကျမသွားခဲ့ပေ။


“ကျိုး..” အလ်ဗ်ခန္ဓာကိုယ်ပေါ်မှီထားသည့် အနက်ရောင်သားပေါက်လေးက မည်သည့်အရာကိုမှမကြောက်ပေ။ သူ့ရွှေရောင်မျက်ဝန်းများက ပို၍တောက်ပနေပုံပေါ်သည်။ သားပေါက်ဆိုသော်လည်း အလ်ဗ်က ကုဟွိုက်ထက် ရုပ်ပိုင်းဆိုင်ရာတွင် ပိုကြည့်ကောင်းသည်။ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်၏ ရှုထောင့်မှကြည့်မည်ဆိုလျှင် အနည်းငယ်ဆိုသည်ထက်ပို၍ ကြည့်ကောင်းနေသည်။


တစ်ယောက်တည်းလမ်းလျှောက်ရာတွင် အလ်ဗ်က သူမွေးဖွားပြီးနောက်ပိုင်းတွင်တောင်မှ ပေါ့ပါးဖျတ်လတ်စွာလျှောက်နိုင်ပြီး တိုက်ခိုက်နိုင်သောစွမ်းရည်လည်းရှိ၏။ သူ့လက်သည်းများက အတော်လေးထက်မြက်သော်လည်း ကုဟွိုက်ကတော့ မတူပေ။ ကုဟွိုက်က ဥခွံထဲမှလွယ်ကူစွာထွက်လာခဲ့ခြင်းမဟုတ်ဘဲ သာမန်သားပေါက်သကဲ့သို့ အားနည်းသည်။ သူက အလ်ဗ်၏ ကာကွယ်စောင့်ရှောက်မှုကို လိုအပ်သည်။


ကုဟွိုက်က ပတ်ဝန်းကျင်ကို စူးစမ်းကြည့်နေပြီး အလ်ဗ်က ဟန်ချက်ညီအောင် သူ့အမြီးနှင့်ထိန်းညှိလျက် ကုဟွိုက် ယိုင်နဲ့မသွားစေရန် အဖော်ပြုပေးနေသည်။ ဟန်ချက်ကို မထိန်းနိုင်ခဲ့လျှင် စူးစမ်းဖို့သာသိသည့် အနက်ရောင်သားပေါက်လေး လဲကျသွားနိုင်သည်။


ဂူက အလွန်ကြီးမားသဖြင့် သားပေါက်လေးအတွက်ရှာဖွေရန် အချိန်အနည်းငယ်ယူရသည်။ နေ့ဘက်ဆိုသော်လည်း ဂူထဲတွင် အရောင်မှိန်နေဆဲဖြစ်သော်လည်း ဂူဝင်ပေါက်ကနေ အလင်းရောင်များ စတင်ဝင်ရောက်လာနေလေသည်။ အနက်ရောင်သားပေါက်လေးက ဂူဝင်ပေါက်နားကိုချဉ်းကပ်သွားပြီး သိချင်စိတ်ဖြင့် အပြင်သို့ထွက်ချင်နေသော်လည်း အလ်ဗ်၏ တားမြစ်ခြင်းကြောင့် ရပ်တန့်လိုက်ရသည်။


“ကျိုး..” အလ်ဗ်က ကုဟွိုက်ကို အပြင်ပေးမထွက်ချေ။


သူ့သိချင်စိတ်က ပြင်းပြသော်လည်း ကုဟွိုက်က လိုက်နာစွာဖြင့် ဝင်ပေါက်ကနေ အထဲသို့ ပြန်ဝင်လာခဲ့သည်။


ကုဟွိုက်က အလ်ဗ်ကိုကြည့်နေသည်။ “ကျိုး...ကျိုး..”


အလ်ဗ်က အရင်ဆုံး သူ၏ရွှေရောင်ဒေါင်လိုက်မျက်ဆံများနှင့် ဝင်ပေါက်ကိုကြည့်လိုက်သည်။ ထို့နောက် သူက သူ့ဘေးက သားပေါက်လေး၏ခေါင်းပေါ်တွင်ရှိသော ဦးချိုကို လျှာဖြင့်လျက်လိုက်သည်။ 


သူက ကုဟွိုက်ကို ချော့မြူရန်အတွက် ထိုသို့လုပ်ခြင်းဖြစ်သည်။ ကုဟွိုက်က အပြင်ဘက်လောကက ဘယ်လိုမှန်းမသိသော်လည်း အလ်ဗ်ကတော့ အန္တရာယ်များကို အထူးတလည် သတိမူမိလျက်ရှိသည်။ အစားအသောက်အတွက်ဆိုလျှင် အပြင်လောကမှ အန္တရာယ်များကိုရင်ဆိုင်ရမည်ဖြစ်ကြောင်း အလ်ဗ်က သိသော်လည်း ကုဟွိုက်ကိုတော့ မကြုံတွေ့စေချင်ပေ။


ဥခွံစားပြီးသွားသည်အထိ သားပေါက်လေးနှစ်ကောင်က ဂူထဲတွင်နေရမည်ဖြစ်သည်။ ဥခွံက လဝက်လောက်ထိ ကြာမြင့်နိုင်သည်။ ဥခွံက အကောင်းဆုံး အစာအာဟာရဖြစ်ကြောင်း သိနားလည်သည်နှင့် အလ်ဗ်က ကျန်နေသည့် သူ့ရဲ့နောက်ဆုံးဥခွံအပိုင်းအစလေးကို ကုဟွိုက်ရှေ့သို့ပေးလိုက်သည်။


“ကျိုး..” အနက်ရောင်သားပေါက်လေးက စောဒကတက်မှုများဖြင့် အသံပြုလိုက်သည်။


အလ်‌ဗ်က သူ့ထက်အရင် ရက်ပေါင်းအနည်းငယ်ကြို၍ မွေးဖွားလာခြင်းဖြစ်သည်။ အလ်ဗ်က နောက်ဆုံးဥခွံအပိုင်းအစလေးကို ပေးလိုက်မည်ဆိုလျှင် အလ်ဗ်တွင် စားစရာကျန်တော့မည်မဟုတ်ချေ။ ကုဟွိုက်က ဥခွံကို အလ်ဗ်ဆီသို့ ပြန်တွန်းပေးလိုက်သော်လည်း အလ်ဗ်က တားလိုက်သည်။ အလ်ဗ်က ကုဟွိုက်ကို ပြန်မလာခင် အပြင်ထွက်၍ အစာရှာမည်ဖြစ်ကြောင်းပြောခဲ့သည်။ ကုဟွိုက်ကတော့ ဂူထဲတွင်သာနေသင့်သည်။


ကုဟွိုက်က အလ်ဗ်နှင့် မခွဲချင်၍ အော်ခေါ်လိုက်သည်။ “ကျိုး....ကျိုး..ကျိုး…”


အနက်ရောင်သားပေါက်လေးက သူ၏လုံးဝန်းသော ခန္ဓာကိုယ်ကို အလ်ဗ်ဆီသို့ တွယ်ဖက်ထားလျက်ရှိသည်။ သူမွေးလာကတည်းက အလ်ဗ်၏ စောင့်ကြပ်ခြင်းကိုခံခဲ့ရသည့်အတွက် ကုဟွိုက်တွင် သဘာဝအလျောက် အလ်ဗ်ကို မှီခိုချင်စိတ်ရှိသည်။ အလ်ဗ်ကို မသွားစေချင်သည့်ဆန္ဒကလည်း မှီခိုခြင်း၏ လက္ခဏာတစ်ရပ်ပင်ဖြစ်၏။


ကုဟွိုက်က ဂူထွက်ပေါက်အထိ အလ်ဗ်နှင့် လိုက်လာခဲ့သည်။ အလ်ဗ်က သူ့အမွေးများကိုလျက်ပေးကာ ချော့နေရပြီး နောက်ဆုံးတော့ ကုဟွိုက်လည်း လိုက်နာစွာဖြင့် ဂူထဲတွင် ကျန်နေခဲ့သည်။


“ကျိုး...ကျိုး..”


‘ခဏနေ ပြန်လာခဲ့နော်’ သားပေါက်လေး၏ မျက်လုံးဝိုင်းဝိုင်းလေးထဲတွင် ထိုအဓိပ္ပာယ်ကိုဖော်ပြနေကြောင်း ယုံမှားစရာပင်မရှိပေ။ အလ်ဗ်ကထွက်သွားပြီး မမြင်ရတော့သည်အထိ အနက်ရောင်သားပေါက်လေးက ဆက်ကြည့်မနေတော့ပဲ အလ်ဗ်ပြန်လာမည်ကို စောင့်နေသည်။ ဇက်မျိုးနွယ်စုတွင် မည်သူကမျှ ၎င်းတို့၏ ကိုယ်ပိုင်ဥခွံကို တခြားသူကိုစားသုံးရန် ပေးမည်မဟုတ်ချေ။ ထိုအကြောင်းကို ကုဟွိုက်နားမလည်သော်လည်း အလ်ဗ်က သူ့အပေါ် အလွန်ကောင်းမွန်ကြောင်းကိုတော့ သိပါသည်။


ကုဟွိုက်ကိုထားခဲ့ပြီးသည်နှင့် အလ်ဗ်က ဂူထဲမှပေါ်ထွက်လာခဲ့ပြီး အပြင်မှ စားကျက်မြေများကို မသိနားမလည် လျစ်လျူရှုသကဲ့သို့ မလုပ်ပေ။ သူက အယ်လ်ဖာအဆင့်ဇက်ဖြစ်ပြီး သန်မာစွာမွေးဖွားလာခြင်းဖြစ်သည်။ သူ့ဥခွံထဲမှထွက်လာသည့်အချိန်က တစ်လပင်မပြည့်သေးကာ သူ့အနောက်က အမွေးပွပွအမြီးက တိုက်ခိုက်နိုင်စွမ်းမရှိသေးသော်လည်း သူ့မွေးဖွားပုံက ရှင်သန်ရမည့်နည်းလမ်းကို သိလျက် မွေးဖွားလာခြင်းဖြစ်သည်။ 


ယခုဆိုလျှင် သူ၏တိုက်ခိုက်နိုင်စွမ်းက လက်သည်းခြေသည်းများကနေ လာခြင်းဖြစ်ပြီး သူ့ခန္ဓာကိုယ်ကိုအသုံးပြု၍ မည်သို့တိုက်ခိုက်ရမည်ကိုသိသည့်ပုံစံက အလ်ဗ်၏ မွေးဖွားလာသည့်ပုံစံပင်ဖြစ်ပေသည်။ ဤဂြိုဟ်ပေါ်တွင်ရှိသော ဒေသခံသတ္တဝါများသည် ကြမ်းကြုတ်ရက်စက်သော်လည်း အလ်ဗ်ကတော့ မည်သည့်ဒဏ်ရာမျှမရရှိစေပဲ ဖြေရှင်းကိုင်တွယ်နိုင်သည့်တစ်ယောက်သောသူဖြစ်သည်။


အလ်ဗ်က သွေးထွက်သံယိုဖြစ်နေသောအသားများကို ဂူထဲသို့ သယ်သွားမည်မဟုတ်ချေ။ နောကျေနေသောရန်သူများက ဂူ၏တည်နေရာကိုသိသွားနိုင်သည်။ အမှန်တွင်တော့ ကုဟွိုက်က ဥခွံကိုစားသုံးနေခြင်းဖြစ်ပြီး တခြားအစားအစာများမလိုအပ်သော်လည်း ယခုအခါတွင်တော့ အလ်ဗ်က ကုဟွိုက်အတွက် သူရှာဖွေလာခဲ့သောအသီးအနှံကို သယ်ဆောင်လာခဲ့လေသည်။ 


စာရေးသူမှာပြောစရာရှိပါတယ်။


ကျိုးဟွိုက်(မျက်ရည်များ): ကျိုး ကျိုး…