အ န်း၉၉
Viewers 10k

Chapter 99

Chapter 99


အလ်ဗ်က ဂူကိုပြန်လာသည်နှင့် သူ့ကိုစောင့်နေသည့် အနက်ရောင်သားပေါက်လေးက ကျည်ကျည်ကျာကျာအသံပြုကာ ချဉ်းကပ်လာပြီး မျက်ဆံအိမ်များက ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေလေသည်။ အလ်ဗ်က သူသယ်ဆောင်လာခဲ့သော အသီးကြီးကြီးအား ကုဟွိုက်ရှေ့သို့ ပို့လိုက်လေသည်။ အသီး၏ အပြင်ပုံစံက အနက်ရောင်ဖြစ်ပြီး ကြည့်မကောင်းသော်လည်း ပြန်မပေးခင်တွင် အလ်ဗ်က တူညီသော နောက်ထပ်အသီးကိုယူ၍ စားကြည့်နေသည်။ သူက ကုဟွိုက်ကို ကြိုက်နှစ်သက်လိမ့်မည်ဟု ထင်ထားခဲ့သည်။


“ကျိုး..” အနက်ရောင်သားပေါက်လေးက မျက်တောင်ခတ်ပြီး အသီးကို လှမ်းကြည့်လိုက်သည်။ စားစရာဖြစ်ကြောင်းကို သဘာဝအလျောက် သူသိ၏။


ထိုအသီးကို ဘယ်လိုပုံစံနှင့် စားရမည်နည်း။ သားပေါက်လေးက စားစရာကို ထိုအတိုင်းကိုက်လိုက်သည့်အတွက် ကုဟွိုက်ကလည်း ထိုသို့လိုက်လုပ်လေသည်။ သို့သော်လည်း ကုဟွိုက်က မကိုက်တတ်ချေ။ အသီး၏ အနက်ရောင်အခွံက ကုဟွိုက်ကိုက်စားရန် အလွန်မာကျောနေ၏။ ကုဟွိုက်က ကိုက်လိုက်သော်လည်း အခွံပေါ်တွင် မည်သည့်ကိုက်ရာမျှမရှိချေ။ ထို့အပြင် သူ့သွားလေးများက အလွန်နာကျင်သွားရသည်။ သူက စားချင်နေသော်လည်း မကိုက်နိုင်ပေ။ အနက်ရောင်သားပေါက်လေးက ကျရှုံးသွားရပြီး သူ့တုံ့ပြန်ပုံက တဲ့တိုးဖြစ်သည်။ လုံးဝန်းသောမျက်လုံးလေးများက အရည်ကြည်များစိမ့်ထွက်လာပြီး မျက်ရည်ပေါက်ကြီးငယ်နှင့် အလ်ဗ်ကို သွားရှာတော့သည်။


“ကျိုး..ကျိုး” မျက်ရည်များတင်မဟုတ်ပဲ ခေါ်လိုက်သည့်အသံကလည်း သာမန်ထက် အလွန်ကွဲပြားနေသည်။ အကူအညီတောင်းသည့်အသံမျိုးဖြစ်သည်။ ကုဟွိုက်က အစပိုင်းတုန်းက အေးစက်မှုဒဏ်ကိုခံစားနေရသည့်အချိန်တွင်သာ ထိုအသံကိုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အလ်ဗ်ကိုသာ ခေါ်ခဲ့ခြင်းဖြစ်သည်။


အလ်ဗ်က ဂူအပြင်ဘက်တွင်တော့ ရက်စက်ကြမ်းကြုတ်သည့်သတ္တဝါအလျောက် အကြင်နာမဲ့သည်။ သူက သားပေါက်အဆင့်ဖြစ်သော်လည်း ဇက်များ၏ သဘာဝအလျောက် တိုက်ခိုက်ချိန်တွင် သက်ညှာခြင်းမရှိချေ။ ယခုတော့ ကုဟွိုက်၏ မျက်ရည်များဖြင့်ပြည့်နေသောမျက်ဝန်းလေးများက အလ်ဗ်ကို ဆန္ဒများဖြည့်ဆည်းပေးချင်စိတ်ဖြစ်ပေါ်မိသည်။


အလ်ဗ်က အသီးခွံကို ကိုက်စားနိုင်ခြင်းမရှိကြောင်းကို အလ်ဗ်က မတွေးမိခဲ့ချေ။ သူ့လက်သည်းများကို ဆန့်ထုတ်ပြီး အရှေ့လက်သည်းများကိုမြှောက်၍ အသီးကို ကုတ်ခြစ်နေသည်။


အလ်ဗ်က သူ့လက်သည်းများကိုသာ ပေါ့ပေါ့ပါးပါးလှုပ်ရှားနေပုံရပြီး ကုဟွိုက်မကိုက်နိုင်သည့်အသီးက လွယ်ကူစွာအခွံနွှာပြီးသားဖြစ်သွားလေသည်။ အသီး၏ ဦးချိုထိပ်က အလ်ဗ်ကြောင့် ပွင့်သွားခဲ့ပြီး ကျန်သည့်အစိတ်အပိုင်းများကို ကုဟွိုက်ရှေ့တွင်ပေးလိုက်သည်။ ၎င်းက အရသာရှိသည့် အသီးပင်ဖြစ်ပေ၏။


အသီးက ချိုမြသော သစ်သီးရည်များဖြင့် ပြည့်နှက်နေလေသည်။ အနက်ရောင်သားပေါက်လေးက နွှာထားသောအသီးနားကိုလာ၍ နည်းနည်းချင်းစီ စုပ်သောက်သည်။ ကုဟွိုက်က အသီးကို အလွန်ကြိုက်နှစ်သက်ပြီး သူနှစ်သက်သည့်အရာကလည်း အလ်ဗ်သယ်ဆောင်လာခြင်းဖြစ်သည်။ ထို့ကြောင့် စားပြီးသည့်နောက်တွင် ကုဟွိုက်က အလ်ဗ်ကိုမီလိုက်၍ သူ၏အမွေးပွပွခန္ဓာကိုယ်ကို တိုးဝှေ့ပူးကပ်လိုက်လေသည်။


“ကျိုး..” ကုဟွိုက်က အလ်ဗ်ဆီကနေ သင်ယူခဲ့သည့်အတိုင်း သားပေါက်လေး၏ အနည်းငယ်မြင့်တက်နေသော အမွေးနုလေးများကို လျှာဖြင့်လျက်လိုက်သည်။


အလ်ဗ်က ကုဟွိုက်နှင့် နီးနီးကပ်ကပ်နေရခြင်းကိုကြိုက်သည်။ ကုဟွိုက်က စားပြီးသည်နှင့် လွယ်လွယ်အိပ်တတ်ကြောင်းကိုသိသည့်အတွက်ကြောင့် အလ်ဗ်က မလှုပ်ရှားပဲ အနက်ရောင်သားပေါက်လေးကို အိပ်ပျော်သွားသည်အထိ ငြိမ်ငြိမ်နေပေးလိုက်သည်။


အလ်ဗ်သည် အမဲလိုက်သွားနေချိန် ကုဟွိုက်အတွက် ဤဂြိုဟ်ပေါ်တွင်နေသော ကြီးမားနူးညံ့သည့် ငှက်မွေးများကို သယ်ဆောင်လာပေးလေသည်။ ကြီးမားသည့် ငှက်မွေးများက နူးညံ့ပြီး သက်သောင့်သက်သာရှိသည့် ငှက်သိုက်ထဲတွင် အပုံလိုက်ရှိနေ၍ ကုဟွိုက်ကို နေ့စဉ် သက်သောင့်သက်သာအိပ်စက်စေနိုင်သည်။


ဥခွံများအားလုံးကိုစားပြီးသော်လည်း အလ်ဗ်က ကုဟွိုက်ကို အပြင်ထွက်ခွင့်မပြုသေးချေ။ ယခုတော့ ကုဟွိုက်အတွက် အသားကိုယူလာခဲ့မည်ဖြစ်ပြီး ကျက်ပြီးသား အသားဖြစ်ပေသည်။


ဂူ၏မြောက်ဘက်တွင် ထူးကဲသည့် ပတ်ဝန်းကျင်ဒေသရှိသည်။ ကျောက်တုံးများက ထူးဆန်းသည့်ဖွဲ့စည်းပုံရှိပြီး မြေပြင်က အလွန်ပူသည်။ အလ်ဗ်က သွေးသံရဲရဲအသားများကို ထိုအပေါ်တွင်တင်ပြီး အနီရောင်အသားများကို ပျောက်ကွယ်သည်အထိစောင့်ပြီး ဂူထဲသို့ သယ်ဆောင်လာခဲ့သည်။


ဂူထဲရှိ အနက်ရောင်သားပေါက်လေးက အလ်ဗ်၏ဦးဆောင်မှုကို နေ့တိုင်းခံရသည်။ ဤနေရာက ကြမ်းတမ်းသည့်မြေအနေအထားများဖြင့် စွန့်ပစ်ခံဂြိုဟ်ဖြစ်သော်လည်း ကုဟွိုက်အတွက် အလွန်ကောင်းသည်ဟု ခေါ်လို့ရသည်။


ကုဟွိုက်က ဂူအပြင်ဘက်မှ အန္တရာယ်များကို ဝိုးတဝါး သတိမူမိနိုင်သည်။ အလ်ဗ်က ကုဟွိုက်ကို အပြင်သို့ပေးမထွက်ရသည့်အကြောင်းအရင်းကိုပြောခဲ့သော်လည်း ကုဟွိုက်က စိတ်အားထက်သန်စွာနဲ့ လိုက်နာခဲ့သည်။ သူ့တွင် တိုက်ခိုက်နိုင်စွမ်းရည်မရှိကြောင်းကို သူ့ကိုယ်သူသိသည်။ အလ်ဗ်နောက်ကိုလိုက်ပြီး အပြင်ထွက်မည်ဆိုလျှင် အလ်ဗ်က ပိုပြီးဂရုစိုက်ရမည်ဖြစ်သဖြင့် အစာရှာဖွေရာတွင် ပိုခက်ခဲလာနိုင်သည်။


ထို့နောက် တစ်နေ့တွင် အလ်ဗ်က ပြန်မလာချေ။ ကုဟွိုက်က စောင့်နေသော်လည်း နောက်ဆုံးတွင်တော့ ထွက်မရှာပဲမနေနိုင်တော့ပေ။ အနက်ရောင်သားပေါက်လေးက ဂူထဲမှထွက်ပြီး အပြင်လောကကို ပထမဆုံးတွေ့ဖူးသွားသည်။ ရှုမောဖွယ်ရာ ဘာမှမတွေ့ပဲ စားကျက်မြေကိုသာတွေ့ခဲ့ရသည်။


အပြင်လောကက ဂူထက်ပို၍ ကြီးမားကျယ်ပြန့်သည်။ ထိုကဲ့သို့ ကျယ်ပြန့်သည့်လောကကြီးထဲတွင် အလ်ဗ်ကို ဘယ်လိုများရှာရပါ့မည်နည်း။ သားပေါက်လေးက လေထဲက အငွေ့အသက်များကိုရှုရှိုက်၍ အလ်ဗ်ဆီကကျန်ခဲ့မည့် ရနံ့လေးများကို အနံ့ခံရုံသာတတ်နိုင်တော့သည်။ အနံ့ခံရန်ဆိုခြင်းက မဖြစ်နိုင်မှန်းသေချာသည်။ ကုဟွိုက်က ရှာရမည့် ဦးတည်ရာကိုမရွေးချယ်ခင်တွင်သာ တွန့်ဆုတ်နေခဲ့သည်။


သစ်ပင်အုပ်နှင့်တူသောနေရာအထိ သားပေါက်လေးက လျှောက်သွားနေခဲ့သည်။ လမ်းတစ်လျှောက်တွင် ရန်သူများဆီမှ ကင်းလွတ်ရန် ကုဟွိုက်က မည်သည့်အသံမှမထွက်စေဘဲသွားခဲ့သည်။ ထိုလုပ်ရပ်က မှန်ကန်သော်လည်း သူအသံမထွက်လျှင်တောင်မှ သူလှုပ်ရှားနေသည့်အသံက သားရဲများကို သတိမူမိစေနိုင်သည်။


ခြုံပုတ်ထဲတွင်ပုန်းနေသော ကြမ်းကြုတ်သည့်သတ္တဝါက ရုတ်တရက် ကုဟွိုက်ရှေ့သို့ အလျင်စလို ထွက်လာသည်။ ကုဟွိုက်နှင့်ယှဉ်လိုက်လျှင် သားရဲကြီး၏ အရွယ်အစားက အလွန်တရာမှကြီးမားသည်။ ကုဟွိက်က သတ္တဝါကြီး၏ လက်သည်းခြေသည်းမျှလောက်သာရှိပြီး သတ္တဝါ၏ပုံစံကလည်း ပျမ်းမျှမဟုတ်ချေ။


“ကျိုး…” အနက်ရောင်သားပေါက်လေးက ထိုသတ္တဝါကြီးကို အလွန်လန့်ဖျပ်နေသောပုံစံဖြင့် ကြည့်နေသည်။ သူ၏ ဝိုင်းစက်သောမျက်ဝန်းများက ပိုကြီးလာပြီး ဒေါင်လိုက်မျက်ဆံများက အနည်းငယ် ကျုံ့သွားခဲ့သည်။ သူက ငယ်ရွယ်ရုံတင်မကပဲ အားနည်းသည်။ ထိုရက်စက်ကြမ်းကြုတ်သည့်သားရဲကြီး၏ အမြင်တွင် ကုဟွိုက်၏အရွယ်အစားလေးက ဘာမှမဟုတ်ချေ။ ကြီးမားပြီး အန္တရာယ်များသည့်ရန်သူရင်ဆိုင်ရခြင်းက အနက်ရောင်သားပေါက်လေးကို နောက်ပြန်ကျုံ့သွားစေသည်။


“ကျိုး...ကျိုး...ကျိုး—” အနက်ရောင်သားပေါက်လေးက ကြောက်လန့်ပြီး အလ်ဗ်နာမည်ကို အလိုလိုခေါ်မိသည်။


ထိုပင်ကိုယ်အကျင့်ကိုအသုံးပြု၍ ကုဟွိုက်က တိုတောင်းသည့် ဝိညာဉ်ချိတ်ဆက်မှုကို ပထမဆုံးအကြိမ် ပြုလုပ်လိုက်လေသည်။ တစ်ချိန်တည်းနီးပါးတွင် ကုဟွိုက်က ဝိညာဉ်ချိတ်ဆက်မှုကို တည်ဆောက်ပြီး သေးငယ်သည့်အရိပ်လေးက သူ့အရှေ့ကကြီးမားသည့် သတ္တဝါရှေ့တွင် ရုတ်တရက် ခုန်ပျံကျရောက်လာသည်ကိုတွေ့လိုက်ရသည်။ ခုန်လာသူက အလ်ဗ်ဖြစ်ပြီး သူ၏ငွေမှင်ရောင်အမြီးဖြင့် သားရဲကြီး၏ ဦးခေါင်းကိုဆောင့်ချလိုက်လေသည်။


သေဆုံးသွားသောသားရဲကိုကြည့်နေသော အလ်ဗ်၏စူးရှသည့်အကြည့်က အေးစက်နေသည့် ရေခဲချွန်များသကဲ့သို့ပင် ထက်မြက်သည်။ ထို့နောက် အဝေးတွင်ရှိနေသော မျက်ရည်ဝိုင်းနေသည့် အနက်ရောင်သားပေါက်လေးထံသို့ ဦးတည်သွားလိုက်သည်။ သူရောက်သည်နှင့် ကုဟွိုက်က စိတ်သက်သာရာရသွားခဲ့သည်။ တည်ငြိမ်သွားကြသည်နှင့် ကုဟွိုက်က အလ်ဗ်ပါးစပ်ထဲတွင်ရှိသောပန်းလေးကို သတိပြုမိသွားသည်။


ကုဟွိုက်က ဂူသို့ပြန်သွားသည်နှင့် အလ်ဗ်က သူယူဆောင်လာသောပန်းလေးအား ကုဟွိုက်အရှေ့တွင်ချလိုက်သည်။ သူနောက်ကျမှပြန်လာရသည့်အကြောင်းအရင်းက ပန်းလေးကိုတွေ့၍ ကုဟွိုက်အတွက် သယ်ဆောင်လာပေးချင်သောကြောင့်ပင်ဖြစ်သည်။ ထိုအကြောင်းက အလ်ဗ်ကို အချိန်အနည်းငယ်ကြာသွားစေခဲ့ခြင်းဖြစ်သည်။ 


“ကျိုး..” ‘ဒါက လက်ဆောင်’ အလ်ဗ်က အနက်ရောင်သားပေါက်လေးကိုပြောလိုက်သည်။


“ကျိုး..” ကုဟွိုက်က တောက်ပသောမျက်ဝန်းများဖြင့် တုံ့ပြန်လိုက်သည်။


ကုဟွိုက်၏ အမူအရာကိုကြည့်ပြီး အလ်ဗ်က အနက်ရောင်သားပေါက်လေး၏ အမွေးပွပွလေးများကို သူ၏ငွေမှင်ရောင်အမြီးနှင့် ထိတွေ့လိုက်ကာ အတူတကွ လိမ်ယှက်လိုက်ကြသည်။ အလ်ဗ်က ထိုလှုပ်ရှားမှုက အမှန်တကယ်နားမလည်သော်လည်း ယင်းက အလေးအနက်ထားသည့်လှုပ်ရှားမှုမှန်း အလိုအလျောက်သိလိုက်သည်။ ထိုလှုပ်ရှားမှုက တစ်ဖက်လူကို တစ်သက်လုံးကာကွယ်ပေးရန်အတွက် ကတိဖြစ်သင့်သည်။


အပြင်သွားပြီးနောက်တွင် ကုဟွိုက်သည် အပြင်လောကဟာ အကျိုးမဖြစ်ထွန်းပဲ အန္တရာယ်များကြောင်း သိရှိသွားခဲ့သည်။ အပြင်လောက၏ ရက်စက်ယုတ်မာခြင်းများကိုလည်း နောက်ဆုံးတွင်တော့ နားလည်သိရှိသွားခဲ့သည်။


ကုဟွိုက် စားသောက်ပြီးနောက်တွင် နူးညံ့သောငှက်မွေးပေါ်တွင် အိပ်ပျော်သွားခဲ့သည်။ အိပ်စက်ရန်အတွက် အလ်ဗ်ကို ပူးကပ်နေသည့်အချိန်တွင် ဒါဇင်ချီသောတက်ခ်ဇက်များစွာက စိတ်ဝိညာဉ်ချိတ်ဆက်မှုကိုရရှိပြီး ထိုဂူအနားသို့ ချဉ်းကပ်လာကြလေသည်။


ယခင်ဖြစ်ခဲ့သောထိတ်လန့်မှုတွင် ကုဟွိုက်က တိုတောင်းသည့် စိတ်ဝိညာဉ်ချိတ်ဆက်မှုကို ပြုလုပ်ခဲ့သည်။ ထိုဝိညာဉ်ချိတ်ဆက်မှုက ဂြိုဟ်တစ်ခုလုံးကိုကာကွယ်ပေးနိုင်ပြီး လက်ခံရရှိသည့်တက်ခ်ဇက်များကို ပြင်းထန်သည့်ဒေါသများဖြင့် တိုက်ခိုက်သည့်အနေအထားကို ချက်ချင်းရောက်ရှိစေသည်။


လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက ဤစွန့်ပစ်ခံဂြိုဟ်ပေါ်သို့ တက်ခ်ဇက်များ မတော်တဆလာခဲ့ဖူးပြီး ဂူ၏တည်နေရာနှင့်ဆန့်ကျင်ဘက်တွင်ရှိသော ဂြိုဟ်၏တစ်ဖက်ခြမ်းတွင်နေခဲ့ဖူးသည်။ အပြင်လောကက ရက်စက်ကြမ်းကြုတ်သော်လည်း ၎င်းတို့၏ဘုရင်က ဇက်များ၏အဆင့်မြင့်သောနေရာတွင်မွေးဖွားခဲ့ခြင်းဖြစ်ပြီး ထိုရက်စက်မှုများကို ကြုံတွေ့စရာမလိုပေ။ ငှက်မွေးပေါင်းများစွာပေါ်တွင် အနက်ရောင်သားပေါက်လေး အိပ်စက်နေသည့်အခိုက်အတန့်တွင် သူ့တွင် ချစ်ခင်ကြင်နာပေးမည့် မိဘပေါင်းများစွာရှိလာနိုင်ပေသည်။


အပြင်သွားသည့်အချိန်နှင့် ပိုအရေးကြီးသည့်အချိန်များတွင် ကုဟွိုက်က အပြင်ထွက်တိုင်းလိုလိုတွင် ဝိညာဉ်ချိတ်ဆက်မှုကို မတော်တဆသုံးလေ့ရှိပြီး စိတ်စွမ်းအင်သုံးစွဲမှုက သူ့ကိုအကြာကြီးအိပ်စက်စေ၏။ နေ့တစ်ဝက်ကျော်ထိ အိပ်စက်ပြီးနောက်တွင် နူးညံ့သည့်ငှက်မွှေးပေါ်တွင်အိပ်နေသည့် အနက်ရောင်သားပေါက်လေးက မျက်လုံးဖွင့်ကြည့်ပြီး နောက်ထပ်သားပေါက်လေးတစ်ကောင်က သူ့ခေါင်းပေါ်မှ ဦးချိုကို လျှာဖြင့်လျက်နေခြင်းအား ရုတ်တရက်ခံစားလိုက်ရသည်။


ဦးချိုနှစ်စုံသည် လျှာဖြင့်လျက်ခြင်းကိုခံနေရပြီး အလ်ဗ်က ကုဟွိုက်၏ခေါင်းပေါ်မှ အမွှေးနုလေးများဆီသို့ ပြောင်းရွေ့သွားသည်။ ဖြီးသင်သန့်စင်ပေးနေစဉ်အတွင်းတွင် ကုဟွိုက်က အိပ်ရာနိုးထလာခဲ့သည်။


“ကျိုး..” အနက်ရောင်သားပေါက်လေးက ညင်သာသည့် အသံလေးကိုပြုလုပ်လျက် အနည်းငယ်ပျော်ရွှင်နေပုံရသည်။ သူအကြာကြီးအိပ်မိသွားကြောင်းကိုသိသော်လည်း အလ်ဗ်က သူနိုးလာသည့်အချိန်ထိ ဘေးတွင်ရှိနေခြင်းဖြစ်သည်။ ကုဟွိုက်က သေချာပေါက် ပျော်ရွှင်နေခဲ့၏။


နေ့ခင်းအချိန်ဖြစ်၍ အလ်ဗ်က မနက်ဆိုလျှင် ဂူအပြင်ဘက်ကိုထွက်လေ့ရှိသည်။ ကုဟွိုက်နိုးလာပြီး အမွှေးပွများကို ဖြီးပြီးသည်နှင့် အလ်ဗ်က အပြင်ထွက်ရန်အသင့်ဖြစ်နေသည်။ သို့သော်လည်း ကုဟွိုက်၏ တားဆီးခြင်းကိုခံနေရ၏။


“ကျိုး...ကျိုး..” အော်မြည်နေသည့် အနက်ရောင်သားပေါက်လေးက အလ်ဗ်၏ ခန္ဓာကိုယ်ကို သူ၏သေးငယ်သောဦးချိုအစုံဖြင့်တွန်းထားပြီး အလ်ဗ်ကို ခြေလှမ်းများနောက်ဆုတ်စေသည်။ အလ်ဗ်က မလိုက်လျောပေးလျှင် ကုဟွိုက်သည် အလ်ဗ်ကိုတွန်းကန်နိုင်စွမ်းမရှိပေ။ သိသာစွာဖြင့် အလ်ဗ်က ကုဟွိုက်၏လုံခြုံမှုနှင့်သက်ဆိုင်သောကိစ္စတစ်ချို့မှလွဲ၍ ကုဟွိုက်စကားကို လိုက်နာလုနီးပါးဖြစ်သွားသည်။


“ကျိုး...” အလ်ဗ်က အတွန်းခံရခြင်းကို စိတ်မဆိုးပဲ ကုဟွိုက်ကို ပြန်မေးလိုက်သည်။ အနက်ရောင်သားပေါက်လေး ကပြန်မဖြေ။ သူက သူ့ခန္ဓာကိုယ်နှင့် အလ်ဗ်ကိုမှီထားပြီး တစ်ဖက်က သားပေါက်လေးကို လှပသောမျက်ဝန်းလေးများဖြင့် ကြည့်နေသည်။


အမှန်တွင်တော့ ကုဟွိုက်က အလ်ဗ်ကို ပြန်တွန်းရသည့် အကြောင်းပြချက်မရှိပေ။ မနေ့က ဂူအပြင်ဘက်ကိုထွက်ပြီး အလ်ဗ်ကို မှီခိုခဲ့ရခြင်းအား ကြောက်ရွံ့သောကြောင့်သာဖြစ်၏။ ထိုကိစ္စနှင့်စပ်လျဉ်း၍ အလ်ဗ်ကို သွားခွင့်မပြုခြင်းဖြစ်သည်။ သို့သော်ငြားလည်း ကုဟွိုက်က မစဉ်းစားပဲလုပ်ခဲ့ခြင်းမဟုတ်။ ဂူထဲတွင် အစားအသောက်များ များစွာကျန်နေသေးကြောင်းကိုတွေ့ပြီး ယနေ့အတွက် အလ်ဗ်အပြင်ထွက်ရန်မလိုကြောင်းဟု တွေးမိသောကြောင့်ဖြစ်သည်။


အလ်ဗ်၏အမြီးက သူ့အနားရှိ အနက်ရောင်သားပေါက်လေးနားတွင် အလိုအလျောက်လှုပ်ခါလိုက်သည်။ ယခုတော့ သူ့အနောက်က ငွေမှင်ရောင်အမြီးက ကြီးမားသည့် တိုက်ခိုက်နိုင်စွမ်းကိုရနေပြီဖြစ်သည်။ အမြီးက ဂူ၏မြေပြင်ကို တစ်ချက်လောက်ရိုက်လိုက်သည်နှင့် အက်ကွဲမှုဖြစ်သွားနိုင်သည်။


အလ်ဗ်က သူ့အမြီးနှင့်ပက်သက်၍ ထိန်းချုပ်နိုင်စွမ်းမရှိပဲ အနီးနားက အနက်ရောင်သားပေါက်လေးက ရုတ်တရက်အသံကြောင့် ထိတ်လန့်သွားကာ အလ်ဗ်နားကို လူးလွန့်သွားသည်။ ထိုသည်က သူ၏ မှီခိုခြင်းကို သရုပ်ပြလိုက်မှုပင်ဖြစ်၏။ သူကြောက်ရွံ့သည်နှင့် ပထမဆုံးလုပ်မိသည့်အရာက သူမှီခိုသည့် အနီးနားက လူအနားကိုသာ ကပ်သွားခြင်းဖြစ်သည်။


အလ်ဗ်က အနက်ရောင်သားပေါက်လေးအား သူ့အမြီးဖြင့် ကာကွယ်ပေးလျက် ကုဟွိုက်၏ခေါင်းပေါ်မှ ဦးချိုအသေးလေးကိုလျက်လိုက်ပြန်သည်။ ဂူအပြင်သို့ သူဒီနေ့ထွက်တော့မည်မဟုတ်။ သားပေါက်လေးက အဖော်ပြုပေးရန် တစ်စုံတစ်ယောက်လိုအပ်ပြီး ဥခွံထဲမှထွက်လာကတည်းက အလ်ဗ်ကပဲ သူ့ကို စောင့်ရှောက်ပြီး အဖော်သဟဲပြုပေးထားသောကြောင့်ဖြစ်သည်။ ရှင်သန်ဖို့လိုအပ်သည့်အရာများကိုသာ သိနားမလည်လျှင် ကုဟွိုက်က အလ်ဗ်ကို သူနှင့်သာ တစ်ချိန်လုံး အတူနေပေးရန် တောင်းဆိုမည်ဖြစ်၏။


“ကျိုး..” အလ်ဗ်က ယနေ့အပြင်မထွက်တော့မှန်းကိုသိပြီး အနက်ရောင်သားပေါက်လေးက ဦးချိုကိုလျက်ကာ အနောက်က အမွှေးပွပွအမြီးလေးကာ မြင့်တက်လာလျက် ခေါ်လိုက်သည်။ ဂူထဲတွင် အရုပ်နှင့်တူသည့်အရာမရှိသော်လည်း ဂူထဲတွင်နေကြသောသားပေါက်လေးနှစ်ကောင်က ၎င်းတို့အချင်းချင်းရှိကြလျှင်ပင် ပျော်စရာကောင်းနေတော့သည်။


___________________________