အခန်း ၁၀၀
Viewers 10k

Chapter 100

Chapter 100

 


သားပေါက်လေးနှစ်ကောင်က ကြပ်ကြပ်တည်းတည်း စကားပြောနေရသော်လည်း အချင်းချင်းဆော့ကစားလျက်ရှိကြသည် ကုဟွိုက်က အလ်ဗ်၏ အမြီးပေါ်ကို ခုန်အုပ်ပြီး အလ်ဗ်က ပုန်းကွယ်လိုက်သည်။ အနည်းငယ် ပုန်းကွယ်ပြီးကြသည်နှင့် ကုဟွိုက်ကို တမင်တကာထိတွေ့လိုက်ပြီး နောက်ဆုံးတော့ ကုဟွိုက်က အမြီးကို အောင်မြင်စွာ ယူနိုင်ခဲ့သည်။


ကုဟွိုက်က ထိုကစားနည်းကို ကစားရခြင်းအား မပင်ပန်းပေ။ အချိန်တိုင်း စိတ်အားထက်သန်နေခဲ့ခြင်းဖြစ်၏။ အလ်ဗ်၏ အမြီးကိုဖမ်းမိသည့်အချိန်တိုင်း ကုဟွိုက်၏ လုံးဝန်းသော ရွှေရောင်မျက်ဝန်းများက ပို၍ပင် ဝိုင်းစက်လာကာ ဖမ်းမိသည့် အလ်ဗ်၏အမြီးကို လျှာဖြင့်လျက်တော့သည်။ ကုဟွိုက်၏ ရည်ရွယ်ချက်က အလ်ဗ်၏ အမွှေးပွများကို ဖြီးသင်ပေးချင်သော်လည်း အလ်ဗ်အမြီးက သတ္တုသကဲ့သို့ မာကျောပြီး ဖြီးသင်ပေးရန်လိုအပ်နေသည့် အမွေးမရှိသောအမြီးသည် အေးစက်သွားသည်နှင့် ခေတ္တမျှမေ့သွားခဲ့သည်။ 


အလ်ဗ်၏ ပေါ့ပါးသော ရွှေရောင်ဒေါင်လိုက်မျက်ဆံများသည် ပြူးကျယ်သွားခဲ့သည်။ “ကျိုး..”


ကုဟွိုက် ပင်ပန်းသည်အထိ ဆော့ကစားနေခဲ့ကြပြီးနောက် မလှုပ်ရှားကြတော့ချေ။ အလ်ဗ်က တစ်ဖန်ပြန်၍ သူ့အမြီးကို ကုဟွိုက်ပေါ်တွင်တင်လိုက်သည်။ ထိုအချိန်တွင် အလ်ဗ်၏အမြီးက အနက်ရောင်သားပေါက်လေးကို ဝန်းရံထားလောက်သည်အထိ မရှည်လျားသည့်အတွက် တစ်ဝက်မျှသာရစ်ပတ်ပြီး ကာကွယ်ပေးနိုင်သည်။


ဂူကို ရန်သူများရှာတွေ့သွားလိမ့်မည်ဟု ကုဟွိုက်က တစ်ခါမှမတွေးဖူးကာ အလ်ဗ်နှင့် အတူရှိနေရလျှင် လုံးဝ စိတ်အေးသက်သာနေသည်။ အလ်ဗ်ကလည်း စိတ်သက်သာရာရနေသော်လည်း ဂူနှင့် မလှမ်းမကမ်းကို ပြောင်းရွေ့ရမည်ဆိုသည့်အချက်ကြောင့် နိုးကြားသွားစေခဲ့သည်။


ကုဟွိုက်က ဘာမှမသိပေ။ “ကျိုး..ကျိုး..”


သိသာထင်ရှားသည့် လှုပ်ရှားမှုများကိုမတွေ့သော်လည်း အလ်ဗ်ပြသနေသော သတိရှိမှုသည် ကုဟွိုက်ကို တစ်စုံတစ်ခုအား လျင်မြန်စွာ နားလည်သွားစေခဲ့၏။ သူက ဘာအသံမှမပြုတော့ဘဲ အလ်ဗ်ဘေးတွင် လုံးဝ ရွေ့လျားခြင်းမရှိပဲ တည်ငြိမ်စွာ နေလိုက်သည်။


ကျူးကျော်သူများက မမြင်တွေ့နိုင်သည့်ဂူကို တွေ့ရှိသွားကြောင်း ခန့်မှန်းလို့ရသည်။ ခေတ္တခဏကြာသောအခါ ကုဟွိုက်က ဂူဝင်ပေါက်တွင် ကျူးကျော်သူများဝင်ရောက်လာသည့်အသံအား ကြားလိုက်ရသည်။ ထိုအသံကို အခြေတည်ကြည့်လျှင် ကျူးကျော်သူ တစ်ယောက် နှစ်ယောက်ထက်ပိုကြောင်း သိနိုင်သည်။ ဖြစ်နိုင်ချေက အဖွဲ့လိုက်ဖြစ်သည်။ ထို့ကြောင့် ကုဟွိုက်က စိတ်ပူကာ ကြောက်ရွံ့သွားပြီး အလ်ဗ်ကို မှီထားလိုက်သည်။


ဂူအနက်ထဲထိဝင်လာကြသော တက်ခ်ဇက်များက ထိုမြင်ကွင်းကိုတွေ့သွားသည်။ သားပေါက်လေးများက ကြောက်ရွံ့နေ၏။ ထိုမြင်ကွင်းကိုတွေ့သည်နှင့် တက်ခ်ဇက်များ၏ ကြက်သွေးရောင်မျက်ဆံများသည် ပို၍ နက်ရှိုင်းကာ ကြောက်မက်ဖွယ်ကောင်းလာပြီး အေးစက်သောကြက်သွေးရောင်မျက်ဝန်းများက ပို၍ အမြင်ဆိုးလာခဲ့သည်။


ကုဟွိုက်က ကြောက်ရွံ့နေခဲ့ပြီး ထိုမြင်ကွင်းက တက်ခ်ဇက်များကို ဒေါသထွက်စေကာ ဂူ၏ မီတာတစ်ရာလောက် အကွာအဝေးတွင်ရှိသော သတ္တဝါများကို ဖယ်ရှားပစ်ချင်စိတ်များဖြစ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် တက်ခ်ဇက်များ၏အမြင်တွင် ကုဟွိုက်၏ကြောက်ရွံ့မှုနှင့် သားပေါက်လေးများကို မလုံမခြုံဖြစ်စေခြင်းက ဤပတ်ဝန်းကျင်ဟုထင်၍ဖြစ်သည်။


ထို့နောက် ကုဟွိုက်ကိုရှာတွေ့သွားခြင်းက တက်ခ်ဇက်များ၏ ရင်ထဲကို ပျော်ရွှင်မှုများဖြစ်စေသည်။ ပျော်ရွှင်သည့်ခံစားချက်များက ၎င်းတို့၏နှလုံးသားထဲတွင် ပျံ့နှံ့နေခဲ့ပြီး တက်ခ်ဇက်များကို ထွက်မသွားချင်တော့သည့်ဆန္ဒများဖြစ်ပေါ်စေသည်။ ၎င်းတို့အတွက် အဖိုးတန်ဆုံးသောရတနာကိုရှာတွေ့ခဲ့ပြီးဖြစ်၏။


၎င်းတို့က တူညီသောမျိုးနွယ်စုအချင်းချင်းတွေ့ရှိခဲ့ကြပြီး အလ်ဗ်က သူ့တွင် ကုဟွိုက်ကလွဲ၍ ဇက်များအပေါ် ကြီးစိုးနိုင်သည့်အစွမ်းရှိကြောင်းကိုသိပြီး သူနှင့်တန်းတူဖြစ်သော အယ်လ်ဖာအဆင့်ဇက်များပါဝင်ကြောင်းလည်းသိသည်။ သူက ထိုတက်ခ်ဇက်များကိုကြည့်ပြီး တိုက်ခိုက်သည့်အနေအထားကို ဖြည်းဖြည်းချင်းလွှတ်ပေးလိုက်သည်။


အလ်ဗ်က စောင့်ကြည့်နေဆဲဖြစ်သော်လည်း ကုဟွိုက်၏စိတ်ခံစားချက်က ထိုတက်ခ်ဇက်များကိုတွေ့ပြီးနောက်တွင် ပြောင်းလဲသွားခဲ့သည်။ ကုဟွိုက်တွင် အလ်ဗ်မပိုင်ဆိုင်သည့်စွမ်းအင်ရှိသည်။ ထိုစွမ်းရည်က ဘုရင်အဖြစ်မွေးဖွားလာသော သူ့တစ်ယောက်တည်းတွင်သာ ပိုင်ဆိုင်ခြင်းဖြစ်သည်။ သူက တခြားဇက်များ၏ စိတ်ခံစားချက်ကို အာရုံခံနိုင်ခြင်းဖြစ်၏။


ထို့ကြောင့် သူ့မြင်ကွင်းတွင် တက်ခ်ဇက်များပေါ်လာသည့်နောက်တွင် ကုဟွိုက်က ၎င်းတို့၏ စိတ်ခံစားချက်များကို အာရုံခံနိုင်ခဲ့၏။ ထိုတက်ခ်ဇက်များက သူနှင့်အလ်ဗ်အပေါ်တွင် မလိုမုန်းထားစိတ်မရှိပေ။ ကုဟွိုက် သတိမူမိသွားသည့်စိတ်ခံစားချက်က နွေးထွေးသောစိတ်ခံစားချက်ပင်ဖြစ်၏။ ၎င်းတို့က သူ့ကိုဂရုစိုက်ကြပုံက…


မိဘများက ရင်သွေးများအား ဂရုစိုက်ကြသည့်ပုံပေါ်သည်။ မိဘက ဘာများလဲ။ သူမွေးဖွားလာပြီးကတည်းက သူ့ကိုစောင့်ရှောက်သည့် သက်ကြီးရွယ်အိုမရှိပေ။ သူက ဥခွံထဲမှထွက်လာသည့် နောက်ထပ်သားပေါက်လေးနှင့်သာ အဖော်ပြုခဲ့ရသည်။ ထို့ကြောင့် ကုဟွိုက် နားလည်ရန်ခဲယဉ်းနေသည်။ သူ့တွင် မိဘများရှိသည့်ပုံမပေါ်ပေ။


သိရှိနားလည်သွားသည့်ခံစားချက် သို့မဟုတ် အလိုအလျောက်သိသည့်ဗီဇပင်ဖြစ်စေ ထိုတက်ခ်ဇက်များက သူ့ကိုနာကျင်အောင်လုပ်မည်မဟုတ်ကြောင်း ကုဟွိုက်က ခံစားမိသည်။ အလ်ဗ်က နိုးနိုးကြားကြားရှိနေသည့်အချိန်အတွင်း ကုဟွိုက်က ရုတ်တရက် လှုပ်ရှားလာခဲ့သည်။ အလ်ဗ်ဘေးတွင်ရှိနေသော အနက်ရောင်သားပေါက်လေးသည် ရုတ်တရက် ခြေလှမ်းရှေ့တိုးလာသည်။ သူမြင်နိုင်သည့်အနေအထားက တက်ခ်ဇက်များ၏ ထက်မြက်သောလက်ဖျံများကိုသာဖြစ်သည်။


ဂူထဲမှအပူချိန်က မပြောင်းသွားပဲ အေးစက်နေဆဲဖြစ်သည်။ ကုဟွိုက်က ဘာကြောင့်မှန်းမသိသော်လည်း ထိုစိတ်ခံစားချက်များကိုဝန်းရံခံနေရပြီး နွေးထွေးသည့်ခံစားချက်ကိုရလိုက်သည်။ အရှေ့က တက်ခ်ဇက်များက ကုဟွိုက်၏မိဘများဖြစ်နေမလား။ သူက အကြံညဏ်ရလိုက်ပြီး တက်ခ်ဇက်များ၏ ဂရုတစိုက်စောင့်ကြည့်ခံနေရသော အနက်ရောင်သားပေါက်လေးက ခေါင်းမော့လိုက်သည်။


“ကျိုး… ကျိုး..ကျိုး..” သားပေါက်လေးက ထိုတက်ခ်ဇက်များထံသို့ အော်ဟစ်ငိုကြွေးလိုက်၏။ အနက်ရောင်သားပေါက်လေး၏ ရွှေရောင်မျက်ဆန်များထဲရှိ တောက်ပသောမျှော်လင့်ချက်များကို လွယ်ကူစွာတွေ့ရနိုင်သည်။ သားပေါက်လေးက တုံ့ပြန်မှုကိုရယူရန် စောင့်ဆိုင်းနေမှန်းသိသာ၏။ သားပေါက်လေး၏ နူးညံ့သည့်အသံကိုကြားပြီး တက်ခ်ဇက်များ၏ မျက်ဆန်များက အနည်းငယ်ကျဉ်းသွားသော်လည်း ၎င်းတို့က မလှုပ်ရှားကြပေ။


မလှုပ်ရှားချင်သောကြောင့်မဟုတ်ပေ။ ထိုအေးစက်သည့် တက်ခ်ဇက်များက သားပေါက်လေးကို ဘယ်လိုဂရုစိုက်ရမှန်းမသိသောကြောင့်ဖြစ်သည်။ တက်ခ်ဇက်များ၏ မတုန်လှုပ်သည့်ပုံစံက ကုဟွိုက်၏မျက်လုံးထဲသို့ လုံးလုံးလျားလျားဝင်လာခဲ့သည်။ ယင်းက စောင့်မျှော်နေသည့်သားပေါက်လေးအား ရုတ်တရက် တွန့်သွားစေ၏။ သို့သော်လည်း သူက နောက်ထပ်ကြိုးစားချင်သေးသည်။


“ကျိုး..ကျိုး” အနက်ရောင်သားပေါက်လေးက နောက်ထပ်ကြိုးစားရန် အားတင်းလိုက်သည်။ ထိုတစ်ခါတွင်တော့ သူ၏ရွှေရောင်မျက်ဝန်းများသည် အရည်ကြည်များနှင့်ပြည့်နေပြီး သားပေါက်လေး၏မျက်ဝန်းများကို စိုစွတ်နေစေသည်။ ကုဟွိုက်၏လုပ်ရပ်က တက်ခ်ဇက်များကို သည်အတိုင်းနေနေလို့မဖြစ်တော့မှန်း သိနားလည်သွားစေသည်။


သားပေါက်လေးက သူတို့ကို ဘာလုပ်စေချင်နေသည်လဲ။ သားပေါက်လေးပျော်ရွှင်အောင် သူတို့ဘာလုပ်ပေးရမည်လဲ။ ညဏ်ပညာချို့တဲ့၍ တွေးတောရန် မလွယ်ကူသော်လည်း ကုဟွိုက်၏အကြည့်အောက်တွင် အလိုအလျောက်အသိစိတ်ဖြင့် တက်ခ်ဇက်များက ၎င်းတို့၏ခန္ဓာကိုယ်ကို နှိမ့်ချကာ လက်ဖျံများအား အနီးနားက သားပေါက်လေးထံသို့ ဂရုတစိုက် ဆန့်ထုတ်လိုက်လေသည်။ ၎င်းက သားပေါက်လေးကို သူ့လက်ဖျံဖြင့် သယ်ယူလိုက်သည်။


“ကျိုး..ကျိုး..ကျိုး” တက်ခ်ဇက်များ၏ လက်ဖျံပေါ်တွင် ကုဟွိုက်က အမြင့်နေရာထိခေါ်ဆောင်ခြင်းခံလိုက်ရပြီး သူ့မျက်ဝန်းများက လျင်မြန်စွာဖြင့် ပြူးကျယ်သွားရသည်။ သူက မြေပြင်နှင့် ပို၍ ပို၍မြင့်သည့်နေရာသို့ရောက်ရှိသွားခဲ့သည်။ သူရပ်လိုက်သည်နှင့် ကုဟွိုက်က သူ့ကိုပင့်တင်ပေးထားသော တက်ခ်ဇက်များ၏ပုခုံးပေါ်တွင်ရောက်ရှိနေကြောင်းတွေ့လိုက်ရသည်။ အလွန်မြင့်မားသည့်နေရာပင်ဖြစ်၏။


သားပေါက်လေးက သိသိသာသာပျော်မြူးနေသည်။ သူက ပိုမြင့်သည့်နေရာသို့ရောက်ချင်သည့်အတွက် တက်ခ်ဇက်များ၏ပုခုံးပေါ်တွင်ထိုင်နေသော အနက်ရောင်သားပေါက်လေးက ပစ်မှတ်နေရာကိုရွေးလိုက်သည်။ ထို့နောက် တုံ့ဆိုင်းခြင်းမရှိပဲ သူ့ကိုချီထားသည့်တက်ခ်ဇက်၏ ဦးခေါင်းပေါ်သို့တက်လိုက်သည်။


ကုဟွိုက် တက်ခ်ဇက်၏ခေါင်းပေါ်သို့ ပြေးတက်သွားသည်။


“ကျိုး..” ထိုနေရာက အမြင့်ဆုံးနေရာပင်ဖြစ်သည်။ တက်ခ်ဇက်၏ခေါင်းပေါ်တွင်ထိုင်နေသော အနက်ရောင်သားပေါက်လေးက အေးအေးလူလူမနေဘဲ လှုပ်ရှားနေသည်။ ထိုအချိန်တွင် သားပေါက်လေးကိုသယ်ထားသည့် တက်ခ်ဇက်က မလှုပ်မရှားနေနေရသည်။ သို့သော်လည်း အခုထိ လုံးဝ မတုံ့ပြန်သေးပေ။ တက်ခ်ဇက်က သူ့လည်ချောင်းမှ တိုးညင်းသောရှုးရှုးရှဲရှဲအသံကိုပြုလုပ်လိုက်သည်။


တိုတောင်းသည့်ဆက်သွယ်မှုဖြင့် ကုဟွိုက်က ထိုတက်ခ်ဇက်များက သူ့ကို အလ်ဗ်လို ကာကွယ်ပေးလိမ့်မည်ဖြစ်ကြောင်း နားလည်သွားခဲ့သည်။ ကုဟွိက်က တက်ခ်ဇက်များကို အလွယ်တကူလက်ခံလိုက်ပြီး အလ်ဗ်ကလည်း ထိုတက်ခ်ဇက်များသည် ကုဟွိုက်၏ အုပ်ထိန်းသူများဖြစ်ကြောင်းကိုသိသွားပြီး သူ၏သတိဝီရိယရှိမှုကို လွှတ်ချလိုက်သည်။


ထို့ကြောင့် ဒီနေ့မှစ၍ ဂူထဲတွင်နေသည့်သူက သားပေါက်လေးနှစ်ကောင်ထက်ပိုသွားခဲ့သည်။ တက်ခ်ဇက်များကလည်း သူတို့နှင့်အတူနေသည်။ ယနေ့ကစ၍ ကုဟွိုက်သည်လည်း ဂူအပြင်ဘက်သို့ လွတ်လွတ်လပ်လပ် ထွက်နိုင်ပြီဖြစ်၏။


အလ်ဗ်က အယ်လ်ဖာအဆင့်မြင့်ဇက်ဖြစ်သော်လည်း ဥခွံထဲမှထွက်လာသည့်သားပေါက်လေးသာဖြစ်သည်။ သူ့ကြီးထွားနှုန်းက မြန်နိုင်သော်လည်း ကုဟွိုက်ကို အကြောက်တရားမရှိပဲ အပြင်ခေါ်ထုတ်သွားရန်အထိတော့ မလုံလောက်ပေ။


တက်ခ်ဇက်အဖွဲ့များရောက်လာသည့်နောက်ပိုင်းတွင် ဇာတ်လမ်းက ပြောင်းသွားခဲ့သည်။ ထိုတက်ခ်ဇက်များက ညဏ်ရည်နှင့် စကားပြောနိုင်စွမ်းအပြင် လူပုံစံပင် သိပ်မရှိသေးသည့် အဆင့်နိမ့်ဇက်များဖြစ်နိုင်သော်လည်း ၎င်းတို့က ဤဂြိုဟ်ပေါ်တွင်ရှိသည့် မြင့်မားသောအစာကွင်းဆက်ဖြစ်ပေသည်။ ဤဂြိုဟ်ပေါ်တွင်ရှိသော သတ္တဝါများက မည်မျှပင်ကြမ်းကြုတ်သော်လည်း အရွယ်ရောက်နေသောတက်ခ်ဇက်အဖွဲ့များနှင့် မညီမျှပေ။


အလ်ဗ်နှင့်လုပ်ခဲ့သလိုပင် ကုဟွိုက်က သူ့မိဘများအဖြစ်သတ်မှတ်ထားသော ထိုတက်ခ်ဇက်များကိုမှီခိုအားထားလျက်ရှိသည်။ တက်ခ်ဇက်များ၏စောင့်ရှောက်မှုအရ ကုဟွိုက်နှင့်အလ်ဗ်က ဂူအပြင်ဘက်တွင် လွတ်လပ်စွာ လှုပ်ရှားနိုင်ပြီဖြစ်သည်။ ကုဟွိုက်က သူတစ်ခါသွားရောက်လည်ပတ်ခဲ့သည့် တောအုပ်အသေးလေးဆီသို့သွားခဲ့သည်။ နောက်ဆုံးတစ်ခေါက်က သူ့မိဘများနှင့် အဖော်မပြုခဲ့ရာ  လမ်းတတစ်လျှောက် မည်သည့်အသံမျှမပြုခဲ့ပေ။ ယခုအခါတွင်တော့ သူ့ကိုအဖော်ပြုပေးနေသည့်မိဘများရှိသည့်အတွက် ကုဟွိုက်က စိုးရိမ်ပူပန်မှုမရှိတော့ပေ။


ထိုသစ်ပင်အုပ်ထဲတွင် သားရဲများစွာရှိသည်။ နောက်ဆုံးတွင်တော့ ဤဂြိုဟ်ပေါ်ရှိနေရာအများစုသည် စားကျက်မြေသာဖြစ်၏။ ရေအရင်းအမြစ်နှင့် ရှားပါးသည့် အစိမ်းရောင်နယ်မြေက သဘာဝအလျောက် အရက်စက်ဆုံးသတ္တဝါများ၏ သိမ်းပိုက်ခြင်းကိုခံထားရသည်။ သေးငယ်သည့်အရာက ၎င်းတို့ကို မဖြည့်ဆည်းပေးနိုင်သော်လည်း သားရဲများက ၎င်းတို့တံခါးရှေ့တွင်ပို့ဆောင်လာသောအစာကို လက်လွှတ်ပေးမည်မဟုတ်ချေ။


ကုဟွိုက်က သူ့လုံခြုံမှုနှင့်ပက်သက်ပြီး စိတ်ပူခြင်းမရှိပဲ ဂူအပြင်ဘက်သို့ထွက်ရန် ခွင့်ပြုခြင်းခံရလေ့သိပ်မရှိပေ။ ယခုတော့ သူသိချင်သည့်အရာများဆီသို့ ပြေးထွက်သွားခဲ့သည်။ ကွဲအက်နေသောကျောက်တုံးကြားမှ ပန်းပွင့်နေခြင်းကို ကုဟွိုက်တွေ့ခဲ့သည်။ ကုဟွိုက်ချဉ်းကပ်လာသည်နှင့် ရှည်လျားပြီး ကြမ်းကြုတ်သည့်သားရဲက ကျောက်တုံးအနောက်ကနေ ရုတ်တရက်ပေါ်ထွက်လာလေသည်။ အနက်ရောင်သားပေါက်လေး၏မျက်နှာက ပြူးကျယ်သွားပြီး ရုတ်ချည်းဆိုသလိုပင် သူ့မိဘများဘေးသို့ ပြေးသွားလိုက်သည်။


“ကျိုး..ကျိုး—”


ကုဟွိုက်ကိုစောင့်ရှောက်ပေးနေသည့် တက်ခ်ဇက်က သူနှင့်အလွန်နီးကပ်နေသည်။ ၎င်းတို့က သတ္တဝါပေါ်လာသည်ကိုတွေ့ပြီး ကုဟွိုက်ကို ချက်ချင်းကာကွယ်ပေးကြသည်။ ကုဟွိုက်က တက်ခ်ဇက်၏ ပုခုံးပေါ်တွင် နေရာယူထားပြီး သူ့အရှေ့တွင်ပေါ်လာသည့် ကြီးမားသည့်သားရဲကြီးကို ငုံ့ကြည့်နေသည်။


ထိုသားရဲက အလွန်ကြီးမားသည်။ ကုဟွိုက်က ထိုသို့တွေးခဲ့သော်လည်း တက်ခ်ဇက်၏ပုခုံးပေါ်တွင်ရောက်သောအခါ သားရဲကြီးက သူ့အရပ်နှင့်ဆိုလျှင် သိပ်မကြီးတော့ပေ။ သူ့မိဘများက သားရဲကြီးထက် အဆပေါင်းများစွာကြီးမား၏။


“ကျိုး..ကျိုး” သားပေါက်လေးက သူ့မိဘများထံသို့ တိုင်ကြားလိုက်သည်။ ကုဟွိုက် မတိုင်လျှင်တောင်မှ တက်ခ်ဇက်များက ထိုသားရဲသည် ၎င်းတို့၏သားရဲကို ခြောက်လှန်ခဲ့ကြောင်း တွေ့သွားပြီးဖြစ်သည်။


ကုဟွိုက်ကိုသယ်ထားသည့်တက်ခ်ဇက်က ကုဟွိုက်ကို ထိခိုက်အောင်ကြိုးစားသည့် ရန်သူများအပေါ် သနားညှာတာမှုမရှိပဲ ရန်သူအား အေးတိအေးစက်ဖြင့် လျင်မြန်စွာ စာရင်းရှင်းလိုက်သည်။ သားရဲက ရှင်သန်မှုအတွက် အလိုအလျောက်တုံ့ပြန်မှုရှိသည်။ ထိုတောအုပ်ထဲတွင်နေထိုင်သည့် ကြမ်းကြုတ်သည့်သတ္တဝါသည် ယခုဆိုလျှင် အန္တရာယ်ကို သတိမူမိပြီးဖြစ်သည်။ အနက်ရောင်သားပေါက်လေးက သူတို့အတွက် လက်လှမ်းမမီနိုင်သည့်အရာဖြစ်ကြောင်းကိုသိသွားပြီး သူနှင့်ဝေးဝေးနေသင့်ကြောင်းကို သိသွားခဲ့သည်။


အနက်ရောင်သားပေါက်လေးက ၎င်းတို့အတွက် တံခါးနားသို့လာချပေးသည့် အစားအစာဟုထင်ထားခဲ့သည်။ ယခုတော့ ကြမ်းကြုတ်သည့်သတ္တဝါများက သားပေါက်လေးလာသည့်နေရာတိုင်းကို ရှောင်ရတော့မည်ဖြစ်သည်။ ဒေသခံများက ထိုတောအုပ်ငယ်လေးကို မစွန့်ခွာချင်ပေ။ အနက်ရောင်သားပေါက်လေးရှေ့သို့မရောက်သရွေ့ တက်ခ်ဇက်များက သူတို့ကို လျစ်လျူရှုထားမည်သာဖြစ်သည်။


ထိုတောအုပ်လေးက ကုဟွိုက်စိတ်ကြိုက်ဆော့ကစားနိုင်သည့် ကစားကွင်းလေးဖြစ်ခဲ့သည်။ ကုဟွိုက်က သူတွေ့ခဲ့သည့်ပန်းပွင့်လေးထံသို့သွားလိုက်သည်။ သူက ပန်းလေးကိုနမ်းရှုတ်ပြီး မြက်ခင်းပေါ်တွင် ရုတ်တရက် အိပ်ချင်စိတ်ဖြစ်မိသည်။ ယခင်တုန်းက လုံခြုံမှုကြောင့် ဂူအပြင်ဘက်သို့ သူမထွက်ခဲ့ပေ။ ယခုတော့ သူ့မိဘများရှိနေသည့်အတွက် ကုဟွိုက်က အပြင်မှာအိပ်ချင်နေသည်။


“ကျိုး...ကျိုး” ကုဟွိုက်က အလ်ဗ်ကို သူနှင့်အတူအိပ်စေချင်သည်။ ထို့ကြောင့် အလ်ဗ်က မှီလိုက်ပြီး သားပေါက်လေးနှစ်ကောင်က လေပြေထဲတွင် ယိမ်းထိုးနေသည့် ကျောက်တုံးကြားတွင်ပေါက်နေသောပန်းလေးနားတွင် အတူတူဝင်ခွေလိုက်ကြသည်။ ဘယ်ဘက်က အနက်ရောင်သားပေါက်လေးကတော့ လျင်မြန်စွာ အိပ်ပျော်သွားခဲ့၏။


တက်ခ်ဇက်များက အိပ်နေကြသောသားပေါက်လေးများကိုစောင့်ကြည့်နေပြီး မည်သည့်အန္တရာယ်မှ အနားမကပ်နိုင်စေရန် ကာကွယ်ထားသည်။ မည်သည့်သတ္တဝါမျှလည်း အနားမကပ်ချင်မည်မှာ‌ သေချာသည်။ သူ့မိဘများ၏ ကျေးဇူးကြောင့် ကုဟွိုက်က ဤဂြိုဟ်ပေါ်တွင် အစာကွင်းဆက်၏ထိပ်ဆုံးဖြစ်လာလေသည်။


________________


စာရေးသူမှာပြောစရာရှိပါတယ်။


အနိုင်ကျင့်နေသူ ကျိုးဟွိုက်က သူ့ခေါင်းကိုလှည့်ပြီး ဇက်ကို တိုင်ကြားနေတယ်။ အရမ်းချစ်ဖို့ကောင်းတာပဲ owo^^