အပိုင်း ၄၇
Viewers 15k

Chapter 47
လေးအား ဆွဲတင်ခြင်း


စားပွဲတွင်ထိုင်နေပြီး ဆေးအား စိုးရိမ်တကြီးကြည့်နေသည့် လင်းရုဖေးအား တွေ့လိုက်ချိန်တွင် အပြုံးတောက်တောက်လေးများအား မထုတ်ပြဘဲမနေနိုင်အောင်ပင်။

"လင်းကုန်းဇီ..ဒီနေ့ ရာသီဥတုက အရမ်းသာယာတယ် ..သခင်လေး ကျွန်တော်နဲ့အတူ အပြင်မထွက်ချင်ဘူးလား..ကျွန်တော့်မိသားစုရဲ့မြင်းခြံမှာက အရည်အသွေးမြင့်တဲ့ မြင်းအသစ်တွေရှိတယ်..သူတို့က အရမ်းလှတာ.."

လင်းရုဖေးက အခန်းအပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်သည်။ ယနေ့သည် အမှန်တကယ်ပင် နေ့ရက်ကောင်းလေးပင်။ မနက်ခင်းစောစောပင် ဖြစ်လင့်ကစား နေရောင်ခြည်နုနုမှာ စိမ်းစိုသာယာသည့် ဥယျာဥ်အား ဖြန့်ဖြူးထားကာ ပန်းပွင့်လေးများသည်လည်း ရွှေရောင်အလွှာများ ဖုံးလွှမ်း၍ ထွက်ပြူစပြုလာ၏။

"မုန့်ကုန်းဇီ..."

လင်းရုဖေးက သူ၏ပါးစပ်အား ဖွင့်ကာ တစ်ခုခုဆိုမည်အပြု ပြုံးစစဆိုလာသည့် မုန့်လန်ရောကြောင့် အဆက်ပြတ်သွားသည်။

"လင်းကုန်းဇီက...အရမ်းယဥ်ကျေးလွန်းနေပါပြီ..ကျွန်တော့်ကို လန်ရောလို့ပဲခေါ်ပါ..ကျွန်တော်ပြောမယ်..မြင်းခြံထဲမှာလေ လှပတဲ့မြင်းတွေတင်မကဘူး..တခြား အရမ်း...ထူးခြားတဲ့...အရာတွေလည်းရှိသေးတယ်"

"အဲ့ဒီမှာ ဘာတွေထပ်ပြီးရှိသေးတာလဲ"လင်းရုဖေးက မေးလိုက်သည်။

"သွားပြီးတော့သာ ကြည့်ရအောင်ပါဗျာ..စိတ်မပျက်စေရဘူးလို့ အာမခံတယ်.."မုန့်လန်ရောက ကြွား၀ါနေသည့်ဟန် သူ၏မေးစေ့အားပင့်မြှောက်လိုက်ရင်း ဆိုသည်။

လင်းရုဖေးက ဤကမ်းလှမ်းချက်အား နက်နက်နဲနဲ တွေးဆပြီးနောက် အဆုံးတွင် သူက သဘောတူလိုက်လေသည်။ ဆိုရလျှင် မုန့်လန်ရော၏ပျော်ရွှင်နေမှုလေးကို ချေဖျက်ပစ်ရန် သူအရမ်း အားနာမိရသည်။ ထို့ပြင် အပြင်ဘက်ရှိ ရာသီဥတုမှာ အမှန်တကယ်ပင် ကောင်းမွန်တာကြောင့် လမ်းလျှောက်ထွက်ခြင်းကလည်း အရမ်းကြီးဆိုးရွားသည့်အရာ မဟုတ်ကြောင်း စဥ်းစားမိ၏။

ထို့ကြောင့် သူ သဘောတူလိုက်ပြီးသည်နှင့် မုန့်လန်ရောက သူ့ပုခုံးများကို သိုင်းဖတ်ကာ ဆွဲခေါ်သွားတော့သည်။

မုန့်အိမ်တော်၏ နေ့နှင့် ညအတောအတွင်းရှိ ရှုခင်းမှာသူတို့၏ကိုယ်ပိုင် ထူးခြားသည့်ရသများရှိပေသည်။ နေ့အချိန်တွင်မူ အလွန် သက်ဝင်နေသော ပန်းပွင့်များ နေရာတိုင်းတွင်ရှိလေသည်။

မုန့်လန်ရောပြောသည့် မြင်းခြံသည်လည်း မုန့်အိမ်တော်အတွင်းပင် ရှိသည်။ သို့သော်လည်း ယင်းမှာ အလွန်ပင်ကျယ်ပြန့်လှသည့် သီးခြားနယ်မြေတစ်ခုတွင်ဖြစ်နေ၏။

လင်းရုဖေးက မြင်းခြံသို့ ရောက်ချိန်တွင်မုန့်လန်ရောပြောသည့် "လှပသောအရာများ"ဆိုသည်ကို နားလည်သွားသည်။ မြင်းခြံနံဘေးတွင် အဝတ်ထူထူဝတ်ထားသည့် မိန်းကလေးငယ်များက ပြင်းပြင်းထန်ထန်ပင် ပိုလိုကစားနေကြသဖြင့် လေထဲသို့ ပျံဝဲနေသည့် သူမတို့၏စကပ်များမှာ အမှန်ပင် အံ့သြဖွယ်ရာ မြင်ကွင်းတစ်ခုကဲ့သို့နှယ်။

မျက်လုံးအဖမ်းစားနိုင်ဆုံးတစ်ယောက်မှာ မနေ့က မိသားစုစားသောက်ပွဲတွင် မြင်ဖူးခဲ့သော မုန့်လန်ရော၏အစ်မ မုန့်ယိုယွဲ့ပင်။ သူမက တုတ်ရှည်တစ်ခုအား ကိုင်ထားသည့်အပြင် သူမ အောက်မှမြင်းကိုလည်း လွယ်လွယ်ကူကူစီးနင်းနေ၏။ သူမက လူတိုင်း၏အာရုံအား ဆွဲဆောင်ကာ မြင်းပြိုင်ကွင်းထဲသို့ သူရဲကောင်းတို့၏ကိုယ်ဟန်ဖြင့် ဒုန်းဆိုင်းမောင်းနှင်နေလေသည်။

မုန့်လန်ရောက ကွင်းဆီသို့ လက်လှမ်းပြလိုက်ကာ အော်လိုက်သည်။ "မမရေ...."

မုန့်ယိုယွဲ့က သူတို့အား သတိထားမိသောအခါ သူမ၏မြင်းခေါင်းအား လှည့်လိုက်ပြီး သူတို့ဆီသို့ ဒုန်းဆိုင်းစီးလာသည်။

သူမက သူတို့ဆီသို့ရောက်မှသာလျှင် "ဟူး" ခနဲအသံထွက်ကာ ရယ်မောလာသည်။

"လန်ရော့..မင်းဘာလို့ လင်းကုန်းဇီကို ဒီလိုနေရာမျိုးဆီ ဆွဲခေါ်ခဲ့ရတာလဲ"

"ကျွန်တော်က လင်းကုန်းဇီက အခန်းထဲမှာ အားနေပြီးထိုင်နေတာကို တိုက်တိုက်ဆိုင်ဆိုင် တွေ့သွားတာလေ..ဒါကြောင့် လျှောက်ကြည့်ဖို့ လိုက်မလားလို့ မေးလိုက်တာ.."

မုန့်လန်ရောက ထပ်၍ဆို၏။


"တချို့ အရည်အသွေးမြင့် မြင်းတွေကလည်း မြင်းခြံထဲမှာရောက်နေတာ ဆိုတော့ လင်းကုန်းဇီကို အတူတူချောင်းကြည့်ဖို့ခေါ်လာမယ်ဆိုပြီး တွေးလိုက်တာ"

"အဲ့လိုကြောင့်ကိုး..."မုန့်ယိုယွဲ့က ခပ်ဖွဖွ ပြုံးပြလာသည်။

မောင်နှမနှစ်ယောက်စကားပြောနေကြချိန်တွင် သာယာမှုမရှိသည့် အသံက ဘေးမှထိုးဖောက်၀င်ရောက်လာသည်။

"မုန့်လန်ရော..ငါမင်းကို ရက်နဲနဲလောက် မမြင်မိတာနဲ့ မင်းမိသားစုက ဘယ်အချိန်က ဒီလိုမြင့်မြတ်ခန့်ညားလှတဲ့ ကုန်းဇီကို ရသွားတာလဲ"

လင်းရုဖေးက သူ၏ခေါင်းကို လှည့်လိုက်ရင်း အသံပိုင်ရှင်အား ကြည့်လိုက်မိသည်။ ထိုအမျိူးသားက တောက်ပသောဝတ်စုံအား ဝတ်ဆင်ထားပြီး သူက ချောမောသော်ငြား သူ့တွင် အထက်စီးဆန်သည့် စိတ်ရှိပေသည်။ သူက လင်းရုဖေးအား အပြုံးလေးဖြင့်ကြည့်နေသော်လည်း သူ၏မျက်လုံးနောက်ကွယ်မှ ရန်လိုမှုကို လင်းရုဖေးက ဖမ်းမိလိုက်ဆဲပင်။

"အဲ့တာ မင်းအပူမပါဘူး"

မုန့်လန်ရောက ဒေါသတကြီးအော်ပြောလိုက်သည်။

"ချီယန်ရှန့်..မြန်မြန်ထွက်သွားလိုက်တော့..ငါ့ရဲ့ပျော်စရာတွေကို လာမဖျက်ဆီးချင်စမ်းနဲ့"

ချီယန်ရှန့်က ပြုံးလိုက်ရင်း : "အို့...အဲ့ဒီလိုလား...ငါပြောတယ်လေ..ငါမနေ့က ချိုးတောင်တန်းကနေ နှစ်တစ်သောင်းသက်တမ်းရှိတဲ့ ရင်းသားနဲ့လုပ်ထားတဲ့ လေးရှည်ကြီးကိုတောင်းထားပြီးပြီလို့..ငါက မင်းကို ပြချင်ရုံပဲ..ဒါပေမယ့် မင်းမကြည့်ချင်ရင် မေ့လိုက်တော့..."

"ဝါး...နှစ်တစ်သောင်းသက်တမ်းရှိတဲ့ ရင်းသားနဲ့လုပ်ထားတဲ့ လေးရှည်လား..."

မုန့်လန်ရောက ချက်ချင်းပင် စိတ်ဝင်တစား ဖြစ်လာပြီး သူ၏မျက်လုံးများမှာ တလက်လက်တောက်ပလာသည်။

"မြန်မြန်လေး..ငါ့မျက်လုံး အရသာခံရအောင်ပေးတော့"

ချီယန်ရှန့်က ဆိုလိုက်သည်။

"အဲ့တာက ဒီမှာ မဟုတ်ဘူး..လေးပစ် တောင်ကုန်းမှာ"

"ဒါဆို တောင်ဆီသွားပြီး ကြည့်ကြတာပေါ့"

မုန့်လန်ရော၏လက်များမှာ ယားယံနေသည်။ သို့သော် သူက မြားပစ်ရမည့်နည်းအား သိပုံမပေါ်သည့် လင်းရုဖေးလိုက်ပါလာသည်အား သတိရသွားကာ ချက်ချင်းပင် ခေါင်းခါလိုက်၏။

"တော်ပြီ..ငါမသွားတော့ဘူး..ငါက လင်းကုန်းဇီနဲ့အတူတူ သွားရအုံးမှာ...ရက်နဲနဲကြာရင် ငါမင်းကို အဲ့တာကြည့်ဖို့ လာရှာမယ်လေ"

"ဒီလင်းကုန်းဇီက ဘယ်သူ...ဆိုတာ ငါသိချင်မိတယ်"ချီယန်ရှန့်က မေးလာသည်။

"လင်းကုန်းဇီက ခွန်းလွန်လင်းမိသားစုရဲ့ သားပဲ..ဒီတလောအတွင်း ငါတို့အိမ်တော်ဆီ ဓါးသိုင်းပြိုင်ပွဲဖိတ်ကြားစာ လာပို့ဖို့ကြုံကြိုက်သွားတယ်လေ..သူက မင်းနဲ့မတူဘူး..သူက အရေးကြီးတဲ့ ဧည့်သည်ပဲ"

မုန့်လန်ရော့က ဟွန့်ခနဲအသံထွက်လိုက်ပြီး "မင်း မကောင်းတာ တစ်ခုခု သတ္တိရှိရင်ပြောလိုက်နော်..လင်းကုန်းဇီ .သူက ကျွန်တော်နဲ့သိပ်မခင်တဲ့ သူငယ်ချင်း သူက တအားရွံစရာကောင်းပြီး သူ့စကားလုံးတွေက စိတ်ကျေနပ်ဖွယ်မရှိဘူး..သူ့ကို အာရုံစိုက်စရာမလိုဘူး"

ချီယန်ရှန့်က မုန့်လန်ရော၏ ဝေဖန်မှုများအား စိတ်ဆိုးခြင်းမရှိဘဲ ကျယ်ကျယ်လောင်လောင်ပင် ရယ်မောလိုက်ကာ လင်းရုဖေးထံ ဦးညွတ်ဂါ၀ရပြုလိုက်သည်။

"ကျွန်တော် ခွန်းလွန်လင်းမိသားစုအကြောင်း အများကြီးကြားဖူးပါတယ်...အခု ကုန်းဇီကိုဒီနေ့တွေ့လိုက်ရတော့ ကုန်းဇီက တကယ်ကိုပဲ ကျက်သရေရှိလှတယ်"

လင်းရုဖေးက ပြန်၍ အရိုအသေပေးလိုက်ပြီး "ချီးမွန်းလွန်းနေပါပြီ"

"ကုန်းဇီက တကယ်လို့များ လေးရှည်ကို ကြည့်ဖို့ စိတ်ဝင်စားမလားလို့ သိချင်မိပါတယ်"

ချီယန်ရှန့်က ပြုံးလိုက်ကာ ကမ်းလှမ်းလိုက်သည်။

"လင်းကုန်းဇီ...ကုန်းဇီမသိသေးတာဖြစ်မယ် ဒါပေမယ့် မုန့်မိသားစုရဲ့ လေးပစ်တာက တကယ်ကို လှပတယ်..ကုန်းဇီတို့လုပ်စရာမရှိရင် ဘာကြောင့် မုန့်လန်ရောကို သူ့အရည်အချင်းတွေ ပြသခွင့်မပြုရမှာလဲ"

သူက သိသိသာသာပင် ပြုံးနေပြီး သူပြောသည့်အရာမှာ မှားသည်မဟုတ်သော်ငြား လင်းရုဖေးက ချီယန်ရှန့်၏အသံထဲတွင် တမင်ဆွပေးနေသည့် အဓိပ္ပါယ်အား ကြားလိုက်နိုင်၏။

သူက သူ၏အပြုံးကို ထိန်းချုပ်လိုက်ပြီး အမူအရာမဲ့စွာ ကြည့်လိုက်ရင်း မကွဲပြားစွာပင် ဆိုလိုက်သည်။

"ချီကုန်းဇီရဲ့ လေးပစ်အရည်အချင်းတွေကိုလည်း သိချင်မိပါတယ်"

ချီယန်ရှန့်က ဝင့်ကြွားစွာပင် ဆိုလိုက်သည်။ " ရှင်းကျိုးမှာ ပြိုင်ဘက်ကင်းပဲလေ"

လင်းရုဖေးက တည်တည်ငြိမ်ငြိမ် ဆိုလိုက်၏။ "ဒါဆို ကြည့်လိုက်လို့ နာစရာမရှိပါဘူး"

သူက အနှီချီယန်ရှန့်က မည်သည်ကို အလိုရှိသည်အား အတိအကျ သိချင်မိ၏။


***


မုန့်လန်ရောက ချီယန်ရှန့်နှင့် လင်းရုဖေးကြားမှ ပြင်းအားကို ခံစားမိသော်ငြား မည်သည်ကြောင့် ချီယန်ရှန့်က လင်းရုဖေးအား ဒေါသနက်နက်ရှိုင်းရှိုင်း ထွက်နေသည်ကို နားမလည်တော့ချေ။သူက လင်းရုဖေးကို သူ့အစမနှင့် မိတ်ဆက်ပေးချင်သည်ကိုများ ရိပ်မိသွားသည်လား....။

မည်သို့ဆိုစေကာမူ လင်းရုဖေးက ကျော်ကြားသည့်မိသားစုမှလာသော်ငြား အနှီလင်းကုန်းဇီသည် ဓါးရေးလေ့ကျင့်ရန် အားနည်းလှကာ ထိုသူကမည်သည့် ဓားရေးကျွမ်းကျင်မှုမှမရှိကြောင်း မုန့်လန်ရောက ငယ်စဥ်ကပင် ကြားဖူးသည်။ ချီယန်ရှန့်ကဲ့သို့ ကျင့်ကြံခြင်းအဆင့်ခြောက်ရှိသည့်သူနှင့် သွားယှဥ်မည်ဆိုပါက စိတ်ကူးကောင်းမဟုတ်ပေ။

သူက ဤအကြောင်းအား တွေးမိသည်နှင့် မုန့်လန်ရောက လင်းရုဖေး၏အင်္ကျီထောင့်အနားစအား ဆုပ်ကိုင်လိုက်ရင်း ပြောလိုက်သည်။

"လင်းကုန်းဇီ...မိန်းမလှလေးတွေကို ကြည့်တာထက် ယောကျ်ားအရင့်အမာကြီးတွေ မြှားပစ်တာကို ကြည့်မှာက ဘာကောင်းမှာလဲဗျာ.."

"ယောကျာ်းကြီးတွေ မြှားပစ်တာက မလှဘူးဟုတ်လား"

ချီယန်ရှန့်က မုန့်လန်ရောကို အပြံးလေးနှင့်ကြည့်လိုက်ရင်း "သေချာလား"

မုန့်လန်ရောက မလုံမလဲဖြစ်စွာ ဆိုလိုက်သည်။ "အဲ့တာက မလှရုံလေးပဲ"

ချီယန်ရှန့်က မုန့်လန်ရောကို အာရုံမစိုက်တော့ပေ။

ထို့အစား သူက လင်းရုဖေးအားကြည့်ရန် ခေါင်းလှည့်လိုက်ပြီး : "လင်းကုန်းဇီက ကြည့်လိုက်လို့ နစ်နာသွားတာမရှိပါဘူးလို့ ပြောတယ်ဆိုတော့ သူက စိတ်ဝင်စားလို့ပဲလေ..မင်းက ဘာကြောင့် သူ့ဘေးကနေ နှောင့်ယှက်နေရတာလဲ"

မုန့်လန်ရောက ထပ်ပြီး တစ်ခုခုပြောချင်သော်ငြား မုန့်ယိုယွဲ့ထံမှ အပြစ်တင်သည့်အကြည့်တစ်ခုကိုလက်ခံလိုက်ရသည်။ သူမက ချီကုန်းဇီအား မရိုင်းပြရန်နှင့် မုန့်လန်ရောအား အားနာသွားပုံပေါ်ရန် ပြုလိုက်သည်။

သို့ရာတွင်မူ သူကတော့ လင်းရုဖေးအား မမြင်ချင်ပါက တွန်းအားပေးနေရန် မလိုကြောင်းကိုလည်း တိုးတိုးပြောနေဆဲပင်။

လင်းရုဖေးက ဖြေးဖြေးချင်း ခေါင်းညိတ်ပြလိုက်ပြီးနောက် သူနားလည်ကြောင်းပြောလိုက်၏။

လေးပစ်တောင်ကုန်းမှာ မြင်းခြံဘေးတွင်ရှိလင့်ကစား မြင်းခြံကဲ့သို့ အသက်မဝင်ပေ။ အထဲတွင်မူ သူတို့ မကြာခဏ အသုံးပြုလေ့ရှိပုံရသည့် ပစ်မှတ်များနှင့် လေးပစ်သည့် လေးများသာရှိသည်။

လင်းရုဖေးက သူသည် မနေ့က နောက်ကျောတွင် လေးရှည်လွယ်ထားသည့် မုန့်လန်ရောကို မြင်လိုက်ကြောင်း ပြန်လည်မှတ်မိလာသည်။ ဤသို့ဆိုလျှင် အနှီကောင်လေးက လေးပစ်ခြင်းအတတ်အား အမှန်ပင် စိတ်ဝင်စားပုံပေါ်သည်။

အနှီချီယန်ရှန့်မှာ သိသာစွာပင် မုန့်မိသားစု၏ ပုံမှန်ဧည့်သည်တစ်ယောက် ဖြစ်ကာ တောင်ကုန်းရှိ အစောင့်များက သူလာသည်အား တွေ့ရာတွင် သူ့အား မေးမြန်းခြင်းမပြုသည့်အပြင် သူတို့က အသစ်လုပ်ထားသည့် လေးရှည်ကိုပင် ယူလာပေးကြသေးသည်။

လေးမှာ အလွန်ပင် လှပသည်။ ယင်းက နူးညံ့သည့် တိရစ္ဆာန်အရေအကွက်များနှင့်ပြုပ်လုပ်ထားပြီး အနီရောင်အဆင်းရှိလေသည်။ ပထမဆုံးအကြည့်မှာပင် ယင်းက သိမ်မွေ့သည့်လက်ရာနှင့် တူသော်ငြား အလွန်ပင် လေးလံမည့်ပုံပေါ်နေ၏။ အစေခံသုံးယောက်မမှရသည့် ယင်းအားလက်တစ်ဖက်တည်းဖြင့် အလွယ်တကူမ နိုင်သည့် ချီယန်ရှန့်ဆီသို့ ယူလာကြသည်။

သူက ရယ်မောလိုက်ရင်း : " ရင်းသားက ရှားပါးတယ်..ပြီးတော့ နှစ်တစ်သောင်းရှိတဲ့ ရင်းသားက ပိုပြီးရှားပါးတယ်..ဒီလေးကိုလည်း ရှားပါးပစ္စည်းလို့ သတ်မှတ်ရမယ် ..လင်းကုန်းဇီက စမ်းကြည့်ချင်မလားလို့ သိချင်မိတယ်"

မုန့်လန်ရောက ဤသည်ကို ကြားသည့်အခါ ထိတ်လန့်သွားပြီး ဒေါသတကြီးဖြင့် ဆဲဆိုတော့သည်။

"ချီယန်ရှန့် မင်းဘာတွေ ပေါက်ကရပြောနေတာလဲ..လင်းကုန်းဇီ..."

သူက လင်းကုန်းဇီသည် အားနည်းသည့်ကိုယ်ခန္ဓာရှိသည် ဟုပြောချင်ပါသော်လည်း ဤစကားလုံးများက သူ၏လျှာဖျားသို့ ရောက်လာချိန်တွင် ယင်းမှာ စော်ကားရာရောက်သည်ဟု ခံစားမိသဖြင့် : " လင်းကုန်းဇီက မင်းလို လူမျိုးကြိုက်တဲ့အရာတွေနဲ့ ကစားမှာမဟုတ်ဘူး"

ချီယန်ရှန့်က ရယ်မောလိုက်ပြီး : "လင်းကုန်းဇီက ဘာမှတောင် မပြောရသေးဘူး ..မင်းက ဘာလို့ အရမ်း ဒေါသထွက်နေရတာလဲ"

သူ၏အသံမှာ ရယ်မောနေသော်ငြား သူ၏မျက်လုံးများတွင် ရယ်မောနေသည့် လက္ခဏာမရှိပေ။ ထို့အစား သူ၏မျက်လုံးများက လင်းရုဖေးထံမှ တုံ့ပြန်ချက်ကိုစောင့်နေဟန်ဖြင့် စူးစူးရှရှကြည့်နေလေ၏။

"အာ ချီယန်ရှန်[1]ဟုတ်လား...တော်တော်ကျက်သရေတုံးတဲ့နာမည်ပဲ"

လင်းရုဖေးနဘေးတွင် တစ်ချိန်လုံးမည်သည်မှ​ဆိုလာခြင်းမရှိသေးသည့် ကုရွှမ်းတုက ရုတ်တရက်ပင် ပါးစပ်ဟလာပြီး သူ၏အသံနေအသံထားမှာမူ အတော်အတန် အေးစက်နေလေသည်။

"ရှောင်ကျို့..မင်းလက်ခံနိုင်တယ်"

လင်းရုဖေးက ကုရွှမ်းတု ပြောစကားအား နားထောင်လိုက်သည်။သူက ချီယန်ရှန့်ဘက်သို့ လှည့်ကြည့်လိုက်ကာ ဆိုလိုက်၏။

"စမ်းကြည့်လိုက်လို့ ဆုံးရှုံးသွားစရာ မရှိပါဘူးလေ"

ချီယန်ရှန့်က ရယ်မောလိုက်ရင်း : "တစ်ယောက်တည်း လေးပစ်ရမှာက အမြဲတမ်း ပျင်းစရာကောင်းတယ်..ဒါဆို ဘာကြောင့် ကျွန်တော်တို့ ဒီအခွင့်အရေးကို ပြိုင်ပွဲအဖြစ် မသတ်မှတ်ရမှာလဲ..လင်းကုန်းဇီ"

မုန့်လန်ရောက ဤသည်ကို ကြားသောအခါ သူက တစ်ခုခုအား တားဆီးချင်နေပုံပေါ်နေ၏။ သို့သော်လည်း သူက တားမြစ်သံမထွက်ရသေးမီအချိန်တွင် လင်းရုဖေးက အေးစက်စွာ စကားလုံးများအားထုတ်ပြောလာသည်ကို ကြားလိုက်ရသည်။

"ဘယ်လိုမျိုးများ ယှဥ်ပြိုင်ချင်တာပါလဲ"

ချီယန်ရှန့်က သူ၏လက်ကို မြှောက်၍ တောင်ကုန်းဆီညွှန်ပြလိုက်သည်။

"ကျွန်တော့်မှာ ကောင်းကင်ပေါ် ခိုတစ်အုပ်လွှတ်မယ့်သူတစ်ယောက်ယောက် ရှိလိမ့်မယ်... ကျွန်တော်တို့ တစ်ယောက်ချင်းစီက မြားသုံးချောင်းစီရမယ်..ကြည့်ကြတာပေါ့..ခိုတွေကို ဘယ်သူက များများပစ်ချနိုင်မလဲလို့...."

"လင်းကုန်းဇီ..သူနဲ့လိုက်ယှဥ်မနေပါနဲ့.."

မုန့်လန်ရောက အလောတကြီးဆိုလာ၏။ "ဒီကောင်က လေးအတတ်မှာဆို တအား အားကောင်းတာ"

သို့ရာတွင်မူ ထိုစကားလုံးများမှာ နောက်ကျသွားချေပြီ။ လင်းရုဖေးက အကြောင်းအရာများအား ခေါင်းညိတ်ပြီးဖြစ်နေလေသည်။

ချီယန်ရှန့်က တစ်ဖန်ပြုံးလိုက်ပြီး ဤအပြုံးမှာ မုန့်လန်ရောအား အလွန် မနှစ်မြို့စေသည်။ သူ၏နှလုံးသားထဲတွင် သူ၏အစ်မရှေ့တွင်ရှိနေသော ဤလူအား ဆိုးဆိုးဝါးဝါးအရာများပြောရန် အချိန်ရှာရမည်ဟု တွေးလိုက်သည်။ သူ့အား သူ၏ယောက်ဖ ဖြစ်လာခွင့်ပြုမည် မဟုတ်ပေ။

ခိုလှောင်အိမ်များအား အစေခံများမှ သယ်လာပြီး လေးပစ်ကုန်း၏ အလယ်တွင် ထားလိုက်သည်။

ချီယန်ရှန့်က သူ၏လက်ကိုမြောက်လိုက်ပြီး လေးကိုဆွဲတင်လိုက်သည်။ သူက လေထဲသို့ ချိန်ရွယ်လိုက်ကာ အသက်ရှူသံဖြင့် ပြောလိုက်သည်။ "လွှတ်လိုက်"


....

Translated By IQ-Team.