Chapter 48
လေးအား ဆွဲတင်ခြင်း
စကားသံထွက်လာသည်နှင့် အစေခံများက ခိုလှောင်အိမ်ကို ဖွင့်လိုက်ပြီး ခိုများကို ကောင်းကင်ဆီသို့ တောင်ပံခတ်သွားစေသည်။ချီယန်ရှန့်က ပြုံးလိုက်ပြီး လေးကြိုးကို တိကျသည့် လှုပ်ရှားမှုဖြင့် လွှတ်လိုက်သည်။ မြှားတံမှာ ကောင်းကင်ဆီသို့ ပစ်လွှတ်လိုက်ရာ အဖြူရောင်သက်တံအဖြစ် ပြောင်းသွားလေသည်။ ခိုအုပ်ဆီသို့ တည့်တည့်ဦးတည်သွားသော မြားတံမှာ အလင်းတန်းကဲ့သို့ မယှဥ်နိုင်လောက်အာင်ပင် မြန်လွန်းလှသည်။ မကြာမီအချိန်အတွင်းတွင် ကောင်းကင်တစ်ခွင်တွင် မျက်စိကျိန်းစေမည့် အလင်းတန်းများနှင့် ပေါက်ကွဲသွားခဲ့ကာ မြှားတံများ ပြန်၍ကျလာသည်။ ယခုအချိန်တွင်မူ အရောင်သုတ်ထားသည့် မြားတံတွင် နှင်းဖြူရောင်ခိုများ အပြည့် ဖြစ်နေ၏။
ချီယန်ရှန့်က မြှားသုံးချောင်းအား အတန်းလိုက် မြန်မြန်ဆန်ဆန် အောင်မြင်စွာ ပစ်နိုင်ခဲ့ပြီး သုံးချောင်းအားလုံးတွင် ပမာဏတူသည့် ငိုများကိုထိမှန်ခဲ့သည်။ မြှားသုံးချောင်းအား ပစ်ပြီးသည်တွင် အစေခံများက ကွင်းလယ်သို့ ပြေးသွားကာ ခိုများနှင့်အတူ မြှားတံများကို ကောက်ယူလာခဲ့၏။
"ချီကုန်းဇီက စုစုပေါင်း ခိုတစ်ဆယ့်ငါးကောင် ပစ်လိုက်ပါတယ်..မြှားတစ်ခုစီမှာ ငါးကောင်ရှိပါတယ်"
အစေခံက အရိုအသေပေးကာ တင်ပြလာသည်။
"ဖြုန်းတီးတာပဲ"
မုန့်လန်ရောက အမှားရှာရန် ကြိုးစားကာ ဘေးတွင်ရပ်နေသည်။
"ငါ့အစ်မကိုပို့ပေးလိုက်ပြီး ချီကုန်းဇီက ခိုတွေကို စွပ်ပြုတ်လုပ်ဖို့ ပစ်လိုက်တယ်လို့ပြောလိုက်"
ချီယန်ရှန့်က သူ၏စကားလုံးများအား စိတ်မဆိုးသွားသည့်အပြင် ပြုံးရုံသာပြုံးကာ မုန့်လန်ရော၏စကားအား နာခံရန် အစေခံများအား လက်ပြလိုက်သည်။
ထို့နောက်တွင် သူက လင်းရုဖေးထံကြည့်လိုက်သည်။
သူက လက်မြောက်လိုက်ပြီး လေးအား လင်းရုဖေးထံကမ်းလိုက်၏။ "လင်းကုန်းဇီ..ကျေးဇူးပြုပြီး"
လင်းရုဖေးက လေးကိုယူရန် လက်လှမ်းလိုက်လေသည်။
လေးမှာ လေးသင့်သော်ငြား လင်းရုဖေးက လွယ်လွယ်ကူကူပင် ကိုင်ထားနိုင်ပေသည်။
သူက လေးကြိုးအား ဆွဲလိုက်ဟန်ပြုနေချိန်တွင် ကုရွှမ်းတုက သူ၏နားအနားသို့ တိုးတိုးလေးကပ်ပြောရင်း နောက်တွင် ကပ်လျှောက်လာ၏။
"လေးဘယ်လိုပစ်ရမလဲ သိလို့လား"
လင်းရုဖေးက သူ့ခေါင်းအား ဖြေးညှင်းစွာ ခါပြလေသည်။
"ဘယ်လိုလုပ်ရမလဲ မင်းမသိရင်လည်း ကိစ္စမရှိပါဘူး"
ကုရွှမ်းတုက ဆိုသည်။ "ဒီလို ပစ္စည်းမျိုးက ကလေးတွေ ကစားဖို့အတွက်ပဲ"
သူက ဤသို့ဆိုပြီးသည်နှင့် လင်းရုဖေး၏ကိုယ်လေးထံ တိုးကပ်လာကာ သူ၏လက်အား လင်းရုဖေး၏လက်ပေါ်သို့ တင်လိုက်သည်။
"ကိုယ်မင်းကို တစ်ကြိမ်သင်ပေးမယ်...ပြီးရင် ဘယ်လိုလုပ်ရမလဲဆိုတာ မင်းသိသွားလိမ့်မယ်"
ထို့အတူ သူက လင်းရုဖေးအား မြှားကိုယူရန် ပြောလိုက်သည်။သူက လေးအားဆွဲတင်ရမည့် နည်းအား တိုးတိုးပြောလိုက်ကာ သူ၏ကိုယ်ဟန်အားထိန်းညှိပေးကာ အလိုက်သင့်နေနိုင်ရန် ကူညီလိုက်သည်။
ချီယန်ရှန့်က လင်းရုဖေး၏မြှားကို ဆွဲတင်နေသည့် သွင်ပြင်အားကြည့်လိုက်ရင်း အနည်းငယ် မျက်မှောင်ကြုပ်သွား၏။ လင်းရုဖေးက ပထမဆုံး သူ၏လေးနှင့်မြားအား ကောက်ယူလိုက်သည်တွင် သူ၏ကိုယ်ဟန်က အတော်အတန်ပင် လက်သင်တစ်ယောက်နှင့်တူပြီး လေးပစ်ခြင်းနှင့်ပတ်သက်၍ မည်သည်မှမသိသည့် ပုံပေါ်နေသည်ဟု ပြောရမည်ဖြစ်သော်လည်း တဖြည်းဖြည်းဖြင့် သူ၏ကိုယ်ဟန်က အမှားများကိုပြင်ဆင်နေသည့် မမြင်နိုင်သည့်လူတစ်ယောက် ရှိနေသကဲ့သို့ စတင်ပြောင်းလဲလာ၏။
"မင်းရဲ့ ပုခုံးတွေကို ဖြည်းဖြည်းချင်း နိမ့်လိုက်"
သူ၏ပုခုံးများမှာ အောက်သို့ ညင်ညင်သာသာ ဖိချခြင်းခံလိုက်ရသည်။
"ရှေ့တည့်တည့်ကိုကြည့်" သူ၏ မေးစေ့အား တစ်ဝက်ခန့်မော့ကြည့်ရန် ညင်ညင်သာသာ ပင့်မခြင်းခံရပြန်သည်။
"ဆွဲအားရဲ့ ဗဟိုက ခြေထောက်နှစ်ခုကြားမှာရှိရမှာ ပြီးတော့ ခါးကိုမပျော့ရဘူး..." သူ၏ခါးမှာ ဖမ်းဆုတ်ခြင်းခံလိုက်ရသည်။
"မင်းသာ ကြိုးကို လွှတ်လိုက်ရင် ပြန်လှည့်စရာ လမ်းမရှိတော့ဘူး..ဒါက ပထမဆုံးမြှားပဲ..အမြန်မလိုဘူး..လာ.."
ခိုများ၏တောင်ပံခတ်သံကို တဖန်ကြားလိုက်ရသည်။ လင်းရုဖေးက လေးကြိုးကိုဆွဲထားသည့် သူ၏ညာလက်အား ပြေလျော့လိုက်ကာ ပထမဆုံးမြှားအား ပြတ်ပြတ်သားသား ပစ်လွှတ်လိုက်သည်။
သို့ရာတွင်မူ မြှားတံမှာ ကောင်းကင်ယံသို့ "ဝူး"ခနဲပစ်ခြင်းခံလိုက်ရပြီး ခိုအုပ်အား ဖြတ်ကျော်ကာ လူစု၏မျက်လုံးများ လိုက်ပါနေသည့်အကြည့်အောက်တွင် မိုးပြာရောင် ကောင်းကင်ထဲသို့ တိုး၀င်ပျောက်ကွယ်သွားလေသည်။
ကွင်းမှာ တိတ်ဆိတ်သွားလေသည်။ မြေကွက်လပ်တွင် ခိုမွေးတစ်ခုမျှရှိမနေချေ။
ချီယန်ရှန့်က လက်ထုတ်လိုက်ပြီး သူ၏ပါးစပ်အား ဖွဖွ အုပ်လိုက်လေသည်။
အလွန်မြန်ဆန်စွာဖြင့် သူ၏နှုတ်ခမ်းမှထွက်လာမည့် ရယ်မောသံအား ဖုံးဖိရန် ချောင်းခြောက်တစ်ချက်ဆိုးလိုက်ရင်း ဆိုလာ၏။
"ကောင်းမွန်တဲ့ပစ်ချက်ပဲ...ဒါပေမယ့် တိကျမှုက နဲနဲဆိုးနေတယ်"
မုန့်လန်ရောက စိုးရိမ်လာပြီး ချီယန်ရှန့်ဆိုသည့်လူမှာ ပိုပိုပြီးစိတ်ပျက်ဖွယ်ကောင်းကြောင်း ခံစားနေရသဖြင့် မုန်းတီးမှုအပြည့်နှင့် စိုက်ကြည့်ပစ်လိုက်သည်။ သူ့အတွက် ကစားဖော်တစ်ယောက်ရှာရန် မလွယ်ကူကာ ယခုတွင် သူ့ကြောင့် ပျက်ဆီးသွားချေပြီ။ လင်းရုဖေးသာ ရှက်ကိုးရှက်ကန်းဖြင့် ပြိုင်ပွဲအား ရှုံးသွားရပါက သူသည် မုန့်မိသားစုနှင့် အတူနေချင်စိတ်ရှိတော့မည်မဟုတ်ပေ။ ထို့အပြင် အနှီချီယန်ရှန့်သည်လည်း မုန့်မိသားစု၏ ဧည့်သည်များထဲမှတစ်ယောက် ဖြစ်နေသည်ပင်။
လင်းရုဖေးက သတိထားမိပုံမပေါ်ဘဲ ထိုအစား အပြုံးတစ်ခုအား ပြသလာ၏။
"ရိုးရိုးသားသားပြောရရင် ငယ်ငယ်ကတည်းက အားနည်းနေခဲ့တာဆိုတော့ လေးပစ်တာကို တစ်ခါမှမလေ့ကျင့်ဖူးဘူး"
"ဟမ်..အရင်က တစ်ခါမှ မလေ့ကျင့်ဖူးဘူးလား"
မုန့်လန်ရောမှာ အံ့အားသင့်သွားသည်။ သူက ချီယန်ရှန့်၏ အနှစ်သက်ဆုံးလေးအား ကောင်းစွာ နားလည်ပြီး သာမန်လူများက ယင်းအား မြှားဖြင့် တစ်ယောက်တည်းဆွဲကာ ပစ်နိုင်မည်မဟုတ်ချေ။ ဤသည်သာ လင်းရုဖေး၏ပထမဆုံးအကြိမ် မြှားပစ်ခြင်းဖြစ်ပါက သူက ခိုအား မပစ်နိုင်စေကာမူ ဤအဆင့်မှာ အလွန်ပင် မယုံနိုင်စရာကောင်းနေပြီးဖြစ်သည်။
ချီယန်ရှန့်၏အပြုံးများမှာ ပျောက်ကွယ်သွားလေပြီ။ သူက လင်းရုဖေး၏စကားလုံးများအား ယုံကြည်သည်မှာ လင်းရုဖေးက လေးနှင့်မြားအား ယူလိုက်သည့် ထိုခဏတွင် သူက ယခင်က မလေ့ကျင့်ဖူးသည့် လက်သင်တစ်ယောက်နှင့် အမှန်ပင် တူနေသောကြောင့်ပင်။
"ကျွန်တော် ဒီနေ့ စမ်းကြည့်ဖို့ အခွင့်အရေးရတာနဲ့စမ်းကြည့်ကြည့်တာ မထင်မှတ်ထားဘူး အဲ့တာက အရမ်းစိတ်ဝင်စားစရာကောင်းမယ်လို့..."
လင်းရုဖေးက သူ၏ပုခုံးများအား ဖြေးဖြေးချင်း တွန့်လိုက်မိသည်။
ကျောင်းကောင်ကြောင့် ဖြစ်သည့် ဒဏ်ရာမှာ အရှင်းမပျောက်သေးသောကြောင့် ထိုနေရာလေးမှာ အတော်အတန် နာနေဆဲပင် : "ကျွန်တော်က ကိုယ့်လူတို့ကို မကျွမ်းကျင်တာကို ပြလိုက်ရတယ် ကျေးဇူးပြု၍ မရယ်လိုက်ကြပါနဲ့"
"ရယ်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် ခွေးတစ်ကောင်ပဲ"
မုန့်လန်ရောက လင်းရုဖေးအား အလွန်ပင် မျက်နှာသာပေးချင်ကာ ချီယန်ရှန့်ဘက်သို့ အကြည့်တစ်ချက်လေးပင် ပစ်လွှတ်လိုက်သေး၏။
ချီယန်ရှန့်က တိတ်ဆိတ်နေဆဲပင်။ စကားတစ်ခွန်းမျှမဆိုသည့်အပြင် သူက လင်းရုဖေးထံ ဒုတိယမြှားအား ကမ်းပေးလိုက်လေသည်။
__ __ ___
လင်းရုဖေးက အသက်ပြင်းပြင်း တစ်ချက် ရှူထုတ်လိုက်ပြီးနောက် မြှားအား လက်ခံလိုက်သည်။
ကုရွှမ်းတုက လင်းရုဖေး၏ပုခုံးများကို ပြန်၍ဆုပ်ကိုင်လိုက်ပြီး နူးညံ့သော အသံဖြင့် ညွှန်ကြားလိုက်သည်။
"မင်းအခုလေးတင် ပစ်လိုက်တာက တကယ်ကောင်းတယ်..ဒါပေမယ့် မင်းအာရုံစိုက်ဖို့ လိုတဲ့ တခြားအချက်တွေရှိနေသေးတယ်.."
လင်းရုဖေးက နားလည်ကြောင်း အသံထွက်လိုက်သည်။
ကုရွှမ်းတုက ဆိုသည်။
"မင်းလေးကို ဆွဲလိုက်တုန်းက မင်း ပစ်ချင်တဲ့ ပစ်မှတ်ကိုချိန်ဖို့ သိရမှာ..မင်း လေးကို ဆွဲလိုက်တဲ့ တိကျမှုက အရေးကြီးဆုံးပဲ...ဒီခိုတွေက ပျံတာမြန်တယ်..သူတို့ရဲ့အမြင့်ကိုပျံလာတဲ့နေရာကို မင်းက လက်ဦးမှုရဖို့လိုတယ်..ဟုတ်တာပေါ့ မြှားကသာ မြန်နေရင် မင်းအများကြီးစဥ်းစားစရာမလိုနေတော့ဘူး"
ချီယန်ရှန့်ကဲ့သို့ပင် ဖြစ်သည်။ သူက ခိုများ မပြန့်ကျဲသွားမီ မြားအားပစ်လိုက်ခြင်းပင်။ မြှားတစ်ချောင်းစီတွင် ငါးကောင်ဖြတ်ပြီး လုပ်ကိုင်ရန်မှာမဖြစ်နိုင်သည့် အရာမျိုးမဟုတ်ချေ။
"လာ..မင်းကိုယ်က တအား တောင့်မနေရဘူးလေ...ဟုတ်ပြီ..ဟုတ်ပြီ..ဒီလိုမျိုးပဲ.."
ကုရွှမ်းတုက လင်းရုဖေး၏လက်များအား ဆုပ်ကိုင်လိုက်ပြီး သူ၏အမှားများအား နည်းနည်းစီ ပြင်ပေးလေသည်။
"ရှောင်ကျို့..ကောင်းကောင်းလုပ်"
"ပစ်တော့" ဒုတိယမြှားမှာ လေးမှ လွတ်ထွက်သွားချေပြီ။ ကုရွှမ်းတု၏လမ်းညွှန်မှုကိုရပြီးနောက် ဤမြှားသည် လမ်းတစ်ဝက်တွင် သူ၏တောင်ပံများအား ခတ်ကာပျံသန်းနေသည့် ခိုဖြူတစ်ကောင်အား ထိမှန်သွားလေ၏။
ခိုဖြူတစ်ကောင်ကျလာသည်အား ကြည့်ရင်း လင်းရုဖေးက အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ အနည်းဆုံး သူသည် ထပ်၍မရှုံးခဲ့ပေ။ သူက ခွန်းလွန်အတွက် မျက်နှာကို ကယ်လိုက်နိုင်ရုံလေးပင်။
ချီယန်ရှန့်သည်လည်း လင်းရုဖေးကဲ့သို့ စိတ်သက်သာရာရသွား၏။ သူက လင်းရုဖေးမှာ အမှန်ပင် လေးပစ်ခြင်းတွင် တော်ခြင်းမရှိသည်အား မြင်နိုင်ပြီး လင်းရုဖေးက နောက်ဆုံးတွင် တစ်ခုခုကိုထိအောင်ပစ်လိုက်နိင်ခြင်းကြောင့် သူ၏အရာခပ်သိမ်းပင် ပေးလိုက်တော့မည့်ပုံပေါ်အောင် ပျော်ရွှင်နေလေသည်။
မုန့်လန်ရောက စက်ဝိုင်းပုံစံလျှောက်နေရင်းဖြင့် စိတ်တိုလာမိသည်။ သူက သူ၏အမေဆီမှ အရိုက်ခံရမည်အား မကြောက်ပါက သူသည် ဓါးအားဆွဲထုတ်ကာ ချီယန်ရှန့်ထံ ပြေးသွားမည်ဖြစ်သည်။ အနှီချီယန်ရှန့်က လေးပစ်ရာတွင် ပိုကောင်းသော်လည်း ဓါးရေးတွင် ဆိုးဝါးလေသည်။ တစ်ကြိမ်ပြီးတစ်ကြိမ်ပြန်၍ သူ(QYS)က သူ့(MLR)ထံမှ အဆက်မပြတ် ချေမှုန်းထုထောင်းခံရမည်မှာသေချာပေါက်ပင်ဖြစ်၏။
ဒုတိယမြှားအား ပစ်လိုက်ပြီးချိန်တွင် ကုရွှမ်းတုက လင်းရုဖေးအား တတိယမြှားအား ယူခွင့်ပြုလိုက်ကာ အထွန့်တက်လေ၏။
"ကိုယ်ဒီလို ကလေးတွေနဲ့ကစားရတဲ့ဟာကို မုန်းတာအဲ့ဒါကြောင့်ပဲ..အဲ့တာ အရမ်း စိတ်အနှောင့်အယှက်ဖြစ်ရတယ်"
လင်းရုဖေးက ရိုးရှင်းစွာ ရယ်မောလိုက်မိသည်။
"ဒါပေမယ့် ကလေးတွေကလည်း သင်ခန်းစာအချို့ပေးတာ ခံရသင့်တယ်"
ကုရွှမ်းတုက သရော်လိုက်ကာ : "သူတို့က ကောင်းကင်နဲ့မြေကြီးရဲ့ဘယ်လောက်ကြီးမားလဲဆိုတာကို မသိမှာစိုးလို့..."
သူက အသံကိုတိုးဖျော့လိုက်ရင်း အေးစက်နေသည့် အသံဖြင့် ဆိုလာ၏။
"လာ...သူတို့ကို စစ်မှန်တဲ့ မျှားပစ်ခြင်းဆိုတာ ဘာလဲဆိုတာကို ထိတွေ့စေလိုက်ရအောင်" “
သူ၏စကားလုံးများ ထွက်ကျလာပြီးနောက် လင်းရုဖေးက လက်ထဲရှိလေးကြိုးကို လွှတ်လိုက်ပြီး နောက်ဆုံးသောမြှားကို ပစ်လွှတ်လိုက်လေသည်။ နားအားထိုးဖောက်သွားလုမတတ်အသံကျယ်ကြီးကို ပြုလုပ်ပြီးနောက် ယင်းမှာ အမှန်ပင် လေထဲ၌ ပျောက်ကွယ်သွားလေသည်။
"မြှားက ဘယ်ရောက်သွားတာလဲ"
မုန့်လန်ရောက ဗလာဖြစ်စွာ မေးလိုက်သည်။
ချီယန်ရှန့်၏မျက်နှာက ဟန်ပါပါဖြင့် မာနကြီးနေဟန်မှ သံသယများနှင့်ပြည့်နေသည့်ပုံစံသို့ ပြောင်းလဲသွားလေ၏။
"ဒါ...ဘယ်လိုလုပ်ပြီး.."
နေရာအနှံ့ ပျံ့နှံ့ပျံသန်းသွားပြီးဖြစ်သော ကောင်းကင်မှခိုများက မြေပြင်ပေါ်သို့ မကျမီ သွေးနီပန်းများအဖြစ် ပေါက်ကွဲထွက်ကုန်၏။ သူတို့ထဲမှ တစ်ကောင်မှ အသက်ရှင်မနေတော့ချေ။
မြှားတံကမူ အဆုံးမရှိသည့် ကောင်းကင်ထဲသို့ တိုး၀င်ပျောက်ကွယ်သွားသကဲ့သို့ ပျောက်ဆုံးနေဆဲဖြစ်၏။
"ခိုတွေက ဘယ်လိုလုပ်ပြီး အကုန်သေသွားတာလဲ"
မုန့်လန်ရောက မယုံသင်္ကာအပြည့်ဖြစ်နေမိသည်။
ချီယန်ရှန့်က လင်းရုဖေးအား ကြည့်ရန် ခေါင်းလှည့်လာ၏။
လင်းရုဖေး၏ မျက်နှာက မပြောင်းလဲဆဲဖြစ်ကာ သူ၏လက်ထဲရှိလေးကိုမူ သူ့နဘေးရှိစားပွဲပေါ်သို့ သာမန်ကာလျှံကာဖြစ်နေဟန်ဖြင့် ထားလိုက်ပြီးဖြစ်ပေသည်။ သူက လေးက အလွန်ပင် လေးသည်ဟူ၍ခံစားနေရသဖြင့် လက်ကောက်ဝတ်အား ညင်ညင်သာသာပွတ်လိုက်လေ၏။
"မြှားတံက ချီဓါးနဲ့ ရစ်ပတ်ထားတာ"
ချီယန်ရှန့်က မုန့်လန်ရော၏အမေးအား ပြန်ဖြေလိုက်သည်။
"ချီဓါး....ဒါပေမယ့် လင်းကုန်းဇီကမ...."
မုန့်လန်ရောက ဓါး၏အသုံးပြုပုံအား မသိပါဟူ၍ပြောချင်သော်ငြား မကြာမီ ထိုစကားလုံးများအား မျိုချလိုက်ရသည်။
ချီယန်ရှန့်က လင်းရုဖေးအား လေးလေးနက်နက် စိုက်ကြည့်လိုက်ပြီး ထိုအကြည့်မှာ လင်းရုဖေး၏ကိုယ်အား အပေါက်ဖြစ်သွားစေတော့မည့်နှယ်။ မုန့်လန်ရောက နားမလည်သော်လည်း သူ(QYS)က ကောင်းကောင်း နားလည်ပေသည်။ လေးတစ်လတ်က ချီဓါးဖြစ်လာနိုင်သည့် အကြောင်းရင်းမှာ လက်ထဲရှိ လက်နက်အားအမှုမထားကာ ဓားအပေါ်ယုံကြည်ခြင်းကြောင့်သာ ဖြစ်လာခြင်းပင်။ အတိတ်ကစ ယခုထိတိုင် ချီဓားအားထုတ်သုံးရန် အခြားအရာများကို သုံးနိုင်သည့် လူမှာ အနည်းငယ်သာရှိသေး၏။
သူက မြှားတံအပေါ် ချီဓါးနှင့်ပူးတွဲမသုံးနိုင်မီအချိန်အထိ နှစ်ပေါင်းနှစ်ဆယ်ထက်မနည်း လေ့ကျင့်ခဲ့ရသည်။ သို့သော်ငြား အနှီ လင်းရုဖေးမှာမူ သူ့ကိုယ်ထက်တွင် ရှင်းလင်းစွာဖြင့် ဓါးရေးမတတ်ပါဟု ရေးထိုးထားလုမတတ်ဖြစ်နေပေသည်။
လေထုက တိတ်ဆိတ်သွားချိန်တွင် အစေခံက လင်းရုဖေးပစ်လိုက်သည့် ခိုများကို ယူလာနှင့်လေပြီ။ ရေတွက်ပြီးနောက်တွင် တစ်ဆယ်သုံးကောင်သာရှိလေသည်။ ချီယန်ရှန့်ထက် နှစ်ကောင်နည်းပြီး ဤပြိုင်ပွဲတွင် သူရှုံးသည်ဟု သတ်မှတ်၍ရသည်။
သို့သော်လည်း သူတို့၏အမူအရာအား ကြည့်ခြင်းဖြင့် ရှုံးသွားသောသူမှာ ချီယန်ရှန့်ဖြစ်ပုံရသည်။
လင်းရုဖေးက လက်ဆန့်ထုတ်လိုက်ပြီးနောက် သူ၏ပါးစပ်အား အုပ်လိုက်လေသည်။ သူက ပြင်းထန်စွာ ချောင်းဆိုးနေပြီး သူ၏အဝတ်အစားများမှာ လေညင်းအသွဲ့အလိုက် ယိမ်းနွဲ့နေသည်။ သူက လေပြည်လေးကပင် သူ့အားလွှင့်သွားစေမည့်နှယ် အားနည်းနေ၏။
မုန့်လန်ရောက ရှေ့သို့တိုးလာ၍ အသက်ရှူရ သက်သာလာစေရန် သူ၏နောက်ကျောအား ပုတ်ပေးလာသည်။ သူက အစေခံတစ်ဦးအား လက်ဖက်ရည်ပူပူလေးတစ်ခွက်ယူလာရန် အမိန့်ပေးလိုက်သည်။
လင်းရုဖေးက လက်ဖက်ရည်ပူပူလေးအား သောက်လိုက်ပြီးနောက် နည်းနည်းပိုကောင်းလာသည်ဟု ခံစားမိသဖြင့် သူသက်သာကြောင်းပြရန် လက်ယမ်းပြလိုက်သည်။
"ချီယန်ရှန့်..မင်းက ပြသနာရှာရတာ တကယ်ကြိုက်ပုံရတယ်...လင်းကုန်းဇီက ငါတို့မုန့်အိမ်တော်ကို အားပြန်ဖြည့်အောင်လို့ရောက်လာတာ...ဒါကို မင်းက သူ့ကို မြှားပစ်ပြိုင်ဖို့ခေါ်လာတယ်"
မုန့်လန်ရောက ဒေါသတကြီးဖြင့် ဆိုလိုက်၏။
"ငါ့အစ်မကို မင်းနဲ့ လုံး၀စိတ်မချနိုင်တော့ဘူး"
"အားပြန်ပြည့်ဖို့..."
ချီယန်ရှန့်က အံ့အားသင့်သွားမိပြီး : "လင်းကုန်းဇီက နေမကောင်းဘူးလား.."
"သာမန်အဖျားလေးပါ"
လင်းရုဖေးက ဆိုလိုက်၏။ "ဒါပေမယ့် ပိုပြီးအနားယူဖို့ လိုအပ်နေတုန်းပဲ..ကောင်းကောင်းမသက်သာသေးဘူး..ဒါကြောင့် ကျွန်တော် နားဖို့ အခန်းပြန်လိုက်ပါအုံးမယ်"
မုန့်လန်ရောက လင်းရုဖေးအား ပြန်ပို့ပေးချသည့်အကြောင်း တိုက်တွန်းစကားဆိုလာ၏။ လင်းရုဖေးက ခုခံခြင်းမပြုဘဲ သူကျေနပ်သလို လုပ်ရန်သာ ခွင့်ပြုထားလိုက်သည်။
ချီယန်ရှန့်က သူတို့နှစ်ယောက်လုံး လမ်းလျှောက်ထွက်သွားကာ ရှုခင်းထဲသို့ ပျောက်ကွယ်မသွားမီအထိ စောင့်ကြည့်နေမိပြီး ထိုနေရာ၌ပင် ဆက်ရပ်နေလေသည်။
သူ၏မျက်နှာမှာမူ မကြည်မလင် ဖြစ်နေကာ ထိုနေရာရှိ အစေခံများအား အေးစက်စွာ ကြည့်လိုက်ပြီးနောက် မျက်လုံးများမှာ စားပွဲပေါ်တွင် တင်ကျန်နေခဲ့သည့် လေးရှည်အား ငုံ့ကြည့်လိုက်၏။
"သခင်မကြီးကို ချီယန်ရှန့်က တွေ့ချင်ပါတယ်လို့ သတင်းပို့လိုက်"
မုန့်လန်ရောမှာ လင်းရုဖေးအား အခန်းဆီသို့ပြန်ပို့ပေးပြီးသည်နှင့် လင်းရုဖေးက အနားယူတော့ဖြစ်တာကြောင့် ဂုဏ်ယူမှုအပြည့်ဖြင့်ပင် ပြုံးရွှင်စွာပြေးထွက်လာ၏။
_ ____
Translated By IQ-Team.