အပိုင်း၁၂
Viewers 25k

Chapter 12

Chapter 12





လင်းလော့ချင်းက အဖေကျိ ထွက်သွားသည်ကို မြင်လိုက်ရသောအခါ ကျိယွီရှောင်ကို ငုံ့ကြည့်လိုက်ပြီး ပြောလိုက်သည်။


"အပေါ်တက်တော့မလား..."


ကျိယွီရှောင် ခေါင်းငြိမ့်လိုက်သည်။


"တက်ကြတာပေါ့..."


ကျိယွီရှောင် လက်မောင်းကို လင်းလော့ချင်း၏လည်ပင်းတွင် ချိတ်ထားသည့်အခါ လုံခြုံသည့် ပွေ့ဖက်မှုကို ခံစားနေရသည်။ သူ ရုတ်တရက် သူနှင့် လက်ထပ်မည့်သူက အလွန်သန်မာရုံတင်မက ခံနိုင်ရည်ရှိသည်ကိုပါ တွေ့လိုက်ရလေသည်။


အထပ်သုံးထပ် တက်နေရသော်လည်း လင်းလော့ချင်း၏ ခြေထောက်များက အားပျော့မသွားပေ။


ကျိယွီရှောင်က လင်းလော့ချင်း အလွန် တော်ကြောင်းကို ပြောမထွက်နိုင်ပေ။


လင်းလော့ချင်းက အဖေကျိနောက်မှ လိုက်တက်လာပြီး ကျိယွီရှောင်ကို ပွေ့လျက် တစ်ဖက်လူ၏ စာဖတ်ခန်းတွင်းသို့ ၀င်လိုက်သည်။


သူက ကျိယွီရှောင်ကို ဆိုဖာပေါ်ချလိုက်ပြီး ပြောလိုက်သည်။


“ငါ မင်းရဲ့ဝှီးချဲလ် သွားယူ‌‌ပေးမယ်...”


“အင်း...”


ကျိယွီရှောင်က နွေးထွေးသောအသံဖြင့် ပြန်ဖြေလိုက်၏။


လင်းလော့ချင်းက ခေါင်းကို မော့ကာ အဖေကျိကို ကြည့်လိုက်သောအခါ အဖေကျိက ခေါင်းငြိမ့်ပြသောကြောင့် ကျိယွီရှောင်၏ ဝှီးချဲလ်ကိုယူရန် အောက်ဆင်းသွားလိုက်သည်။


ကျိယွမ်နှင့် ကျိဟွိုက်တို့က ထမင်းစားခန်း၌ ဖြစ်ပျက်သွားသည်များနှင့် ပတ်သတ်၍ ပြောနေကြစဉ် လင်းလော့ချင်းကို တွေ့လိုက်ရသောအခါ တိတ်ဆိတ်သွားကြလေသည်။


လင်းလော့ချင်းက သူတို့ကို ပြုံးပြလိုက်ပြီး ဝှီးချဲလ်ကို ထမင်းစားခန်းမှ တွန်းသွားလိုက်သည်။


ဤအချိန်တွင် သူ ဝှီးချဲလ်ကို ချက်ချင်း သွားပို့ရန် တုံ့ဆိုင်းနေလေသည်။သူ မကြားသင့်သည့်စကားများကို ကြားမိမည်နှင့် ကျိယွီရှောင်နှင့် အဖေကျိတို့၏ စကားဝိုင်းကို အနှောင့်အယှက်ပေးမိမည်ကို စိုးရိမ်နေလေသည်။


သို့သော် သူ ပြန်စဉ်းစားလိုက်သည်။


'ကျိယွီရှောင်က လောလောဆယ် သွားလာဖို့ ခက်ခဲနေတာ... မတော်လို့ သူတို့ ရန်ဖြစ်ခဲ့ရင် ကျိယွီရှောင်က စာဖတ်ခန်းထဲက ထွက်သွားနိုင်မှာမဟုတ်ဘူး...'


ထိုသို့တွေးမိသောအခါ လင်းလော့ချင်း တုံ့ဆိုင်း မနေတော့ပေ။ သူ ဝှီးချဲလ်ကို ယူကာ အပေါ်တက်လိုက်ပြီး တံခါးကို ခေါက်လိုက်ကာ ဖွင့်လိုက်ပြီး ဝှီးချဲလ်ကို စာဖတ်ခန်းထဲ တွန်းလိုက်သည်။


အဖေကျိက ကျိယွီရှောင်နှင့် နှစ်ယောက်တည်း စကားပြောချင်သောကြောင့် ယခု လင်းလော့ချင်း၀င်လာသည်ကို မြင်သောအခါ နောက်လှည့်လိုက်ပြီး စကားဝိုင်းကို ရပ်လိုက်သည်။ ကျိယွီရှောင် ဝှီးချဲလ်ပေါ် ပြန်ထိုင်လိုက်ပြီး သူ့ကို အဖော်ပြုပေးရန်လိုမလို မေးချင်နေသည့် လင်းလော့ချင်း၏မျက်နှာကို ညစ်လိုက်ပြီး ပြောလိုက်သည်။


“‌ အောက်ဆင်းပြီးရင် ညာဘက်ချိုးလိုက်...သုံးခန်းမြောက်အခန်းက ငါ့အခန်းပဲ...အဲ့မှာ သွားနားနေ...ငါ ခဏနေ မင်းကို ဖုန်း‌ခေါ်လိုက်မယ်..."


“‌ အိုကေ...”


လင်းလော့ချင်းက ပြန်ဖြေလိုက်၏။


“လိမ္မာတယ်...”


ကျိယွီရှောင်က ပြုံးကာ ပြောလိုက်သည်။


လင်းလော့ချင်းလည်း လိုက်ပြုံးလိုက်ပြီး ပြောလိုက်သည်။


“ဒါဆို ငါ အရင်သွားပြီ...”


သူ ပြောပြီးသည်နှင့် အ‌ဖေကျိ၏ဆွံအနေသော မျက်နှာကို ကြည့်လိုက်ပြီး ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။


' လုံလောက်ပြီ...သူ အ‌ဖေကျိရဲ့ရွံရှာနေ‌တဲ့မျက်လုံးတွေကို မြင်သားပဲ...',


လင်းလော့ချင်းက ယင်းကို မလိုအပ်ဘူးဟု ထင်လေသည်။


'သူ့သားနဲ့ သူ့သားရဲ့ သတို့သားလောင်း အိမ်လာလည်တာကို ကြိုက်ကြိုက် မကြိုက်ကြိုက် သူ့တို့ကို မျက်နှာသာပေးရမှာပေါ့...မဟုတ်ရင် အရှက်ရမှာက သူ့သားပဲ...'


ထို့ကြောင့် လင်းလော့ချင်းက တမင်တကာ ကျိယွီရှောင်ကို ခါးကိုင်းကာ ပွေ့ဖက်လိုက်ပြီး ချိုမြိန်စွာ ပြောလိုက်သည်။


“ လောင်ကုန်း~~~မြန်မြန်ပြောပြီး ငါ့ကို ဖုန်းဆက်နော်~~~”


အဖေကျိ:"..."


အဖေကျိ အသက်ရှုကြပ်လုနီးပါး ဖြစ်သွားလေသည်။


ကျိယွီရှောင် ပြုံးလိုက်ပြီး မျက်ခုံးကိုပင့်ကာ အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။


“သိပါပြီ ကလေးရဲ့...ကလေးက အရမ်း စေးကပ်တာပဲ...”


အဖေကျိ နားများ နာ‌ကျင်လာပြီဟု ခံစားလိုက်ရလေသည်။


လင်းလော့ချင်းကျေနပ်သွားပြီး အင်တင်တင်နှင့် လှေကားဆီ လျှောက်သွားလိုက်သည်။


'ကျိယွီရှောင်နဲ့ သူ့အဖေကြားမှာ ပြဿနာရှိတာကျိန်းသေတယ်...ဘာပြဿနာလဲ မသိပေမဲ့ ကျိယွီရှောင်က သူ့ရဲ့အခြေအနေကို သိသိသာသာ ဖုံးကွယ်ထားတာပဲ...'


အဲ့လိုပုံစံ ဟန်ဆောင်ပြီး ဘာလုပ်ချင်တာလဲ...


ဘာလို့ဟန်ဆောင်ရတာလဲ...


လင်းလော့ချင်း ရုတ်တရက် ကျိယွီရှောင်၏စကားကို ပြန်သတိရသွားသည်။


'ကျွန်တော် အခုရှင်သန်နေရတာက အဓိပ္ပာယ်မရှိဘူး...ကျွန်တော့်အစ်ကိုနဲ့ ကားမတော်တဆမှုမှာ သေသွားတာကမှ ပိုကောင်းဦးမယ်...'


သူ ကျိယွီရှောင်ကို မသန်စွမ်းဖြစ်စေပြီး ကျိလဲ့ယွီက ကျိယွီရှောင်နောက် လိုက်လာရသည့် ကားမတော်တဆကို သတိရသွားသည်။


ထိုကားထဲတွင် လူလေးယောက် ရှိနေခဲ့ပြီး ကျိယွီရှောင်၏ အစ်ကိုနှင့်မရီးက သေသွားခဲ့သည်။ ကျိယွီရှောင်နှင့် ကျိလဲ့ယွီက လွတ်မြောက်ခဲ့သော်လည်း ထိုနေ့မှစ၍ ကျိယွီရှောင်က သူ့ခြေထောက်များကို ဆုံးရှုံးခဲ့ရပြီး ကျိလဲ့ယွီက သူ့မိဘများကို ဆုံးရှုံးခဲ့ရသည်။


ပြဿနာက အဲ့ဒီကားမတော်တဆနဲ့ ပတ်သတ်နေတာလား...


ဒါပေမဲ့ ကားမတော်တဆ ဖြစ်စေတဲ့ယာဉ်မောင်းကို ဖမ်းမိသွားပြီလေ...


သူက လှေကားကိုမှီကာ တိတ်တိတ်လေး တွေးနေလေသည်။


သူ ကျိယွီရှောင်၏အခန်းထဲ၌ အနားသွားမယူချင်‌ပေ။ သူ ကျိယွီရှောင်နှင့် အ‌ဖေကျိ စကားများမည်ကို စိုးရိမ်မိလေသည်။ ကျိယွီရှောင်၏ခြေထောက်က အဆင်မပြေပေ။ ထို့ကြောင့် ရန်ဖြစ်ခဲ့ရှိ‌သော် သူ ဤနေရာ၌ စောင့်နေသောကြောင့် ကျိယွီရှောင်က အောက်ဆင်းသွားနိုင်လေသည်။


လင်းလော့ချင်းက ဖုန်းထုတ်လိုက်ပြီး စာအဝင်ကို ကြည့်လိုက်သည်။ Auditionမှ ၀န်ထမ်းက သူ့ကို ယခုထိ စာမပို့သေးပေ။


သူ အေးဂျင့်ကိုပြောလိုက်သော်လည်း အေးဂျင့်က အလုပ်များနေပုံပေ်ပြီး စာမပြန်သေးပေ။


လင်းလော့ချင်းက Xiaoxiaoleကို ဖွင့်လိုက်ပြီး စိတ်ရှည်စွာ စကစားလိုက်သည်။


သူ ကစားနေစဉ် မလှမ်းမကမ်းမှ အသံကိုကြားလိုက်ရ၏။


“၀မ်းကွဲက ဘာလို့ပြန်လာတာလဲ...ရုတ်တရက်ကြီး ဘာထဖြစ်တာလဲ...”


“ငါ အရင်က အစ်ကိုမူ ပြောတာ ကြားဖူးတယ်...၀မ်းကွဲက ကားမ‌တော်တဆဖြစ်တုန်းက သူ့အစ်ကို သေတာကို သူ့မျက်လုံးတွေနဲ့ မြင်ခဲ့ရပြီး သူ့ခြေထောက်တွေလည်း ပျက်စီးသွားတယ်လေ...ဒါ့ကြောင့် သူ့စိတ်တစ်ခုလုံး နာကျည်းခါးသီးသွားပြီး သူ့ဖာသာဖျက်စီးနေတာတဲ့...”


“သူ အခုတလော ဘာလို့ အလုပ်မလာလဲ မအံ့ဩတော့ဘူး...ဘယ်အလုပ်ကို သူသွားမှာလဲ...၀မ်းကွဲက ဒီလိုဖြစ်နေတာကို...သူက အခုအချစ်မှာ ပျော်၀င်နေတော့ ဘယ်လိုလုပ်တိုက်ခိုက်မှုထဲ ပါချင်‌‌တော့မှာလေ...”


ကျိယွမ် သူ့ညီမ၏ စကားများကို ကြားသောအခါ သူ မြင်ခဲ့သည့် လူငယ်ကို ပြန်တွေးမိလိုက်သည်။


"လင်းလော့ချင်း---သူက လင်းလော့ချင်းလို့ခေါ်တာမလား...မျက်နှာလေး ကြည့်ကောင်းတာကလွဲပြီး တခြားဘာကောင်းလို့လဲ..."


လင်းလော့ချင်း သူ့မျက်နှာသူ ပြန်ထိလိုက်ပြီး တွေးလိုက်သည်။


"မျက်နှာ ကြည့်ကောင်းတာ ဘာမှားလို့လဲ...ကြည့်ကောင်းတာ ဘာများမကောင်းလို့လဲ..."


သို့သော် လှေကားအောက်မှ လူနှစ်ယောက်က ထိုသို့မတွေးကြပေ။


“၀မ်းကွဲ သူ့ကို ဘာကြည့်ကြိုက်လဲမသိဘူး...ငါ သူနဲ့ပတ်သတ်ပြီး အင်တာနက်ပေါ်;ရှာကြည့်တော့ သူက ဇာတ်လမ်းနှစ်ခု‌လောက်မှာပဲ သရုပ်ဆောင်ခဲ့တာ...အဲ့ဒါကလည်း ဇာတ်ပို့သရုပ်ဆောင်နေရာမှာ...ပြီးတော့ ဇာတ်လမ်းတွေကလည်း မကောင်းဘူး...ထန်ရုံက အရမ်းနာမည်ကြီးတာ...သူ ၀မ်းကွဲကို အကြာကြီးလိုက်ခဲ့ပေမဲ့ ၀မ်းကွဲက လှမ်းတောင်မကြည့်ဘူး...အခု လင်းလော့ချင်းကိုကြည့်ရတာ ၁၈လိုင်းထဲမှာနဲ့တူတယ်...ဒါက တကယ်ကို ရင်နာစရာပဲ..."


“ဟုတ်တယ်...ပြီးတော့ သူက ငါတို့အသိုင်းအဝိုင်းထဲကလည်း မဟုတ်ဘူး...နောက်ခံမရှိသလို ကျော်ကြားမှုလည်း မရှိဘူး...၀မ်းကွဲ သူ့ကိုဘယ်လို မြင်‌နေလဲမသိဘူး...”


လင်းလော့ချင်း ပါးကို ကိုင်လိုက်ပြီး ထိုစကားကို မှန်သည်ဟု တွေးလိုက်သည်။ သူလည်း ကျိယွီရှောင်က သူ့ကို ဘယ်လိုမြင်ပြီး လက်ထပ်ရန် သဘောတူခဲ့မှန်း မသိပေ။


'သူက လွယ်လွယ်သ‌ဘောတူခဲ့ရုံတင်မကဘူး...လင်းလော့ကျင်းနေရာမှာ အစားထိုးတာလဲလက်ခံခဲ့တယ်...သူ ဘာလုပ်ဖို့ကြိုးစားနေတာလဲ...'


တကယ်ပဲ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကိုလုပ်နေတာလား...


“နင် ငါ့ကို မေးရင်တော့ သူ တစ်ခုခုလုပ်ခဲ့တာလို့ထင်တယ်...သူ အပြုအမူတွေနဲ့အပြောအဆိုတွေက အရှက်အ‌‌ကြောက်မရှိဘဲ ရဲတင်းနေတာမြင်တယ်မလား...သူက ၀မ်းကွဲကို လူမြင်ကွင်းမှာ ဖက်ခဲ့တာ...သူက အပျော့ဆွဲတဲ့နေရာမှာတော်လောက်တယ်...သူက ၀မ်းကွဲရဲ့ ကိုယ်စိတ်နှစ်ခုလုံး ပင်ပန်းနေတဲ့အချိန်မှာ အမိဖမ်းခဲ့တာဖြစ်မယ်...မဟုတ်ရင် ဒီကွာဟမှုကို ဒီလိုလုပ် ဖြည့်နိုင်မှာလဲ...”


ကျိယွမ် သက်ပြင်းချလိုက်သည်။


"သူ ၀မ်းကွဲကို တကယ်ကြိုက်ဖို့ မျှော်လင့်ရ‌မှာပဲ..”


“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...”


ကျိဟွိုက် ပြုံးလိုက်သည်။


"သူလိုမျိုး သရုပ်ဆောင်တွေကို မြင်ဖူးသားပဲ...ဆယ်ယောက်မှာ ဆယ့်တစ်ယောက်က ပိုက်ဆံအတွက်ပဲ...လက်‌တောင်မထပ်ရသေးဘူး...၀မ်းကွဲက သူ့ကို ရှင်းရီပေးနေပြီ...ရှင်းရီက သေးပေမဲ့ဖျော်ဖြေရေးကုမ္ပဏီဖြစ်တုန်းပဲ...ဥက္ကဋ္ဌရဲ့ခင်ပွန်းဖြစ်တဲ့အတွက် သူ ၀င်သွားရင် ကြိုက်တဲ့အရင်းအမြစ်တွေကို ရွေးချယ်လို့ရတယ်...”


လင်းလော့ချင်း ကူရာမဲ့စွာ အံ့ဩသွားလေသည်။


ကျိယွမ်က တွန့်ဆုတ်စွာ ပြောလိုက်သည်။


“မဟုတ်ဘူး...၀မ်းကွဲက အရမ်းတော်တဲ့သူ...လင်းလော့ချင်းက ပိုက်ဆံအတွက် ဒီလိုလုပ်တာမဖြစ်နိုင်ဘူး...”


ကျိဟွိုက် ရယ်လိုက်သည်။


“ဒါက သူတော်တာ မ‌တော်တာနဲ့မဆိုင်ပါဘူး...အစ်ကို နင်စဉ်းစားကြည့်...၀မ်းကွဲက ဘယ်လောက်တော်တော် အခု ဒုက္ခိတတစ်ယောက်ဖြစ်‌နေပြီ...ဘယ်သူက ဒုက္ခိတနဲ့လက်ထပ်ချင်မှာလဲ...ဒါ့အပြင် သူ နာမည်ကြီးလာရင် ပိုများတဲ့လူတွေမြင်ရမှာ...သူက ဒုက္ခိတနဲ့ဆက်ရှိချင်ပါဦးမလား..."


“ပြီးတော့..."


ကျိဟွိုက် အသံနိမ့်ပြောလိုက်သည်။


လင်းလော့ချင်း သိချင်သည့်အတွက် သေချာအာရုံစိုက်နားထောင်လိုက်‌သောအခါ ကျိဟွိုက်ပြောသည်ကို ကြားလိုက်ရလေသည်။


“၀မ်းကွဲက ဒီလိုဖြစ်နေတာ...သူ အိပ်ရာပေါ်မှာ စွမ်းဆောင်နိုင်ပါ့မလား...သူ့ခန္ဓာကိုယ်တစ်၀က်က‌

မကောင်းတဲ့ဟာကို...၀မ်းကွဲက ဒါကိုမ‌တွေးမိဘူးလား...လင်းလော့ချင်းက အဲ့ဒါကို လုပ်တာဖြစ်မယ်...ပြီးတော့ ရုပ်ရှင်ထဲမှာ ရှိတယ်လေ...နဂါးတွေက ရေသေထဲမှာ အသက်ရှင်နေတာ...ငါလုပ်တာကို ၀မ်းကွဲနဲ့ ဆက်စပ်ကြည့်လို့ မရဘူး...သူ့လို ဒုက္ခိတအပေါ် တစ်‌ယောက်ယောက်က တကယ်ချစ်လာပါ့မလား...အထူးသဖြင့်ပါတနာက ယောကျာ်းလေးဖြစ်ရင်ပေါ့...”


လင်းလော့ချင်း ထိုစကားကို ကြားသောအခါ အကူအညီမဲ့စွာ ရယ်မောလိုက်သည်။


သူ သူ့ရယ်သံကို မထိန်းချုပ်ထားသည့်အတွက် လှေကားတစ်လျှောက်လုံး ကြားရသည့်အထိ ကျယ်သွားလေသည်။


ကျိယွမ်နှင့် ကျိဟွိုက် လှေကားလက်ရန်းနား၌ ဝေဖန်စကားပြောနေကြစဉ် ရယ်သံကြားရသည့်အတွက် လှေကားပေါ် မော့ကြည့်လိုက်သောအခါ တတိယအထပ်လှေကားထိပ်၌ လင်းလော့ချင်း ရပ်‌နေသည်ကို မြင်သွားကြလေသည်။


ကျိယွမ်က ရှက်ကိုးရှက်ကန်းဖြစ်သွားသော်လည်း ကျိဟွိုက်က လင်းလော့ချင်းလှေကားလက်ရန်းကို မှီပြီး ရယ်‌မောနေသည်ကို မြင်လိုက်ရ‌သောအခါ ဒေါသထွက်လာပြီး မေးလိုက်သည်။


“ဘာလို့ရယ်နေတာလဲ...ငါပြောတာမှားလို့လား...”


ကျိဟွိုက် လှောင်ရယ်လိုက်သည်။


“ငါ နင့်လိုကြယ်ပွင့်တွေ အများကြီးမြင်ဖူးတယ်...နင်က ဘယ်လိုလူလဲဆိုတာ သေချာမသိသေးဘူးလား...လင်းလော့ချင်း နင်ကနာမည်ကြီးဖို့သက်သက်လက်ထပ်တာပဲ...နင် နာမည်ကြီးလာရင် ၀မ်းကွဲလို ဒုက္ခိတနဲ့နေဦးမှာမို့လို့လား...အဲ့အချိန်ရောက်ရင် နင် ကွာရှင်းဖို့တောင် စောင့်နိုင်မှာ မဟုတ်ဘူး..."


လင်းလော့ချင်းက ကျိဟွိုက်ကို ကြည့်နေပြီး သူ့မျက်လုံးထဲ၌ သရော်ရိပ်များ ပေါ်လာလေသည်။


သူ သူ့ရှေ့မှ မိန်းကလေးကို မတူမတန်သလို ကြည့်လိုက်ပြီး ခါးမတ်ကာ တစ်ဖက်လူထံ လျှောက်သွားလိုက်သည်။


သူက အလွန် အနီးကပ်မသွား‌ပေ။ လှေကားထစ်အချို့ခန့်သာ ဆင်းလိုက်ပြီး အောက်ကိုငုံ့ကြည့်ရတဲ့ပုံစံကို ထိန်းသိမ်းထားကာ ပြောလိုက်သည်။


“ဒါက မင်း သူ့ကို ဘယ်လိုမြင်လဲဆိုတာပဲ...”


ကျိဟွိုက် တစ်ခဏလောက် ကြက်သေသေသွားပြီး အံ့ဩသွားကာ ပြောလိုက်သည်။


“ဘာပြောလိုက်တယ်...”


"မင်းက သူ့ကို မနှိမ့်ချသလိုပြော‌နေပေမဲ့ သူ့ကိုဒုက္ခိတ၊ အသုံးမ၀င်သလိုပြောနေတာပဲ...ဒါက မင်း သူ့ကို လေးစားတာလား...”


ကျိဟွိုက်က ပြင်းပြင်းထန်ထန် ပြန်ချေပလိုက်သည်။


“ငါပြောတာ မဟုတ်လို့လား...သူက ဒုက္ခိတတစ်ယောက်ပဲလေ...ဘာလဲ...မှား‌နေလို့လား...”


ထို့နောက် သူ ရယ်သွေးလိုက်သည်။


“သူက သူ့ကိုယ်သူ စွန့်လွှတ်လိုက်ပြီး နေ့တိုင်း အိမ်မှာ ပုန်းနေတာလေ...အိမ်ပြင်တောင် မထွက်ရဲဘူးမလား...ဒါကို လက်ခံနိုင်ရမှာပေါ့..."


လင်းလော့ချင်း : “ဒါက သူ့ဘ၀ပဲ...သူ့ဘ၀ကိုစွန့်ပဲလွှတ်လွှတ် ဘာပဲလွှတ်လွှတ် မင်း တခြားလူရဲ့ဘ၀ကို လာဝေဖန်လို့ မရဘူး...မင်းလိုလူကို‌ ဆွေမျိုး‌တော်နေရတာကတောင် ကျိယွီရှောင် အတွက် မကောင်းဘူး...ဒါပေမဲ့ ဒါက အဆင်ပြေပါတယ်...မင်းက ကျိယွီရှောင်ရဲ့ ညီမအရင်းမှ မဟုတ်တာ...မင်းက ဒီလောက် ညံ့ဖျင်းပြီး ဦးနှောက်မရှိတာ...သူ့ညီမရင်း မဟုတ်တာ မအံ့ဩတော့ဘူး..."


“နင် ဘာ‌ပြောလိုက်တယ်..."


ကျိဟွိုက် ဒေါသတကြီး ပြောလိုက်သည်။


"နင်ကသာ ညံ့ဖျင်းပြီး ဦးနှောက်မရှိတာ..."


လင်းလော့ချင်းက နားကို ပိတ်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။


“ညီမ‌လေးက ဒီလိုပုံစံဖြစ်နေပေမဲ့ ‌ဒီစကားရဲ့အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်းနားလည်တာပဲ...”


ကျိဟွိုက် :"..."


ကျိဟွိုက် တစ်ခုခု‌ပြောချင်၍ ပါးစပ်ဟလိုက်သော်လည်း လင်းလော့ချင်းက ပြုံးပြီး ပြောလိုက်သည်ကို ကြားလိုက်ရသည်။


”စကားမစပ် ငါမင်းကို ပြောပြရဦးမယ်...မင်းရဲ့၀မ်းကွဲက ခြေထောက်မကောင်းပေမဲ့ အဓိကနေရာက မထိခိုက်ဘူး‌လေ...ငါတို့ လမ်းပေါ်မှာကားမောင်းနိုင်ရုံတင်မကဘူး...အရမ်းသာယာတဲ့ ခရီးဖြစ်နေသေးတယ်...ဘယ်လို‌ပြောရမလဲဆိုတော့ အဲ့ဒါက ကောင်းကင်ထောက်တိုင်နဲ့တူတယ်...လှုပ်ရှားနေတာက နဂါးကြီး ချောက်ထဲသွားလာနေသလို...အားပြင်းတာက ကြီးမားတဲ့မိုးကြိုးတွေလို...လွင့်မျောနေတာက ငှက်မွှေးလေးလို...အပေါ်တက်သွားတာက အင်မော်တယ်တွေလိုပဲ...ဒါကို သေခြင်းရှင်ခြင်းအတွက် ဆန္ဒပြုတာလို့ ပြောလို့ရလား....ငါတို့ ကိုယ့်ကိုကိုယ် မရပ်တန့်နိုင်ပါဘူး...”


“ပြီး‌တော့ ငါ အဲ့ဒါကို အရမ်းကြိုက်တယ်...”


လင်းလော့ချင်း ပြောလိုက်သည်။


သူ နွေဉီးကိစ္စများကို ပြောပြီးသည်နှင့် သူ့နောက်မှ ရင်းနှီး‌နေသောအသံကို ကြားလိုက်ရသည်။


“‌ဘာကို ‌‌သေခြင်းရှင်ခြင်းအတွက်ဆန္ဒပြုတာလဲ...ငါတို့က ကိုယ့်ကိုကိုယ် မရပ်တန့်နိုင်ဘူးလား..."


လင်းလော့ချင်း:"..."


လင်းလော့ချင်း လှေကားထိပ်လှည့်ကြည့်လိုက်သောအခါ ကျိယွီရှောင်က ဝှီးချဲလ်ပေါ်မှာ ထိုင်နေပြီး ပြုံးနေကာ သူ့ကို ကြည့်နေသည်ကို မြင်လိုက်ရသည်။


ဖာ့ခ်...မင်း ဘယ်လိုလုပ် ဒီ‌လောက် မြန်မြန်ထွက်လာတာလဲ’


အဖေကျိ ကယ်တင်ပေးပါဦး...