အပိုင်း၁၃
Viewers 28k

Chapter 13

Chapter 13




လင်းလော့ချင်းက ကိုးရိုးကားယားနိုင်စွာ ရယ်လိုက်သည်။


“‌ ကော စကားပြောလို့ပြီးသွားပြီလား...တော်တော် မြန်တာပဲ...”


ကျိယွီရှောင် နူးညံ့‌‌စွာ ပြောလိုက်သည်။


“ငါ့ဇနီးလေး ထွက်သွားတာနဲ့ စကားပြောတာကို မြန်မြန်အဆုံးသတ်လိုက်တာ....ငါ မင်းကို အရမ်းချစ်တာ...မင်းနဲ့အကြာကြီးမခွဲနိုင်လို့‌လေ...”


လင်းလော့ချင်း :"..."


ကျိယွမ်နှင့် ကျိဟွိုက်:"..."


ကျိယွီရှောင်က ရှေ့မှလှေကားကို ကြည့်လိုက်ပြီး မေးလိုက်သည်။


“မင်း ငါ့ကို အောက်ကို ပွေ့ချီမသွားဘူးလား...”


လင်းလော့ချင်း မြန်မြန်ပြန်တက်လိုက်ပြီး ခါးကိုင်းကာ ကျိယွီရှောင်ကို ပွေ့လိုက်သည်။


ကျိယွမ်လည်း ‌‌ပြေးလာပြီး ဝှီးချဲလ်ကို ကိုင်လိုက်ကာ ပြောလိုက်သည်။


“ကျွန်တော် အစ်ကို အောက်ဆင်းဖို့ ကူညီပေးမယ်...”


“ ကောင်းပြီ...”


ကျိယွီရှောင်တွင် ကန့်ကွက်စရာမရှိပေ။


လင်းလော့ချင်းက ကျိယွီရှောင်ကို ပွေ့ချီလိုက်ပြီး အောက်ဆင်းလိုက်သည်။


ကျိဟွိုက်က အပြစ်ရှိစိတ်ဖြင့် ကျိယွီရှောင်ကိုတစ်ချက်ကြည့်လိုက်ပြီး ခေါင်းငုံ့လိုက်ကာ ကျိယွမ်နောက်မှ လိုက်သွားလိုက်သည်။


ပထမထပ်မှ ဧည့်ခန်းသို့ ပြန်မရောက်မီ ကျိယွီရှောင် ဝှီးချဲလ်ပေါ်ပြန်ထိုင်လိုက်ပြီး လင်းလော့ချင်းကို ပြောလိုက်သည်။


“ပြန်ကြရအောင်...”


"အွန်း..."


လင်းလော့ချင်း ပြောလိုက်ပြီး ဝှီးချဲလ်ကို တံခါးဆီ တွန်းလိုက်သည်။


ဒရိုင်ဘာက အပြင်တွင် စောင့်နေပြီး ကျိယွီရှောင် ထွက်လာသည်ကို မြင်လိုက်သည်နှင့် ချက်ချင်း ကားမောင်းလာလိုက်သည်။


သူ ကားတံခါးကိုဖွင့်လိုက်ပြီး ကျိယွီရှောင်ကို ကူညီရန် ရပ်‌နေသော်ငြားလည်း သူ့သခင်လေးက ဝှီးချဲလ်ပေါ်တွင် ပျင်းရိသလို မှီထိုင်နေပြီး ပေါ့ပေါ့ပါးပါး‌ ပြောလိုက်သည်ကို ကြားလိုက်ရ၏။


“မင်း ငါ့ကို ကားထဲ ၀င်ဖို့ ပွေ့မချီဘူးလား...”


ဒရိုင်ဘာ:"..."


ဒရိုင်ဘာ ခေါင်းငုံ့လိုက်ပြီး ‌တိတ်တိတ်လေး အံ့အားသင့်နေလေသည်။


'မင်းက အမြဲတမ်း ကိုယ်ဖာသာ ကား‌ပေါ်တက်တာ မဟုတ်ဘူးလား...'


ဘာလို့ ပွေ့ချီဖို့လိုတာလဲ...


သို့သော်ငြားလည်း သူ့၏များပြားလှသော လခနှင့် သူ့၏သခင်လေးက ငယ်ရွယ်ပြီး မသန်စွမ်း ဖြစ်နေသည်ကို ပြန်တွေးလိုက်မိသောအခါ ဒရိုင်ဘာက သစ္စာရှိရှိနှင့် သူ့အလုပ်ကို တိုးလုပ်ရန် ဆုံးဖြတ်လိုက်သည်။ သူ အနာဂတ်တွင် သူ့သခင်လေးကို ကားပေါ်တက်ရန် ပွေ့ချီပေးရမည်။


သို့သော် သူ ကျိယွီရှောင်နား တိုးလာသည့်အချိန်တွင် တစ်စုံတစ်ယောက်က ကျိယွီရှောင်ကို ပွေ့ချီပြီးနေပြီဖြစ်၏။


ဒါက...


ရှောင်လီသည် သခင်လေးက လင်းလော့ချင်းကို လာ‌မခေါ်မီ ပြောခဲ့သည့်စကားကို ပြန်အမှတ်ရသွားသည်။


'အင်း ငါ ဒါကိုမမြင်ခဲ့မိဘူး...မင်းသခင်မလေးက ကြည့်ရတာ အားနည်းတဲ့ပုံနဲ့ တကယ်‌တကယ်တမ်းကျတော့ တော်တော်သန်မာတဲ့လူ...'


လင်းလော့ချင်း ပွေ့ချီပြီးသည့်အတွက် သူ့ကို မလိုတော့ပေ။ ရှောင်လီ ဝှီးချဲလ်ကို ကားနောက်ခန်းထဲ ထည့်လိုက်ပြီး ဒရိုင်ဘာထိုင်ခုံထံ သွားလိုက်သည်။


ကျိယွီရှောင်က ကားထိုင်ခုံကို မှီနေပြီး သက်တောင့်သက်သာရှိသည့် အ‌နေအထားကို ညှိထိုင်လိုက်ကာ လင်းလော့ချင်းကို ကြည့်လိုက်သည်။


လင်းလော့ချင်းလည်း ကျိယွီရှောင်ကို ကြည့်နေသောကြောင့် ကျိယွီရှောင်၏အကြည့်ကို မြင်သောအခါ ပြုံးပြီး မေးလိုက်သည်။


“မင်း ပြီးရင် ဘာလုပ်မှာလဲ...,”


“ဘာမှလုပ်စရာမရှိဘူး...ငါ မင်းကို အိမ်ပြန်ပို့ပေးမယ်...”


ကျိယွီရှောင် ပြန်ဖြေလိုက်သည်။


လင်းလော့ချင်းက ဇဝေဇဝါနှင့် မေးလိုက်သည်။


“မင်း နေ့လည်စာမစားဘူးလား...”


ကျိယွီရှောင် လင်းလော့ချင်း၏မေးခွန်းကိုသဘောပေါက်သွားသည်။


“မင်းမစားရသေးဘူးလား...”


လင်းလော့ချင်း :"..."


လင်းလော့ချင်း ကျိန်းသေပေါက် မစားရ‌သေးပေ။ သူတို့က ၁၂နာရီခွဲတွင် ချိန်းခဲ့ပြီး ထိုအချိန်က နေ့လည်စာစားချိန် ဖြစ်သည့်အတွက် ကျိအိမ်တွင် စားရမည်ဟု တွေးထားခြင်းဖြစ်သည်။


သို့သော် ယခု နှစ်နာရီ ထိုးနေပြီး သူ တစ်လုတ်မှ မစားရသေးပေ။


ကျိယွီရှောင် လင်းလော့ချင်း၏အမူအရာကိုခန့်မှန်းမိပြီး လင်းလော့ချင်း ဘာမှမစားရသေးကြောင်း သိသွားသည်။


ကျိယွီရှောင် ပြန်စဉ်းစားကြည့်‌သောအခါ သူ မနေ့က ရှင်းရှင်းလင်းလင်း မပြောခဲ့မိကြောင်း သိသွားသည်။ သူ သူ့မိသားစုနှင့် သွားတွေ့မည်ဟုသာပြောခဲ့ပြီး ကျိအိမ်တွင် အကြာကြီးနေမှာ မဟုတ်‌ကြောင်း မ‌ပြောခဲ့မိပေ။


သူ ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်သည်။


“ငါလိုသွားတယ်...ငါ အဲ့ဒါကိုရှင်းရှင်းလင်းလင်း မပြောခဲ့မိဘဲ မင်းမစားရသေးတာကိုလည်း သတိမထားမိခဲ့ဘူး...ငါ မင်းကို နေ့လည်စာ အတူစားဖို့ ဖိတ်ခေါ်ပါရစေ...”


“မလိုပါဘူး...”


လင်းလော့ချင်း ကျိယွီရှောင်က နေ့လည်စာစားပြီးလောက်ကြောင်း ခန့်မှန်းမိလေသည်။


“ငါ ကိုယ်ဖာသာ စားလိုက်မယ်...ငါ့အိမ်နားမှာ စားသောက်ဆိုင်တွေ အများကြီးရှိတယ်...”


“ရပါတယ်...”


ကျိယွီရှောင် ပြုံးလိုက်ပြီး ပြောလိုက်သည်။


“မင်း အလုပ်ကြိုးစားခဲ့တယ်...ဒါ့ကြောင့် တူတူစားကြတာပေါ့...”


လင်းလော့ချင်း တွေဝေသွားလေသည်။


‘အလုပ်ကြိုးစားတယ်...အဲ့ဒါဘာအဓိပ္ပာယ်လဲ...'


'သူ့ကို ပွေ့ချီပြီး အတက်အဆင်းလုပ်တာကိုဆိုလိုချင်တာလား...ဒါက ပင်ပန်းတဲ့အလုပ်တော့ ဟုတ်တယ်...'


ထို့ကြောင့် သူ ထပ်မငြင်းတော့ဘဲ မေးလိုက်သည်။


“ငါတို့ ဘာစားကြမလဲ...”


ကျိယွီရှောင် :“မင်းဘာစားချင်လဲ...”


“စတိတ်စ်...”


လင်းလော့ချင်း ပြုံးလိုက်သည်။


“ငါ မနေ့ကရော၊ တစ်နေ့ကရော အသီးအရွက်တွေ စားခဲ့တာ...ငါ အခု တခြားဟာ စားချင်တယ်...”


“ ကောင်းပြီ...”


ကျိယွီရှောင်က ရှောင်လီကို ကြည့်လိုက်ပြီး စတိတ်စ်ဆိုင်နာမည်တစ်ခုကို ပြောလိုက်၏။ ထို့နောက် လင်းလော့ချင်းကို ပြန်ကြည့်လိုက်၏။


သူ လင်းလော့ချင်းကို တိတ်တဆိတ် ကြည့်နေလိုက်သည်။


ထိုသို့အ‌ကြည့်ခံနေရသည့်အတွက် လင်းလော့ချင်း ဇဝေဇဝါဖြစ်သွားပြီး မေးလိုက်သည်။


“ဘာလို့ မင်း ရုတ်တရက်ကြီး ဒီလိုလာကြည့်နေတာလဲ...”


ကျိယွီရှောင် မေးလိုက်သည်။


“မင်းသိချင်လား...ဒီနေ့ဖြစ်တဲ့ကိစ္စ၊ ငါတို့မိသားစုရဲ့ကိစ္စနဲ့ ပတ်သတ်ပြီး‌ မင်းသိချင်လား...”


လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။


“ငါ နည်းနည်းတော့ သိချင်မိတယ်...”


ကျိယွီရှောင် :"“ဒါဆို မင်း ငါ့ကိုမေးချင်တာ ရှိလား...”


လင်းလော့ချင်း : "မရှိပါဘူး...”


ကျိယွီရှောင်:“ဘာလို့လဲ...မင်းမသိချင်ဘူးလား...”


လင်းလော့ချင်း နှုတ်ခမ်းဆူလိုက်သည်။


'ဒီချမ်းသာတဲ့သူဌေးက တော်တော်အနှောင့်အယှက် ပေးတာပဲ...'


“အချစ် ငါက မင်းနဲ့လက်ထပ်ရမှာ...မင်းမိသားစုနဲ့မဟုတ်ဘူး...မင်း ငါ့ကို သိစေချင်တာတွေကို ငါသိမှာပါ...မင်း ငါမသိသင့်ဘူးလို့ တွေးတဲ့အရာတွေကို ငါသိဖို့မလိုအပ်ဘူး...”


“သိချင်စိတ်‌ဆိုတာ လူသားတွေရဲ့ လုပ်ဆောင်ချက်ထဲကတစ်ခုပဲ...သိချင်တယ်ဆိုတာ ပုံမှန်ပါပဲ...ဒါပေမဲ့ ငါ အရမ်းကိုသိချင်နေပေမဲ့ အရာရာကို ဘယ်လိုလုပ် သိနိုင်မှာလဲ...ကမ္ဘာကြီးရဲ့အဆုံးသတ်က ဘာလဲ...လူတွေ သေပြီးရင် ဆက်ရှိအုန်းမှာလား...တကယ်လို့ ပြန်လည်၀င်စားတာ‌တွေရှိရင် ငါ့ရဲ့ မှတ်ဉာဏ်တွေကို ဘယ်လိုသိမ်းဆည်းနိုင်မလဲ...ငါသိချင်တယ်...ဒါပေမဲ့ ငါ အဖြေတော့မလိုဘူး...ဒါ့ကြောင့် သိချင်စိတ်တိုင်းက အဖြေကို မလိုအပ်ပါဘူး...”


ကျိယွီရှောင် သူ့၏သတို့သားလောင်းက ထိုကဲ့သို့ ပြောမည်ကို မမျှော်လင့်ထားခဲ့သည့်အတွက် အံ့အားသင့်သွားလေသည်။


သို့သော် လက်ရှိအခြေအနေအရ အကောင်းဆုံးဖြစ်သည့်အတွက် သူ ပြုံးလိုက်ပြီး နွေးထွေးစွာပြောလိုက်သည်။


“အဲ့ဒါက အခုပြောဖို့ အဆင်‌မ‌ပြေတဲ့အတွက် ခဏစောင့်‌ပေး...ငါ မင်းကို နောက်ကြရင် ဖြည်းဖြည်းချင်းပြောပြ‌ပေးမယ်...”


“‌အို‌ကေ...”


လင်းလော့ချင်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။


လင်းလော့ချင်း :“ဒါ‌ပေမဲ့...ကျိဟွိုက်လို့ ခေါ်တဲ့မင်းညီမ၀မ်းကွဲက ကောင်းတဲ့သူမဟုတ်ဘူး...”


ကျိယွီရှောင် :“ငါ သိတယ်...ဒါကြောင့် မင်း သူနဲ့ပတ်သတ်ပြီး အာရုံစိုက်စရာမလိုဘူး...”


လင်းလော့ချင်း:“ဒီလိုဆို မင်းလည်း သူ့ကို အာရုံမစိုက်ရင် အကောင်းဆုံးပဲ...,”


ကျိယွီရှောင် ခေါင်းငြိမ့်လိုက်ပြီး တစ်စုံတစ်ခုကိုသတိရသွားကာ ပြောလိုက်သည်။


“ဒါနဲ့ မင်းတို့ ဘာနဲ့ပတ်သတ်ပြီး ပြောနေကြတာလဲ...ဘာကို ငါတို့က ကိုယ့်ကိုကိုယ် မရပ်တန့်နိုင်တာလဲ...”


လင်းလော့ချင်း :"..."


'သူ အဲ့ဒါကို ဘယ်လို ပြောပြရမှာလဲ...အထူးသဖြင့် အပြင်လူပါ ရှိနေရင်လေ...'


ထိုအချိန်တွင် သူ တစ်ဖက်လူ၏အသံရှုသံနှင့်အတူ သူ့နားနားကပ်ပြောလိုက်သည့်စကားသံ တိုးတိုးလေးကိုကြားလိုက်ရသည်။


“ငါ အားလုံးကြားလိုက်တယ်..."


လင်းလော့ချင်း: "..."


လင်းလော့ချင်း ခေါင်းကို လှည့်ကြည့်လိုက်သောအခါ သူ့ရှေ့တွင် ကျိယွီရှောင်၏လှပသည့်ဖီးနစ်မျက်လုံးများကို တွေ့လိုက်ရသည်။


"ကောင်းကင်ထောက်တိုင်နဲ့တူတယ်...လှုပ်ရှားနေတာက နဂါးကြီး ချောက်ထဲသွားလာနေသလို...မင်းရဲ့ဖော်ပြချက်တွေက ကွက်ကွက်ကွင်းကွင်းပဲ...”


လင်းလော့ချင်း :"..."


လင်းလော့ချင်း ချက်ချင်းအခက်တွေ့သွားလေသည်။


“ငါ ဒီအတိုင်း‌ ပေါက်ကရ‌ ပြောလိုက်တာ..."


“အဲ့ဒါက‌ ပေါက်ကရမဟုတ်ဘူး...အရမ်းလက်တွေ့ဆန်တယ်...”


ကျိယွီရှောင် ပြောလိုက်သည်။


လင်းလော့ချင်း:"..."


ကျိယွီရှောင် : “မင်း ဒါကို အရမ်းကြိုက်တယ်ဆိုတာကို ငါမသိခဲ့ဘူး...ငါသိခဲ့ရင် အဲဒီနေ့ကတည်းက သေတ္တာဖွင့်ပြီး ပစ္စည်းကိုစစ်ဆေးခိုင်းခဲ့မှာ...”


လင်းလော့ချင်း :"..."


လင်းလော့ချင်း မျက်နှာကို တိတ်တိတ်လေး ဖုံးအုပ်ထားလိုက်သည်။


ကျိယွီရှောင် လင်းလော့ချင်း၏နီရဲနေသည့်နားရွက်များကိုမြင်သောအခါ ချစ်စရာကောင်းသည်ဟု တွေးလိုက်လေသည်။


သူ ပြုံးလိုက်ပြီး အနိုင်ကျင့်နေခြင်းကိုရပ်လိုက်ကာ သူ့၏မူရင်းပုံစံအတိုင်း ထိုင်ခုံကို ပြန်မှီလိုက်သည်။


ထို့နောက် လင်းလော့ချင်း သိပ်မရှက်လောက်မည့် အချိန်ကိုစောင့်ကာ ပြောလိုက်သည်။


“လာခဲ့..."


လင်းလော့ချင်းက ကျိယွီရှောင်ကို သံသယမျက်လုံးဖြင့် လှည့်ကြည့်လိုက်သည်။


ကျိယွီရှောင် လက်ယပ်ခေါ်လိုက်သည်။


“လာခဲ့...ငါ မင်းကို‌ မ‌နောက်တော့ဘူး...”


“ဘာဖြစ်လို့လဲ...”


လင်းလော့ချင်း အနားကပ်သွားပြီး မေးလိုက်သည်။


ထိုအခါ ကျိယွီရှောင် လက်မြှောက်လိုက်ပြီး လင်းလော့ချင်း၏နားရွက်ကို ညှစ်လိုက်သည်။


"မင်းနားရွက်နီနေတယ်...”


လင်းလော့ချင်း: "..."


ကျိယွီရှောင် :“မင်း အရမ်းကြိုက်တာပဲလား...သေခြင်းရှင်ခြင်းအတွက်ဆန္ဒပြုတာ...မင်း အဲ့ဒါကို မရပ်တန့်နိုင်ဘူး‌ပေါ့...”


လင်းလော့ချင်း :"..."


'မင်း မနောက်တော့ဘူးလို့ပြောခဲ့တယ်လေ...'


လင်းလော့ချင်း ဒေါသတကြီးဖြင့် ကျိယွီရှောင်ကို တွန်းလိုက်ပြီး ထိုင်ခုံအဆုံးသို့ ရွှေ့ထိုင်လိုက်သည်။


ကျိယွီရှောင် အတောမသတ် ရယ်မောလိုက်သည်။


လင်းလော့ချင်း ကျိယွီရှောင်၏ရယ်သံကိုကြားသောအခါ ဒေါသတကြီး ပြတင်းပေါက်အပြင်ဘက်မှ ရူခင်း‌များကို ကြည့်နေလိုက်လေသည်။


“ဒီကိုလာ...”


ကျိယွီရှောင် ထပ်ပြောလိုက်သည်။


သို့သော် လင်းလော့ချင်း ယင်းကို လျစ်လျူရူထားလိုက်လေသည်။


ကျိယွီရှောင် ထိုင်ခုံနောက်ကို ပြန်မှီလိုက်ပြီး နွေးထွေးစွာ ပြောလိုက်သည်။


“မင်း နှစ်ပေါင်းများစွာ တိတ်တခိုးချစ်လာတဲ့နတ်ဘုရားက ဒီမှာရှိနေတာကို မင်းက အဝေးမှာ ထိုင်နေတာလား..."


လင်းလော့ချင်း :"..."


ကျိယွီရှောင် :"တိတ်တခိုး ချစ်လာတာတဲ့လား..."


လင်းလော့ချင်း :"..."


လင်းလော့ချင်း နည်းနည်း ပြန်ရွှေ့လာလိုက်သည်။


ကျိယွီရှောင် :“ထိန်းချုပ်ထားဖို့ ခက်တယ်ဆို...”


လင်းလော့ချင်း :"..."


လင်းလော့ချင်း နည်းနည်း ထပ်‌ရွှေ့လိုက်သည်။


ကျိယွီရှောင် ရယ်မောလိုက်သည်။


“မရနိုင်ပေမဲ့ သစ္စာရှိတဲ့အချစ်ဆို...”


လင်းလော့ချင်း :"..."


'အဲ့စကားတွေက သူ ကူးပြောင်းလာလာချင်း ကျိယွီရှောင်ကို အရူးလုပ်ဖို့ ပြောခဲ့တာတွေလေ...သူက အဲ့ဒါကို မှတ်မိသေးတာလား...'


လင်းလော့ချင်း ကူရာမဲ့စွာဖြင့် ကျိယွီရှောင်ဘေးသို့ ရွှေ့လိုက်သည်။ သို့သော် ကျိယွီရှောင်ကို မကြည့်ပေ။


ကျိယွီရှောင် သူ့၏၀ှက်ဖဲကိုသုံးလိုက်သည်။


“မင်းရဲ့ယောကျာ်းနတ်ဘုရားနဲ့ လက်ထပ်ချင်သေးလား..."


လင်းလော့ချင်း :"..."


လင်းလော့ချင်း သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။


“မင်းက ယုံကြည်အားကိုးရတယ်လေ...ဒါ့ကြောင့် ငါမင်းကို ချစ်တာ...”


ကျိယွီရှောင် ရှက်ရွံ့မသွားပေ။


"ဖြစ်သင့်တာပဲလေ..."


လင်းလော့ချင်း:"???"


သူ အဲ့ဒါကို ဘယ်လိုများ ပြောနိုင်တာလဲ...


အရှက်မရှိဘူးလား...


ကျိယွီရှောင် တစ်ဖက်လူ၏ရှော့ရနေသည့် မျက်လုံးများကို ကြည့်လိုက်ပြီး ပျော်ရွှင်စွာ ပြုံးလိုက်သည်။


'လင်းလော့ချင်းက ဘာလို့ သူစုံစမ်းထားတာနဲ့ကွာခြားနေတာလဲ မသိဘူး...ဒါပေမဲ့ ဒီလိုကွာခြားတာကို သူကြိုက်တယ်...'


ဒါက စိတ်၀င်စားဖို့ကောင်းတယ်...


ဒါက သူ့ကို ပျော်ရွှင်စေတယ်...


သုံးနာရီ၀န်းကျင်ခန့်တွင် ကားက အနောက်တိုင်းစားသောက်ဆိုင်ရှေ့တွင် ရပ်လိုက်လေသည်။


လင်းလော့ချင်း ကျိယွီရှောင်ကို ပွေ့ချီရန် လုပ်လိုက်သော်လည်း ကျိယွီရှောင်က ဤတစ်ကြိမ်တွင် သူ့ကို ပွေ့ခွင့်မပေးချေ။ လက်ကိုအားပြု၍သာ ဝှီးချဲလ်ပေါ်တက်သွားလေသည်။


လင်းလော့ချင်း တိတ်တဆိတ်ဖြင့် ၀ှီးချဲလ်ကို အနောက်တိုင်းစားသောက်ဆိုင်ဆီ တွန်းလိုက်သည်။


ယခုအချိန်တွင် စားသောက်ဆိုင်၌ လူများစွာ မရှိ‌ပေ။စားသောက်ဆိုင်မန်နေဂျာက သူတို့ကိုမြင်‌သောအခါ ချက်ချင်းလျှောက်လာပြီး ကျိယွီရှောင်ကို နှုတ်ဆက်လိုက်ကာ စကားစမြည်ပြောလိုက်သည်။


လင်းလော့ချင်း ဘာမှမစားရသေးသည့်အတွက် အလွန် ဗိုက်ဆာနေလေသည်။ ယခု သူ စား‌သောက်ဆိုင်ထဲမှ စတိတ်စ်အနံ့‌ရနေသည့်အတွက် ပိုဗိုက်ဆာလာသည်။


သူ ဘာစားရမည်နည်းဟု တွေးနေစဉ် ရုတ်တရက် တစ်ယောက်ယောက် စကား‌ပြောသံကို ကြားလိုက်ရသည်။


“မတွေ့ရတာကြာပြီနော်... ငါတို့ရဲ့ဒုတိယသခင်‌လေး..."


လင်းလော့ချင်း ကြည့်လိုက်သောအခါ ကတုံးဆံပင်ပေါက်နှင့် အမျိုးသားတစ်ယောက်က သူတို့ဆီလျှောက်လာသည်ကို တွေ့လိုက်ရသည်။


လူကောင်းပုံမ‌ပေါ်သည့် လူနှစ်ယောက်လည်း သူ့နောက်တွင် ပါသေးလေသည်။ ထိုလူနှစ်ယောက်က ကျိယွီရှောင်ကို ယဉ်ကျေးစွာ ပြုးပြနေသည်။


ကျိယွီရှောင်က သူတို့ကိုလျစ်လျူရူထားသည့်အတွက် လင်းလော့ချင်း ဝှီးချဲလ်ကို ဆက်တွန်းလိုက်သည်။


အစောပိုင်းက စကားပြောခဲ့သည့်အမျိုးသားက ယင်းကိုမြင်‌သောအခါ ထပ်ပြောလိုက်သည်။


“ရို့ ကျိသခင်လေးက ဘာလို့ ဝှီးချဲလ်ပေါ် ရှိနေတာလဲ...”


သူ ပြောပြီးသည်နှင့် ဆက်ပြောလိုက်‌လေသည်။


“ငါ့မှတ်ဉာဏ်ကို ကြည့်စမ်း...ဘယ်လိုလုပ် ငါ‌ မေ့သွားတာလဲ...ကျိသခင်လေးကခြေထောက်‌‌တွေ ဆုံးရှုံးပြီး ဒုက္ခိတဖြစ်သွားပြီပဲ...”


လင်းလော့ချင်း :"..."


'ဒီလူက အရမ်းစကားများလွန်းတယ်...'


တစ်ဖက်လူက စကားများလွန်းရုံသာမက သူ့ကို လက်ညှိုးထိုးပြီး မေးလာလေသည်။


“သူက ဘယ်သူလဲ...ငါအရင်က သူ့ကိုမမြင်ဖူးပါဘူး...မျက်နှာအသစ်ပဲ...သူက ကျိသခင်လေး ခန့်ထားတဲ့သူနာပြုအသစ်လား...”


လင်းလော့ချင်း တစ်ဖက်လူကို လျစ်လျူရူထားလိုက်သည်။


“အိုး သူနာပြုအသစ်လေးကဒေါသထွက်နေတာပဲ...”


လင်းလော့ချင်း ပြုံးကာ ပြောလိုက်သည်။


"ဘာလို့ဆို မင်းရဲ့ဉီးနှောက်က မကောင်းလို့လေ..."


“မင်းဘာ‌ပြောလိုက်တာ..."


တစ်ဖက်လူ၏အမူအရာ ပြောင်းလဲသွားလေသည်။


လင်းလော့ချင်း :မင်းရဲ့ဉီးနှောက်က မကောင်းဘူးလို့ ပြောလိုက်တာ...အသုံးမ၀င်တဲ့ပုံပဲ...ဒါ‌ပေမဲ့ ကံမကောင်းစွာနဲ့ပဲ မင်းရဲ့ဉီးနှောက်အတွက် ဘယ်သူမှ အပိုကိရိယာလာမတပ်ပေးနိုင်ဘူး...ဒါက မင်းကို အသုံးမ၀င်တဲ့လူ ဖြစ်လာစေတာပဲ....တကယ် သနားစရာ‌ကောင်းတယ်...”


“မင်း..."


တစ်ဖက်လူက ပြောပြီးသည်နှင့် လင်းလော့ချင်းကို ရိုက်ရန် လက်မြှောက်လိုက်လေသည်။


လင်းလော့ချင်း မလှုပ်ရှားမီ လက်တစ်ဖက်က တစ်ဖက်လူ၏လက်ကို ဆုပ်ကိုင်ထားသည်ကို မြင်လိုက်ရသည်။


ကျိယွီရှောင်က ဝှီးချဲလ်ပေါ်ထိုင်နေပြီး စက်ဆုပ်သလို အမူအရာဖြင့် ပြောလိုက်သည်။


“သူနဲ့‌ ဝေးဝေးနေ...”