Chapter 11
လူတိုင်းမှာ
သူ့ကိုသာကြည့်နေကြပြီး
ဒါရိုက်တာသည်လည်း ဤသည်မှာဆွေးနွေးလို့ကောင်းမည့်အရာဟုထင်နေသောကြောင့်
ကင်မရာမန်းကို အနီးကပ်ရိုက်ရန် အချက်ပြလိုက်သည်။
ကင်မရာမန်းမှ
အချက်ပေးချက်အတိုင်း ရိုက်ချက်ကိုပြောင်းလိုက်စဉ်
ချီရှင်းချန်၏အနာအဆာမရှိ
ရှင်းသန့်နေသောမျက်နှာလေးမှာ
ဒါရိုက်တာ၏မော်နီတာတွင်
ပေါ်လာခဲ့သည်။
ထို့နောက်
ချီရှင်းချန်၏ မျက်တောင်တစ်ချက်ခတ်ကာ အလွန်ရိုးသားဟန်ဖြင့် ပြောလိုက်သည်ကိုသာ မြင်လိုက်ကြရသည်
" ကျွန်တော့်ရဲ့အိုင်ဒေါက
မှော်ဆရာတစ်ယောက်ပါ…"
" ဘာကိုဆိုလိုတာလဲ…"
" အလှတရားကိုသာ
မှော်အဖြစ်ပြောင်းနိုင်မယ်ဆိုရင်ပေါ့…"
ချီရှင်းချန် ခဏရပ်လိုက်ပြီး " ဒီလိုသာဆိုရင် ကျွန်တော့်အိုင်ဒေါက ကမ္ဘာကြီးကိုတောင် သူတစ်ယောက်တည်းနဲ့ ကယ်တင်နိုင်လိမ့်မယ်…"
အခန်းတွင်းရှိ
လူအားလုံးမှာ သုံးစက္ကန့်မျှတိတ်ဆိတ်သွားခဲ့သည်။
" ဟားဟားဟားဟား…
အဟွတ်…" ထို့နောက် ရယ်သံကြီးတစ်ချက် ပေါ်ထွက်လာသည်။
" ရှင်းရှင်းရေ
ငါတော့ထပ်မလုပ်နိုင်တော့ဘူး…"
လက်ထောက်ဒါရိုက်တာမှ
ဗိုက်ကိုနှိပ်ကာ အူလှိုက်သည်းလှိုက်ရယ်မောနေပြီး
မျက်ရည်များဝင်ဝေ့သီနေခဲ့ရသည်
" ဒီလိုပေါက်ကရမျိုးကို
ဘယ်ကနေသင်လာတာလဲ.."
ချီရှင်းချန်မှာမူ
သူ့အပေါ်မှားယွင်းသွားသကဲ့သို့
ခံစားလိုက်ရပြီး
" ကျွန်တော်ပေါက်ကရပြောတာမဟုတ်ပါဘူး
… အမှန်ကိုပြောတာပါ.."
" အိုကေ
အိုကေ အိုကေ အမှန်လို့ပဲထားလိုက်ပါတော့…ငါသာမင်းအိုင်ဒေါဖြစ်နေခဲ့ရင်
ငါတော့ဒီစကားတွေနဲ့တင် အပျော်လွန်ပြီး လေပေါ်မြောက်တက်သွားနိုင်တယ်
ဟားဟားဟားဟား…."
" အမှန်ပဲ
ငါတို့ကော ဘယ်အချိန်ကြမှ ဒီလိုမြှောက်ပင့်တတ်တဲ့ဖန်လေးရမှာလဲဟင်…
အရမ်းမနာလိုဖြစ်ရတာပဲ…
အူးဝါးဟားဟား…"
သူကောပျော်နေလိမ့်မလား…
ချီရှင်းချန်
အများနှင့်အတူ လိုက်ပါ၍ပြုံးနေခဲ့သော်လည်း
သူ၏မျက်လုံးများမှာ ပိုင်ရဲ့၏ဘက်သို့ စောင်းကြည့်နေခဲ့သည်။
တကယ်တမ်းမှာတော့
သူဤသည်ကိုရည်ရွယ်ချက်ရှိရှိလုပ်ခဲ့ခြင်းသာဖြစ်သည်။
အကယ်၍သာ ယခုအချိန်၌ သူအဓိကဇာတ်လိုက်ကို ပျော်အောင်လုပ်ပေးနိုင်ခဲ့ပါလျှင်
နောက်ပိုင်းအချိန်များ၌
သူ့အပေါ်သက်ညှာပေးနိုင်လိမ့်မည်ပင်။
ထိုမျှသာမက
ထောင်ထောင်၏ဇာတ်လိုက်အော်ရာမှာလည်း လွန်စွာသန်မာလှပေရာ ချီရှင်းချန် သူမအနားတွင်ရှိနေသည့်အချိန်တိုင်း
ကပ်ဆိုက်တော့မည်ဟူသောအတွေးဖြင့်
ခြောက်လှန့်ခံနေရသည်။
ချီရှင်းချန်
မည်သို့မျှမတတ်နိုင်သောကြောင့်
အဓိကဇာတ်လိုက်နှင့်ရင်းနှီးနိုင်မည့်အခွင့်အရေးကိုယူကာ
အဓိကဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့အနားတွင် အနီးကပ်နေ၍ သူတို့၏ဆက်ဆံရေးတိုးတက်မှုအခြေအနေကို စောင့်ကြည့်ရန်ရပေလိမ့်မည်။
တစ်စုံတစ်ယောက်နှင့်ရင်းနှီးရန်
အကောင်းဆုံးနည်းလမ်းမှာ
သူတို့ကို မြှောက်ပင့်ပေးခြင်းဖြစ်ပြီး
မည်သူကမျှ သကာရည်ဆမ်းထားသောချီးမွမ်းစကားကို
မနှစ်သက်ကြမည်မဟုတ်ချေ။
အကယ်၍ ထိုကဲ့သို့သူမျိုးရှိလာပါက သူ၏လုပ်ဆောင်ပုံမှာ လွဲမှားနေသည် သို့မဟုတ် လုံလောက်အောင်ကောင်းမနေသေးသည်သာ
ဖြစ်နိုင်ပေမည်။
ပိုင်ရဲ့မှာမူ
ဖုန်းကိုသာဆက်ကြည့်နေပြီး
ချီရှင်းချန် ပိုင်ရဲ့၏မပြောင်းလဲသောအမူအယာကို
အချိန်အတော်ကြာကြည့်ကာ
သူ၏လုပ်ဆောင်မှုမှာ မလုံလောက်နေပေဟူ၍သာ နိဂုံးချုပ်ကောက်ချက်ချလိုက်သည်။
ချီရှင်းချန်၏အကြည့်များ
ပြန်ဆုတ်သွားချိန်မှသာ
ပိုင်ရဲ့၏နေကာမျက်မှန်အောက်မှ
ဖျော့တော့သောအပြုံးတစ်ပွင့်
တဖြည်းဖြည်းထွက်ပေါ်လာခဲ့လေသည်။
လူတိုင်းမှာ
ဒေါက်ဖိနပ်စီးကာ မော်ဒယ်ကဲ့သို့လျှောက်လှမ်းလာသော
လျိုကျီယုရောက်မလာခင်အထိ
အချိန်တစ်နာရီမျှ စောင့်ဆိုင်းလိုက်ကြရသည်။
လျိုကျီယုမှာ
အင်္ကျီခါးတိုနှင့် ဘောင်းဘီတိုကိုဝတ်ဆင်ထားပြီး
လက်ထဲတွင် ဘတ်ထရီပန်ကာအသေးလေးတစ်ခုကိုကိုင်ကာ
ဆက်တိုက်ဆိုသလို ကွန်ပလိန်းတက်နေခဲ့သည်
" ဘာလို့ဒီမှာ
ဒီလောက်တောင်ပူနေရတာလဲ…မိတ်ကပ်တွေတောင်ပြန့်ကုန်ပြီ…
လီလီ ငါ့ရဲ့ပေါင်ဒါဖောင်ဒေးရှင်းယူလာခဲ့စမ်းပါ…"
သူမ၏လက်ထောက်မှ
ပစ္စည်းကိုယူလာပေးပြီးသည့်နောက်
စကားပြောလျက်ဖြင့် မှန်ကိုကြည့်၍ မိတ်ကပ်ကိုပြန်ပြင်နေခဲ့သည်
" အိုက်ယားးး
ဒါရိုက်တာကျန်း ရှင်လည်းရောက်နေပြီလား…ကျွန်မတော့ ဒီအပိုင်းမှာ ကြည့်မကောင်းလောက်ဘူးထင်တယ်…ထုတ်လွှင့်တဲ့အခါကြ မထည့်ဘဲ ဖြတ်ထုတ်လိုက်နော်… အဆင်ပြေတယ်မလား…"
ရေပန်းစားနေသော
အေအဆင့်ပန်းပွင့်ငယ်လေး
လျိုကျီယုကို အနုပညာလောကထဲတွင် ပွဲရှာရာမှ ပေါက်လာခဲ့သော အနက်ရောင်ကြယ်ပွင့်တစ်ပွင့်ဟု
ခေါ်ဆိုနိုင်ပြီး သူမအကြောင်းအတင်းအဖျင်းများမှာ
သူမ၏အနုပညာလုပ်ငန်းများထက်ပိုများကာ
နှစ်သက်သူထက် မုန်းတီးဆဲဆိုနေကြသူ ပို၍များသောအနုပညာရှင်တစ်ယောက်ဖြစ်သည်။
သို့သော်လည်း
ဤကဲ့သို့သောကြယ်ပွင့်မျိုးမှာ
စကားများရန်ဖြစ်ရာမှတစ်ဆင့်
ရေပန်းစားမှုများကို ဖန်တီးပေးနိုင်သောကြောင့် ပရိုဂရမ်အဖွဲ့မှအတိအကျလိုချင်နေသူလည်း
ဖြစ်လေသည်။
" ကောင်းပါပြီ
ငါတို့ဒီအပိုင်းကို မလွှင့်တော့ဘူး…"
အမှုဆောင်ညွှန်ကြားရေးမှုးဖြစ်သော
ဒါရိုက်တာကျောက်မှ သဘောတူလိုက်ပြီဖြစ်သည့်အတွက်
လျိုကျီယု သူမ၏မိတ်ကပ်ကို ပျော်ရွှင်စွာ ဆက်ပုတ်လိုက်ပြီးနောက် ပိုင်ရဲ့ထံသို့လှမ်းကြည့်လိုက်သည်။
" ပိုင်ရဲ့
ကျွန်မရှင်နဲ့ရှိုးတစ်ခုထဲ
အတူတူရိုက်ရမယ်လို့ အိမ်မက်တောင်မမက်ခဲ့ဖူးဘူး…
ကျွန်မကရှင့်ရဲ့သီချင်းတွေကို
တကယ်သဘောကျတာပါ… နောက်လကြရင် ကျွန်မက စီးရီးတစ်ခုမှာအဓိကဇာတ်လိုက်အဖြစ်သရုပ်ဆောင်ရမှာလေ…
ဇာတ်ဝင်တေးအတွက် ရှင့်ကိုဖိတ်ခေါ်လို့ရနိုင်မလားဟင်…"
" အားတော့နာပါတယ်
ကျွန်တော်ဒီရက်ပိုင်း
သီချင်းရေးဖို့ဈာန်မဝင်နေလို့ပါ…"
ပိုင်ရဲ့ တိုက်ရိုက်ပင်ငြင်းချလိုက်သည်။
လျိုကျီယုမှာမူ
၎င်းကိုအမှန်တကယ်ဂရုစိုက်မနေပေ။
ပိုင်ရဲ့လက်ခံသည်ဖြစ်စေ
လက်မခံသည်ဖြစ်စေ သူမ၏စီးရီးအသစ်ကို ကြော်ငြာသည့်အလုပ်မှာ ယခုပင် အောင်မြင်သွားပြီဖြစ်သည်။
လျိုကျီယု
နှုတ်ခမ်းဆူလိုက်ပြီး
ပိုင်ရဲ့နှင့် နောက်ထပ်အလုပ်များ တွဲလုပ်နိုင်မည်ကိုမျှော်လင့်နေဟန်
ပြနေခဲ့သည်။ ထိုအချိန်၌ လူစုံသွားပြီဖြစ်သောကြောင့် ဒါရိုက်တာကျန်းမှ လော်စပီကာကိုထုတ်ကာ ပြောလိုက်သည်
" လူတိုင်းပဲ
တိတ်တိတ်နေပေးကြပါ…"
စကားသံများတိတ်ဆိတ်သွားပြီး
သူတို့အားလုံးဒါရိုက်တာ၏ရှေ့တွင်
ဝိုင်းပတ်နေလိုက်ကြသည်။
ထို့နောက်
ဒါရိုက်တာကျောက် မှ ဆက်ပြောလာသည်
" ဘတ်ဂျက်ခရီးသွားမယ်အစီအစဉ်ရဲ့ဧည့်သည်တော်များကို
နှုတ်ခွန်းဆက်သလိုက်ပါတယ်…အရင်ကတည်းက ပရိုဂရမ်ရဲ့စည်းမျဉ်းတွေကို
ကြိုတင်ပြောပြပြီးသွားပြီဆိုတော့
ကျွန်တော်ထပ်မပြောတော့ပါဘူး…နောက်တစ်ခုကတော့ ပရိုဂရမ်အဖွဲ့ကိုကိုယ်စားပြုပြီး
ကျွန်တော်တို့ရဲ့ပထမဆုံးမစ်ရှင်စတင်မဲ့အကြောင်းကို
ပြောမှာဖြစ်ပါတယ်…"
" ဘာမစ်ရှင်ပါလဲ…"
" ဒိန်းမတ်ကိုသွားကြမဲ့
ဒီခရီးစဉ်ကတော့ ခုနစ်ရက်ကြာမြင့်မှာဖြစ်ပြီး
ပရိုဂရမ်အဖွဲ့ကနေ ခရီးသွားစရိတ်ထုတ်ပေးမှာပါ…လိုအပ်ချက်တွေကတော့ မင်းတို့အားလုံးက နေ့စဉ်နေ့တိုင်းခရီးသွားနေရာအသစ်တစ်ခု
တစ်ခုစီကိုသွားကြရမှာဖြစ်ပြီးတော့
အယောက်စီတိုင်းက ခရီးစဉ်ပြီးရင် ဝေ့ပေါ်မှာမဲဖောက်ပေးမဲ့ပရိသတ်တွေအတွက်
ပစ္စည်းတစ်ခုစီကို ယူလာပေးရပါမယ်…"
" အကျော်ကြားဆုံးဆုသုံးခုကို
နောက်လာမဲ့ခရီးစဉ်ကြရင်
ပရိုဂရမ်အဖွဲ့ကနေ မင်းတို့ရဲ့ကိုယ်ပိုင်ဆုအဖြစ်
ချီးမြှင့်ပေးမှာဖြစ်ပြီး
ဆန္ဒရှိသလို အသုံးပြုလို့်ရပါတယ်…"
" လူတိုင်း
ရှင်းပါရဲ့လား…"
" ရှင်းပါတယ်…"
ကျန်းယွင်ဖေးမှ ပြောလိုက်သည် " ဒါဆိုရင် ကျွန်တော်တို့ရဲ့ ခရီးသွားစရိတ်ကို ဘယ်လောက်ပေးမှာပါလဲ…"
ဒါရိုက်တာကျောက်
: " ခရိုနာ၈၀၀၀ပါ…"
[ Kroner - နော်ဝေနိုင်ငံသုံးငွေကြေး
]
" ခရိုနာရှစ်ထောင်…"
မူလကိုယ်မှာ ယခင်ကဒိန်းမတ်သို့လာရောက်လည်ပတ်ခဲ့ဖူးသည့်အတွက်
ချီရှင်းချန် အနည်းငယ်အံ့ဩနေမိသည် "
ခရိုနာနဲ့ယွမ်ကအတူတူလောက်ပဲဆိုတော့
တစ်ယောက်ကို ခရိုနာရှစ်ထောင်ဆို လူခြောက်ယောက်ဆို အားလုံးပေါင်း၅သောင်းလောက်ရမှာပဲ…
ကျွန်တော်တို့အားလုံးခုနစ်ရက်စာလောက်မှာပါလေ…"
" ဘယ်သူက
တစ်ယောက်ကို ရှစ်ထောင်ပေးမယ်ပြောလို့လဲ…"
ဒါရိုက်တာကျောက်မှ
" မင်းကအရမ်းနုံတာပဲ
" ဟူသောအကြည့်တစ်ချက်ပေးလိုက်ပြီး
" မင်းတို့အားလုံးပေါင်းကိုမှ
ခရိုနာရှစ်ထောင်ပေးမှာပါ…"
ချီရှင်းချန်
: "....."
သူအလုပ်စစခြင်းမှာတင်
ရိုက်ချက်တစ်ချက်ခံလိုက်ရလေပြီ….
အခြားသောဧည့်သည်များမှာမူ
လက်ခံရန်ခက်ခဲနေသည့်အတွက်
တိတ်ဆိတ်နေကြသည်။
လျိုကျီယုသည်သာ
သိသိသာသာမကျေမနပ်ဖြစ်ကာ
တစ်စုံတစ်ရာကို ရေရွတ်နေခဲ့သည်။
လျိုကျီယုအတွက်
သူမအမုန်းခံရရာမှ ကျော်ကြားလာရသည့်အကြောင်းရင်းမှာ
သူမတွင်မည့်သည့်အရာကိုမဆို
ပြောရဲဆိုရဲရှိသည့်အချက်ကြောင့်ပင်ဖြစ်ကာ
၎င်းမှာ သူမ၏ကုမ္ပဏီမှ တမင်ဖန်တီးပေးထားခဲ့သည်လား သို့မဟုတ် သူမကိုယ်တိုင်ကိုက ဤသို့သောလူမျိုးဖြစ်သည်လားဆိုသည်ကိုမူ
မည်သူမျှ မသိနိုင်ပေ။
ထိုစဉ်
ရှုတင်လက်ထောက်တစ်ယောက်မှ
ပြေးလာကာ မေးလိုက်သည် " ကျီယု မင်းမှာမေးဖို့ရှိလို့လား…"
" ယွမ်ရှစ်ထောင်နဲ့
လူခြောက်ယောက်ကို ခုနစ်ရက်နေခိုင်းမဲ့အပြင် လက်ဆောင်လည်းဝယ်ပေးရဦးမယ် ဒါကကျွန်မတို့အသက်ကိုတောင်းနေတာမဟုတ်ဘူးလား…"
လက်ထောက်မှ
ရှင်းပြလာသည် " ရိုက်ကူးရေးအဖွဲ့ကအသေးစိတ်တွက်ချက်ပြီးမှ
ပေးလာတဲ့ဘတ်ဂျက်ပါ… မင်းတို့ချွေချွေတာတာသုံးနိုင်သရွေ့
ဒီမှာနေဖို့ကပြသနာမဟုတ်ပါဘူး…"
" ဒါကဘယ်လိုဘဝမျိုးဆိုတာကိုလဲ
မူတည်သေးတယ်လေ…"
လျိုကျီယုနှာခေါင်းရှုံ့လိုက်ပြီး
" အခုလိုဆိုရင် ကြည့်ရတာကျွန်မအတွက် X-
Change အစီအစဉ်သွားရိုက်သလိုဖြစ်နေမှာပေါ့…"
[ X-Change - တရုတ်အစစ်အမှန်ရှိုးတစ်ခုဖြစ်ပြီး
ချမ်းသာသည့်ကလေးကို ဆင်းရဲသည့်ကလေးနှင့် နေရာခြင်းလဲလှယ်ကာ ရက်အပိုင်းအခြားတစ်ခုထိ လူပေါ်ကြော့များကို ကျေးလက်မှဒုက္ခခံစားခိုင်းကာ
ကျေးလက်မှကလေးများကို
စည်းစိမ်ခံစားခိုင်းသည့်အစီအစဉ်မျိုးဖြစ်သည်
]
ထိုသို့ပြောလိုက်ပြီးနောက်
တစ်စုံတစ်ခုကိုတွေးမိသွားသည့်အတွက်
လျိုကျီယု သူမ၏ဆံပင်ကိုခါလိုက်ပြီး
" ငါတို့သာ အဲဒီလိုအစီအစဉ်မျိုးမှာပါနေရပြီဆိုရင်
ငါ့အတွက် ရှင်းရှင်းနဲ့နေရာလဲရအောင် စီစဉ်ထားတာပဲဖြစ်ရမယ်…"
လျိုကျီယုမှာ
ဘယ်ဘက်အစွန်ဆုံးနေရာတွင်ရပ်နေသည့်အတွက်
ညာဘက်တွင်ရှိသည့်ချီရှင်းချန်မှာ
ထိုစကားများကို မကြားလိုက်ရပေ။ ထိုအစား ၎င်းတို့မှာ သူမဘေးတွင်ရပ်နေသည့် ပိုင်ရဲ့၏နားထဲသို့ တန်းတန်းမတ်မတ်ဝင်ရောက်သွားခဲ့သည်။
လက်ဆွဲသေတ္တာကို
တွန်းနေသည့်ပိုင်ရဲ့၏လက်များမှာ
ရပ်တန့်သွားပြီး ပိုင်ရဲ့ သူ၏နေကာမျက်မှန်ကို ချွတ်လိုက်လေသည်။
ပရိုဂရမ်အဖွဲ့မှ
ဧည့်သည်များကို ခရိုနာရှစ်ထောင်ထုတ်ပေးလိုက်သည်။
သူတို့အချင်းချင်း အနည်းငယ်ဆွေးနွေးပြီးနောက် အဆုံးတွင် ထောင်ထောင်ကို ငွေကိုင်ခိုင်းကာ အသုံးစရိတ်ကိုတွက်ချက်စေမည်ဟု
ဆုံးဖြတ်လိုက်ကြသည်။
လေဆိပ်အပြင်ဘက်တွင်
ကားများရှိသည့်အတွက် သွားလာရန်ပြသနာကို ဖြေရှင်းနိုင်သွားပြီဖြစ်သော်လည်း
သူတို့၏ပထမဆုံးပြသနာအဖြစ်
တည်းခိုမည့်နေရာရှာဖွေရန် ပေါ်ပေါက်လာခဲ့သည်။
ခရီးသွားစဉ်
လမ်းစရိတ်များထက် ကုန်ကျမှုအများဆုံးအရာမှာ တည်းခိုခန်းခဖြစ်သောကြောင့်
လျိုကျီယု သူမ၏ဆံပင်ကို ထိုးဖွလိုက်ပြီး " အကုန်လုံးက အနုပညာရှင်တွေဖြစ်နေကြတော့ အပြင်မှာနေလို့တော့ သင့်တော်မှာမဟုတ်ဘူး… ကျွန်မတို့ကို တစ်ယောက်ယောက်ကများ မှတ်မိသွားကြည့်ပါလား ဘယ်လောက်တောင်ရှက်ဖို့ကောင်းလိုက်မလဲ…
အားလုံးပဲ ဟိုတယ်မှာပဲ တည်းကြရအောင်လေ…"
" ဒါပေမယ့်…"
ထောင်ထောင့် ခဏမျှ တုန့်ဆိုင်းနေပြီး " ဟိုတယ်မှာတည်းဖို့က အရမ်းဈေးကြီးမှာလေ.. ကျွန်မတစ်ချက်ကြည့်ပြီးပြီ ဒီအနီးအနားကဟိုတယ်တွေက ပိုကောင်းလေလေ ဈေးကြီးလေလေပဲ တစ်ညကို ခရိုနာနှစ်ထောင်လောက် ကျလိမ့်မယ်…မော်တယ်မှာတည်းရင်တော့ တစ်ရာနှစ်ရာလောက်ပဲ ကျမှာ…"
" သာမန်ဟိုတယ်တွေဆိုရင်ကော
ဘယ်လိုလဲ… ဘယ်လိုအဆင့်သတ်မှတ်ချက်မှမလိုဘူးလေ…
သန့်ရှင်းနေရင်ရပြီပဲဟာ…"
ကျန်းယွင်ဖေးမှ မေးလိုက်သည်။
" အဲဒီလိုဆိုရင်တောင်
ငါးရာ တစ်ထောင်တော့ကျမှာ…"
" အစ်မဒီမှာရုပ်ရှင်တစ်ခါလာရိုက်ဖူးတယ်…"
တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သောလောချိုးမန်မှ
ရုတ်တရက်ထပြောလာခဲ့သည်
" ငါတို့ရွာဘက်ကိုဆင်းပြီး
အိမ်တစ်လုံးငှားရင်တော့
အရမ်းဈေးသက်သာသွားလိမ့်မယ်…
ပတ်ဝန်းကျင်ကလည်း သိပ်မဆိုးလှဘူး…"
လျိုကျီယု
: " ဒါပေမယ့် အခုအချိန်ကိုကြည့်ဦးလေ တစ်ညလုံးကားပေါ်မှာပဲ အချိန်ဖြုန်းတော့မလို့လား…"
လျိုကျီယုပြောသည်မှာ
မမှားပေ။ ယခုအချိန်မှာ ဒိန်းမတ်တွင် ညနက်နေပြီဖြစ်ရာ သူတို့သာယခုအချိန် ရွာဘက်သို့သွားမည်ဆိုပါက တစ်ညလုံးကားပေါ်တွင်အချိန်ကုန်ရပေလိမ့်မည်။
၎င်းမှာ
အမျိုးသားများအတွက် ပြသနာမဟုတ်လှသော်လည်း သူတို့ထဲတွင် အမျိုးသမီးကြယ်ပွင့်များနှင့်အသက်ကြီးသောလောချိုးမန်လည်းပါနေသောကြောင့်
ချီရှင်းခဏမျှတွေးကာပြောလိုက်သည်
" ဒါဆိုလည်း ဒီတစ်ညတော့ဘာလို့ဟိုတယ်မှာမနေရမှာလဲ…မိုတယ်သွားရှာနေတာဖြစ်ဖြစ် နေဖို့နေရာပတ်ရှာနေတာဖြစ်ဖြစ်
အားလုံးက မိန်းကလေးတွေအတွက် အဆင်မပြေနိုင်ဘူးမဟုတ်လား… ကျွန်တော်တို့ မနက်ဖြန်မနက်မှ ရွာဘက်ကိုဆင်းမယ်ဆိုရင် ခရီးသွားနေရာတချို့တလေတောင်
တွေ့ကောင်းတွေ့နိုင်မယ်လေ…"
ကျန်းယွင်ဖေးမှ
" မင်းပြောတာဟုတ်တယ်…
ထောင်ထောင် အခန်းဘိုကင်တင်လိုက်တော့…"
ထောင်ထောင်
: " ကျွန်မတို့ ဘယ်နှစ်ခန်းငှားရမှာလဲ.."
လူအုပ်ကြီးမှာ
ထပ်မံ၍အကျပ်ရိုက်သွားပြန်ပြီ။
သူတို့မှာ
ခြောက်ယောက်အတိအကျရှိနေသော်လည်း
ဘတ်ဂျက်အရ အခန်းခြောက်ခန်းငှားရန်မဖြစ်နိုင်ချေ။
သို့သော်လည်း နှစ်ယောက်တစ်ခန်းစီနေမည်ဆိုပါက
လူခြောက်ယောက်မှာ ယောင်္ကျားလေးသုံးယောက်နှင့်
မိန်းကလေးသုံးယောက်ဖြစ်နေလေရာ
ယောင်္ကျားလေးတစ်ယောက်နှင့်မိန်းကလေးတစ်ယောက်မှာ
အဆင်မပြေဖြစ်နေရလိမ့်မည်။
အမှန်တကယ်မှာတော့
ဤသည်ကပင် ပရိုဂရမ်အဖွဲ့၏စနစ်ကျကျအစီအစဉ်ချပေးထားခြင်းဖြစ်ကာ
ဧည့်သည်များကိုရွေးချယ်ရာ၌
တမင်တကာပင် မဂဏန်းဖြစ်အောင်ရွေးချယ်ထားခဲ့သည်။
ခရီးစဉ်တစ်လျှောက်လုံးတွင် ထိုသူနှစ်ဦးမှာ အတူတည်းခိုကြရတော့မည်ဖြစ်လေရာ
သူတို့မှာ CP အတွက်ကြိုတင်သဘောတူထားသည်ဖြစ်စေ
တစ်ဖက်သက်တွဲပေးရခြင်းဖြစ်စေ
ပရိုဂရမ်အတွက် အကျိုးမယုတ်ဘဲ အမြတ်များသာကျန်ရစ်မည်ဖြစ်သည်။
" ဒါဆိုရင်လည်း
အခန်းကျယ်တစ်ခန်းနဲ့နှစ်ယောက်ခန်း
တစ်ခန်းယူလိုက်ရင်ကော…"
ကျန်းယွင်ဖေးမှ အကြံပြုလိုက်သည်။
ချီရှင်းချန်လည်း
တွက်ချက်လိုက်ပြီး "
မိန်းကလေးနှစ်ယောက်ကတော့
တစ်ခန်းနေလို့ရပါတယ်…အခန်းကျယ်က လေးယောက်တော့ဆန့်မှာပဲဆိုတော့
နှစ်ယောက်ခန်းသုံးခန်းငှားတာထက်စာရင်
ပိုက်ဆံပိုသက်သာလိမ့်မယ်…"
" ဒါဆိုလည်း
ဒီလိုပဲငှားလိုက်ကြတာပေါ့…"
လျိုကျီယုမှာ ပေါ့ပေါ့ပါးပါးပင်ပြောလိုက်သည်
" ရှင်းရှင်းက
ဘယ်လိုတွက်ချက်ရမယ်ဆိုတာကို
တကယ်သိနေတာပဲ…"
ချီရှင်းချန်မှာ
အေရိုးဗစ်အဖွဲ့ကို ငါးနှစ်သားအရွယ်ထဲက ဝင်ခဲ့သူဖြစ်ပြီး ကျောင်းတက်နေစဉ်အတွင်း အေရိုးဗစ်လေ့ကျင့်ခဲ့သူလည်းဖြစ်သည်။
အေရိုးဗစ်အဖွဲ့မှာ ပါဝင်သူများပြားပြီး အဖွဲ့ငယ်လေးသည်ပင် လက်ရှိလူနေမှုအသိုင်းအဝိုင်းငယ်ကလေးကဲ့သို့ဖြစ်နေလေရာ ချီရှင်းချန်အဖို့ မသိနားမလည်သေးသည့်အချိန်ကပင်
လူအဖွဲ့အစည်းအတွင်းသို့
စောစီးစွာဝင်ရောက်ခဲ့သည်ဟု
မှတ်ယူနိုင်ပေမည်။
ထို့ကြောင့်
ချီရှင်းချန်သည် လျိုကျီယု၏ သူ့အပေါ်ယုံကြည်ချက်မရှိစေရန်
လှောင်ပြောင်နေသောအသံကို
လွန်စွာရင်းနှီးနေခဲ့သည်။
ပရိုဂရမ်စတင်မရိုက်ကူးခင်က
လျိုကျီယုက အဖွဲ့မှာ ပါဝင်မည့်ဧည်သည့်များ၏နောက်ကြောင်းကို
စစ်ကြည့်ခဲ့ပြီး ချီရှင်းချန်မှ လက်လုပ်လက်စားမိသားစုမှလာသည်ကို
အလွယ်တကူရှာဖွေတွေ့ရှိခဲ့သည်။